Ch 5
Viewers 1k

🍃 Chapter 5


ကျိုးကျွင်းလန်သည် ကျီချောင်ချင် ပြန်လာလိမ့်မည်ဟု လုံးဝမတွေးခဲ့မိပေ။


ငယ်စဉ်က ကျိုးကျွင်းလန်သည် ကျီချောင်ချင်နောက်မှလိုက်ခဲ့ရသည်။ နှစ်ဦးသား မူလလက်တွဲဖော်များဖြစ်ကြပြီး တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိသည်။


ကျီချောင်ချင်သည် ထက်မြက်သော လူငယ်ပညာရှိတစ်ဦးဖြစ်ပြီး ရည်မှန်းချက်အပြည့်ဖြင့် ဝင့်ကြွားနေသူဖြစ်ရာ သူမော့ကြည့်ရုံသာတတ်နိုင်ခဲ့သည်။ ဂိုဏ်းချုပ်နေရာကိုပင် ကျီချောင်ချင်မှ အခက်အခဲအမျိုးမျိုးကြားမှ တွန်းတင်ပေးခဲ့ရသည်။


ထိုအချိန်က နေမင်းသည် သူမကိုအမြဲမျက်နှာသာပေးလိုဟန်ရှိပြီး သူ့ အဝတ်အစားများ လွင့်ပျံသွားသည့်အခါ အလင်း ရောင်ရှိနေသကဲ့သို့ပင်။ ကျိုးကျွင်းလန်သည် ကျီချောင်ချင် ၏တည်ရှိမှုကို မခံနိုင်တော့ပေ။ ကျီချောင်ချင် ရှိနေသရွေ့ သူတိုးတက်မှုရရှိရန် လုံးဝအခွင့်အရေးရမည်မဟုတ်ပေ။


ထို့ကြောင့်၊ သရဲမျိုးနွယ်စုမှလက်ကျန်လူများ တိုက်ခိုက်သည့်နေ့တွင် သူသည် ခဏတာမျှ စိတ်လွတ်သွားပြီး ပြင်း ထန်စွာဒဏ်ရာရနေသော ကျီချောင်ချင်အား ချောက်ကမ်းပါးပေါ်မှ တွန်းချခဲ့သည်။


မမျှော်လင့်ဘဲ၊ ကျီချောင်ချင် အသက်ရှင်လျက် ပြန်ရောက် လာခဲ့သည်။


ကျိုးကျွင်းလန်၏ နားထင်များမှ ချွေးများစိမ့်ထွက်လာသည်။ သူ ဤအချိန်တွင် အလွန်ရှုပ်ထွေးသော ခံစားချက်ကို ခံစားရသည်။ တစ်ဖက်တွင် ဆယ်နှစ်ခန့်ကဖြစ်ပျက်ခဲ့သည့်အပေါ် စိတ်ခံစားမှုနောက်လိုက်ခဲ့ခြင်းကြောင့် သူမအပေါ် နောင်တရကာ အပြစ်ရှိသည်ဟုခံစားရသည်။ 


အခြားတစ်ဖက်တွင်မူ သူ့နှလုံးသား လျှို့ဝှက်သောနေရာ၌ ကျီချောင်ချင် သည် သူ့ရှေ့တွင် အသက်ရှင်လျက်ရပ်နေခြင်းကြောင့် အနည်းငယ်စိတ်လှုပ်ရှားမှုကို ခံစားနေရသည်။


"စန်းရှစ်မေ့ (တတိယညီမလေး) မင်း ပြန်လာပြီပဲ"


"စန်းရှစ်မေ့ (တတိယညီမလေး)" ဟူသော စကားများထဲ သူ သတိမထားမိသော ပျော်ရွှင်မှုတစ်ခုပါဝင်နေခဲ့သည်။


