Ch 3
Viewers 841

🍊 Chapte 3


အိမ်ဟောင်းသို့ ညစာစားရန် ပြန်သည့်အခါတိုင်း ချူမူချင်းသည် မည်မျှပင် စိတ်ပျက်နေပါစေ ညစာဝိုင်းပြီးဆုံးသည်အထိ ဝတ္တရားအရ အလိုက်သင့် နေပေးလေ့ရှိသည်။ ထိုသို့သော အချိန်များသည် တစ်ခါတရံ နှစ်နာရီခန့်အထိ ကြာမြင့်တတ်သဖြင့် ရွှီချန်ခယ်သည် ထိုအချိန်ကို အသုံးပြု၍ ပြင်ပကိစ္စရပ်များကို စီမံဖြေရှင်းလေ့ရှိသည်။


လက်ထပ်ပွဲကိစ္စ အတည်ပြုပြီးနောက်တွင် ကုမိသားစုသည် နောက်ဆုံး၌ စတင်လှုပ်ရှားလာခဲ့သည်။ ကုမိသားစုသည် ယီကျိုးနှင့် ပူးပေါင်းဆောင်ရွက်ရန် လူတစ်ဦးနှင့် ချိန်းဆိုထားခဲ့သည်။ ရွှီချန်ခယ်သည် ထိုသူတို့၏ ရည်ရွယ်ချက်မှာ မရိုးသားမည်ကို စိုးရိမ်သဖြင့် တိတ်တဆိတ် စုံစမ်းစစ်ဆေးရန် လူလွှတ်ထားလိုက်သည်။


အလုပ်ကိစ္စများ တစ်ဝက်တစ်ပျက်ရောက်နေစဉ်မှာပင် ချူမူချင်းသည် သူမ နေထိုင်မကောင်းသဖြင့် လာရောက်ကြိုဆိုရန် သူမထံသို့ ရုတ်တရက်မက်ဆေ့ချ်ပေးပို့လာသည်။


ဆရာဝန်က ဤရက်ပိုင်းအတွင်း သူမသည် အားနည်းနေသဖြင့် အနားယူရန်လိုအပ်ကြောင်း မှာကြားထားသည်။ အိမ်ဟောင်းတွင် စကားများရင်း ဒဏ်ရာကိုထိခိုက်မိခြင်းမျိုး မဖြစ်စေရန်အတွက် ရွှီချန်ခယ်သည် အိမ်ဟောင်းတံခါးဝ ဆီသို့ အပြေးအလွှား မောင်းနှင်လာခဲ့သည်။


ကားမှန်မှတစ်ဆင့် ကြည့်လိုက်သောအခါ သူမ အခြေအနေမှာ သိပ်မဆိုးဟုထင်ရသဖြင့် ရွှီချန်ခယ်သည် စိတ်အနည်း ငယ်အေးသွားပြီး ထိုင်ခုံခါးပတ်ကို ဖြုတ်ကာ ကားပေါ်မှ ဆင်းလိုက်သည်။ ထိုစဉ်မှာပင် ချူမူချင်းသည် သူမ မျက်စိရှေ့၌ပင် လဲကျသွားတော့သည်။


"သူဌေးချူ!"


စူးဝမ်ချင်းသည် လက်တစ်ဖက်ဖြင့် သူမ ခါးကို ဖက်၍ထိန်းထားပေးရန် ကြိုးစားသော်လည်း ချူမူချင်းသည် ပိန်ပါးသည် ဟု ထင်ရသော်လည်း အမှန်တကယ်ပြိုလဲလာချိန်တွင် တံတိုင်းကြီးတစ်ခုကဲ့သို့ လေးလံလှသဖြင့် စူးဝမ်ချင်းသည် လက်တစ်ဖက်တည်းဖြင့် မထိန်းနိုင်ခဲ့ပေ။


သူမသည် အခြားလက်တစ်ဖက်ကိုပါ အမြန်မြှောက်၍ ချူမူချင်းလည်ပင်းကို သိုင်းဖက်ကာ ရင်ခွင်ထဲ၌ ပွေ့ပိုက်လိုက်သည်။ ထိုသို့ဖြင့် သူတို့နှစ်ဦးလုံး မြေပြင်ပေါ်သို့ အတူတူ လဲကျသွားကြတော့သည်။


