အပိုင်း ၁၀၄
Viewers 28k

🐍Chapter 104




နှစ်ဝက်အကြာတွင် ယင်ရှောင်ရှောင်း အပြည့်အဝ ဖွံ့ဖြိုးလာမည် ဖြစ်သည်။ ယင်ရှောင်ရှောင်းသာမက ယင်ရှောင်ရှောင်း၏ ကောကောများလည်း ပါဝင်သည်။


လာမည့်စုဝေးပွဲအတွက် အချိန်ကို နှစ်ဝက်ခန့် ကြိုရွှေ့ထားရခြင်းမှာ နှစ်ဝက်အတွင်း ဘယ်သူမှ မတက်ရောက်နိုင်သောကြောင့် မဟုတ်ဘဲ မြွေငယ်ခြောက်ကောင်သည် အပြည့်အဝ ကြီးထွားလာမည် ဖြစ်သောကြောင့်ပင်။

အပြည့်အဝ ကြီးပြင်းလာတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ....

လူသားများအတွက် အရွယ်ရောက်ခြင်းဆိုသည်မှာ တရားဥပဒေနှင့်ညီသော လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် လူ့ဘောင်အတွင်း မိမိတို့ဘာသာ လွတ်လွတ်လပ်လပ် သွားလာနေထိုင်ရန် အိမ်မှ ထွက်ခွာသွားနိုင်သည်ဟူသော အချက်ဖြစ်သည်။ မြွေပွေးများအတွက် အပြည့်အဝကြီးပြင်းလာခြင်းသည် သူတို့ချစ်မြတ်နိုးရသူတစ်ဦးနှင့် အဖော်ဖြစ်လာနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

မြွေပွေးများသည် ဤအဓိကဖြစ်ရပ်ကို စောင့်မျှော်ခဲ့သော်လည်း ဂရုတစိုက်ဖြင့် မျှော်လင့်ခဲ့သည်။ ငယ်ရွယ်သောမြွေများ ကြီးပြင်းလာသောအခါတွင် သူတို့၏အနာဂတ်လက်တွဲဖော်ကို တွေ့ရှိခဲ့ပြီးသော မြွေပွေးများက မိတ်ဖက်အခမ်းအနားကို တက်ရောက်ရသည်။ ယင်တပိုင်နှင့် ဟွားရှောင်ဟွား၏ မိသားစုတွင်ရှိသော အရွယ်ရောက်ပြီးသူများအတွက် ဤသည်မှာ သူတို့ဘဝ၏ ပထမဆုံးသော၊ အရေးကြီးသော အခိုက်အတန့်ဖြစ်သည်။ ဒါသည် မော့လောင်တက ယင်ရှောင်ရှောင်း အပြည့်အဝ ကြီးပြင်းလာမည်ဆိုသည်ကို "လိမ္မာပါးနပ်စွာ" အသိပေးခဲ့သော အကြောင်းပြချက်တစ်ခုဖြစ်သည်။ မော့လောင်တသည် ယင်ရှောင်ရှောင်းနှင့် လက်တွဲရန် နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့ရသည်။

