အခန်း
(၁၃၆) – ဟုတ်တယ်
ဆယ့်ငါးမိနစ်ကြာပြီးနောက်
အကြီးဆုံးအစ်ကိုရှန်းသည် နောက်တော့ သူ့ရဲ့ စိတ်ဓာတ်ကျခြင်းတွေကို အန်ထုတ်လာခဲ့သည်။
“အစ်ကိုကြီး
ရေနွေးကြမ်းလေး သောက်ချင်လား” ရှန်းယောင်က သူ့အတွက် ရေနွေးကြမ်း တစ်ခွက် လောင်းထည့်ပေးခဲ့သည်။
“ကျေးဇူးပါ
စန်းလန်” အကြီးဆုံးအစ်ကိုရှန်းက ကျေးဇူးတင်စွာ ပြုံးပြလိုက်သည်၊ “ဒါနဲ့ မင်းနဲ့ အာ့ထောင်တို့
ခရိုင်မြို့ကို ဘာကိစ္စနဲ့ ရောက်လာကြတာလဲ။”
“လက်ထောက်ဆိုင်ရှင်ယို့က
အာ့ထောင်ကို ချက်ပြုတ်ပေးဖို့ အကူအညီတောင်းထားလို့ပါ” ရှန်းယောင်က အတိုချုပ် ရှင်းပြခဲ့ပြီး
နောက်ဆုံးမှာ သူက မေးမြန်းခဲ့သည်၊ “အစ်ကိုကြီး အစ်ကိုယို့ ပြောခဲ့တဲ့ သခင်မကြီးမားဆိုတာက
ခရိုင်တရားသူကြီးမားရဲ့ မိခင်လား။”
“ဟုတ်တယ်”
အကြီးဆုံးအစ်ကိုရှန်းက ခေါင်းညိတ်ပြီး “အဲဒီသခင်မကြီးမားက အနောက်မြောက်အရပ်ကနေ လာတာလေ။
ငါကြားတာတော့ တရားသူကြီးမား အသက် ဆယ့်နှစ်နှစ်အရွယ်မှာတင် သူ့အဖေက အဖျားရောဂါနဲ့ ဆုံးပါးသွားခဲ့တယ်။
သခင်မကြီးမားကပဲ တရားသူကြီးမားကို တောင်းရမ်းစားသောက်ရင်း ပြုစုပျိုးထောင်ခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့
တရားသူကြီးမားကလည်း အလုပ်ကြိုးစားသူတစ်ယောက်ဖြစ်ပြီး စာပေလေ့လာသင်ယူခဲ့ပြီး နောက်ဆုံးမှာ
အောင်မြင်သွားခဲ့တယ်။ နောက်တော့ သူက ငါတို့ရဲ့ တင်းယွမ်ခရိုင်ကို ခရိုင်တရားသူကြီးအဖြစ်
တာဝန်ပေးအပ်ခြင်းခံခဲ့ရတယ်။”
“ဒါဆို
ဒီခရိုင်တရားသူကြီးမားက ဘယ်လိုလူမျိုးလဲ။”
“ဒါက…”
အကြီးဆုံးအစ်ကိုရှန်းက မသိစိတ်က ဘေးနားပတ်လည်ကို ဝေ့ဝိုက်ကြည့်ပြီး သူ့အသံကိုလျှော့ကာ
ပြောလာခဲ့သည်၊ “နည်းနည်းပြောရခက်တယ်။”
ဒီခရိုင်တရားသူကြီးမားသည်
မှန်ကန်ဖြောင့်မတ်သော အရာရှိတစ်ဦးတော့ မဟုတ်ပေ။ တရားသူကြီးမားသည် တင်းယွမ်ခရိုင်တွင် အမှုထမ်းခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ထူးထူးခြားခြား
မည်သည့်အရာကိုမျှ မလုပ်ခဲ့ဖူးပေ။
“ဘာပဲဖြစ်ဖြစ်
ငါတို့လမ်းပေါ်ကဆိုင်တွေက ခရိုင်အစိုးရအပေါ် သိတတ်တဲ့အနေနဲ့ ပိုက်ဆံနည်းနည်းလောက်တော့
ပေးရတာပေါ့” အကြီးဆုံးအစ်ကိုရှန်းက သူ့ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်သည်၊ “လွန်ခဲ့တဲ့
နှစ်အနည်းငယ်က ငါတို့ဆိုင်ရဲ့ စီးပွားရေးက သိပ်မကောင်းသေးဘူး။ အခုရက်ပိုင်း အာ့ထောင်ရဲ့
ကျေးဇူးကြောင့် ချင်မိသားစုနဲ့ ပူးပေါင်းစာချုပ် ချုပ်ဆိုရဖို့ ရှိတယ်။ တကယ်လို့ ချင်မိသားစုနဲ့
စာချုပ် မချုပ်ဆိုနိုင်ခဲ့ဘူးဆိုရင် နှစ်ဝက်စာ တန်ဖိုးရှိ ငွေတွေကို ငါ တစ်ကြိမ်တည်း
ပေးဆောင်နိုင်မှာ မဟုတ်ဘူး၊ ဒီနှစ် ငါတို့ ပေးဆောင်ရတဲ့ အခွန်အခ မြင့်တက်လာမှာကိုလည်း
ငါစိုးရိမ်တယ်။”
အကြီးဆုံးအစ်ကိုရှန်းက
ကျေးဇူးတင်စွာဖြင့် ပြုံးကာ “စန်းလန် အာ့ထောင်ရဲ့ ကျေးဇူးကြောင့် ဒီအခက်အခဲကို ငါတို့ဆိုင်က
