Ch 4
Viewers 1k

🍃 Chapter 4


သူမသည် ဖြည်းညှင်းစွာ ပြောလိုက်သည်။ 


"နတ်ဘုရားက ပြောတယ်၊ ယောင်္ကျားနဲ့ကိုယ်လုပ်တော်ကြားက ချစ်ခြင်းမေတ္တာ၊ သူခိုးနဲ့ ပြည့်တန်ဆာကြားက ချစ်ခြင်းမေတ္တာက ကောင်းကင်ရဲ့အလိုကိုဆန့်ကျင်နေတယ်၊ အဲ့အ တွက် ကောင်းကင်ပြစ်ဒဏ်ကို ခံရဖို့ထိုက်တန်တယ်"


ထိုတပည့်မျက်နှာသည် ချက်ချင်းဖြူဖျော့သွားသည်။


တံခါးဝတွင်ရှိသော လူအများစုသည် ထျန်းရွှမ်ဂိုဏ်း၏ လူငယ် တပည့်များဖြစ်ကြသည်။ သူတို့သည် ကျီချောင်ချင်၏မာနကြီးသော စကားများကို ကြားသောအခါ မထိတ် လန့်မမိဘဲ မနေနိုင်ပေ။


ထိုအချိန်မှာ ပြင်းထန်သောအော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ 


"နင် ဘယ်ကလာတဲ့ လူယုတ်မာလဲ! ငါ့ကို အသရေဖျက်ဖို့ ဘယ်လိုတောင် ရဲဝံ့လိုက်သလဲ!"


ကျီချောင်ချင် ဆူပူကြိမ်း‌မောင်းသံကိုကြားပြီးနောက် လှည့်လိုက်သည်။ ပိုးထည်ဝတ်အလယ်အလတ်အရွယ် အမျိုး သားတစ်ဦးသည် သူ့အား ဒေါသဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။


ထိုအမျိုးသား၏နာမည်မှာ မိုကွေ့ချီ (Mo Guiqi) ဖြစ်သည်။ ထျန်းရွှမ်ဂိုဏ်း၏ ဥပဒေစိုးမိုးရေးခန်းမမှ အကြီးအကဲဖြစ်ပြီး ကျိုးကျွင်းလန်၏လက်ရုံးဖြစ်သည်။


"မိုကွေ့ချီ" ကျီချောင်ချင်ကြော့ရှင်းသော အမူအရာဖြင့် ယပ်တောင်ကိုခတ်လိုက်သည်။ 


"ငါ ဝူကျန့်ချောက်အောက်ခြေကနေ တက်လာပြီးနောက် ပထမဆုံးတွေ့လိုက်ရတဲ့ အသိမိတ်ဆွေက နင် ဖြစ်နေလိမ့်မယ်မယုံနိုင်ဘူး"


မိုကွေ့ချီသည် ကျီချောင်ချင်၏မျက်နှာကို မြင်သောအခါ ပထမတွင် ထိတ်လန့်သွားပြီး ဗီဇအတိုင်းနောက်ဆုတ်ချင်ခဲ့သည်။ သို့သော် သူသည် လူငယ်များဝန်းရံနေသောကြောင့် ချက်ချင်းတုံ့ပြန်လိုက်ပြီး ကျီချောင်ချင်ကို အတင်းဖိအားပေးကာစိုက်ကြည့်လိုက်သည်။


မကြာခင်မှာပဲ မိုကွေ့ချီ မျက်လုံးကျဉ်းလိုက်သည်။ ကျီချောင်ချင်၏ စွမ်းရည်အားလုံးပျောက်ဆုံးသွားပြီး အားနည်းသော သာမန်လူတစ်ဦးဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်လုံးများတွင် အေးစက်သောအကြည့်တစ်ခု လျစ်ခနဲ ဖြစ်သွားသည်။ 


"ကျီချောင်ချင်၊ နင် မကောင်းဆိုးဝါး၊ တကယ်ပြန်လာရဲ သေးတယ်‌ပေါ့!"


