အပိုင်း ၁၁၂
Viewers 28k

🐍Chapter 112




မိတ်ဖက် အခမ်းအနားသည် ထိုအရာများထဲမှ တစ်ခုမျှသာ ဖြစ်သည်။ ယင်ရှောင်ရှောင်း ကိုယ်တိုင် တစ်ကြိမ် ကြုံဖူးပြီး ကြီးကျယ်ခမ်းနားသောအရာဟု မထင်မိပေ။ အခြားမြွေ၏ မိတ်ဖက်အခမ်းအနား ကို သူ ပထမဆုံးအကြိမ် ကြုံဖူးသော်လည်း ယင်ရှောင်ရှောင်းသည် ခံစားချက်ချင်း မတူသေးပေ။ အခမ်းအနားပြီးဆုံးပြီးနောက် စားသောက်ရန် အချိန်ကျရောက်ခဲ့သည်။ မမျှော်လင့်ဘဲ ယင်ရှောင်ရှောင်း က ထွက်သွားချင်ပြီး မော့လောင်တကလည်း မမျှော်လင့်ဘဲ ယင်ရှောင်ရှောင်းကို ထွက်သွားစေချင်သည်။ မော့လောင်တက ယင်ရှောင်ရှောင်းကို သိထားပြီး ယင်ရှောင်ရှောင်းနှင့် အတူရှိပြီးကတည်းက တခြားမြွေများဖမ်းမိလာသော သားကောင်ကို ယင်ရှောင်ရှောင်း စားသောအကြိမ်အရေအတွက်ကို လက်တစ်ဖက်တည်းနှင့် ရေတွက်၍ရနိုင်သည်။ ၎င်းမှ မော့လောင်တ၏ အတွေးများကို မြင်နိုင်သည်။

ယင်ရှောင်ရှောင်းက စားရတာ ကြိုက်ပေမဲ့ မော့လောင်တက သူဖမ်းလာတဲ့ အစားအစာကိုပဲ စားခွင့်ပြုတယ်... 

အခမ်းအနားကျင်းပနေစဉ်တွင် မော့တာမော့နှင့် မော့လောင်အာတို့သည် မြွေတိုင်းကို ထုံးစံအတိုင်း အစားအသောက်များ ရှိရာသို့ ဦးဆောင်ခေါ်သွားလေသည်။ သူမ၏ အခမ်းအနားကို ရောက်လာသည့် သူမ၏ အစ်ကိုဖြစ်သူကို မော့လောင်အာက သူမ ခံစားနေရပုံကို အမည်မဖော်နိုင်ပေ။ ထို့ကြောင့် မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့ကို တွေ့သော်လည်း နှုတ်ဆက်ရန် အနားမကပ်ဘဲ အခမ်းအနား ပြီးဆုံးသောအခါတွင် သူမသည် အုပ်စုကြီးတစ်ခုဆီသို့ လှည့်ထွက်သွားခဲ့သည်။ မော့တာမော့သည် မော့လောင်တကို ခဏတာ လေးနက်စွာ စိုက်ကြည့်ပြီးနောက် သူ့အား မော့လောင်အာ ဆွဲခေါ်သွားသည်ကို ခွင့်ပြုလိုက်သည်။

မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့အတွက်မူ မြွေနှစ်ကောင်သည် ထွက်ခွာရန် မဆုံးဖြတ်မီ တွေးတောနေခဲ့သည်။ မည်သို့ပင်ဖြစ်စေ မော့လောင်တနှင့် မော့လောင်အာတို့၏ ဆက်ဆံရေးမှာ သိပ်မကောင်းဘဲ မော့တာမော့က သူတို့ကို သူငယ်ချင်းဟု ခေါ်နေသော်လည်း မော့လောင်တက ဒါကို ဘယ်တော့မှ အသိအမှတ်ပြုမည် မဟုတ်ပေ။ ယခုတစ်ကြိမ်တွင် ယင်ရှောင်ရှောင်း လာချင်သောကြောင့်သာ လာခဲ့ရခြင်းဖြစ်သည်။ ထိုသို့ဖြစ်နေသောကြောင့် မြွေနှစ်ကောင် ဆက်နေဖို့ရန် မလိုအပ်တော့ပေ။

