အခန်း(၁၃)ယုန်ကိတ်မုန့်
စာရေးသင်ခြင်းဆိုသည်မှာ စကားလုံးတို့၏ အဓိပ္ပာယ်ကို သိရုံသက်သက်မျှမကဘဲ ယင်းတို့ကို မည်သို့ အသုံးပြုရမည်ကို ပိုမိုအလေးထား သင်ယူရခြင်းဖြစ်၍ သဒ္ဒါစသော နက်နဲသည့် အရာများ ပါဝင်လာသည်မှာလည်း သဘာဝပင်။
ကျောင်းခန်းထဲ၌ သင်ကြားရုံမျှနှင့် မလုံလောက်ချေ။ ဝမ်မင်ယွီဟာ အင်္ဂလိပ်စာ သင်ယူစဉ်ကပင် သူ၏ ဘာသာစကားဆိုင်ရာ အာရုံခံစားမှု မြင့်မားလာစေရန်အတွက် မူရင်းနိုင်ငံခြားစာပေများနှင့် အသံသွင်းရုပ်ရှင်များကို ကြည့်ရှုလေ့လာခဲ့သကဲ့သို့ ယခုတွင်လည်း စာသင်ချိန်ပြင်ပ၌ စာအုပ်စာပေများကို ပိုမိုဖတ်ရှုရန် လိုအပ်လာ၏။
ကုံးရွှယ်၏ လုပ်ဆောင်ချက်များမှာ စနစ်တကျ ရှိသော်လည်း ရှေးရိုးစွဲသည်အထိတော့ မဟုတ်ပေ။ သူဟာ ရိုးရာပုံပြင်များက ပုံမှန်စာလေ့လာဖို့အတွက် သုံးရန် မသင့်လျော်ဟု ယုံကြည်ထားလေသည်။ ပညာရှိများကလည်း ထိုအရာများ ဆွေးနွေးရမည်ကို မကြိုက်သလို သူတို့ ထိုအရာအား ဖတ်ထားကြောင်း တခြားသူကို သိစေချင်စိတ် မရှိနိုင်ဟုသာ သူ ယူဆခဲ့၏။ သို့သော် ဝမ်မင်ယွီအား ရိုးရာပုံပြင်များကို မဖတ်ရှုရန်အတွက်တော့ ကုံးရွှယ်က မတားမြစ်ခဲ့ပေ။ ထိုအစား သူက ဝမ်မင်ယွီကို စာလုပ်ချိန်နှင့် အနားယူချိန် မျှတစေဖို့အတွက် စာသင်ချိန်ပြင်ပမှာ တစ်ခါတလေ ဖတ်ရှုဖို့ ပုံပြင်စာအုပ်အချို့ကိုပင် အကြံပြုခဲ့သေးသည်။
ဤသို့ဖြင့် ဝမ်မင်ယွီဟာ ပုံပြင်စာအုပ်များ စတင်ဖတ်ရှုခဲ့သည်။ ထို့ပြင် သူဟာ တစ်ချက်ကြည့်ရုံဖြင့် စာကြောင်းဆယ်ကြောင်းလောက်အထိ လျင်မြန်စွာ ဖတ်နိုင်သူဖြစ်ရာ ပုံပြင်စာအုပ်များကို သူ့ထံ အဆက်မပြတ် ပေးပို့ရန် လိုအပ်လာ၏။
နန်းတော်သည် အန္တရာယ်ပေါများသော နေရာဖြစ်သည်။ နန်းတွင်းအစောင့်များက နေ့ရောညပါ အလှည့်ကျ ကင်းလှည့် စောင့်ကြပ်နေကြ၍ နန်းတော်တစ်ခုလုံးကို မည်သူမျှ မထိုးဖောက်နိုင်အောင် ကာကွယ်ထားသည်ဟု ထင်ရသော်လည်း လူရှိရာအရပ်တိုင်း၌ လျှို့ဝှက်ကြံစည်မှုများနှင့် ကောက်ကျစ်စဉ်းလဲမှုများလည်း ရှိနေသည်။ နန်းတွင်းအမှုထမ်း အားလုံးသည်လည်း ဧကရာဇ်အပေါ် သစ္စာေစာင့်သိသူများ မဟုတ်ကြ။ အချို့မှာ မကောင်းသော ရည်ရွယ်ချက်များ ရှိေနကြပြီး ပြင်ပအင်အားစုအချို့၏ လက်ကိုင်တုတ်များ ဖြစ်နေကြ၏။
