Ch 5
Viewers 2k

🍁 Chapter 5




[မဟုတ်ဘူး ဦးလေးရဲ့ကျောက်ကပ်အားနည်းတာက တခြားအမျိုးသမီးတွေကြောင့်ဖြစ်မှာ၊ သူလည်း လျှို့ဝှက်ချက်ရှိတာပဲ၊ လင်မယားနှစ်ယောက်လုံးက တစ်ယောက်အပေါ်တစ်ယောက် ဖောက်ပြန် နေကြတာလေ၊ ယောက်ျားနဲ့ မိန်းမ တန်းတူညီမျှမှုကို အဓိကထားကြတာပေါ့]


"ဖူး..အဟွတ်..အဟွတ်..!"


ရှုယန်ဝမ်မှာ လက်ဖက်ရည် သောက်ရင်း သီးသွားရသည်။


ညီလေးရေ မင်းတို့ရဲ့အချစ်တွေက သရုပ်ဆောင်နေကြတာကိုး။


ကျန်းရှင်း ချက်ချင်းတစ်ရှူးထုတ်ကာ သူ့ကို သုတ်ပေးလိုက်ပြီး ဆိုဖာထက် မျက်နှာနီနေသည့် လင်မယားကို စိုက်ကြည့်နေသည်။


သူမမှာ ထိုလင်မယားမှာ ယခုအချိန်တွင် အသက်ရှူကျပ်မတတ် ခံစားနေရမည်ကို သံသယ မရှိပေ။ ကြားနေရသော်လည်း ပြန်မငြင်းနိုင်သည့် ခံစားချက်ကို သူမ ကိုယ်တိုင်လည်းနားလည်သည်။


[ဒါက ဒဏ္ဍာရီထဲကလို လွတ်လပ်တဲ့ အိမ်ထောင်ရေးလား၊ ဒါဆို သူတို့ရဲ့ကလေးယူမယ့် အစီအစဉ်က ဘယ်လိုလဲ]


[အမွေအတွက် သားတစ်ယောက်မွေးဖို့လေ၊ ဒေါ်လေး အခု သားတစ်ယောက်ကိုယ်ဝန်ရှိနေပြီ၊ ဦးလေးကလည်း ကျေးဇူးတင်တဲ့အနေနဲ့ သူ့ကို လူပျိုလေး တစ်ယောက် လက်ဆောင်ပေး လိုက်သေးတယ်]


[အို ချမ်းသာတဲ့သူတွေ ကစားတတ်ပုံကတော့ တကယ်ပဲ၊ ဒါနဲ့ ဒေါ်လေးက ဒီလောက်အချစ်ရေး ရှုပ်ထွေးနေတာကို ဦးလေးကလည်း အဲဒီကလေးက သူ့သွေးသားလို့ ဘယ်လိုယုံကြည်နေတာလဲ]


[ရှင်းပါတယ်၊ ကိုယ်ဝန်ဆောင်ဖို့ပြင်ဆင်နေချိန်မှာ သူ့ကို ဘယ်အပြင်မှမထွက်ခိုင်းဘူး၊ ကိုယ်ဝန်ရှိပြီ ဆိုမှ လွှတ်ပေးတာလေ]


[တကယ့် လူတော်ပဲ]


"ဖူး အဟွတ် အဟွတ်"


ဒီတစ်ခါ လက်ဖက်ရည်သီးသွားသူမှာ ကျန်းရှင်း ဖြစ်သည်။


"တောင်းပန်ပါတယ် တောင်းပန်ပါတယ်"


ရှုယန်ဝမ် ချက်ချင်းပင် ကူညီသုတ်ပေးလိုက်သည်။ ဇနီးမောင်နှံမှာ ရယ်ချင်စိတ်ကို အောင့်ထားရ သဖြင့် ပေါက်ကွဲမတတ်ဖြစ်နေကာ အဝတ်အစားလဲရန် အပေါ်ထပ်သို့တက်ပြေးခဲ့ကြသည်။


လက်မှပေါင်ကို ညှစ်ထားရသော ရှုယောင်ယောင်မှာလည်း မတောင့်ခံနိုင်တော့ချေ။ သူများရဲ့ အတင်းအဖျင်းကိုနားထောင်ရတာ တကယ့်ကို စိတ်ဝင်စားစရာကောင်းလှသည်။


ကောလဟာလထဲမှ ကာယကံရှင်နှစ်ဦးမှာမူ ဒေါသကြောင့် တုန်ရီနေသော်လည်း ဘာမှ မလုပ်နိုင်ကြ ချေ။