မြေပြင်ပေါ်သို့ တိုက်ရိုက်ပုံရက်သား လဲကျသွားခြင်းထက်စာလျှင်မူ ဤမြင်ကွင်းမှာ အများကြီး ပိုကြည့်ကောင်းလှ သည်။


ထိုသူနှစ်ဦး၏မြင်ကွင်းမှာ ရုပ်ရှင်ပြကွက်တစ်ခုကဲ့သို့ နှေးကွေးစွာ ပြိုလဲသွားပုံပေါ်ပြီး ချူမူချင်းက မြေပြင်ပေါ်တွင် ရှိနေကာ စူးဝမ်ချင်းက သူမ အပေါ်မှ လက်ဖြင့်ထောက်ထားပေးထားသည်။


ရွှီချန်ခယ်သည် ထိုမြင်ကွင်းကို ကြည့်ရင်း ဦးနှောက်များ ချက်ချင်းထုံထိုင်းသွားကာ ဘာလုပ်ရမှန်း မသိဖြစ်သွားသည်။


"နင် အဆင်ပြေရဲ့လား" စူးဝမ်ချင်း မေးမြန်းလိုက်သည်။


ခုနကတင် လွင့်စင်လုနီးပါးဖြစ်သွားသော အသိစိတ်များကြားတွင် ချူမူချင်းသည် စူးဝမ်ချင်း ခန္ဓာကိုယ်ပေါ်သို့ လဲကျနေခဲ့ခြင်း ဖြစ်သည်။ သူမ မေးစေ့က စူးဝမ်ချင်း ပုခုံးပေါ်တွင် တင်နေပြီး စူးဝမ်ချင်း ဂလင်းများနှင့် အလွန်နီးကပ်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် စူးဝမ်ချင်း ဖယ်ရိုမုန်းများသည် ပန်းရနံ့တစ်မျိုးဖြစ်ကြောင်း သူမ သေချာပေါက် သိလိုက်ရသည်။


စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက်တွင်မူ ဆွဲဆောင်မှုရှိသော ပန်းရနံ့များနှင့်ဝေးရာသို့ သူမ အတင်းအကျပ် ဆွဲထုတ်ခြင်း ခံလိုက်ရသည်။


"ငါ အဆင်ပြေပါတယ်" ချူမူချင်းသည် သူမလက်ထောက်ကို လှည့်ကြည့်ကာ သွားကြိတ်၍ပြောလိုက်သည်။ "နင်ကတော့ အပျော်ကြည့်လို့ ကောင်းနေတာပေါ့ ဟုတ်လား"


"သူဌေးချူ" ရွှီချန်ခယ် ရှေ့တိုးလာသည်။


"အရင် ပြန်ကြမယ်" ချူမူချင်းသည် အိမ်တံခါးဘက်သို့ လှမ်းကြည့်လိုက်သည်။ အဓိပ္ပာယ်မှာ ချူထျန်းတယ် သိသွားပြီး သူမ ပြန်မရမှာစိုးသဖြင့် ဤနေရာမှ အမြန်ဆုံးထွက်ခွာချင်ခြင်း ဖြစ်သည်။


သူတို့နှစ်ဦးသည် သူမကို ကားပေါ်သို့ ကူတွဲပေးလိုက်ကြသည်။ စူးဝမ်ချင်း၏ အမှတ်ရချက်အရ ဤလက်ထပ်ပွဲသည် ချူမူချင်း၏ ထိခိုက်လွယ်သောကာလနှင့် အချိန်ကိုက် ဖြစ်နေခြင်း ဖြစ်သည်။ အတင်းအကျပ် လက်ထပ်ခိုင်းခြင်းက မီးလောင်ရာလေပင့်သလို ဖြစ်စေပြီး "လူယုတ်မာ A" ၏ ဗီလိန်စိတ်များ စတင်ဝင်ရောက်လာမည့် လမ်းစပင်။


ရွှီချန်ခယ်သည် ချူမူချင်း မှီရန်အတွက် ခေါင်းအုံးတစ်လုံး ရှာပေးလိုက်သည်။ ကားပေါ်သို့ ရောက်သည်နှင့် သူမသည် မျက်လုံးမှိတ်၍ အနားယူရန် ကြိုးစားသော်လည်း သူမ အမူအရာမှာ သက်သောင့်သက်သာ မရှိလှဘဲ ပြင်းထန်သော နာကျင်မှုကို အောင့်ခံနေရသလို ဖြစ်နေသည်။