ကျောက်သဲ့ချွမ်သာ ဝမ်မင်ယွီကို ဤကာလအတွင်း မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ လူအများကို အမိန့်မပေးခဲ့မိပါလျှင် သူတို့သည် ထိုအရာကို ရှာတွေ့နိုင်ဖွယ် မရှိချေ။ အကြောင်းမှာ ပြဿနာသည် ပုံပြင်စာအုပ်ထဲရှိ သီးခြားစာမျက်နှာ တစ်ခုတွင် တည်ရှိနေခြင်းကြောင့် ဖြစ်၏။
ကျောက်သဲ့ချွမ်၏ လက်အောက်ငယ်သားဟာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိလိုက်ပြီး မူလက ဝမ်မင်ယွီထံ ပေးပို့ရန်အတွက် ရည်ရွယ်ထားသော ပုံပြင်စာအုပ်တစ်အုပ်ကို မျက်နှာဖြူဖျော့စွာဖြင့် လွှဲပြောင်းပေးလိုက်သည်။ ကျောက်သဲ့ချွမ်သည်လည်း မကောင်းသော နိမိတ်ကို ခံစားမိလိုက်၍ ယူကြည့်လိုက်သောအခါ သူ၏ မျက်နှာအမူအရာဟာ ချက်ချင်းဆိုသလို အလွန်ဆိုးရွားသွားတော့၏။
ထိုစာမျက်နှာတွင် ရေးသားထားသည်မှာ...
ဤနောက်ကွယ်မှ လူသည် သူတို့အား အသေသတ်လိုနေခြင်း ဖြစ်၏။
ဤပုံပြင်ကို ဖတ်ဖို့ရည်ရွယ်ထားသည့် ဝမ်မင်ယွီသာမကဘဲ ဤကိစ္စကို ကိုင်တွယ်သူမှန်သမျှပင် သေဆုံးရနိုင်ဖွယ်ရှိသည်။
ကျောက်သဲ့ချွမ်မှာ အသိစိတ်ကင်းမဲ့သွားသလိုပင် ဖြစ်သွား၏။ အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင် ဤပုံပြင်စာအုပ်အား ဧကရာဇ်ထံ လွှဲပြောင်းပြီး ဆုံးဖြတ်ချက်ကို နာယူရန်သာ ဆုံးဖြတ်လိုက်ေတာ့သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်၌ လျှို့ဝှက်ထားနိုင်ခဲ့လျှင်ပင် နောက်ပိုင်း၌ ဧကရာဇ်သာ ပြန်သိသွားပါက ပိုမိုကြောက်မက်ဖွယ် ကံကြမ္မာကိုသာ ခံစားရမည် ဖြစ်သောကြောင့်။
မုကျန့်က သူ့အား ဆက်သထားသော ပုံပြင်စာအုပ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ မိန့်ဆိုလိုက်၏။
