Ch 44
Viewers 1k

အခန်း (၄၄) (က)


မနက်ငါးနာရီ၌ တာဝန် ပေါ်လာလေ၏။ “Host ကျေးဇူးပြုပြီး ၄၈နာရီအတွင်း စိုက်ပျိုးထားတဲ့ သစ်သီးဆယ်မျိုးကို လူတစ်ယောက်တည်းကို စားခိုင်းပါ “


ချင်ယွဲ့ကျီမထွက်သွားခင်က ရှန်းထင်ရွှမ်းသည် သူ့ကို သစ်သီးအချို့ပေးခဲ့၏။ သူသာ ၎င်းတို့ကို စားမကုန်သေးလျှင် ၎င်းကို အချိန်ကြာမြင့်စွာ စောင့်နိုင်မှာ မဟုတ်ပေ။ ရှန်းထင်ရွှမ်းသည် ထိုတာဝန်ကို ချင်ယွဲ့ကျီကို ပုံအပ်ဖို့ မရည်ရွယ်ထားပေ။ သူမက ဤတာဝန်ကို ပြီးမြောက်စေရန်အတွက် ကူညီပေးဖို့ တစ်စုံတစ်ယောက်အား ရှာရမည်မှန်း သိနေလေ၏။ ပုံမှန်အတိုင်းပင် စူပါမောအတွက် သစ်သီးများ ပို့ဆောင်ပေးပြီးနောက် သူမသည် တောင်ခြေ၌ သစ်သီးအချို့ထားလိုက်၏။


လုမင်ဟွေ့က စိတ်ဓာတ်ကျနေသည်။ မနေ့တုန်းက သစ်သီးများစွာ ရရှိခဲ့၏။ သို့သော် ယနေ့တွင်မူ လေးမျိုးသာ ရခဲ့သည်။ ယင်းတို့က နည်းလွန်းနေ၏။


လုမင်ဟွေ့ထွက်သွားပြီးနောက် ရှန်းထင်ရွှမ်းသည် ထူးဆန်းသော လူငယ်တစ်ဦး ရောက်လာတာကို တွေ့လိုက်ရ၏။ သူ၏မျက်နှာကို ရင်းနှီးနေသည်။ ကျိကျိက ရှန်းထင်ရွှမ်းဘေး ပျံသန်းလာ၏။ “အားရွှမ်း ဒီလူက ဒီရက်ထဲ အကြိမ်ပေါင်းများစွာ လာနေတာ “


သူမရှေ့ရှိလူက မေးလာသည်။ “မင်းက ရှန်းထင်ရွှမ်းလား “


ရှန်းထင်ရွှမ်းက ခေါင်းညိတ်လိုက်၏။ “ရှင်က “


“ကျုပ်က ဖေးလွေ့ ” သူသည် ရှန်းထင်ရွှမ်း သူ့ကို မမှတ်မိမှာကို စိုးရိမ်၏။ ထို့ကြောင့် နောက်တစ်ခွန်းထပ်ပြောလိုက်၏။ “မင်း ကျွန်တော့်အဘိုးရဲ့ အသက်ကို ကယ်ခဲ့တယ်လေ “


ရှန်းထင်ရွှမ်းက သူ့ကို ရင်းနှီးနေသည်ဟု တွေးမိတာ အံ့ဩစရာမရှိတော့ပေ။ သူက အဘိုးကြီး၏ မြေးဖြစ်ပြီး ဖေးဝမ်ရှု၏ မြေးပဲဖြစ်သည်။ “မင်္ဂလာပါ ကျွန်မကို ရှာနေတာလား “


ဖေးလွေ့သည် လွန်ခဲ့သည့် ရက်အနည်းငယ်ထဲက ရှန်းထင်ရွှမ်းကို ရှာချင်နေခဲ့တာဟု ဆိုသည်။ သို့သော် သူလာချိန်၌ သူမ၏နေရာတွင် ရှိမနေပေ။ သူက နေ့စဉ်နေ့တိုင်း သစ်သီးများစွာ ဝယ်သွား၏။ စူပေါမောကနေ ဖေးဝမ်ရှု အိမ်ကို သယ်လာသည်ထက် သစ်သီးများကို ဤနေရာကနေ ပိုဝယ်သွားလေ့ရှိသည်။


“ဘာမှတော့မဟုတ်ပါဘူး “ အိမ်တွင် သစ်သီးများမလုံလောက်သောကြောင့် သစ်သီးဝယ်ရန်အတွက် နေ့စဉ်နေ့တိုင်း ဤနေရာသို့ ရောက်လာသည်ဖြစ်ကြောင်းကို‌တော့ မပြောနိုင်ပေ။ သူက ရှန်းထင်ရွှမ်း မည်သို့မည်ပုံဆိုတာ မြင်ချင်သောကြောင့် ရောက်လာသည်ဟုဆိုတာ ဝေလာဝေးပေ။


အစက ဖေးလွေ့သည် ရှန်းထင်ရွှမ်းက သာမန်မိန်းကလေးတစ်ယောက်ဟုသာ ခံစားခဲ့မိ၏။ သူမသည် သူ့အဘိုးကိုတောင် ကယ်ခဲ့သည်။ ရှန်းမိသားစုအကြောင်း သိရှိပြီးနောက် ဖေးလွေ့က ရှန်းထင်ရွှမ်းကို ပိုစိတ်ဝင်စားလာသည်။ နောက်ပိုင်းတွင် ရှန်းထင်ရွှမ်းထံမှ သစ်သီးများကို စားသုံးပြီးနောက် ဖေးလွေ့က ရှန်းထင်ရွှမ်းကို တွေ့ချင်လာတော့သည်။


လွန်ခဲ့သည့် ရက်အနည်းငယ်က ဝမ်ချန့်သည် ရှန်းထင်ရွှမ်းကို စွပ်စွဲပြောခဲ့၏။ ယင်းက အင်တာနက်ပေါ်တွင် ပျံ့နေပြီဖြစ်သည်။ ထိုစဉ်က သူသည် ထိုရေတပ်များကို ကြိမ်းမောင်းရန်အတွက် သူက ကြွေးကြော်ပြောဆိုရန်တောင် ဖွင့်လှစ်ခဲ့၏။


ရှန်းထင်ရွှမ်းသည် တာဝန်ပြီးမြောက်ရန် ကူညီပေးမည့် တစ်စုံတစ်ယောက်ကို ရှာတွေ့လိုက်တာပဲ ဖြစ်၏။ ရှန်းထင်ရွှမ်းက ဖေးလွေ့ကို မေးလိုက်သည်။


“ကျွန်မလုပ်ထားတဲ့ ပစ္စည်းတစ်ချို့ကို မြည်းစမ်းဖို့ ကူညီပေးဖို့ အချိန်ရှိမလား “


ရှန်းထင်ရွှမ်း တောင်းဆိုတာကို ကြားသောအခါ ဖေးလွေ့၏ မျက်နှာက အတော်လေး ဝေခွဲမရဖြစ်သွား၏။ သူသည် ချောမောခန့်ညားပြီး ကောင်းမွန်သည့် မိသားစုနောက်ခံမှ ဆင်းသက်လာ၏။ ပုံမှန်ဆို မိန်းကလေးများက စကားစပြောနေကြဖြစ်သည်။ အများစုက ဤအတိုင်းပင် သူ့ကို လက်ဆောင်တောင် တိုက်ရိုက်ပေးချင်ကြ၏။ ယခုကဲ့သို့ ဖြစ်လာချိန်၌ သူတို့က ရှန်းထင်ရွှမ်းကဲ့သို့ ကြည်လင်သည့် မျက်ဝန်းများရှိနေခြင်းနှင့် မတူရုံသာရှိသည်။


ဖေးလွေ့က လက်ခံလိုက်၏။ “ရတယ်လေ “


“လာ ကားထဲဝင် “ ရှန်းထင်ရွှမ်းက ဖေးလွေ့ကို သူမ၏ ကုန်တင်ကားလေးပေါ် တက်စီးခိုင်းလိုက်၏။ ဖေးလွေ့က သူ့ရှေ့ရှိကုန်တင်ကားလေးကို ကြည့်လိုက်သည်။ ယာဉ်မောင်းထိုင်ခုံက အလွန်ရှင်းလင်းနေသော်ငြား သစ်သီးများ ရွှေ့ပြောင်းထားသောကြောင့် ဖုန်တော်တော်များများ ရှိနေသေးသည်။


