အခန်း
(၁၃၉) - အတူတူ လက်တွဲပြီး အိပ်ကြရအောင်၊ ဟုတ်ပြီလား
ကျီကျောက်က
စိတ်လှုပ်ရှားစွာ နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမသည်
ရှန်းယောင်နှင့် ကုတင်ကို အတူဝေမျှဖို့ စိတ်မရှိပေ။
ဒါပေမယ့်
ဒီစကားတွေက သူမ ပါးစပ်ကနေ ထွက်သွားရင် သူမက အရမ်းကို ထိန်းမနိုင် သိမ်းမရ ဖြစ်နေပုံရမလား။
“မလိုပါဘူး”
စောင်ကိုခြုံထားတဲ့ ရှန်းယောင်က ခေါင်းကို မော့ပြီး သူ့ကို နူးညံ့သိမ်မွေ့စွာ ပြုံးကြည့်လိုက်သည်၊
“ဒါက အရမ်းကောင်းတယ်လို့ ကိုယ်ထင်တယ်။”
“ဒါဆိုရင်လည်း…
ကောင်းသောညပါ” ကျီကျောက်က ပြုံးပြီး တိုးတိုးလေး ပြောလိုက်သည်။
“အင်း…
ကောင်းသောညပါ၊ အိမ်မက်လှလှမက်ပါစေ။”
ကျီကျောက်သည်
စောင်ကို အမြန်ဆွဲခြုံပြီး စောင်ထဲ လျင်မြန်စွာ ဝင်သွားခဲ့သည်။
ဒါပေမယ့်
သူမ အရမ်းစိတ်လှုပ်ရှားနေတာကြောင့် စောင်အများစုဟာ ကုတင်အောက် ပြုတ်ကျသွားခဲ့သည်။
ရှန်းယောင်က
ကူကယ်ရာမဲ့စွာ ပြုံးပြီးသူမကို စောင်ကူကောက်ပေးသည်။ သို့ရာတွင် သူသည် စောင်ပတ်နေတဲ့
ခြေချောင်း တစ်ချောင်းကို မတော်တဆ ပွေ့ဖက်ထားလိုက်မိမယ်လို့ မမျှော်လင့်ထားခဲ့ပေ။
“ရှင်…”
ကျီကျောက်၏ မျက်ဝန်းတွေက စိတ်လှုပ်ရှားစွာ ပွင့်လာခဲ့ပြီး သူမ၏ တစ်ကိုယ်လုံး တောင့်တင်းလာခဲ့သည်။
“ကိုယ်…”
ရှန်းယောင်က မသိစိတ်က ရှင်းပြချင်ပြီး သူ့နားရွက်ထိပ်ဖျားလေးတွေ တဖြည်းဖြည်း နီရဲလာခဲ့သည်။
“မင်း
စောင်ကို ကောင်းကောင်း မခြုံထားဘူး။ ကိုယ် မင်းကို စောင်ပြန်ခြုံပေးမယ်” ရှန်းယောင်က
အသက်ပြင်းပြင်းရှုပြီး သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။
“အိုး…
ဒါဆို… ကျေးဇူးပါ” ကျီကျောက်က သူမ၏ ညာဖက်ခြေထောက်ကို ဂရုတစိုက် ဆွဲထုတ်လိုက်ပြီး နောက်ကျောခိုင်းလိုက်ကာ
သူမ၏ မျက်နှာကတော့ နီရဲနေခဲ့သည်။
“အာ့ထောင်
ဒီနေ့ စာအုပ်ဆိုင်မှာ ကိုယ်တို့နဲ့ တွေ့ခဲ့တဲ့လူက ဘယ်သူလဲ” ဤကဲ့သို့ ကိုးရိုးကားရားနိုင်သော
အခိုက်အတန့်တွင် ရှန်းယောင်က သူ့ရင်ထဲက မေးခွန်းကို ထုတ်မေးဖို့ ဆုံးဖြတ်လိုက်သည်။
“အဲ့တာက
ပါးဖန်းခယ့်လောင်းကစားအိမ်ရဲ့ ပိုင်ရှင် သခင်လေးလေ” ကျီကျောက်က မသိစိတ်ဖြင့် ရှင်းပြသည်။
“ပါးဖန်းခယ့်လောင်းကစားအိမ်လား”
ရှန်းယောင်သည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည်၊ “မင်း ဘယ်လိုလုပ်ပြီး
ပါးဖန်းခယ့်လောင်းကစားအိမ်ရဲ့ ပိုင်ရှင် သခင်လေးနဲ့ သိနေရတာလဲ။”
“သိပ်မကြာခင်က
ကျီဟွေ့ ရှန်းဟယ်ရွာကိုလာပြီး ပြဿနာရှာခဲ့သေးတယ်မလား။ အဲ့တာနဲ့ ကျွန်မလည်း ပါးဖန်းခယ့်ကိုသွားလိုက်တာ”
ကျီကျောက်သည် တခဏတာမျှ တွေးတောပြီးနောက် နာခံမှုရှိစွာ ရှင်းပြခဲ့သည်၊ “အဲ့တာနဲ့ အဲ့ဒီလောင်းကစားအိမ်မှာ
ကျွန်မ အဲဒီသခင်လေးနဲ့ တွေ့ခဲ့တာပဲ။ စာအုပ်ဆိုင်အပြင်မှာ သူနဲ့ တွေ့တာကတော့ တိုက်ဆိုင်မှုတစ်ခုပဲ။”
“ပါးဖန်းခယ့်လောင်းကစားအိမ်က
တင်းယွမ်ခရိုင်မှာ အကျော်ကြားဆုံး လောင်းကစားအိမ်ပဲ။ လောင်းကစားအိမ်ကို
