အခန်း
(၁၂၃) – ရှင် ဘာအဓိပ္ပါယ်မရှိတဲ့စကားတွေကို ပြောနေတာလဲ
ကျီကျောက်
လုံးဝ ဒေါသထွက်သွားသည်။
သူမ လုံးဝ
ဒေါသကြီးသွားခဲ့သည်။
လူတိုင်းက
သူမကို အနိုင်ကျင့်လွယ်သူလို့ထင်ပြီး တစ်ခုခုဆိုတာနဲ့ သူမကို သဲအိတ်လေးကို ဆက်ဆံချင်နေကြတာပဲ။
ကျီကျောက်၏
လျှပ်တပြတ် ခြေကန်ချက်သည် ဖက်တီးမ၏ နောက်ကျောပေါ် ချက်ချင်းဆိုသလို ကျရောက်သွားခဲ့သည်။
ဒီအခွင့်အရေးကို
အသုံးချပြီး ကျီကျောက်သည် သူမ၏ လက်မောင်းတွေကို ဆွဲယူပြီး လိမ်ချိုးလိုက်သည်။
ဒီအချိန်မှာ
ဖက်တီးမက ဝက်တစ်ကောင်လို အော်ဟစ်လာခဲ့သည်၊ “ကျီအာ့ထောင် မိန်းမပျက် နင် ငါ့ကို ဒီလို
ဆက်ဆံရဲတယ်ပေါ့လေ။”
“တကယ်လို့
ကျားတစ်ကောင်က အစွမ်းမပြဘူးဆိုရင် ငါက ဖျားနာနေတဲ့ ကြောင်တစ်ကောင်လို့ နင်ထင်နေမှာပေါ့”
ဒေါသတွေပြည့်နေတဲ့ ကျီကျောက်က အလျင်အမြန် ပြောလိုက်သည်၊ “အမေ၊ ဒုတိယမရီး လျှော်ကြိုး
မြန်မြန်လေး သွားယူပေးပါဦး။ ဒီအရူးမကို အရာရှိတွေဆီ သတင်းမပို့ခင် တင်းတင်းလေး အရင်ချည်ထားရမယ်။”
ဆယ့်ငါးမိနစ်လောက်ကြာတော့
ကျီကျောက်က ရူးသွပ်နေတဲ့ အမျိုးသမီးကို တင်းတင်းကြပ်ကြပ် ချည်နှောင်ခဲ့ပြီးပြီ ဖြစ်သည်။
ထိုအချိန်
ရှန်းဟယ်ကျေးရွာ အဝင်ဝတွင် ဖြစ်သည်။
သစ်ပင်အောက်မှာ
မတ်တပ်ရပ်စောင့်နေတဲ့ အမျိုးသမီးရှဲ့သည် စိုးရိမ်တကြီး ဟိုကြည့်ဒီကြည့် လုပ်နေခဲ့သည်။
နောက်ဆုံးတော့ သူမ၏ ခြေထောက်ကို နေရာရွေ့ပြီး ရှန်းမိသားစု အိမ်ခြံဝင်းဆီသို့ သွားကြည့်ဖို့
စိတ်ဆုံးဖြတ်လိုက်သည်။
ရှန်းမိသားစု
အိမ်ခြံဝင်းတံခါးကို ဖွင့်ထားသော်လည်း ခြံဝင်းထဲတွင် မည်သူမျှ မရှိပေ။
အမျိုးသမီးရှဲ့သည်
တံခါးဘောင်ကို စိတ်လှုပ်ရှားစွာ ကိုင်ပြီး သူမ၏ ကျဉ်းမြောင်းသော ငါးမျက်လုံးအစုံသည်
ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်နေခဲ့သည်။
“ရှင်
ဘာကြည့်နေတာလဲ။”
သူမ၏
နောက်ကျောကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည် အသံကြောင့် အမျိုးသမီးရှဲ့ ထိတ်လန့်သွားခဲ့သည်။
သူမသည်
ချက်ချင်းဆိုသလို တံခါးဘောင်ပေါ်သို့ လဲကျသွားပြီး သူမ၏ ရှေ့သွားနှင့် တိုက်မိသွားခဲ့သည်…
“အာ့…
အာ့ထောင်” အမျိုးသမီးရှဲ့က နာကျင်စွာ ပါးစပ်ကို လက်အုပ်ပြီး မျက်ရည်ကျလုမတတ် ဖြစ်သွားခဲ့သည်၊
“နင်…”
“ရှင်
ဘာဖြစ်လို့ ဒီလောက် မနက်အစောကြီး ကျွန်မအိမ်ရှေ့ ဟိုဟိုဒီဒီ ချောင်းမြောင်းကြည့်ရှုနေတာလဲ။”
“အာ့ထောင်၊
နင်… နင် ဒီနေ့ နင့်ဝမ်းကွဲယောင်းမကို မမြင်မိဘူးလား” အမျိုးသမီးရှဲ့က အပြစ်ရှိသလို
လည်ပင်းကုတ်ပြီး တိုးတိုးလေး မေးလိုက်သည်။
“ဝမ်းကွဲယောင်းမလား။”
ထိုအချိန်မှပင်
ကျီကျောက်သည် ထိုအရူးမက ဘယ်သူလဲဆိုတာကို သတိရသွားခဲ့သည်။
အဲဒီဖက်တီးမ၏
မျိုးရိုးနာမည်က ကျန်းဖြစ်ပြီး သူမ၏ အရှက်မရှိသောဝမ်းကွဲ ကျီဟွေ့၏ ဇနီး ဖြစ်သည်။