စူးဝမ်ချင်းသည်လည်း အလွန်စိုးရိမ်သဖြင့် ကားထဲသို့လိုက်ဝင်လာခဲ့သည်။


သူမ၏ သူဌေးသည် ဤလူကို သိပ်မနှစ်သက်ကြောင်း ရွှီချန်ခယ် သိသော်လည်း သူမ၏ ကျန်းမာရေးအခြေအနေကို ထည့်တွက်လျှင်မူ ဤ Omega လေးသည် သူမ ဝေဒနာများကို သက်သာစေနိုင်မည် ဖြစ်သည်။


ကားလေးသည် လမ်းမပေါ်တွင် ဖြည်းညှင်းစွာ မောင်းနှင်နေသည်။ ည ၈ နာရီအချိန်သည် ပေချန် (Beicheng) မြို့၏ ညအလှမှာ အကောင်းဆုံးအချိန် ဖြစ်သည်။ လမ်းဘေးရှိ ဆိုင်ခန်းများ၏ဆိုင်းဘုတ်များ၊ အဆောက်အဦးကြီးများမှ မီးအလှများနှင့် လမ်းဘေးတစ်လျှောက် သွယ်တန်းနေသော လမ်းမီးဝါဝါလေးများမှာ လှပနေသည်။


ကျဉ်းမြောင်းသော ကားထဲတွင်မူ အသံများမှာ အတိုင်းသား ကြားနေရသည်။


မှောင်မည်းနေသော အထဲ၌ ချူမူချင်းက စကားစပြောသည်။ 


"သူ့ကို အရင် ပြန်ပို့လိုက်"


"ဟုတ်ကဲ့ သူဌေးချူ" ချူမူချင်း ပါးစပ်ဟလိုက်သော်လည်း သူမ၏ တစ်ကိုယ်ကောင်းဆန်မှုမှာ အရာမထင်ခဲ့ပေ။


ပန်းကွေ့ဗီလာသည် အင်ပါယာဗျူးစံအိမ်နှင့် သိပ်မဝေးလှပေ။ တြိဂံပုံစံ အကွာအဝေးတွင် တစ်ဝက်ခန့်သာ ဝေးသဖြင့် ရွှီချန်ခယ်သည် လမ်းကြောင်းကို ပြန်လည်ပြင်ဆင်လိုက်သည်။


ဤစကားကို ပြောပြီးသည်နှင့် ချူမူချင်းသည် အားကုန်သွားသော စက်တစ်လုံးကဲ့သို့ ခေါင်းကို ဘေးသို့ စောင်းလိုက်ပြီး ခဏအကြာမှာပင် ပုံမှန်အသက်ရှူသံလေးနှင့်အတူ အိပ်ပျော်သွားတော့သည်။


စူးဝမ်ချင်းသည် ဒရိုင်ဘာခုံနောက်မှနေ၍ ရွှီချန်ခယ်ကို အသာအယာ တို့လိုက်သည်။ 


"ငါ ပြန်မသွားတော့ဘူး၊ သူ စိတ်ဆိုးရင် ငါပဲ အပြောခံပါ့မယ်"


ကားမောင်းနေသော ရွှီချန်ခယ်ကို အနှောင့်အယှက် မဖြစ်စေရန် စူးဝမ်ချင်းသည် သူမ၏ နေရာတွင် ပြန်ထိုင်လိုက် သည်။ ကားထဲ၌ ပြန်လည် တိတ်ဆိတ်သွားပြီး ရွှီချန်ခယ်သည်လည်း လမ်းကြောင်းကို တိတ်တဆိတ် ပြန်ပြောင်းလိုက်တော့သည်။


ချူမူချင်း၏ ပြဿနာမှာ ဂလင်းများဖြစ်သည်။ အခြားလူများ၏ ထိခိုက်လွယ်သောကာလတွင်မူ inhibitors များဖြင့် ထိန်းချုပ်နိုင်သော်လည်း သူမကမူ မရပေ။ Omega ၏နှစ်သိမ့်မှုကို မရရှိလျှင် သူမသည် ရူးသွပ်သွားမည် ဖြစ်သည်။


သို့သော် ဤမျှနှစ်ပေါင်းများစွာအထိ ကိုက်ညီမှု မြင့်မားသောသူကို သူမ မတွေ့ရှိခဲ့ရပေ။


