Ch 4
Viewers 2k

💊 Chapter 4

ဒေါက်တာဝမ်... ခင်ဗျား ကျွန်တော့်ကို တာဝန်ယူရမယ်နော်



ကြာသပတေးနေ့တွင် ပိုင်မူနင်တစ်ယောက် စောစီးစွာ နိုးထလာ၏။ ယနေ့မှာ လီလီ၏နောက်ဆုံးသော ကွာရှင်းမှုကို သူမနှင့်အတူ လိုက်ပါပေးရမည်ဖြစ်ရာ နောက်ကျနေ၍မဖြစ်ပေ။


သူ၏နှိုးစက်ကို ပိတ်ချလိုက်ကာဖြင့် အိပ်ရာမှထလိုက်သည်။ ပိုင်မူနင်မှာ ခေါင်းကိုက်နေပြီး လုံးလုံးလျားလျားပင် အားအင်ကုန်ခမ်း၍နေသည်။ 


သူက ညဝတ်ကိုမလဲမီ တစ်ခဏမျှကြာအောင် ထိုင်နေလိုက်ရသည်။


လှေကားမှတစ်ဆင့် အိပ်ရာပေါ်မှဆင်းလိုက်ပြီးနောက် ရုတ်တရက် ခြေချော်သွားရကာ ကျယ်လောင်သည့်လဲကျသံနှင့်အတူ သူအေးစက်စက်ကျောက်ပြားအခင်းထက် လဲကျသွားရ၏။


သူ့ဖင်က ကြမ်းပြင်နှင့်ဦးစွာထိမိပြီး သူ့တစ်ကိုယ်လုံးက တံခါးနှင့်ပစ်ဆောင့်ကာ ကိုးရိုးကားယား လဲကျသွားခြင်းပင်။ နာကျင်စွာ ညည်းညူရင်း ပိုင်မူနင်က ထိုပုံအတိုင်း အတော်ကြာအောင် လှဲနေရလေသည်။


ဟောက်သံများ ဆူညံကာအိပ်နေသည့် လီအန်းချီမှာ ပိုင်မူနင်၏ ပြုတ်ကျသံကျယ်ကြီးကြောင့် နိုးသွားသည်။ သူက အိပ်ရာထက်ထထိုင်ကာ အလန့်တကြား မေးလာသည်။

"ဘာဖြစ်တာလဲ ငလျင်လှုပ်တာလား"


ပတ်ပတ်လည်လိုက်ကြည့်ကာ အိပ်ရာက လှုပ်ယမ်းမနေသည်ကို အတည်ပြုပြီးမှ စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။ ထို့နောက် ကြမ်းပြင်ပေါ်တွင် အေးချမ်းစွာလဲလျောင်းနေသူကို မြင်သွားလေသည်။ ပိုင်မူနင်က တပ်သားတစ်ဦး၏ဟန်ပန်ဖြင့် လက်ကိုဝမ်းဗိုက်ထက်သေသေသပ်သပ်တင်ထားလျက် ရှိနေပြီး ငြိမ်းချမ်းစွာ အိပ်မောကျနေသည့်အတိုင်းပက်။

[T/N - ခါးညွတ်အရိုအသေပေးတဲ့ပုံမျိုးလဲကျနေတာထင်ပါတယ်]


ပိုင်မူနင်မှာ ပြန်ဖြေနိုင်ဖို့ရာ အချိန်ယူလိုက်ရလေသည်။

"အတန်းဖော်အန်းအန်း မင်း ဒီဆိုရိုးကို မကြားဖူးဘူးလား မင်းလဲကျတဲ့နေရာက ခဏလောက်တော့ လှဲနေသင့်တဲ့နေရာတဲ့"


"အွန်း ငါခုပဲ ကြားဖူးသွားပြီ"

လီအန်းချီက သူ့အိပ်ရာပေါ်မှဆင်းလာပြီး သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

"နင်အာ မင်းမထနိုင်ဘူးမလား"


နှစ်နှစ်တာ ညီအစ်ကိုဖြစ်ခဲ့ခြင်းကြောင့် သူက ပိုင်မူနင်၏အတွေးငယ်လေးအား ထွင်းဖောက်မြင်နေရသည်။