ဖေးလွေ့က အနည်းငယ် နှုတ်ခမ်းမဲ့ကျသွားပြီးနောက် ယဉ်ကျေးသမှုဖြင့် မေးလိုက်တော့၏။


“ကျွန်တော့်ကားကို မောင်းလာလို့ ရမလား “


“ရတာပေါ့ “ ရှန်းထင်ရွှမ်းက ပြော၏။ “ဒါဆို ကျွန်မနောက်လိုက်ခဲ့၊ ကျွန်မ လမ်းပြပေးမယ် “


“ကောင်းပြီလေ၊ ဖေးလွေ့က ရှန်းထင်ရွှမ်းနောက်လိုက်ပြီး ကားမောင်းသွားလေ၏။ သူတို့က ခြံဝန်းရှေ့သို့ ရောက်ချိန်၌ ဖေးလွေ့သည် ရှန်းထင်ရွှမ်းက ဤနေရာ၌ X ကားတစ်စင်း ဤနေရာ၌ အမှန်တကယ် ရှိနေကြောင်း ရှာတွေ့လိုက်၏။


ရှန်းထင်ရွှမ်းက ကုန်တင်ကားလေးပေါ်ကနေ ဆင်းလိုက်သည်။


“တခြားစားစရာတွေလုပ်ဖို့အတွက် လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ဒီသစ်သီးတွေကို လုပ်ခဲ့တာလေ၊ ကျေးဇူးပြုပြီး မြည်းကြည့်ပါဦး “


ဖေးလွေ့က ခြံဝန်းကို ကြည့်ပြီးနောက် ပြောလိုက်၏။


“အမ်း ကောင်းသားပဲ “


ရှန်းထင်ရွှမ်းသည် ဖေးလွေ့ကို ထမင်းစားခန်းဆီခေါ်လာပြီးနောက် ပြောလိုက်သည်။ “ဒီမှာ ကျွန်မကို စောင့်နေလို့ရတယ် “


ဖေးလွေ့သည် ထိုင်ရန်အတွက် ခုံတစ်လုံးရှာလိုက်တော့သည်။ ခြံဝန်းက အနည်းငယ် စုတ်သော်ငြား အထဲသို့ ဝင်လိုက်ချိန်၌ အလွန်ခေတ်မီတာကို တွေ့ရပေလိမ့်မည်။


စားပွဲသည် အလွန်ကောင်းမွန်သော အနီရောင်စန္ဒကူးသားဖြင့် ပြုလုပ်ထားတာပဲ ဖြစ်သည်။ အောက်ရှိကြမ်းခင်းကလည်း လူတစ်ယောက်ကို အလွန်သက်သောင့်သက်သာ ရှိစေသည့် ခံစားချက်မျိုး ပေးစွမ်းသည်။


ရှန်းထင်ရွှမ်းသည် ဖရဲခွံသကြားလုံး၊ ကီဝီယို စသည်တို့ကို အမြန်ထုတ်လိုက်ပြီး တစ်ခုပြီးတစ်ခု စီလိုက်၏။ ပြီးနောက် လတ်လတ်ဆတ်ဆတ် သစ်သီးအချို့လည်း ခူးလိုက်တော့သည်။


“ဒါကို မြည်းကြည့် “ ရှန်းထင်ရွှမ်းသည် ဖရဲခွံသကြားလုံးဘူးကို ဖွင့်လိုက်တော့သည်။ ဖေးလွေ့က တစ်ခုယူစားလိုက်၏။


ထိုစဉ်က ရှန်းထင်ရွှမ်းသည် သစ်သီးများများစားစားမပေးနိုင်စဉ်က ဖေးဝမ်ရှုသည် ဖရဲသီးတစ်လုံးသာ ရခဲ့၏။ ဖေးအိမ်တော်၌ မိသားစုဝင် များပြားလွန်းသောကြောင့် ဖေးလွေ့သည် သစ်သီးက စားသုံးရန်မလုံလောက်ဟု တစ်ခါတစ်ရံ ခံစားမိသည်။ ထို့သို့သော အချိန်မျိုး၌ သူတို့က ဖရဲသီး၏အဖြူခွံကိုလည်း စားကြ၏။ ယင်းက ဖရဲသီးအသားလောက် မချိုသည့်တိုင် အရည်ရွှမ်းပေသည်။


သူသည် ဖရဲခွံသကြားလုံးကို စားသုံးပြီးနောက် ခံစားချက်အသစ်ဖြစ်ကြောင်း ရှာတွေ့လိုက်သည်။


ဖရဲသီးကို သကြားလွှာဖြူးထားပြီး တစ်ကိုက်ကိုက်လိုက်ချိန်၌ လတ်ဆတ်သောဖရဲသီး၏ ကြွပ်ကြွပ်ဆတ်ဆတ် အရသာမျိုး မခံစားရပေ။ ထိုအစား ဂျယ်လီကို စားနေရသကဲ့သို့ ခံစားရသည်။ သို့သော် ဂျယ်လီထက်ပိုပြီး မွှေးပျံ့သော အရသာရှိသည်။


“အရသာရှိလိုက်တာ “ ဖေးလွေ့သည် နောက်တစ်ခု ထပ်စားချင်၏။ သို့သော် ရှန်းထင်ရွှမ်းသည် ဖရဲသီးအခွံဘူးကို ပြန်သိမ်းလိုက်သည်ကို တွေ့လိုက်ရ၏။ “ဒီသစ်သီးစည်သွပ်ဘူးကို မြည်းကြည့်ကြည့် “ ထိုစဉ်က တရုတ်ဆီးသီးများနှင့် မက်မွန်သီးများစွာ ကျန်နေသောကြောင့် စည်သွပ်ဘူးအမျိုးအစားပြုလုပ်ခဲ့သည်။ သို့သော် ရှန်းထင်ရွှမ်းက ဖေးလွေ့ ၎င်းကို မစားနိုင်မည်ကို စိုးရိမ်၏။ ထို့ကြောင့် သူက ပန်းကန်လုံးလေးတစ်လုံးထုတ်ပြီးနောက် တစ်ခုကို တစ်ပန်းကန်စီ ထည့်လိုက်သည်။


ဖေးလွေ့က ဇွန်းတစ်ချောင်းယူပြီး တစ်ကိုက်ကိုက်လိုက်သည်။ သူသည် လတ်ဆတ်သော မက်မွန်သီးကို နှစ်ခြိုက်ပြီး ဤစည်သွပ်ဘူးကို အေးနေချိန်၌ စားမိလိုက်သောအခါ အအေးဓာတ်က ချက်ချင်း ကုသပေးလိုက်သလို ခံစားလိုက်ရ၏။ “သိပ်အရသာရှိတာဘဲ “


ရှန်းထင်ရွှမ်းသည် သစ်သီးစည်သွပ်ဘူးနှစ်ဘူးကို ဘေးသို့ ထားလိုက်ပြီး ယိုနှစ်ဘူးကို ထုတ်လိုက်လေ၏။ တရုတ်ဘယ်ရီယိုနှင့် ကီဝီယိုဖြစ်သည်။ ၎င်းတို့ချည်း စားသုံးရန်က ချိုလွန်းနေသည်။ ထို့ကြောင့် ရှန်းထင်ရွှမ်းသည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ဝယ်လာသည့် ဆိုဒါဘီစကစ်ကိုလည်း သယ်လာ၏။ သူမ၏ ယိုနည်းနည်းစီကို ဘီစကစ်ပေါ် သုတ်ပြီးနောက် ဖေးလွေ့အားပေးလိုက်သည်။


“မြည်းကြည့်လေ၊ ဘီစကစ်တစ်ခု တစ်ခုက ကီဝီယို၊ တစ်ခုက တရုတ်ပြည်ဘယ်ရီယို “


ဖေးလွေ့သည် ထိုဘီစကစ်ကို စစားချိန်၌ များပြားလွန်းသည်ဟု ခံစားမိသော်ငြား တစ်ကိုက်ကိုက်လိုက်ရာ ဖေးလွေ့က ခေါင်းညိတ်ပြီးရင်း ညိတ်နေမိတော့သည်။ ထိုဘီစကစ်သည် စျေးတွင် ရောင်းသည့် ဆန်းဝှစ်ဘီစကစ်ထက်ပိုကောင်းသည်ဟု ခံစားမိသည်။


ရှန်းထင်ရွှမ်းသည် ကျန်သည့် လတ်လတ်ဆတ်ဆတ် သစ်သီးများကိုလည်း ခူးယူလာခဲ့၏။ စပျစ်သီးများ၊ တတိုင်းမွှေးဘယ်ရီများ ရှိ၏။ သူမသည် ၎င်းတို့ကို ပန်းကန်ပြားတစ်ချပ်ထဲ ထားထားလိုက်၏။ ဖေးလွေ့က စားသောက်ရတာ အလွန်ပျော်ရွှင်နေသည်။ ရှန်းထင်ရွှမ်းသည် အရသာကို အကဲဖြတ်ရန် သူ့ကို လိုအပ်ရဲ့လားဟု တွေးနေမိသည်။ သူက စပျစ်သီးကို ကိုက်ပြီးနောက် ပြောလိုက်တော့သည်။