"ကျောက်သဲ့ချွမ်...ငါကိုယ်တော်မှာ ပုံပြင်စာအုပ်ဖတ်ဖို့ အချိန်ရှိတယ်လို့များ မောင်မင်းထင်နေတာလား"
ကျောက်သဲ့ချွမ်ဟာ ဦးခေါင်းကို နက်နက်ရှိုင်းရှိုင်း ငုံ့ညွှတ်လျက် အလွန်အမင်းရိုေသလေးစားဟန်ဖြင့် လျှောက်တင်၏။
"ဒါက သခင်လေးဝမ်ဆီ ပို့ပေးဖို့အတွက် ရည်ရွယ်ထားတဲ့ ပုံပြင်စာအုပ်ပါ။ ဒါပေမဲ့.....ဒီထဲမှာ မသင့်လျော်တဲ့ အပိုင်းတွေ ပါနေပါတယ်။ ကျေးဇူးပြုပြီး အရှင်မင်းကြီး ကြည့်ရှုပေးဖို့ တောင်းဆိုပါတယ်"
မုကျန့်က မည်သို့ ဖြစ်သနည်းဟု ခန့်မှန်းကြည့်လိုက်ပြီးနောက် ပုံပြင်စာအုပ်ကို ယူရန် လက်လှမ်းလိုက်သည်။
ခန်းမဆောင်တစ်ခုလုံးသည် ထူးထူးခြားခြား တိတ်ဆိတ်သွား၏။
ကျောက်သဲ့ကချွမ်၏ နဖူးမှ ချွေးေစးတစ်စက် စီးကျလာသည်။ သူဟာ မီးဖိုပေါ်၌ အကင်ခံနေရသလို သို့တည်းမဟုတ် သူ့ခေါင်းပေါ်၌ ချွန်ထက်သော သံဓားတစ်လက်ချိတ်ဆွဲထားပြီး ထိုဓားက အချိန်မရွေး ပြုတ်ကျကာ သူ့လည်ပင်းကို ဖြတ်လိုက်တော့မလိုပင် ခံစားနေရ၏။ သူ့ခမျာ အလွန်အမင်းကို နာကျင်နေလေသည်။
အထက်မှ ရုတ်တရက်ဆိုသလို အေးစက်စက် ရယ်သံတစ်ခု ထွက်ပေါ်လာ၏။
ကျောက်သဲ့ချွမ်မှာ ခေါင်းကိုသာ ငုံ့ထားလျက် တုပ်တုပ်မျှမလှုပ်ရဲချေ။
"သေရရှင်ရကောင်းမှန်းမသိတဲ့ အဖိုးကြီး! ရာရာစစ နန်းတော်ထဲထိ ပြဿနာလာရှာရဲတယ်ပေါ့? ကျောက်သဲ့ချွမ်...ဒီပုံပြင်စာအုပ်တွေ ပို့ပေးလိုက်တဲ့လူကို အရှင်လတ်လတ် အရေခွံနွှာပြီး သူ့အရေခွံကို ရုံကွော်နယ်စားရဲ့ အိမ်တံခါးဝမှာ သွားချိတ်လိုက်!"
ကျောက်သဲ့ချွမ်မှာ တုန်လှုပ်သွားပြီး ချက်ချင်း ဒူးထောက်လိုက်ကာ သူ၏ ကြောက်ရွံ့မှုကို ထိန်းချုပ်ရင်း တိုးလျသော အသံဖြင့် တောင်းပန်လိုက်သည်။
"အရှင်မင်းကြီး...ဒီပုံပြင်စာအုပ်ကို စစ်ဆေးပြီး ပြဿနာရှာတွေ့ခဲ့တာက ကျွန်တော်မျိုးရဲ့ငယ်သားတစ်ယောက်ပါ။ ဒါပေမဲ့ သူက အထဲက အကြောင်းအရာတွေကိုလည်း တွေ့လိုက်ပါတယ်။ ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ဆုံးဖြတ်ချက်ချပေးတော်မူပါ အရှင်မင်းကြီး..."