သို့သော်လည်း ဖေဖေမော့နှင့် မေမေမော့တို့က တားလိုက်ပြီး တွေ့ဆုံရန် လာသည့်အချိန်တွင် နှစ်ဖက်စလုံး လှည့်မကြည့်ကြသေးပေ။ ဖေဖေ မော့ နှင့် မေမေ မော့ ၏ နောက်တွင် မော့လောင်စန်းသည် တုံ့ဆိုင်းနေဟန် ရှိသည် ။

ဖေဖေမော့ သည် မော့လောင်တကို အချိန်အတော်ကြာ ကြည့်ပြီး ဘာပြန်ပြောရမှန်း မသိဖြစ်နေသည်။

“လောင်တ.. မင်းညီမလေးရဲ့ မိတ်ဖက် အခမ်းအနားကို မင်းလာတာ မင်းအမေနဲ့ ငါတို့ အရမ်းပျော်နေတယ်..."

မော့လောင်တ နားလည်ကြောင်းဖော်ပြရန် ပြောခဲ့သည်။

"ဟုတ်ကဲ့..."

ဖေဖေမော့က ဆက်ပြောသည်။ 

“နောက်သုံးလကြာရင် မင်းညီလေးက မော့တာအာနဲ့ လက်တွဲလိမ့်မယ်... မင်း အဆင်ပြေတယ်ဆိုရင် လာပြီးတော့ ပါဝင်လို့ရမလား...”

မော့လောင်တ စကားမပြောပေ။ ယင်ရှောင်ရှောင်း မရမကတောင်းဆိုထားသောကြောင့် သူသည် မော့လောင်အာ၏ မိတ်ဖက်အခမ်းအနားသို့ လာခဲ့ရသည်။ မော့လောင်စန်း၏ မိတ်ဖက် အခမ်းအနား အတွက်မူ မသေချာပေ။

မော့လောင်တသည် သူ့ဘေးနားရှိ ယင်ရှောင်ရှောင်း ကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိသည်။

ဖေဖေမော့၊ မေမေမော့နှင့် မော့လောင်စန်းတို့ ပေါ်လာသည်နှင့်တပြိုင်နက် ယင်ရှောင်ရှောင်းသည် ခေါင်းငုံ့ကာ နောက်ဆုတ်သွားခဲ့သည်။ သူနှင့် မော့လောင်တတို့၏ မိတ်ဖက်အခမ်းအနား ကျင်းပသည့်အချိန်က ဖေဖေမော့နှင့် မေမေမော့ ရောက်လာသောကြောင့် အလွန်ဝမ်းသာခဲ့ရသည်။ သို့သော် သူတို့နှင့် သီးသန့်တွေ့ဆုံချိန်တွင် ယင်ရှောင်ရှောင်း အနည်းငယ် စိတ်မသက်မသာ ခံစားရဆဲဖြစ်သည်။ ထို့ကြောင့် စိတ်အာရုံပျံ့လွင့်နေသော ယင်ရှောင်ရှောင်းသည် မော့လောင်တ ကြည့်နေသည်ကို လုံးဝသတိမထားမိပေ။

မေမေမော့က ဒါကို ရှင်းရှင်းလင်းလင်းမြင်ပြီး သူမစိတ်ထဲ တွေးလိုက်မိသည်။

"ငါ့သားကြီးက ဒီ ယင်မြွေကို တကယ်ချစ်တာပဲ..."

"အဲဒါ... ရှောင်ရှောင်းရောပဲ... မင်းနဲ့ လောင်တတို့ အချိန်ရရင် လာပြီးပါဝင်လို့ရတယ်နော်..."

"အာ..." 