သေချာပေါက်ကို သူ ထနိုင်မနေဘူး…


ထိုလဲကျမှုကြောင့် အနှီအဖိုးအိုပေါက်စလေး၏ သက်တမ်း၂၀ခန့် ကုန်ကျသွားရသလိုပင်။


အခုတော့ ခေါင်းကိုက်ရုံတင်မကဘူး...ဖင်ကပါ နာသွားရပြီ... ဒီပြုတ်ကျတာကြီးက ငါ့ကိုသတ်နေတာပဲ…


လီအန်းချီ၏လက်ကိုအားပြုကိုင်ကာ သူထလိုက်ရန်ကြိုးပမ်းလိုက်သည်။ သူ မတ်တတ်ရပ်လိုက်သည်နှင့် ပိုင်မူနင်မှာ ပို၍ပင်မူးဝေသွားရ၏။


သူ့မျက်လုံးများက ပွင့်လျက်သားရှိနေ၍သာ မဟုတ်ပါမူ လီအန်းချီတစ်ယောက် သူ့အတွက်နှုတ်ဆက်ပို့ဆောင်ခြင်း အခမ်းအနားလုပ်ဖို့ရာ ပြင်ဆင်နေလောက်ပေပြီ။


"နင်အာ မင်းဘာလို့ မထသေးတာလဲ… မင်းဒီမှာ အိပ်ဖို့များ ကြံနေတာလား"


လီအန်းချီက သူ့လက်အားလွှတ်ကာ နဖူးထက်လက်တင်၍လာသည်။

"နင်အာ မင်းဖျားနေပြီ"


ယခုဆိုလျှင် ပိုင်မူနင်တစ်ယောက်မှာ ထိုင်ခုံထက်တွင် လေဖြတ်သူပမာ သက်တောင့်သက်သာမရှိစွာ ထိုင်နေရင်း လေတစ်ရှိုက်ကို ရှူသွင်းလိုက်ရ၏။ လီအန်းချီ၏စကားကြောင့် သူ့နဖူးသူလည်း ပြန်လည်ကာ စမ်းမိကာဖြင့်ပင်။


တကယ်ကို ပူနေခဲ့တာပဲ…


သို့ပေသိ ယင်းက ကိစ္စကြီးမဟုတ်ပေ။


ပိုင်မူနင်က မတုန်မလှုပ်ပင် ဆိုလိုက်သည်။

"အေးဆေးပါ သိပ်မပြင်းပါဘူး"


သူက လည်ချောင်းစိုသွားစေရန် ရေတစ်ငုံမျှသောက်လိုက်သည်။ ထို့နောက်ထရပ်ကာ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများအားယူလျက် ဆေးကြောပြီး အပြင်သွားဖို့ရာ ကြံလေသည်။


ပိုင်မူနင် ခေါင်းမာစွာဖြင့် အပြင်ထွက်ရန် ကြံစည်နေသည်ကိုကြည့်ကာ လီအန်းချီမှ သူ့လမ်းကိုပိတ်လိုက်သည်။

"မင်းဖျားနေပြီကို အပြင်သွားချင်သေးတာလား ကျောင်းဆေးခန်းကိုသွားကြစို့"


လီအန်းချီမှာ အနည်းငယ်ဒေါသထွက်၍နေပြီး ပိုင်မူနင်က သူ့ကိုယ်သူဂရုမစိုက်ဘဲ နေလွန်းသည်ဟု ခံစားရ၏။ ဖျားနေသည့်တိုင် သူ့ကိုယ်သူ တွန်းအားပေးနေသေးသည်။


"ငါဒီနေ့လုပ်စရာရှိတယ် ခဏနေဆို သွားမှရမယ် ငါပြန်လာရင်ဆေးခန်းသွားမှာပါ"


"မရဘူး ဘာလို့အပြင်သွားဖို့ကို ဒီလောက်အလျင်လိုနေရတာလဲ"


ပိုင်မူနင်က သူ၏ မျက်နှာသစ်ဇလုံနှင့်တစ်ကိုယ်ရေသန့်ရှင်းပစ္စည်းများအား ကိုင်ထားလျက် ပါးလေးအားဖောင်းလိုက်ကာဖြင့် စိတ်ဆုံးဖြတ်ချက်ချထားဟန်နှင့် လေမှုတ်ထုတ်လိုက်လေသည်။