မုကျန့်၏ မျက်နှာထားဟာ အေးစက်နေပြီး သူ၏ မျက်လုံးများတွင်လည်း သွေးရောင်လွှမ်းနေကာ သဘာဝမကျသော အနီရောင် တောက်တောက်များဖြင့် ပြည့်နှက်နေသည်။ သူ၏ မျက်ဝန်းများထဲ၌ မည်သည့် သက်ရှိသတ္တဝါကိုမျှ မမြင်ရတော့သည့်ပမာ ဖြစ်နေ၏။
"မလောဘူး။ ဒီပုံပြင်စာအုပ်ကို ဝမ်မင်ယွီဆီ အရင်ပို့ပေးလိုက်။ ဖတ်ကြည့်ပြီးရင် သူဘယ်လို တုံ့ပြန်မလဲဆိုတာ ကိုယ်တော် သိပ် သိချင်နေလို့"
ကျောက်သဲ့ချွမ်မှာ တုန်လှုပ်သွားပြီး ရုတ်တရက် ခေါင်းပင်မော့ကြည့်လိုက်မိသော်လည်း မုကျန့်နှင့် မျက်လုံးချင်းဆုံသွား၍ ချက်ချင်း ခေါင်းပြန်ငုံ့ကာ နဖူးဖြင့် မြေပြင်ကို ထိလိုက်တော့သည်။
"...ဟုတ်ကဲ့ပါ၊ ကျွန်တော်မျိုး ချက်ချင်း သွားလိုက်ပါ့မယ်"
ကျောက်သဲ့ချွမ် အရိုအသေပေး၍ နန်းေဆာင်တံခါးမှ ထွက်ခွာလာခဲ့ရာ သူ၏ နှလုံးသား၌ ရှုပ်ထွေးသော စိတ်ခံစားမှုများနှင့် ထိတ်လန့်ကြောက်ရွံ့မှုတို့ ပြည့်နှက်နေေတာ့သည်။ မှန်ပါသည်။ ဧကရာဇ်က သူ့အား အလွန်မျက်နှာသာ ပေးထားပုံရသော်လည်း တစ်ဖက်မှာတော့ ထိုသူဟာ မည်သူ့ကိုမဆို ချီတုံချတုံမရှိ ကွပ်မျက်ပစ်ရန် အမိန့်ပေးနိုင်ေနဆဲပင် ဖြစ်၏။
ပုံပြင်စာအုပ်ပါ အကြောင်းအရာသည် တားမြစ်ထားသော အရာဖြစ်သည်။ ရုံေကွာ်နယ်စား၏လူများသာ ယင်းကို ဝမ်မင်ယွီထံ အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့လျှင် ဝမ်မင်ယွီမှာ ဖတ်ပြီးနောက် သေဆုံးရမည်မှာ အသေအချာပင်။ သို့သော် သူတို့က လမ်းတစ်ဝက်၌ တားဆီးနိုင်ခဲ့သော်လည်း ဧကရာဇ်ကမူ ယင်းကို ဝမ်မင်ယွီထံသို့ ပို့ဆောင်လိုက်ရန်ပင် အမိန့်ပေးခဲ့ပြန်၏။ ဝမ်မင်ယွီအား သတ်ပစ်လိုခြင်း မဟုတ်ပါက အခြားမည်သည့် ရည်ရွယ်ချက် ရှိနိုင်ပါမည်နည်း။
ကျောက်သဲ့ချွမ်တွင်လည်း အသက်ရှင်နိုင်မည့် အခွင့်အရေး နည်းပါးလှသည်။ အကြောင်းမှာ ဤကိစ္စသည် ပြီးဆုံးသွားခြင်း မရှိသေး။ ဧကရာဇ်၏ သတ်ဖြတ်လိုစိတ် မလျော့ပါးသေးသဖြင့် မည်သူမျှ စိတ်ချလက်ချဖြင့် လုံခြုံစွာ နေနိုင်သေးမည်မဟုတ်ပေ။