ယင်ရှောင်ရှောင်းသည် မေမေမော့၏ အသံကြောင့် သူ့ကိုယ်သူ စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားသော်လည်း မေမေမော့ပြောသည့်စကားကို လုံးလုံးနားမလည်ပေ။ မေမေမော့ အနည်းငယ်ရှက်သွားသော်လည်း မော့လောင်တသည် ယင်ရှောင်ရှောင်းအား အရာအားလုံးကို ထပ်ခါတလဲလဲ ပြန်ပြောခဲ့သည်။ မော့လောင်တက ယင်ရှောင်ရှောင်း လာချင်လျှင် ပြဿနာမဟုတ်သလို ယင်ရှောင်ရှောင်း မလာချင်ဘူးဆိုလျှင်လည်း ပြဿနာမဟုတ်ဘူးဟု ပြောလိုက်သည်။

ယင်ရှောင်ရှောင်းသည် မော့လောင်တ၏ စကားကို နားထောင်ပြီး အနည်းငယ် တုံ့ဆိုင်းသွားသည်။ သူ့စိတ်ထဲတွင် ယင်ရှောင်ရှောင်းမသွားချင်ပေ။ 

သူက မော့လောင်စန်း ဒါမှမဟုတ် မော့တာအာနဲ့ ရင်းနှီးတာလား...

သို့သော်လည်း ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့သည် မော့လောင်အာနှင့် မော့တာမော့၏ မိတ်ဖက် အခမ်းအနားတွင် ရောက်လာခဲ့ပြီး ဖြစ်သောကြောင့် မော့လောင်စန်း၏ မိတ်ဖက်အခမ်းအနားသို့ မသွားခြင်းက အနည်းငယ်တော့ မကောင်းပေ။ ဤအတွေးကြောင့် ယင်ရှောင်ရှောင်း သည် မော့လောင်အာနှင့် မော့တာမော့၏ မိတ်ဖက်အခမ်းအနားသို့ တက်ရောက်ရန် မရမက တောင်းဆိုခဲ့သည်ကို နောင်တရမိသည်။

ရလဒ်အနေနှင့် ယင်ရှောင်ရှောင်း ပြုံးကာဖြင့် ပြောလေသည်။

“ဟုတ်ကဲ့.. တဟေးတန်နဲ့ ကျွန်တော့်မှာ တခြားကိစ္စထွေထွေထူးထူး မရှိရင်တော့ သေချာပေါက် လာခဲ့ပါ့မယ်..”

ဖေဖေ မော့ နှင့် မေမေ မော့သည် သူတို့လိုချင်သော အဖြေကို အတိအကျ မရခဲ့သော်လည်း ယင်ရှောင်ရှောင်း၏ အဖြေကို ကျေနပ်နေကြဆဲဖြစ်သည်။ နှစ်များစွာကြာပြီးနောက်တွင် ဖေဖေမော့နှင့် မေမေမော့သည် မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့၏ ကိစ္စများနှင့် ပတ်သက်၍ အတင်းအကြပ် တွန်းအားပေးခြင်း မရှိခဲ့ပေ။ ထိုအရာသည် မော့လောင်တ၏ မျိုးနွယ်စုခေါင်းဆောင် ရာထူးကို ရိုသေလေးစားမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူတို့၏ အကြီးဆုံးသားဖြစ်သူက ယင်ရှောင်ရှောင်းနှင့် လက်တွဲပြီးသည့် နောက်တွင် ဖေဖေ မော့နှင့် မေမေမော့တို့က ယင်ရှောင်ရှောင်း၏ ဖြစ်တည်မှုကို တဖြည်းဖြည်း လက်ခံလာသောကြောင့်လည်း ဖြစ်နိုင်သည်။ ထို့နောက်တွင် ယင်ရှောင်ရှောင်းသည်လည်း ဖေဖေမော့နှင့် မေမေမော့၏ လက်ခံမှုကို မလိုအပ်ခဲ့ပေ။

စိတ်မပါသော မော့လောင်စန်းကို ဖေဖေမော့နှင့် မေမေမော့သည် မော့လောင်တ အား စကားအနည်းငယ်ပြောရန် ခိုင်းစေပြီးနောက် ဖေဖေမော့၊ မေမေမော့နှင့် မော့လောင်စန်း တို့ ထွက်ခွာသွားခဲ့သည်။

ယင်ရှောင်ရှောင်း သူ့နှုတ်ခမ်းများကို ကောက်ကွေးလိုက်ပြီးနောက် ရေရွတ်လိုက်သည်။

"အာ... သုံးလအတွင်းမှာ ကျွန်တော်တို့ကို တားဆီးနိုင်မယ့် တစ်ခုခုဖြစ်လာနိုင်မလား ဆိုတာကို တကယ်မသိတော့ဘူး..."