“ဒါက
ဒီလိုရှိတယ်။ မနေ့တုန်းက နင့်ဝမ်းကွဲက နင့်ဆီသွားပြီး ပိုက်ဆံချေးမယ်ပြောပြီး မနေ့ညက
အိမ်ပြန်မလာလို့လေ။ နင့်ဝမ်းကွဲယောင်းမက နင်… နင့်ဝမ်းကွဲနဲ့ အတူပေါင်းသင်းနေတယ်ထင်ပြီး၊
ဒါကြောင့် သူမ… သူမက…”
“ကျွန်မ
အခုမှ သတိရတယ်။ ဒီမနက် ကျွန်မတို့အိမ်ကို မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ယောက် ရောက်လာခဲ့တယ်လေ။
သူမက ကျွန်မရဲ့ ယောက္ခမနဲ့ ဒုတိယမရီးတို့ကို ရောက်ရောက်ချင်း တွန်းထိုးရိုက်နှက်ခဲ့တဲ့အတွက်
ကျွန်မ ယောက္ခထီးက သူမကို ခရိုင်တရားရုံးဆီ တိုက်ရိုက်ဆွဲခေါ်သွားတယ်” ကျီကျောက်က ပေါ့ပေါ့ပါးပါး
ပြုံးပြလိုက်သည်။ “ရှင့်မှာ တခြားကိစ္စ ရှိသေးလား။”
“ခရိုင်တရားရုံးလား။
နင် ခရိုင်တရားရုံးဆီ ဘာဖြစ်လို့ သွားရတာလဲ” အမျိုးသမီးရှဲ့က စိတ်လှုပ်ရှားစွာ တံတွေးမျိုချပြီး
စိုးရိမ်တကြီး ဖျောင်းဖျပြောဆိုခဲ့သည်၊ “အာ့ထောင် ငါတို့တွေက ဆွေမျိုးတွေပဲလေ။ ဒီလိုကိစ္စလေးနဲ့
ခရိုင်တရားရုံးကို သွားမယ်ဆိုရင် နင်မျက်နှာပျက်မှာကို မစိုးရိမ်ဘူးလား။ မြန်မြန်လေး
နင့်ယောက္ခထီးကိုလေ နင့်ဝမ်းကွဲယောင်းမကို ပြန်ခေါ်လာပေးဖို့ နည်းလမ်းလေး စဉ်းစားပေးပါဦး၊
ဟုတ်ပြီလား။”
“ရှင်က
အမျိုးသမီးကျန်းနဲ့အတူလာခဲ့တာလား” ကျီကျောက်က ရုတ်တရက် သူမ၏ မျက်လုံးထဲ စိုက်ကြည့်ပြီး
အကြည့်စူးစူးဖြင့် မေးခွန်းထုတ်လိုက်သည်။
“ငါ၊
ငါ၊ ငါ…”
“ဒါမှမဟုတ်
ရှင်က အမျိုးသမီးကျန်းကို ပြဿနာရှာဖို့ လှုံ့ဆော်ပေးခဲ့တာလား” ကျီကျောက်က သူမ၏ မျက်ဝန်းတွေက
အန္တရာယ်ကြီးစွာ မှေးကျဉ်းလိုက်ပြီး လှောင်ရယ်ရယ်လိုက်သည်၊ “ကြည့်ရတာ ရှင်က အရင်တစ်ခေါက်တုန်းက
ပေးခဲ့တဲ့ သင်ခန်းစွာကို မမှတ်သေးဘူး ထင်ပါရဲ့။
ရှင်က ခရိုင်တရားရုံးရဲ့ ကြိမ်ဒဏ် အရသာကို မမြည်းစမ်းရမချင်း လက်လျှော့ဖို့
ဆန္ဒမရှိဘူးပေါ့လေ။”
“အာ့ထောင်၊
ငါ… ငါ့မှာ တကယ်ပဲ ရွေးစရာမရှိလို့ပါ…” အမျိုးသမီးရှဲ့က ကျီကျောက်ရှေ့မှာ ဒူးထောက်ပြီး
သူမ၏ စကတ်စကို ဆွဲထားကာ ငိုကြွေးခဲ့သည်။ “အာ့ထောင် နင့်စိတ်ထဲမှာ ငါ့ကို အရမ်းမုန်းတီးနေမယ်ဆိုတာ
ငါသိပါတယ်၊ ဒါပေမယ့် ငါ့မှာ တကယ်ပဲ ရွေးစရာ မရှိခဲ့လို့ပါ။ ပြောရရင် ငါ ရှန်းမိသားစုဆီကနေ
ငွေနှစ်လျန်းကို လက်ခံခဲ့တာက ငါ နင့်အဘိုးကို ကောင်းကောင်းပြုစုပေးချင်လို့ပါ။ ငါ နင်နဲ့
နင့်ဝမ်းကွဲတို့က စေ့စပ်ထားပြီးပြီဆိုတာကို ငါ မေ့သွားခဲ့တယ်။”
“ရှင်
ဘာအဓိပ္ပါယ်မရှိတဲ့စကားတွေကို ပြောနေတာလဲ” ကျီကျောက်တစ်ယောက် နှလုံးအခုန်မြန်သွားခဲ့သည်။
“ဝူးဝူး…
အာ့ထောင်၊ အဖွားမှာ ရွေးစရာမရှိလို့ပါ…”
ကျီကျောက်တစ်ယောက်
စိတ်ရှုပ်ထွေးနေချိန်မှာပဲ ရှန်းဟယ်ကျေးရွာ၏ ရွာလူကြီး ရှန်းမုန့်ဟူသည် လူအုပ်ကြီးနှင့်အတူ
ရှန်းမိသားစု အိမ်ခြံဝင်း တံခါးဝသို့ ရောက်လာခဲ့သည်။