Ch 6
Viewers 540

အခန်း(6)


 


ယင်ရိလျို တိုက်ခိုက်နေရာမှ ရပ်လိုက်သည့်အချိန်တွင် သူမနှလုံးသားထဲမှ သွေးဆာမှုများကလည်း ဖြည်းညှင်းစွာ ဖိနှိပ်ခံလိုက်ရသည်။


 


အသားဖုထဲသို့ ပြန်လည်ရုတ်သိမ်းခံလိုက်ရသော လက်သည်းများကို ကြည့်လိုက်ပြီးနောက် ယင်ရိလျို မယုံနိုင်ဖြစ်နေခဲ့ရကာ အကြိမ်ရေတချို့ ထုတ်လိုက်သွင်းလိုက် လုပ်ကြည့်လိုက်သည်။


 


လူသားများအတွက် ဘေးမဖြစ်စေသောအရာများက တိရစ္ဆာန်များအတွက်မူ အလွန်အစွမ်းထက်ပေသည်။ 


 


သူမ နောက်တစ်ကြိမ်ထပ်၍ သူမ၏ ကိုယ်ပိုင်စွမ်းရည်အား နားလည်သွားခဲ့သည်။ သူမ၏ အနှေးမြင်ကွင်းကြောင့် သာမန်လူများနှင့် တိရစ္ဆာန်များက သူမကိုနာကျင်စေရန် ခက်ခဲ၏။ 


 


ဖြေရှင်းပြီးနောက်တွင် သူမ ပင့်ကူလေးအတွက် အလွန် စိတ်မကောင်း ဖြစ်နေခဲ့သည်။ သူမ၏တုံးအသည့် တပည့်လေး သေဆုံးသွားခဲ့သည်။ တိရစ္ဆာန်တစ်ကောင်အနေနဲ့ သူမ ပထမဆုံး ကြုံတွေ့ဖူးခြင်း ဖြစ်သော်လည်း ခံစားချက်များ ရှိနေပေသေးသည်။ 


 


ညနေခင်းတွင် ယင်ရိလျှို မြေအောက်ခန်းထဲသို့ ပြန်ခုန်သွားခဲ့လေသည်။ 


 


ကျင်းမိသားစုအိမ်သည်ကား ညတွင်တိတ်ဆိတ်သော်လည်း အပြင်ဘက်တွင် သန္ဓေပြောင်းအင်းစက်များရှိနေဆဲပင်။ 


 


လွန်ခဲ့သောနှစ်ရက်က သူမ၏နောက်ကျောသည် အညှစ်ခံရသကဲ့သို့ခံစားရသောကြောင့် သူမ နောက် ကျောကိုနံရံဖြင့်ပွတ်တိုက်လိုက်သည်။ 


 


ရလဒ်အနေဖြင့် လက်ချောင်းအရွယ်အင်းစက်ပျံက ပြုတ်ကျလာခဲ့သည်ကို မြင်လိုက်ရလေ၏။ ၎င်း၏ အရှေ့ဘက်ရှိနှုတ်သီးများသည်လည်း ဆေးထိုးအပ်ကဲ့သို့ပင် ကြီးမားနေခဲ့သည်။ 


 


ထို့ကြောင့် ပြောရမည်ဆိုလျှင် သူမ၏အမွှေးက နူးညံ့ပြီးထူထဲနေချိန်တွင်တောင် ၎င်းအင်းစက်များက သူမ၏ အသားသို့ရောက်သည်အထိ ထိုးဖောက် ကိုက်ခဲခံရသည်ကို ကြည့်လျှင် ရှာင်ရှားဋ္ရန်မဖြစ်နိုင်ကြောင်း သိနိုင်လေသည်။ ထိုအချိန်ကတည်းက သူမအနေဖြင့် ညအချိန်တွင် အပြင်ဘက်၌ အရိုင်းဆန်ဆန်‌ပြေးရန် မဝံ့ရဲတော့ပေ။ 


 


သူမ မြေအောက်ခန်းထဲတွင် အရာအားလုံးကို သေသေချာချာ ပြင်ဆင်ထားပြီးဖြစ်သည်။ 


 