နောက်ဆုံးတွင် တစ်ဦးတွေ့ပြီဖြစ်ရာ ရွှီချန်ခယ်အနေဖြင့် ချူမူချင်း နာကျင်မှုများကို လျှော့ချပေးနိုင်မည်လား သိရှိနိုင်ရန် ဤအာနိသင်ကို စမ်းသပ်ကြည့်ချင်နေသည်။


ကားသည် အင်ပါယာဗျူးစံအိမ်တွင် ဆိုက်ရပ်လိုက်သည်။ ဤဗီလာဧရိယာတွင် နေထိုင်သူ အနည်းငယ်သာ ရှိသည်။ တံခါးဝတွင်မူ အဒေါ်ကြီးတစ်ဦးက ဟိုကြည့်ဒီကြည့်ဖြင့်စောင့်နေသည်။


ရွှီချန်ခယ်သည် ကားပေါ်မှ ဆင်း၍ အဒေါ်ကြီးနှင့်အတူ ချူမူချင်းကို အိမ်ထဲသို့ ကူတွဲသွားလိုက်သည်။


အိပ်ခန်းထဲသို့ ရောက်သောအခါ ရွှီချန်ခယ်သည် သူမကို ခုတင်ပေါ် တင်ပေးပြီး စောင်ခြုံပေးလိုက်သည်။ 


"ဒီတစ်ခါ ဘယ်ဆေး သုံးမလဲ"


"အပြင်းဆုံးဟာ သုံးမယ်" ချူမူချင်းသည် မျက်လုံးမှိတ်ထားဆဲ ဖြစ်သည်။ သူမ ခေါင်းမှာ မူးနောက်နေပြီး နှင်းဆီနံ့ ဖီရိုမုန်းများသည် အိပ်ခန်းတစ်ခုလုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားတော့သည်။


ရွှီချန်ခယ်သည် တံခါးကို အသာပိတ်၍ အောက်ထပ်သို့ ဆင်းကာ ဆေးသေတ္တာထဲတွင် အပြင်းစား ဟန့်တားဆေးကို ရှာဖွေသည်။ စူးဝမ်ချင်းသည် ဧည့်ခန်းထဲတွင် ရပ်နေပြီး ရွှီချန်ခယ်ကို မျက်တောင်မခတ် ကြည့်နေရင်း 


"သူ ဘယ်လိုနေလဲ" 


ဝတ္ထုထဲရှိ ဇာတ်လမ်းအရဆိုလျှင် ချူမူချင်းသည် ထိခိုက်လွယ်သောကာလတွင် ဆေးရုံတက်ရသည်မှာ မှန်ကန်သော် လည်း အသေးစိတ်ကိုမူ ဖော်ပြမထားပေ။ နောက်ပိုင်းတွင် မည်သို့ ဖြေရှင်းသွားသည်ကိုလည်း မသိရပေ။


သိရှိရသည်မှာ သူမ၏ စိတ်နေစိတ်ထားမှာ နောက်ပိုင်းတွင် အလွန်အမင်း ပြောင်းလဲသွားသည်ဟူသော အချက်ပင် ဖြစ်သည်။


"မစ္စတာစူး၊ မနက်ဖြန်ဆိုရင် မင်းတို့နှစ်ဦး လက်ထပ်စာချုပ် ချုပ်ရတော့မှာဆိုတော့ နာမည်အရ မင်းကို သခင်မလေးလို့ ခေါ်ရတော့မယ်၊ ကျွန်မ တိုက်ရိုက်ပဲ ပြောလိုက်ပါ့မယ်၊ သူဌေးချူက အခု ထိခိုက်လွယ်တဲ့ကာလထဲ ရောက်နေတာပါ"


ရွှီချန်ခယ်သည် အပြင်းစားဟန့်တားဆေးကို သူမ လက်ထဲသို့ ကမ်းပေးလိုက်သည်။ 


"သခင်မလေး၊ ရှင်ပဲ သူ့ကို ဂရုစိုက်ပေးလိုက်ပါ"


စူးဝမ်ချင်းသည် QX ဟု အမှတ်အသားပါသော ဟန့်တားဆေးကို ယူလိုက်သည်။ ထိုနေရာတွင် "ဆရာဝန် ညွှန်ကြားချက်အတိုင်း အသုံးပြုရန်နှင့် နေထိုင်မကောင်းဖြစ်ပါက ဆေးကုသမှု ချက်ချင်း ခံယူရန်" ဟု ရေးသားထားသည်။


