Ch 4
Viewers 845

🍊 Chapte 4


ချူမူချင်းသည် စူးဝမ်ချင်းလက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ သူမဦးခေါင်းထက်တွင် ဖိကပ်ထားလိုက်သည်။ စူးဝမ်ချင်း မျက်ဝန်းများကို စိုက်ကြည့်လိုက်သောအခါ သူမ၏ မျက်တောင်ရှည်များမှာ အနည်းငယ် ကြောက်ရွံ့နေသကဲ့သို့ တုန်ယင်နေ၏။


"ဘာဖြစ်လို့လဲ" ချူမူချင်းက မေးမြန်းလိုက်သည်။ 


"အခုမှ ကြောက်တတ်သွားတာလား"


စူးဝမ်ချင်းသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဘာမှ ပြန်မပြောဘဲ အသက်ကိုသာ ခပ်ဖွဖွ ရှူနေမိသည်။ ကြောက်နေတာလားဆိုတော့လည်း မဟုတ်ပြန်ပေ။


[ခုတင်ပေါ်ကျမှ စကားတွေ ဒီလောက်များနေရတာလဲ?]


ချူမူချင်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ ဤ Omega လေးမှာ တော်တော်စိတ်ဝင်စားဖို့ကောင်းလှသည်။ သူမကိုပင် ပြန်၍ ရန်စရဲသေးသည် မဟုတ်ပါလား။


အိပ်ခန်းထဲတွင် မီးမလင်းသဖြင့် ဤစကားလုံးများ ထွက်ပေါ်လာချိန်၌ စူးဝမ်ချင်း ပါးစပ်မှာ လုံးဝပွင့်မနေသည်ကို ချူမူချင်း သတိမထားမိခဲ့ပေ။


ချူမူချင်းသည် လက်တစ်ဖက်ဖြင့် စူးဝမ်ချင်းလက်ကောက်ဝတ်ကို ဖိထားပြီး ကျန်လက်တစ်ဖက်ကို သူမ ခါးပေါ်သို့ တင်ကာ အပေါ်သို့ ဖြည်းဖြည်းချင်း ရွှေ့လိုက်ရင်း စူးဝမ်ချင်း မျက်နှာကို စိုက်ကြည့်နေသည်။


အစပိုင်းတွင် စူးဝမ်ချင်း၏မျက်ဝန်းများ၌ ခေါင်းမာသည့် အရိပ်အယောင်များ ရှိနေသော်လည်း တဖြည်းဖြည်းနှင့် အကြည့်လွှဲလာကာ နောက်ဆုံးတွင် "သေချင်သေရော" ဆိုသည့် အမူအရာဖြင့် မျက်လုံးမှိတ်၍ခေါင်းကို ဘေးသို့ စောင်းထားလိုက်တော့သည်။


ချူမူချင်းသည် ဖီရိုမုန်းများကြောင့် ဖောင်းကြွနေသော သူမ ဂလင်းနားသို့ တိုးကပ်သွားပြီး နှုတ်ခမ်းဖြင့် အသာအယာ ထိတွေ့လိုက်သည်။


အားနည်းလှသော ဂလင်းများမှာ ထိုအပူရှိန်ကို မခံနိုင်ဘဲ လျှပ်စစ်စီးသွားသလို ခံစားလိုက်ရကာ ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားသည်။ စူးဝမ်ချင်းသည် ညည်းတွားသံလေး ထွက်ပေါ်လာသည်ကိုပင် မတားဆီးနိုင်ဘဲ ခါးလေးကို အပေါ်သို့ ကော့တက်သွားမိသည်။


ဒါက ဇာတ်လမ်းထဲမှာ ရေးထားတာနဲ့ မတူပါလား ? တစ်ချက်ပဲ ကိုက်ရမှာ မဟုတ်ဘူးလား? ဒီခံစားချက်ကြီးက... ဖော်ပြဖို့ နည်းနည်းခက်ခဲနေသည်။


ချူမူချင်းသည် ပါးစပ်ကို ဟလိုက်ပြီး သူမ အစွယ်များဖြင့် ဂလင်းကို ဖောက်ဝင်လိုက်ကာ ဖီရိုမုန်းများကို ဖြည်းဖြည်း ချင်းထိုးသွင်းလိုက်သည်။ သူမ ခန္ဓာကိုယ်အပူချိန်နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သော အေးစက်လှသည့် အရည်များသည် စူးဝမ်ချင်းခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး ကိုယ်လက်အင်္ဂါ အနှံ့အပြားသို့ ပျံ့နှံ့သွားတော့သည်။


