မုန့်ဆိုင်သို့
ပြန်ရောက်သောအခါ ဟွာကျွင်းသည် အရင်ဆုံး အသားများကို အိတ်ထဲမှ ထုတ်ယူပြီး
ဗူးလေးများထဲသို့ ပြောင်းထည့်ကာ နေ့စွဲနှင့် အမျိုးအမည်များကို ရေးသားလိုက်သည်။
အသင့်စား
အစားအသောက်များကိုလည်း အခဲခံသေတ္တာထဲသို့ ထည့်လိုက်၏။
ကိတ်မုန့်များကိုလည်း
သေသေချာချာ စိတ်ထားပြီး အချို့ကို အိတ်ထဲထည့်ကာ အချို့ကို အခဲခံသေတ္တာထဲသို့
ထည့်ပြီး ကျန်အချို့ကိုမူ ရေခဲသေတ္တာထဲသို့ ထည့်ထားလိုက်သည်။
ထိုသို့
သိမ်းဆည်းထားသော ကိတ်မုန့်များကို ဟွာကျွင်းသည် သူမစားချင်သည့်အချိန်တွင်
ထုတ်စားရန် ဖြစ်သည်။ ထိုအရာများကို အချိန်အတန်ကြာ သိမ်းဆည်းထားနိုင်ပြီး
စားချင်သည့်အခါတွင် ထုတ်ပြီး စားနိုင်ပါ၏။
မုန့်များကိုမူ
အခန်းအပူချိန်တွင် ထားနိုင်သဖြင့် ဟွာကျွင်းသည် အလွယ်တကူ ယူနိုင်ရန်
ကောင်တာဘေးတွင် စီထားလိုက်သည်။
ဝယ်လာသော
ကုန်ပစ္စည်းများကို သိမ်းဆည်းပြီးချိန်တွင် ညအချိန်သို့ ရောက်ရှိလာခဲ့သည်။
ဟွာကျွင်းသည်
စီးပွားရေး စတင်ရန်အတွက် ဟင်းအမယ်များကို ပြင်ဆင်တော့သည်။
သူမသည်
အခဲခံသေတ္တာထဲတွင် ရှာဖွေကြည့်ပြီး နောက်ဆုံးတွင် ငါးချဉ်စပ်ဟင်းချက်ရန်
ရွေးချယ်လိုက်သည်။
“
ငါးချဉ်စပ်ဟင်းပဲ ချက်လိုက်တော့မယ်”
ဟွာကျွင်းသည်
လမ်းဘေးရှိ အသီးရွက်ဆိုင်သို့ သွားကာ အပ်မှိုနှင့် မျှစ်များကို ဝယ်ယူခဲ့သည်။
ငါးအသားလွှာများ
မလောက်မည်ကို စိုးရိမ်သဖြင့် ငါးတန်းသို့ သွားကာ ငါးကြီး နှစ်ကောင်ကို ဝယ်ယူပြီး
ဆိုင်ရှင်ကို အသားလွှာပေးခိုင်းလိုက်သည်။
စားဖိုမှူးအသစ်လေး
ဟွာကျွင်းသည် ငါးချဉ်စပ်ဟင်းဘူးကို ဖွင့်လိုက်ပြီး ညွှန်ကြားချက်များကို
သေသေချာချာ ဖတ်ရှုကာ တစ်ဆင့်ချင်းစီအတိုင်း လိုက်နာချက်ပြုတ်လေသည်။
သူမသည်
အရင်ဆုံး ငါးအသားလွှာများကို သန့်စင်အောင် ဆေးကြောပြီး ရေစစ်ထားလိုက်သည်။
ထို့နောက်
ဟင်းရည်အနှစ်ကို အိုးထဲထည့်ကာ ဆူအောင် တည်လိုက်ပြီး မုန်လာချဉ်နှင့် အခြား
ဟင်းရံများကို ထည့်ကာ ခဏမျှ တည်ထားလိုက်သည်။
ဆက်လက်၍