"ငါလည်းမတတ်နိုင်ဘူး ငါ့ရဲ့လိုအပ်ချက်၅ခုအတွက် ငွေကြေးချို့တဲ့နေတာ ငါမနားရဲဘူး အန်းအန်း ငါ့ကိုမတားပါနဲ့ကွာ နော်... ငါအလုပ်ကြိုးစားရမယ် ငါအပြင်းအထန်လုပ်မှဖြစ်မှာ"


လီအန်းချီသိသည်။ ပိုင်မူနင်က ခက်ခက်ခဲခဲဖြတ်ကျော်နေခြင်းပင်။ သူက သူ၏ကိုယ်ပိုင်အသုံးစားရိတ်နှင့် ကျူရှင်ခများအတွက် အိမ်မှအထောက်အပံ့မယူဘဲ သူကိုယ်တိုင်ဝင်ငွေရှာနေ၏။


သို့တိုင် သူကအလွန်တရာပင် သူ့ကိုယ်သူ တွန်းအားပေးလွန်းသည်။


ကဖျက်ကယက်လုပ်နေသည့် လီအန်းချီက ပိုင်မူနင်ကို လွှတ်ပေးလိုက်ပြီး နှာမှုတ်လိုက်သည်။

"မင်းတော့ တစ်နေ့ကျရင် အဲ့ပိုက်ဆံကြောင့် သေမှာပဲ မသွားခင် ဆေးသောက်စမ်း"


ပြောပြောဆိုဆိုပင် သူက သူ့စားပွဲထံလျှောက်သွားကာ ပိုင်မူနင်အတွက် ဆေးများကို ထုတ်ယူလိုက်သည်။


ဆေးသောက်ပြီးနောက် ပိုင်မူနင် ပို၍နေကောင်းသွားသည်။ သူအပြင်ဘက်သို့ ခြေချလိုက်သည်နှင့် လေအေးတစ်သုတ်က သူ့အားဖြတ်ရိုက်သွားကာ သူ့မျက်နှာမှာ ပူနွေးမှုကို တစ်စွန်းတစ်စပင် မခံစားရတော့ပေ။


__


လီလီနှင့် မနက်၉နာရီတွင် ချိန်းဆိုထားခြင်းဖြစ်သည်။ ပိုင်မူနင်က တက္ကစီငှားဖို့ရာ တွန့်တိုနေပြီး အများသုံးရထားကိုသာ စီးလိုက်သည်။


တွေ့ဆုံကြမည့်နေရာမှာ အရပ်ဘက်ရေးရာဌာနအပြင်ဘက်၌ဖြစ်၏။ လီလီသည်လည်း ယခုမှရောက်လာခြင်းပင်ဖြစ်သည်။ သူတို့နှစ်ဦးသား ဝင်ပေါက်တွင် ဆုံတွေ့ကြ၏။


သူမ၏ယောက်ျားဟောင်းက မိနစ်အနည်းငယ်ခန့် နောက်ကျပြီးမှ ရောက်လာခဲ့သည်။ စကားတစ်ခွန်းလေးမျှပင် အပြန်အလှန်ခေါ်ပြောချင်းအလျဥ်းမရှိပါဘဲ နှစ်ဦးသားက အထဲဝင်ကာ နံပါတ်စဥ်ယူလျက် သူတို့၏နောက်ဆုံးကွာရှင်းမှုကို စောင့်နေကြသည်။


ယနေ့မှာ ကြာသပတေးနေ့ဖြစ်ပြီး မည်သို့သောအားလပ်ရက်မျိုးဖြစ်နေသည်မသိ၊  လက်ထပ်ရန်အတွက်ရော ကွာရှင်းမှုများအတွက်ပါ ရုံးတွင် လူပြည့်နေသည်။ သူတို့ မည်မျှကြာကြာ စောင့်ရမည်ကို မသိနိုင်ပေ။


