အခန်း(၁၅) မြင်းစီးခြင်း
ဘုရင့်အမိန့်တော်အရ ရုံေကွာ်နယ်စား မိသားစုတစ်စုလုံး ကွပ်မျက်ရန် ဖမ်းဆီးခံလိုက်ရသည်။
တစ်ချိန်က ချမ်းသာကြွယ်ဝပြီး အာဏာစက်ကြီးမားကာ မင်းဆက်သုံးဆက်တိုင်တိုင် အမှုတော်ထမ်းခဲ့ဖူးသော အရာရှိမိသားစုသည် တစ်ညတွင်းချင်း၌ အပြတ်အသတ် ရှုံးနိမ့်ပျက်စီးသွားခဲ့ကာ မြေပြင်ပေါ်၌ သွေးစက်များသာ ကျန်ရစ်ခဲ့တော့၏။
ဤကိစ္စသည် နန်းတော်တွင်း၌ တော်တော်လေးပင် ဂယက်ရိုက်သွားခဲ့သည်။
အထူးသဖြင့် ရုံေကွာ်နယ်စား၏ ဘက်တော်သားများဟာ မုကျန့် နန်းတက်လာခြင်းက မှားယွင်းသည်ဟု အမြဲယုံကြည်ထား၍ မကျေနပ်ချက်များ ရှိနေခဲ့ပြီး သူ့ကို လျှို့ဝှက်စွာ ပုန်ကန်ရန်ပင် ကြံစည်နေခဲ့ကြ၏။ သူတို့က မုကျန့်ဟာ သူတို့ကဲ့သို့ ခေတ်အဆက်ဆက် အမှုတော်ထမ်းလာသော အကြီးအကဲများကို သတိထား၍ စည်းရုံးဖို့ ကြိုးစားလိမ့်မည်ဟု ယူဆထားကြရာ အနည်းငယ် မောက်မာပြီး ရဲတင်းလာခဲ့ကြသည်။ သို့သော် ယခုအခါတွင်မူ သူတို့အားလုံးမှာ မုကျန့်၏ ရည်ရွယ်ချက် အစစ်အမှန်ကို မြင်တွေ့သွားကြတော့သည်။
ရုံေကွာ်နယ်စားကို အပြစ်ပေးခဲ့သော ရာဇဝတ်မှုများကိုလည်း အားလုံး ထိတ်လန့်တုန်လှုပ်သွားရအောင်အထိ အသေးစိတ် ဖော်ပြထား၏။ ဤငယ်ရွယ်သော ဧကရာဇ်အသစ်ဟာ သူတို့ကို အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိတဲ့အပြင် အညှာအတာမရှိ ရက်ရက်စက်စက် ဖယ်ရှားပစ်နိုင်စွမ်းပါရှိကြောင်းကို ပြသခဲ့ေလသည်။ သူတို့အားလုံး မိမိတို့ အလှည့်ကျလာမည်ကို ကြောက်ရွံ့လှသဖြင့် လိပ်ကဲ့သို့ ခေါင်းငုံ့ကာ ခဏတာမျှ ပုန်းအောင်းနေကြရတော့သည်။
နန်းဆောင်အတွင်း၌သာ နေရသော ဝမ်မင်ယွီမှာ ဤအရာအားလုံးကို လုံးဝ မသိရှိခဲ့ပေ။ သူဟာ စစ်ရေးလေ့ကျင့်ရေးကွင်းသို့ သွားရမည့် ကိစ္စဖြင့် စိတ်ရှုပ်ထွေးနေရ၏။ သိုင်းပညာ အချို့ကို သင်ယူဖို့အတွက် မကန့်ကွက်လိုသော်လည်း သူ၏ ဆရာက မုကျန့် ဖြစ်နေခြင်းကမူ သူ့ကို အနည်းငယ် ဖိအားပေးေနသလို ခံစားရစေသည်။
လေ့ကျင့်ရေးကွင်းသည် ကျယ်ဝန်းပြန့်ပြူးပြီး လေ့ကျင့်ရန်အတွက် ကြီးမားသော နေရာလွတ်ကြီး ရှိေနသည်။