“ယိုတွေနဲ့ စည်သွပ်ဘူးတွေက အရသာရှိတယ်၊ စပျစ်သီးကလည်း သိပ်အရသာရှိတယ် “


“ကျေးဇူးပါ “ ထိုသစ်သီးများက သာမန်မဟုတ်။ ထို့ကြောင့် သူတို့ အရသာရှိသည်။


ထို့ကြောင့် ဖေးလွေ့သည် တတိုင်းမွှေးဘယ်ရီတစ်ခိုင်ကို စားသုံံးပြီးနောက် ရှန်းထင်ရွှမ်းသည် စူပါမော၏ စင်မြင့်၌ သစ်သီးများကို ပိုထားချင်နေသည်ဟု ခန့်မှန်းမိလိုက်သည်။ “သစ်သီးစည်သွပ်ဘူးတွေနဲ့ ယိုတွေကို စူပါမောရဲ့ ဆိုင်တန်းထဲမှာ ထားမယ်ဆိုရင် သေချာပေါက်ရောင်းကောင်းမှာပဲ “


ရှန်းထင်ရွှမ်းက ခေါင်းခါပြီးနောက် ငြင်းလိုက်သည်။ ရောင်းချရန်အတွက် သစ်သီးများကြီးပြင်းအောင် စိုက်ပျိုးရသည်ကပင် အလွန်ခက်ခဲနေပြီဖြစ်၏။ ထို့ကြောင့် သူမသည် ဤပစ္စည်းများ ပြုလုပ်ပြီးမရောင်းချင်ပေ။


ဖေးလွေ့က တောင့်တင်းသွားပေ၏။ “ဒါတွေကို မရောင်းဘူးလား “


“မရောင်းပါဘူး “


ဖေးလွေ့က နားမလည်နိုင်ပေ။ ထိုသို့ဆိုလျှင် ရှန်းထင်ရွှမ်းက ၎င်းတို့ကို စားသုံးရန် သူ့ကို အဘယ်ကြောင့် ဖိတ်ကြားသနည်း။ သူမက ထိုပစ္စည်းများကို စူပါမောတွင် မတင်ချင်ဘဲ ရှန်းထင်ရွှမ်းသည် သူ့ကို ကြိုက်နှစ်သက်နေသောကြောင့်ပေလော။


မကြာမီ၌ ထိုအတွေးက မှန်လောက်သည်ဟု ဖေးလွေ့ ခံစားမိလိုက်သည်။ မဟုတ်လျှင် ရှန်းထင်ရွှမ်းသည် ထိုအရာများကို မြည်းစမ်းရန်အတွက် ကျန်သည့်သူများကို အဘယ်ကြောင့် မဖိတ်ရသနည်း။


ဖေးလွေ့သည် ပါးစပ်ထဲ၌ သစ်သီးစားနေသေး၏။ သို့သော်ငြား ရင်ထဲတွင်မူ သူ၏စိတ်နှလုံးက အကြိမ်ပေါင်းများစွာ ပြောင်းလဲနေပြီ ဖြစ်သည်။ ရှန်းထင်ရွှမ်းသည် သူမမိသားစုက မောင်းထုတ်ထားသည့် မိန်းကလေးတစ်ဦးဖြစ်သော်ငြား သူမက ကြည့်ကောင်းပြီး သူမ စိုက်ပျိုးသည့် သစ်သီးများက အလွန်အရသာရှိပေသည်။ သူ့မိသားစုဝင်တိုင်းက သူမကို နှစ်သက်၏။ သူသာ သူမကို လက်ထပ်ခဲ့လျှင် ကောင်းမည့်ပုံပေါ်သည်။


ရှန်းထင်ရွှမ်းက ဖေးလွေ့ တွေဝေနေပုံရတာကို မြင်သောအခါ သူ့ကို အနှောင့်အယှက်မပေးတော့ပေ။ သူမက သည်းခံနိုင်စွမ်းရှိသည့်သူတစ်ယောက် ဖြစ်သည်။ “ရှင် အရင်ဆုံးနေလိုက်ဦး၊ ကျွန်မ လယ်သွားစိုက်လိုက်ဦးမယ် “


အစောတုန်းက စနစ်သည် သူမတာဝန်ပြီးမြောက်ကြောင်း အကြောင်းကြားခဲ့၏။


ဖေးလွေ့က မတုံ့ပြန်နိုင်‌သေးခင် ရှန်းထင်ရွှမ်း ထွက်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။ သူက သူမ ခြံဝန်းထဲက ထွက်သွားသည့် အချိန်ထိ ကြည့်နေမိသည်။ ပြီးတော့မှ ရှန်းထင်ရွှမ်းကို မမြင်ရတော့မှန်း တွေ့လိုက်ရ၏။ ယင်းက ကြိုက်နှစ်သက်နေသည့် လူတစ်ယောက်ကို ဆက်ဆံသည့်ပုံနှင့်မတူပေ။


ရှန်းထင်ရွှမ်းက ဖေးလွေ့ကို လျစ်လျူရှုထားပြီး သခွားမွှေးသီးဆယ်လုံးကို ဦးစွာ ခူးယူလိုက်၏။ ပြီးနောက် လောင်တုကို ဖုန်းခေါ်လိုက်သည်။ မနေ့တုန်းက မဲပေါက်သူများအတွက် သခွားမွှေးသီးကို ပေးပို့ရန် လိုအပ်သည်။


ဖုန်းထဲတွင် လောင်တုက ချက်ချင်းလာခဲ့မည်ဖြစ်ကြောင်း ပြောခဲ့၏။ ရှန်းထင်ရွှမ်းက တောင်အောက်ဆင်းသွားသောအခါ ရှောင်ဖုန်း အိမ်ထဲကနေ လောင်တုလမ်းလျှောက်လာသည်ကို တွေ့လိုက်ရ၏။ ပြီးတော့မှ ရှောင်ဖုန်းသည် ပစ္စည်းပို့ဌာနတစ်ခုတည်ဆောက်ထားပြီး လောင်တုကို ငှားရမ်းထားကြောင်း သိလိုက်ရ၏။


လောင်တုသည် ရွာမှ မဟုတ်ပေ။ သို့သော် သူ့အိမ်က အနီးအနားတွင် ရှိ၏။ ထိုစဉ်က ရှောင်ဖုန်းက သူ့ကို အလုပ်လုပ်ရန် ဖိတ်ကြားခဲ့လေရာ သဘောတူခဲ့၏။


ရှန်းထင်ရွှမ်းသည် သခွားမွှေးသီးများကို လောင်တုအားပေးလိုက်၏။ စိုက်ပျိုးနေစဉ် ရှန်းထင်ရွှမ်းက ထိုအကြောင်းကို တွေးလိုက်သည်။ ယခု သူမ၏ ဝိညာဉ်သွေးကြော ၂၄ % ပြန်ကောင်းလာပြီ ဖြစ်သည်။ သူမက တာဝန်တစ်ခုပြီးမြောက်ပြီး သူမဝိညာဉ်သွေးကြော၏ ၁ % ကို ပြန်လည်သိုလှောင်နိုင်လျှင် သူမက စုစုပေါင်း တာဝန် ၇၆ ခုကို ပြုလုပ်ရဦးပေမည်။


ရှန်းထင်ရွှမ်းက မေးလိုက်တော့၏။ “စနစ် တာဝန်တွေအကြောင်း ဘယ်ချိန်ကျမှ ပြောမှာလဲ “ နောက်တစ်ခေါက်ကျ လူဘယ်လောက်များများ သစ်သီးကို စားရလဲဆိုတာမျိုးပေါ့။ သို့မှသာ သူမသည် လိုလိုမယ်မယ် ရတနာဆိုင်ထဲ၌ ပြင်ဆင်ထားနိုင်မှာ ဖြစ်၏။ မဟုတ်လျှင် စူပါမောကို ပစ္စည်းများ ပိုပို့နိုင်သည်။


စနစ်က လျင်မြန်စွာ အကြောင်းပြန်လိုက်၏။ “Host က တာဝန် ၃၀ ပြီးမြောက်သွားတဲ့အချိန်ပါ “