ထိုအခိုက်အတန့်တွင် စူးဝမ်ချင်းသည် သူမ ခန္ဓာကိုယ်မှာ သူမကိုယ်ပိုင်မဟုတ်တော့ဘဲ ရှေ့မှ လူသားအတွက်သာ ဖြစ်တည်နေသကဲ့သို့ ခံစားလိုက်ရသည်။


စူးဝမ်ချင်းသည် သူကိုယ်တိုင်ပင် မမှတ်မိနိုင်လောက်သည့် ချွဲနွဲ့နေသော အသံလေးများကို နားထောင်ရင်း တစ်ကိုယ်လုံး ကိုက်ခဲကာ အားအင်များ လုံးဝကုန်ခမ်းသွားသလို ခံစားနေရသည်။


ချူမူချင်းမှာ အသိစိတ်လုံးဝ လွတ်သွားခြင်းမဟုတ်ပေ။ လက်ထပ်ပွဲရဲ့ အကျိုးဆက်အရ အနှေးနဲ့အမြန် ဒီအဆင့်ကို သူမ တက်လှမ်းရမှာပါ။ သူမကတော့ နောက်ထပ် အနည်းငယ်လောက် ထပ်စောင့်နိုင်မယ်လို့ထင်ထားပေမဲ့ သူမရဲ့ ခန္ဓာကိုယ်ကတော့ အောင့်မထားနိုင်တော့ပါဘူး။


ဆယ်မိနစ်ခန့် ကြာပြီးနောက် ယာယီ အမှတ်အသားပြုခြင်း ပြီးဆုံးသွားသည်။ ဂလင်းပေါ်တွင် ထင်ရှားလှသော သွားရာနှစ်ခု ကျန်ရစ်ခဲ့ပြီး သွေးစအနည်းငယ်စိမ့်ထွက်နေသည်ကို မြင်သောအခါ ချူမူချင်း မျက်ဝန်းများမှာ နက်မှောင်သွားသည်။


သူမသည် ခေါင်းငုံ့၍ ထိုနေရာကို လျှာဖြင့်လျက်ပေးလိုက်သည်။


"ရပြီ" စူးဝမ်ချင်းသည် သူမ ရင်ဘတ်ကို လက်ဖြင့်ထောက်၍ ချူမူချင်းကို တွန်းထုတ်လိုက်သည်။ 


"နင် အဆင်ပြေရဲ့လား"


"ပြေပါတယ်၊ နင် ငါ့ကို ထပ်ကိုက်ဦးမှာလား" ချူမူချင်း ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။


ခုနက ဆယ်မိနစ်မှာ စူးဝမ်ချင်းအတွက်တော့ အရမ်းကိုကြာရှည်လှပါတယ်။ သူမက တွန်းထုတ်ချင်ပေမဲ့ ချူမူချင်း တစ်ခုခုဖြစ်မှာကိုလည်း စိုးရိမ်နေခဲ့တာပါ။


ချူမူချင်းအတွက်တော့ နေလို့သိပ်မကောင်းလှပါဘူး။ ကိုက်ညီမှုက အရမ်းမြင့်နေသလို ထိခိုက်လွယ်တဲ့ကာလမှာရှိတဲ့ သူမအတွက် ဒါက အရမ်းကို ဆွဲဆောင်မှုရှိလွန်းနေတာပါ။ အကယ်၍ သူမ ခွဲစိတ်ထားတာသာ မဟုတ်ရင် အသိစိတ်တွေ လွတ်သွားနိုင်ပါတယ်။


ယာယီ အမှတ်အသားပြုပြီးနောက် ချူမူချင်း နာကျင်မှုများမှာ ပျောက်ကွယ်သွားပြီး အပြင်းစား ဟန့်တားဆေး သောက်ရတာထက်ပင် ပိုခံစားချက် ကောင်းမွန်လှသည်။ ချူမူချင်း သူ့ နှုတ်ခမ်းကို သုတ်လိုက်ပြီး စူးဝမ်ချင်းကို လွှတ်ပေးလိုက်သည်။


စူးဝမ်ချင်းသည် ခဏမျှ စိတ်ကို ငြိမ်အောင် ထားလိုက်ပြီးမှ "နင် အဆင်ပြေနေပြီဆိုရင်တော့ ငါ အရင် ပြန်တော့မယ်" ဟု ပြောလိုက်သည်။


