အခန်း
(၁၄၆) – ကျွန်တော့်ဇနီး
ချင်မင်ဟုန်၏
စိတ်ပျက်စရာ တောင်းဆိုချက်ကို ကျီကျောက်သည် ချက်ချင်း မတုံ့ပြန်ခဲ့ပေ။
“မစ္စတာချင်ကို
ညစာစားဖို့ ဖိတ်ရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ။ ဒါပေမယ့် ကျွန်မ ဒီကိစ္စကို ကျွန်မခင်ပွန်းနဲ့
ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ကျွန်မ ကျွန်မခင်ပွန်းနဲ့ လက်ထပ်ပြီးပြီဆိုတော့ သူ့ပြောစကားကို
နာခံတာက ပိုကောင်းပါလိမ့်မယ်” ကျီကျောက်က ရိုးရှင်းသော အပြုံးဖြင့် ပြန်ဖြေခဲ့သည်။
“မိန်းကလေးကျီတို့လင်မယားက
ဆက်ဆံရေး အရမ်းကောင်းပုံရတယ်” ချင်မင်ဟုန်သည် သူ့မျက်ဝန်းထဲမှ စိတ်ပျက်သွားသည့် အရိပ်အငွေ့ကို
ဖုံးကွယ်ရန် မျက်လွှာချလိုက်သည်၊ “မိန်းကလေးကျီကိုကြည့်ရတာ အသက်သိပ်မကြီးသေးပါဘူး။
ဘာဖြစ်လို့ စောစောစီးစီး လက်ထပ်ခဲ့တာလဲ။”
“အိမ်ထောင်ရေးက
အရေးကြီးကိစ္စပဲ။ ထုံးစံအတိုင်း မိဘတွေ စီစဉ်ပေးခဲ့တာပါ” ကျီကျောက်က ပြုံးပြီး စကားခေါင်းစဉ်ကို
ပြောင်းလဲလိုက်သည်၊ “သခင်လေးချင် ကျွန်မ ပြန်ရတော့မယ်။ ကျွန်မတို့ ဒီနေရာမှာပဲ နှုတ်ဆက်ရအောင်။”
“ကျွန်တော်လည်း
ပြန်တော့မှာဆိုတော့ ကျွန်တော်တို့ အတူတူသွားလို့ရမလား။”
“… ရပါတယ်။”
ဘာပဲဖြစ်ဖြစ်
သူက သူမကို အခုလေးတင် ကူညီထားခဲ့ပြီးပြီ။ သူမ သူ့ကို မျက်နှာသာမပေးလျှင် ထူးဆန်းရာကျပေလိမ့်မည်။
ကျီကျောက်သည်
စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။ နောက်တော့ သူမသည် မားအိမ်တော် အိမ်နောက်ဖေးကနေ ချင်မင်ဟုန်နှင့်အတူ
ထွက်လာခဲ့သည်။
ဆောင်းဦး၏
နွေးထွေးသော နေရောင်သည် ရွှေအိုရောင်ပျို့ကာ အမျိုးသားပေါ်သို့ ကျဆင်းနေကာ ခပ်ဖျော့ဖျော့
ရွှေအိုရောင်အလင်း လွှမ်းခြုံထားပြီး အင်မော်တယ်တစ်ပါးအသွင်ရှိသည်။
“ရှန်းယောင်”
ကျီကျောက်သည် ချိုမြိန်စွာ ပြုံးပြီး သဖန်းပင်အောက်မှာ ရပ်စောင့်နေတဲ့ ရှန်းယောင်ဆီသို့
အပြေးသွားခဲ့သည်။ ကျီကျောက်သည် သူမလက်ထဲမှာ ကိုင်ထားတဲ့ အဝတ်အိတ်ကို ရတနာတစ်ခုလို သူ့ကို
ပြသလိုက်သည်၊ “ကြည့်ပါဦး၊ ကျွန်မ ပင်လုံးကြိုင်ပန်းပွင့်တွေ အများကြီး ကောက်လာခဲ့တယ်။”
“မင်း
ပင်ပန်းနေပြီလား” ရှန်းယောင်က သူ့ခါးဆီမှ ရေအိတ်ကို ဆွဲဖြုတ်ပြီး သူမကို ပေးလိုက်သည်၊
“မင်း ဒီနေ့ အလုပ်များသွားရပြီ။ မင်း ရေဆာနေပြီလား။”
“အင်း”
ထိုကဲ့သို့
နွေးထွေးသော မြင်ကွင်းကို ကြည့်ရင်း ချင်မင်ဟုန်တစ်ယောက် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။
သူ့ရဲ့
စုံစမ်းစစ်ဆေးမှုအရ ကျီအာ့ထောင်ဟာ ရှန်းမိသားစုထံသို့ ရောင်းစားခံရတယ်ဆိုပေမယ့် သူမနှင့်
ရှန်းမိသားစု တတိယသားတို့က ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ရင်းရင်းနှီးနှီးရှိနေနိုင်တာလဲ။
ဒါက ယုတ္တိကင်းမဲ့လွန်းတယ်။
“ဒီရေက
အရမ်းချိုနေတာပဲ” ကျီကျောက်က ရေတစ်ကျိုက်မော့သောက်ပြီး သူမ၏ မျက်ဝန်းတွေကို စိတ်ကျေနပ်စွာ
မှေးမှိတ်လိုက်သည်။
“အင်း…
ကိုယ် ရေထဲကို လီလီနဲ့ သစ်တော်သီး ထည့်ပြုတ်ထားတာလေ၊ ဒါ့ကြောင့် ချိုနေတာ” ရှန်းယောင်က