ကျင်းရန်က စောင်ပေါ်တွင် တိတ်ဆိတ်စွာလဲလျောင်းနေကာ အိပ်မောကျနေခဲ့ပြီး သူခန္ဓာကိုယ်အပူချိန်သည်လည်း သာမန်အထိ လျော့နည်းလာပြီဖြစ်၏။ 


 


ယင်ရိလျိုခုန်လိုက်ပြီး သူမ၏လက်ဖဝါးများဖြင့် ရေအနည်းငယ်ကိုအကြိမ်အချို့သယ်လိုက်ပြီး ကျင်းရန်ကို သောက်ခိုင်းခဲ့သည်။


 


သူမက ဤကဲ့သို့ လုပ်ကိုင်ရာတွင် အလွန်ကျွမ်းကျင်နှင့်ပြီဖြစ်ပြီး ထိုလူ၏ပါးစပ်ထောင့်မှ ရေများ စီးကျနေလာချိန်တွင် သူမ၏အမွှေးထူထူလက်တိုလေးဖြင့် သုတ်ပေလိုက်သည်။ 


 


မြေအောက်ခန်းရှိ သိုလှောင်ခန်းထဲတွင် ဖယောင်းတိုင်အချို့ရှိနေခဲ့၏။ သို့သော် ယုန်တစ်ကောင်အတွက် မီးခြစ်အသုံးပြုရန် အမှန်တကယ်ပင်ခက်ခဲသည်။ 


 


ပထမဆုံးအကြိမ် ကြိုးစားမှုအတောအတွင်း ယင်ရိလျို၏လက်သည်းများပင် ပြုတ်ကျလုမတန်ဖြစ်ခဲ့ရပြီး မီးတောက်သည်လည်း သူမ၏ လက်ပေါ်မှ အမွှေးကိုတိုက်ရိုက်လောင်ကျွမ်းသွားခဲ့၏။


 


မူလက အဖြူရောင်သားမွှေးရှိသည့်နေရာမှာ မရပ်မနားပူလောင်နေပြီး အသားကင်အနံရသွားခြင်းကြောင့် သူမကိုအလွန်စိတ်ပျက်လက်ပျက်ဖြစ်စေခဲ့သည်။ 


 


ယခု ထိုလုပ်ငန်းစဉ်ကို ကျွမ်းကျင်လာသော်လည်း စိတ်ထဲတွင်တော့ တစ်ဆို့ပူပန်နေဆဲပင်။ 


 


ဖယောင်းတိုင်ကို ထွန်းပြီးနောက်တွင် အသစ်ပြန်လည် ကြီးထွားလာသော အမွှေးသစ်များ ထပ်မံလောင်သွားမည်ကို ကြောက်ရွံ့သောကြောင့် ယင်ရိလျှို အနည်းငယ်လောက် နောက်ဆုတ်လိုက်သည်။ 


 


သူမသည်ကား မြေအောက်ခန်းထဲတွင် ပျင်းရိနေခဲ့ပေသည်။ သူမ မည်သည့်အချိန်တွင် အပြင်ထွက်နိုင်မည်လဲ သို့မဟုတ် မေ့မျောနေသာ ဗီလိန်သည် မည်သည့်အချိန် နိုးလာမည်ကိုလည်း သူမ မသိပါချေ။ 


 


အစပိုင်းတွင် သူမ၏ယုန်ခန္ဓာကိုယ်ကို အလွန်စိတ်မကျေနပ်ဖြစ်နေခဲ့သည်။ သို့သော် ရက်အနည်းငယ်ကြာပြီးနောက် ယုန်တစ်ကောင်ဖြစ်ရခြင်းသည်က အလွနာ ကောင်းသည်ဟု သူမ ခံစားလာရ၏။ 


 