ခန်းမထဲရှိ ဧည့်သည်များသည် ရုတ်တရက် တီးတိုးစကားဆိုလာကြပြီး သူတို့မျက်နှာထားများမှာ အမျိုးမျိုးပြောင်းလဲသွားသည်။ လူအများစုသည် ကျီချောင်ချင်ကို ယခင်မြင်ဖူးကြပြီး မကောင်းဆိုးဝါးနှင့် တိုက်ပွဲအပြီးတွင် သူမ၏ အပြု အမူများ မည်မျှပင် သဘာဝမကျဘဲ၊ စိတ်လိုက်မာန်ပါဖြစ်ခဲ့ကြောင်းသိကြသည်။ 


ကျီချောင်ချင်သည် ယခုအခါ လုံးဝစွမ်းရည်မရှိသူ တစ်ဦးဖြစ်နေကြောင်းကိုလည်းမြင်ကြသည်။ ဤ ကသိကအောက် ဖြစ်စရာနှင့် ရယ်စရာကောင်းသောမြင်ကွင်းသည် အမှန်တကယ်ပင် အံ့အားသင့်စရာဖြစ်သည်။


"ကျီချောင်ချင် ဂိုဏ်းချုပ်ကျိုးကို တကယ်ချစ်နေတာများလား၊ အဲဒီတုန်းက သူ့အတွက် ချောက်ကမ်းပါးပေါ်က ခုန်ချခဲ့ရတာ၊ အခုတော့ သူ့ရဲ့သတို့သမီး‌နေရာကို လာလုတာလား။"


"မိန်းမတစ်ယောက် ဒီလိုလုပ်တာ တကယ်အရှက်ရစရာပဲ၊ ငါ့သမီးသာဆိုရင်တော့ ရိုက်သတ်ပစ်မှာ"


"တစ်ချိန်က ရဲရင့်ခဲ့တဲ့ ကျီချောင်ချင်က အခုတော့ ပူဆွေးနေတဲ့ မိန်းမတစ်ယောက်ဖြစ်သွားပြီ၊ ဟင်းးး~ "


"သူမ မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ၊ သူ့ ကျင့်စဉ်တွေ ကျဆင်းသွားတဲ့နောက်ပိုင်းမှာ သူ့စိတ်နေစိတ်ထားက ထူးဆန်းပြီးရက်စက်လာခဲ့တာ၊ အခုတော့ လူရယ်စရာဖြစ်နေပြီ၊ ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်သလဲ"


"ကျီချောင်ချင်က အခုချိန်မှာ ဂိုဏ်းချုပ်ကျိုးနဲ့ ဘယ်လိုလုပ် ထိုက်တန်တော့မှာလဲ ?"


ကျိုးကျွင်းလန် ထိုမှတ်ချက်များကို ရှင်းရှင်းလင်းလင်းကြား လိုက်ရသည်။ သူက "အဲဒီတုန်းက ဖြစ်ခဲ့တာတွေပြီးသွားပါပြီ၊ အခု ကျွန်တော့် စန်းရှစ်မေ့ပြန်ရောက်လာပြီဆိုတော့ ဆက်ပြီး ဆွေးနွေးတာတွေရပ်လိုက်ကြပါတော့" ဟု ညင်သာစွာပြောလိုက်သည်။


ကျီချောင်ချင်ကမူ စွပ်စွဲပြောဆိုမှုများကို အေးစက်စွာကြည့်လိုက်ပြီးနောက်၊ နူးညံ့သိမ်မွေ့၍ယဉ်ကျေးသော ရှစ်ရှုန်း၏ ကာကွယ်ပေးသည့် အမူအရာကိုကြည့်ကာ ရယ်ချင်စိတ် ပေါက်လာရသည်။


ကျီချောင်ချင်သည် အလွန်အရှက်ရဖွယ်ကောင်းသောသူ ဖြစ်နေသကဲ့သို့ လူတိုင်းက ကိုယ့်ဘက်မှအမှန်ဟု ယူဆကာ ဒေါသအပြည့်ဖြင့် ထိုးနှက်နေကြသည်။