မော့လောင်တ နှုတ်ခမ်းစေ့ကာဖြင့် တိတ်တဆိတ် ရယ်မောလိုက်သည်။ ယင်ရှောင်ရှောင်း၏ အပြုအမူသည် မမှန်နိုင်သော်လည်း ယင်ရှောင်ရှောင်း မှားယွင်းသည်ဟု မော့လောင်တက ဘယ်သောအခါမှ မတွေးမိပေ။

မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့သည် သူတို့၏ အိမ်ပြန်ခရီးကို စတင်ခဲ့ကြသည်။

သူတို့ပြန်ရောက်သည့်အခါတွင် ယင်ရှောင်ရှောင်းသည် သူ့အကျင့်အတိုင်း ကျိခန်းထွက်လာနိုင်မလား စောင့်ကြည့်ရန် သင်္ချိုင်းဟောင်းဆီသို့ သွားလေသည်။

ဤတစ်ကြိမ်တွင်မူ ယင်ရှောင်ရှောင်း အတော်လေး အံ့အားသင့်သွားမိသည်။ ယခင် အကြိမ်ပေါင်းများစွာ လာကြည့်စဉ်ကဲ့သို့ပင် ဤတစ်ကြိမ်တွင်လည်း ကျိခန်းထွက်မလာနိုင်လောက်ဟု ယင်ရှောင်ရှောင်း မျှော်လင့်မိခဲ့သည်။

“တဟေးတန်က မင်းထွက်လာဖို့ နှစ်နည်းနည်းလောက် ကြာဦးမယ်လို့ ပြောတာရယ်.. ငါက မယုံလို့ ဒီကို ခဏခဏ လာစစ်သေးတယ်.. ဒါပေမဲ့လည်း မင်းကိုတကယ်တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး..”

ယင်ရှောင်ရှောင်း ကျေနပ်စွာဖြင့် ခေါင်းမော့လိုက်သည်။

ကျိခန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်သွားသည်။ ကျိခန်းထံတွင် ရုပ်ခန္ဓာ ရှိနေမည်ဆိုပါက သေချာပေါက် မျက်နှာရဲနေလိမ့်မည်။

“ဒါကတော့ နည်းနည်းပုံကြီးချဲ့ရာ ကျသွားပြီ.. ဒါနဲ့ မင်းက ဒီမှာရောက်နေတော့ မင်းရဲ့ တဟေးတန်ကကော ဘယ်မှာလဲ..”

ယင်ရှောင်ရှောင်း တွေးတောမနေဘဲ ဖြေလိုက်သည်။

“အိုး ‌တဟေးတန် က ငါ့အတွက် ငှက်ဥရှာဖို့ ထွက်သွားတယ်...” 

ဒါကိုပြောရင်း ယင်ရှောင်ရှောင်း က သူ့ကိုယ်သူ မကျေမနပ်ဖြစ်မနေနိုင်ပေ။

“အဲဒါကို ထားလိုက်ဦး.. အခုက ငါက ပျားရည်စားချင်နေတာ.. ဒါပေမဲ့ တကယ်ကြီး ဒုက္ခရောက်နေရတယ်.. အဲဒီတော့ ငှက်ဥပဲ စားနေရတယ်လေ..”

