Ch 19
Viewers 2k

*အခန်း(19) 


စနစ်သည်ကား ဤကဲ့သို့အခြေအနေမျိုး တစ်ခါမျှ မကြုံတွေ့ဖူးပါချေ။ 


သို့သော်လည်း သူ၏အတွေ့အကြုံများအပေါ် မူတည်၍ ဆုံးဖြတ်ရလျှင် ကျောက်ကျုံးချင်အား ကိုင်တွယ်ဖြေရှင်းရန်မှာ လွယ်ကူသည့်လူမျိုး မဖြစ်နိုင်လောက်ချေ။


ရှဲ့စစ်ရှင်းက ကျိဝမ့်ဖန်းတွင် ရှိသမျှအရာအားလုံးအား ခွာချယူဆောင်ခဲ့သော်လည်း ကျောက်ကျုံးချင်သည်ကား ကျိဝမ့်ဖန်း၏ လက်ပါးစေဖြစ်နေခဲ့သေးပြီး ဇာတ်ကြောင်း၏ နောင်လာမည့်အဆင့်များတွင် အရေးကြီးသော ကဏ္ဍမှ ပါဝင်ခဲ့လေသည်။


ကျိဝမ့်ဖန်း၏ တမင်ရည်ရွယ်ခဲ့သော လမ်းညွှန်ပြချက်အောက်တွင် ကျောက်ကျုံးချင်က ကြီးမားလှစွာသော လောင်းကစားကြွေးများ စုပြုံလာခဲ့ရသည်။


ထိုအကြွေးများအား ပေးချေရန်အတွက် ကျိဝမ့်ဖန်း၏ တိုက်တွန်းလှုံ့ဆော်မှုအောက်၌ပင် ကုမ္ပဏီကို မကောင်းသတင်းများဖန်တီးခဲ့ပြီး ထိုအပြစ်များကို ရှဲ့စစ်ရှင်း၏ ခေါင်းပေါ်သို့ တိုက်ရိုက်ပင် ပုံချခဲ့လေသည်။


စနစ်အနေဖြင့် ဤကဲ့သို့ အကျင့်စာရိတ္တပျက်ပြားနေသောသူတစ်ဦးအား စည်းရုံးနိုင်ရန်မှာ အလွန်ခက်ခဲလှမည်ဖြစ်ပြီး  တန်ပြန်ထိခိုက်နိုင်ချေမှာ ပို၍ပင် များပြားကြောင်းကို ခံစားမိသည်။


စနစ်က အကြံပေးလိုစွာဖြင့်ပြောလိုက်သည်။


{Host၊ သူ့လိုလူမျိုးကို ရှဲ့စစ်ရှင်း ကိုင်တွယ်ဖို့အတွက် လွှတ်ထားလိုက်ပါလား၊ ရှဲ့စစ်ရှင်းက အာဏာကြီးတော့ ကျွန်တော်တို့တွေ ဒီအရှုပ်ထုပ်ထဲကို ဝင်ပါနေစရာမလိုဘူးလေ}


စနစ်၏အတွေးထဲတွင်တော့ ယွီဟန်သည်က ရှဲ့စစ်ရှင်းကို ပြောင်းလဲရန်သာ လိုအပ်ပြီး အခြားအရေးမပါလှသော ပြဿနာများကို ဖန်တီးရန် မလိုအပ်ပေ။


ယွီဟန်က နှာခေါင်းရှုံ့လိုက်ကာ ပြောလိုက်သည်။


“ရှဲ့စစ်ရှင်း ကိုင်တွယ်ဖို့အတွက် လွှတ်ထားလိုက်ရမယ်? မင်းက ငါကို သူ့လောက်တောင် မတော်ဘူးလို့ ထင်နေတာလား?”


စနစ်: {...... အဲဒီလိုမျိုး ဆိုလိုချင်တာမဟုတ်ဘူး!}


မူလက ယွီဟန်အနေဖြင့် ဤအကြောင်းနှင့်ပတ်သတ်၍ ပေါ့ပါးစွာပင် ကိုင်တွယ်ရန် စီစဥ်ထားသော်လည်း စနစ်၏စကားလုံးများက လုံအောင့်ထျန်း၏ အနိုင်ယူချင်စိတ်ပြင်းပြမှုအား နိုးကြွစေလိုက်လေသည်။


သူ၏ရှေ့မှောက်၌ တခြားသူတစ်ဦး၏ စွမ်းပကားကို ချီးကျူးနေမှုသည်က သူ လုံးလုံးလျားလျားပင် သည်းမခံနိုင်သော အရာတစ်ခုဖြစ်သည်။