"ငါ ပြန်လာရဲတာပေါ့၊ ဂိုဏ်းကိုကာကွယ်ဖို့ ငါ့ ဘဝတစ်ခုလုံးကိုမြှုပ်နှံခဲ့တာ ငါပဲ၊ လူတွေကိုကာကွယ်ဖို့ ရာစုနှစ်တစ် လျှောက် တစ်ကိုယ်တည်းနေခဲ့တာ ငါပဲ၊ ရွယ်တူ တပည့်တွေကို ကယ်တင်ဖို့ ငါ့ အသက်ကိုစွန့်စားခဲ့တာ ငါပဲ၊ ငါက ကောင်းကင်ကိုတက်လှမ်းသင့်တဲ့ ကြင်နာသော စိတ်နှလုံးရှိတဲ့သူဖြစ်နေတာ ရှင်းနေတာကို ဘာလို့ ငါ့ကို ပြဿနာရှာတဲ့သူ ဖြစ်အောင် လုပ်နေရတာလဲ ?"


ကျီချောင်ချင် ဖြည်းညှင်းစွာ ပြောလိုက်သည်။ 


"မိုကွေ့ချီ၊ နင် ငါ့ အဖေနဲ့ အသက်တူလောက်တယ်၊ နင် ငါ့ကို ပထမဆုံး ဆူပူတဲ့သူပဲ၊ အဲ့ဒီတုန်းက နတ်ဆိုးတွေနဲ့ မကောင်းဆိုးဝါးတွေ ကျူးကျော်လာတုန်းက နင် ဘယ်လိုလုပ်ပြီး ဘယ်သူ့ထက်မဆို ပိုမြန်အောင်ပြေးနိုင်ခဲ့ရတာလဲ?"


ပတ်ဝန်းကျင်ရှိတပည့်များထံ ကွဲပြားသော အမူအရာများရှိသည်။ ကျီချောင်ချင် စကားများ၏အဓိပ္ပာယ်ကို နားလည်အောင်ကြိုးစားနေကြသည်မှာ ရှင်းလင်းလှသည်။


မိုကွေ့ချီသည် ကျီချောင်ချင်၏ ယနေ့ ပြန်လာဖို့ ရွေးချယ်မှုကအတော်လေး ဆူပူစေလိမ့်မည်ကို သဘောပေါက်လိုက်သည်။ ကျီချောင်ချင်တွင် ဝိဉာဉ်စွမ်းအင် မရှိတော့ဘဲ အသုံးမဝင်သူ ဖြစ်နေသောကြောင့် သူမကို ခေါ်ဆောင်သွားပြီး ထိန်းချုပ်ထားခြင်းက အကောင်းဆုံးဖြစ်လိမ့်သည်။ မဟုတ်ပါက ဘေးအန္တရာယ်ဖြစ်‌လိမ့်မည်!


"ကျီချောင်ချင်၊ နင် ထျန်းရွှမ်ဂိုဏ်းရဲ့တပည့် မဟုတ်တော့ဘူး၊ ဂိုဏ်းချုပ်ရဲ့ မင်္ဂလာပွဲကို နင့်ကို ဂိုဏ်းကမဖိတ်ခဲ့ဘူး၊ အခု ထွက်သွား!"


ထိုသို့ပြောပြီး သူ ကျီချောင်ချင်အား ဖမ်းဆီးဖို့လာခဲ့သည်။


ကျီချောင်ချင် သက်ပြင်းချလိုက်သည်။ လက်လျှော့လိုက်ခြင်း၏ အရိပ်အယောင်တစ်ခု ဖြစ်သည်။ 


"ဆယ်နှစ်ကြာပြီးတာတောင် နင် အရမ်းတုံးနေတုန်းပဲ! ငါ အရမ်းယုံကြည်မှုမရှိခဲ့ရင် ဘာလို့ပြန်လာခဲ့မှာလဲ ?"