ချူမူချင်းသည် သူမကို မတားမြစ်ခဲ့ပေ။ သူ့ အိပ်ခန်းထဲမှ ကမူးရှုထိုး ပြေးထွက်သွားသော စူးဝမ်ချင်းကို ကြည့်ရင်း ဒါက အမှန်တကယ်လား ဒါမှမဟုတ် ဟန်ဆောင်နေတာလားဆိုတာ သူမ မဝေခွဲနိုင်ဘဲ ဘေးရှိ ဖုန်းကို ကောက်ကိုင်လိုက် သည်။


"တံခါးဝမှာ သူ့ကို လာကြိုလိုက်" ချူမူချင်းက ပြောလိုက်သည်။ 


"သူ ဘယ်သွားသွား၊ လိုက်ပို့ပေးလိုက်ပါ"


ဖုန်းထဲက အသံကို နားထောင်ရင်း ရွှီချန်ခယ် တစ်ယောက်အံ့ဩသွားသည်။ ချူမူချင်းရဲ့ အသံက အရင်လို အားနည်းမနေဘဲ တည်ငြိမ်ပြီးအားပါနေတာကြောင့် တားဆေးကြောင့်လား ဒါမှမဟုတ်...


ရွှီချန်ခယ် မမေးရဲခဲ့ပေ။


"ငါ သူ့ကို အမှတ်အသား လုပ်လိုက်ပြီ" ချူမူချင်း ပြောပြလိုက်သည်။


ရွှီချန်ခယ် မှင်တက်သွားတော့သည်။


"သူ စူးမိသားစုနဲ့ အဆက်အသွယ် ရှိ မရှိ စစ်ဆေးထားလိုက်၊ ပြီးတော့ သူ ဘာလိုချင်နေတာလဲဆိုတာကိုပါ"


ဒီလို အရေးကြီးတဲ့ အချိန်မှာ ရုတ်တရက် ပေါ်လာပြီး ပထမဆုံးညမှာတင် သူမရဲ့ အိပ်ခန်းထဲကို အတင်းဝင်လာကာ ပွေ့ဖက်ခိုင်းပြီး အမှတ်အသားအပြုခံချင်နေတာဟာ သာမန် Omega တစ်ယောက် လုပ်မယ့် အလုပ်မျိုးမဟုတ်ပေ။


ခန္ဓာကိုယ် ပြန်လည်ကျန်းမာလာဖို့အတွက်သာမက ဒီလူရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကိုပါ သူမ သိချင်နေခြင်း ဖြစ်သည်။


"ဟုတ်ကဲ့ သူဌေးချူ"




ချူမူချင်း ကုမ္ပဏီသို့ ပြန်ရောက်သောအခါ အစည်းအဝေးတစ်ခု ကျင်းပခဲ့သည်။ ယီကျိုး ကိစ္စကို ဆုံးဖြတ်ချက် ချရတော့မည် မဟုတ်ပါလား။


ယီကျိုးသည် မြောက်ပိုင်းနှင့် တောင်ပိုင်းမြို့များ ဆုံရာနေရာတွင် တည်ရှိပြီး မူလက နောက်ကျကျန်နေခဲ့သော်လည်း မြောက်နှင့် တောင်ကို ဆက်သွယ်မည့် အမြန်ရထားဘူတာရုံ တည်ဆောက်မှုကြောင့် ခရီးသွားလုပ်ငန်း တိုးတက်လာခဲ့သည်။


ယခုအခါ ယီကျိုးသည် ရွှေထွက်သည့် မြေနေရာဖြစ်နေပြီ ဖြစ်သည်။


မြေနေရာတင်မကဘဲ တခြားသော ပရောဂျက်အမျိုးမျိုးအတွက်လည်း အလားအလာ အရမ်းကောင်းလှသည်။


"သူဌေးချူ၊ ယီကျိုးက အနာဂတ်မှာ တိုးတက်ဖို့ အလားအလာ အများကြီးရှိတဲ့ နေရာကောင်းတစ်ခုပါ၊ ဒါပေမဲ့ ကျွန်တော်တို့က ပေချန်မှာဆိုတော့ စီမံခန့်ခွဲရတာ မလွယ်ကူဘူး မဟုတ်လား?"


"ပြီးတော့ ဒါက ကုမိသားစု စိတ်ဝင်စားနေတဲ့ လုပ်ငန်းလေ"


"ချူမိသားစုနဲ့ ကုမိသားစုကကမ္ဘာကျော် မိတ်ဆွေတွေပဲ၊ ဒါက မျက်နှာပျက်စရာ မဖြစ်သွားနိုင်ဘူးလား?"


