Ch 23
Viewers 2k

Chapter 23


စုန့်လီချင်းတစ်ယောက် အလွန်တရာ အေးစက်မှုကို ခံစားနေရသည်။


ထိုအအေးဓာတ်က သူ့နှလုံးသားအောက်ခြေကနေ ထွက်ပေါ်လာသည့် အအေးဓာတ်ပင်။ အေးစိမ့်နေသည်မှာ ရေခဲလိုဏ်ဂူထဲ ကျသွားသယောင်ယောင်။


သူနှင့် ကျွင်းချီယွိတို့ ပြန်လည်ပေါင်းစည်းနိုင်မယ်လို့ ထင်ထားခဲ့ပေမယ့် ထိုမျှော်လင့်ချက်လေး ပျောက်ကွယ်သွားပြီး အမှောင်ထုတစ်ခုတည်း ကျန်ရစ်ခဲ့တာကိုပဲ လက်ပိုက်ကြည့်နေရသည်။


သူ့ရှေ့တွင်ရှိသည့် ကျွင်းချီယွိက စိမ်းသက်နေသယောင်ယောင် စုန့်လီချင်း တစ်ခဏမျှ ခံစားလိုက်ရသည်။


ရက်စက်ကြမ်းကြုတ်ကာ ကြောက်စရာကောင်းနေပြီး သူ့အပေါ်လည်း အထင်သေးမှုတွေကအပြည့်ပင်။


သူ ကောင်းကောင်းရင်းနှီးသည့် ကျွင်းချီယွိ၏ အရိပ်လေးကို ရှာဖို့ကြိုးစားခဲ့သော်လည်း အရိပ်အယောင်လေးတောင် မတွေ့ရချေ။


လူတွေက တကယ်ပြောင်းလဲတတ်တာပဲကိုး။


“ငါ… ပေရှင်းရှုကို မသိဘူး”


ကျွင်းချီယွိ၏ အေးစက်ပြီး ရက်စက်သော မျက်လုံးတွေကို စုန့်လီချင်းကြည့်လိုက်သည်။ သူ အစက သူနှင့်ပေရှင်းရှူတို့၏ ဖြူစင်မှုအကြောင်း ရှင်းပြချင်သော်လည်း ယခု‌တော့ မလိုအပ်တော့ပေ။


တချို့အရာတွေက နားထောင်ချင်စိတ်ရှိတဲ့သူတွေကိုပဲ ပြောဖို့ထိုက်တန်တာ။


“ငါက လူတွေကို မြှူဆွယ်တတ်တဲ့ မိန်းမပျက်မဟုတ်ဘူး၊ ငါ့အဖေကလည်း ချင်းလျန်အိမ်တော်ရဲ့ ဖြောင့်မတ်တဲ့ အကြီးအကဲပဲ၊ မင်းသူ့ကို လက်လွတ်စပယ် စော်ကားပြောဆိုတာမျိုး ငါခွင့်မပြုနိုင်ဘူး”


ပထမဆုံးအကြိမ်အနေဖြင့် စုန့်လီချင်းက ကျွင်းချီယွိကို တိုက်ရိုက် အတိုက်အခံလုပ်လိုက်သည်။


ကျွင်းချီယွိ၏ လက်ချောင်းတွေက စုန့်လီချင်းအသားတွေ ဖြူဖျော့သွားသည်အထိ ပိုပြီးပြင်းပြင်းထန်ထန် ဖိကိုင်လာသည်။


“ဘာလို့ သူတော်ကောင်းအယောင်ဆောင်နေတာလဲ ပေရှင်းရှုကို မသိဘူးဟုတ်လား၊ သူက ပြည်ထောင်ပေါင်းစုံက သံတမန်တွေရှေ့မှာ မင်းကို လက်ထပ်ခွင့်တောင်းခဲ့တာ သူက လက်ထပ်ဖို့ကိုတောင် ပြောနေပြီ ဒါတောင်မှ မင်းကသူ့ကို မသိဘူးဟုတ်လား၊ ဟမ့် ပြီးတော့ပြောသေးတယ်၊ သူက မင်းကို ပထမဆုံးအကြိမ်တွေ့တွေ့ချင်း ချစ်မိသွားတာပါတဲ့၊ မင်းက လှတယ်ဆိုလားပဲ”