သူသည်က ရှဲ့စစ်ရှင်းထက် အဆင့်နိမ့်ပါးသည်ဆိုသော စကားမျိုးကို သူလက်ခံမည်မဟုတ်ချေ။


ကျောက်ကျုံးချင်တစ်ယောက် မတိုင်ခင်က တည်ငြိမ်နေသော အမျိုးသားငယ်မှာ ရုတ်ချည်းပင် မတ်မတ်ထိုင်လိုက်ကာ သူ့ထံသို့ စူးရှသော အကြည့်ဖြင့် စူးစိုက်ကြည့်နေသည်ကို တွေ့မြင်လိုက်ရကာ အလွန်အံ့သြသင့်သွားရလေသည်။


ဘာတွေ ဖြစ်နေတာလဲ??


ယွီဟန်၏ ပြတ်သားလှသော အကြည့်က ကျောက်ကျုံးချင်၏နဖူးပေါ်တွင် ချွေးစက်များပင် ထွက်ပေါ်လာစေခဲ့အောင် စွမ်းဆောင်နိုင်ပေသည်။


အချိန်အတော်ကြာသည်အထိ  စစ်ဆေးပြီးမှ ယွီဟန်က စကားဆိုလာ၏။


“ကျောက်ကျုံးချင်လား?”


ကျောက်ကျုံးချင်တစ်ယောက် သူ၏အမူအရာကြောင့် လုံးလုံးလျားလျားပင် မှင်သက်နေခဲ့ရသည်။ ထိုလူငယ်၏  အကြည့်တို့က သူ၏ ခေါင်းထိပ်မှ ခြေဖျားအထိတိုင်အောင် စစ်ဆေးနေသကဲ့သို့ ခံစားနေရလေသည်။


သူ၏ လျှို့ဝှက်ကြံစည်မှုများမှာ တစ်ဖက်လူထံတွင် ဖော်ထုတ်ခံလိုက်ရသကဲ့သို့ ထင်မြင်ရသည်။


ဤပြင်းထန်လှသော ဖိအားအောက်၌ သူ၏ ကနဦးရည်မှန်းချက်ကိုပင် မေ့လျော့လုနီးပြီး ဖြစ်ကာ နဖူးထက်ရှိ ချွေးစက်များအား အလျင်အမြန် သုတ်ရင်း ပြောလိုက်ရသည်။


“ဟုတ်ပါတယ်၊ ဥက္ကဌယွီ”


ယွီဟန်က သူ၏မေးအား အနည်းငယ် မော့လိုက်သည်။


“ခင်ဗျားရဲ့ တင်ပြမှုကို စလို့ရပါပြီ”


ကျောက်ကျုံးချင်သည်ကား ကုမ္ပဏီ၌ လုပ်သက်ရှည်ကြာလှပြီးဖြစ်ကာ ကျိဝမ့်ဖန်း၏ရှေ့မှောက်၌ပင် ဤကဲ့သို့ ကြောက်ရွံ့ခြင်းမရှိခဲ့ပါချေ။


သို့ရာတွင် ယခုအချိန်တော့ ဤလူငယ်၏ အမျိုးအမည်မသိ အာဏာကြီးမားလှသော ရောင်ဝါအောက်တွင် အကြောင်းပြချက်မရှိဘဲ ကြောက်ရွံ့ထိတ်လန့်နေခဲ့ရသည်။


ကျောက်ကျုံးချင် ယွီဟန်၏မျက်ဝန်းများကိုပင် တိုက်ရိုက်မကြည့်ရဲခဲဘဲ  တုံ့ဆိုင်းစွာဖြင့် စတင်ပြောဆိုလာခဲ့သည်။


“ကျွန်တော်က စျေးကွက်မြှင့်တင်ရေးဌာနက ကျောက်ကျုံးချင်ပါ၊ ကုမ္ပဏီမှာ ၁၃ နှစ်လုပ်ကိုင်ခဲ့ပြီး ၊  ဝန်ထမ်းပေါင်း ၅၆ ‌ယောက်ကိုလည်း ကြီးကျပ်ကွပ်ကဲခဲ့ပါတယာ.....”