ဝမ်မင်ယွီမှာ ထိုအခြေအနေများကို လုံးဝ သတိမထားမိပေ။ ပုံပြင်စာအုပ်ကို လက်ခံရရှိပြီးနောက် သူဟာ ပုံမှန်အတိုင်းသာ ဖတ်ရှုခဲ့၏။ ကျောက်သဲ့ချွမ်က သူ့အား နောက်ထပ်စာအုပ်တစ်အုပ် ယူလာပေးသည့်အခါတွင်လည်း သူဟာ လက်ထဲရှိ စာအုပ်ကို ဖတ်ပြီးကာစဖြစ်၍ အနည်းငယ် မကျေနပ်သေးသဖြင့် ဆက်လက်ဖတ်ရှုရန်သာ ပြင်ဆင်နေခဲ့ေလသည်။
ကျောက်သဲ့ချွမ်ဟာ ပါးစပ်ဖွင့်၍ တစ်စုံတစ်ရာကို ပြောလိုက်ချင်ဟန်ရှိသော်လည်း တွေဝေသွားပြီး နောက်ဆုံးတွင်မူ သည်အတိုင်းသာ ဆုတ်ခွာသွားတော့၏။
ဝမ်မင်ယွီက စာအုပ်ကို လျင်မြန်စွာ လှန်လှောဖတ်ရှုလိုက်သည်။ ၎င်းမှာ တိုင်းပြည်၏ ဒေသအသီးသီးမှ ဓလေ့ထုံးတမ်းများကို ဟာသနှော၍ စိတ်ဝင်စားဖွယ် ဖော်ပြထားသော ပုံပြင်စာအုပ်တစ်အုပ် ဖြစ်သည်။ သူဟာ စာအုပ်ဖတ်ရသည်ကို အလွန်နှစ်ခြိုက်နေသဖြင့် မုကျန့် ရောက်ရှိလာသည်ကိုပင် သတိမထားမိခဲ့ပေ။ ထို့ပြင် နန်းတွင်းအစေခံများသည်လည်း မုကျန့်၏ အမိန့်အရ မည်သည့်အသံမျှ မပြုဘဲ ဝပ်တွားလျက်သာ အရိုအသေပေးေနကြ၏။
နောက်ဆုံးတွင် ဝမ်မင်ယွီက ထိုစာမျက်နှာသို့ ရောက်ရှိလာေတာ့သည်။
ထိုစာမျက်နှာကို တွေ့ပြီးနောက် သူ၏ ပထမဆုံးတုံ့ပြန်မှုမှာ ရှေ့မှစာသားများနှင့် ဆက်စပ်မှုမရှိဟူ၍သာ ဖြစ်၏။
ထူးဆန်းလိုက်တာ! ဒါက ပုံတူကူးထားတဲ့ စာအုပ်များလား?
သူသည် တစ်စက္ကန့်မျှ ရပ်တန့်သွားပြီးနောက် အသိပြန်ဝင်လာကာ ပုံပြင်စာအုပ်ကို အားရပါးရ ဆောင့်ပိတ်ပစ်လိုက်ေတာ့သည်။ မသိလျှင် ထိုအရာဟာ စာအုပ်မဟုတ်ဘဲ လူသားစားသည့် မကောင်းဆိုးဝါးတစ်ကောင်အလား။
ဝမ်မင်ယွီမှာ ကျောရိုးတစ်လျှောက် စိမ်းအေးသွားရပြီး ချွေးေစးများပင် ထွက်လာသည်။ ပထမဆုံး စကားလုံးကို မြင်သည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ခံစားမိခဲ့သင့်သည်။ ယခုမူ တစ်ချက်ကြည့်လိုက်သည်နှင့် စာမျက်နှာတစ်ခုလုံးမှာ သူ၏စိတ်ထဲ၌ ချက်ချင်း စွဲထင်သွားတော့၏။ တစ်ချက်ကြည့်ရုံဖြင့် အရာရာကို မှတ်မိနိုင်သော စွမ်းရည်ဟာ ဤအခြေအနေတွင် မယုံနိုင်လောက်အောင် အသုံးဝင်နေလေပြီ။
မောင်းမဆောင်၏ လျှို့ဝှက်ချက်များကို စန်းရှီ ဖော်ထုတ်တော့မည့်အချိန်တုန်းက သူ တားဆီးရန် ကြိုးပမ်းနိုင်ခဲ့သော်လည်း ယခု ဤနေရာတွင် ဒုက္ခအကြီးအကျယ်နှင့် တွေ့ကြုံရပြန်သည်။
ဘယ်သူကများ သူ့ကို ဒီလောက်ထိ ရက်ရက်စက်စက် သေစေချင်နေရတာလဲ!?