ယင်ရှောင်ယိသည် ဟေးအာလုကို အနာဂတ်လက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့ပြီး ဟေးအာလု သည် ဆယ်နှစ်မပြည့်မီ နှစ်အနည်းငယ် လိုနေသေးသည်။ ထုံးစံအတိုင်း သူသည် ယခု ယင်ရှောင်ယိ၏ လက်တွဲဖော် ဖြစ်မလာနိုင်သေးပေ။ ဆိုလိုသည်က ယင်ရှောင်ယိသည် ဟေးအာလုကို အနှစ်နှစ်ဆယ်ကျော် စောင့်ရအုံးမည်။ သို့သော် ဒါလဲ ကောင်းနိုင်သည်။ ယင်ရှောင်ယိ အတွက် ဟေးအာလုသည် စစ်မှန်သော အဖော် ဟုတ်၊ မဟုတ် အတည်ပြုရန် အချိန်ပိုသုံးနိုင်ပြီး ဟေးအာလုသည် သူ့ ကလေးဘဝအား သူ့ဘေးနားရှိ အဖော်တစ်ဦးနှင့် ဖြတ်သန်းနိုင်သည်။ ဟွားရှောင်အာနှင့် ဟွားရှောင်စန်း တို့ကို ယင်တပိုင်က လက်လည်းမခံ၊ ဆန့်ကျင်ခြင်းလည်း မရှိသော်လည်း ဟွားရှောင်ဟွားက လက်ခံရန်မှတပါး ရွေးချယ်စရာမရှိပေ။ ဒါသည် ဟွားရှောင်အာနှင့် ဟွားရှောင်စန်းတို့၏ ကိစ္စသာဖြစ်သည်။ ယင်ရှောင်စစ်နှင့် လန်စန်းစန်း တို့သည် အတူရှိခဲ့ကြသည်။ လန်စန်းစန်းသည် ယင်ရှောင်စစ် ထက် လအနည်းငယ်ပိုကြီးပြီး ယင်ရှောင်စစ် အရွယ်ရောက်ရန် စောင့်ဆိုင်းနေခဲ့သည်။ သို့မှသာ မြွေနှစ်ကောင်သည် အဖော်ဖြစ်လာနိုင်ပေသည်။ ဟွားရှောင်ဝူသည် ဟုန်ရှောင်ဟုန်အပေါ် ချစ်ကျွမ်းဝင်ခဲ့ပြီး ကံမကောင်းစွာဖြင့် ဟုန်ရှောင်ဟုန်သည် မနက်ဖြန်တွင် အပြည့်အဝကြီးပြင်းလာမည့် ဟွားရှောင်ဝူ ထက် နှစ်အနည်းငယ် ငယ်သည်။ ယင်ရှောင်ရှောင်းနှင့် မော့လောင်တ အတွက် မော့လောင်တက ဒါကို စိတ်မရှည်စွာ မျှော်လင့်ထားပြီးသားဖြစ်သည်။ ယင်ရှောင်ရှောင်း အရွယ်ရောက်ပြီးသည်နှင့် မော့လောင်တ နှင့်ယင်ရှောင်ရှောင်း တို့က လက်တွဲဖော်ဖြစ်လာတော့မည်မှာ သေချာသည်။

အတိုချုပ်ပြောရလျှင် မြွေငယ်ခြောက်ကောင် ကြီးပြင်းလာသောအခါတွင် မိတ်ဖက်သုံးကောင် ပေါ်ပေါက်လာမည်ဖြစ်သည်။ ၎င်းတို့မှာ ဟွားရှောင်အာနှင့် ဟွားရှောင်စန်း၊ ယင်ရှောင်စစ်နှင့် လန်စန်းစန်း ၊ ယင်ရှောင်ရှောင်းနှင့် မော့လောင်တ တို့ဖြစ်သည်။

ထိုအကြောင်းကို အားလုံးဝိုင်းပြီး ဆွေးနွေးခဲ့ကြသည်။ နောက်ဆုံးတွင် ဟွားရှောင်အာ၊ ဟွားရှောင်စန်း နှင့် ယင်ရှောင်စစ် ကြီးပြင်းလာမည့်နေ့အတွင် မြွေပွေးသုံးကောင်၏ မိတ်ဖက်အခမ်းအနားကို စီစဉ်ပေးခဲ့သည်။ ယင်ရှောင်ရှောင်းသည် နောက်နေ့တွင် ကြီးထွားလာလိမ့်မည်။ 

မမေ့ပါနဲ့ ...ယင်ရှောင်ရှောင်းက တခြားမြွေငယ်ငါးကောင်ထက် တစ်ရက်နောက်ကျပြီးမှ မွေးဖွားခဲ့တာ...

“နှစ်ဝက်လိုသေးတယ်..”
 