တန်းစီစောင့်ဆိုင်းနေစဉ် ပိုင်မူနင်က ခင်ပွန်းဟောင်းထံ သေသေချာချာပင် လှောင်ပြောင်ပြောဆိုခဲ့၏။ ၎င်းမှာ လီလီ၏ အထူးတောင်းဆိုချက်ဖြစ်သည်။ သူမ၏ခင်ပွန်းဟောင်းအား ဤအိမ်ထောင်ရေးကို သက်တောင့်သက်သာနှင့် ထွက်ခွာခွင့်မပြုနိုင်ပေ၊၊ သူ လုံးဝကို နာကျင်ခံစားရမည်။


ပိုင်မူနင်မှာ စကားဖြင့်တိုက်ခိုက်ခြင်းနှင့်ပတ်သက်လာလျှင် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည်။ ယောက်ျားဟောင်း၏ မျက်နှာမှာနီမြန်းလာပြီး ဒေါသကြောင့် လည်ပင်းကလည်း တင်းမာလာကာ စကားလုံးတစ်လုံးကိုပင် ပြန်လှန်မပြောနိုင်သည်ကို ကြည့်ကာ လီလီတစ်ယောက် အလွန်ကျေနပ်မှုကိုခံစားလိုက်ရသည်။


သူတို့၏နံပါတ်ကို နောက်ဆုံးတွင် ခေါ်လာသည်။ သူတို့နှစ်ဦးသားက ကွာရှင်းမှုစာရွက်စာတမ်းများကို ဖြည့်စွက်ရန် ဝင်သွားခဲ့သည်။ လိုအပ်သောပုံစံများကို ဖြည့်ပြီးနောက် ကွာရှင်းမှုကို အပြီးသတ်နိုင်ရန်အတွက် ညှိနှိုင်းကာလရက်၃၀ကို စောင့်ရန် လိုအပ်သည်။


ယောက်ျားဟောင်းဖြစ်သူက ဒေါသတကြီးဖြင့် ထွက်ခွာသွားသော်လည်း လီလီကမူ ပျော်ရွှင်စွာ ပြုံးနေခဲ့သည်။ သူမက ပိုင်မူနင်ကို ရက်ရက်ရောရောပင် အဖိုးအခပေးခဲ့ပြီး သူတို့၏နောက်ထပ် အစားထိုးစကားပြောဆိုပေးမည့် အချိန်ကိုပင် စီမံလိုက်သေးသည်။


လီလီက တက္ကစီဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ရာ သူတို့၏စကားပြောဆိုမှုကို အဆုံးသတ်ပြီးနောက် သူမက အခြားတက္ကစီတစ်စီးကို ခေါ်ပြီး ထွက်ခွာသွားတော့သည်။


ပိုင်မူနင်မှာ ခြိုးခြံချွေတာတတ်သူဖြစ်ပြီး တက္ကစီစီးမည့်အကြောင်း စဉ်းစားမည်မဟုတ်ပေ။ သူက သူ၏တည်နေပြဆော့ဖ်ဝဲလ်ကို ဖွင့်ကာ သူ၏ဦးတည်ရာဖြစ်သည့် စန်းဝမ်ခန်းမကို ရှာဖွေလိုက်ရာ အကောင်းဆုံးအများသုံး သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ရှာတွေ့သွားသည်။


ဝမ်ကျင်း၏စိတ်ကို အရယူရာ၌ သူ၏အစီအစဉ်မှာ တိုးတက်မှုမရှိခဲ့ပေ၊၊ သူ၏တည်ရှိမှုအား သတိထားမိလာစေရန် ပစ်မှတ်ရှေ့တွင် မကြာခဏ ထွက်ပေါ်ပေးရန်လိုအပ်သည်။


သူက ထပ်သွားရန် အကြောင်းပြချက်တစ်ခုကို ကြိုတွေးထားပြီးဖြစ်သည်။ သူ၏ ကျောက်ကပ်အားနည်းခြင်းအတွက် ဆေးဝါးများ ကုန်လုနီးပြီဖြစ်သောကြောင့် နောက်ဆက်တွဲ ပြသရန် လိုအပ်သည်ဟူ၍ပင်။


သို့သော်လည်း သူ မမျှော်လင့်ထားစွာဖြင့် အရပ်ဘက်ရေးရာဌာနတွင် ဝမ်ကျင်းနှင့် တွေ့ဆုံလိုက်ရသည်။ ပို၍အံ့အားသင့်စရာကောင်းသည်မှာ ဝမ်ကျင်းကလည်း မင်္ဂလာဆောင်မှတ်ပုံတင်ခြင်းအတွက် တန်းစီနေခြင်းပင်။