"ပေချန် ထျန်းကျဲ ဘက်မှာလည်း နောက်ထပ် ပရောဂျက် သုံးခုရှိပါသေးတယ်၊ လုမိသားစုကလည်း အဲ့ဒါကို စမ်းသပ်နေတယ်လို့ ကြားတယ်"


ချူမူချင်းသည် ပင်မနေရာတွင် ထိုင်ကာ သူတို့၏အပြန်အလှန် ဆွေးနွေးမှုများကို ကြည့်နေသည်။ တစ်ဝက်ခန့်မှာ ကုဟိန်းကိုထောက်ခံနေကြသည်ကို မြင်သောအခါ သူမ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူမ ဆေးရုံတက်နေတာ တစ်ပတ်ပဲ ရှိသေးတာပါ၊ မသေသေးပါဘူး။


အုပ်စုထဲက လူအများအပြား သစ္စာဖောက်ကုန်ကြတာက တကယ်အံ့ဩစရာပါပဲ။


"ငါ ဘာလုပ်ချင်လဲ ဟုတ်လား?" ချူမူချင်းက မျက်မှောင်ကြုတ်လိုက်သည်။ 


"စီးပွားရေးလောကမှာ အရာအားလုံးက ပွင့်လင်းမြင်သာတဲ့ လေလံစနစ်ပဲ၊ ငါတို့ရဲ့ CUTE ကုမ္ပဏီက လေလံဆွဲတာ ဘာထူးခြားလို့လဲ?"


ချန်ပေါ်ရှန်းက အမြန်ရှင်းပြသည်။


 "သူဌေးချူ၊ ဒါပေမဲ့ ဒါက ကုမိသားစုက အရင်စခဲ့တာလေ"


သီအိုရီအရ မြို့တစ်မြို့က စီးပွားရေးဟာ ကိတ်မုန့်တစ်ချပ်လိုပါပဲ။ လူတိုင်းက တိတ်တဆိတ် တစ်ဖဲ့စီယူစားကြပြီး ဘယ်သူမှ ဘာမှမပြောကြပါဘူး။


ဒါပေမဲ့ တခြားလူရဲ့ လုပ်ငန်းကို လုယူတာကတော့ ကမ္ဘာကျော် မိတ်ဆွေတွေကြားမှာ မဖြစ်သင့်တဲ့ အလုပ်မျိုးပါ။


"ဩော်... ဟုတ်လား?" ချူမူချင်းက လက်ကို မြှောက်လိုက်သည်။ 


"ငါ မစ္စတာချန်နဲ့ အတူတူ အလုပ်လုပ်လာတာ ဒီလောက်ကြာပြီ၊ မစ္စတာချန်က ဒီလောက်အထိ ကြင်နာတတ်တဲ့သူမှန်း ငါ မသိခဲ့ဘူး၊ ဒါဆိုရင် နောက်လကျရင် နင် ဘာမှမလုပ်ဘဲ နင့်ပိုက်ဆံတွေကို အားလုံးကို ခွဲပေးလိုက်ပါလား"


"မစ္စတာချန်က ခုနတင် ကျောက်စိမ်းလေလံတစ်ခုကနေ ပြန်လာတာလို့ ငါကြားတယ်၊ ငါတို့ရဲ့ ၁၈ သန်းက နင့်အတွက် ဘာမှ မဟုတ်လောက်ပါဘူး"


ထိုစကားကို ကြားသည်နှင့် ချန်ပေါ်ရှန်း ချက်ချင်းပါးစပ်ပိတ်သွားတော့သည်။


"ပရောဂျက်ဌာနက ဆက်လုပ်ပါ၊ ဘယ်သူ့မှာ သဘောထားကွဲလွဲတာ ရှိသေးလဲ?"


အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။


"မရှိရင်တော့ အစည်းအဝေး သိမ်းမယ်"


သူမ ရုံးခန်းသို့ ပြန်ရောက်သောအခါ ရွှီချန်ခယ်က အလုပ်ကိစ္စများကို အစီရင်ခံရန် နောက်က လိုက်လာသည်။ 


"မစ္စစူးက မနေ့က ပြန်သွားပြီး အိပ်ပျော်သွားပါတယ်၊ ဒီနေ့တော့ ကုမ္ပဏီတစ်ခုမှာ အင်တာဗျူး သွားဖြေပေမဲ့ ငြင်းပယ်ခံလိုက်ရတယ်"


"သူ အလုပ်မလုပ်ဘူးလား?" 