လူတိုင်းသည် ကျီချောင်ချင် ဂိုဏ်းကို ကယ်တင်ရန်၊ နွယ်စုသုံးခုကိုချိတ်ပိတ်ရန်အတွက် အသက်စွန့်ခဲ့သည်ကို မေ့နေကြပုံရသည်။ သရဲမျိုးနွယ်စုမှ လက်ကျန်လူများဂိုဏ်းကို တိုက်ခိုက်သောအခါတွင် သူမသည် ကိုယ့်လုံခြုံရေးကိုမငဲ့ ကွက်ဘဲ သရဲမျိုးနွယ်စုဝင်အားလုံးကို သုတ်သင်ရှင်းလင်းခဲ့သည်။


သို့သော်လည်း၊ ဤစွန့်လွှတ်မှုများက ကျေးဇူးတရားကိုမယူ ဆောင်လာခဲ့ပေ။ သူမ၏လူများပင်လျှင် သူမကို ကြောက်ရွံ့ကြပြီး နတ်ဆိုးတစ်ပါးအဖြစ်ရှုမြင်ခဲ့ကြသည်။ ယခုတွင် သူတို့သည် ၎င်းတို့အသက်ကိုကယ်ခဲ့သောသူကိုပင် အပြစ်တင်နေကြသည်။


ကျီချောင်ချင်သာ မရှိခဲ့လျှင် သူတို့ ယနေ့အထိ အသက်ရှင်မည်မဟုတ်၊ ယနေ့ရရှိထားသော အရာများကိုရရှိမည်မဟုတ်၊ ဤနေရာတွင် ရပ်ကာ သူမအား စွပ်စွဲဝေဖန်ရန် အခွင့်အရေးပင် ရမည်မဟုတ်သည်အား ၎င်းတို့ မေ့လျော့နေပုံရသည်။


ထို့နောက် ကျိုးကျွင်းလန်ရှိခဲ့သည်။ သူသည် အမြဲတမ်းဟန် ဆောင်ရာတွင် ထူးချွန်သူဖြစ်သည်။ သူမသည် သူ့ဟန် ဆောင်မှုများကြောင့် အကြိမ်ကြိမ် အလှည့်စားခံခဲ့ရပြီး အန္တရာယ်မှ ကယ်တင်ရန်အတွက် ကိုယ်ပိုင်အသက်ကို အကြိမ်များစွာ စွန့်လွှတ်ခဲ့ရသည်။ 


သူမသည် ယခင်က လူများကို ကောင်းစွာမဆုံးဖြတ်နိုင်ခဲ့သော်လည်း ယခုမူ ဆုံးဖြတ်နိုင်ပြီဖြစ်သည်။


ထိုအချိန်က သူမသည် သူ့အား အစ်ကိုကြီးတစ်ဦးအဖြစ်သာ သဘောထားခဲ့ပြီး၊ စေ့စပ်ထားသည်ဟုဆိုသည့်ကိစ္စမှာ ထျန်းရွှမ်ဂိုဏ်းမှ သက်ကြီးရွယ်အိုများ သေရည်သောက်ရင်းစနောက်ခဲ့သည့် ပြက်လုံးတစ်ခုမျှသာဖြစ်ကြောင်း ကျိုးကျွင်းလန် ကောင်းစွာသိသည်။ သူမ သူ့ကို စွဲလမ်းသည်ဟူသော ကောလဟာလများမှာ ရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ခဲ့ခြင်းဖြစ် သည်။


ကျိုးကျွင်းလန်၏စကားများသည် ယခုအခါ မုသားများအား အကြိမ်ကြိမ်ကြားရသောအခါ စစ်မှန်လာသည်ကိုဖော်ပြနေသကဲ့သို့ပင်။