ပိုင်မူနင်က မျက်မှောင်ကြုတ်လိုက်ပြီး လှမ်းကြည့်လိုက်လျက် ဝမ်ကျင်းက မည်သူနှင့် လက်ထပ်မှာလဲဟု တွေးလိုက်မိချေ၏။


အကွာအဝေးက လှမ်းနေပါသော်ငြား ဝမ်ကျင်းက ခပ်မိုက်မိုက်ဝတ်စားထားသည့် မိန်းကလေးတစ်ဦး၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည်။ သူ၏အမူအရာမှာ ခပ်ဆိုးဆိုးပုန်ကန်တတ်သည့်ကလေးကို ဆူပူနေသော မိဘတစ်ဦးကဲ့သို့ မှောင်မိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသည်။


ပိုင်မူနင်၏အကြည့်က ထိုမိန်းကလေးထံသို့ ရောက်ရှိသွားသည်။ သူမက သူ(ပိုင်မူနင်)နှင့် အသက်တူတူပင် ဖြစ်ပုံရပြီး အနွေးဓာတ်ရရန်ထက် ဖက်ရှင်ကို ဦးစားပေးသောပုံစံအား ဝတ်ဆင်ထားသည်။ စကတ်တို၊ ဒူးအထိရှည်သော ဘွတ်ဖိနပ်နှင့် သားရေဂျာကင်တို့ပင်။


ထို့အပြင် သူမ၏နှာခေါင်းနှင့် နှုတ်ခမ်းပေါ်ရှိ စိန်စက်လေးများက မျက်စိပသာဒဖြစ်စေသည်။


“စွန်းကျင်း မင်း တော်သင့်ပြီ ငါနဲ့အတူ ပြန်လိုက်ခဲ့...”  

ဝမ်ကျင်း၏အသံမှာ ခပ်နိမ့်နိမ့်ဖြစ်ကာ ပေါက်ကွဲလုနီးနီး ပြင်းထန်သည့်စိတ်ခံစားချက်တို့ကို ဖိနှိပ်ထားရသကဲ့သို့ပင်။


ပိုင်မူနင်က ဝမ်ကျင်းနှင့်ပတ်သက်၍ သူ၏ဆုံးဖြတ်ချက်မှာ အတော်လေးမှန်ကန်သည်ဟု ခံစားရသည်။ ဤလူက ပြုံးနေသောကျားတစ်ကောင်သာဖြစ်ပြီး အပေါ်ယံတွင် တည်ငြိမ်သော်လည်း ဒေါသထွက်သောအခါ ကြောက်စရာကောင်းသည်။


" ဘာအခွင့်အရေးနဲ့ ကျွန်မကိုလာထိန်းချုပ်နေတာလဲ ... ဒီနေ့ လက်ထပ်တော့ ဘာဖြစ်လဲ... ကျွန်မ ကောင်လေးနဲ့ လက်ထပ်မှာ... ကျွန်မ သူနဲ့ လမ်းခွဲမှာမဟုတ်ဘူး..."


သူမ၏မိသားစုက ဤချစ်သူကောင်လေးနှင့် အမြဲလိုလို သဘောမတူခဲ့ပေ။ အထူးသဖြင့် ဝမ်ကျင်းက သူမအား လမ်းခွဲဖို့ရာ ဖုန်းအဆက်မပြတ်ခေါ်လျက် ပြောခဲ့သည်။


"ကျွန်မနဲ့ ကျွန်မကောင်လေးက အချစ်စစ်နဲ့ ချစ်နေကြတာ"


ဝမ်ကျင်းက စွန်းကျင်းဘေးမှ ယောက်ျားလေးကို တစ်ချက်ကြည့်လိုက်သည်။ အန္တရာယ်ကို သိလိုက်သဖြင့် ထိုယောက်ျားလေးက ချက်ချင်းပင် တုန်ယင်နေသည့်အသံဖြင့် လက်ခါယမ်းလိုက်သည်။

“စွန်းကျင်း ငါ မင်းကို မလက်ထပ်တော့ဘူး... မင်း တခြားသူကို ရှာသင့်တယ်” 