ခန္ဓာကိုယ်က သေးငယ်ပြီး  ပျော့ပြောင်းသည်။ သန္ဓေပြောင်းပြီးနောက် အာရုံငါးပါးက အံ့သြစရာကောင်းအောင် ထိရှလွယ်လာပြီး အပေါ်ထပ်မှ ခုန်ရာ၌လည်း အလွန်ကောင်းမွန်တာကြောင့် လူသားတစ်ယောက်ဖြစ်ရခြင်းထက် ပိုမိုပျော်ရွှင်ရလေသည်။ 


 


ထိုထပ်ပိုသည်မှာ သူမသည်ကား လှပသည့် ယုန်တစ်ကောင်ဖြစ်နေဆဲပင်။ 


 


အမွှေးက ဖြူဖွေးပြီး နူးညံ့နေကာ ထူထဲပြီး ထိခိုက်လွယ်သောလက်ဖဝါးဖုများသည်လည်း ချစ်စရာကောင်းပြီး ပုံကျကျဖြင့် လှလှပပ နားရွက်များက ဖြူဆွတ်ပြီးပန်းရောင်သန်းနေသည်။ 


 


၎င်းတို့ကယုန်များအကြားတွင် ရိုးရှင်းစွာပင် အကောင်းဆုံးဖြစ်ကြောင်း ပြသနေ၏။ 


 


ယုန်များ၏မျက်လုံးမှကြည့်လိုက်လျှင် သူမသည်ကား နှစ်တစ်ထောင်တွင် တစ်ယောက်သာ ပေါ်ထွက်လာနိုင်သော ရှားပါးသည့်အလှလေး ဖြစ်သင့်ပေသည်။ 


 


ယင်ရိလျိုသည် ကူရှင်ပေါ်တွင် မှီလိုက်ပြီး သူမ၏လက်ဖဝါးလေးဖြင့် ရိုက်လိုက်ကာ နူးညံ့သည့်ကူရှင်အား စိတ်ကျေနပ်မှုဖြင့်ကြည့်လိုက်သည်။ 


 


သူမ အနည်းငယ် ပျင်းရိနေသဖြင့် ကျင်းရန်အား ကြည့်လိုက် 


မိပြန်သည်။


 


တစ်ဖက်လူ၏အိပ်ပျော်နေသောမျက်နှာသည်ကား ခုခံနိုင် 


စွမ်းကင်းကာ ချောမောခန့်ညားပြီး ငြိမ်းချမ်းနေလျှက်ရှိသကဲ့သို့ သူ၏အသက်ရှူသံသည်လည်း အလွန်တည်ငြိမ်နေ၏။ 


 


ရုတ်တရက် သူမ ဆော့ကစားချင်လာသဖြင့် နူးညံ့သည့်ကူရှင်မှ ခုန်ဆင်းကာ ကျင်းရန်၏ သွယ်စင်းသောနှာတံပေါ်သို့ တက်နင်းလိုက်ပြီး သူ၏ ပြေပြစ်သော နှာခေါင်းကို လှေကားတစ်ခုအဖြစ်အသုံးပြုကာ ဆင်းလိုက်သည်။ ပြီးနောက် သူမ၏ အသားပေါသည့် တင်ပါးဖြင့် အိပ်ပျော်နေသောအလှလေးပေါ်တွင် တက်ထိုင်လိုက်လေသည်။ 


 


သူမ၏ခြေထောက်အောက်မှ အထိအတွေ့သည် အလွန်ကောင်းလွန်းပေသည်။ 


 


ကျင်းရန်၏အသားအရေသည်ကား နွေးထွေးပြီး သူ့အသက်ရှူငွေ့များက သူမဆတ်ဆတ်ထိမခံသော ခြေဖဝါးများ‌ပေါ်သို့ သက်ဆင်းလာခဲ့သည်။ 


 


ယင်ရိလျိုတစ်ယောက် ခြေဖဝါးများ ယားလာသကဲ့သို့  ခံစားလိုက်ရသောကြောင့် ကျင်းရန်၏အဝတ်ကို ဆွဲကိုင်လိုက်ပြီး သူ့၏ ရင်ဘက်ပေါ်သို့ တွားသွားလိုက်ပြန်သည်။ 


 