ဟွားရှောင်ဟွား ခဏလောက်စဉ်းစားလိုက်သည်။

"ဒါတောင် ဟွားရှောင်အာ၊ ဟွားရှောင်စန်း၊ ယင်ရှောင်စစ် နဲ့ ယင်ရှောင်ရှောင်းက မိတ်ဖက် အခမ်းအနားတွေပဲ လုပ်မှာပါ... မဟုတ်ရင် ကိစ္စတွေက ပိုလို့တောင် ကမန်းကတန်းနဲ့ ကမောက်ကမတွေ ဖြစ်ကုန်မှာ သေချာတယ်... မိတ်ဖက်အခမ်းအနားတွေကို ဘယ်တော့ကျင်းပမယ်ဆိုတာကို ဆုံးဖြတ်ထားပြီးသားဖြစ်လို့ ပြင်ဆင်တာကတော့ မနက်ဖြန်မှာ စလုပ်မှာ...”

"ပြင်ဆင်မှုတွေလား..." 

ယင်ရှောင်ရှောင်း စိတ်ရှုပ်သွားသည်။ ယင်ရှောင်ရှောင်းက မိတ်ဖက် အခမ်းအနားသည် လူသားတို့၏ လက်ထပ်ပွဲနှင့် ဆင်တူကြောင်းသာ သိသော်လည်း အခမ်းအနားတွင် မည်သည့်အရာ လိုအပ်သည်ကို သူ အမှန်တကယ် မသိခဲ့ပေ။

ဟွားရှောင်ဟွား နဖူးကို အမြီးဖြင့် ရိုက်လိုက်သည်။ ယင်ရှောင်ရှောင်းတွင် အမွေဆက်ခံသည့် အမှတ်တရများ မရှိသည်ကို သတိရမိသော်လည်း သူတို့မိသားစုထဲက မဟုတ်သော မြွေများရှိနေသောကြောင့် ဟွားရှောင်ဟွား ရှင်းပြရန်ခက်ခဲနေသည်။

ဟွားရှောင်ဟွား ပြောခဲ့သည့် မြွေများမှာ မိသားစုဝင်များမဟုတ်ကြသော လန်စန်းစန်းနှင့် ဟုန်ရှောင်ဟုန်တို့ ဖြစ်သည်။ ထိုမြွေများသည် သူ့သားများ၏ အနာဂတ် လက်တွဲဖော်များဖြစ်သော်လည်း ဟွားရှောင်ဟွားက ယင်ရှောင်ရှောင်း တွင်အမွေဆက်ခံထားသော အမှတ်တရများ မရှိသည်ကို သူတို့ကို လုံးဝမပြောချင်ပေ။ အမှန်တွင် သိတဲ့မြွေနည်းလေလေ၊ ထိုအချက်အလက်ပေါက်ကြားဖို့ ဖြစ်နိုင်ခြေနည်းလေလေပင်ဖြစ်သည်။ 

မော့လောင်တနဲ့ ပတ်သက်ပြီးတော့ ယင်ရှောင်ရှောင်း အနေနဲ့ မော့လောင်တကို သူ့ဆီမှာအမွေဆက်ခံတဲ့ အမှတ်တရတွေ မရှိဘူးလို့ပြောပြထားပြီးသာ ဖြစ်မယ်ဆိုတာကို ဟွားရှောင်ဟွားက သံသယရှိခဲ့တာ...

မော့လောင်တသည် အမှန်တကယ်ပင် မော့လောင်တဟု ခေါ်ထိုက်သည်။ ဟွားရှောင်ဟွား၏ တုံ့ဆိုင်းမှုကို မြင်လိုက်ရသဖြင့် ဟွားရှောင်ဟွား၏ တုံ့ဆိုင်းသွားရသည့် အကြောင်းရင်းကို သူ ချက်ချင်း သဘောပေါက်သွားသည်။ စကားမပြောဘဲ ယင်ရှောင်ရှောင်း ကို ဂူအပြင်ဘက်သို့ ဆွဲထုတ်သွားသည်။

"အမ်.. ဟေး ဟေး... ‌တဟေးတန် မင်းဘာလုပ်နေတာလဲ.. ဟေး... ငါ့ကိုလွှတ်ပေး..." 

ဆွဲထုတ်ခံလိုက်ရသည့် ယင်ရှောင်ရှောင်း ရုန်းကန်နေလေသည်။ ကံမကောင်းစွာဖြင့် ၎င်းသည် အသုံးမဝင်ခဲ့ပေ။

ဂူအတွင်းကျန်ခဲ့သော မြွေများ - “….”