ပြောပြီးသောအခါ သူက နောက်ထပ်တစ်စက္ကန့်မျှထပ်နေပါက ဝမ်ကျင်း သူ့ကို ရိုက်သတ်မည်ကို ကြောက်ရွံ့သလို ထွက်ပြေးသွားသည်။


ပိုင်မူနင်က ဘေးမှ ဖြစ်ပျက်နေသမျှကို ကြည့်ကာ တွေးလိုက်မိသည်။


ဒေါက်တာဝမ် ခင်ဗျားက အရမ်းကြမ်းတယ်နော် အိုး... တွေ့လား ခင်ဗျားက လူတွေကို ခြောက်ပစ်လိုက်တာပဲ...


ဒါပေမဲ့ စွန်းကျင်းနဲ့ ဝမ်ကျင်းတို့ရဲ့ ဆက်ဆံရေးက ဘာလဲ... သူက ဘာလို့ တခြားလူတွေရဲ့ အိမ်ထောင်ရေးကို ဝင်စွက်ဖက်နေတာလဲ...


ထိုအခါမှ ပိုင်မူနင်မှာ ဧည့်ကြိုအမျိုးသမီး ပြောခဲ့သည်ကို ရုတ်တရက် သတိရလိုက်သည်။


ဒေါက်တာဝမ်မှာ ညီအစ်ကိုမရှိပါဘူး... ချစ်စရာကောင်းတဲ့ ညီမလေးတစ်ယောက်ပဲရှိတယ်...


ဖြစ်နိုင်တာ သူက ဝမ်ကျင်းရဲ့ ညီမလေးများလား... ဒါပေမဲ့ သူတို့က မောင်နှမတွေဆိုရင် ဘာလို့ မျိုးရိုးနာမည်က မတူရတာလဲ...


ပိုင်မူနင်မှာ ဖြစ်နိုင်ခြေတစ်ခုတည်းကိုသာ တွေးမိသွားသည်။ တစ်ယောက်က မိခင်၏မျိုးရိုးနာမည်ယူပြီး ကျန်တစ်ယောက်က ဖခင်၏မျိုးရိုးနာမည်ယူခြင်းပင်။


ထိုနှစ်ဦး ဆက်လက်ငြင်းခုံနေစဉ်တွင် အနီးနားရှိ ဝန်ထမ်းတစ်ဦးကလည်း ကြားဝင်ဖြေရှင်းရန် ကြိုးစားလာသည်။

“မိန်းကလေး မင်းအစ်ကိုနဲ့အတူ အိမ်အရင်ပြန်လိုက်ပါ... ဒီနေ့တော့ မိန်းကလေးရဲ့ တောင်းဆိုချက်ကို ဆောင်ရွက်ပေးနိုင်မှာမဟုတ်ပါဘူး...”


စွန်းကျင်းမှာ ပို၍ပင် ဒေါသထွက်လာသည်။ ကမ္ဘာတစ်ခုလုံးက သူမကို ဆန့်ကျင်နေသလို ခံစားရသည်။ အထူးသဖြင့် လျင်မြန်စွာ ထွက်ပြေးသွားသည့် သူမ၏ ရုပ်ရည်ချောမောသော်လည်း အသုံးမကျသော ချစ်သူကိုပင်။

" ဘာလို့ မှတ်ပုံတင်လို့မရတာလဲ... ရှင်တို့က ကျွန်မအပေါ် မတရားဘူး... ကျွန်မ တိုင်ကြားချင်တယ်"


ဝန်ထမ်းက သူမ၏စာရွက်စာတမ်းများကို ပြန်ပေးလိုက်ပြီး ပြောလိုက်သည်။

“မင်း အသက်မပြည့်သေးဘူး ၂နှစ်လောက်ကြာမှ ပြန်လာခဲ့နော်” 


နိုင်ငံ့လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေများအရ အမျိုးသမီးများအနေဖြင့် အသက် ၂၀ ပြည့်မှသာ တရားဝင်လက်ထပ်နိုင်ကြသည်။ ထို့ကြောင့် ဝမ်ကျင်း၏ ညီမလေးမှာ အသက် ၁၈ နှစ်သာ ရှိသေးသည်။ သူမ အခုလို ဒေါသထွက်နေသည်မှာ အံ့ဩစရာမဟုတ်ပေ။