ယေဘုယျအားဖြင့် အမြင့်ကိုတက်ခြင်းဆိာသည်မှာ အဝေးကိုကြည့်ရန်အတွက်ဖြစ်သော်လည်း ဤအလင်းရောင်မသဲမကွဲ  မြေအောက်ခန်းထဲတွင်တော့ ပတ်ပတ်လည်တွင် ပုံထားသောအစားအသောက်များသာရှိပြီး ကြည့်ရှုရန်အတွက် မည်သည့်အရာမှမရှိပေ။ 


 


တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်တွင် တစ်ခဏမျှ လျှောက်နင်းပြီးနောက် သူမ ပျင်းလာပြန်သဖြင့် ကျင်းရန်၏


ကိုယ်ပေါ်မှ ဆင်းရန် ပြင်လိုက်သည်။ 


 


ရလဒ်အနေနှင့် သူမ ခြေထောက်ကိုလှုပ်လိုက်စဉ်မှာပင် သူမ၏ယုန်အမြီးက ထပ်မံတင်းကြပ်သွားသည်ကို ခံစားလိုက်ရပြီး ယင်ရိလျှိုတစ်ယောက် ကြောက်လန့်တကြား အော်လိုက်မိသည်။ 


 


သူမ၏ယုန်နားရွက်က တုန်ရီသွားခဲ့ရပြီး သူမ၏ခန္ဓာကိုယ်သည်ကား နှေးကွေးသွားခဲ့ရကာ ခေါင်းကိုတောင့်တင်းစွာ လှည့်လိုက်မိသည်။ 


 


သူမ၏ လည်ပင်းက တိုသော်လည်း သူမ၏ အနီရောင်ယုန်မျက်လုံးတစ်စုံကတော့ သူမဒနောက်မှ နက်ရှိုင်းစွာ စိုက်ကြည့်နေသော အနက်ရောင်မျက်လုံးတွေကို တွေ့ဆုံနိုင်ဆဲပင်။ 


 


ဤအခိုက်အတန့်တွင် ယင်ရိလျိုတစ်ယောက် သူမ၏နှလုံးသားထဲမှ ကွဲကြေသွားသံကို ကြားလိုက်ရသည်။ 


 


ကျင်းရန် နိုးထလာသည်ကား အလွန်မမျှော်လင့်ထားသည့်အခြေအနေဖြင့် နိုးထလာခြင်းပင်။ 


 


သူမ ထိုအကြောင်းမတွေးတောနိုင်ခင် သူမ၏ အမြီးကို တင်းကြပ်စွာ အဆွဲခံရပြီးနောက် သူမ၏ခန္ဓာကိုယ်မှာ သူမ၏ ကိုယ်ပိုင် မဟုတ်တော့သကဲ့သို့ခံစားလိုက်ရလေ၏။


 


တစ်ဖက်လူက သူမ၏ယုန်အမြီးကို လက်ကြီးတစ်စုံဖြင့် ကိုင်ရင်း သူမကိုပွေ့မ,လိုက်သည်။ 


 


ယင်ရိလျိုကတော့ မြေပြင်မှတဖြည်းဖြည်း ဝေးကွာလာသည်ကို ‌ကြည့်ရင်း ခြေထောက်လေးဖက်လုံးကို မရပ်မနားတဖျတ်ဖျတ်ရုန်းကန်လိုက်မိလေ၏။


 


ယင်ရိလျှို ထိတ်လန့်ချိန်တွင် ပန်းရောက်လက်ဖဝါးများသည်ကား လေထုထဲတွင် အားအပြည့်ဖြင့် ဖြစ်နေကာ တစ်ခုကိုတစ်ခု အဖိခံထားလိုက်ရလေ၏။ 


 


ကျင်းရန်၏ စိတ်သည်ကား ယခုချိန်မတိုင်မီထိ ထုံထိုင်းနေခဲ့သည်။


 


သူ၏ညီမနှင့် ဖုန်းပြောနေသည်ကို မှတ်မိပြီး  ထို့နောက်တွင် သူ၏နှလုံးသားမှာ တင်းကြပ်နာကျင်မှုကို ခံစားလိုက်ရသည်။ 