"ငါ သိပြီ"


"သူဌေးရဲ့အိပ်ခန်းက အပေါ်ထပ် ဘယ်ဘက်ခြမ်းမှာပါ"  ရွှီချန်ခယ် ပြောလာသည်။


ဤသည်မှာ တစ်ဖက်သတ် ဆုံးဖြတ်လိုက်သလို ဖြစ်နေသော်လည်း စူးဝမ်ချင်းသည် ကိုက်ညီမှုကြောင့် လက်ထပ်ခဲ့ခြင်း ဖြစ်သဖြင့် ရွှီချန်ခယ်သည် သူမကို ထိုနေရာ၌ပင် ထားခဲ့လိုက်ခြင်းဖြစ်သည်။


သို့သော် ယခုအခါတွင်မူ အခြားနည်းလမ်း မရှိတော့ပေ။ ချူမူချင်း၏ ခန္ဓာကိုယ် အခြေအနေမှာ အလွန်အမင်း အရေးကြီးနေသဖြင့် ဘာအမှားအယွင်းမှ အဖြစ်မခံနိုင်ပေ။


ရွှီချန်ခယ်သည် ကားထဲတွင် ခဏမျှ စောင့်ဆိုင်းပြီးနောက် မောင်းနှင်ထွက်ခွာသွားတော့သည်။


စူးဝမ်ချင်းသည် ဟန့်တားဆေးကို ကိုင်ဆောင်ကာ အခန်းတံခါးရှေ့၌ ရပ်နေသည်။ တံခါးလက်ကိုင်ကို အသာအယာ လှည့်လိုက်သောအခါ အခန်းထဲတွင် မှောင်မည်းနေသည်။ သူမသည် မီးခလုတ်ကို ရှာမတွေ့သလို မီးဖွင့်ရန်လည်း မရဲပေ။


နှင်းဆီရနံ့များသည် လေထဲတွင် ဖုံးလွှမ်းနေပြီး စူးဝမ်ချင်းသည် လေထုကြီးမှာ ချိုအီနေသလို ခံစားရကာ သူမ၏ လည်ပင်းနောက်ဘက်ရှိ ဂလင်းများမှာလည်း ပူရှိန်းရှိန်း ဖြစ်လာသည်။


သူမသည် အိပ်ခန်းတံခါးနားသို့တိုးသွားသောအခါ ခုတင်ပေါ်တွင် လိပ်ခွေနေသော ချူမူချင်းကို တွေ့ရှိလိုက်ရသည်။ သူမသည် ဘေးစောင်းလဲလျောင်းရင်း မျက်မှောင်ကြုတ်နေသည်။


"ရွှီချန်ခယ်၊ နင်က ခရုလား" ချူမူချင်း အသံမှာ အောင့်အည်းသည်းခံနေရသော ပုံစံမျိုး ဖြစ်သည်။


စူးဝမ်ချင်းသည် ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လန့်သွားပြီး ဟန့်တားဆေးမှာ မြေပြင်ပေါ်သို့ ကျလုနီးပါး ဖြစ်သွားသည်။


ခဏ စောင့်ဦး၊ သူ ဘာလုပ်ပေးဖို့ လိုလဲ ? ဖီရိုမုန်းကိုထုတ်လွှတ်ပြီး သူ့ကို ယာယီအမှတ်အသားပေးခိုင်းရမှာလား။


စူးဝမ်ချင်းသည် ဇာတ်လမ်းထဲရှိ ဇာတ်ကွက်များကို ပြန်လည်တွေးတောပြီး သူမ၏ကိုယ်ပိုင် ဖီရိုမုန်းများကို ထုတ်လွှတ်လိုက်သည်။ သင်းပျံ့သော ပန်းရနံ့နှင့် ပြင်းရှသော နှင်းဆီရနံ့တို့မှာ ရောယှက်သွားပြီး ချူမူချင်း၏ မျက်မှောင်ကြုတ်နေသော မျက်ခုံးတန်းလေးများမှာ ဖြည်းဖြည်းချင်း ပြေလျော့သွားတော့သည်။