“အဟွတ်၊အဟွတ်….” 

ဟွားရှောင်ဟွား နှစ်ကြိမ် ချောင်းဆိုးလိုက်သည်။ 

"ဒါဆို အခမ်းအနား ပြင်ဆင်မှုအတွက် ဆွေးနွေးကြရအောင်လေ..."

မော့လောင်တသည် ယင်ရှောင်ရှောင်းကို လိုဏ်ဂူနှင့် ဝေးကွာသော ချုံပုတ်ထဲ ရောက်သည့်တိုင်အောင် ဆွဲငင်ကာ ယင်ရှောင်ရှောင်း ကို လွှတ်ပေးလိုက်သည်။

“အရူးပေါက်လေး.. နားထောင်ဦး... နောက်ကျရင် မင်းမှာ အမွေဆက်ခံထားတဲ့ အမှတ်တရတွေ မရှိဘူးလို့ အပြင်က တခြားမြွေတွေကို မပြောနဲ့... နားလည်လား..." 

မော့လောင်တသည် အလွန်အလေးအနက်ထားပုံရသည်။

ယင်ရှောင်ရှောင်း မြေပြင်မှထရန် ရုန်းကန်နေရသည်။ မော့လောင်တ၏ ဆွဲငင်ခံရခြင်းကြောင့် မူးဝေကာ သူ့အမြင်အာရုံမှာ မှုန်ဝါးလာခဲ့သည်။ 

"ဟင်.. အိုး.. ကျွန်တော်သိပါတယ်..."

“တခြားမြွေတစ်ကောင်က မင်းမသိတာ ပြောလာရင် သူတို့သံသယဖြစ်အောင် မလုပ်ပြရဘူး... မင်းမသိတာတစ်ခုခုရှိရင် အဲဒီမြွေသွားတဲ့အထိစောင့်... ပြီးမှ ကိုယ့်ကိုမေး...နားလည်လား.."

“အိုး..” 

ယင်ရှောင်ရှောင်း ရုတ်တရက် နားလည်သွားသည်။ မိတ်ဖက်အခမ်းအနားသည် မြွေတိုင်း၏ အမွေဆက်ခံသည့် အမှတ်တရများထဲတွင်လည်း ရှိခဲ့သည်။ ယင်ရှောင်ရှောင်း ခေါင်းကို မော့လိုက်ပြီး တွေးရင်းမေးလိုက်သည်။

"ဒါဆို မိတ်ဖက် အခမ်းအနားကို ဘယ်လို ကျင်းပတာလဲ..." 

မော့လောင်တ က သူ့စိတ်ထဲရှိ စကားလုံးများကို အတင်းပြန်တွန်းပြီး ပြောလိုက်သည်။

“တကယ်တော့ မိတ်ဖက်အခမ်းအနားက အရမ်းရိုးရှင်းပါတယ်... အခမ်းအနားကို မိသားစုဝင်တွေနဲ့ မိသားစုဝင်ရဲ့သူငယ်ချင်းတွေက တက်ရောက်ပြီးတော့ လာမေးကြတယ်.. အခမ်းအနားကျင်းပတဲ့နေ့မှာ အခမ်းအနားကို နေအပူဆုံးအချိန်မှာ ကျင်းပတယ်... အသက်ကြီးတဲ့သူ ဘယ်သူမဆို သဘာပတိအဖြစ်လုပ်ရမယ်... လက်တွဲဖော်တစ်ဦးစီက တစ်ဖက်ရဲ့သွေးကို သောက်ပြီး နှစ်ဖက်မိဘတွေဆီကနေ ကောင်းချီးမင်္ဂလာတွေကို ခံယူကြပြီး အခမ်းအနားပြီးဆုံးတယ်...”