ကျိခန်းသည် ပျားရည်စားခြင်းကြောင့် ယင်ရှောင်ရှောင်း အခေါင်းပေါက်ဖြစ်လာသည်ကို သိပ်နားမလည်ဘဲ ယင်ရှောင်ရှောင်း၏ ညည်းညူသံများကို နားထောင်ကာ ရယ်မောလိုက်သည်။

ကျိကျောက်သည် ကျိခန်း၏ဘေးတွင် တစ်ချိန်လုံး ရပ်နေပြီး ကျိခန်းနှင့် ယင်ရှောင်ရှောင်းတို့၏ စကားကို တိတ်တဆိတ် နားထောင်နေခဲ့သည်။ စကားမပြောဘဲနှင့် မျက်လုံးများသည် ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်ကိုသာ စိုက်ကြည့်လို့နေသည်။ တစ်ခုခုပြောဖို့ ကြံနေခြင်း ဟုတ်၊ မဟုတ်အား ယင်ရှောင်ရှောင်း သိချင်နေမိသည်။

ကျိကျောက် ရုတ်တရက် စကားဆိုလာသည်။

“မင်းက လူပဲ.. နည်းနည်းစိတ်ဝင်စားစရာ မကောင်းဘူးလား..”

ယင်ရှောင်ရှောင်း တော့တင်းသွားပြီး သူ၏ လူသားဖြစ်နေဆဲ စိတ်ဝိညာဉ်နှင့် ကျိကျောက်သည်လည်း ကျိခန်းနှင့် အတူတူပင်ဖြစ်သည်ကို ရုတ်တရက် မှတ်မိသွားလေသည်။ ကျိခန်းသည် သူ၏ဝိညာဉ်ကို မြင်နိုင်သည့်အတွက် ကျိကျောက်မှာလည်း ခြွင်းချက်ဖြစ်လာမည် မဟုတ်ပေ။

“လူသားတစ်ယောက်က မြွေတစ်ကောင် ဖြစ်လာလိမ့်မယ်လို့ ငါထင်မထားမိဘူး.. ကြောက်ရွံ့နေတာမျိုး မရှိဘဲ နတ်ဘုရားတွေကို အပြစ်တင်ကြိမ်းမောင်းပြီး တခြားသူတွေကိုလည်း စွပ်စွဲနေသေးတယ်ပေါ့.. ဒါပေမဲ့လည်း ကောင်းမွန်တဲ့ဘဝတစ်ခု ရှိနေပြီး အိမ်ထောင်ဖက်တောင် ပိုင်ဆိုင်ထားလိုက်သေးတယ်..”

ကျိကျောက် ခေတ္တရပ်လိုက်ပြီး ‘အိမ်ထောင်ဖက်’ ဟူသည့် စကားလုံးမှာ ထွက်ပေါ်လာဆဲ ဖြစ်သည်။ တကယ်တမ်းတွ၍် ကျိကျောက်သည် ယင်ရှောင်ရှောင်းအား သဘောကျသည်။ သူ၏ ယခင်ဘဝအပေါ် အခြေခံရမည်ဆိုလျှင် မြွေပွေးအုပ်ထဲတွင် နေထိုင်ရန်မှာ သတ္တိများစွာ လိုအပ်ပြီး မြွေပွေးတစ်ကောင်နှင့်ပင် ချစ်ခင်စုံမက်လိုက်သေးသည်။

ထိုအကြောင်းအား ပြောရင်းနှင့် ကျိကျောက်မှာ တည်ငြိမ်လို့နေသည်။ ကံမကောင်းစွာဖြင့်ပင် ယင်ရှောင်ရှောင်းမှာမူ နားထောင်ရင်း အနည်းငယ် စိတ်မသက်မသာ ဖြစ်လာမိသည်။ မော့လောင်တ၏ သည်းသည်းလှုပ်အချစ်ခံရသူ ယင်ရှောင်ရှောင်းမှာ အထက်စီးဆန်ဆန် အပြုအမူကြောင့် မကျေမနပ် ဖြစ်လာသည်။ ကျိကျောက် ပြောသည်အား ကြားသည့်အခါ ချက်ချင်းပင် စိတ်ကျေနပ်မှု မရှိတော့ချေ။