ရှန်းထင်ရွှမ်းက သာမန်ကာလျှံကာ မေးလိုက်ရုံသာ ဖြစ်၏။ စနစ်က ပြန်ဖြေလာလိမ့်မည်ဟု သူမ မထင်ထားပေ။


“ဒါဆို ငါ့မှာ တာဝန်ခြောက်ခုကျန်နေသေးတယ် “


စနစ်။ “ကြိုးစားထား host “



အခန်း (၄၄) (ခ)

ညနေခြောက်နာရီတွင် ရှန်းထင်ရွှမ်းက တိုက်ရိုက်ထုတ်လွှင့်မှု စတင်လိုက်ရာ အင်တာနက် အသုံးပြုသူများက သူမ တစ်စုံတစ်ခု လုပ်ပြတာကို ကြည့်ချင်နေမှန်း သိလိုက်ရသည်။


[အားရွှမ်း။ မင်း ဘာမှမလုပ်တာ အတော်ကြာနေပြီ။]


[ဟုတ်တယ်။ နောက်ဆုံးအခေါက်တုန်းက ဘီရို‌လေးလုပ်ပြတယ်လေ။ ငါ အဲ့ဒါကို အကြိမ်ပေါင်းများစွာ ကြည့်ခဲ့တာ။]


“ဟုတ်ပြီလေ၊ ဒါဆိုရင် အံဆွဲပါတဲ့ ဘီရိုလုပ်ပြမယ် “


ရှန်းထင်ရွှမ်းက လက်ခံလိုက်၏။


ကြမ်းခင်းနှင့် နံရံကပ်စက္ကူများ နောက်ဆုံးအခေါက်က တပ်ဆင်ချိန်၌ ရှန်းထင်ရွှမ်းသည် အခန်းထဲရှိ အံ့ဆွဲပါသည့် ဘီရိုများကို ထုတ်ပြခဲ့၏။ လက်ရှိတွင် ထမင်းစားစားပွဲပေါ် ၌ ဓားများရှိနေပြီး အင်တာနက် အသုံးပြုသူများက ၎င်းကို မြင်ချင်နေသောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု အတောအတွင်း ပြုလုပ်လိုက်တာက အဆင်ပြေ၏။ ထို့ထက်ပိုသည်က ထိုပစ္စည်းများကို သူမကိုယ်တိုင် လိုအပ်နေတာပဲ ဖြစ်၏။


ရှန်းထင်ရွှမ်းသည် ရှေးဦးစွာ တောင်ပေါ်ပြေးသွားပြီးနောက် အနီရောင်စန္ဒကူးတစ်ပိုင်းကို ခုတ်လိုက်၏။


[အားရွှမ်း မင်းရဲ့စားပွဲအတွက် အနီရောင်စန္ဒကူးကို သုံးမှာပဲလား။]


[ရတနာပဲ။ ရတနာပဲ။]


[ဒီတစ်ခေါက် အားရွှမ်းသစ်ပင်ဖြတ်နေတာကို ငါတွေ့လိုက်ရပြီ။ အားလုံးတည်ငြိမ်နေမှန်း ငါသိလိုက်ရတယ်။]


အနီရောင် စန္ဒကူးကို အသုံးပြုခြင်းအတွက် ရှန်းထင်ရွှမ်းက စိတ်ဓာတ်အလွန်ကျနေတာ မရှိပေ။ နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းရှိသည့် သစ်ပင်တစ်ပင်ကို လူသားများက တန်ဖိုးထားရသည့် သစ်ပင်အိုကြီးပမာ သဘောထားမည်ဖြစ်သော်ငြား ရှန်းထင်ရွှမ်းကမူ ယင်းကို သာမန်ပဲတွေး၏။ ဆိုရလျှင် သူမသည် နှစ်ပေါင်းထောင်ချီနေထိုင်လာခဲ့သူ ဖြစ်သည်။


အင်တာနက်အသုံးပြုသူများသည် ရှန်းထင်ရွှမ်းသည် နောက်ဆုံးအခေါက် အဝတ်ဘီရို ပြုလုပ်ချိန်ကထက် အံဆွဲပါသည့်ဘီရိုကို ပြုလုပ်တာက ပိုမြန်ဆန်မှန်း ‌တွေ့လိုက်ရ၏။ ရှန်းထင်ရွှမ်းသည် သစ်ပင်ကို ဖြတ်နေသည်ကို သူတို့မျက်လုံးဖြင့် မြင်ရခြင်းကြောင့်သာ မဟုတ်လျှင် ရှန်းထင်ရွှမ်း ဖြတ်နေသည့် သစ်ပင်သည် စက္ကူဖြင့် ပြုလုပ်ထားသည်ဟုတောင် တွေးမိလောက်သည်။


သူမသည် ထိုသစ်သားများကို ရွှံ့ကို ဖြတ်နေသည့်ပမာ ဖြတ်တောက်သွားသည်မှာ အလွန်ရိုးရှင်းပြီး အလွန်လွယ်ကူပုံပေါ်၏။ ဖြတ်တောက်ထားသည့် သစ်သားတုံးများကလည်း အလွန်သေသပ်၏။ လွှစာများ သိပ်မထွက်ဘဲ ချောမွေ့နေပုံပေါ်၏။


ယင်းက မှော်အဆန်ဆုံးကိစ္စမဟုတ်ပေ။ လူတိုင်းမြင်လိုက်ရသည်က ရှန်းထင်ရွှမ်းသည် ထိုသစ်သားများကို တပ်ဆင်နေတာပဲ ဖြစ်၏။ သာမန်သစ်သားများသည် ‌ထောင့်၌ အပေါက်များ ဖောင်းကြွမှုများ ရှိနေနိုင်သော်ငြား သူမ ပေါင်းစပ်မှုအောက်တွင် ၎င်းက အံဆွဲပါသည့် ဘီရိုတစ်ခုဖြစ်လာချေသည်။


ဘီရိုက ပိုပိုမြင့်လာသည်နှင့် လူတိုင်းက နောက်ဆုံးတွင် ပြီးသွားသည့် ဘီရိုကို တွေ့လိုက်ရသည်။


[အစ်မလေးက လွှမ်းမိုးနိုင်စွမ်းရှိလိုက်တာ။]


[အားရွှမ်းလက်မှုပညာလုပ်နေတဲ့အချိန်တိုင်း မြန်မြန်ဆန်ဆန် ရှေ့ရောက်သွားသလို ခံစားရတယ်။]


[အရင်တုန်းက အားရွှမ်းက အဝတ်ဘီရိုလုပ်ခဲ့တယ်။ ငါက အကြိမ်ပေါင်းမြောက်မြားစွာ ပြန်ကြည့်ခဲ့ပြီး သင်ယူချင်ခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးတော့ လက်လျော့လိုက်ပြီ။]


အံဆွဲပါသည့် ဘီရိုပြုလုပ်ရန်က ပုံမှန်ထက် အချိန်ပိုယူရပုံပေါ်၏။ ညနေခုနစ်နာရီမှ ရှန်းထင်ရွှမ်းသည် အရောင်ထပ်တင်ပြီးသွားကာ ဘီရိုက နောက်ဆုံး၌ ပြီးစီးသွားတော့၏။


“ကောင်းပြီ၊ တိုက်ရိုက်ထုတ်လွှင့်မှု ဒီမှာ အပြီးသတ်မယ်၊ ခါတိုင်းလိုပဲ လူဆယ်ယောက်မဲနှိုက်ပေးမယ်၊ ဒီနေ့ ဘာစားချင်ကြလဲ “


[မက်မွန်သီး။]


[ဖရဲသီး။]


[စပျစ်သီးစားချင်တယ်။]


လူတိုင်းက အမြင်မတူကြပေ။ ရှန်းထင်ရွှမ်းက ရိုးရှင်းစွာ ပြောလိုက်၏။ “အားလုံးကို တရုတ်ပြည်ဘယ်ရီပေးမယ် “


မဲနှိုက်ပြီးနောက် ရှန်းထင်ရွှမ်းသည် တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်လိုက်တော့၏။


Weibo ပေါ်၌ ရှန်းထင်ရွှမ်းအကြောင်း ဆွေးနွေးမှုက ထပ်မံစတင်လာပြန်၏။


ယနေ့တွင် ရှန်းထင်ရွှမ်းက သူမ၏တိုက်ရိုက်ထုတ်လွှင့်မှု၌ အံဆွဲပါသည့် ဘီရိုပြုလုပ်ခဲ့၏။ အချို့ကို ကြည့်ရှုသူများက မှတ်တမ်းတင်ထားခဲ့ပြီး အင်တာနက်ပေါ်၌ တင်၏။ ယင်းက စိတ်အားထက်သန်မှုလည်း ဖြစ်သည်။


