Ch 13
Viewers 529

အခန်း(13)




ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့က ကမ္ဘာပျက်ခေတ်ကာလ၏ စမ်းသပ်စစ်ဆေးမှုများနှင့် ဆင်းရဲဒုက္ခများအကြားတွင် တစ်ယောက်အတွက် တစ်ယောက် ခံစားချက်များ တိုးပွားလာခဲ့ကြသည်။




ဇာတ်လိုက်မ၏ ကြိုတင်ခန့်မှန်းချက်များဖြင့် ဇာတ်လိုက်က သူ၏အသင်းဖော်များနှင့်အတူ အန္တရာယ်များမှ လွတ်မြောက်ရန် စီမံနိုင်ခဲ့ပြီး သူနှင့် သူ၏ စေ့စပ်ထားသူကြားမှ အက်ကြောင်းကတော့ ပို၍ကြီးမားလာခဲ့သည်။ 




ဇာတ်လိုက်မှာ သူ၏ အမှန်တကယ် ချစ်ရသူမှာ ဇာတ်လိုက်မ ဖြစ်သည်ကို သတိထားမိသွားခဲ့လေ၏။ ထိုအခိုက်တွင် သူတို့နှစ်ယောက် ချစ်ကြိုက်ပေါင်းသင်းသွားမည်မှ တားဆီးရန် ကြိုးပမ်းခဲ့ကြသော ဆိုးယုတ်သည့် စေ့စပ်သူနှင့် သူမ၏ မိသားစုသည်ကတော့ လမ်းခရီးတွင် အလွန်အမင်း ဆိုးရွားသော သေဆုံးခြင်းမျိုးဖြင့် သေသွားခဲ့ကြရသည်။ 




သူနှင့်စေ့စပ်ထားသော အမျိုးသမီးထံမှ နှောင့်ယှက်ခြင်းများ မရှိတော့သည့်အချိန်တွင် ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့နှစ်ယောက်က နောက်ဆုံးသော အကျပ်အတည်းကို ခုန်လွှားသွားနိုင်ပြီး အဆုံးသတ်တွင်  ချစ်ကြိုက်သွားခဲ့ကြ၏။ 




သူတို့နှစ်ယောက်က သူတို့၏အသင်းဖော်များနှင့်အတူ မြို့တော်Bတွင် ဂုဏ်သတင်းကျော်ဇောမှုများနှင့်  အထူး တောက်ပခဲ့ကြလေသည်။ 




ဗီလိန်ကျင်းယန်သည်ကတော့ ဇာတ်လိုက်နှင့် ဇာတ်လိုက်မကို  မြို့တော် B သို့ရောက်မှ တွေ့ဆုံရခဲ့ခြင်းဖြစ်ပေသည်။




၎င်းအချက်အလက်အရ ကျင်းယန်က သူတစ်ယောက်တည်း ခရီးသွားခဲ့ရခြင်းဟု ဆိုလိုနေခဲ့သည်။ 




ကျင်းယန်တစ်ယောက် လမ်းကြောင်းကို ဆုံးဖြတ်နေစဥ်အတွင်း သူ၏ဘေးနားတွင်ရှိနေသော ယုန်လေးက သူ့ကို သူမ၏ ယုန်မျက်လုံးနီနီများဖြင့် စိုက်ကြည့်နေသည်ကို  သတိထားမိလေသည်။ 




ကျင်းယန် သူ၏လက်ထဲမှ ဘောပင်ဖင်ဖြင့် ၎င်း၏ပန်းရောင်နားရွက်လေးကို ရစ်ပတ်တို့ထိလိုက်လေသည်။ ထိုအခါ ယုန်လေးက ၎င်း၏လက်ဖဝါးသေးသေးလေးများကို အသုံးပြု၍ နားရွက်များနှင့် မျက်နှာကို ပွတ်သတ်လာသောကြောင့် ကျင်းယန် သဘောကျစွာဖြင့် ရယ်မောလိုက်သည်။ 




ဤယုန်က မည်သည့်အကြောင်းများကို တွေးတောနေသည်ကို သူအမှန်တကယ် သိချင်ပေသည်။




ယုန်လေးက ဘာကြောင့် သူ့ကိုဂရုစိုက်ပေးပြီး သူ့နောက်ကိုလိုက်ရတာလဲ? သူက ယုန်လေးရဲ့သခင် ဖြစ်နေတဲ့အတွက်ကြောင့်လား? 