သန့်စင်ထားသော ငါးအသားလွှာများကို ဟင်းရည်ထဲသို့ တစ်ခုချင်းစီ သေသေချာချာ
ထည့်လိုက်သည်။
ငါးအသားလွှာများသည်
ပူပြင်းလှသော ဟင်းရည်နှင့် ထိတွေ့လိုက်သည်နှင့် ဖြည်းဖြည်းချင်း လိပ်တက်သွားကာ
နို့နှစ်ရောင်သို့ ပြောင်းလဲသွားပါသည်။
ဟွာကျွင်းသည်
ငါးဟင်းရည်ကို ဟင်းရည်အိုးကြီးထဲသို့ ပြောင်းထည့်လိုက်ပြီး အပေါ်မှ
ငရုတ်သီးခြောက်ဖတ်များ၊ ကြက်သွန်မြိတ်များ၊ ကြက်သွန်ဖြူနုပ်နုပ်စင်းများနှင့်
ငရုတ်ကောင်းစေ့များ ဖြူးလိုက်ကာ နောက်ဆုံးနှင့် အရေးကြီးဆုံးအဆင့်ကို
လုပ်ဆောင်လိုက်သည်။
သူမသည်
ဒယ်အိုးထဲတွင် ဆီကို အခိုးအထွက်သည်အထိ အပူပေးလိုက်ပြီး ငါးချဉ်စပ်ဟင်းပေါ်သို့
တိုက်ရိုက် လောင်းချလိုက်လေသည်။
ပူပြင်းလှသော
ဆီကြောင့် ရှဲကနဲ အသံနှင့်အတူ ပါဝင်ပစ္စည်းများ၏ မွှေးရနံ့မျိုးစုံ ထွက်ပေါ်လာသည်။
ထိုအချိန်တွင်
စုဝမ်သည် ဆိုင်ထဲသို့ လျှောက်ဝင်လာသည်။
သူမသည်
ယခင်အကြိမ်က ဤမုန့်ဆိုင်ကို ဖြတ်သွားရင်း ဆိုင်မှ ခေါက်ဆွဲကို စားခဲ့ရကတည်းက သူမ၏
မိဘများကိုလည်း မြည်းစမ်းကြည့်စေရန် ဝယ်ယူသွားချင်နေခဲ့သည်။
ကံမကောင်းစွာဖြင့်
နေ့ခင်းဘက် လာရောက်ရှာဖွေသောအခါ
တံခါးခေါက်သော်လည်း ဆိုင်တံခါးမှာ ပွင့်မလာခဲ့ပေ။
“ဆိုင်ရှင်အစ်မရေ
ကျွန်မ ဟိုတစ်နေ့ညက စားလိုက်ရတဲ့ ခေါက်ဆွဲမျိုး နောက်တစ်ပွဲ။ နှစ်ပွဲကို
အိမ်ပြန်ယူသွားမယ်”
ဟွာကျွင်းသည်
မီးဖိုချောင်ထဲမှ ခေါင်းပြူကြည့်လိုက်သည်။
ထိုညက
ချမ်းသာသော သခင်မလေးပင် ဖြစ်သည်။
နောက်ထပ်
ဖောက်သည်ဟောင်းတစ်ဦးပဲ။
“ဒီနေ့တော့
ဆိုင်မှာ ခေါက်ဆွဲမရဘူး။ ရှင် ငါးချဉ်စပ်ဟင်းကို စမ်းစားကြည့်မလား။
အရသာရှိတယ်နော်။”
ဟွာကျွင်းသည်
ငါးချဉ်စပ်ဟင်းကို အကြံပြုလိုက်သည်။
“ငါးချဉ်စပ်ဟင်းလား။
ကျွန်မ အဲလိုဟင်းကို တစ်ခါမှ မကြားဖူးဘူး။ အခုရနေတဲ့ အနံ့က ရှင်ပြောတဲ့ ဟင်းရဲ့
အနံ့လား။”
“ဟုတ်တာပေါ့။
အခုမှ အိုးပေါ်က ချတာ။ ရှင်တို့ တစ်ပွဲလောက် စမ်းစားကြည့်မလား။ တစ်ပွဲကို
သုံးယောက်စားလို့ရတယ်” ဟွာကျွင်းက ပြောလိုက်သည်။
စုဝမ်