ဒါ ဘာလဲ။


"အနံ့က အရမ်းမွှေးတာပဲ~ နေလို့လည်း အရမ်းကောင်းတယ်~ ငါ ထပ်ပြီး လိုချင်သေးတယ်"


စူးဝမ်ချင်းသည် ခုတင်ဘေးတွင် ထိုင်လိုက်ပြီး ချူမူချင်း နဖူးကို စမ်းကြည့်လိုက်သောအခါ အလွန်ပူကျစ်နေသည်။


အာနိသင် မရှိဘူးလား။ သူမသည် ဖီရိုမုန်းများကို ထုတ်လွှတ်နေရင်း ဟန့်တားဆေးကိုလည်း အဆင်သင့်ကိုင်ထား သည်။


ပန်းရနံ့များသည် တဖြည်းဖြည်း ပြင်းထန်လာပြီး ချူမူချင်းသည် ထိုရနံ့လာရာကို ရှာဖွေရင်းလက်လှမ်းဆွဲလိုက်သည်။


"ဟမ်!"


စူးဝမ်ချင်း မမျှော်လင့်ထားသောအချိန်တွင် တားဆေးပုလင်းမှာ မြေပြင်ပေါ်သို့ လွင့်ကျသွားပြီး ကွဲအက်သွားတော့ သည်။ အစိမ်းနုရောင် ဆေးရည်များသည် ကြမ်းပြင်ပေါ်တွင် ဖိတ်စင်သွားပြီး တောက်ပနေသည်။


ချူမူချင်းသည် စူးဝမ်ချင်းကို သူမ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ သူ့လက်သည် စူးဝမ်ချင်း ကျောပြင်ကို ထိတွေ့မိသွားသည်။ Alpha ၏ဗီဇအရ သူသည် စူးဝမ်ချင်း ဂလင်းများကို လျင်မြန်စွာရှာဖွေတွေ့ရှိသွားပြီး ထိုရနံ့ကို အငမ်းမရ ရှူရှိုက်လိုက်သည်။ 


"ဒါက ငါရှာနေတဲ့ အနံ့ပဲ"


မလုံလောက်သေးဘူး။


မလုံလောက်သေးဘူး။


"ငါ ဒါကို စားပစ်ချင်တယ်!"


"ချူမူချင်း?!"


 á€…á€°á€¸á€á€™á€şá€á€ťá€„á€şá€¸á€žá€Šá€ş သူမ ရင်ခွင်ထဲ၌ အတင်းအကျပ်ပွေ့ဖက်ခြင်း ခံထားရပြီး ဘာမှ ပြန်မလုပ်နိုင်ပေ။ သူမ၏ လက်ချောင်းများ ထိသောနေရာတိုင်းမှာ ပူလောင်လာပြီး ဤသို့ စိမ်းသက်သောအတွေ့အကြုံက သူမကို သက်သောင့်သက်သာ မရှိဖြစ်စေသည်။


ဤမျှ နီးကပ်နေသဖြင့် စူးဝမ်ချင်းသည် ပြင်းရှသော နှင်းဆီနံ့ကို ရရှိနေပြီး ချိုမြိန်သော ပန်းရနံ့မှာ တဖြည်းဖြည်းနှင့် စူးရှလာသည်။ ဆူးများပါသော နှင်းဆီပန်းကဲ့သို့ပင်။


သူ ဘာကို ငြင်းဆန်နေတာလဲ ? သူ ချူမူချင်းကို ကူညီဖို့လာတာ မဟုတ်ဖူးလား။


ဝတ္ထုထဲသို့ ရောက်ရှိလာသောအခါ ကမ္ဘာ့နောက်ခံများ မတူညီသဖြင့် သူမသည် သတိထားရမည့် အချက်အလက် အချို့ကို မှတ်သားထားခဲ့သည်။ ထိခိုက်လွယ်သော Alpha ကို မည်သို့ နှစ်သိမ့်ရမည်နည်းဟူသော အချက်မှာမူ သူမ၏ လည်ပင်းကို ကိုက်ခိုင်းလိုက်ရုံပင်။


လည်ပင်းကို အကိုက်ခံရခြင်းမှာ ဘာမှမဟုတ်ပေ။ စူးဝမ်ချင်းသည် သူမ လည်ပင်းကို စောင်းပေးလိုက်ပြီး ဂလင်း နေရာကို ဖော်ပေးလိုက်သည်။