—--- 




နောက်တစ်နေ့ မနက်ခင်းတွင်တော့ ကျင်းယန်တစ်ယောက် အလွန် စောစီးစွာ နိုးလာခဲ့၏။ 




သူက သူ၏ဘေးဘက်တွင် အိပ်ပျော်နေသော အမွှေးဖြူလုံးလေးကို ကြည့်လိုက်ပြီး သူ့လက်မောင်းထဲ ကောက်ထည့်လိုက်သည်။ 




ယင်ရိလျိုတစ်ယောက် နွေးထေွးသော ရနံ့ဖြင့် ဝန်းရံခြင်းခံနေရသည်ဟု မရေမရာခံစားလိုက်ရ၏။ 




သူမနှာခေါင်းကို ရှုံ့လိုက်ပြီး မျက်နှာကို နားရွက်ရှည်များဖြင့် ဖုံးအုပ်လိုက်ကာ ဆက်လက်အိပ်စက်လိုက်လေသည်။ 




သူမ၏ယုန်ခြေထောက်လေး တစ်ချောင်းသည်က နူးညံ့ကာ ပန်းရောင်သန်းပြီး အိစက်နေသော ခြေဖဝါးလေးကို ဖော်ပြလျက် အောက်သို့ တွဲလောင်းကျနေသည်။




သူမ အိပ်ပျော်နေစဥ် သူမ၏ခြေဖဝါးက ညင်သာစွာ အဆိတ်ခံရသည်ကို ခံစားလိုက်ရသောကြောင့် သဘာဝအလျောက် သူမ၏ခြေထောက်ကို နောက်သို့ဆုတ်လိုက်မိသည်။ 




ကျင်းယန် သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး မြေအောက်ခန်းထဲမှ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လိုက်သည်။ 




သူ့ခြေထောက်များထဲမှ အပ်နှင့်တူသော နာကျင်မှုများကို အသားကျနေနှင့်ပြီးဖြစ်သည်။ သူ့ခြေထောက်များမှ တုန်ရိမှုသည်လည်း သူ၏ဘောင်းဘီရှည်များအောက်တွင် ဖုံးအုပ်ခံထားရသောကြောင့် မမြင်နိုင်လုနီပါးပင် ဖြစ်နေပေပြီ။ 




သူက နေ့စဥ်နေ့တိုင်း ထိုနာကျင်မှုက သူ၏ကန့်သတ်ချက်ကို မ‌ရောက်ခင်အထိ သူ့ဘာသာသူ တစ်နာရီ သို့မဟုတ် နှစ်နှာရီကြာ လမ်းလျှောက်ပတ်လျှောက်နေ လိမ့်မည်ပင်။ 




ဤအန္တရာယ်ရှိသော လောကကြီးထဲတွင် ရှင်သန်နိုင်ရန်အတွက် ကျန်းမာသန်စွမ်းသော ခြေ‌ထောက်များကို မြန်နိုင်သမျှ မြန်မြန် လိုအပ်လေသည်။ 




သူ မြေအောက်ခန်း၏ အပြင်ဘက်ကို ဖွင့်ကာ လှမ်းထွက်လိုက်သောအခိုက်တွင် ယင်ရိလျိုက နားရွက်များကို လှုပ်ယမ်းလိုက်ပြီး တောက်ပသောနေရောင်မှ ရှောင်ပုန်းရန်အတွက် ကျင်းယန်၏လက်မောင်းထဲ မြှုပ်ဝင်လိုက်သည်။ သို့သော်လည်း နိုးထလာခြင်းတော့ မရှိသေးပါချေ။




အပြင်ဘက်တွင်ရှိသည့် ရူးသွပ်စွာ ကြီးထွားနေသောမြက်ပင်ရိုင်းများသည်ကား ယခုအချိန်တွင်  အရွယ်ရောက်သူတစ်ယောက်၏ ဒူးအမြင့်တစ်ဝိုက်ခန့်သို့ရောက်ခဲ့ပြီးဖြစ်ကာ လက်ရှိတွင် ကြီးထွားခြင်း ရပ်တန့်သွားခဲ့၏။ 