ကျွင်းချီယွိက နောက်ဆုံးတော့ သူ့ကို လွှတ်ပေးလာသည်။


စုန့်လီချင်းက နံရံနောက်ဆုတ်သွားပြီး ဒူးပိုက်ကာ ကျွင်းချီယွိအား ခုခံလိုဟန်ဖြင့် ကြည့်နေသည်။


အမှန်ပင်၊ သူ့မျက်နှာက သွေးတစ်စက်မှ မရှိသလို ဖြူလျော်နေပြီး ဟူနူအာ၏ လန်းဆန်းတက်ကြွသော မျက်နှာနှင့် ဘယ်လိုမှ မယှဉ်နိုင်ပေ။


သူ့ပါးပြင်တွေ နီရဲပြီး ရောင်ရမ်းနေတာ၊ ပါးစပ်ထောင့်တွေ ကွဲအက်နေတာ၊ နုံးချည့်နေခြင်းကို စုန့်လီချင်း မြင်ယောင်ကြည့်၍ရသည်။


“ချီယွိ…မင်းငါ့ကို အဲလောက်တောင် အထင်သေးတယ်ဆိုရင် ဘာလို့ ပေရှင်းရှုကြောင့် ဒီလောက်ဒေါသထွက်နေရတာလဲ၊ သူငါ့ကို တကယ်ခေါ်သွားရင်လည်း မင်းဆန္ဒတွေ ပြည့်သွားတာပဲမလား”


စုန့်လီချင်း ပါးစပ်ထောင့်က စီးကျလာသော သွေးတွေကို သုတ်လိုက်သည်။


သူ ဒီရောဂါကို မုန်းတယ်၊ အားနည်းတဲ့ပုံပေါက်စေလို့။


“မင်း ဘာကိုဆိုလိုတာလဲ”


ကျွင်းချီယွိ၏ နှလုံးသားက နစ်မြုပ်သွားသည်။ သူတွေးလေလေ ဒေါသထွက်လေလေပင်။ သူ ပေရှင်းရှုကို ချက်ချင်းသတ်ပစ်ချင်နေပေမယ့် ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရလဲဆိုတာကိုတော့ တွေးလို့မရပေ။


စုန့်လီချင်း ဒီမေးခွန်းမေးလိုက်တဲ့အချိန်မှာ သူစိတ်နှစ်ခွဖြစ်နေတာ သိသာတယ်။


ကျွင်းချီယွိ အကြောင်းပြချက်မရှိပဲ ပိုဒေါသထွက်လာသည်။


ကျွင်းချီယွိက စုန့်လီချင်းရှေ့ ထိုင်လိုက်သည်။ သူ၏ ဓားသွားပုံသဏ္ဍာန် မျက်ခုံးတန်းတွေက နားထင်ထိ ထိုးဖောက်နေကာ ကြမ်းကြုတ်သည့်ပုံ ပေါ်နေသည်။


“မင်းက တွေးတောင်တွေးပြီးပြီပေါ့၊ သူနဲ့ လိုက်သွားချင်နေတာ မဟုတ်လား”


စုန့်လီချင်း ခေါင်းယမ်းလိုက်သည်။


“ငါမင်းကို နားမလည်တော့ဘူး မင်းငါ့ကို မချစ်ဘူးဆိုရင် ငါ့ကို ဂရုမစိုက်သင့်ဘူးလေ”


ကျွင်းချီယွိ တဒင်္ဂလောက် အေးခဲသွားသည်။


သူ စုန့်လီချင်းကို ချစ်တယ်ဆိုတာကို ဝန်ခံဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူကဒီတိုင်း… ဒီတိုင်း…


ကျွင်းချီယွိ စိတ်တိုတိုဖြင့် လက်သီးမြှောက်လိုက်တော့ စုန့်လီချင်း ခေါင်းငုံ့ပြီး မျက်စိမှိတ်ပစ်လိုက်သည်။


ဘုန်း!