နောက်ဆုံးတွင် ကျိခန်းသည် ကိစ္စများကို ချောချောမွေ့မွေ့ ဖြစ်စေရန် ကြားဖြတ်ပြောလိုက်ပြီး ယင်ရှောင်ရှောင်း မမြင်နိုင်သည့်နေရာကို အကြိမ်အနည်းငယ်ခန့် ဆွဲဆိတ်လိုက်သည်။ ယခုအချိန်တွင် ကျိကျောက်သည် နာခံစွာဖြင့် မည်သည့်စကားမျှ မဆိုတော့ဘဲ သူတို့ပြန်ရောက်သည့်အခါတွင် ကျိခန်းအား မည်သို့လုပ်ရမည်ကိုသာ တွေးနေတော့သည်။

ကျိခန်းနှင့် ယင်ရှောင်ရှောင်းတို့ စကားအနည်းငယ် ပြောခဲ့ကြသည်။ မော့လောင်တ ငှက်သိုက်တစ်ခုအား ဆွဲကာဖြင့် ပြန်ရောက်လာသည့် အချိန်တွင် ယင်ရှောင်ရှောင်းသည် ကျိခန်းအား နှုတ်ဆက်ကာ ငှက်ဥစားရန် ပြန်သွားလေသည်။ မော့လောင်တသည် ကျိခန်းအား ထိုနေရာသို့ ယူဆောင်သွားရန် ‌ရွှေ၊ ငွေ အနည်းငယ်ခန့် တောင်းယူလိုက်သည်။ မင်ရှဲသည် လတ်တလောတွင် ပိုမိုသန်မာလာခြင်းကြောင့် ဖြစ်ပေမည် ရွှေ၊ ငွေများစွာ ပိုမိုအသုံးပြုလာသည်။ မူလက မော့လောင်တသည် မင်ရှဲအတွက် ချေဖျက်ရန် အချိန်ပိုယူရမည့် ကျောက်စိမ်းကို ယူသွားချင်ခဲ့သော်လည်း သူ၏နံဘေးတွင် ယင်ရှောင်ရှောင်း ရှိနေသည့်အတွက် မဖြစ်နိုင်ချေ။ ယင်ရှောင်ရှောင်းသည် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ ကျောက်စိမ်းတုံးတစ်တုံးအား ထပ်မံတောင်းယူကာဖြင့် အိမ်သို့ပြန်သယ်လာခဲ့သည်။ ရလဒ်အနေဖြင့် ထိုနေ့ညတွင် မော့လောင်တ နောက်တစ်ကြိမ် နစ်နာသွားရပြန်သည်။ ယင်ရှောင်ရှောင်းမှာ ကျောက်စိမ်းတုံးအား ပွေ့ဖက်ကာဖြင့် ထူးထူးခြားခြား ကောင်းမွန်စွာ အိပ်ပျော်ခဲ့လေသည်။

နောက်တစ်နေ့ အိပ်ရာထချိန်တွင် မြွေနှစ်ကောင်သည် ချောက်ကမ်းပါးအောက်ခြေသို့သွားရန် စီစဉ်ခဲ့ကြသည်။ မော့လောင်တသည် ရွှေ၊ ငွေများအား ယူဆောင်လာခဲ့သည်။ မြန်မြန်ပို့ပြီးသည်နှင့် စိုးရိမ်မှု လျော့ကျသွားနိုင်သည့်အတွက် ယင်ရှောင်ရှောင်း အတွန့်တက်ခြင်း မရှိပေ။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်သည့်အပြင် သူပျော်ရွှင်ရသည့်အရာတစ်ခုလည်း ဖြစ်သည်။ ထိုအရာအား လုပ်ရသည်မှာ အံ့အားသင့်ဖွယ် ဖြစ်သော်လည်း ဂူထဲတွင်သာ လပေါင်းများစွာ မနေနိုင်ပေ။ ထို့အပြင် ယင်ရှောင်ရှောင်းသည် သူ၏မြွေကလေးအား ရှုံ့တွပြီး သေစေလိုစိတ် မရှိပေ။