ချူမူချင်း၏ ပါးလွှာသော နှုတ်ခမ်းများသည် ထိုနေရာကို ဖိကပ်လိုက်ပြီး ပန်းရနံ့နှစ်မျိုးမှာ ရောယှက်သွားကာ ဖော်ပြ၍မရသော ချိုမြိန်မှုတစ်ခုကို ဖြစ်ပေါ်စေသည်။


ချူမူချင်းသည် Omega ကို ဤအတိုင်း အမှတ်အသား မပြုနိုင်ပေ။ သူမသည် မျက်လုံးကို အတင်းဖွင့်၍ ဤထူးဆန်း သော ဖီရိုမုန်းများ၏ဆွဲဆောင်မှုမှ ရုန်းထွက်ကာ ခုတင်ပေါ်တွင် ထိုင်လိုက်သည်။


"နင် ဘယ်သူလဲ" ချူမူချင်း မေးမြန်းလိုက်သည်။


ဒီအချိန်အထိ ချူမူချင်းက ခုလိုမေးမြန်းနိုင်သေးတယ်လား။ "လူယုတ်မာ A" ၏ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းမှာ ကြောက်စရာကောင်းလှသည်။ 


"စူးဝမ်ချင်းလေ၊ နင့်ရဲ့ ဇနီး"



ချူမူချင်း ခဏတာ အံ့အားသင့်သွားပြီး "ထွက်သွား!"


"......"


သူမသည် စိတ်ကိုတင်းထားပြီးမှ ဤလူက မည်သို့ ချက်ချင်းမျက်နှာလွှဲနိုင်ရသနည်း။ ခုနကတင် လျှောက်ကိုင်ထားပြီး အခုကျမှ ထွက်သွားခိုင်းတာလား။


"ငါ နင့်ကို ဟန့်တားဆေး လာပေးတာ၊ နင်ကိုယ်တိုင်ပဲ ရိုက်ခွဲလိုက်တာလေ"


လေထဲ၌ ဆေးဖက်ဝင်အပင်နံ့ သင်းသင်းလေး ကျန်ရှိနေသေးသည်။ ချူမူချင်းသည် ခောက်စောင်းကြည့်လိုက်သော အခါ ကြမ်းပြင်ပေါ်၌ အစိမ်းရောင် ဆေးရည်များရှိနေသည်ကို တွေ့ရှိလိုက်ရသည်။


"......"


"အောက်ထပ်သွားပြီး ဒေါ်လေးချန်ကို နောက်တစ်လုံး ယူလာခိုင်းလိုက်"


ဤအိမ်တွင် အလျှံပယ်ရှိသည်မှာ အပြင်းစား ဟန့်တားဆေးများပင်။ နေထိုင်မကောင်းလျှင် နှစ်လုံးခန့် တွဲသောက်လိုက်ရုံသာ။


"နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးတယ်၊ နင် မစမ်းကြည့်ချင်ဘူးလား" စူးဝမ်ချင်း မေးမြန်းလိုက်သည်။


ထိုနည်းလမ်းမှာ ဘာလဲဆိုသည်ကို ချူမူချင်း သေချာပေါက်သိရှိသည်။ ၉၅ ရာခိုင်နှုန်း ကိုက်ညီမှုက သူမအပေါ် အမှန်တကယ်ပင် သက်ရောက်မှု ရှိနေခြင်း ဖြစ်သည်။ ခုနကတင် သူမ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဖြစ်လုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလား။


စူးဝမ်ချင်း၏ရည်ရွယ်ချက်ကို မသိရှိရသေးခင်မှာမူ သူမကို အမှတ်အသားမပြုနိုင်ပေ။


"နင် ဘာလိုချင်တာလဲ" ချူမူချင်း မေးမြန်းလိုက်သည်။


"ငါ ဘာမှ မလိုချင်ပါဘူး" စူးဝမ်ချင်း တကယ်မကျေမနပ် ပြောဆိုချင်နေမိသည်။ သူမသည် အသက်ရှင်ချင်ခြင်း ဖြစ်သည်၊ အသက်ရှင်ချင်ခြင်း။


"စူးမိသားစုက ဘာလိုချင်တာလဲ"