လူတိုင်းက ပြောဆိုနေကြစဉ် ရှန်းထင်ရွှမ်း၏ ‌Weibo ၌ ဖော်လိုဝါ ၁.၅သန်း ရှိနေတာကို ရုတ်တရက် ရှာတွေ့လိုက်၏။ သို့သော်ငြား ပရိသတ်အဖွဲ့မရှိသေးချေ။ စူပါခေါင်းစဉ်တောင်မရှိ။ ပရိသတ်တစ်ယောက်က ရုတ်တရက် ပြောလိုက်၏။


[အားရွှမ်းမှာ ထောက်ပံ့မဲ့အဖွဲ့မရှိဘူး။ ငါ တစ်ခုလောက် တည်ဆောက်ချင်တယ်။ ဘယ်သူလာမလဲ။]


(စူပါခေါင်းစဉ် =ပရိသတ်များစွာက သူတို့၏ အိုင်ဒေါအကြောင်းကို ပြောခြင်း)


အင်တာနက်အသုံးပြုသူများစွာက သဘောကျကြပြီး သူတို့ဝင်လိုစိတ်ရှိကြောင်း ပြသလာကြ၏။ အချို့ကဆို ရှန်းထင်ရွှမ်းက အင်တာနက်ကိုယ်ရည်ကိုယ်သွေးရှိသည်ဟု ပြော၏။ နာမည်ကျော်တစ်ယောက်ကဲ့သို့ စီမံပေးရန် မလိုအပ်ချေ။


သို့သော် ပံ့ပိုးရေးကလပ်ကို တည်ထောင်မည့် ပရိသတ်သည် ရှန်းထင်ရွှမ်းက နောက်ဆုံးအခေါက်က အင်တာနက်အသုံးပြုသူများသည် အစာအဆိပ်သင့်ခြင်းကြောင့် ကြိမ်းမောင်းတာခံရသည့်အချိန်ကို တွေးမိသွား၏။ ကိစ္စရပ်က ရှင်းလင်းသွားပြီးဖြစ်သော်ငြား ရှန်းထင်ရွှမ်း၏ Weibo အောက်၌ ရက်စက်သည့် မှတ်ချက်အချို့ ရှိနေသေး၏။


ထို့ကြောင့် ထိုပရိသတ်သည် ရှန်းထင်ရွှမ်း၏ ပုံရိပ်ကို ထိန်းသိမ်းပေးချင်ပြီး ထိုသို့ ပြုလုပ်ရန် ဆန္ဒရှိသည်။ ကျန်သည့်သူများ ရှိ‌နိုင်သလားဟု တွေးခဲ့သည်။ ထို့ကြောင့် WeChat အဖွဲ့ကို ထောင်ပြီးနောက် ပရိသတ်တစ်ယောက်ပြီးတစ်ယောက်ကို သွင်းလိုက်တော့သည်။ ခဏအတွင်း၌ ထိုအဖွဲ့အတွင်း လူသုံးရာကျော် ရှိသွား၏။


စတင်သူသည် ရှန်းထင်ရွှမ်း၏ စူပါခေါင်းစဉ် ‘အားရွှမ်းထပ်မံပေါ်ပေါက်လာပြီ’ဟု ဖွင့်လှစ်လိုက်ပြီး ပရိသတ်များ၏ အမည်ရှိနေသည်။ ပရိသတ်များ၏ အမည်က တူးတူးဖြစ်သည်။ အဓိပ္ပာယ်က ရွှံ့စေးဖြစ်၏။ အကြောင်းရင်းက ရှန်းထင်ရွှမ်းသည် ကောင်းကောင်းမွန်မွန်စိုက်နိုင်ရန်အတွက် ရွှံ့လိုအပ်သည်။


ရှန်းထင်ရွှမ်းသည် အချို့သောပရိသတ်များက သူမအတွက် စူပါခေါင်းစဉ်ဖန်တီးပေးထားကြောင်း မသိပေ။ ပံ့ပိုးရေးကလပ်ရှိကြောင်းလည်း မသိပေ။ သူမက မနက်စောစော၌ နိုးလာပြီး အလုပ်များသည့်တစ်နေ့တာက စတင်တော့၏။


တာဝန်မရှိသော်ငြား ဤနေရာကို သူမက စိုက်ပျိုးထိန်းသိမ်းရပေဦးမည်။ ညနေငါးနာရီ၌ ရှန်းထင်ရွှမ်းသည် တိုက်ရိုက်ထုတ်လွှင့်မှုစတင်လိုက်၏။


[အားရွှမ်း ဒီနေ့တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဘာလုပ်မှာလဲ။]


ရှန်းထင်ရွှမ်းက ပြော၏။ “ခန့်မှန်းကြည့်လေ၊ ခန့်မှန်းနိုင်တဲ့သူက မက်မွန်သီး၊ တောကြက်မောက်သီး၊ ကီဝီသီးနဲ့ တရုတ်ပြည်ဘယ်ရီတို့ရမယ် “


[လခွမ်း။ ငါ့ကို မဆွဲကြနဲ့။]


[ငါတို့ ဆွဲလို့ရတဲ့အရာမဟုတ်ဘူး။ မင်းခန့်မှန်းလေ။ လူတိုင်းရဲ့စတင်မှတ်က တူတူပဲ။]


ရှန်းထင်ရွှမ်းသည် တောင်ခြေရှိဝါးတောသို့ သွားလိုက်၏။ အင်တာနက်အသုံးပြုသူများက စတင်ဆွေးနွေးနေကြပြီဖြစ်သည်။


[ငါ ခန့်မှန်းမိတာတော့ အားရွှမ်းက မျှစ်တူးမလို့ထင်တယ်၊ ဟုတ်တယ်မလား။]


[ဝါးတောထဲမှာ မှိုတွေရှိလောက်တယ်။]


[ငါ ထင်တာတော့ အားရွှမ်းက မျှစ်လုပ်မလို့နဲ့တူတယ်။]


[ဝါးတောထဲမှာ မျှစ်တွေ ရှိနိုင်တာပဲ။]


ရှန်းထင်ရွှမ်းသည် ဝါးတောထဲ ဝင်သွားပြီးနောက် မျှစ်ရှာလိုက်သည်။ ရှန်းထင်ရွှမ်းက ဝါးတောထဲ၌ ဝိညာဉ်စွမ်းအင်ဖြင့် ရေမလောင်း‌ပေးခဲ့သော်ငြား တောင်ပေါ်ရှိ ကျန်သည့်နေရာများကို ရေလောင်းပေးထားသောကြောင့် ဝါးတောသည်လည်း ဝိညာဉ်စွမ်းအင်တစ်ချို့ ပါဝင်၏။ ထိုအကြောင်းကြောင့် မြေပြင်ပေါ်ရှိ မျှစ်များကလည်း အလွန်ကြီးမားသည်။


ရှန်းထင်ရွှမ်းသည် လက်ဗလာဖြင့် မျှစ်များကို ဖြတ်တောက်ပြီးနောက် မှိုအချို့ကို ကောက်ယူခဲ့သည်။


[အားရွှမ်း ဒီလောက် မျှစ်တုတ်တုတ်ကြီးတွေကို လက်ဗလာနဲ့ ဖြတ်နိုင်တာ သေချာလား။]


[ငါသာ အရင်တုန်းက မျှစ် တစ်ခါမှ မဖြတ်ခဲ့ဖူးရင် ဒါကို အရမ်းလွယ်တယ်လို့ တွေးမိမှာပဲ။]


[အစ်မလေးရေ အရင်တုန်းက ဖြတ်ထားတာများလား။]


[မဟုတ်ဘူး။ အနီးကပ်ကြည့်ကြည့် ဖြတ်ရာမရှိဘူး။ ကျိုးပဲ့နေတဲ့အရာတောင် ရှိမနေဘူး။]


အပြန်လမ်းတွင် ရှန်းထင်ရွှမ်းက ပဲသီးစိမ်းများ၊ ငရုတ်ကောင်းနှင့် မုန်လာဥတို့ကို ခူးယူခဲ့သည်။ အင်တာနက်အသုံးပြုသူများက အမြင်မျိုးစုံရှိလာ၏။


[အားရွှမ်းဘာလုပ်မလဲဆိုတာ ငါမသိဘူး။]