တိုးတိုးလေး ရှင်းပြသည်။ ထို့နောက် သူက သူမလက်ကို ကိုင်လိုက်သည်။ “ကိုယ်တို့ အိမ်ပြန်ကြတော့မလား။”
“ခဏနေဦး”
ကျီကျောက်က သူ့လက်ဖဝါးကို ညင်သာစွာ ညှစ်လိုက်ပြီး တိုးတိုးလေး ရှင်းပြသည်၊ “အခုနလေးတင်
မားအိမ်တော်ရဲ့ အိမ်နောက်ဖေးမှာ ကိစ္စ တစ်ခုခု ဖြစ်သွားခဲ့တယ်။ သခင်လေးချင်က အဲ့ဒီအခြေအနေကို
ကူညီဖြေရှင်းပေးခဲ့တယ်။”
ကျီကျောက်က
လွန်ခဲ့တဲ့ ဆယ့်ငါးမိနစ်က အဖြစ်အပျက်ကို ရှန်းယောင်ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပြီး
နောက်ဆုံးမှာတော့ သူမက “ကျွန်မတို့ သခင်လေးချင်ကို ကျေးဇူးတင်တဲ့အနေနဲ့ ထမင်းဖိတ်ကျွေးလို့အဆင်ပြေမလား”
ဟု မေးလိုက်သည်။
“အဆင်ပြေတာပေါ့”
ရှန်းယောင်က ရက်ရက်ရောရော ပြုံးပြီး ချင်မင်ဟုန်ဆီ လမ်းလျှောက်သွားခဲ့သည်။ သူက “အခုနတုန်းက
ကျွန်တော့်ဇနီးကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးပါဗျာ” ဟု ကျေးဇူးတင်စကားဆိုခဲ့သည်။
‘ကျွန်တော့်ဇနီး’
ဟူသော စကားလုံးသည် ချင်မင်ဟုန်၏ နားထဲသို့ အနည်းငယ် ကြမ်းတမ်းသွားခဲ့သည်။
“သခင်လေးချင်
စိတ်မရှိဘူးဆိုရင် ကျွန်တော်တို့လင်မယားက ခင်ဗျားကို ထမင်းတစ်နပ်လောက် ဧည့်ခံချင်လို့ပါ”
ရှန်းယောင်က မျက်ခုံးပင့်ပြီး နူးညံ့စွာ ပြုံးပြလိုက်သည်၊ “တခြားနေ့ကို ရွေးမယ့်အစား
ဒီညဆိုရင်ရော ဘယ်လိုလဲ။ လမ်းဘေးအစားအစာကို သခင်လေးချင် စားနိုင်ပါ့မလား မသိဘူး။”
“အနောက်ဘက်လမ်းမှာ
ကြက်စွပ်ပြုတ်ဝမ်တန် ရတယ်။ အရမ်းအရသာရှိတယ်ဗျ” ရှန်းယောင်က ပြုံးလိုက်ပေမယ့် သူ့အပြုံးက
မျက်လုံးထိ မရောက်ပေ။ “ဒါပေမယ့် သခင်လေးချင်က ဒါကို စားနိုင်ပါ့မလား မသိဘူး။”
“ကျွန်တော်က
ဘာဖြစ်လို့ မစားနိုင်ရမှာလဲ” ချင်မင်ဟုန်က သူ့ဆိုလိုရင်းကို နားမလည်ချင်ဟန်ဆောင်ခဲ့သည်။
သူက ကျီကျောက်ကို ကြည့်ပြီး အသာခေါင်းညိတ်ပြသည်၊ “မိန်းကလေးကျီနဲ့ အတူ ညစာ စားခွင့်ရတာ
ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ။”
ကျီကျောက်သည်
သူတို့နှစ်ယောက်ပြောသည့်စကားများတွင် တစ်ခုခု ရှိနေသည်ဟု ခံစားမိသည်။
ဒါပေမယ့်
သူမဟာ အခုချိန်မှာ တကယ့်ကို ဗိုက်ဆာနေတာကြောင့် အဲဒါကို စဉ်းစားဖို့ စိတ်မဝင်စားဘူး။
သူတို့သုံးယောက်သား
အနောက်ဘက်လမ်းဆီသို့ အတူလျှောက်လာကြပြီး ကြက်စွပ်ပြုတ်ဝမ်တန် ပန်းကန်လုံးကြီး သုံးပန်ကန်ကို
မှာယူခဲ့သည်။
“အနံ့အရမ်းမွှေးတာပဲ”
ကျီကျောက်သည် စွဲဆောင်မှုရှိတဲ့ ရနံ့ကို ရှုရှိုက်ပြီး စိတ်အားထက်သန်စွာ ဇွန်းကို ကောက်ယူလိုက်သည်။
“ဂရုစိုက်ဦး၊
ဒါက ပူနေတယ်” ရှန်းယောင်က ခပ်မြန်မြန် သတိပေးလိုက်သည်။
“ကျွန်မ…
ကျွန်မ အဆင်ပြေတယ်…” ကျီကျောက်က သူမ၏ ပါးစပ်ကို လက်ဖြင့် ယပ်ခတ်ပြီး လေမှုတ်လိုက်သည်၊
“ဒါက အရမ်းပူတယ်…”
သူမ အရမ်းဗိုက်ဆာနေတော့
ပူပူနွေးနွေး ဝမ်တန်တွေကို သူမ ပါးစပ်ထဲ အတင်းသွပ်ထည့်လိုက်တာပင်။
“ရေယူမလား။”
“မင်းပါးစပ်ကို
သုတ်မလား။”
သူမ၏
ဘယ်ညာ တစ်ဖက်စီက လူနှစ်ယောက်မှ စကားပြောလာခဲ့ပြီး တစ်ချိန်တည်းမှာ သူမကို တစ်ယောက်
တစ်မျိုးစီ ကမ်းပေးလာခဲ့သည်။