စူးမိသားစုက အခုတော့ ချူမိသားစုလောက် မချမ်းသာပေမဲ့ သမီးအကြီးအကဲ တစ်ယောက်ကတော့ အပြင်ထွက်ပြီး အလုပ်ရှာရမယ့် အခြေအနေမျိုး မဟုတ်ပါဘူး။


"သူဌေး၊ မစ္စစူးရဲ့ အချက်အလက်တွေကို မဖတ်ရသေးဘူးလား?"


"ဟင်?" ချူမူချင်း ခဏစဉ်းစားလိုက်သည်။ သူမ တကယ်ပဲ မဖတ်ရသေးတာပါ။


"ငါ ခဏနေရင် ကြည့်လိုက်မယ်"


"မနေ့က သူ ပြန်သွားတော့ နင့်ကို ဘာမှမပြောဘူးလား?" ချူမူချင်းက မေးလိုက်သည်။


ရွှီချန်ခယ်က "မနေ့က ကားပေါ်တက်ပြီးကတည်းက သူ တစ်ခွန်းမှမပြောပါဘူး၊ စိတ်ခံစားချက်ကလည်း ပုံမှန်ပါပဲ" 


"စူးမိသားစုကကော?"


"စူးမိသားစုက သူဌေးရဲ့ ဦးလေးနဲ့ ဆက်သွယ်ပြီး နွေဦးပူးပေါင်းဆောင်ရွက်မှုအကြောင်း ပြောချင်နေကြတယ်"


မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဒါပေမဲ့ ဒါတွေက ကိစ္စအသေးအဖွဲတွေပါ။ စူးဝမ်ချင်းက ဒီအရေးကြီးဆုံး လှုပ်ရှားမှု အတွက် ဘယ်လို အခြေအနေတွေကို တောင်းဆိုလာမလဲဆိုတာပဲ သူမ သိချင်နေတာပါ။


"ကုမိသားစုဘက်ကရော ဘာလှုပ်ရှားမှု ရှိလဲ?"


ရွှီချန်ခယ်က ခေါင်းခါပြသည်။ 


"လေလံပွဲမှာပဲ လုပ်မှာလား?"


"မဟုတ်ဘူး" ချူမူချင်းက တိုက်ရိုက် ငြင်းဆိုလိုက်သည်။


 "လေလံဆွဲတဲ့ ကုမ္ပဏီ ငါးဆယ်ကျော် ရှိတယ်၊ ကုဟိန်းက အခုထိ သည်းခံလာတာ၊ ဒီလိုမျိုး မသေချာတဲ့ အလုပ်မျိုးကို သူ မလုပ်ဘူး"


အလုပ်အစီရင်ခံပြီးနောက် ရွှီချန်ခယ် တစ်ယောက် အတင်းအဖျင်းစပြောပါတော့သည်။


"သူဌေး၊ ကျန်းမာရေး ဘယ်လိုလဲ?"


 á€›á€˝á€žá€Žá€á€ťá€”á€şá€á€šá€şá မျက်လုံးများမှာ တောက်ပနေသည်။ သူမက Beta တစ်ဦးဖြစ်သဖြင့် ထိခိုက်လွယ်တဲ့ကာလ၊ မိတ်လိုက်တဲ့ ကာလနဲ့ အမှတ်အသားပြုတာတွေက ဘယ်လိုမျိုးလဲဆိုတာ သူမ မသိဘူးလေ။


"......"


ချူမူချင်းက မျက်လုံးကိုအောက်ချလိုက်ပြီး ကော်ဖီကို တစ်ငုံချင်း ဖြည်းဖြည်းချင်း သောက်နေမိသည်။


"စူးဝမ်ချင်းက ဘာအလုပ် အင်တာဗျူး သွားဖြေတာလဲ?"


"ဒီဇိုင်နာလို့ ထင်ရတာပဲ"


ချူမူချင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူက ဒီဇိုင်နာ တစ်ယောက် ဖြစ်နေတာလား?


"စူးမိသားစုရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုတော့ လောလောဆယ် လျစ်လျူရှုထားလိုက်၊ သူတို့ကို သူတို့ဘာသာ ပတ်ချာလည်ခိုင်းထားပြီး ကုဟိန်းကိုပဲ စောင့်ကြည့်ထား"


"သူဌေး၊ လုချင်းဟယ်က ညနေကျရင် ထမင်းဖိတ်ကျွေးချင်တယ်တဲ့"


"အင်း"


"ညကျရင် ဘယ်ကို ပြန်မလဲ?" ရွှီချန်ခယ်က အကဲခတ်ကြည့်လိုက်သည်။


"ငါ့အိမ် ဘယ်မှာလဲဆိုတာ ငါ မသိဘူးလား?" ချူမူချင်း ပြန်မေးလိုက်သည်။


"သူဌေးတို့နှစ်ယောက်ရဲ့ လက်ထပ်စာချုပ်က နေ့လယ်ရလာပြီလေ" ရွှီချန်ခယ်က မေးသည်။


"သူ့ဆီ မပို့ပေးဘူးလား?"


ထိုသတင်းကို ကြားသောအခါ ချူမူချင်း လက်တစ်ဖက်ဖြင့် ရိုက်လိုက်မိသည်။ မနေ့က ကြောင်လေးတစ်ကောင်လို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ စူးဝမ်ချင်းရဲ့ပုံရိပ်က သူမရဲ့ ခေါင်းထဲမှာပေါ်လာတော့သည်။


"နင်ပဲ ပို့ပေးလိုက်ပါ" ချူမူချင်းက ပြောလိုက်သည်။ 


"စာချုပ်ရပြီဆိုရင် တရားဝင်ကြေညာချက်ထုတ်လိုက်တော့"


ရွှီချန်ခယ်က အဖြေပေးပြီး ရုံးခန်းထဲမှ ထွက်သွားတော့သည်။




ည ၇ နာရီ၊ ပန်းကွေ့ဗီလာ


စူးဝမ်ချင်းသည် ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း တက်ဘလက်ပေါ်တွင် ကုမ္ပဏီနှစ်ခုကို ထပ်ပြီး မှတ်သားလိုက် သည်။


တံခါးဘဲလ်သံ မြည်လာသဖြင့် စူးဝမ်ချင်းသည် တက်ဘလက်ကို ချလိုက်ပြီး တံခါးဝသို့ လျှောက်သွားကာ ဗီဒီယိုမှန်မှ တစ်ဆင့် ကြည့်လိုက်သည်။ ရွှီချန်ခယ်သည် လက်ဆောင်သေတ္တာ သုံးလုံးကို ကိုင်ကာ တံခါးရှေ့တွင် ရပ်နေ၏။


ချူမူချင်းရဲ့ လက်ထောက်လား? စူးဝမ်ချင်း ချက်ချင်း တံခါးဖွင့်ပေးလိုက်သည်။


"သခင်မလေး"


ရွှီချန်ခယ်သည် တံခါးဝသို့ ဝင်လာပြီး လက်ဆောင်များကို ချထားလိုက်သည်။


"ဒါက လက်ထပ်စာချုပ်ပါ"


"ဒါကတော့ သခင်မလေးအတွက် လက်ဆောင်ပါ"


"ဒါ ချူမူချင်း ပေးတာလား?" ချူမူချင်းက ဒီလောက်အထိ ကြင်နာတတ်လိမ့်မယ်လို့ စူးဝမ်ချင်း မယုံကြည်နိုင်ပေ။


"ဟုတ်ပါတယ်" ရွှီချန်ခယ် ခဏစဉ်းစားလိုက်ပေမဲ့ အမှန်တရားကိုတော့ ထုတ်မပြောခဲ့ပါဘူး။


"ကျေးဇူးတင်ပါတယ်"


"သခင်မလေးကလည်း အားနာစရာပါ"


စူးဝမ်ချင်းရဲ့ အကူအညီကြောင့် ချူမူချင်းရဲ့ ကျန်းမာရေးက အခုတော့ ဘာမှ ပြဿနာမရှိတော့တာမို့ ရွှီချန်ခယ်က သူမအပေါ် အမြင်ကြည်လင်လာခြင်း ဖြစ်သည်။


"ဒါဆိုရင် ကျွန်မ သခင်မလေးကို အနှောင့်အယှက် မပေးတော့ပါဘူး"


"ဟေ့၊ ခဏစောင့်ဦး" စူးဝမ်ချင်းက သူမကို တားလိုက်သည်။ 


"ငါ အိမ်ပြောင်းချင်တယ်"


"ဒါကိုတော့ ကျွန်မ သူဌေးကို မေးကြည့်ရဦးမယ်" ရွှီချန်ခယ် ပြောသည်။


ဒီတိုက်ခန်းက အရမ်းကြီးလွန်းလှသည်။ သူမ တစ်ယောက်တည်းနေရတာက စိမ်းသက်လှတဲ့ နေရာမှာ အမြဲတမ်း သက်သောင့်သက်သာ မရှိဖြစ်စေသည်။