ရှန်းထင်ရွှမ်းသည် မျှစ်များကို အခွံခွာပြီးနောက် မျှစ်များကို မီးဖိုချောင်ထဲ ထားလိုက်၏။ ပြီးနောက် ရွှံ့အိုးထဲ ထည့်ထားလိုက်သည်။ သူမက အစိမ်း‌ရောင်ပဲသီးများကိုလည်း ရေဆေးပြီး တစ်ထပ်တည်းပြုလုပ်လိုက်၏။ မျှစ်၏ အပြင်ခွံများအတွက်မူ ဆေးကြောပြီးနောက် ဇကာပေါ်၌ မှိုများနှင့်အတူ အခြောက်ခံထားလိုက်သည်။


[ဘာလုပ်နေတာလဲ။]


ရှန်းထင်ရွှမ်းက ပြော၏။ “ဒီနေ့တာဝန်ပြီးသွားပြီ၊ ဒါတွေအားလုံးပြီးသွားတဲ့အခါ နောက်ရက်အနည်းငယ်ကျ လျှို့ဝှက်ချက် ထုတ်ပြမယ် “


ယနေ့တွင် ရှန်းထင်ရွှမ်းက လူဆယ်ယောက်ကို တရုတ်ဆီးသီးပေးခဲ့၏။



အခန်း (၄၄) (ဂ)

မနက်ငါးနာရီတွင် စက်ရုပ်သံက ပေါ်လာ၏။ “ကျေးဇူးပြုပြီး host ၄၆နာရီအတွင်း လူ ၂၆၂၁၄၄ကို သင်စိုက်ပျိုးထားတဲ့ အသီးတွေ စားခိုင်းပါ “


တာဝန်အတွက် အလွန်များပြားလှသည့် အရေအတွက်ကို ရင်ဆိုင်ရာ၌ ရှန်းထင်ရွှမ်းသည် ဦးစွာ စိတ်တည်ငြိမ်အောင် ထားလိုက်၏။ သူမဖုန်းကို ထုတ်လိုက်ပြီး ရတနာစျေးဆိုင်‌ပေါ်၌ သစ်သီးများ တင်လိုက်သည်။  ပြီးနောက် သစ်သီးများ သွားခူးလိုက်တော့၏။


သစ်သီးဆယ်မျိုးအတွက် ကတ်တီနှစ်ထောင်စီ စူပါမောဆီပို့ခဲ့၏။ လုမင်ဟွေ့နှင့် ကျန်သည့်သူများသည် ဒုတိယအခေါက် တူညီသည့် ပမာဏကို ယူရန် ဆယ်နာရီတွင် ရောက်လာလိမ့်မည်။


ရှင်းယွမ်ရှန်တောင်ခြေ၌ ရွာသားများကို သစ်သီးများရောင်းချခဲ့ပြီး ခါတိုင်းထက်အနည်းငယ် ပိုများသည်။ သို့သော် ထိုပမာဏက အ‌တော်လေးများနေပြီဖြစ်၏။


စူပါမောသို့ ဒုတိယအခေါက်ပို့ပြီးနောက် ရှန်းထင်ရွှမ်းသည် ရတနာဆိုင်၏အမှာဆိုင်စာအတွက် ပို့ပေးရန် လိုအပ်သည့် သစ်သီးများကို ပြင်ဆင်နေ၏။


ရှောင်ဖုန်းသည် ရှန်းထင်ရွှမ်း၏ အကောင့်အချက်အလက်ထဲသို့ နေ့စဉ် နေ့တိုင်း ဝင်ကြည့်ပေးသည်။ ယနေ့နံနက် ၆နာရီမထိုးခင်၌ သူသည် အမှာစာရလိုက်၏။ ရှောင်းဖုန်းက ချက်ချင်းထပြီးနောက် သူ၏ ရတနာဆိုင်အကောင့်တစ်ခုကို ဖွင့်လှစ်လိုက်ရာ ရှန်းထင်ရွှမ်းသည် ပစ္စည်းများ ပြန်ဖြည့်ထားကြောင်း တွေ့လိုက်ရ၏။


သူက လောင်တုကို ချက်ချင်း ခေါ်လိုက်တော့သည်။ “ဒီကို စောစောလာခဲ့ “


လောင်တုသည် ပြီးခဲ့သည့်ရက်ပိုင်းက ရှောင်ဖုန်းအတွက် အလုပ်လုပ်‌ပေးခဲ့တာ ဖြစ်သည်။ သူသည် နေ့စဉ်နေ့တိုင်း အမှာစာအနည်းငယ်ကိုသာ ထုတ်ပိုးပေးရပြီး တစ်ခါတစ်ရံတွင် အမှာစာတောင် မရပေ။ သူက အနည်းငယ် စိတ်ပူနေ၏။ ဤနေရာအချိန်အတော်ကြာ ဖွင့်နိုင်ပါမည်လော။ ဖုန်းချပြီးနောက် သူက ပစ္စည်းပို့ရာနေရာသို့ ချက်ချင်း သွားလိုက်၏။


ယင်းက စင်မြင့်ပေါ်၌ ရှန်းထင်ရွှမ်းက သစ်သီးများတင်တာ ဒုတိယအကြိမ်ဖြစ်ပြီး အာရုံစိုက်နေသည့် လူများစွာ ရှိသည်။ ယခုအခေါက်တွင် ယခင်ထက် ပစ္စည်းပမာဏ ပိုရနိုင်၏။ မွန်းလွဲ ၁၂ နာရီ၌ ပထမဆုံးသစ်သီးများ တစ်သုတ်ကို ရှောင်ဖုန်းက ပို့ဆောင်ပြီးပြီဖြစ်သည်။ မည်သူမှ ပျင်းရိမနေဘဲ ရှောင်ဖုန်းသည် ရှန်းထင်ရွှမ်းဆီမှ သစ်သီးလှည်းလေးကို သယ်လာလေ၏။ လောင်တုက ၎င်းတို့ကို ထုတ်ပိုးနေ၏။ ရှောင်ဖုန်း၏အမေကလည်း ကူညီပေးရန် သူတို့ဆီရောက်လာတော့သည်။


သုံးယောက်သား၏ ထုတ်ပိုးနေသည့် အရှိန်က လုံလောက်ရန် ဝေးနေသေး၏။ ထို့ကြောင့် ရှောင်ဖုန်းသည် အနီးအနားရှိ ရွာသားများဆီပြေးသွားပြီး သူတို့ကို ယာယီပစ္စည်းထုပ်ပေးရန် ငှားရမ်းခဲ့သည်။ တစ်ရက်လျှင် ယွမ်သုံးရာရ၏။


ရှောင်ဖုန်းနှင့် ဆက်ဆံရေးကောင်းမွန်‌သော ရွာသားတစ်ယောက်က မေးလိုက်သည်။ “ရှင်းယွမ်ရှန်က တစ်ရက်ကို သစ်သီးတွေ အများကြီး ရောင်းရတာလား “


ရှောင်ဖုန်းက ပြော၏။ “ဒီနေ့ပါပဲ “


“မဆိုးဘူးပဲ “


ရွာသားသည် အလုပ်လုပ်မည့်အစား အတင်းလာပြောနေလေ၏။ ထို့ကြောင့် ရှောင်ဖုန်းသည် သူ့ကို လစာပေးချေခဲ့၏။ သို့သော် နောက်ရက်တွင်မူ သူ့ကို လာခွင့်မပေးတော့ပေ။


ကျန်သည့်ရွာသားများက ၎င်းကို မြင်သောအခါ သူတို့က တိတ်တဆိတ် ထုပ်ပိုးပေးနေကြသည်။ သူတို့က အတင်းမတုပ်ရဲတော့ချေ။


ရှောင်ဖုန်းနှင့် ရှန်းထင်ရွှမ်း၌ ကောင်းမွန်သည့်ဆက်ဆံရေးရှိကြောင်း သူတို့သိကြသည်။ ထို့အတူ တစ်ရက်လျှင် လုပ်ခယွမ်သုံးရာရသည့် ထိုကဲ့သို့သော အလုပ်မျိုးကို မည်သည့်နေရာမှာမှ ရှာတွေ့မှာ မဟုတ်ပေ။


ရှောင်ဖုန်း၏မိခင်က တနေကုန် လက်များ ထုံကျင်နေပြီဖြစ်သည်။ သူမ ပင်ပန်းနေသော်ငြား ပျော်ရွှင်နေ၏။ ဆိုရလျှင် သူမက ပိုထုပ်ပိုးလေ ပိုက်ဆံပိုရှာနိုင်လေဖြစ်၏။ သူမ ပိုက်ဆံများစွာ ရှာနိုင်လျှင် ရှောင်ဖုန်း၏ ဖခင်သည် နေ့စဉ်နေ့တိုင်း အလုပ်ပင်ပင်ပန်းပန်းလုပ်ရန် စက်ရုံသို့ သွားစရာမလိုအပ်တော့ချေ။


