အခန်း
(၁၂၆) – မိန်းကလေး၊ မင်းက အရမ်းယုံကြည်မှုလွန်ကဲတာပဲ
ကျီရှစ်
ဦးဆောင်သော ရှီလျို့ရွာမှ လူတစ်စုသည် အင်အားကြီးမားစွာ ရောက်ရှိလာပြီး စိတ်ပျက်လက်ပျက်
ပြန်သွားကြသည်။
ရှန်းမိသားစုအိမ်ခြံဝင်း။
ကျီကျောက်က
ဆင်ခြေပေးပြီး ထွက်သွားခဲ့သည်။
“အာ့ထောင်
သူ့စိတ်ထဲ အရမ်းဝမ်းနည်းနေမှာကို ငါစိုးရိမ်တယ်” ကျောက်လန်ဟွာက စိတ်မကောင်းခြင်းကြီးစွာ
သက်ပြင်းချလိုက်သည်။ “ကျီမိသားစုမှာ အာ့ထောင်ရဲ့ ဘဝက သိပ်အဆင်မပြေဖူးဆိုတာ ကျွန်မ ကြားဖူးတယ်။
အမျိုးသမီးရှဲ့က အရမ်းသရုပ်ဆောင်ကောင်းလွန်းလို့ အာ့ထောင်ရဲ့ နာကျင်မှုတွေကို ဘယ်သူမှ
သတိမထားမိကြဘူး။”
“ဟုတ်တယ်”
ဒုတိယမရီးရှန်းက ဖရဲသီးစားရင်း ခေါင်းညိတ်ထောက်ခံသည်။ “အမေ ကျွန်မတို့ အာ့ထောင်ကို
ကောင်းကောင်း ဆက်ဆံပေးရမယ်။”
“ဟုတ်တယ်၊
ငါတို့ ဒီရက်ပိုင်း အာ့ထောင်အတွက် နောက်ထပ် အဝတ်အစား လှလှလေး ထပ်ချုပ်ပေးကြရအောင်။”
“ဒါက
အလုပ်ဖြစ်မယ်လို့ သမီးထင်တယ်။”
တစ်ဖက်မှာတော့
ကျိကျောက်သည် ခရိုင်မြို့သို့ တိုက်ရိုက်သွားခဲ့ပြီး ဟိုမေးဒီမေးနှင့် နောက်ဆုံးမှာတော့
ကျီဟွေ့ သွားတတ်တဲ့ လောင်းကစားဝိုင်းကို သိလိုက်ရသည်။
ပါးဖန်းခယ့်။
ကျီကျောက်သည်
ဆိုင်နာမည်ကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။
ဆယ့်ငါးမိနစ်အကြာတွင်
အမျိုးသား အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်ထားသည့် ကျီကျောက်သည် လောင်းကစားအိမ်ထဲသို့
ခိုးဝင်ခဲ့သည်။
ပါးဖန်းခယ့်သည်
တင်းယွမ်ခရိုင်ရှိ အကြီးဆုံး လောင်းကစားအိမ် ဖြစ်သောကြောင့် လောင်းကစားအိမ်သည် အလွန်အသက်ဝင်သည်။
ယနေ့ခေတ်တွင်
အများဆုံး ကစားလေ့ရှိသည့် လောင်းကစားနည်းများမှာ ပိုကာကစားနည်းနှင့် အန်စာလုံးလိမ့်နည်းတို့ဖြစ်သည်။
ကျီကျောက်သည်
ခဏလောက် စဉ်းစားပြီး သူမ၏ အိတ်ကပ်ထဲက ငွေ တစ်လျန်းကို ထုတ်ယူပြီး အဝတ်စပေါ်မှာ ရေးထားတဲ့
ဂဏန်းအသေးလေးပေါ် တင်လိုက်သည်။
တစ်လျန်း၊
နှစ်လျန်း၊ ဆယ်လျန်း၊ လျန်း ငါးဆယ်၊ လျန်း တစ်ရာ၊ လျန်း ငါးရာ…
ကျီကျောက်သည်
တစ်နေရာတည်းကို ခြောက်ကြိမ်တိုင်တိုင် လောင်းခဲ့ပြီး အသေးပွင့်ပေါ်မှာသာ လောင်းကြေးတင်ခဲ့သည်။