ပြန်မဖြေခင်မှာပင် သူမနောက်မှ ပါလာသော အမျိုးသားတစ်ဦးက အလျင်အမြန် ဝင်ပြောသည်။ “မဖြစ်နိုင်ဘူး။ ကျွန်တော်တို့လို
အစေခံတွေက ဘယ်လိုလုပ်ပြီး သခင်မလေးနဲ့ တစ်ပန်းကန်ထဲ စားရမှာလဲ။ ကျွန်တော်တို့
ပေါက်စီပဲ စားလိုက်ပါမယ်။”
“တစ်ပွဲက
တော်တော်များတယ်။ ရှင်တို့ သခင်မလေး စားလို့ ကုန်မယ်မထင်ဘူး။ ကျွန်မ
ရှင်တို့နှစ်ယောက်အတွက် သပ်သပ်ခွဲပေးမယ်လေ။”
ကိုယ်ရံတော်နှစ်ယောက်က
တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း စုဝမ်က သူမလက်ကို မြှောက်ကာ တားဆီးလိုက်သည်။
“တော်လိုက်တော့ ရှင်ပြောတဲ့အတိုင်း
လုပ်တာပေါ့။ ဟင်းကို မြန်မြန် လာချပေးတော့။ ပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့
ဟင်းပွဲတွေ ယူလာခဲ့ပေးဦး။”
ဟွာကျွင်းသည်
နောက်ဖေးမီးဖိုချောင်သို့ ပြန်သွားပြီး ဟင်းရည်ပန်းကန်အလွတ်တစ်ခု ယူကာ
ငါးချဉ်စပ်ဟင်းကို နှစ်ပုံ ပုံလိုက်ပြီး ထမင်းသုံးပန်းကန် ခူးလိုက်သည်။
သူမသည်
အူဒုံစက်ထဲမှ အသားလုံး လေးချောင်း ရေညှိနှစ်ချောင်းနှင့် မုန်လာဥဖြူနှစ်ချောင်းကို
ဆယ်ယူကာ နှစ်ပုံ ခွဲလိုက်ပြီး ဟင်းရည်များ လောင်းထည့်ကာ သူတို့ထံသို့
ယူဆောင်လာခဲ့သည်။
“ကိုယ်နွေးသွားအောင်
ဟင်းရည်လေး သောက်လိုက်ကြဦး”
“ရှင့်ဟင်းရည်က
ထူးဆန်းလိုက်တာ။ ဝါးတုတ်လေးတွေတောင် ပါသေးတယ်”
စုဝမ် ပြောလိုက်သည်။
စုဝမ်သည်
ပန်းကန်ကို မယူကာ အနည်းငယ် မြည်းစမ်းကြည့်လိုက်သည်။
“အနံ့က
မွှေးတာပဲ။ မြင်ရတာတော့ အရောင်ဖျော့ပေမဲ့ အရသာတော့ ရှိတယ်”
သူမသည်
တူကို ယူလိုက်ပြီး ငါးအသားလွှာတစ်တုံးကို ညှပ်ယူလိုက်သည်။
“ငါးအသားလွှာတွေက
နည်းနည်းတော့ ထူနေသလိုပဲ။ ပုစဉ်းရင်ကွဲ အတောင်ပံလို ပါးလွှာနေမှ အကောင်းဆုံးလို့
သတ်မှတ်ကြတာလေ”
ဟွာကျွင်းသည်
စိတ်မသက်မသာ ပြုံးပြလိုက်သည်။
သူမသည်
အသားကို ပို၍ ပါးအောင် လှီးချင်သော်လည်း ယခုခေတ်တွင် ထိုကဲ့သို့
ဓားစွမ်းရည်ရှိသူမှာ များများစားစား မရှိပေ။
သူမသည်
မျှော်လင့်တကြီးဖြင့် စုဝမ်ကို ကြည့်နေမိ၏။ ထိုစဉ် စုဝမ်သည် ငါးအသားလွှာကို