ဤအချိန်တွင် ခန်းမအလယ်ရှိ သတို့သမီးက ရုတ်တရက် စကားပြောလိုက်သည်: "စန်းရှစ်မေ့ ငယ်စဉ်တုန်းကစိတ် လိုက်မာန်ပါဖြစ်ခဲ့ပေမယ့် အခုတော့ သူ့အပြုအမူတွေကို ပြင်ဆင်ပြီးသွားပါပြီ၊ မဟုတ်ရင် ကျွန်မတို့ရဲ့ မင်္ဂလာပွဲကို ပြန်လာတက်ရောက်မှာမဟုတ်ပါဘူး၊ ကျေးဇူးပြုပြီး ကျွန်မမျက်နှာကိုထောက်ပြီး စန်းရှစ်မေ့ကို အနှောင့်အယှက်မပေးကြပါနဲ့"


သူမ အသံသည် နူးညံ့သိမ်မွေ့ပြီး နွေဦးလေနုအလားခံစားရစေသည်။ လင်ရှန်းရှန်း နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ စကားပြောလိုက်ခြင်းဖြစ်သည်။


ဒီစုံတွဲက တကယ်စိတ်ဝင်စားစရာပဲ။ သူတို့ အပြန်အလှန် စကားပြောကြပြီး လူတိုင်းပြောနေတဲ့ အပြစ်အားလုံးကို သူမက လက်ခံလိုက်ရတယ်။


ဒီလိုဆိုရင် သူမ ဘယ်လိုလုပ်ပြီး သူတို့ကိုပြန်မပေးဆပ်ဘဲ နေနိုင်တော့မှာလဲ ?


ကျီချောင်ချင် - "ကျွန်မ ငယ်စဉ်ကတည်းက ထျန်းရွှမ်ဂိုဏ်း မှာကြီးပြင်းလာခဲ့တာပါ၊ ဒါ ကျွန်မရဲ့အိမ်ပဲ၊ သေချာတာက ဒီမိသားစုကြီးကို ပြောင်းလဲဖို့ပြန်လာတာပါ"


သူမ ပြောရင်း သိုလှောင်လက်စွပ်ထဲမှ စာအုပ်တစ်အုပ်ကိုထုတ်လိုက်သည်- “မြွေခေါင်းက ကျွန်မ အစ်ကိုကြီးကိုစနောက်တဲ့ ပြက်လုံးတစ်ခုပါ၊ ဒါကတော့ အဖေ အဲဒီတုန်းကပေးခဲ့တဲ့ လမ်းစဉ်ခြောက်ခုမှတ်တမ်းပါ၊ အခု အစ်ကိုကြီးကို လက် ဆောင်အဖြစ်ပေးပါတယ်"


ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူတိုင်း အံ့အားသင့်သွားကြသည်။


"ဘာ! ဒါက လမ်းစဉ်ခြောက်ခုမှတ်တမ်း တကယ်ပဲလား ? ဖန်ကူး ကမ္ဘာကိုဖန်တီးပြီး ကောင်းကင်တာအိုပေါ်ပေါက်လာတယ်လို့ ဒဏ္ဍာရီတွေက ပြောကြတယ်၊ သူ့ရဲ့ အခြေခံတွေက ဟုန်ယွမ်ပုလဲ၊ ပြန်လည်မွေးဖွားခြင်းမှန်၊ ကြွေမီးခွက်နဲ့ ဖီးနစ်သစ်ပင်တွေ၊ နောက်ပိုင်းမှာ နွီးဝါက မှော်ကျောက်တုံးကို သုံးပြီး ကောင်းကင်ကိုပြုပြင်ခဲ့တယ်၊ မဟာနတ်ဘုရားဖူရှီက ဘုရားသုံးပါးကို အသုံးပြုပြီး နွီးဝါကိုကူညီပြီး ကောင်းကင်နဲ့မြေကြီးရဲ့ မကောင်းဆိုးဝါးစွမ်းအင်ကိုဖိနှိပ်ခဲ့တယ်၊ နောက် ပိုင်းမှာ နတ်ဘုရားလေးပါးပျောက်ကွယ်သွားခဲ့တယ်၊ လမ်း စဉ်ခြောက်ခုမှတ်တမ်းမှာ နတ်ဘုရားလေးပါးရဲ့နေရာတွေကို အသေးစိတ်မှတ်တမ်းတင်ထားပါ"