သူ စကားပြောပြီးသည်နှင့် ကျီချောင်ချင်လက်ထဲရှိ လျှပ်စီးကိုဆွဲဆောင်သော အဆောင်လက်ဖွဲ့သည် မိုကွေ့ချီဆီသို့ ပျံသန်းသွားသည်!


မိုကွေ့ချီ ရှောင်ဖို့ ကြိုးစားခဲ့သော်လည်း သူတို့ကြား အကွာအဝေးက အရမ်း နီးလွန်းသည်။ အဆောင်လက်ဖွဲ့ ပေါက်ကွဲမသွားခင် သူ နှစ်လှမ်းနောက်ဆုတ်ဖို့သာ အချိန်ရလိုက်သည်။


မိုကွေ့ချီ၏အော်ဟစ်သံများကြားတွင် ကျီချောင်ချင်သည် ယပ်တောင်ကို ခတ်ရင်း ရယ်မောလိုက်သည်။ သူမ ပင်မတံခါးဆီသို့လှမ်းသွားသည်။ အခြား ထျန်းရွှမ်ဂိုဏ်း တပည့်များ ရှုပ်ထွေးစွာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ကောလာဟလ ထွက်နေသော နတ်ဆိုး ကျီချောင်ချင်ကို ဘယ်သူမှ မတားဆီးရဲကြပေ။


ထိုလူများ ဘေးမှဖြတ်သွားရင်း ကျီချောင်ချင်သည် စိတ် ပျက်မှုကို ခံစားလိုက်ရသည်။ သူမသည် ထျန်းရွှမ်ဂိုဏ်း၏ ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲကို ၎င်းတို့၏ရှေ့တွင် ဒဏ်ရာရအောင်လုပ်ခဲ့သည်။ တပည့်တစ်ဦးဦးသာ သူမကို တားဆီးဖို့ ရဲခဲ့လျှင် သူမ လေးစားမှုဖြင့်ကြည့်မိလိမ့်မည်။ သို့သော်...


မျိုးဆက်တစ်ခုစီသည် နောက်မျိုးဆက်ထက် ပိုဆိုးရွားနေ သည်။


ဂိုဏ်းထဲသို့ ဝင်လိုက်ရာ သူမသည် ထျန်းရွှမ်ဂိုဏ်းသည် အမြဲတမ်းကြော့ရှင်းမှုနှင့် ဂုဏ်သိက္ခာကို တန်ဖိုးထားကြောင်း တွေ့ရှိလိုက်သည်။ ထို့ကြောင့် ၎င်းနန်းတော်များ၏ ထူးခြား သော ခန့်ညားမှုဖြစ်သည်။ အခုမူ ခန်းမများသည် အနီရောင် ဖဲကြိုးများဖြင့် ဖုံးလွှမ်းနေပြီး ရယ်စရာကောင်းနေသည်။


ဒါက ကျီချောင်ချင် ကြီးပြင်းလာတဲ့ နေရာဖြစ်ပေမဲ့ အခုတော့ အရမ်းစိမ်းသက်နေသည်။


အဝေးမှ ကျီချောင်ချင်သည် "မိဘများအား ဒုတိယအကြိမ် ကန်တော့ပါ" ဆိုသည်ကို ကြားလိုက်ရသည်။


ထို့နောက် အခမ်းအနားမှူးအသံက ထပ်မံ၍ ူထွက်ပေါ်လာသည်။


"ခင်ပွန်းနဲ့ ဇနီး-"


ကျီချောင်ချင်သည် ခန်းမတစ်ခု၏တံခါးဝတွင် ရပ်လိုက်သည်။ မူလက ခန့်ညားသောခန်းမသည် လူများဖြင့် ပြည့်နှက်နေသည်။ အခမ်းအနားမှူးနှင့် ပန်းမန် ဘေးနှစ်ဖက်တွင် ရပ်နေကြသည်။ ပန်းများနှင့် သေရည်ကောင်းများ နေရာတိုင်းတွင်ရှိသည်။ တောက်ပသော ပန်းနီများက နေရာကို အလှဆင်ထားသည်။