 


သူ၏ခန္ဓာကိုယ်က လေးလံသောအသက်ရှုသံ နှင့်ပြည့်နှက်လာခဲ့ပြီး သူ၏မျက်လုံးများသည်လည်း နာကျင်မှုကြောင့် မဲမှောင်သွားသည်။ 


 


ထို့နောက် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သူမမှတ်မိတော့ချေ။


 


သူ၏အတွင်းအင်္ဂါရပ်များမှ နာကျင်နေပြီး အသားအရည်သည် ငရဲရောက်နေသကဲ့သို့ ပူလောင်ပြင်းပြနေပေသည်။ 


 


သို့သော် အိပ်တစ်ဝက် နိုးတစ်ဝက် ကြားတွင် အမွှေးလုံးလေးတစ်လုံးကို သူ တွေ့မြင်လိုက်ရကာ အနီရောင်မျက်လုံးတစ်စုံဖြင့် သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရပြီး သူ့အား အသားထူသည့် လက်များဖြင့် ပါးစပ်အတွင်းသို့ ရေများသွတ်သွင်းနေခဲ့၏။ 


 


သူသည် ထိုအချိန်၌ မလှုပ်နိုင်ဘဲ အိပ်မက်မက်နေသည်ဟုသာ ထင်နေခဲ့သော်လည်း တခါတရံ ရက်တချို့ကြာအောင် အိပ်ပြီး အိပ်မက်မှ နိုးလာချိန်တွင် သူ့၏ဘေးတွင် ယုန်ဖြူတစ်ကောင်ရှိနေသည်ကို တွေ့လိုက်ရ၏။ 


 


ထိုယုန်လေး၏ အပြုအမူနှင့် အမူအရာများကလည်း အလွန်ပါးနပ်ပေ၏။ 


 


ယနေ့ သူအိပ်မောကျချိန် သူ့မျက်နှာပေါ်တွင် ယားယံမှုတစ်ခုကိုခံစားရပြီး သူ့ရင်ဘက်သည်လည်း တင်းကြပ်သွားရကာ တစ်ခုခုက သူ၏ရင်ဘက်ပေါ်တွင် ခုန်ပေါက်နေသကဲ့သို့ ဖြစာနေခဲ့သည်။ 


 


ကျင်းရန်တစ်ယောက် သူ၏ ပူးကပ်နေသော မျက်တောင်များကို ခက်ခက်ခဲခဲဖွင့်လိုက်ရသည်။ 


 


ပထမဆုံး သူ မြင်လိုက်ရသည့် အရာမှာ သူ့မျက်နှာဘက်သို့ မျက်နှာမူထားသော ယုန်ဖြူတစ်ကောင်၏အမြီးဖြစ်ပြီး ထိုအဖြူရောင်အမြီးတိုတိုက ပတ်လည်လှည့်နေခဲ့၏။ 


 


သူလည်း အိပ်မက်ထဲမှာကဲ့သို့ ယုန်၏ အမြီးကို ဆွဲကိုင်လိုက်ပြီး နားထောင်လိုက်သည်။ 


 


၎င်း၏ နူးညံ့သည့် တကျည်ကျည်ကျီကျီမြည်သံကြားတွင် သူ ထထိုင်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ 


 


ဤသည်မှာ ဗီလာထဲတွင်ရှိနေသည့်အခန်း မဟုတ်ပေ။


 


မသဲမကွဲ အလင်းရောင်အောက်တွင် ပစ္စည်းများက ရှုပ်ပွနေပြီး အစားအသောက်အတွက် ပုံထားခြင်းက ပိုများနေခဲ့၏။ သူ၏ ဘေးတွင်      ပုံးနှစ်ပုံးလည်းရှိနေခဲ့သည်။ 


 


ကျင်းရန်၏ နှုတ်ခမ်းက အနည်းငယ်တွန့်ကွေးသွားရသည်။


 


သူ အိပ်မက် မက်နေခြင်းမဟုတ်သည်ကို ဆုံးဖြတ်နှင့်ပြီးသားဖြစ်ပြီး သူ့ဘေးတွင်လည်း ယုန်လေးတစ်ကောင်ရှိသည်။