ဤမြက်ရိုင်းများအတွက် ၎င်းသည်က ကြီးထွားနိုင်သည့် အမြင့်ဆုံးအခြေအနေ ဖြစ်သည့်ပုံ ရသည်ပင်။ 




သူတို့၏ အစွန်းများအားလုံးက အကုန်လုံး မညီမညာဖြစ်စွာဖြင့် ချွန်တက်နေကြပ၏။ 




လေတိုက်လိုက်ချိန်တွင် ယိမ်းနွဲ့နေသော ထိုမြက်ရွက်များ၏ အစွန်းသားများကို ကြည့်ရသည်မှာ ခြိမ်းခြောက်နေသည့်ပုံပင် ဖြစ်နေပေ၏။ ထို့မြက်ပင်၏အစွန်းများတွင် သွားများလည်း ရှိနေခဲ့ပြီး သွားများကို တကျိကျိရိုက်ခတ်နေခဲ့သည်။  




ကျင်းယန် မြက်များကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အတွင်းဘက်တွင် ပုန်းနေသော ပြာလဲ့လဲ့အနက်ရောင် အရိပ်တစ်ခုကို မြင်လိုက်ရသည်။ 




သူမ အပြည့်အဝ သတိကပ်သွား၏။ ထို့နောက် မြေအောက်ခန်း၏ ဝင်ပေါက်တွင် သူယခင်က နေရာချထားသော တောခုတ်ဓားကို လှမ်းယူလိုက်ကာ သူ၏လက်မောင်းထဲမှ ယုန်လေးကို ပိုနီးကပ်၍ ကိုင်ထားလိုက်သည်။ 




မြက်ခင်းထူထူ၏ အလယ်မှ အရိပ်က နှစ်ကြိမ်ခန့်လှုပ်ရှားသွားခဲ့လေ၏။ ၎င်းက အသက်ရှင်နေသေးသည်မှာ သေချာနေသည်ပင်။




၎င်းကအပေါ်ဘက်သို့ ထရပ်လာပြီး သူ့ကိုယ်သူ လူသူမြင်သာအောင် ပြသလာခဲ့သည်။ 




အရိပ်က တကယ်တွင် သန္ဓေပြောင်းကြွက်ကြီးတစ်ကောင် ဖြစ်နေခဲ့၏။ ၎င်း၏ ချယ်ရီသီးအရွယ် မျက်လုံးများ. အနီရောင်မီးသီးများနှင့်တူနေသော ၎င်း၏နှုတ်သီးများနှင့်  ရှေ့သွားများကတော့ သွေးများစွန်းထင်လျက် ငေါထွက်နေခဲ့သည်။ 




မာဖေးထန်မှ ရှေ့ဂိတ်ဝကို အားသုံးချိုးဖောက်ပြီးနောက် လျှပ်စစ်ခြံစည်းရိုးကလည်း အလုပ်လုပ်ခြင်း ရပ်တန့်သွားခဲ့သည်။ 




ထို့ကြောင့် ညက်ဘက်အချိန်တွင် မြက်ခင်းထူထူထဲမှ လာသော အပုပ်နံ့နောက်လိုက်လာရန် ဤကြွက်သည်က ခြံစည်းရိုးကို ချိုးဖောက် ဝင်ရောက်နိုင်ခြင်းဖြစ်နိုင်သည်။ 




ယခင်က ယင်ရိလျို၏ သတ်ဖြတ်ခြင်းကိုခံရသော ပန်းမြွေစိမ်းကတော့ ပုပ်သွားပြီဖြစ်ပေ၏။ 




၎င်းခန္ဓာကိုယ်ထဲတွင် အင်းစက်များက ဥဥကြပြီး ဥများပေါက်သွားပြီးနောက်တွင် ၎င်းသည် ပို၍များပြားသော အင်းစက်များအတွက် သဘာဝသားပေါက်ရာမြေ ဖြစ်လာခဲ့သည်။ 