“ကြားရတာတော့ တော်တော်ရိုးရှင်းတယ်.. ဒါပေမယ့် တခြားသူရဲ့သွေးကို သောက်တာကတော့…” 

ယင်ရှောင်ရှောင်း တုန်လှုပ်သွားသည်။ 

"ဘယ်လိုသောက်တာလဲ.. ကြိုပြီးပြင်ဆင်ထားလား..ဒါမှမဟုတ်…”

"ထုံးစံအတိုင်း အခမ်းအနားမှာ တခြားလက်တွဲဖော်က အကြေးခွံတွေကိုကိုက်ပြီး တိုက်ရိုက်သောက်တယ်..."

ယင်ရှောင်ရှောင်း: “….” 

ဒါကို သူ မလုပ်နိုင်ဘူးလို့ အခု ပြောရင် အဆင်ပြေလောက်လား ...

မော့လောင်တ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ 

"အရူးပေါက်လေး.. ကိုယ့်လက်တွဲဖော် မလုပ်တော့ဘူးလို့ နည်းနည်းလေးတောင် မစဉ်းစားနဲ့နော်.. "
 
သူ ခေတ္တရပ်လိုက်ပြီး ဆက်ပြောသည်။

“စိတ်မပူပါနဲ့.. အဲဒီအခိုက်အတန့်လေးရောက်လာရင် ကိုယ်အင်အားအများကြီး မသုံးပါဘူး... သွေးနည်းနည်းဆိုရင်ပဲ လုံလောက်ပါတယ်..."

‘ဒါက ထမင်းတစ်လုပ် တုတ်တစ်ချက် သဘောမျိုးပဲ..’

ယင်ရှောင်ရှောင်း ဒေါသတကြီး သူ့ကိုယ်သူ တွေးလိုက်မိသည်။

ယင်ရှောင်ရှောင်း: "ဒါပေမဲ့ ကျွန်တော်က ခင်ဗျားကို ကိုက်နိုင်မှာ မဟုတ်ဘူးလေ.. " 

ဤသည်မှာ အမှန်တရားဖြစ်သည်။ မော့လောင်တသည် မြွေပွေးမျိုးနွယ်စုများအတွင်း အစွမ်းထက်ဆုံး မြွေပွေးဖြစ်ပြီး ၎င်း၏ ခံစစ်စွမ်းရည်မှာ ပို၍ပင် ကြောက်စရာကောင်းသည်။ ယင်ရှောင်ရှောင်း၏ သွားများအားလုံး ကျွတ်ထွက်သွားမည် ဆိုလျှင်ပင် မော့လောင်တအား ကိုက်ဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။

မော့လောင်တ ယင်ရှောင်ရှောင်းအား ထူးဆန်းစွာ ကြည့်နေ၏။

“ကိုယ်က ခုခံမှုကို လျော့ထားလိုက်မယ်လေ..”

ယင်ရှောင်ရှောင်း : “….” တကယ်အဆင့်မြင့်တယ်...

“မဟုတ်ဘူး...” 

ယင်ရှောင်ရှောင်း က နောက်ထပ်ပြဿနာတစ်ခုတွေ့သွားခဲ့သည်။ 

"တစ်နေ့တာရဲ့ အပူဆုံးအပိုင်းလား.. ဘုရားရေ... နေ ရောင်နဲ့ ထိတွေ့ ပြီးတော့ သေ တော့မှာပဲ...”

မော့လောင်တ: "…အဲဒါဆိုရင်လည်း အခမ်းအနားကို မြစ်ကမ်းပါးက သစ်ပင်ရိပ်မှာ ကျင်းပမယ်... မြစ်ရဲ့ အပူချိန်နဲ့ နှိုင်းယှဉ်လို့ မရပေမယ့် အဲဒါက နည်းနည်းတော့ အထောက်အကူ ဖြစ်မှာပါ...”

ယင်ရှောင်ရှောင်းသည် ထိုအချက်ကို အင်တင်တင်ဖြင့် သဘောတူခဲ့သော်လည်း ၎င်းကို ဆောင်ရွက်ရန် သဘောတူခြင်း မရှိသေးပေ။ 

ဒီအကြောင်းပြချက်တစ်ခုက သူ့ကိုမော့လောင်တ နဲ့ လက်မတွဲဖို့ လုံလောက်တယ်ဆိုရင် သူတို့နှစ်ယောက်ရဲ့ အနာဂတ်ဟာ ပြေလည်တော့မှာ မဟုတ်ဘူး...