မွန်းတည့်ချိန်၌ ပထမဆုံး သစ်သီးတစ်သုတ်ကို လက်ခံရရှိပြီး


[အပင်စိုက်တဲ့အားရွှမ်းတိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်ခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့သစ်သီးတွေကို ဝယ်နိုင်ခဲ့တာ ပထမဆုံးပဲ။ ငါက စပျစ်သီးနဲ့ တတိုင်းမွှေးဘယ်ရီ၊ ပါးရွဲ့ကွာတို့ကို ဝယ်လို့မရဘူး။ ငါက မြို့တော် B မှာ မဟုတ်လို့လေ။ မက်မွန်သီးတွေပဲ ဝယ်နိုင်ခဲ့တာ။ ငါ စားလည်းစားပြီးရော ပရိသတ်အစစ်အမှန်ဖြစ်သွားပြီ။ ဒါကြောင့် ငါမေးချင်တာက အကန့်အသတ်နဲ့ ဝယ်ယူခွင့်ကို ဘယ်ချိန်ကျမှ ဖယ်ပေးမှာလဲ။]


[အစ်မလေးနဲ့ ပထမဆုံးတွေ့တုန်းက သစ်သီးတွေကို တစ်ထောင်တစ်သောင်းလောက် အခမဲ့ပေးခဲ့တာ။ ဒါပေမဲ့ အခု ဒါမျိုး ထပ်မတွေ့ရတော့ဘူး။]


[လယ်စိုက်တဲ့ အားရွှမ်းရဲ့သစ်သီးတွေကို စားပြီးတဲ့နောက် တခြားလူတွေရဲ့ သစ်သီးတွေ ထပ်မစားချင်တော့ဘူး။]


[သရုပ်ဆောင်တစ်ယောက်က ညွှန်းပေးတဲ့ သစ်သီးတွေက တကယ်ကွဲပြားတာပဲ။]


[ငါလည်း ရေပန်းစားတာ နောက်လိုက်ပြီး သခွားမွှေးသီးဝယ်ခဲ့တာ။ ငါ့အမေက ဘာလို့ ကုန်အောင်စားလိုက်တာလည်းလို့ မေးနေပြီ။]


အင်တာနက်ပေါ်၌ ရီဗျူးများပိုမိုများပြားလာလေ၏။ အင်တာနက်အသုံးပြုသူများစွာက Weibo ပေါ်၌ စာများတင်လာချိန်တွင် သူတို့က စူပါခေါင်းစဉ်အားရွှမ်းကိုပါ ခေါ်လာလေရာ ရှန်းထင်ရွှမ်း၏ Weibo ပရိသတ်များကို ထပ်မံ မြင့်တက်လာစေ၏။


ရတနာဆိုင်၏အမှာစာများကလည်း မြင့်တက်လာပြီး သစ်သီးမျိုးစုံကို အကန့်အသတ်ဖြင့်သာ ဝယ်ယူခွင့်ရရှိတေ့ာသည်။ ပြီးနောက် ရှန်းထင်ရွှမ်းက တနေကုန်သစ်သီးခူးပြီး အလုပ်များနေလေ၏။


ညနေစောင်းတွင် ဖေးလွေ့က သူ၏ဖခင် ယနေ့သစ်သီးများ သယ်လာတာကို မြင်သည့်အချိန်၌ သံသယထပ်ဝင်သွားပြန်၏။


သူသည် ရှင်းယွမ်ရှန်သို့ ထိုနေ့က သွားခဲ့ပြီး ရှန်းထင်ရွှမ်းသည် သူ့ကို ဆီသွပ်သစ်သီးများနှင့် ယိုများ မြည်းစမ်းခိုင်းခဲ့၏။ စားသောက်ပြီးသည့် အချိန်၌ သူက အပင်စိုက်ရန် ပြေးလွှားသွားတော့သည်။ နောက်ဆုံးတွင် သူက အိမ်မပြန်ခင်အချိန်ထိ ရှန်းထင်ရွှမ်းကို ထပ်မတွေ့ခဲ့ရပေ။


အစက သူ၏ ဆက်သွယ်ရန် အချက်အလက်ကို ချန်ထားရန် ရည်ရွယ်ခဲ့၏။ လွန်ခဲ့သည့် နှစ်ရက်၌ ဖေးလွေ့သည် ရှန်းထင်ရွှမ်းက သူ့ကို ရှာချင်ပါက သူ၏ဆက်သွယ်ရန် အချက်အလက်ကို လုမင်ဟွေ့အား သေချာပေါက် မေးလိမ့်မည်ဟု သေချာပေါက် ခံစားမိခဲ့သည်။  


ဖေးဝမ်ရှုက ကားတစ်ဝက်နီးပါး သစ်သီးများ သယ်လာသည်ကို မြင်သောအခါ ဖေးလွေ့က ပြောလိုက်၏။ “ရှန်းထင်ရွှမ်းက ဒီလောက်သစ်သီးတွေအများကြီး ပေးခဲ့တယ်လား “


ဖေးဝမ်ရှုက မျက်နှာက ပြုံးနေ၏။ “သူ ငါတို့ကို ဒီနေ့အများကြီး ပေးလိုက်တယ် “


မကြာသေးခင်က သူပြန်သယ်လာသည့် သစ်သီးအချို့က နည်းပါးလွန်း၏။ အကြီးအကဲဖေးကတောင် သူ့ကို သရော်ခဲ့ပြီး သူက ဖေးလုပ်ငန်းစု၏ ဥက္ကဌဖြစ်ပြီး သူ၏ ကိုယ်ပိုင်စူပါမားကတ်မှ သစ်သီးနည်းနည်းသာ သယ်လာနိုင်သည်ဟု ထေ့ငေါ့ ပြောဆိုခဲ့သည်။


“သူ ဘာမှမပြောဘူးလား “ ဖေးလွေ့က မေးလိုက်၏။


ဖေးဝမ်ရှုက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတော့သည်။ “သူက ဘာပြောရမှာလဲ “


“တစ်ခုခုစုံစမ်းတာလိုမျိုးပေါ့ “ ဥပမာအနေနဲ့ သူ့ဆက်သွယ်စရာအချက်အလက်ကို တောင်းတာလေ။


ဖေးဝမ်ရှုက လက်ကာပြလိုက်၏။ “သူက နေ့တိုင်းအလုပ်များနေတာ စုံစမ်းမေးမြန်းဖို့ အချိန်ရှိမှာ မဟုတ်ဘူး “


အကြီးအကဲဖေးက မြင့်မားသည့်အမြင် ရှိနေပြီးသားဖြစ်သည်။ ရှန်းထင်ရွှမ်း၏ သစ်သီးများကို သူတို့၏ စူပါမားကတ်သို့ ပထမဆုံးတင်ပို့ချိန်၌ ထိုသစ်သီးများ၏ အကျိုးခံစားခွင့်က စူပါမော၏ အရွယ်အစားအတွက် ပြောပလောက်အောင် မရှိပေ။ သို့သော် ယခုမူ ထိုသစ်သီးသည် နာမည်ကျော်သရုပ်ဆောင်၏ ထောက်ခံပေးမှုရှိပြီး စူပါမော၏ ရောင်းချမှုက မနှစ်ကအချိန်နှင့် ယှဉ်လျှင် ပိုမြင့်လာတော့သည်။


ခဏကြာပြီးနောက် ဖေးလွေ့သည် ပိုတောင် ဇဝေဇဝါဖြစ်သွားလေ၏။ ဒါဆို ရှန်းထင်ရွှမ်းက အရင်တုန်းက သူ့ကို စားသောက်ဖို့ ဘာ‌ကြောင့် ပြောတာလဲ။


တိုက်ရိုက်ထုတ်လွှင့်မှုမစခင် ရှန်းထင်ရွှမ်းသည် ယခင်က စိုက်ပျိုးထားသော စပါးကို ဝိညာဉ်စွမ်းအင်များ လောင်းလိုက်၏။ စပါးတို့ဖြစ်ထွန်းလာသည့် အချိန်တွင် ရှန်းထင်ရွှမ်းက တိုက်ရိုက်ထုတ်လွှင့်မှုစတင်တော့သည်။ “ဒီနေ့ ကျွန်မ မနေ့တုန်းက မပြီးဆုံးသေးတဲ့အကြောင်းအရာကို ဆက်ပါမယ် “


[ဒီမှာ ဆန်တွေ အများကြီးပဲ။]