စွန်းကျင်းက သူမ၏ စာရွက်စာတမ်းများကို ပြန်ယူရန် ခေါင်းမာစွာပင်ငြင်းဆန်နေခဲ့သည်။ သို့သော်လည်း ဝမ်ကျင်းက သူမအစား ယူလိုက်ပြီး ဝန်ထမ်းကို ကျေးဇူးတင်စကားဆိုကာ သူ၏ စကားနားမထောင်သည့် ညီမငယ်လေးကို ရုံးခန်းထဲမှ ဆွဲခေါ်သွားခဲ့သည်။

"ပြဿနာရှာတာ ရပ်ပြီး ငါနဲ့အတူ အိမ်ပြန်လိုက်ခဲ့..."


စွန်းကျင်းကမူ ဆက်လက်ရုန်းကန်နေခဲ့သည်။ 

“မပြန်ချင်ဘူး...ကျွန်မကို လွှတ်ထားပေး...”


ယနေ့တွင် ဝမ်ကျင်းက မိသားစုကိစ္စများနှင့် အလုပ်များနေသောကြောင့် ပိုင်မူနင်အနေဖြင့် ထိုသူကို ယခုချဉ်းကပ်ရန် အကောင်းဆုံးမဟုတ်ကြောင်း သိသည်။ ယင်းအစား သူက စန်းဝမ်ခန်းမတွင် ဝမ်ကျင်းကို ချောင်းမြောင်းရန် ကြံစည်ကာဖြင့် အမြန်ထွက်ခွာသွားသည်။


သို့သော်လည်း သူ တံခါးအပြင်သို့ ထွက်ပြီး လှေကားပေါ်မှ ဆင်းရန် စတင်လိုက်သည်နှင့် နောက်မှ အနက်ရောင်အရိပ်တစ်ခု ရုတ်တရက်ပြေးထွက်လာကာ သူ့ကို တိုက်မိသွားသည်။


ရုတ်တရက် အတိုက်ခံရသဖြင့် ပိုင်မူနင်တစ်ယောက် ဟန်ချက်ပျက်ကာ ခြေချော်ပြီး လှေကားပေါ်မှ လိမ့်ကျသွားခဲ့သည်။ အေးစက်သော ကျောက်သားကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာလဲကျသွားရ၏။


ယင်းမှာ ယနေ့တွင် သူ နောက်ပြန်လဲကျသည့် ဒုတိယအကြိမ်ဖြစ်သည်။ သူ၏မြီးညှောင့်ရိုးက အစိတ်စိတ်အမွှာမွှာ ဖြစ်တော့မည်ဟု ခံစားရသည်။


သူ့ကိုတိုက်မိသူမှာ ဝမ်ကျင်း၏ ညီမငယ် စွန်းကျင်းမှတစ်ပါး အခြားသူမဟုတ်ပေ။ သူမက ကားတစ်စီးထဲသို့ ရုန်းကန်ဝင်ရောက်သွားရင်း သူ့ကို လှမ်းအော်လိုက်သည်။

 â€œá€†á€ąá€Źá€›á€Žá€¸á€”္ဏ် ... တမင်လုပ်တာ မဟုတ်ပါဘူး... ကျွန်မကောဆီက လျော်ကြေးပေးတောင်းလိုက်ပါ”


စွန်းကျင်းက ထွက်ပြေးသွားပြီး ပိုင်မူနင်က ဤသို့တွေးလိုက်မိချေသည်။

သောက်ကျိုးနည်း ဘာတွေဖြစ်သွားတာလဲ...


"အဆင်ပြေရဲ့လား"

ဝမ်ကျင်း၏လက်က သူ့ထံသို့ ရောက်ရှိလာသည်။ ပိုင်မူနင်တစ်ယောက် ခဏတာမျှ ကြောင်အသွားသည်။


သူ သူ့ကိုယ်သူ တွေးလိုက်မိသည်။

ဒီနေ့က သိပ်တော့ မဆိုးပါဘူး... အနည်းဆုံးတော့ ဝမ်ကျင်းက ငါ့ကို စပြီးစကားပြောတာပဲ...