“ဒါဆို ပွဲမစခင် ဘာတွေ ပြင်ဆင်ထားရမလဲ...” 

ယင်ရှောင်ရှောင်း က ဆက်မေးသည်။ 

မော့လောင်တပြောတာကို သူကြားပေမဲ့ ဘယ်လိုပြင်ဆင်မှုတွေ ပြုလုပ်ရမယ်ဆိုတာကို တော့မကြားလိုက်ဘူး...

“မိသားစုနဲ့ သူငယ်ချင်းတွေကို အကြောင်းကြားရမယ်.. သူတို့ကို လိုက်ရှာရတာက တော်တော်ကြာလိမ့်မယ်...”

ယင်ရှောင်ရှောင်းလည်း ထိုကိစ္စကို သတိထားမိတယ်။ 

အမှန်က ဒီနေရာမှာ ဆဲလ်ဖုန်းကွန်ရက်တွေ ဒါမှမဟုတ် အလားတူအရာတွေလဲ မရှိတော့ မြွေတိုင်းကို အသိပေးဖို့က လွယ်ကူမှာမဟုတ်ဘူး...

သို့သော် ကံကောင်းထောက်မစွာ နယ်နိမိတ်၏ နယ်စပ်ဒေသများကို ပြင်ဆင်ပြီး မြွေပွေးများသည် အလွန်လျင်မြန်သည်။ သွေးသွားရင်းချာဖြစ်သော မြွေပွေးများသည် ၎င်းတို့၏ ဆွေမျိုးပေါင်းဖော်များ ရှိကြောင်း ထိုသဘောဖြင့် ပေါင်းထည့်လိုက်ရာ ထိုပြဿနာသည် ရုတ်တရက် စိန်ခေါ်မှု နည်းပါးလာသည်။

အာ...

ယင်ရှောင်ရှောင်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။

"တဟေးတန်၊ ‌တဟေးတန်.. ခင်ဗျားမှာ မြွေပွေးအားလုံးကို သတင်းပို့နိုင်တဲ့ စွမ်းရည်ရှိတယ်လေ.. "ယင်တပိုင် နှင့် ဟွားရှောင်ဟွား တို့ရဲ့သားက သူ့ရဲ့ မိတ်ဖက် အခမ်းအနားကို ကျင်းပတော့မယ်.." အခမ်းအနားကျင်းပမယ့်နေရာတိုင်းကို သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေ လာရောက်တက်ရောက်ပေးကြပါ... အဲဒါက မြွေတိုင်းကို အကြောင်းကြားဖို့ အချိန်ကုန်သက်သာတယ်လေ...” 

သူစကားပြောလေလေ၊ ယင်ရှောင်ရှောင်း က ထိုနည်းလမ်းက အလုပ်ဖြစ်မည်ဟု ခံစားလာလေလေဖြစ်သည်။ 

အရမ်းကောင်းတယ်... ဒါဆိုရင်တော့ အဆင်မပြေတာ မရှိတော့ဘူးပေါ့...

"အရူးပေါက်လေး.. ဒါကမဖြစ်နိုင်ဘူးကွ..." 

ယင်ရှောင်ရှောင်း၏ မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော မော့လောင်တသည် ယင်ရှောင်ရှောင်း၏ အကြံပြုချက်ကို ခါးခါးသီးသီးငြင်းဆိုရုံသာမက သူသည် ယင်ရှောင်ရှောင်းကို ထူးခြားလေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။ 

“ကိုယ်က မျိုးနွယ်စုခေါင်းဆောင် ဆိုပေမယ့် ဒီစွမ်းရည်ကို အလွဲသုံးစားလုပ်လို့မရဘူး... မြွေပွေးမျိုးနွယ်တွေ ကြီးကြီးမားမားတစ်ခုခုနဲ့ ရင်ဆိုင်ရတဲ့အခါမှသာ ဒီစွမ်းရည်ကို အသုံးချလို့ရမှာ...”