"ဒါဆိုရင်တော့ အားနာပေမဲ့ ကူညီပေးပါဦး"


ရွှီချန်ခယ်ကို ပို့ပေးပြီးနောက် စူးဝမ်ချင်းသည် သူမ အလုပ်သတင်းများကို ဆက်ကြည့်နေသည်။ ပေချန်မှာ ဒီဇိုင်နာတစ်ယောက်အတွက် အလုပ်ရှာရတာ ခက်ခဲလှသည်။


ဖုန်းမြည်လာသဖြင့် စူးဝမ်ချင်းသည် မကြည့်ဘဲ ဖုန်းဖြေလိုက်သည်။


"ရှောင်စူး၊ နင် စာချုပ်ချုပ်ပြီးပြီလို့ ငါကြားတယ်?"


စူးဝမ်ချင်း မျက်လုံးများမှာ ဘေးရှိ အနီရောင် စာအုပ်လေးပေါ်သို့ ကျရောက်သွားပြီး သူမ အသာအယာ အဖြေပေးလိုက် သည်။


"နင့်မောင်လေးရဲ့ အလုပ်အတွက် သူဌေးချူကို အကူအညီတောင်းပေးနိုင်မလား ကြည့်ပေးပါဦး"


ဖုန်းဆက်သူမှာ သူမ မိထွေးဖြစ်သူ ဖန်းရှု့ချွေဖြစ်သည်။


သူမက Beta ဖြစ်သဖြင့် စူးမိသားစုတွင် အဆင့်အတန်းမရှိပေ။ ဒါပေမဲ့ သူမရဲ့ Alpha မောင်လေး စူးနင်ရွှမ်ကမူ အရမ်း အလိုလိုက်ခံရသည်။ သူ့မိခင်မှာ သူမရဲ့သားကြောင့် အဖိုးတန်နေပြီး စူးဝမ်ချင်းကတော့ မိထွေး၏မျက်စောင်းနှင့် လှောင်ပြောင်မှုတွေ အမြဲခံခဲ့ရသည်။ သူ့ ဖခင် စူးဖျင်ဝေကမူ မမြင်ချင်ယောင်ဆောင်နေတတ်သည်။


ချူမူချင်းနဲ့ လက်ထပ်ပြီးတဲ့နောက်မှာတော့ သူမရဲ့ အမူအရာက ၁၈၀ ဒီဂရီ ပြောင်းလဲသွားပြီး သူမရဲ့ သားအလုပ်အ တွက် နည်းမျိုးစုံနှင့်ချော့မော့နေခြင်း ဖြစ်သည်။


"အဒေါ်ဖန်း၊ ဒါကိုတော့ ကျွန်မ မကူညီနိုင်ဘူး၊ ကျွန်မမှာလည်း အလုပ်မရှိတာ အဒေါ်မြင်သားပဲ" 


"နင် ငါ့ကို အထင်မကြီးတာ ငါသိပါတယ်၊ ဒါပေမဲ့ မောင်လေးက နင့်ရဲ့ မောင်အရင်းပဲလေ၊ သူသာ အလုပ်ရရင် နင့်ကို မကောင်းတာ လုပ်မှာ မဟုတ်ပါဘူး" ဖန်းရှု့ချွေ ဟိုဘက်ကနေ စိုးရိမ်တကြီးပြောနေသည်။


"ကျမ သိပါတယ်" စူးဝမ်ချင်းက ပြောလိုက်သည်။


"ချူမူချင်း ရောက်နေပြီ၊ ခဏနေမှ ပြန်ဆက်လိုက်မယ်" ဟု ပြောပြီး စူးဝမ်ချင်း ဖုန်းချလိုက်တော့သည်။


စူးဖျင်ဝေ အိမ်မှာမရှိတဲ့အခါ အိမ်က အဒေါ်ကြီးတွေက သူမထက် အဆင့်အတန်းမြင့်ကြသည်။ သူမက ထမင်းချက်၊ ပန်းကန်ဆေး၊ အိမ်သန့်ရှင်းရေးတွေ လုပ်ပေးရသည်။


စားဖို့ သောက်ဖို့တောင် မရှိဘူးလေ..