သို့ပေမဲ့ ကျွင်းချီယွိ၏ လက်သီးချက်က နံရံပေါ် ကျရောက်သွားတာဖြစ်သည်။ သူက သဘာဝလွန်ခွန်အားနှင့် မွေးဖွားလာတာကြောင့် သူ့လက်သီးကြောင့် နံရံက အက်ကွဲသွားကာ လက်ဆစ်တွေက သွေးထွက်သွားသည်။ သို့ပေမယ့် ကျွင်းချီယွိက ဂရုမစိုက်သလိုပင်။


“မင်းကို ချစ်တာမချစ်တာနဲ့ ဘာမှမဆိုင်ဘူး ဒီလောက် အချစ်စိတ်မွှန်မနေနဲ့၊ မင်းကအခုချိန်ထိ ငါ့နာမည်အောက်က ငါ့လူပဲ ဒါက ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာပဲ ဘယ်ယောက်ျားမှ ဒါကို သည်းမခံနိုင်ဘူး၊ ငါက မင်းသား ငါပိုင်တဲ့ပစ္စည်းကို တခြားသူတွေက ဘယ်လိုလုပ် လာထိလို့ရမှာလဲ”


ကျွင်းချီယွိ စကားများများပြောလေလေ စိတ်လှုပ်ရှားလေလေဖြစ်နေပြီး အော်ဟစ်လုနီးနီးပင်။


စုန့်လီချင်းက ပစ္စည်းတစ်ခုလို သတ်မှတ်ခံရတာကို ဘယ်လိုလုပ် ပျော်နိုင်မှာလဲ။


သူ့မျက်လုံးတွေ တဖျပ်ဖျပ်လှုပ်နေပြီး သူ့ကိုယ်သူ လှောင်ပြောင်ရယ်‌မောနေမိသည်။ ဘာမှ ပြန်လည်မချေပနိုင်တော့။


ထိုအချိန်မှာ ကျွင်းချီယွိက သူ့လည်ပင်းနောက်ကို ရုတ်တရက် ဆုပ်ကိုင်လာပြီး သူ့ကို ရှေ့သို့တွန်းကာ အတင်းအကြပ် နမ်းလာခဲ့သည်။


“အွင်း…”


စုန့်လီချင်းက ခုခံပြီး တွန်းထုတ်ပေမယ့် သူ့ကို တွန်းထုတ်ဖို့ နည်းလမ်းမရှိချေ။ ကျွင်းချီယွိ ကိုယ်ခန္ဓာကသန်မာပြီး ရင်အုပ်တောင့်သည်။ စုန့်လီချင်း ဘယ်လောက်ရိုက်ရိုက်၊ သူက ရွေ့မှာမဟုတ်ပေ။


“ပြောစမ်း၊ မင်းကို ပေရှင်းရှုထိဖူးလား”


ကျွင်းချီယွိက နမ်းနေရင်း အသံနှိမ့်မေးသည်။


စုန့်လီချင်းက လှည့်လည်ရှောင်တိမ်းရင်း သွားတွေကို တင်းတင်းစေ့ထားပြီး ကျွင်းချီယွိ မအောင်မြင်အောင် တားဆီးနေသည်။


“ပြောလေ!”


ကျွင်းချီယွိက နမ်းနေရင်း စုန့်လီချင်းအား အလောသုံးဆယ်ဖြင့် မေးလိုက်သည်။


“ပြောစမ်း၊ မင်းက သန့်ရှင်းနေသေးပါတယ်လို့!”


“အာ့… ဝူး”


စုန့်လီချင်းက ဒေါသထွက်ပြီးရင်း ထွက်နေပြီဖြစ်ကာ နှလုံးသားမှာလည်း အက်ကွဲနေပြီဖြစ်သည်။ သူ ဖျက်လိုဖျက်ဆီးလုပ်ရန် ကြိုးစားနေသည့် ကျွင်းချီယွိလျှာဖျားအား ကိုက်ချလိုက်သည်။


“အာ့”


ကျွင်းချီယွိ နာသွားပြီး နောက်ဆုံးမှာတော့ စုန့်လီချင်းနှုတ်ခမ်းအား လွှတ်ပေးလိုက်သည်။ သူ စုန့်လီချင်းကို မကျေမနပ် စိုက်ကြည့်နေပြီး သွေးတစ်ပွက်ကို ဘေးဘက်သို့ ထွေးထုတ်လိုက်သည်။


“ပေရှင်းရှုက မင်းကို ပိုစိတ်ကျေနပ်စေလို့ ငါ့ကို ခုခံနေတာလား”


“မဟုတ်ဘူး!”