ညင်သာစွာဖြင့် ပါးစပ်ထဲသို့ ထည့်လိုက်သည်ကို တွေ့လိုက်ရ၏။
တစ်ကိုက်မျှ
ဝါးပြီးသည်နှင့် သူမသည် ပြင်းပြင်းထန်ထန် ချောင်းဆိုးတော့သည်။
“အဟွတ်အဟွတ်ဟွတ်
အရမ်းစပ်တယ်” သူမက ပြောလိုက်သည်။
ငါးချဉ်စပ်ဟင်းချက်စဉ်က
ဟွာကျွင်းသည် ငရုတ်ကောင်းနှင့် ငရုတ်သီးခြောက်များကို အများကြီး ထည့်ခဲ့သော်လည်း
သူတို့ အစပ်စားနိုင်၊ မစားနိုင်ကို မေးရန် မေ့သွားခဲ့သည်။
“အားနာလိုက်တာ။
ကျွန်မ ရှင့်ကို စပ်တယ်ဆိုတဲ့အကြောင်း သတိပေးဖို့ မေ့သွားတယ်။”
“ရှင့်အတွက်
နောက်တစ်ပွဲ ပြင်ပေးရမလား။”
“အဟွတ်အဟွတ်
မလိုဘူး ရတယ်” စုဝမ်က သူမကို တားလိုက်သည်။
သူမသည်
မိနစ်ဝက်ခန့် ချောင်းဆိုးနေပြီး ချောင်းဆိုးလွန်းသဖြင့် မျက်နှာလေးမှာ နီရဲနေကာ
နောက်ဆုံးမှ ပြန်လည် သက်သာလာသည်။
“ဒီလောက်စပ်မယ်
မထင်လိုက်လို့ အဆင်ပြေပါတယ်။ ကျွန်မ စားနိုင်တယ်”
သူမက ဆိုသည်။
ဤဟင်းပွဲမှာ
လေးလေးပင်ပင်ရှိသော်လည်း အိမ်ရှိ ပေါ့ရွှတ်ရွှတ်ဟင်းလျာများထက် များစွာ ပို၍
အရသာရှိလှသည်။
စုဝမ်သည်
ဟင်းတစ်လုတ်၊ ထမင်းတစ်လုတ်ဖြင့် ဖြည်းညင်စွာ ဆက်လက်စားသောက်နေပါသည်။
တစ်ခါတစ်ရံ
သီးနေသေးသော်လည်း သူမသည် တူကို မချဘဲ ဆက်စားနေသည်။
ဟွာကျွင်းသည်
နေ့ဘက်တွင် ဝယ်ထားသော နို့လက်ဖက်ရည်များ ရေခဲသေတ္တာထဲတွင် ရှိနေသည်ကို သတိရသွား၏။
ထိုအရာများသည် အစပ်ပြေရန်အတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သူမ
သကြားညိုနို့လက်ဖက်ရည်တစ်ခွက်ကို ယူကာ စုဝမ်ကို ပေးလိုက်သည်။
“ဒီနို့လက်ဖက်ရည်
သောက်ကြည့်ပါဦး”
“နို့လက်ဖက်ရည်ဆိုတာက”
စုဝမ် မေးလိုက်သည်။
စုဝမ်သည်
ထိုခွက်ကို ယူပြီး လက်နှစ်ဖက်ဖြင့် ကိုင်ကာ စစ်ဆေးလိုက်သည်။
“ခွက်က
ထူးဆန်းလှချည့်လား”
ဟွာကျွင်းသည်
နောက်ထပ် ဘရူလီ နို့လက်ဖက်ရည်တစ်ခွက်ကို ယူကာ ပိုက်အိတ်ကို ဖောက်ပြီး ဖောက်ကနဲ
အသံနှင့်အတူ ပိုက်ကို ထိုးထည့်လိုက်ကာ ခေါင်းငုံ့၍ သောက်ပြလိုက်သည်။
စုဝမ်သည်
ထိုသရုပ်ပြမှုကို ကြည့်ပြီး ပိုက်ကို ခွက်ထဲသို့ ထိုးထည့်ကာ အနည်းငယ်