"နတ်ဘုရားလေးပါးကိုရတဲ့သူဟာ ကမ္ဘာလောကကိုရရှိနိုင်မယ်"


"ဒါတွေကို အဓိပ္ပာယ်မရှိဘူးလို့ ထင်ခဲ့တာ၊ ဒါပေမယ့် တကယ်ကြီး လမ်းစဉ်ခြောက်ခုမှတ်တမ်း ရှိနေမယ်လို့မထင်ခဲ့ဘူး"


ခဏအကြာတွင် လူတိုင်းသည် ကျီချောင်ချင်ကို တပ်မက်သော မျက်လုံးများဖြင့်ကြည့်နေကြသည်။


"အကြီးအကဲကျီ၊ လမ်းစဉ်ခြောက်ခုမှတ်တမ်းက အရမ်းအရေးကြီးပါတယ်၊ ကျွန်တော်တို့အားလုံး အတူတူဆွေးနွေးသင့်တယ်"



"ဂိုဏ်းချုပ်ကျိုးက အရမ်းငယ်သေးတယ်၊ အတိဒုက္ခအစောပိုင်းအဆင့်ပဲ ရှိသေးတယ်၊ လမ်းစဉ်ခြောက်ခုမှတ်တမ်းက အရမ်းအရေးကြီးတယ်၊ သူ သေချာပေါက် ကာကွယ်နိုင်မှာမဟုတ်ဘူး"


"အကြီးအကဲကျီက သူ့ကျင့်စဉ်အားလုံးကိုဆုံးရှုံးသွားခဲ့ပြီ၊ ထျန်းရွှမ်ဂိုဏ်းရဲ့ ဒုတိယအကြီးအကဲ ချန်းဝမ်ရှန်းကလည်း ခရီးထွက်နေတယ်၊ ဂိုဏ်းတိုက်ခိုက်ခံရရင် လမ်းစဉ်ခြောက်ခုမှတ်တမ်းက သူခိုးတွေလက်ထဲကို အလွယ်တကူကျရောက်သွားနိုင်တယ်"


မကြာသေးမီက မိသားစုကဲ့သို့ရင်းနှီးခဲ့ကြသူများသည် ယခုအခါ ၎င်းတို့၏ကိုယ်ပိုင်လျှို့ဝှက်ရည်ရွယ်ချက်များရှိနေကြပြီး၊ သူတို့လောဘများ ထင်ရှားလာကြသည်။ ကျိုးကျွင်းလန် သည် လမ်းစဉ်ခြောက်ခုမှတ်တမ်းအား လက်ခံခဲ့သော်လည်း အခြားသူများကဲ့သို့ စိတ်မထိန်းနိုင်ဘဲမနေခဲ့ပေ။ ထို့အစား သူ ကျီချောင်ချင်အား နက်ရှိုင်းစွာကြည့်လိုက်သည်။ သူ့ မှင်ရောင်မျက်လုံးများသည် မှောင်မိုက်နက်ရှိုင်းနေပြီး သူမကို ဆွဲဆောင်နေသကဲ့သို့ပင်။


 "ဒီပစ္စည်းက အမှန်တကယ်အရေးကြီးပါတယ်၊ ကျွန်တော့် ဆရာကို အရင်တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချပါ့မယ်"


ဤစကားများကြောင့် လူတိုင်းတိတ်ဆိတ်သွားကြသည်။


ထျန်းရွှမ်ဂိုဏ်းဘိုးဘေး၊ ကျီချောင်ချင်၏ဆရာသည် ထိုခေတ်က အတုမရှိသောဆရာသခင်တစ်ဦးဖြစ်သည်။ မည်သူမျှ သူ့အား မလေးမစားမလုပ်ရဲကြပေ။ ယခုအခါ မကောင်း သော ရည်ရွယ်ချက်များရှိနေကြသော်လည်း ထုတ်ဖော်မပြရဲကြပေ။