ပိုင်မူနင်က ‘အဆင်ပြေပါတယ်’ ဟု ပြောမိလုနီးနီးဖြစ်သွားရပြီး အနည်းငယ်မျှပင် ဂုဏ်ဆာလိုသွားသည်။ 

တွေ့လား... ကျွန်တော်က အရမ်းသန်မာတာနော်...ဒီလိုလဲကျတာတောင် အေးဆေးပဲ ... 


သို့သော်လည်း “အဆင်ပြေပါတယ်” ဟူသော စကားလုံးများက သူ၏နှုတ်ခမ်းမှ မထွက်မီ သူက လျှာကို ကိုက်လိုက်သည့်အလား ရုတ်တရက် စကားကို ပြောင်းလဲလိုက်သည်။ 

“မ...မပြေဘူး... ကျွန်တော့် ဘယ်ခြေထောက် အဆစ်လွဲသွားပြီထင်တယ်...”


ဟန်ဆောင်မှုပီပြင်စေရန်အလို့ငှာ သူက သူ့ခြေထောက်ကိုပင် ပွတ်သပ်လိုက်ပြီး နာကျင်ဟန်ပြုလိုက်သေးသည်။


သူက အမှန်တွင် အဆင်ပြေသည်။ သို့တိုင် ၎င်းက ဝမ်ကျင်းနှင့် ပိုမိုနီးကပ်ရန်အတွက် ကြွေထည်ကိုရိုက်ခွဲထားခြင်းဖြစ်ကာ တစ်သက်တွင် တစ်ကြိမ်သာရနိုင်သော အခွင့်အရေးတစ်ခုဖြစ်သည်။ သူ့အနေဖြင့် ထိုသို့သောအခွင့်အရေးကို လက်လွှတ်မခံနိုင်လေရာ ခြေထောက်အဆစ်လွဲသွားသယောင် ဟန်ဆောင်ရမည်ဖြစ်သည်။


[T/N - ကြွေထည်ကိုရိုက်ခွဲခြင်း - တစ်စုံတစ်ဦးကြောင့် ထိခိုက်ဒဏ်ရာရဟန်ဆောင်ကာ လိမ်လည်၍ နစ်နာကြေးတောင်းခံခြင်း။]


သူက ထိခိုက်ဒဏ်ရာနှင့်ပတ်သက်၍ ဂရုတစိုက်စဉ်းစားရွေးချယ်ခဲ့ခြင်းပင်။ ခြေချင်းဝတ်အဆစ်လွဲခြင်းက လှုပ်ရှားရခက်ခဲခြင်းကို ဆိုလိုပြီး ၎င်းမှာ ကိုယ်ခန္ဓာချင်း ထိတွေ့ရမည်ဟု ဆိုလိုသည်။ ထို့အပြင် ယောက်ျားများက ကိုယ်ခန္ဓာချင်းနီးကပ်စွာ ထိတွေ့မှုကြောင့် အလွယ်တကူ စိတ်ပြောင်းလွယ်ကြသည်။


ဝမ်ကျင်း၏ ဆန့်တန်းထားသောလက်ကို ဖမ်းဆုပ်လိုက်ပြီး ပိုင်မူနင်က သူ၏အားကိုသုံးကာ ထရပ်လိုက်ပြီးနောက် သနားချင့်စဖွယ်ဟန်ဖြင့် ပြောလိုက်သည်။

“ဒေါက်တာဝမ်... ခင်ဗျား ကျွန်တော့်ကို တာဝန်ယူရမယ်နော်” 


-----


စာရေးသူ၏ မှတ်ချက် 


ပိုင်မူနင် ကျိန်ဆဲတာတွေကို စုထားပေမဲ့ မသုံးဖြစ်ခဲ့ဘူး “မင်းကိုယ်မင်း ကယ်လ်စီယမ်ကာဗွန်နိတ် (calcium carbonate) လို့ ထင်နေတာလား... ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် စိန်လို့ သဘောထားနေတာလား....တကယ်တော့ မင်းက အိုဇုန်း (ozone) ပဲ...မဟုတ်ဘူး... မင်းကို ဆာလဖာဒိုင်အောက်ဆိုက် (sulfur dioxide) လို့ပဲ ခေါ်ရမှာ အနံ့ကဆိုးပြီး အဆိပ်ကရှိသေး..."



💊💊💊