မြည်းစမ်းကြည့်လိုက်သည်။
သူမ
မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။
“ဘာလဲ
ဒီဥစ္စာက၊ နို့နံ့မွှေးမွှေးလေးနဲ့ ချိုချိုလေး အမြှုပ်လေးတွေရော အရသာရှိလိုက်တာ”
မိန်းကလေးများက
နို့လက်ဖက်ရည်ကို မလွန်ဆန်နိုင်သည်မှာ အမှန်ပင်။
“ဒီသောက်စရာကို
နို့လက်ဖက်ရည်လို့ ခေါ်တယ်လေ။ နို့ရယ် လက်ဖက်ရည်ရယ် ရောထားတာ။ သကြားနည်းနည်းလည်း
ပါတယ်။ အစပ်ပြေ သောက်လို့ရတာပေါ့” ဟွာကျွင်းက ရှင်းပြလိုက်သည်။
စုဝမ်သည်
ဘာဘယ်တီးလုံးအချို့ကို စုပ်ယူလိုက်သည်။
သူမသည်
ထိုအလုံးများကို ဝါးကြည့်လိုက်သည့်အခါ မျက်လုံးများမှာ လခြမ်းကွေးပုံစံလေး
ဖြစ်သွားတော့သည်။
“ဟွမ်း။
အရသာရှိလိုက်တာ။ လုံးဝကို မစပ်တော့ဘူး။”
ဝအောင်
စားပြီးနောက် စုဝမ်သည် သူမ၏ ဂုဏ်သရေရှိ သခင်မလေးဆိုသည့် ပုံစံကို မေ့သွားကာ
နို့လက်ဖက်ရည်ခွက်ကို ကိုင်ရင်း အောက်ခြေမှ ဘာဘယ်တီးလုံးလေးများကို
စုပ်ယူနေတော့သည်။
ဤအချိန်တွင်
သူမသည် သာမန်မိန်းကလေးတစ်ဦးသာ ဖြစ်သည်။ ထို့အပြင် အသက် တစ်ဆယ့်ငါး၊
တစ်ဆယ့်ခြောက်နှစ်ခန့်သာ ရှိသေးပြီး လူကြီးယောင်ဆောင်နေသော ကလေးတစ်ဦးသာဖြစ်သည်။
သူမ၏
ကိုယ်ရံတော်နှစ်ယောက်မှာလည်း အားရပါးရ စားသောက်ပြီးနောက် ဝမ်လိုကတ်ကို
အေးအေးဆေးဆေး သောက်နေကြသည်။
“ဒီလက်ဖက်ရည်က
ဆေးတော့ မဟုတ်ပေမဲ့ ဆေးလိုပါပဲ။ အရသာက ချိုချိုလေး။ တကယ်ကောင်းတယ်”
ကိုယ်ရံတော်တစ် က တီးတိုး ပြောလိုက်သည်။
ကိုယ်ရံတော်နှစ်က
ပြန်ဖြေသည်။ “တကယ်ပဲ
ဆေးဖြစ်နိုင်တယ်ဟ။ သောက်ပြီးတော့ တစ်ကိုယ်လုံး နေလို့ကောင်းသွားရော”
စုဝမ်က
ခွက်အလွတ်ကို ချကာ ဟွာကျွင်းကို အလေးအနက် ပြောလိုက်သည်။ “ဆိုင်ရှင်အစ်မ။ ကျွန်မ မျိုးရိုးက
စု၊ နာမည်က ဝမ်ပါ။”
“ကျွန်မ
ရှင့်ကို ဘယ်လို ခေါ်ရမလဲ” သူမက မေးသည်။
“ကျွန်မ
နာမည်က ဟွာကျွင်းပါ” သူမ ပြန်ဖြေလိုက်သည်။
“ဟွာကျွင်း။
ရှင်လုပ်တဲ့ ဟင်းတွေက အရမ်းကောင်းတာပဲ။ ကျွန်မ ဒီလောက် စားကောင်းတာမျိုး
မစားဖူးဘူး။ နောက်တစ်ခါ ထပ်လာဦးမယ်”
သူမ၏