ကျော်လွှားနိုင်လိမ့်မယ်။ နောင်မှာ မင်း သူ့အပေါ် ပိုကောင်းရမယ်။ တစ်ချိန်လုံး မင်း
မျက်နှာတည်ကြီးနဲ့ မနေနဲ့၊ ဟုတ်ပြီလား။ အာ့ထောင်က လှပတယ်၊ ကြင်နာတတ်ပြီးတော့ အချက်အပြုတ်လက်ရာကောင်းတယ်။
တကယ်လို့ မင်း သူမကို ကောင်းကောင်းမွန်မွန် မဆက်ဆံဘူးဆိုရင် သူမက တစ်ယောက်ယောက်က အဝေးကို
မပြေးသွားလိမ့်မယ်။” ဟု ပြောလာခဲ့သည်။
“သူမကို
ဘယ်သူ့မှ မပြေးခွင့်မပေးနိုင်ဘူး” ရှန်းယောင်က ခပ်တည်တည်ပြုံးကာ ပြောလိုက်သည်။
သမီးယောင်းမနှစ်ယောက်သား
စကားစမြည်ပြောဆိုပြီးနောက် ကျီကျောက်သည် အကြီးဆုံးမရီး၏ နွေးထွေးသော ဖိတ်ကြားမှုအောက်တွင်
ယနေ့ည ညစာကို ဒီမှာ စားသောက်ဖို့ သဘောတူလိုက်သည်။
“အကြီးဆုံးမရီး၊
အစ်မ ညီမကို ပိုက်ဆံပေးစရာ မလိုဘူး” ကျီကျောက်က ခပ်တည်တည်အပြုံးဖြင့် ထပ်ခါတလဲလဲ ငြင်းဆိုခဲ့သည်။
“ဒါ့အပြင် ဒါက ချဉ်စပ်ခေါက်ဆွဲ နှစ်ပန်းကန်တည်းပါပဲ။ အစ်မ ဒီလောက် ယဉ်ကျေးနေစရာ မလိုဘူး။”
“မရပါဘူး။
နင် ဒီပိုက်ဆံ လက်ခံရမယ်။” အကြီးဆုံးမရီးရှန်း၏ အသံက ခိုင်မာသည်၊ “ငါ့ဟင်းချက်လက်ရာ
မကောင်းဘူးလို့ပြောရမှာတော့ ရှက်တယ်။ မဟုတ်ရင် ငါ နင်နဲ့ စန်းလန်တို့အတွက် ဟင်းပွဲကောင်းကောင်း
ချက်ကျွေးနိုင်လိမ့်မယ်။”
“အကြီးဆုံးမရီး
ညီမတို့က မိသားစုဝင်တွေပဲ။ အစ်မ ဘာဖြစ်လို့ ဒီလိုပြောနေရတာလဲ” ကျီကျောက်က ငွေ နှစ်လျန်းကို
တကယ် မလိုချင်ပေမယ့်လည်း လက်ခံထားဖို့သာ တတ်နိုင်ခဲ့သည်။ သို့သော် သူမသည် ဒီပိုက်ဆံ
ငွေ နှစ်လျန်းကို ဘယ်လို ပြန်ပေးတာက အကောင်းဆုံး နည်းလမ်းလဲ ဆိုတာကို တွေးတောနေခဲ့သည်။
၃ နာရီလောက်တွင်
ရှန်းယောင်သည် ကျီကျောက်နှင့်အတူ ရှန်းကျီးအစာသွပ်မုန့်ဆိုင်မှ ပြန်လာခဲ့ကြသည်။
“ညနေဈေးက
မှောင်ရီပျိုးခါစမှပဲ ဖွင့်လိမ့်မယ်။ ငါတို့ စားသောက်ဆိုင်ပဲ အရင်ပြန်နှင့်ကြမလား။
မဟုတ်ရင် ငါတို့ ဒီအနီးအနား လျှောက်ပတ်ကြည့်ကြမလား” ကျီကျောက်က သူမ ဘေးနားက လူကို မသိစိတ်က
လှမ်းကြည့်ပြီး ခပ်ပြုံးပြုံး မေးလိုက်သည်။
“မင်း
ကိုယ့်ကို စာအုပ်ဆိုင်ကိုလိုက်ပို့ဖို့ ဆန္ဒရှိနေတာလား” ရှန်းယောင်က ခဏလောက် စဉ်းစားပြီး
တိုးတိုးလေး မေးလိုက်သည်။
“ဟုတ်တယ်”
ကျီကျောက်က အလျင်အမြန် သဘောတူလိုက်သည်၊ “ဒါဆို ကျွန်မတို့ စာအုပ်ဆိုင်ကို သွားကြည့်ရအောင်။”
“အင်း”
ဝမ်လီစာအုပ်ဆိုင်သည်
စန်းခုန်တံတားနှင့်ကပ်လျက် ချင်းဟယ်လမ်း၏ အနောက်ဘက်တွင် တည်ရှိသည်။ သူ့တည်နေရာသည် အလွန်ထူးခြားပြီး
တိတ်ဆိတ်သော နေရာ တစ်ခု ဖြစ်သည်။
စာအုပ်ဆိုင်နာမည်ကို
ဖမ်းချန်ဝမ်လီရဲ့ အဓိပ္ပါယ်ကနေ ကောက်နှုတ်ထားတာဖြစ်၏။
“မိန်းကလေးကျီလား”
သူတို့နှစ်ယောက်သား စာအုပ်ဆိုင် အပြင်ဘက် ရောက်ရောက်ချင်းမှာပင် အနီရင့်ရောင် ပုံရိပ်တစ်ခု
ကျီကျောက်ရှေ့သို့ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်၊ “ဘယ်လိုတောင် တိုက်ဆိုင်လိုက်သလဲ။”