မှောင်မည်းနေသော အထဲ၌ ချူမူချင်း ပုံရိပ်လွှာကိုသာ သူမ ရှင်းလင်းစွာ မြင်တွေ့ရသည်။ ချူမိသားစုကို တာဝန်ယူပြီး ကတည်းက သူမသည် အကျိုးစီးပွားများကြားတွင် မည်မျှပင် နှိပ်စက်ခံခဲ့ရသနည်းဟူမူ သူမအနားသို့ ချဉ်းကပ်လာသူ တိုင်းမှာ ရည်ရွယ်ချက်တစ်ခုခု ရှိမည်ဟုသာ သူမ ထင်မြင်နေခြင်းဖြစ်သည်။


ဗီလိန်စိတ် ဝင်သွားသည်မှာ မဆန်းလှပေ။


စူးဝမ်ချင်း ရှေ့တိုးလိုက်ပြီး "စူးမိသားစု ဘာလိုချင်လဲဆိုတာ ငါ မသိဘူး၊ ငါကတော့ အခု နင် ဒီလောက်အထိ နေလို့မကောင်းဖြစ်နေတာကို မမြင်ချင်ရုံတင်ပါ၊ ဒါက အရမ်းရိုးရှင်းပါတယ်"


"......"


ရင်ဘတ်ထဲမှ တစ်ခုခုမှာ ခုန်ပျံသွားသလို ခံစားလိုက်ရပြီး ချူမူချင်းသည် သူမ နားကြားမှားသလားဟုပင် ထင်မှတ်သွား သည်။ စူးဝမ်ချင်းက ဘာတွေပြောနေတာလဲ ?


သူ နေထိုင်မကောင်းဖြစ်မှာ စိုးရိမ်နေတာလား။


ဖယ်ရိုမုန်းများသည် သူမ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး စူးဝမ်ချင်း စိတ်များလည်း ပူလောင်လာသည်။ 


"နင်က Alpha တစ်ယောက်ဖြစ်ပြီးတော့ ကိုက်လိုက်ရုံကို ဘာတွေ ကြောက်နေတာလဲ"


ချူမူချင်းသည် လက်ကိုမြှောက်၍ စူးဝမ်ချင်းလည်ပင်းကို ကိုင်ကာ သူမရှေ့သို့ ဆွဲခေါ်လိုက်သည်။ 


"နင် ဘာတွေ ပြောနေလဲဆိုတာ နင် သိရဲ့လား"


စူးဝမ်ချင်း: [ပေါက်ကရတွေ၊ ငါ သိတာပေါ့။] [တစ်ချက်ပဲ ကိုက်ရမှာလေ။]


ချူမူချင်း မှင်တက်သွားသည်။ အသံမှာ အနည်းငယ် ဝေဝါးနေသော်လည်း ဤသည်မှာ စူးဝမ်ချင်း၏ အသံမှန်း သူမ သိရှိလိုက်သည်။


တစ်ချက်ပဲ ကိုက်ရမှာလား။


သူမသည် ဤသည်ကို အမှန်တကယ်ပင် အလွန်ရိုးရှင်းသည်ဟု ထင်မှတ်နေသလော ?


သူမ အသက် ၁၈ နှစ်မှစ၍ ဆရာဝန်များက သူမ၏ ရောဂါကို ကုသရန်အတွက် သူမနှင့် ကိုက်ညီသော Omega ကို အမှတ်အသားပြုရန်မှတစ်ပါး အခြားနည်းလမ်းမရှိဟု ပြောကြားခဲ့ကြသည်။


ရွှီချန်ခယ်နှင့် အဖိုးဖြစ်သူတို့သည် သူမအတွက် Omega များ ရှာဖွေပေးခဲ့ကြသော်လည်း ဖီရိုမုန်းနံ့ ရသည်နှင့်ပင် သူမသည် ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခဲ့ရသည်။


စူးဝမ်ချင်း၏ဖီရိုမုန်းနံ့ တစ်ခုတည်းကသာ သူမကို ပထမဆုံးအကြိမ်အဖြစ် တမ်းတမိစေခဲ့ခြင်းဖြစ်သည်။


အသိစိတ်များ ပျောက်ကွယ်သွားပြီး ချူမူချင်းသည် စူးဝမ်ချင်းအား ခုတင်ပေါ်သို့ ဖိချလိုက်ကာ သူမ ကိုယ်တိုင်လည်း အပေါ်မှ အုပ်မိုးလိုက်ပါတော့သည်။