ဝမ်မင်ယွီ ရောက်ရှိသွားသောအခါ မုကျန့်က သူ့ကို တိုက်ေရးခိုက်ရေး သင်ကြားပေးဖို့ ရည်ရွယ်ထားခြင်းမဟုတ်ကြောင်း သဘောပေါက်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် နန်းတွင်းအစေခံတစ်ဦးက မြင်းတစ်ကောင် ဆွဲလာသည်ကိုသာ သူ တွေ့လိုက်ရ၏။ ထိုမြင်းဟာ အရပ်အမောင်း မြင့်မားပြီး သန်မာသည်။ ခြေလက်များကလည်း ကြံ့ခိုင်ကာ မျက်လုံးများဆိုလျှင် တောက်ပနေပြီး အမွေးအမျှင်များကလည်း ထူထဲတောက်ပြောင်နေ၏။ ၎င်းမှာ ထင်ရှားလှသော မြင်းကောင်းတစ်ကောင် ဖြစ်မည်။
မုကျန့်က သူ၏လက်ကို ကမ်းလိုက်ရာ နန်းတွင်းအစေခံမှာ ချက်ချင်းဆိုသလို မြင်းဇက်ကြိုးကို ရိုသေစွာဖြင့် သူ့အား ကမ်းပေးလိုက်သည်။
"မြင်းစီးဖူးလား"
ဝမ်မင်ယွီမှာ ခေါင်းခါပြလိုက်သော်လည်း သူ၏မျက်လုံးများတွင် မြင်းကြီးကို ကြည့်ရင်း စီးကြည့်ချင်စိတ် တသသဖြစ်နေပြီး အလွန်အမင်း စပ်စုလိုစိတ်တို့ကလည်း ထင်ရှားနေသည်။
ယုတ္တိဗေဒအရ သီအိုရီနှင့် ကြိုတင်ကာကွယ်မှုများကို ဦးစွာ ရှင်းပြပြီးမှ လက်တွေ့ လေ့ကျင့်သင့်သည်ပင်။ သို့သော် မုကျန့်ဟာ သမားရိုးကျ လမ်းကြောင်းကို ဘယ်သောအခါမှ လိုက်နာတတ်သူ မဟုတ်ပေ။
သူက တိုက်ရိုက် စပြီးေလ့ကျင့်ရန်သာ ရွေးချယ်လိုက်၏။
ဝမ်မင်ယွီမှာ သူ့ဘေးမှ လေပြင်းတစ်ချက်တိုက်သွားသလို ခံစားလိုက်ရပြီး မျက်တောင်တစ်ခတ်အတွင်း၌ မုကျန့်က မြင်းပေါ်သို့ လျင်မြန်စွာ ခုန်တက်လိုက်ပြီး ခိုင်မြဲစွာ ထိုင်နေသည်ကို တွေ့လိုက်ရလေသည်။ ကျယ်ပြန့်သော ပခုံးများနှင့် ရှည်လျားသော ခြေထောက်များဖြင့် သူက မားမားမတ်မတ်ဖြစ်နေ၏။ မြင်းနက်ကြီးက သူ့ကို ပို၍ပင် ခန့်ညားထည်ဝါသွားစေကာ သဘာဝအတိုင်း ထွန်းလင်းတောက်ပနေသူတစ်ဦးကဲ့သို့ ဖြစ်သွားစေသည်။
သူသည် ဝမ်မင်ယွီထံသို့ လက်ကမ်းပေးပြီး ပြောလာသည်။
"ကိုယ်တော်နဲ့ အရင် တစ်ပတ်ပတ်ကြည့်လိုက်"
ဝမ်မင်ယွီ၏ မျက်လုံးများ ချက်ချင်းဆိုသလို တောက်ပသွားသည်။
မြင်းကို ဒီလောက် မြန်မြန်ကြီး စီးရမယ်လို့ မမျှော်လင့်ထားဘူး။ ဒါပေမဲ့... သူ့ကို ဘယ်လို ခေါ်သွားမလို့လဲ?