စုန့်လီချင်း ဒေါသတကြီး အော်လိုက်ပြီး ကြမ်းပြင်ပေါ်က ထလိုက်သည်။ သူ ဒီနေရာနဲ့ ဝေးရာကနေ လွတ်မြောက်ချင်ရုံပါ။ 


ကျွင်းချီယွိက အားမာန်အပြည့်ဖြင့် လှုပ်ရှားလိုက်ပြီး သူ့ကိုချက်ချင်း ဖမ်းလိုက်သည်။ စုန့်လီချင်းခြေထောက်တွေ ပျော့ပြီးခွေကျသွားသည်။ ကျွင်းချီယွိက သူ့အား နောက်ကျောဘက်ကနေ ပွေ့ဖက်ထားလိုက်သည်။


“ဘယ်နေရာမှ မထိဖူးဘူးဟုတ်လား” 


ကျွင်းချီယွိက ဒီအဖြေကို တော်တော်လေး ကျေနပ်နေပုံရသည်။


စုန့်လီချင်းက သူ့မျက်နှာပေါ်မှ သွေးများကို မြင်လိုက်ရသည်။ သူ့ပါးစပ်တစ်ဝိုက်တွင် နီရဲနေပြီး ပုံပန်းသွင်ပြင်က ပိုလို့တောင် မိုက်ရူးရဲဆန်လာသည်။


“ငါ့ကို လွှတ်ပေးလို့ရမလား”


“မရဘူး” 


ကျွင်းချီယွိက အထက်စီးမှ ပြောလိုက်သည်။


“ငါ မင်းကို လိုချင်တယ်”


စုန့်လီချင်းက ဘေးဘက်ဆီ အေးတိအေးစက် လှမ်းကြည့်လိုက်ပြီး ကျွင်းချီယွိအား မကြည့်ပေ။


“ငါ့ကို မထိစေချင်ဘူးပေါ့”


ကျွင်းချီယွိက လေးလေးနက်နက် ပြောသည်။


“ငါစိတ်မဝင်စားဘူး!”


စုန့်လီချင်းခန္ဓာကိုယ်မှာ ဒဏ်ရာတွေရှိနေပြီး နှလုံးသားမှာလည်း နာကျင်နေသည်။ သူဘယ်လိုလုပ် ဒါမျိုးလုပ်ချင်မှာလဲ။


“မင်း စိတ်ဝင်စားစား မစားစား၊ ငါ ဂရုမစိုက်ဘူး၊ ငါလိုချင်တဲ့အခါတိုင်း မင်းကျေးဇူးတင်ရမယ်၊ မင်းက ငါ့လူမဟုတ်တော့ရင်တော့ တစ်မျိုးပေါ့”


ကျွင်းချီယွိက စုန့်လီချင်းအား အတင်းအကြပ်ဆွဲယူကာ ပစ်ချလိုက်သည်။


စုန့်လီချင်းက နာကျင်စွာ ညည်းလိုက်သည်။ သူဘာမှမလုပ်နိုင်ခင်မှာပဲ နိုင်လိုမင်းထက်ပြုမူနေသော ကျွင်းချီယွိက သူ့အဝတ်အစားတွေကို အကုန်လုံးချွတ်ပစ်လိုက်သည်။



စုန့်လီချင်း နာကျင်မှုကြောင့် သတိလစ်လုနီးနီး ဖြစ်သွားသည်။ 


ရေနစ်နေသည့် လူတစ်ယောက်လိုပင်။ ကြမ်းတမ်းသော ပင်လယ်ထဲ လေကိုရှာဖွေနေရသည်။ နှုတ်ခမ်းတွေက ခြောက်သွေ့နေပေမယ့် အသံမထွက်နိုင်။