ယွီဟန်က တိတ်တဆိတ် နားထောင်နေကာ သူ၏အကြည့်သည်လည်း ထိုတစ်လျှောက်လုံးတွင် ကျောက်ကျုံးချင်ထံမှ ဖယ်ခွာခဲ့ခြင်းမရှိချေ။


ထိုတင်းမာလှသော အကြည့်က ကျောက်ကျုံးချင်ကို ခေတ္တလောက်ပင် မရပ်နားနိုင်အောင် တွန်းအားပေးနေခဲ့သည်။ 


သူသာ ရပ်တန့်မိခဲ့ပါက ဥက္ကဌယွီက ဘေးတစ်ဖက်တွင်ရှိနေသော လက်နက်စင်မှ လှံရှည်ကို ယူဆောင်၍ သူ့ကို တိုက်ခိုက်တော့မည့်အလား ခံစားနေရလေ၏။


ကျောက်ကျုံးချင်တစ်ယောက် ပြောစရာ စကားများ အားလုံးကို ပြောပြီးသည့်အချိန်တွင်မူ သူ၏ပါးစပ်က ခြောက်ကပ်နေခဲ့လေပြီ။


ယွီဟန်က အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။


“အင်း၊ ခင်ဗျားရဲ့ စကားပြောစွမ်းရည်တွေကတော့ မဆိုးပါဘူး”


ကျောက်ကျုံးချင်: “... ကျေးဇူးတင်ပါတယ်”


ဒါပေမဲ့ ချီးကျူးစကားနှင့်တော့ သိပ်ပြီး မတူသလိုပဲ။


ယွီဟန်က စာရွက်စာတမ်းတစ်ခုအား သူ၏လက်ချောင်းများဖြင့် လှန်လှောကြည့်လိုက်သည်။


“ဒီအဆိုပြုချက်ကို ဘယ်သူရေးထားတာလဲ?”


ကျောက်ကျုံးချင်က စာရွက်အောက်ဘက် နားရှိ လက်မှတ်ရေးသားချက်ကို  ကြည့်လိုက်သည့်နောက်တွင် သူ၏ရင်ဘတ်က တင်းကျပ်လာခဲ့ရသည်။


  “ကျွန်တော်ပါ”


ယွီဟန်က အနည်းငယ် အထင်သေးသွားဟန်ဖြင့်ပြောလာလေ၏။


“ကောင်းကောင်းရေးထားတာပဲ၊ နောက်တစ်ခေါက် ထပ်မရေးနဲ့တော့”


ကျောက်ကျုံးချင်: “…..”


သူ့အနေဖြင့် ယွီဟန် နားမလည်နိုင်လောက်ဟု ထင်ခဲ့သောကြောင့် စျေးကွက်သုတေသနအဆိုပြုချက်အား အလေးအနက်ထားခြင်းမရှိဘဲ စိတ်ထင်ရာမြင်ရာကို ပူးတွဲ၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်လေသည်။ 


ယွီဟန်က ဤမျှအထိ အလွန်လျင်မြန်စွာ သတိထားမိသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။


ယွီဟန်က ဤအကြောင်းအရာများကို အမှန်တကယ်ပင် နားလည်သည်လား?


ကျောက်ကျုံးချင်၏ လိပ်ပြာမသန့်သကဲ့သို့ဖြစ်နေသော မျက်နှာထားအား မြင်လိုက်ရချိန်တွင် ယွီဟန်က အနည်းငယ် လှောင်ရယ်လိုက်ကာ ပြောလိုက်သည်။


“ပြန်မယူသွားတော့ဘူးလား? ဒါက မျက်စိစူးစရာပဲလေ”


ကျောက်ကျုံးချင်က ကန့်ကွက် စကားလုံးကိုပင် တစ်လုံးမျှ မပြောရဲဘဲ ယွီဟန်၏ စာကြည့်စားပွဲထက်ရှိ အဆိုပြုချက်ကို လျင်မြန်စွာ ယူလိုက်လေသည်။


ယွီဟန်က တခြား မည်သည့်အကြောင်းများကို ဆက်လက်ပြောဆိုမည်ကို မသိရသေးသောကြောင့် သူ၏နှလုံးသားမှာ ဒိန်းဒိန်းခုန်နေခဲ့ရ၏။


နောက်တစ်စက္ကန့်၌ ယွီဟန်က ဆက်ပြောလာသည်။


“ပြန်ရေးပြီးတော့ မနက်ဖြန်မနက်မှာ   ကျွန်တော့်ရဲ့ စာကြည့်စားပွဲပေါ်ကို ရောက်နေပါစေ”


“အာ?”


ကျောက်ကျုံးချင်တစ်ယောက် ကြက်သေသေသွားရလေသည်။


စျေးကွက်မြှင့်တင်ရေးအတွက် အစီအစဥ်အပြည့်အစုံတစ်ခုသည်ကား အပြီးသတ်ရေးဆွဲနိုင်ရန် အနည်းဆုံးတစ်ပတ်ခန့်ကြာမြင့်လေပေသည်။


သို့သော်လည်း ယွီဟန်က သူ့အား အချိန်တစ်ညတည်း ပေးအပ်နေခဲ့သည်။ 


ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ?!