 


၎င်းက သူ့ကို(ကျင်းရန်) ဤနေရာသို့ ရွေ့လာပြီး အစားအစာ အများအပြားကိုလည်း ရွှေ့ပြောင်းထားသည်။ 


 


ယုန်က ဝိညာဥ်သတ္တဝါတစ်ကောင်ဖြစ်နေမည်ကို သူ မကြောက်ပါချေ။ သို့သော်လည်း ဤသည်မှာ အံ့သြစရာကောင်းသည်ကို ခံစားရသည်။


 


အရိုက်နှက်ခံရရုံ သားရဲငယ်လေးတစ်ကောင်တွင် ဤကဲ့သို့ စွမ်းရည်ရှိနေပြီဆိုကတည်းက အပြင်ဘက်တွင် တစ်စုံတစ်ခု ဖြစ်ခဲ့ပြီဖြစ်လိမ့်မည်။ 


 


သူ့လက်ထဲမှ ယုန်လေ့ကတော့ သူ၏ ကံကြမ္မာကို လက်ခံခဲ့ပြီးသည်ပုံပေါ်သည်။


 


လက်တိုတိုလေးချောင်းက တွဲလောင်းကျနေပြီး နားရွက်များကလည်း အောက်သို့စိုက်ကျနေခဲ့၏။ 


 


ကျင်းရန် စိတ်ဝင်စားမှုတချို့နှင့်ကြည့်လိုက်ပြီး ထိုယုန်လေးကို သူ၏ မျက်လုံးနားသို့ ကပ်လိုက်သည်။ 


 


အလွန် ဥာဏ်များကြောင်း ရှင်းလင်းနေသည့် အကောင်လေးသည်ကား လက်ရှိတွင် မိုက်မဲတုံးအဟန်ဆောင်နေလေသည်။ 


 


သူ့ကို တုံးအစွာဖြင့် ကြည့်နေသော ယုန်မျက်လုံးနီနီများ၏ သရုပ်ဆောင်မှုသည်လည်း အလွန်စစ်မှန်လေသည်။ 


 


သူ ညင်သာစွာ ရယ်မောလိုက်ကာ ယုန်လေးကို သူ၏လက်မောင်းထဲတွင် ကိုင်ထားခဲ့ပြီး တုံးအချင်ယောင်ဆောင်နေသည့်ယုန်ကို အကြိမ်အနည်းငယ်လောက် ပွတ်လိုက်သည်။ 


 


ထိုကိစ္စမှာ လက်တလောတွင် အရေးမကြီးသေးပေ ။ အနာဂတ်တွင် အချိန်များ ရှိလာမည်ဖြစ်ပြီး ဤယုန်လေး၏ လျှို့ဝှက်ချက်ကို ဖြေးဖြေးချင်း ရှာဖွေနိုင်သည်။ 


 


အဓိက ဦးစားပေးမှာ သူ လက်ရှိနေရာတွင် ရှိနေသည့်အချိန်တွင် အပြင်ဘက်၌  မည်သည်အရာများ ဖြစ်နေသည်ကို အဖြေရှာရန်ပင်။ 


 


ကျင်းရန် သူ၏ ကိုယ်ကို ငုံ့ကြည့်လိုက်ပြီး အနည်းငယ်ရွံရှာသွားရသည်။ 


 


အဝတ်အစားများက ရက်အနည်းငယ်ကြာ မြေပြင်ပေါ်တွင်လှိမ့်ပြီး ပွတ်တိုက်ထားပြီး အဝတ်များပေါ်တွင် အမျိုးအစားပင် မခွဲခြားနိုင်သော အရည်များကလည်း ခြောက်သွေ့ပြီးမာနေ၏။ 


 


သူ့ကိုယ်မှ အနံ့ဆိုးတစ်ခုကို ရလိုက်ပြီး ထိုအရာက သူ့ကို သည်းမခံနိုင်အောင်ပြုလုပ်နေခဲ့သည်။ 


 


**