ယင်ရှောင်ရှောင်း နားထောင်ပြီး နားလည်လိုက်သည်။ 

အာဏာကို အလွဲသုံးစားမလုပ်မိဖို့ အစိုးရနဲ့ပုဂ္ဂလိကအကျိုးစီးပွားကို ပိုင်းခြားဖို့လိုတယ်...

ယင်ရှောင်ရှောင်း က သူ့နှုတ်ခမ်းကို ကောက်ကွေးလိုက်သည်။ ကောင်းပြီ၊ ကောင်းပြီ၊ ဒါကို အသုံးမပြုနိုင်သည်ကို အခု သူသိသွားသည်။

“ဒါဆို မြွေတိုင်းကို တစ်ကောင်ချင်း အသိပေးဖို့ လိုတာလား...” 

ယင်ရှောင်ရှောင်း ၏ မျက်လုံးများ မှေးမှိန်သွားကာ ကမ္ဘာကြီးသည် မီးခိုးရောင် စတင်လာသည်။ 

ပျင်းရိနေတဲ့ ယင်ရှောင်ရှောင်း က ဒီလိုမျိုး ဘာမှမရှိတဲ့ကုန်းမြေပေါ်မှာ နေ့တိုင်းလိုလို လျှောတိုက်သွားပြီး မြွေတွေကိုရှာဖွေဖို့ဆိုရင် နှစ်ဝက်လောက်ကြာလောက်တယ်...

မော့လောင်တ ခေါင်းခါသည်။

“အဲဒါက အဆင်မပြေတာ မဟုတ်ဘူး... စကားလုံးတွေ ပျံ့သွားတာနဲ့အမျှ သတင်းတွေလဲ မြန်မြန်ရောက်သွားလိမ့်မယ်.. ပိုကြာလိမ့်မယ်.. ဘာပဲဖြစ်ဖြစ် မင်းဖေဖေနဲ့ ပါပါး က ဒီကိစ္စကို ဖြေရှင်းလိမ့်မယ်.. မင်းလေးနဲ့ မဆိုင်ပါဘူးကွာ..”

"ဟင်... ဒါဆို ဒါက ငါ့ကိစ္စ မဟုတ်ဘူးလား..."

"သွားလို့ရပြီ သိလား..." 

မော့လောင်တ အနည်းငယ် စိတ်မရှည်တော့ပေ။

“မင်းဖေဖေနဲ့ ပါပါး က သူတို့ရဲ့ သူငယ်ချင်း ဆွေမျိုးတွေကို အကြောင်းကြားဖို့ တာဝန်ရှိတယ်.. ပြီးတော့ သူတို့ရဲ့ သူငယ်ချင်း ဆွေမျိုးတွေက သူတို့ရဲ့ သူငယ်ချင်း ဆွေမျိုးတွေကို လိုက်ရှာလိမ့်မယ်... ငါတို့က ငါတို့သိတဲ့သူငယ်ချင်းတွေနဲ့ အိမ်နီးနားချင်းတွေကို သွားရှာရုံပဲ..."

ယင်ရှောင်ရှောင်း က အတွေးဖြင့် ခေါင်းငုံ့နေသည်။ သူ့သူငယ်ချင်းများနှင့် အိမ်နီးနားချင်းများကို အကြောင်းကြားရလျှင် ဟေးအာပန် ၏ မိသားစုမှလွဲ၍ တစ်ယောက်မှ မရှိပေ။

လန်ဟုန်မိသားစုတွင် ပါဝင်သော်လည်း ယင်ရှောင်စစ် နှင့် လန်စန်းစန်း တို့သည် မိတ်ဖက်များဖြစ်ကြသောကြောင့် လန်စန်းစန်း ၏မိသားစုကို သူငယ်ချင်းများ သို့မဟုတ် အိမ်နီးချင်းများထက် ယောက္ခမများအဖြစ် မှတ်ယူကြသည်။ ယင်ရှောင်ရှောင်းက ရုတ်တရက် လန်ယိယိကို သတိရသွားပြီး ထူးထူးခြားခြားအနည်းငယ်အားနည်းသွားသည်။ 

လန်ယိယိ ရောက်လာရင်… လန်ယိယိ ဟာ အနာဂတ်လက်တွဲဖော်ကို ရှာတွေ့ပြီးသားဖြစ်မှာပါ ... မျက်စိစုံမှိတ်ပြီးတော့ စိတ်ပူစရာမလိုပါဘူး...