[အဲဒီဆန်ရယ်၊ မျှစ်ရယ်၊ အစိမ်းရောင်ပဲသီးတွေရယ်က ဘာအတွက်လဲ။]


ရှန်းထင်ရွှမ်းသည် ဆန်တစ်ဝက်ခန့်ယူလိုက်ပြီးနောက် စတင်ဆေးကြောပြီး ဆန်ကို ချက်ကာ ထမင်းဖြစ်လာသည်အထိ စောင့်နေ၏။


[ဆန်ကို ဒီအတိုင်းချက်တော့မဲ့ပုံပဲ သိသွားပြီ။]


ချင်ယွဲ့ကျီ၏ လက်ထောက်အနေဖြင့် ရှောင်ယွဲ့သည် အားလပ်ချိန်၌ Weibo ကို ကြည့်ကာ ရံဖန်ရံခါတွင် တိုက်ရိုက်ထုတ်လွှင့်မှုများ ကြည့်တတ်သည်။


နောက်ဆုံးအခေါက်က ရှန်းထင်ရွှမ်း၏ သစ်သီးများကို စားပြီးချိန်မှစပြီး ရှောင်ယွဲ့သည် အမြဲတမ်း ပိုစားချင်နေခဲ့သည်။


နောက်ပိုင်းတွင် ချင်ယွဲ့ကျီ၏မွေးနေ့ပွဲ၌ ပရိသတ်များပိုစားရန်အတွက် ရှောင်ယွဲ့သည် သစ်သီးတစ်လုံးမှတောင် မမြည်းခဲ့ပေ။


မြို့တော် H သို့ ရောက်လာပြီးနောက် ရှောင်ယွဲ့သည် ချင်ယွဲ့ကျီက သစ်သီးတစ်သေတ္တာ သယ်လာကြောင်း တွေ့လိုက်ရ၏။ သို့သော် ချင်ယွဲ့ကျီက သူ့ကို အနည်းအကျဉ်းစားသောက်ရန် မပေးခဲ့ပေ။ သူကလည်း သတိလက်လွတ်မစားရဲချေ။


ကံဆိုးသည်မှာ လွန်ခဲ့သည့်ရက်အနည်းငယ်က သစ်သီးများ ဖြစ်နေခဲ့သည်။ ရှောင်ယွဲ့သည် ရုပ်ရှင်ရိုက်ကူးနေသည့် ချင်ယွဲ့ကျီကို တစ်ချက်ကြည့်ပြီးနောက် ဖန်သားပြင်ပေါ်၌ တိုက်ရိုက်ထုတ်လွှင့်နေသော သူကို ကြည့်လိုက်သည်။


ယနေ့တွင် သူက တရုတ်ဆီးသီးများ ဝယ်လာ၏။ သူက သစ်သီးများ ထပ်မဝယ်ချင်တာ မဟုတ်ပေ။ ထိုသစ်သီးကို ဝယ်ယူမှုက ကန့်သတ်ထားသောကြောင့် ဖြစ်၏။ ထိုကဲ့သို့ ရောင်းဝယ်မှုမျိုးကို သူတစ်ခါမှ မတွေ့ခဲ့ဖူးပေ။


မနေ့က သူသည် ရှန်းထင်ရွှမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ခဲ့ရာ တစ်စုံတစ်ခုဆန်းကြယ်တာကို ပြုလုပ်နေမှန်းတွေ့ခဲ့ရသည်။ ရှန်းထင်ရွှမ်းက သူမပြုလုပ်နေသည့်အရာကို မှန်အောင် ခန့်မှန်းနိုင်သည့်သူ ရှိလျှင် သစ်သီးသုံးကတ်တီ ပို့မည်ဟု ဆိုခဲ့သည်။ ထို့ကြောင့် ရှောင်ယွဲ့သည် တိုက်ရိုက်ထုတ်လွှင့်မှုကို အစောကြီး လာကြည့်နေခဲ့တာပဲဖြစ်၏။


ချင်ယွဲ့ကျီက ရုပ်ရှင်ရိုက်ကူးပြီးနောက် ရှောင်ယွဲ့ဘေး၌ ထိုင်လိုက်၏။ ရှောင်ယွဲ့က အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “မျှစ်နဲ့ ပဲစိမ်းကို မြေအိုးထဲမှာ ထည့်တယ်၊ ပြီး‌တော့ မျှစ်နဲ့ မှိုကို အခြောက်ခံထားတာ၊ ဒီနေ့က ထမင်းချက်တာ၊ သူဘာလုပ်မယ်လို့ ထင်လဲ “


ချင်ယွဲ့ကျီက ဖန်သားပြင်ကို တစ်ချက်ကြည့်လိုက်၏။ ရှန်းထင်ရွှမ်းသည် ဆန်ကို ဆေးကြောပြီး ရေစိမ်ထားကာ အပြင်လောကရှိအရာအားလုံးက သူမနှင့် မသက်ဆိုင်သည့်ပမာ ဖြစ်နေ၏။


ချင်ယွဲ့ကျီက ခပ်ဖျော့ဖျော့ပြုံးလျက်ပြောလိုက်သည်။ “ခရုခေါက်ဆွဲ “


“ဘာ “


ချင်ယွဲ့ကျီ။ “ခရုခေါက်ဆွဲလုပ်နေတာ “


ရှောင်ယွဲ့က မသေချာပေ။ သို့သော်ငြား ခဏတာအတွက် ကျန်သည့်အရာကို မစဉ်းစားနိုင်ခဲ့ချေ။ ဆိုရလျှင် သူတွေးမိသမျှအကုန်လုံးက အားမကိုးရပေ။ ထို့ကြောင့် လော့စီဖန်းဟူ၍ မှတ်ချက်၌ ရေးလိုက်လေ၏။


ရှန်းထင်ရွှမ်းသည် ဆန်ကို ဘေးတွင်တင်ထားပြီးနောက် သူမက ဖန်သားပြင်ကို ကြည့်လိုက်ရာ တစ်စုံတစ်ယောက်သည် လော့စီဖန်းဟု ရေးထားတာကို တွေ့လိုက်ရ၏။ အင်တာနက်အသုံးပြုသူများက ထိုအောက်၌ မှတ်ချက်များ ရေးကြတော့သည်။


[မနောက်နဲ့။ ခရုခေါက်ဆွဲကို ဒါမျိုး ဘယ်လိုလုပ်လုပ်လို့ရမှာလဲ။]


[ဟုတ်တယ်။ ငါက ဝါးထမင်းလို့ ထင်နေတာ။ ခရုမရှိဘူး။]


ရှန်းထင်ရွှမ်းက ရုတ်တရက် ပြောလိုက်၏။


“ဒီ XY ကို ဂုဏ်ပြုပါတယ်၊ ကျွန်မက တကယ်ပဲ ခရုခေါက်ဆွဲလုပ်နေတာပါ “


[ဖာ့ချ။]


[ခုနတုန်းက ပိုင်တုကို သွားခဲ့တယ်။ ဆန်ခေါက်ဆွဲကို ဆန်နဲ့လုပ်တာ။ သူတို့တွေက ခေါက်ဆွဲမလုပ်ခင် ရေစိမ်ထားဖို့ လိုတယ်တဲ့။]


[ဒူးထောက်။]


[ငါ့ မျက်ရည်တွေက ပါးစပ်ထဲက စီးကျလာပြီကွာ။]


ရှန်းထင်ရွှမ်း။ “XY ကျေးဇူးပြုပြီး ရှင့်ရဲ့လိပ်စာချန်ထားပေးပါ၊ သစ်သီးတွေကို မနက်ဖြန်ပို့လိုက်ပါမယ်၊ ဒီနေ့ည မက်မွန်သီးတွေကို နောက်ထပ် လူဆယ်ယောက်အတွက် မဲနှိုက်ပေးပါမယ် “


ရှောင်ယွဲ့သည် ရှန်းထင်ရွှမ်းပြောတာကို ကြားသည့်အချိန်၌ တံတွေးမြိုချလိုက်၏။ “အစ်ကိုချင် ခန့်မှန်းခဲ့တာပဲ “


ချင်ယွဲ့ကျီက ပြော၏။ “ငါ့ကို ဆုတစ်ဝက်ပေးဖို့ မှတ်ထားဦး “


ရှောင်ယွဲ့၏ အမူအရာက အံ့ဩမှုကနေ ထုံအမှုအဖြစ် ပြောင်းလဲသွား၏။ “?”


မဲနှိုက်ပြီးနောက် ရှန်းထင်ရွှမ်းသည် ယနေ့တိုက်ရိုက်ထုတ်လွှင့်မှုကို အပြီးသတ်လိုက်တော့သည်။