ကောလဟာလကို ကောလဟာလဟု ခေါ်ရခြင်းမှာ လူသိရှင်ကြား ပြော၍မရသောကြောင့်ဖြစ် သည်။ ထို့ပြင် သူတို့မှာ ပါးစပ်ဟ၍မရသလို တကယ်လို့သာ ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုလျှင် သူတို့ မျက်နှာ မည်သို့ထားရမည်နည်း။


အား တောက်…


[တခြား ဘာရှိသေးလဲ၊ ထပ်ပြောပါဦး၊ ငါ နားထောင်ချင်တယ်လို့]


[ပြီးတော့]


"ယင်းယင်း ဒီအတိုင်း ငြိမ်မနေနဲ့လေ၊ လက်ဖက်ရည်လေး သောက်ဦး၊ မုန့်စားဦး၊ အဘိုး ခဏနေရင် ဆင်းလာတော့မှာ"


"ယောင်ယောင်လည်း စားနော်"


ထန်ဝမ် သူမ အတွေးများကို ချက်ချင်း ဖြတ်တောက်လိုက်သည်။ ပြန်မငြင်းနိုင်ရင်တောင် စကားလမ်းကြောင်း လွှဲလို့ရသည်မဟုတ်ပါလား။


"ကျေးဇူးတင်ပါတယ် ဒေါ်လေး၊ သမီးလည်း နည်းနည်းရေငတ်နေတာနဲ့ အတော်ပဲ"


ထန်ဝမ်မှာ အံကြိတ်ကာ သူမကို စိတ်ထဲမှကျိန်ဆဲနေမိသည်။ နင်က အတင်းအဖျင်း ကြိုက်လှချည် ရဲ့ဆို၊ ရေငတ်လို့သေသွားရင် အေးတာပဲ


[ဆက်ပါဦး တခြား ဘာရှိသေးလဲ]


[ဒေါ်လေးက လူပျိုလေးတွေနဲ့ တွေ့တိုင်း တစ်ကိုယ်လုံးကိုပြုပြင်ပြီး အသားအရေ လှအောင် လုပ်ရ တယ်၊ အသက် ၂၀ အရွယ် မိန်းကလေးလိုဟန်ဆောင်ရတာ၊ သခွားသီးအိုကို ဆေးသုတ်ထားရတာ တကယ် ပင်ပန်းမှာပဲ]


[မဟုတ်သေးပါဘူး အဲဒီလူတွေက မျက်စိကန်းနေတာလား၊ သူက အသက် ၄၀ ရှိပြီလေ၊ နည်းပညာ တွေ ဘယ်လောက်သုံးသုံး ၁၈ နှစ်လို့တော့ ပြောင်းလဲလို့မရပါဘူး]


[၄၀ ဖြစ်တော့ ဘာဖြစ်လဲ၊ အခုမှ လူမှုပတ်ဝန်းကျင်ထဲရောက်လာတဲ့ လူငယ်လေးတွေက ငွေနဲ့ အလှအပရဲ့ ဆွဲဆောင်မှုကို ဘယ်သူက ခံနိုင်မှာလဲ၊ သူ့ရဲ့ မိတ်ကပ်လိမ်းခြယ်မှုကလည်း အတုမရှိဘူး လေ၊ မင်းသမီးလေး၊ ဘုရင်မကြီး၊ အလှမယ်စသဖြင့် အမျိုးမျိုးပြောင်းလဲနိုင်လို့ လူငယ်လေးတွေကို ပြာယာခတ်သွားစေတာပေါ့၊ မယုံရင် ပုံတွေကိုကြည့်လိုက်]


စနစ်က ထန်ဝမ်၏အမျိုးမျိုးသော ဝတ်စားပြင်ဆင်ထားသည့် ဓာတ်ပုံများကို အလင်းဖန်သားပြင် ထက် ပြသလိုက်လေသည်။


ရှုယင်းယင်း လက်ဖက်ရည်ခွက်ကို မလိုက်ပြီး ရှေ့မှကာယကံရှင်ကို ခိုးကြည့်ကာ စိတ်ထဲမှ နှိုင်းယှဉ် နေမိသည်။


[သူက မိတ်ကပ်လိမ်းထားတာလား ဒါမှမဟုတ် မျက်နှာကို ပန်းချီဆွဲထားတာလား ?]