ပြောသည့်အတိုင်းပင် မြွေနှစ်ကောင် ချက်ချင်းထွက်ခွာကြသည်။ ဤသည်မှာ မြွေဖြစ်ရခြင်း၏ ကောင်းမွန်သည့် အရာများထဲမှ တစ်ခုဖြစ်သည်။ သွားချင်သည့်နေရာကို သွားချင်သည့်အချိန် သွားချင်သလို သွားလာနိုင်သည်။ လူသားတစ်ယောက် အနေနှင့်မူ ထိုသို့ပြုလုပ်ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။

ချောက်ကမ်းပါးအောက်ခြေသို့ ရောက်ပြီးနောက် မင်ရှဲအား ရွှေ၊ ငွေများ ပေးကာ အခြားမည်သည့်အရာမျှ လုပ်ဆောင်ရန်မလိုသည့်အတွက် ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ ချောက်ကမ်းပါးအောက်ခြေတွင် ရက်အနည်းငယ်ခန့် နေခဲ့ကြသည်။

ရှုံးဟွီသည် အမြဲလိုလို ခြင်္သေ့များအား ထိတ်လန့်စေခြင်းဖြင့် အချိန်ဖြုန်းလေ့ရှိပြီး ယင်ရှောင်ရှောင်းသည် အိမ်ပြန်ရန်နှင့် လုပ်ငန်းတာဝန်များအား မေ့လျော့ကာ ပတ်ဝန်းကျင်အသစ်တွင်သာ ပျော်ရွှင်လို့နေသည်။ မော့လောင်တသည် ယင်ရှောင်ရှောင်းကဲ့သို့ မဟုတ်ချေ။ ချောက်ကမ်းပါးအောက်ခြေတွင် မည်သည့်အရာကိုမျှ လျှို့ဝှက်ထားနိုင်ခြင်း မရှိသည်မှာ သေချာကြောင်း ယူဆမိသဖြင့် ထူးဆန်းသည့်မြွေများ၏ နယ်ပယ်တွင် မော့လောင်တမှာ ယင်ရှောင်ရှောင်းနှင့် ဘာဘာညာညာလေးများ မလုပ်ချင်ပေ။ သို့သော်လည်း အခက်အခဲများစွာ ကျော်ဖြတ်ပြီးမှ အသား၏အရသာကို သိရှိခဲ့ပြီးသည့် မော့လောင်တမှာ အချိန်အတော်ကြာ အရသာမခံဘဲနှင့် မနေနိုင်ချေ။ အဆုံးတွင် မော့လောင်တသည် အကျည်းတန်သည့် အမူအရာနှင့် ယင်ရှောင်ရှောင်းအား ဆွဲခေါ်ကာ ပြေးတော့သည်။

အပြန်လမ်းတွင် ယင်ရှောင်ရှောင်းသည် ယခင်အတိုင်း မော့လောင်တ၏ နောက်ကျောပေါ်တွင် ပျင်းရိစွာဖြင့် လဲလျောင်းလို့နေသည်။ သွားလာနေရင်း မော့လောင်တမှာ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေရသည်။ အဆုံးတွင် နူးနူးညံ့ညံ့နှင့် သတိကြီးစွာ မေးလိုက်မိတော့သည်။

“အရူးပေါက်လေး.. မင်း ကိုယ်အလေးချိန် ဘယ်လောက်ရှိနေပြီလဲ..”

ကနဦးတွင် ယင်ရှောင်ရှောင်းမှာ ထိုမေးခွန်းကြောင့် အံ့အားသင့်လို့နေသည်။ ထို့နောက် မော့‌လောင်တ၏ ဆိုလိုရင်းမှာ သူ၏ကိုယ်အလေးချိန်ကို အထင်အမြင်သေးနေခြင်းဖြစ်ကြောင်း သိရှိလိုက်ရသည်။ ချက်ချင်းဆိုသလို ဒေါသတကြီးဖြစ်လာပြီး မော့လောင်တအား ကိုက်လိုက်သည်။ အကြေးခွံများကိုပင် ထိုးဖောက်နိုင်ခြင်းမရှိချေ။

“ခင်ဗျားကမှ ဝတာ.. ခင်ဗျားတို့ တစ်မိသားစုလုံးကမှ ဝတာ..”