ဝမ်မင်ယွီခမျာ ကျောရိုးတစ်လျှောက် စိမ့်အေးအေးကြီး ခံစားလိုက်ရပြီး ကြောက်လန့်တကြားဖြင့် သူ၏ အမြီးလုံးလေးလည်း ထွက်ပေါ်လာေတာ့၏။ ထိုအမြီးလေးမှာ နှင်းလိုဖြူဖွေးနေသည့် အမွေးလုံးသေးသေးလေးဖြစ်ပြီး သူ၏ မူလအသွင်စစ်ဖြစ်သကဲ့သို့ သူ့တင်ပါးအောက်၌ မငြိမ်မသက်ဖြင့် လှုပ်ရှားနေသည်။
သူဟာ ဘာမှ မဖတ်လိုက်ရသလို ဟန်ဆောင်ကာ ပုံပြင်စာအုပ်ကို တိတ်တိတ်လေး ဖျက်ဆီးပစ်ရန် စဉ်းစားနေခဲ့သော်လည်း မမျှော်လင့်ဘဲ ခေါင်းမော့ကြည့်လိုက်ေသာအခါ၌ နန်းတွင်းလျှို့ဝှက်ချက်များ၏ အဓိကဇာတ်ေဆာင်များထဲမှ တစ်ဦးဖြစ်သည့် မုကျန့်၏ မျက်လုံးများနှင့် ဆုံမိသွားတော့သည်။
တစ်ခဏတွင်းချင်း ဝမ်မင်ယွီမှာကြောက်လွန်း၍ သူ့ခန္ဓာကိုယ်မှ ဝိညာဉ်ပင် ထွက်သွားတော့မလို ဖြစ်သွား၏။
သူ၏ အမြီးလေး ထွက်လာသည်ကိုလည်း ခံစားလိုက်ရသည်။ သို့သော် ဘောင်းဘီအောက်၌ ဖြစ်နေသောကြောင့် ဘယ်သူမှ မမြင်နိုင်၍ ပြဿနာမရှိသော်လည်း သူ၏ ခေါင်းပေါ်ရှိ နားရွက်များပါ ထွက်လာမည်ဆိုပါက.....
သူက လက်ကို အမြန် မြှောက်လိုက်ပြီး ခေါင်းကို ဝတ်ရုံလက်ရှည်ဖြင့် ဖုံးအုပ်လိုက်ကာ စားပွဲပေါ်သို့ မှောက်ချလိုက်၍ ပြင်းထန်စွာ ချောင်းဆိုးလိုက်ေတာ့သည်။ ချောင်းဆိုးသံတစ်ဝက်မှာ အမှန်တကယ်ဖြစ်ပြီး ကျန်တစ်ဝက်မှာ လုပ်ကြံထားခြင်းဖြစ်၏။ သူဟာ စိုးရိမ်စိတ်ဖြင့် တကယ့်ကို အသက်ရှူကျပ်လာ၍ ချောင်းဆိုးမိသွားခြင်းဖြစ်သော်လည်း ဟန်ဆောင်ဖို့အတွက် ပိုပိုသာသာ လုပ်ပြလိုက်ခြင်းဖြစ်သည်။
စိတ်ခံစားမှုများ အလွန်ပြင်းထန်ေနသဖြင့် သူဟာ ကိုယ့်ကိုယ်ကိုယ် လုံးဝ မထိန်းချုပ်နိုင်တော့ပေ။ ယုန်နားရွက်ေလးများ ထွက်ပေါ်လာပြီး သူ့မျက်နှာ၏ ဘေးနှစ်ဖက်တွင် နူးညံ့စွာဖြင့် တွဲကျလာသည်။ သူ၏ ကြောက်ရွံ့တတ်သော သဘာဝအတိုင်းပင်။
မတော်တဆ နန်းတွင်းလျှို့ဝှက်ချက်များကို သိရှိသွားခဲ့သည့်အတွက် ကြောက်စိတ်ကြောင့် သူ၏ မူလအသွင်ဟာ တစ်ဖန် ပေါ်ထွက်လာတော့မည်။
ဒါက ဘာဖြစ်တာလဲ!? သူတော့ တကယ် သေရတော့မယ်!