သူ့မျက်ရည်တွေထဲ ချွေးနှင့် သွေးတွေက ရောနှောနေပြီး အောက်သို့စီးကျနေသည်။


ကျွင်းချီယွိက ချစ်ခင်ကြင်နာနေတာမဟုတ်မှန်း သူသိသည်။ သူက ဒေါသထွက်နေတဲ့ ခြင်္သေ့တစ်ကောင်လို သူ့နယ်မြေနှင့် ပိုင်ဆိုင်မှုအား ကြေညာနေခြင်းသာ။


ဒါကြောင့် သူက မဆင်မခြင်ပြုမူနေပြီး စုန့်လီချင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ သဲလွန်စတွေကို ရက်ရက်စက်စက် ချန်ထားရစ်ခဲ့သည်။


“မင်း ငါ့ဘေးမှာ တစ်ရက်ပဲရှိရင်တောင် အဲတစ်ရက်မှာ မင်းက ငါ့အပိုင်ပဲ နားလည်လား”


ဒါက ကျွင်းချီယွိ နူးညံ့နေချိန်မှာ ပြောတတ်သည့်စကားပင်။


စုန့်လီချင်း အရမ်းနာကျင်လွန်းတာကြောင့် မျက်လုံးအိမ်တွေ မှိတ်ကျသွားပြီး နားထဲတွင်လည်း အသံတွေကို ဆက်တိုက်ကြားနေရသည်။ သူ့တစ်ကိုယ်လုံး ပျော့ခွေသွားပြီး အခွံတစ်ခုလို ကျွင်းချီယွိပြုသမျှ ခွင့်ပြုပေးနေရသည်။


သူ အမှောင်ထုထဲ ကျရောက်သွားသည်။ အဆုံးမရှိသောညနှင့် အဆုံးမရှိသော အေးစက်မှုထဲသို့။


သူ့ခန္ဓာကိုယ်က အားနည်းသထက် အားနည်းလာတာကို စုန့်လီချင်း သတိထားမိသည်။ သူ့သွေးတွေ အကုန်ကုန်သွားပြီး အသက်ဓာတ်တွေ စုပ်ယူခံလိုက်ရသလိုပင်။


စုန့်လီချင်းတစ်ယောက် ဒီည သူသေမယ်လို့တောင် ခံစားနေရသည်။


ကျွင်းချီယွိ ရပ်လိုက်ပြီး ကြောက်လန့်တကြားဖြစ်နေသည့် စုန့်လီချင်းအား တစ်ချက်ကြည့်လိုက်သည်၊ လှုပ်ရှားမှုမရှိ။


စုန့်လီချင်း၏ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် စုပ်ရာတွေနှင့် လက်ဗွေရာတွေ ကျန်နေခဲ့သည်။ ကလေးဘဝတုန်းက သူ့ပေါ်ခတ်နှိပ်ခဲ့သည့် တံဆိပ်တုံးတွေလိုပင်။ ဒါတွေအကုန်လုံးက သူတစ်ယောက်တည်း အပိုင်။


ကျွင်းချီယွိ စိတ်ကျေနပ်စွာ အိပ်ပျော်သွားသည်။


ထို့ကြောင့် စုန့်လီချင်း၏ ခန္ဓာကိုယ်ကနေ သွေးတွေဖြည်းဖြည်းချင်း ထွက်လာတာကို ဘယ်သူမှ သတိမထားမိလိုက်ပေ။


နေတဖြည်းဖြည်းမြင့်လာပြီး ကျွင်းချီယွိက အပြင်ဘက်က နေရောင်ခြည်ကြောင့် နိုးလာခဲ့သည်။


“စုန့်လီချင်း၊ မင်း ဒီနေ့ ငါ့ကိုဘာလို့ မနှိုးတာလဲ…”


ကျွင်းချီယွိက အပြစ်တင်စကားတစ်၀က်ကို ပြောပြီး ခေါင်းလှည့်ကြည့်လိုက်တော့ စုန့်လီချင်း၏ သွေးစုတ်နေသော မျက်နှာနှင့် သွေးစွန်းနေသော မွေ့ရာကို အလင်းရောင်အောက်တွင် မြင်လိုက်ရသည်။


_________________________________________________________________________