ထန်ဝမ် "..." နင်ကတော့ ယဉ်ကျေးနေတာပဲ။


"တတိယသခင်မလေး ပြန်လာပါပြီ"


အစေခံ၏အစီရင်ခံမှုနှင့်အတူ လူအားလုံး တံခါးဝသို့ လှည့်ကြည့်လိုက်ကြသည်။


ရှုယန်ဝေသည် ဒူးအထိရောက်သော အနီရောင်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး လှပနူးညံ့သော မျက်နှာလေး ရှိသည်။ သူမ ခြေလှမ်းများမှာ ကချေသည်တစ်ဦးကဲ့သို့ ပေါ့ပါးနေပြီး ကိုယ်သင်းရနံ့ သင်းသင်းလေးနှင့်အတူ လူတိုင်းထံသို့ လှောက်လှမ်းလာခဲ့သည်။


[ဝါး ငါ့အဒေါ်က တကယ်လှတာပဲ၊ ကကွက်တွေ သင်ထားတဲ့အတိုင်းပဲ၊ သူ့ရဲ့ ကိုယ်နေဟန်ထားက အံ့ဩစရာပဲ၊ ငါတော့ စွဲလမ်းသွားပြီ]


ရှုယန်ဝေမှာ အနည်းငယ်အံ့ဩသွားပြီး အသံထဲမှ ခေါ်ဝေါ်သံအတိုင်း အတူတူ ရပ်နေကြသော ရှုယောင်ယောင်နှင့် ရှုယင်းယင်းကို ကြည့်လိုက်သည်။


သူမသည် ရှုယောင်‌ယောင်အသံကို ကြားဖူးသော်လည်း ယခုသူတို့မှာ သိသိသာသာ စကားမပြောကြ ချေ။ ဒါဆို ဒါ ရှုယင်းယင်းရဲ့ အသံလား?


ယုံကြည်ရခက်သော်လည်း သူမက အပြင်ပန်းတွင်မပြသဘဲ သူ့ တူမနှစ်ယောက်ထံသို့ ပြုံးလျက် လှောက်လာကာ "ယောင်ယောင်၊ ယင်းယင်း"



"နေကောင်းလား အဒေါ်" နှစ်ယောက်လုံးက ပြိုင်တူနှုတ်ဆက်လိုက်ကြသည်။


ရှုယန်ဝေ ရှုယင်းယင်းကို ကြည့်လိုက်သည်။ ဒါ တကယ် သူမရဲ့ အသံပဲ။


[အဒေါ်က တကယ်နူးညံ့တာပဲ၊ အသံလေးကလည်း ကောင်းလိုက်တာ၊ ဝူးဝူး လှတဲ့သူတွေက အရာရာတိုင်းမှာ ကောင်းတာပဲ၊ ငါတော့ အားကျလိုက်တာ]


လူတိုင်းက ချီးမွမ်းစကားကိုနားထောင်ရတာ ကြိုက်ကြသလို ရှုယန်ဝေသည်လည်း ချွင်းချက်မဟုတ် ပေ။


သူမက ပြုံးကာ ယင်းယင်းဆံပင်လေးကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။


"အိမ်မှာ နေရတာ အဆင်ပြေရဲ့လား"


"အဆင်ပြေပါတယ်၊ မိဘတွေနဲ့ ညီမလေးက သမီးအပေါ် အရမ်းကောင်းကြတယ်၊ အဒေါ်ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်"


ရှုယန်ဝေက ဤတူမလေးမှာ စကားပြောချိုသာပြီး လိမ္မာသဖြင့် တကယ်ကို ချစ်စရာကောင်းသည်ဟု ထင်မိသည်။


"အဆင်ပြေရင် ပြီးတာပါပဲ၊ ထိုင်ကြပါ၊ အားမနာနဲ့နော်၊ ယောင်ယောင်လည်း ထိုင်ဦးလေ"


"ဟုတ်ကဲ့"


[အဒေါ်က လူကောင်းပဲ၊ သူ့မှာတော့ အတင်းအဖျင်း မရှိလောက်ပါဘူးနော်]


ရှုယန်ဝေမှာ တွေးမိလိုက်သည်။ အတင်းအဖျင်းဆိုတာ ဘာလဲ ?


ရှုယန်ရွေ့နှင့် ထန်ဝမ်တို့မျက်လုံးများကမှာမူ တောက်ပသွားကြရသည်။ နောက်ဆုံးတော့ တခြားတစ် ယောက် အလှည့်ရောက်ပြီ၊ မြန်မြန်ပြောစမ်းပါ!