မော့လောင်တမှာ ယင်ရှောင်ရှောင်းကြောင့် ထိတ်လန့်သွားလေသည်။ ဝသည်ဟု ပြောရုံလေးနှင့် အရူးပေါက်လေးမှာ မည်သည်ကြောင့် ဤသို့တုံ့ပြန်ရသနည်း။ ကူကယ်ရာမဲ့နေသည့် မော့လောင်တမှာ ယင်ရှောင်ရှောင်းအား ချက်ချင်းချော့ရတော့သည်။

“ဟုတ်ပါပြီ.. ဟုတ်ပါပြီ.. ကိုယ်မှားတာနော်.. ဒီအတောအတွင်း ကိုယ်ကလေ့ကျင့်ခန်း မလုပ်တော့ သွားလာရတာ နည်းနည်းခက်နေတာ.. အား.. ရှောင်ရှောင်းလေးက ဘာဖြစ်လို့ ကိုက်တာလဲ.. ကိုယ်မှားပါတယ်ဆို..”

ယင်ရှောင်ရှောင်း မကျေနပ်သေးပေ။ မော့လောင်တသည် သူ၏ခုခံနိုင်စွမ်းကို လျှော့ချလိုက်ပြီးနောက် ယင်ရှောင်ရှောင်း ကျေနပ်သည်အထိ အကြိမ်အနည်းငယ်ခန့် ကိုက်ခွင့်ပေးလိုက်သည်။

အဟမ်း.. အဟမ်း.. ဤသည်မှာ အိမ်ပြန်လမ်းတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်လေးတစ်ခုသာ ဖြစ်သည်။ သို့သော်လည်း ယင်ရှောင်ရှောင်းမှာ သူအမှန်တကယ် ဝလာကြောင်း သိလိုက်ရသည်။ ဝရုံတင်မကဘဲ အဆီတစ်လာခြင်း ဖြစ်သည်။ ပြောရမည်ဆိုလျှင် ယင်ရှောင်ရှောင်းမှာ ယခင်ကဲ့သို့ပင် အလွန်အမင်းစားခြင်း မရှိပေ။ အဆီတက်စေသည့် ပျားရည်ကိုပင် စားသောက်ခြင်း မရှိသည့်တိုင် ဝလာခြင်းဖြစ်သည်။ ဟမ့်.. လေ့ကျင့်ခန်းမလုပ်ခြင်းကြောင့်များလား။ သို့သော်လည်း ယင်ရှောင်ရှောင်းမှာ မော့လောင်တ၏ နောက်ကျောပေါ်တွင်သာ ပျင်းရိစွာဖြင့် ရှိနေတတ်သည်။ ထို့အပြင် ဤတစ်ကြိမ်တွင် ချောက်ကမ်းပါးအောက်ခြေရှိ ထူးဆန်းသည့်မြွေများနှင့် ဆော့ကစားခဲ့သည်။ 

လေ့ကျင့်ခန်း လုပ်ခဲ့တယ်.. ဟုတ်ပြီလား..

သို့သော်လည်း ယင်ရှောင်ရှောင်းသည် မော့လောင်တထံမှ အာမခံချက်အား ရရှိထားပြီး ဖြစ်သည်။

“ကိုယ့်ရှောင်ရှောင်းလေး ဝနေရင်တောင် ကိုယ်က သယ်သွားဦးမှာပဲ..”

ယင်ရှောင်ရှောင်း စိတ်သက်သာရာ ရသွားသည်။

‘ဟမ့်.. ဟမ့်.. ငါက ဝနေတော့ကော ဘာဖြစ်လဲ.. နည်းနည်းလေးတောင် သက်ရောက်မှု မရှိဘူးနော်.. အဲလိုဆိုမှတော့ ဘာဖြစ်လို့ စိတ်အနှောင့်အယှက် ဖြစ်နေရဦးမှာလဲ..’