သူမသည်
အလွန်အမင်း ကံကောင်းနေပြီး သူမရှေ့တွင် ငွေဒင်္ဂါးပြားများ စုပုံလာခဲ့သည်။
လောင်းကစားဒိုင်သည်
ကျီကျောက်၏ ကံတရားက ဒီလောက်ကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့ပေမယ့် သူ
ဘာပဲလုပ်လုပ် အံစာတုံးတွေက နတ်ဆိုးတွေ သိမ်းပိုက်ခံနေပုံရပြီး ဂဏန်းအသေးလေးတွေပဲ ကျသွားတတ်သည်။
လူပိုများလာတာကိုမြင်တော့
ကျီကျောက်သည် ပိုလို့တောင် စိတ်ငြိမ်သက်သွားခဲ့သည်။
အဆုံးမှာတော့
သူမသည် ပိုက်ဆံအားလုံးကို ‘အသေး’ စာလုံးပေါ်တွင်သာ တင်ထားဆဲ ဖြစ်သည်။
“အုစ်…
ငါ့ဗိုက်က ရုတ်တရက် အရမ်းဗိုက်နာလာသလိုပဲ…” လောင်းကစားဒိုင်သည် ရုတ်တရက်ဆိုသလိုပင်
နာကျင်မှုကြောင့် ငိုကြွေးလုမတတ် ဖြစ်သွားခဲ့သည်။ ထို့နောက် သူသည် အံစာတုံးတွေကို ပစ်ချပြီး
လှည့်ပြေးသွားခဲ့သည်…
ကျီကျောက်သည်
သူမ၏ နှုတ်ခမ်းများကို တိတ်တဆိတ် ကွေးညွှတ်သွားခဲ့သည်။ ကျီကျောက်သည် လက်မြှောက်ပြီး
လောင်းကစားစားပွဲကို ခပ်ပြင်းပြင်း ပုတ်လိုက်သည်။ “ဘာဖြစ်တာလဲ။ ပါးဖန်းခယ့်လို လောင်းကစားအိမ်ကြီးက
ဒီလောက် အရှုံးလေးကိုတောင် မတတ်နိုင်ဘူးလား။”
ထိုသို့
သူမ ပြောလိုက်သည်နှင့် တပြိုင်နက် ဆူညံနေသော ဟောခန်းသည် တိတ်ဆိတ်သွားခဲ့သည်။
လေထုသည်
တဖြည်းဖြည်း အဆင်မပြေဖြစ်လာခဲ့သည်။
နေရာသို့
မျက်နှာထားတင်းမာသော အစောင့်များစွာ စုရုံးရောက်ရှိလာခဲ့သည်။
ဒီသတင်းကိုကြားပြီးနောက်
လောင်းကစားအိမ်တာဝန်ခံသည် ကျီကျောက်ထံ အပြုံးဖြင့် လျှောက်လာခဲ့သည်၊ “ဆရာ ကျွန်တော့်တို့သူဌေးက
ခင်ဗျားနဲ့ တွေ့ချင်နေတယ်။”
ကျီကျောက်သည်
သူမ၏ ပန်းတိုင်ကို ရောက်ရှိသွားတော့ ပြုံးလိုက်မိသည်။ ကျီကျောက်သည် သူမ လက်ကို မြှောက်ပြီး
ပိုက်ဆံအားလုံးကို သူမ၏ အင်္ကျီလက်ထဲ ထည့်လိုက်သည်။ ထို့နောက် သူမသည် တာဝန်ခံနောက်ကနေ
လောင်းကစားအိမ်၏ ဒုတိယထပ်သို့ လိုက်ပါသွားခဲ့သည်။
လောင်းကစားအိမ်၏
ဒုတိယထပ်ရှိ ပရိဘောဂများသည် ပထမထပ်ရှိ လောင်းကစားအိမ်နှင့် မတူညီသော ကမ္ဘာတစ်ခုကဲ့သို့ပင်။
ဝါးစင်္ကြံကိုဖြတ်သွားပြီးနောက် အဆုံးတွင် လောင်းကစားအိမ်ရှိ အကြီးဆုံး သီးသန့်ခန်းဆီသို့