သူသည် ခဏတာ ရပ်တန့်သွားပြီး အနည်းငယ် တွေဝေလျက် သူ၏လက်ကို ချီတုံချတုံဖြင့် ကမ်းပေးလိုက်သည်။
မုကျန့်က သူ မြင်းပေါ်တက်ရန် ခက်ခဲေနမည်ကို သဘောပေါက်သွားပုံရပြီး သူ၏လက်ကို ပြန်ရုတ်လိုက်သည်။ ဝမ်မင်ယွီ တုံ့ပြန်နိုင်ခြင်း မပြုမီ၌ပင် သူက ကိုယ်ကို ကိုင်းလာပြီး ဝမ်မင်ယွီ၏ ခါးကို ဆုပ်ကိုင်၍ သူ့ကို လေထဲသို့ မြှောက်တင်လိုက်ပြီး သူ၏ ရှေ့တွင် ထိုင်စေ၏။ ထို့နောက် လက်ကိုမလွှတ်ေတာ့ဘဲ သူ၏လက်ကို ဝမ်မင်ယွီ၏ ခါးတစ်ဝိုက်တွင် ဆက်ဖက်ထားကာ ပိုင်ဆိုင်လိုစိတ် ပြင်းပြစွာဖြင့်ပင် ဆုပ်ကိုင်ထားလိုက်ေသးသည်။
မုကျန့်က အရပ်မြင့်ပြီး သန်မာသည်။ ဝမ်မင်ယွီသည်လည်း အရပ်မြင့်သည်ဆိုသော်ငြား ပိန်သွယ်သဖြင့် နှိုင်းယှဉ်ကြည့်လျှင် အနည်းငယ် သေးငယ်နေသယောင်ရှိပြီး မုကျန့်၏ ရင်ခွင်ထဲ၌ လုံးဝကို ပိတ်မိနေသလို ဖြစ်နေေလသည်။
ဤမြင်ကွင်းဟာ နန်းတွင်းအစေခံများကိုပင် တုန်လှုပ်သွားစေခဲ့သည်။ သို့သော် ကျောက်သဲ့ချွမ်ကမူ ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်နေပြီး ၎င်းကို သာမန်ဟုသာ ထင်မြင်ေနပုံပင်။
မည်သို့ပင်ဆိုစေကာမူ ပုံပြင်စာအုပ်နှင့် ပတ်သက်သည့် အဖြစ်အပျက်ပြီးနောက်ပင်လျှင် ဧကရာဇ်က ဝမ်မင်ယွီကို မသတ်ခဲ့ပေ။ ထိုအစား သူ(ဝမ်မင်ယွီ)နှင့် စကားပြောပြီးနောက်တွင် သူ၏ ဒေါသနှင့် သတ်ဖြတ်လိုစိတ်များပါ ငြိမ်သက်သွားခဲ့ေသး၏။ ကျောက်သဲ့ချွမ်ဟာ ဝမ်မင်ယွီ မည်မျှ ထူးခြားသည်ကို သိရှိနားလည်ခဲ့ပြီးလေပြီ။
အခြားသူများက မုကျန့်နှင့် ဝမ်မင်ယွီတို့ မြင်းအတူစီးနေသည်ကိုသာ မြင်ကြပြီး သူတို့၏ ကိုယ်ဟန်အနေအထားကလည်း ရင်းနှီးနေ၍ ဧကရာဇ်၏ မျက်နှာသာပေးမှုကို သက်သေပြနေသည့်အလား။ သို့သော် အမှန်တကယ်တွင် ဝမ်မင်ယွီဟာ သူတို့ ထင်ထားသည်ထက် ပို၍ ဆင်းရဲဒုက္ခ ရောက်နေရှာသည်။
သူတို့နှစ်ဦး အလွန်နီးကပ်နေသောကြောင့် သူ့မှာ မုကျန့်၏ အားကောင်းသော ဖယ်ရိုမုန်းများဖြင့် လုံးဝ ဖုံးအုပ်ခြင်း ခံေနရသည်။ ထွက်ပြေးစရာ နေရာမရှိသော ပိုက်ကွန်ထူထူတစ်ခုအလား။
သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိကာ ရှေ့သို့ ဂရုတစိုက် ကိုင်းလိုက်ပြီး သူနှင့် မုကျန့်ကြား အကွာအဝေးတစ်ခု ဖန်တီးရန် ကြိုးပမ်းလိုက်သည်။ သို့သော် မုကျန့် မြင်းဇက်ကြိုးကို ရွှေ့လိုက်သည်နှင့် မြင်းကလည်း နာခံကာ ရှေ့သို့ ရွေ့လျားသွားေတာ့သည်။ အရှိန်ကြောင့် ဝမ်မင်ယွီမှာ နောက်သို့ လဲကျသွားပြန်ကာ မုကျန့်အား ခပ်ဖြည်းဖြည်း တိုက်မိသွားတော့၏။ သူ၏ ကျောပြင်နှင့် ခပ်မာမာ ရင်ဘတ်တို့ တင်းတင်းကျပ်ကျပ် ဖိကပ်မိသွားပြီး အပူရှိန်ဟာလည်း ဝတ်ရုံမှတဆင့် ကူးစက်သွားရာ ဝမ်မင်ယွီ၏ ကျောပြင်မှာ ပူနွေးကာ ထုံကျင်သွားသည်။
သူ လုပ်ခဲ့သော လျှို့ဝှက်လှည့်ကွက်လေးများအားလုံးသည် ချက်ချင်းဆိုသလို အသုံးမဝင်တော့ချေ။
ဝမ်မင်ယွီ၏ နှာခေါင်းထဲတွင် ပြင်းပြသော ယမကာဖယ်ရိုမုန်းနံ့များဖြင့် ပြည့်နှက်နေပြီး အနည်းငယ်ပင် မူးယစ်လာစေသည်။
သူ မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ခြောက်သွေ့သောအသံဖြင့် မေးလိုက်သည်။
"...အရှင် ဒီနေ့ စိတ်ကြည်နေတာလား"
မုကျန့်၏ တည်ငြိမ်သောအသံ ထွက်ပေါ်လာ၏။
"ဟုတ်မှာပေါ့။ ဘာလို့ အဲဒီလို ပြောတာလဲ"
ဝမ်မင်ယွီ: "....."
အနံ့ခံလို့ ရနေတယ်လေ။
ယမကာနံ့က အနည်းငယ် ပြင်းသော်လည်း တော်တော်လေး မွှေးသည်။ အာရုံစိုက်၍ ရှူလိုက်သောအခါ သူတောင် စိတ်ကြည်သွားသဖြင့် ကိစ္စကြီးကြီးမားမား မရှိေတာ့ပေ။ အရေးအကြီးဆုံးမှာ မုကျန့်တစ်ယောက် စိတ်ကြည်ေနခြင်းဖြစ်ရာ သူ ပို၍ပင် လုံခြုံသွားသည်ဟု ခံစားလိုက်ရပြီး အမှားလုပ်မိမည်ကိုလည်း စိုးရိမ်စရာ မလိုတော့ပေ။
ထို့ကြောင့် ဝမ်မင်ယွီသည် အနည်းငယ် စိတ်လျှော့လိုက်ပြီး သူ၏ အာရုံကို ပြောင်းလိုက်ကာ မြင်းစီးခြင်း၏ ထူးခြားမှုနှင့် စိတ်လှုပ်ရှားဖွယ်ေကာင်းမှုတို့ကို ခံစားရန်သာ အာရုံစိုက်လိုက်ေတာ့သည်။
မုကျန့်က သူ့ကို ကိုယ်တိုင် သင်ကြားပေးမည်ဟု ပြောခဲ့ပြီးနောက် အမှန်တကယ်ပင် ဆရာတစ်ဦးကဲ့သို့ သင်ကြားပေးလာခဲ့၏။ သူက မြင်းစီးရင်းဖြင့် လေ့ကျင့်ရေးကွင်းတစ်ပတ် ပတ်ပြကာ လမ်းတစ်လျှောက်တွင်လည်း မြင်းစီးနည်းစနစ်များစွာကို ရှင်းပြပေးခဲ့ေလသည်။
မုကျန့်က တိုတောင်းသော စကားလုံးများကိုသာ အသုံးပြုပြီး ဖြည်းဖြည်းနှင့် ပျင်းတိပျင်းရွဲ ပြောေနခြင်းဖြစ်သော်လည်း သူဟာ အဓိကအချက်ကိုသာ တည့်တည့် ပြောပြသဖြင့် ဝမ်မင်ယွီကဲ့သို့ အတွေ့အကြုံမရှိသူတစ်ဦးအတွက်ပင် လုပ်ဆောင်ရမည့်အရာကို လွယ်လွယ်ကူကူ နားလည်သွားစေသည်။
တစ်ပတ်ပတ်ပြီးနောက် မုကျန့်က မရပ်ပစ်လိုက်သလို ဝမ်မင်ယွီကိုလည်း မြင်းပေါ်မှ ဆင်းခိုင်းခြင်း မရှိပေ။ သူတို့ နှစ်ဦးသား ဆက်လက်၍ အတူစီးနင်းခဲ့ကြသည်။