ကျောက်ကျုံးချင်က ဤသို့ခိုင်းစေခြင်းမှာ အလွန်ပင် အကျိုးအကြောင်း မသင့်လျော်နေကြောင်း တွေးတောလိုက်ပြီး ဤလူငယ်မှာ လုပ်ငန်းစဥ်များအား လုံးလုံးလျားလျား နားလည်မှု မရှိဟု တွေးတောလိုက်ပြန်သည်။


ထိုအချိန်မှသာ ဤနေရာသို့ လာရခြင်း၏ မူလရည်ရွယ်ချက်အား  မှတ်မိသွားခဲ့ရပြီး ချေပပြောဆိုရန်အသင့်ပြင်ကာ မျက်မှောက်ကြုတ်လိုက်လေသည်။ 


“ဥက္ကဌယွီ၊ ခင်‌ဗျား အရမ်းကြီး....လုပ်လို့မရဘူး” 


အရမ်းကြီး တရားလွန်နေလို့မရဘူးလေ။


သူ၏ ဝါကျအား အဆုံးမသတ်နိုင်မီမှာပင် တစ်စုံတစ်ရာ ကျိုးပဲ့သွားသည့်အသံမျိုး ထွက်ပေါ်လာလေ၏။


သူ လှမ်းကြည့်လိုက်သည့် အချိန်တွင်မူ ယွီဟန်၏ လက်ထဲရှိ မှင်တံ က ထောက်ခနဲ ကျိုးသွားသည်ကို မြင်လိုက်ပြီး အကြောင့်ပြချက်တစ်မျိုးကြောင့် ကြောက်လန့်တုန်လှုပ်သွားလေသည်။


ယွီဟန်က သူ့၏လက်ဖဝါးအား ခါချလိုက်လျှင် ကျိုးပဲ့သွားသော မှင်တံ၏အပိုင်းအစများမှာ အမှိုက်တစ်စ လွှင့်ပစ်ခံလိုက်သကဲ့သို့ စာကြည့်စားပွဲခုံပေါ်သို့ ပြုတ်ကျခဲ့၏။


သူက မော့ကြည့်လိုက်ရင်း ပေါ့ပါးစွာဖြင့်ပင် ပြောလိုက်သည်။


“အမှုဆောင်ကျောက်၊ ကျွန်တော်က ဘာဖြစ်လို့မရတာ?”


ကျောက်ကျုံးချင်က ယွီဟန်၏ ခေါင်းထက်ရှိ ကြီးမားလှသော အက္ခရာစာလုံးများအားသတိလက်လွတ်ဖြင့် တစ်ချက် ကြည့်လိုက်မိလေသည်။


“... ဘာမှမဟုတ်ပါဘူး၊ အလုပ်တွေပြီးအောင် လုပ်ထားလိုက်ပါ့မယ်”


ထိုအချိန်ခဏအတွင်း၌ ယွီဟန် ချိုးဖဲ့လိုက်သည်မှာ မှင်တံမဟုတ်ဘဲ သူ၏လည်ပင်းဖြစ်နေသည်ဟုပင် ခံစားလိုက်ရသည်။


ကျောက်ကျုံးချင်၏ အဖြေကို ကြားလိုက်ရသောအချိန်မှသာ ယွီဟန်တစ်ယောက် စိတ်ကျေနပ်သွားဟန်ဖြင့် ပြုံးလိုက်၏။


သူ၏ အမူအရာပြောင်းလဲသွားမှုသည်က အလွန်မြန်ဆန်လှသဖြင့် အနီး၌ မတ်တပ်ရပ်လျက်ရှိသော ဖူရှန်းပင်လျှင် အံ့သြမှင်သက်သွားရလေသည်။


ယွီဟန်က စနစ်ကို အားရကျေနပ်နေသောလေသံဖြင့် ပြောလိုက်သည်။


“တွေ့လိုက်လား? တကယ့်ဖိအားအောက်မှာဆိုရင် ဘယ်သူမှ ငါ့ကို မငြင်းဆန်ရဲဘူး”


စနစ်: {……}


တောင်းပန်ပါတယ်၊ ငါ အခု သွားတော့မယ်။ 


(T/N note: ၂၀၁၇ နှစ်ကာလအတွင်းတွင် အွန်လိုင်း၌ အသုံးပြုခဲ့သော ဗန်းစကားဖြစ်ပြီး တစ်ဖက်သူမှ အလွန်တရာ သည်းညည်းမခံနိုင်စရာဖြစ်နေလျှင် သုံးခြင်း)