လာတဲ့ လောင်းကစားသမားအများစုက အလွှာစုံပဲ” ရှန်းယောင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်၊
“နောင်အခါ မင်း လောင်းကစားအိမ်ကို သွားလည်ချင်တယ်ဆိုရင် ကိုယ်ပါ မင်းနဲ့အတူ လိုက်ခဲ့ပေးမယ်။”
“မလိုပါဘူး”
ကျီကျောက်က ပြုံးပြီး လက်ခါလိုက်သည်၊ “ကျွန်မ ကျီဟွေ့ရဲ့ ကိစ္စကို ဖြေရှင်းပြီးပြီ။
ကျွန်မ ပါးဖန်းခယ့်လောင်းကစားအိမ်ကို ထပ်သွားဖို့ မလိုတော့ဘူး။”
“အင်း”
ရှန်းယောင်က မျက်ခုံးပင့်သွားကာ သူ့မျက်ဝန်းထဲ အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
“ရှန်းယောင်”
ကျီကျောက်သည် ရုတ်တရက် လှည့်၍ သူ့ဘက်သို့ သူမလက်ကို ဆန့်ထုတ်လိုက်သည်၊ “ကျွန်မကို ရှင့်လက်ဖဝါး
ငှားပေးနိုင်မလား။”
ရှန်းယောင်သည်
ဒါကို နားမလည်နိုင်သော်လည်း သူ့ဘက်ဖက်လက်ကို သူမဘက်သို့ နာခံမှုရှိစွာ ဆန့်ထုတ်ပေးလိုက်ဆဲပင်။
ကျီကျောက်သည်
ချိုမြိန်စွာ ပြုံးပြီး သူမ၏ ညာဖက်လက်ကို သူ့ရဲ့ ကြီးမားကျယ်ပြန့်ပြီး နွေးထွေးတဲ့
လက်ဖဝါးပေါ် နေရာချထားလိုက်သည်။
“ရှန်းယောင်
ကျွန်မတို့ အတူလက်တွဲပြီး အိပ်ကြရအောင်နော်။”
“… ကောင်းပြီ”
ရှန်းယောင်က တိတ်တဆိတ် မျက်ခုံးပင့်လိုက်ပြီး ဝမ်းသာအားရ သဘောတူလိုက်သည်။
အချိန်မည်မျှကြာသွားမှန်းမသိလိုက်ဘဲ
ကျီကျောက်သည် နောက်ဆုံးတော့ အိမ်မက်ကမ္ဘာထဲ အခြေချသွားခဲ့သည်။
သူ့လက်ဖဝါးထဲက
နူးညံ့မှုက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ရှန်းယောင်သည် ဖြည်းညင်းစွာ
မတ်တပ်ထရပ်လိုက်ပြီး ကုတင် တစ်ဖက်ခြမ်းဆီသို့ လမ်းလျှောက်သွားခဲ့သည်။ သူသည် ကျီကျောက်၏
စောင်အနားတွေကို ဖိပေးလိုက်ပြီး နောက်ဆုံးမှာတော့ သူမရဲ့ အိပ်မောကျနေတဲ့ မျက်နှာလေးပေါ်
ငုံ့ကာ နဖူးလေးကို အနမ်းခြွေလိုက်သည်။
အာ့ထောင်၊
ဒီနေ့ ကိုယ် ဘယ်လောက်ပျော်နေသလဲဆိုတာ မင်း မသိဘူးလား။
လောကမှာ
အပျော်ရွှင်ရဆုံးအရာက ကိုယ်ချစ်နေတဲ့သူက ကိုယ့်ကို ပြန်ချစ်တာပါပဲ။
တစ်ညလုံး
ဘာမှ ထွေထွေထူးထူး မရှိဘဲ နောက်တစ်နေ့သို့ ကူးပြောင်းသွားခဲ့သည်။
ကျီကျောက်သည်
ကုတင်ပေါ်တွင် ထထိုင်ကာ ပျင်းရိပျင်းတွဲဖြင့် ခါးကျောဆန့်နေစဉ် ရှန်းယောင်က သူမအတွက်
မနက်စာကို ယူဆောင်ထားပြီးဖြစ်သည်၊ “ရွှေဖရုံဆန်ပြုတ်၊ ကြက်သွန်မြိတ်ကြက်ဥလိပ်နဲ့ ကြက်စွပ်ပြုတ်
ဝမ်တန်၊ မင်း ဘာစားချင်လဲ။”
“ကြက်စွပ်ပြုတ်
ဝမ်တန်” ကျီကျောက်သည် မဆိုင်းမတွ ဆုံးဖြတ်လိုက်သည်။
ရေမိုးချိုးသန့်စင်ပြီးနောက်
ကျီကျောက်သည် ပျော်ရွှင်သော စိတ်ခံစားချက်ဖြင့် ကြွယ်ဝပေါများသော နံနက်စာကို စားသုံးခဲ့သည်။
“ရှန်းယောင်
ရှင် ဘာဖြစ်လို့ မစားတာလဲ။”
“ကိုယ်
သိပ်အလျင်မလိုပါဘူး။ မင်း အရင်စားနှင့်။”
ရှန်းယောင်က
သူမကို မနက်စာ စားသောက်ဖို့ အကုန်ပြင်ဆင်ပေးသည့်အပြင် သူမ စားသောက်ပြီး ကျန်ရှိနေသည့်
မနက်စာတွေကို ဆက်စားနေတာကိုကြည့်ပြီး ကျီကျောက်တစ်ယောက် အရမ်းခံစားသွားခဲ့ရသည်၊ “ရှင်…”