ဝမ်မင်ယွီ ချောင်းဆိုးနေစဉ် ရုတ်တရက်ဆိုသလို သူ့ကျောပေါ်၌ လက်တစ်ဖက်ကို ခံစားလိုက်ရသည်။ ထိုလက်က သူ့အား ညင်သာစွာ ပွတ်သပ်ပြီး နှစ်သိမ့်ပေးနေ၏။ ပုံမှန်ဆိုလျှင် သူ ကျေးဇူးတင်မိသွားမည်ဖြစ်သော်လည်း၊ ထိုသူမှာ မင်းဆိုးမင်းညစ်ကြီး ဖြစ်နေလေသည်။
ဒါက သူအသက်ရှူကျပ်တာကို သက်သာစေဖို့ပဲလား ဒါမှမဟုတ် သူ့ကို အရှင်လတ်လတ် အရေခွံခွာဖို့ ကြိုးစားနေတာများလား။
ဒါက လုံးဝကို ရိုးရိုးလက် မဟုတ်နေဘူး! သူ့အပေါ် တွားသွားနေတဲ့ အဆိပ်ပြင်းမြွေတစ်ကောင်ပဲ!
နောက်ပြီး ယုန်တစ်ကောင်ရဲ့ ကျောကို ခွင့်ပြုချက်မရှိဘဲ လုံးဝ မထိရဘူးလေ...
ဝမ်မင်ယွီမှာ ယားယံသည့် ခံစားချက်က လှိုင်းလုံးကြီးပမာဖြင့် သူ့ဆင်ခြင်တုံတရားကိုပင် လွှမ်းမိုးလိုက်သောကြောင့် သူ့မှာ ဗီဇအတိုင်း မပြုမူမိဖို့ မနည်းခုခံနေရလေသည်။ သူဟာ အမွေးဖွားဖွား အလုံးလေးမှ ပျော့ပျောင်းဖြူဖွေးသော ယုန်ကိတ်မုန့်လေးအဖြစ် ပြောင်းလဲမိသွားချင်ပြီး ခြေလက်ေလးများကို ဆန့်ထုတ်ကာ သူ၏ ဝမ်းဗိုက်လေးကို ထုတ်ပြလိုစိတ်လည်း ပြင်းပြနေေတာ့၏။
သူ မထိန်းချုပ်နိုင်ေတာ့ဘဲ နူးညံ့သော၊ သနားစဖွယ် ညည်းသံသေးလေး တစ်ခုပင် ထုတ်မိသွားတော့သည်။
သူ့ကျောပေါ်ရှိ လက်သည်လည်း ရုတ်တရက် ရပ်တန့်သွားပြီး မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ ပြန်လည်ရုတ်သိမ်းသွားခဲ့၏။
လက်ကို ရုတ်သိမ်းလိုက်ခြင်းဟာ ထိုနန်းတွင်းလျှို့ဝှက်ချက်ပြဿနာများနှင့် ရင်ဆိုင်ရတော့မည်ဟု ဆိုလိုလိုက်ခြင်း ဖြစ်သော်ငြား ဝမ်မင်ယွီမှာ တိတ်တိတ်လေး သက်ပြင်းချလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သာ ဆက်လက် ထိတွေ့နေပါက သူဟာ နားရွက်ရှည် ယုန်လေးအဖြစ် ပြောင်းလဲသွားမိတော့မည်ကို အမှန်တကယ် စိုးရိမ်မိသောကြောင့်ပင်။
ဤရှေးခေတ်၌ သူ၏ အမွေးပွနားရွက်ေလးများနှင့် အမြီးကိုသာ တစ်စုံတစ်ယောက် မြင်တွေ့သွားပါက သူ့အား မကောင်းဆိုးဝါးတစ်ကောင်ဟုပင် သတ်မှတ်လိမ့်မည်ဖြစ်ကာ မီးရှို့သတ်ဖြတ်ခံရမည်မှာလည်း သေချာသလောက်ရှိ၏။
သူ့လက်ကောက်ဝတ်ကို ဆွဲ၍ မုကျန့်က မရမက ကြည့်မလာခင် စက္ကန့်ပိုင်းလေးအလို၌ ဝမ်မင်ယွီမှာ သူ၏ ယုန်နားရွက်လေးများကို လျင်မြန်စွာဖြင့် အချိန်မီပြန်သိမ်းနိုင်လိုက်သည်။ အလွန်အန္တရာယ်များသော အခြေအနေဖြစ်၏။