ခန်းမအလယ်တွင် လှပသော လူနှစ်ဦး ရပ်နေသည်။ အမျိုး သားသည် ကျောက်စိမ်းကဲ့သို့ အရပ်ရှည်ပြီး အသွင်အပြင်က ကောင်းမွန်သည်။ အမျိုးသမီးသည် အနီရောင်မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားပြီး သွယ်လျသော ကိုယ်လုံးကိုယ်ထည်ရှိသည်။ သူတို့နှစ်ဦးသည် အလွန်လိုက်ဖက်ညီပုံရသည်။


ဆယ်နှစ်က ကျိုးကျွင်းလန်သည် လင်ရှန်းရှန်းအတွက် ကျီချောင်ချင်ကို ချောက်တစ်ခုပေါ်မှ တွန်းချခဲ့သည်။ ယခုမူ ၎င်းတို့သည် လူတိုင်း၏ကောင်းချီးများကိုခံယူကာ  လက် ထပ်နေကြသည်။


"ဂိုဏ်းချုပ်ကျိုး! ခင်ဗျား လက်ထပ်နေပြီ! ဝူကျန့်ချောက်မှာ ကျွန်မ အတွက် စက္ကူတချို့ဘာလို့ မရှို့ပေးရတာလဲ ? ကျွန်မ မှာ ရှင့်ကို ဂုဏ်ပြုဖို့ ချောက်ကနေပြန်တက်လာခဲ့ရတယ်!"


ကျိုးကျွင်းလန်သည် မယုံကြည်နိုင်စွာ လှည့်လိုက်သည်။


 "ကျီချောင်ချင်!"


ကျီချောင်ချင် မာနကြီးစွာ ရယ်လိုက်သည်။ 


"သေချာပေါက်၊ ကျွန်မပေါ့။ ထျန်းရွှမ်ဂိုဏ်းက ကျွန်မကို မဖိတ်ခဲ့ပေမဲ့ ကျွန်မက အမြဲတမ်းရက်ရောတယ်၊ ဂိုဏ်းချုပ် ကျိုးနဲ့ ဇနီးအတွက်တောင် လက်ဆောင်ယူလာခဲ့သေးတယ်"


သူ ပြောနေရင်း ကျီချောင်ချင်သည် ရွှေအူတိုင်အဆင့်အနီရောင်မြွေပွေး၏ ဦးခေါင်းကို သူ့ သိုလှောင်လက်စွပ်မှ ဆွဲထုတ်လိုက်သည်။ ဦးခေါင်းသည် ကြီးမားပြီးကြောက်မက်ဖွယ် ကောင်းသည်။ ကျီချောင်ချင်သည် ၎င်းကို ကျိုးကျွင်းလန်၏ ခြေထောက်နားသို့ ပြင်းပြင်းထန်ထန်ပစ်ချလိုက်ရာ အသားနှင့် သွေးများ ကျိုးကျွင်းလန်နှင့် လင်ရှန်းရှန၏အဝတ်အစားများပေါ်သို့စင်သွားသည်။ လှပသော အဖြူရောင်ကျောက် စိမ်းကြမ်းခင်းသည် ရုတ်တရက်ညစ်ပတ်သွားသည်။ သွေးနံ့သည် လေထဲရှိ ချိုမြိန်သောရနံ့နှင့် ရောနှောသွားပြီး လူများကိုအန်ချင်စိတ်များဖြစ်ပေါ်လာစေသည်။


"ဂိုဏ်းချုပ်ကျိုးနဲ့ ဇနီးသည်တို့၊ ဒီနေ့ကစပြီး တစ်အိပ်ရာချင်း အတူတူအိပ်ကာ အိပ်မက်ချင်းကွဲပြားသော်လည်း အတူတူနေပြီး အတူတူသေနိုင်ကြပါစေ"