အိမ်မှာသာ ဒီလိုမျိုးမိစ္ဆာတွေနဲ့ မရင်ဆိုင်ခဲ့ရရင် သူ ပန်းကွေ့ဗီလာမှာ လာနေဖို့ ရွှီချန်ခယ်ကို သဘောတူခဲ့မှာ မဟုတ်ဘူး။


သူ စူးနင်ရွှမ်ကို မကူညီနိုင်ပါဘူး၊ သူလည်း သူတော်စင် မဟုတ်ဘူးလေ။


စူးဝမ်ချင်းသည် တံခါးဖွင့်လာသံကို မကြားလိုက်ပေ။ သူမ မျက်လုံးများမှာ တက်ဘလက်ပေါ်တွင်သာ ရှိနေပြီး စိတ်ကလည်း လွင့်ပျံ့နေသည်။


"နင် ဒီမှာ မနေချင်ဘူးလို့ ငါကြားတယ်"


"အား!!"


စူးဝမ်ချင်းသည် လက်တစ်ဖက်ဖြင့် တက်ဘလက်ကို မှောက်ချလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို အုပ်လိုက်သည်။


 "နင် ဘာလို့ အသံမပေးဘဲ လမ်းလျှောက်နေတာလဲ?"


"နင်ကသာ ဘာတွေ တွေးနေမှန်း မသိတာပါ" ချူမူချင်းက ကုန်း၍ တက်ဘလက်ကို ကောက်ပေးလိုက်ပြီး သူမရှေ့တွင် ဝင်ထိုင်လိုက်သည်။


"ငါ တာ့နင်မှာ နေချင်တယ်၊ ဒီမှာက အရမ်းဝေးပြီးအဆင်မပြေဘူး"


"အိမ်ကောင်းကောင်း ရှာပြီးပြီလား?"


"မရှိသေးဘူး"


လုချင်းဟယ်နဲ့ တွေ့ဖို့အတွက် သူမက ကြိုတင်ပြင်ဆင်ထားသည်။ သူမရဲ့ ဆံပင်ပုံစံက အရမ်းလှပနေပြီး မျက်လုံးခြယ်သထားပုံကလည်း မြေခွေးမျက်လုံးလေးတွေလိုပဲ ကွက်တိပါပဲ။


နှုတ်ခမ်းနီအရောင်ကလည်း ဆွဲဆောင်မှုရှိလှသည်။


ဒီ Alpha က တကယ် ကြည့်လို့ကောင်းတာပဲ။


"ရွှီချန်ခယ်ကို အိမ်ရှာခိုင်းလိုက်မယ်၊ ပြီးမှ ပြောင်းတော့"


"မလိုပါဘူး" စူးဝမ်ချင်းက ပြောသည်။


"လက်ထောက်ရွှီက နေ့တိုင်း အရမ်းအလုပ်များနေတာလေ"


"နင့်သဘောပဲ" ချူမူချင်းက အေးစက်သော မျက်နှာဖြင့် မည်သည့် ခံစားချက်မှမပါဘဲ ပြောလိုက်သည်။


စူးဝမ်ချင်းက သူမ စိတ်ဆိုးမှာကို စိုးရိမ်သဖြင့် စကားလမ်းကြောင်းကို အမြန်ပြောင်းလိုက်သည်။ 


"ဘာလို့ ဒီလောက်နောက်ကျမှ ရောက်လာတာလဲ?"


"မနက်ဖြန် လုမိသားစုကပွဲလုပ်မယ်၊ ငါနဲ့ အတူတူ တက်ရမယ်"


လုမိသားစုရဲ့ ပွဲ... စူးဝမ်ချင်း ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုပွဲမှာ လုမိသားစု၌ တစ်ခုခု ဖြစ်ခဲ့တာကို သူမ မှတ်မိနေသည်။


[လုမိသားစု၊ လုချင်းဟယ်?] 

[သူက Sclass Omega တစ်ယောက်လေ၊ အဲ့ဒီပွဲမှာ အတင်းအကျပ် estrus ကာလရောက်အောင် အလုပ်ခံရပြီး လူတွေက...]


[နှမြောစရာပဲ၊ လုချင်းဟယ်က အရမ်းလှတဲ့သူလေ။]


ထိုစကားကို ကြားလိုက်ရသောအခါ ချူမူချင်း၏ သူငယ်အိမ်မှာ အနည်းငယ်ကျုံ့သွားသည်။ ခုနက ဘယ်သူ စကားပြောလိုက်တာလဲ၊ စူးဝမ်ချင်းလား? ဒါပေမဲ့ သူ့ ပါးစပ်မှ မဟတာပဲ၊ ဘာတွေ ဖြစ်နေတာလဲ?