သို့သော် သူက မြင်းဇက်ကြိုးကို ဝမ်မင်ယွီအား ပေးလိုက်ပြီး စမ်းပြီး ထိန်းခိုင်းကြည့်သည်။
ဤအချင်းအရာကို မြင်သောအခါ ကျောက်သဲ့ချွမ်ခမျာ သူ၏ နှလုံးသားပင် တင်းကျပ်သွားရ၏။ မြင်းမစီးဖူးသူတစ်ဦးအတွက် မြင်းဇက်ကြိုးကို ထိန်းရခြင်းက အလွန်အမင်း အန္တရာယ်များေလသည်။ သို့သော် ဤသည်မှာ ဧကရာဇ်၏ ဆုံးဖြတ်ချက်ဖြစ်ပြီး ငြင်းခုံရန် နေရာမရှိသဖြင့် သူဟာ သေချာပေါက် အသံတစ်ချက်ပင် မထုတ်ဝံ့ပေ။
ဝမ်မင်ယွီမှာ ရုတ်တရက်ဆိုသလို မြင်းဇက်ကြိုးက သူ့လက်ထဲ ရောက်လာချိန်၌ အမှန်တကယ်ပင် စိုးရိမ်သွားခဲ့လေသည်။ ၎င်းမှာ သူ့အား အပူတပြင်း ပစ်ချချင်မိသော အာလူးပူတစ်လုံး ပေးခံလိုက်ရသလို ဖြစ်ပြီး သူ့မှာ ပစ်ချလိုက်ချင်သော်လည်း တစ်ချိန်တည်းမှာပင် စမ်းသပ်ကြည့်ဖို့ တိုက်တွန်းနေသည့် စိတ်ဆန္ဒတစ်ခုကလည်း သူ့နှလုံးသားထဲ၌ ထိုးတက်လာ၏။
နောက်ဆုံးတွင် စမ်းကြည့်လိုစိတ်က အနိုင်ရခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ သူ၏နောက်တွင် အတွေ့အကြုံရှိသော မြင်းစီးသမားတစ်ဦး ရှိနေသဖြင့် မုကျန့်က ဖြစ်ပျက်သမျှကို လျစ်လျူရှုေနလိမ့်မည်ဟု သူ မထင်ပေ။ အထူးသဖြင့် သူကိုယ်တိုင်သည်လည်း မြင်းပေါ်တွင် ရှိနေသောကြောင့် ဖြစ်၏။
ဝမ်မင်ယွီဟာ ဉာဏ်ကောင်းပြီး ရှင်းပြချက်ကိုလည်း အလွန်ဂရုစိုက် နားထောင်ခဲ့၍ အားလုံးကို မှတ်သားထားခဲ့ေလသည်။ သူ၏ ပထမဆုံး စမ်းကြည့်မှုကပင် သိပ်ပြီးဆိုးရွားေနခြင်းမရှိဘဲ မုကျန့်၏ ညွှန်ကြားချက်များအတိုင်း သတိကြီးကြီးဖြင့် လိုက်နာခဲ့သည်။
သူ ကျောကို မတ်မတ်ထားကာ ရှေ့သို့ တည့်တည့်စိုက်ကြည့်လိုက်သည်။ သူ၏ မျက်တောင်များမှာ အနည်းငယ် တုန်ယင်နေပြီး သူ့လက်ထဲမှ မြင်းဇက်ကြိုးနှင့် သူ့ရှေ့မှ မြင်းကို မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
မုကျန့်၏ ရှုထောင့်မှကြည့်လျှင် ဝမ်မင်ယွီ၏ တောင့်တင်းနေသော်လည်း အေးဆေးတည်ငြိမ်ဟန်ဖြစ်နေသော ဘေးတိုက်သွင်ပြင်ကို မြင်နေရ၏။ သူ(ဝမ်မင်ယွီ)၏ နှုတ်ခမ်းများမှာ တင်းတင်းစေ့ထားပြီး အခုလေးတင် သင်ကြားထားသည့်အတိုင်း အတိအကျ လုပ်ဆောင်ကာ အလွန် နာခံမှုရှိနေေလသည်။
မုကျန့်သည် ကိုယ်တိုင်ပင် သတိမထားမိဘဲ လှုပ်ရှားလိုက်မိပြီး ဝမ်မင်ယွီ၏ ခါးကို ဖက်ထားသော လက်သည်လည်း တင်းကျပ်သွားေလရာ ဝမ်မင်ယွီကို လန့်သွားစေ၏။
ဝမ်မင်ယွီ အမြန် လှည့်ကြည့်လာသည်။
"ကျွန်တော် ဘာမှားသွားလို့လဲ?"