နေရာတစ်ခုလုံးက စွန်းထင်နေခဲ့သည်။ 






သန္ဓေပြောင်းကြွက်က ဤ’စားကောင်းသောက်ဖွယ်’များအတွက် အချိန်မှီလေးတင် ရောက်ရှိလာခဲ့၏။ 




သူက စားသောက်ခြင်းကို အပြီးသတ်ပြီးနောက် ဤ’ကြီးမားသော အစားအစာ’ ကျင်းယန်အပေါ်တွင် စိတ်ဝင်စားမှု ပျောက်သွားခဲ့လေ၏။ 




ထို့အစား ၎င်း၏မျက်လုံးများက သူ၏လက်မောင်းထဲရှိ ပို၍သေးသော ယုန်ပေါ်သို့သာ ကျရောက်သွားခဲ့သည်။ 




၎င်းက ကျင်းယန်ကို အော်မြည်လိုက်ကာ ၎င်း၏အစွယ်များဖြင့် သွားချွန်ချွန်များကို ပြသပြီး ရှေ့ခုန်တက်လာခဲ့သည်။ 




ကျင်းယန် သူ၏ လက်ထဲမှ တောခုတ်ဓားကို  ပို၍တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်လိုက်သည်။




သူ၏ခြေထောက်များက ပြေးနိုင်လောက်သည်အထိ လုံလုံလောက်လောက် မသန်မာသေးသော်ငြား သူက လုံးလုံးလျားလျား ကြောက်ရွံ့မနေခဲ့ပါချေ။ သူ၏  အာရုံငါးပါးနှင့် တခြားသော ကြံ့ခိုင်မှုများမှာ ပိုမို၍  တိုးလာခဲ့သည့်အတွက် အားနည်းချက်များကို ဖုံးကာပေးနိုင်ပေသည်။ 




ညဘက်ကာလ မြေအောက်ခန်းအတွင်း အမှောင်ထုထဲတွင် လဲလျောင်းနေသာအချိန်မျိုးတွင်ပင်  သူသာ အာရုံစူးစိုက်လိုက်ပါက ပတ်ဝန်းကျင်ကို မြင်နိုင်လေသည်။




သို့သော်လည်း သူ မသိခဲ့သည်မှာကား သူအာရုံစူးစိုက်လိုက်သောချိန်တွင် သူ၏မျက်လုံးများက အလင်းဖောက်နိုင်သော ဝိုင်နီရောင်ဖန်သားနှင့်တူပြီး ငှက်တစ်ကောင်၏ မျက်လုံးများကဲ့သို့ မျက်လုံး၏ အလယ်တွင် ပါးလှပ်သော မျက်ဆံရှည်တစ်ခုရှိနေလေသည်။ 




အကယ်၍ ယင်ရိလျိုသာ ဤသည်ကိုမြင်နိုင်လျှင် သူမ  အံ့သြသွားလိမ့်မည်ဖြစ်၏။




အဘယ်ကြောင့်ဆိုသော် ကျင်းယန်၏မျက်လုံးများက သန္ဓေပြောင်းသွားခဲ့ပြီဖြစ်ပေ၏။ ညဘက်မြင်ကွင်းများကို ကြည့်ရာတွင် လင်းယုန်တစ်ကောင်၏ မျက်လုံးများကဲ့သို့ ဖြစ်လာခဲ့သည်။ 




ကျင်းယန် သန္ဓေပြောင်းကြွက်ကို စိုက်ကြည့်လိုက်ချိန်တွင် သူ၏မျက်လုံးများသည်က အဖြူနှင့် အနက်ရောင် လူမျက်လုံးမှ ဝိုင်နီရောင်ဖန်သားများအဖြစ် ပြောင်းလဲသွားခဲ့သည်။ 




သူ၏မျက်လုံးများက နေရောင်အောက်တွင် ပို၍ရှင်းလင်းစွာမြင်နိုင်နေခဲ့ပေ၏။ မျက်လုံးများ၏ မျက်နှာပြင်ပေါ်တွင် သိပ်သည်းလာခဲ့ပြီး ပိုမိုအာရုံခံစားလွယ်၍  အမြင်စူးရှလာခဲ့လေသည်။ 