ရောက်ရှိသွားခဲ့သည်။
ကျီကျောက်သည်
ပေါ့ပေါ့ပါးပါး လျှောက်ဝင်သွားခဲ့ပြီး သူမ ပထဆုံး မြင်တွေ့ခဲ့ရသည့်အရာမှာ အနီရင့်ရောင်
ပုံရိပ်တစ်ခု ဖြစ်လေ၏။
အနီရင့်ရောင်
ဝတ်ဆင်ထားသော အမျိုးသားသည် ဓားသွားပုံသဏ္ဍာန် မျက်ခုံးနှင့် တောက်ပသော မျက်ဝန်းတစ်စုံ
ရှိလေ၏။ ထိုအမျိုးသားသည် သူ့ဆံပင်များကို ကျောက်စိမ်းသရဖူဖြင့် ချည်နှောင်ထားကာ သူ့အင်္ကျီလက်ကို
လက်တစ်ဖက်ဖြင့် အသာကိုင်ထားပြီး လက်ဖက်ရည် လောင်းထည့်နေသည်။
“မိန်းကလေး
မင်းကိုကြည့်ရတာ သိပ်မရင်းနှီးဘူး။ မင်းက လောင်းကစားအိမ်ကို လာနေကြ မဟုတ်ဘူးမလား” ချင်မင်ဟုန်က
သူ့မျက်လုံးတွေကို ဖြည်းညင်းစွာ မော့ကြည့်လိုက်တော့ သူ့မျက်လုံးထဲမှာ
အံ့အားသင့်မှုတစ်ခု လျင်မြန်စွာ ဖြတ်ပြေးသွားခဲ့သည်။
တင်းယွမ်ခရိုင်မှာ
ဒီလို ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အလှလေး တစ်ဦးကို ဝှက်ထားလိမ့်မယ်လို့ ဘယ်တုန်းကမှ
မထင်ခဲ့မိဘူး။
“ဒီနေ့က
ကျွန်မ ပထမဆုံး အလည်ရောက်ဖူးတာပါ” ကျီကျောက်က ပွင့်ပွင့်လင်းလင်း ပြုံးလိုက်သည်။
“မိန်းကလေးရဲ့
ကံက အရမ်းကောာင်းတာပဲ” ချင်မင်ဟုန်က မှတ်ချက်ပြုသည်။
“နည်းနည်းလေးပါ။”
ကျီကျောက်သည်
ခပ်တည်တည် လက်ပိုက်ထားပြီး သူနှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်နေသည်။ သူမက မျက်ခုံးပင့်ပြီး
ပြောလိုက်သည်၊ “ကျွန်မက အမျိုးသားတစ်ယောက်လို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးမှန်း ရှင်
သိနေပြီဆိုတော့ ကျွန်မ ကွေ့ပတ်ပြောမနေတော့ပါဘူး။ ကျွန်မ ဒီနေ့ ဒီကိုလာတာ ပြဿနာရှာဖို့
မဟုတ်ဘူး။”
“ကျွန်မ
ရှင်တို့လောင်းကစားအိမ်က မျက်နှာသာ တစ်ခုလောက် ပေးနိုင်မလားလို့ သိချင်ပါတယ်။”
“မိန်းကလေး
ကျွန်တော်တို့လောင်းကစားအိမ်က မင်းရဲ့ တောင်းဆိုချက်ကို သဘောတူလိမ့်မယ်လို့ မင်းက အရမ်းသေချာနေပါ့လား”
ချင်မင်ဟုန်သည် သူ့ရဲ့ စိတ်ဝင်စားမှုကို နှိုးဆော်လိုက်သလို ခံစားလိုက်ရသဖြင့် ရုတ်တရက်
မေးလိုက်သည်၊ “မိန်းကလေး မင်းက ယုံကြည်မှု အရမ်းလွန်ကဲနေပါလား။”