မျက်လုံးများမှာ တောက်ပနေပြီး ဟွာကျွင်းကို စိုက်ကြည့်နေသည့်အမူအရာမှာ အလွန်ပင်
တည်ကြည် လေးနက်နေသည်။
အစပ်များ
စားထားသဖြင့် သူမ၏ မျက်နှာပေါ်မှ နီမြန်းမှုမှာ လုံးဝ ပျောက်ကွယ်မသွားသေးပေ။
ထိုအရာကို
မြင်လိုက်ရသူ မည်သူမဆို သူမကို ချစ်ခင်သွားကြမည် ဖြစ်သည်။
“ကောင်းပါပြီရှင်။
အမြဲကြိုဆိုလျက်ပါနော်။ ကျွန်မ မုန့်ဆိုင်က မုန့်တွေက တစ်နေ့နဲ့တစ်နေ့တော့ မတူဘူး”
ဟွာကျွင်းက ပြောလိုက်သည်။
“ကျေးဇူးပါ
ဟွာကျွင်း”
စုဝမ်သည်
နှုတ်ဆက်လိုက်ပြီး သူမ၏ ကိုယ်ရံတော်ကို ကြည့်လိုက်သည်။
ကိုယ်ရံတော်က
နားလည်သွားပြီး သူ့ရင်ထဲမှ ငွေတုံးတစ်တုံး ထုတ်ယူကာ စားပွဲပေါ် တင်လိုက်သည်။
“အစ်မ
ဒါကို လက်ခံပေးပါ။ အချိန်နှောင်းနေပြီမို့ ကျွန်မတို့ သွားရတော့မယ်။”
ငွေတုံးတစ်တုံးပဲ။
ဟွာကျွင်းသည်
ပြုံးပျော်သွားတော့သည်။
ပြီးခဲ့သောအကြိမ်က
ငွေစများနှင့် မတူသည်မှာ ဤအရာမှာ ငွေတုံးပုံစံ ဖြစ်ပြီး အစိုးရတံဆိပ်များပင်
ခတ်နှိပ်ထားသည်။
ဟွာကျွင်းသည်
ငွေတုံးကို ကောင်တာအံဆွဲထဲတွင် သေသေချာချာ ထည့်ထားလိုက်သည်။
သူမသည်
အချိန်ကို ကြည့်လိုက်ရာ (၁၀)နာရီ နီးပါး ရှိနေပြီ ဖြစ်သည်။
ဖောက်သည်
ထပ်လာရန် မရှိတော့သလို သူမလည်း မစားရသေးပေ။
သို့ဖြစ်၍
ဆိုင်ပိတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဆုချသည့်အနေဖြင့် အရသာရှိသော အရာတစ်ခုခု
ချက်စားရန် ဆုံးဖြတ်လိုက်သည်။
စုဝမ်တို့အဖွဲ့
ငါးချဉ်စပ်ဟင်းကို စားနေသည်ကို ကြည့်ပြီး သူမ အလွန် ဗိုက်ဆာနေခဲ့ပါသည်။
ဘူးတစ်ဘူး
ကျန်သေးသဖြင့် သူမ ကျင်လည်စွာ ချက်ပြုတ်လိုက်သည်။ ပထမတစ်ခေါက်ချက်ဖူး၍
အတွေ့အကြုံရှိနေသည်ပင်။
သူမသည်
တစ်ပွဲစာကို အမြန်ပြင်ဆင်လိုက်ပြီး စားပွဲရှိရာသို့ ယူဆောင်လာသည်။
တီဗီစီးရီးတစ်ခုကို
ရှာဖွေပြီးနောက် ဟွာကျွင်းသည် သူမ၏ ညစာကို စတင်စားသုံးတော့သည်။
သို့သော်
တူကို မကိုင်ရသေးခင်မှာပင် တံခါးခေါက်သံ ကြားလိုက်ရပြီး အော်ခေါ်သံကို
ကြားလိုက်သည်။ “ဆိုင်ရှင်
တံခါးဖွင့်ပါဦး စားစရာ ရှိသေးလား”