စနစ်ကတော့ သူ လုံးဝ စကားမပြောတော့ရန် ဆုံးဖြတ်ချက်ချလိုက်သည်။


အဆုံးတွင်တော့ မည်သည့်အကြောင်းအရာ၌ပင်ဖြစ်စေ  Hostက  သူ၏မျက်နှာကို ရိုက်ချနိုင်ရန် နည်းလမ်းတစ်ခုမဟုတ် တစ်ခု တွေ့ရှိနေခဲ့သည် မဟုတ်ပါလား။


ဤစနစ်၏ သက်တမ်းတစ်လျှောက်လုံးတွင် ဤကဲ့သို့သော အရှက်ကွဲမှုမျိုးကို တစ်ခါမှ မကြုံတွေ့ခဲ့ရဖူး‌ပေ!


ကျောက်ကျုံးချင်တစ်ယောက်ကတော့ တစ်ဖက်သူထံမှ လုပ်ဆောင်ရန် အလုပ်တာဝန်အား လက်ခံရရှိပြီးဖြစ်ရာ မည်သည်ကိုမျှ ဆက်လက်မပြောရဲတော့ဘဲ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာရန် စီစဥ်နေလေသည်။


သူ မထွက်ခွာနိုင်မှာပင် ယွီဟန်က သူ့ကို  လှမ်းခေါ်လိုက်ပြန်သည်။


“ကျွန်တော်က ဒီကိုအသစ်ရောက်လာတာဆိုပေမဲ့ ခင်ဗျားတို့အတွက် ဘာလက်ဆောင်မှမယူလာခဲ့ရဘူး” 


ယွီဟန်က မေးကို အနည်းငယ်မော့လိုက်ကာ ပြောလိုက်၏။


“အတွင်းရေးမှူးဖူဆီကို သွားပြီး ကျွန်တော် ရေးထားတဲ့ အလှလက်ရေးတစ်ချပ် သွားယူလိုက်၊ ပြီးရင် ရုံးခန်းထဲမှာ ချိတ်ထားလိုက်ချေ”


ဖူရှန်းအနေဖြင့် ယွီဟန်မှ ထိုအလှလက်ရေးများကို ဤကဲ့သို့ရည်ရွယ်ချက်ဖြင့် အသုံးချလိမ့်မည်ဟု မထင်ထားခဲ့သောကြောင့် အလွန်ပင် အံ့သြသင့်သွားရပြန်သည်။ကျောက်ကျုံးချင်သည်လည်း ဤကဲ့သို့လက်ဆောင်မျိုးကို ရရှိလိမ့်မည်ဟု မမျှော်မှန်းထားခဲ့သောကြောင့် ခေတ္တမျှ မင်သက်သွားလေ၏။


ငါးမိနစ်ခန့်ကြာပြီးနောက်တွင် ကျောက်ကျုံးချင်က သံခဲတုံးကဲ့သို့ ညိုမှောင်နေသောမျက်နှာထားဖြင့် ဖူရှန်း၏လက်ထဲမှ လက်ရေးလှပန်းချီစာလိပ်အား ယူလိုက်လေသည်။ 


၎င်းစာလိပ်ထဲတွင်တော့  ကြီးကျယ်ခမ်းနားလှသော စာလုံးများဖြင့်လက်ရာမြောက်စွာ ရေးထိုးထားသည်မှာ: 


“အကျွန်ုပ်၏လမ်းကို ပိတ်ဆို့သူများအားလုံး သေကျေပျက်ဆီးကြလိမ့်မည်”


ဒါက ပေါ်တင်ကြီးကို ခြိမ်းခြောက်နေတာပဲ !!!


ကျောက်ကျုံးချင်မှာ စာလိပ်လေးအားကိုင်ထားလျက်ပင် ရုံးခန်းအပြင်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။


ကျောက်မီးသွေးမှုန့်နှင့် အသုတ်ခံထားခံထားရသကဲ့သို့ မှောင်မိုက်နေသော သူ၏မျက်နှာအား မြင်လိုက်သောအခိုက်တွင် တံခါးနားတွင်ရှိနေသောလူများမှာ မည်သို့မေးခွန်းမျိုးကိုမှ မမေးရဲကြတော့ချေ။


ထိုအချိန်မှစ၍ စီမံကိန်းဌာနခွဲ၏အကြီးအကဲဖြစ်သူ ကျောက်ကျုံးချင်၏ ရုံးခန်း၌ ကြီးကျယ်ခမ်းနားလှကာ ခံ့ညားထည်ဝါလှပါသော အနုပညာလက်ရာတစ်ခု ရှိလာခဲ့တော့သည်။