သူ၏မျက်စံပါးပါးများက သူ၏  ရှေ့ကို စိုက်ကြည့်နေခဲ့ပြီး အသေးငယ်ဆုံးလှုပ်ရှားမှုကိုပင် တွေ့မြင်နိုင်ခဲ့၏။ 




ဆက်တိုက် ရှူးရှူးရှဲရှဲ အော်နေသော ကြွက်က ရုတ်တရက် တိုက်ခိုက်လာခဲ့၏။ ၎င်း၏လက်သည်းများက ကျင်းယန်၏လက်မောင်းထဲမှ အမွှေးလုံးဖြူလေးကို ချိန်ရွယ်နေခဲ့လေသည်။ ကျင်းရန်၏  မျက်လုံးများက ချက်ချင်း လုံးဝန်းသွားခဲ့ပြီး အနည်းငယ် ထူးဆန်းလို့ နေခဲ့သည်။




ထိုအခိုက်အတန့်တွင် ကျင်းယန်တစ်ယောက် သူ့ကိုယ်သူ  ဇီးကွက်တစ်ကောင်ကဲ့သို့ ခံစားရလေသည်။ သူက သန္ဓေပြောင်းကြွက်ကို ရှင်းလင်းစွာ မြင်နိုင်ရုံသာမက ၎င်းလှုပ်ရှားမှုများ၏ လမ်းကြောင်းကိုလည်း သဘာဝအလျောက် ခန့်မှန်းနိုင်နေခဲ့လေသည်။ 




  




သူက သူ၏လက်ထဲမှ တောခုတ်ဓားကို မြှောက်လိုက်ပြီး ဓား၏  အနောက်ဘက်ဖြင့် ကြွက်ကြီး၏ ကြီးမားသော ပါးစပ်ကို ကန့်လန့်ခံလိုက်လျှင် ထက်ရှသော အစွယ်များက ဓားဖြင့် ညှပ်နေခဲ့ပြီး ၎င်း၏တိုက်ခိုက်မှုကို အချိန်ကိုက် တားဆီးလိုက်နိုင်ခဲ့သည်။ 




သူ အကွာအဝေးမကို နီးကပ်စေသည့်အတွက် ကြွက်ကြီးထံမှ ရောက်လာသော အပုပ်နံ့ဆိုးဆိုးကို အနံ့ခံနိုင်နေခဲ့သည်။




ကြွက်ကြီးက အလွန်အမင်း ကြီးမားကာ  ကျင်းယန်၏လက်မောင်း ကို ဆန့်တန်းလိုက်သော အရှည်မျှ ရှိနေခဲ့သည်။ ၎င်းက အခုချိန်တွင် သူ့ကိုဒေါသကြီးစိုက်ကြည့်ကာ တကျွီကျွီမြည်နေလေသည်။ 




ကျင်းယန်က တုံ့ဆိုင်းခြင်းမရှိ တောခုတ်ဓားကို ဆွဲလှည့်လိုက်ပြီး ၎င်း၏မျက်နှာကို ထက်ဝက်ပိုင်းချလိုက်သည်။ 




သွေးများက နေရာတိုင်းကို ပက်ဖြန်းသွားကာ တောခုတ်ဓားမှတေင့် သူ၏လက်ကောက်ဝတ်ပေါ်သိုး စီးကျလာခဲ့သည်။ 




ကြွက်ကြီးသည်လည်း နာကျင်စွာ အော်ဟစ်၍ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့၏။ ၎င်း၏ခေါင်းက အက်ကွဲက မျက်လုံးတစ်ဖက်က ကန်းသွားခဲ့ပြီး သွေးများဖြင့် ဖုံးလွှမ်းနေခဲ့လေ၏။




ကျင်းယန်ကို ၎င်း၏ ကျန်ရှိနေသော မျက်လုံးဖြင့် စိမ်းစိမ်းဝါးစိုက်ကြည့်ပြီး အော်သံကျယ်ကျယ်တစ်သံဖြင့်  ဟစ်အော်လိုက်သည်။ ၎င်းအသံသည်ကား အလွန်စူးရှလွန်းဖြင့် သာမနာလူများ၏  နားများကိုပင် သွေးများစိမ့်ယိုစေလိမ့်မည်။






*