သူ ကောင်းမွန်စွာ လုပ်ဆောင်ခဲ့၏။ သူဟာ ထူးချွန်ပြီး သိတတ်သော ကျောင်းသားတစ်ဦး ဖြစ်ေလသည်။
သို့သော် မုကျန့်ကမူ ကျိုးကြောင်းဆီလျော်သော ဆရာတစ်ဦး မဟုတ်ပေ။
မည်သို့ပင်ဆိုစေ မုကျန့်က တည်ငြိမ်နေဆဲဖြစ်ပြီး မည်သည့် စိတ်ခံစားမှုကိုမှ မပြသချေ။ သူက လက်လှမ်းပြီး မြင်းဇက်ကြိုး ကိုင်ထားသော ဝမ်မင်ယွီ၏ လက်ကို ဆုပ်ကိုင်လိုက်ကာ သူ၏ လက်ညှိုးဖြင့် ညင်သာစွာ ချိတ်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။
"မင်းကိုင်ထားတာ တင်းလွန်းတယ်။ နည်းနည်းလျှော့ဦး"
ဝမ်မင်ယွီမှာ သူ ပြောသည့်အတိုင်း နာခံစွာ လုပ်ဆောင်လိုက်သော်လည်း သူ၏ နားရွက်ဖျားတွင် ပဲ့တင်ထပ်နေသော အသံ၏ ထူးထူးဆန်းဆန်း ဗလုံးဗထွေးဖြစ်နေမှုကိုတော့ သတိမထားမိလိုက်ပေ။
နှစ်နာရီကြာပြီးနောက်
ပထမဆုံးအကြိမ် မြင်းစီးလေ့ကျင့်မှု ပြီးဆုံးပြီးနောက် ဝမ်မင်ယွီကို မြင်းပေါ်မှ ချပေးလိုက်သည်။ သူ၏ ခြေထောက်များ မြေပြင်ကို ထိသည်နှင့် သူဟာ အလွန်အမင်းကို နာကျင်သွားတော့သည်။ မတ်တပ်ပင် မရပ်နိုင်တော့သည်အထိ အားနည်းသွားရာ မသိလျှင် ထုတ်ပြောရန်မသင့်တော်သည့် လေ့ကျင့်ခန်းတစ်မျိုးကို ပြင်းပြင်းထန်ထန်လုပ်ထားသည့်အလား။
မုကျန့်က ဤသို့ဖြစ်မည်ကို ကြိုသိနေသည့်အလား အရံသင့်ကူညီပေးလာသည်။
ထို့နောက် ဝမ်မင်ယွီမှာ ပုံမှန်အတိုင်း ရှေ့သို့ ဆက်လျှောက်သွားရာ သူ၏ ပေါင်ခြံမှ ရုတ်တရက် ပူလောင်သော နာကျင်မှုတစ်ခု ခံစားလိုက်ရပြီး သူကိုယ်တိုင်ပင် သတိမထားမိဘဲ ခြေထောက်များကို ဖြဲကာ ပင်ဂွင်းလေးတစ်ကောင်ကဲ့သို့ ကွတတဖြင့် သတိထားပြီး ဖြည်းဖြည်းချင်း လျှောက်သွားတော့သည်။
တစ်ချိန်တည်း၌ အပေါ်စီးမှ ရယ်သံကျယ်ကျယ်တစ်သံ ထွက်ပေါ်လာ၏။
ဝမ်မင်ယွီ မော့ကြည့်လိုက်ရာ မုကျန့်၏ နှုတ်ခမ်းထောင့်စွန်းများ သိသိသာသာ ကွေးညွှတ်နေသည်ကို တွေ့လိုက်ရလေသည်။
ဒီခွေးဧကရာဇ် သူ့ကို လှောင်နေတာ!