မုကျန့်က လက်လှမ်းပြီး သူ၏ မေးစေ့ကို ညှပ်ကာ မျက်နှာကို အတင်းအကျပ် မော့ခိုင်းလိုက်သည်။
သူ၏ မျက်လုံးထောင့်များက နီရဲနေပြီး မျက်ရည်များက မျက်တောင်ရှည်များကိုပင် စိုစွတ်သွားစေသည်။ မိုးရေစိုနေသော နူးနူးညံ့ညံ့ ပန်းကလေးတစ်ပွင့်နှယ် အလွန်နူးညံ့သိမ်မွေ့နေသယောင်။ ဤသွင်ပြင်လေးမှာ သူ့အား မြတ်နိုးချစ်ခင်လိုစိတ်ကို ဖြစ်ပေါ်စေနိုင်သော်လည်း တစ်ချိန်တည်းမှာပင် ဖော်ပြ၍ မရနိုင်သော လိုအင်ဆန္ဒ၊ ထိုနူးနူးညံ့ညံ့ ပွင့်ချပ်ေလးများကို အရည်များ တစိမ့်စိမ့်ထွက်လာသည်အထိ ချေမွပစ်ချင်စိတ်ကိုလည်း နှိုးဆွပေးနိုင်၏။
"ကိုယ်တော်တောင် ဘာတစ်ခွန်းမှ မပြောရသေးဘူး...မင်းက ငိုနေပြီ"
မုကျန့်က မျက်လုံးကို မှေးကျဉ်း၍ အလွန်ရှုပ်ထွေးသော အမူအရာဖြင့် သူ့အား ငုံ့ကြည့်လာ၏။
ဝမ်မင်ယွီ ချောင်းဆိုးလိုက်မိသည်။
"...ကျွန်တော် မငိုပါဘူး"
ချောင်းဆိုးရလွန်းလို့ အဆုတ်တောင် ကွဲတော့မလို့ကို...ဘယ်က မျက်ရည်တွေကို လာပြောနေတာလဲ?
သူ၏ မျက်တောင်ဖျားများ မသိမသာ တုန်ယင်သွားပြီးနောက် ကြည်လင်သော မျက်ရည်တစ်စက်ဟာ ပါးပြင်မှတစ်ဆင့် စီးကျလာကာ မေးစေ့သို့ ရောက်ရှိလာပြီး မုကျန့်၏ လက်ချောင်းများနှင့် ထိေတွ့မိသွားေတာ့သည်။ မုကျန့်က ထိုမျက်ရည်စက်လေးကို ညင်သာစွာ သုတ်ဖယ်လိုက်ရာ လက်ချောင်းထိပ်များပင် စိုစွတ်သွားတော့၏။ အောက်သို့ စီးကျလာသည့်မျက်ရည်စက်လေးဟာ ဖော်ပြရခက်သော ခံစားချက်ကို ဖန်တီးပေးနေလေသည်။
ဝမ်မင်ယွီမှာ ယားယံမှုကို ခံစားလိုက်ရ၍ မသိစိတ်ဖြင့် တွန့်သွားမိသော်လည်း ချက်ချင်းဆိုသလို ပိုမိုတင်းကျပ်စွာ ညှစ်ကိုင်ခံလိုက်ရသဖြင့် ပို၍ပင် ထုံကျင်သွားရတော့၏။ သူ ထပ် မလှုပ်ရဲတော့ပေ
"မင်း ဘာတွေ မြင်လိုက်ရ
ဝမ်မင်ယွီက စိုးရိမ်တကြီးဖြင့် တံတွေးပင် မျိုချလိုက်ပြီး.
"...ကျွန်တော် ဘာမှ မမြင်လိုက်ပါဘူး....ကျွန်တော် စာမဖတ်တတ်လို့ပ
မုကျန့်က ပြုံး၍ ပြောလာ
"ဟုတ်လား? ဒါဆို ကိုယ်တော် ဖတ်ပြမယ်လေ
ဝမ်မင်ယွီ: "...
ချီးပဲ! ဒါကြီးကို ဘယ်လိုဆက်လုပ်ရတော့မလဲ!?..""