မော့လောင်တ အာရုံပျံ့လွင့်နေသော ယင်ရှောင်ရှောင်းကို တို့လိုက်သည်။ 

“သူငယ်ချင်းတွေနဲ့ မိသားစုတွေကို အကြောင်းကြားတာကလွဲရင် အရေးကြီးဆုံးက အခမ်းအနားမစခင် ရက်အနည်းငယ်အလိုနဲ့ အခမ်းအနားကျင်းပတဲ့နေ့မှာ အမဲလိုက်ဖို့ပဲကျန်တော့တယ်...”

"ဟင်... အမဲလိုက်မှာလား..." 
ယင်ရှောင်ရှောင်း အာရုံများ ပြန်ပေါ်လာသည်။ ဘာဖြစ်လို့ အမဲလိုက်သွားတာလဲ ....

"စားစရာမပေးရင် သူငယ်ချင်းတွေနဲ့ မိသားစုတွေ က မလာနိုင်ဘူးလေ..." 

မော့လောင်တ က ပြောသည်။

“အခမ်းအနားကိုလာတဲ့ မြွေပွေးတွေက ဗိုက်ဟောင်းလောင်းနဲ့ လာမှာ... ဧည့်သည်အားလုံးအတွက် အစားအစာ တွေကိုလုံလောက်အောင် ကျွေးရမှာမလို့ အစားအသောက်ကို အချိန်မီ ပြင်ဆင်ထားဖို့ လိုတယ်... အခမ်းအနားမစခင်ရက်များစွာအလိုကတည်းက သားကောင်ကို သတ်ထားလို့မရဘူး.. မဟုတ်ရင် သားကောင်တွေပုပ်သွားလိမ့်မယ်... မြွေဘယ်လောက်လာမယ်ဆိုတာကို မသိတဲ့အတွက်ကြောင့် အစာအလုံအလောက်မရှိရင် အခမ်းအနားကျင်းပတဲ့နေ့မှာ သားကောင်ကို ဖမ်းမိဖို့ လိုသေးတယ်... လက်တွဲဖော်ကလွဲပြီးတော့ အမဲလိုက်ရမယ့် တာဝန်က အဖော်နှစ်ဦးစလုံးရဲ့ မိဘတွေပဲ....”

"အမဲလိုက်တာလား..." 

ယင်ရှောင်ရှောင်း အံ့ဩသွားသည်။ 

"ကျွန်တော်ရောလိုက်ရမှာလား..."

ကောင်းပြီ.. ယင်ရှောင်ရှောင်း.. ဒီကောင်လေး သူဖမ်းမိတဲ့ သားကောင်ပမာဏကို လက်တစ်ဖက်ထဲနဲ့ ရေတွက်လို့ ရတယ်.. 

ယင်ရှောင်ရှောင်း သူတို့နှင့်အတူ ရှိနေစဉ်တုန်းကထိုကိစ္စအတွက် ဟွားရှောင်ဟွား နှင့် ယင်တပိုင် တို့တွင် တာဝန်ရှိသည်။ သူတစ်ယောက်တည်းနေစဉ်က သူ့ကိုယ်သူ လိုက်ရှာခဲ့သော်လည်း မော့လောင်တကို သူနှင့်မတွေ့ခင်အထိ သိပ်မကြာလိုက်ပေ။

သူ မော့လောင်တ နဲ့ တွဲပြီးကတည်းက ယင်ရှောင်ရှောင်း ဟာ သူ့သားကောင်ကို ကိုယ်တိုင်မဖမ်းတော့ဘူး....

“….” မော့လောင်တ က ပြောသည်။

"ကိုယ်နဲ့တင် လုံလောက်တယ်..."

ယင်ရှောင်ရှောင်း သဘောတူ ခေါင်းညိတ်လိုက်သည်။