ဝမ်မင်ယွီမှာ ရှက်လည်းရှက်သွားရသလို ဒေါသလည်း ထွက်သွားရပြီး စိတ်ဆိုးသွားတော့သည်။ သူက မုကျန့်ကို ဘေးသို့ တွန်းထုတ်ပစ်လိုက်ပြီး ဒေါသတကြီးဖြင့် ရှေ့သို့ ဆက်လျှောက်သွားသော်လည်း သူ၏ ခြေထောက်များ နာကျင်နေသောကြောင့် မြန်မြန် မလျှောက်နိုင်ဘဲ ယိုင်တိုင်တိုင် ပင်ဂွင်းေပါက်လေးတစ်ကောင်နှင့် ပို၍ပင် တူနေေတာ့သည်။
ခပ်ဆင်ဆင် တူနေခြင်းတောင် မဟုတ်ဘဲ ချွတ်စွပ်ကို တူနေခြင်းဖြစ်၏။
နန်းတွင်းအစေခံများက ဝမ်မင်ယွီ ဧကရာဇ်၏ လက်ကို ခါချလိုက်သောအခါ၌ တုန်လှုပ်သွားကြပြီး မုကျန့်ဒေါသထွက်ကာ သူတို့အားလုံးကိုပါ သတ်ပစ်လိုက်မည်ကိုပင် ကြောက်ရွံ့သွားကြသည်။ သို့သော် အံ့အားသင့်ဖွယ်ကောင်းသည်မှာ နောက်တစ်စက္ကန့်တွင် ဧကရာဇ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ခြင်းဖြစ်၏။ အေးစက်စက် ရယ်သံေတာင်မဟုတ်ဘဲ ရူးသွပ်သွားသကဲ့သို့ အထိန်းအကွပ်မရှိ ကျယ်ကျယ်လောင်လောင် အော်ရယ်လိုက်သံဖြစ်သည်။ သူ၏ ပုံမှန် စိတ်ခံစားမှုမရှိသည့် မှောင်မိုက်မိုက် မျက်နှာသည်ပင် ရေခဲအလွှာ ရုတ်တရက် ကွဲအက်သွားသလို မမျှော်လင့်ဘဲ အသက်ဝင်လာခဲ့၏။
ရယ်သံကို ကြားလိုက်ရသောအခါ ဝမ်မင်ယွီသည်လည်း ချက်ချင်း တောင့်တင်းသွားရပြီး အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်မိကာ မျက်လုံးများပင် ပြူးကျယ်သွားေတာ့သည်။
အမှန်တွင် သူဟာ ခြေလှမ်းနှစ်လှမ်းလောက် လှမ်းပြီးနောက် နောင်တရနေလေပြီ။ သူ အလျင်စလို ပြုမူလိုက်မိသည့်အပေါ်တွင်လည်း သူ့ကိုယ်သူ စိတ်အနှောင့်အယှက် ဖြစ်မိ၏။
တကယ်လို့ ဒီမင်းဆိုးမင်းကြီးကို စိတ်တိုအောင် လုပ်မိသွားခဲ့ရင်ရော?
သူက ကိုယ့်သေတွင်းကိုယ် တူးနေတာမဟုတ်ဘူးလား?
ရလဒ်အနေဖြင့် သူ မြင်လိုက်ကြားလိုက်ရသည်မှာ.....
ဝမ်မင်ယွီသည် ဤတစ်ကြိမ်တွင် အလွန်ကို ဒေါသထွက်သွားတော့၏။
ခွေးဧကရာဇ်!
ငါ မင်းကို သတ်ပစ်မယ်!