Ch 96
Viewers 12k

အခန်း (၉၆) – ငါးရှဉ့်ခေါက်ဆွဲ

 

“အာ့ထောင် ဘာဖြစ်လို့လဲ” အစားအစာရှာဖို့ မီးဖိုချောင်ထဲ ဝင်လာတဲ့ ဒုတိယမရီးရှန်းက ကျီကျောက်တစ်ယောက် မြေကြီးကို ကြောင်တောင်တောင် ထိုင်ပြီး ကြည့်နေတာကို မြင်တော့ စိုးရိမ်တကြီး မေးမြန်းခဲ့သည်၊ “နင် အဆင်ပြေရဲ့လား။ နင့်မျက်နှာက ဘာဖြစ်လို့ အရမ်းရဲနေရတာလဲ။”

 

“ဟင့်အင်း၊ ညီမ အဆင်ပြေပါတယ်။ ကျွန်မ နည်းနည်းပူနေလို့ပါ” ကျီကျောက်က ထပ်ခါတလဲလဲ ခေါင်းခါလိုက်သည်။

 

“အာ့ထောင် နင်နဲ့ တတိယမတ်လေးတို့ ငါးရှဉ့်ဖမ်းလာတယ်လို့ ငါကြားလိုက်တယ်။ နင် ဒီငါးရှဉ့်ကို ဘယ်လို စီစဉ်မလဲလို့ ငါတွေးနေတာ” ဒုတိယမရီးရှန်းက မျှော်လင့်စောင့်စားစွာ မေးလိုက်သည်၊ “ငါ ငယ်ငယ်တုန်းက ငါ့အဖေနဲ့ ပွဲတော် တစ်ခုကို အတူသွားခဲ့တယ်၊ အဲ့မှာ ငါးရှဉ့်ဟင်း စားဖူးခဲ့တယ်။ အဲဒီအရသာက အရမ်းကောင်းတာပဲ။”

 

ငယ်ငယ်က သူမ စားခဲ့ဖူးတဲ့ အရသာကို ပြန်တွေးရင်း ဒုတိယမရီးရှန်းတစ်ယောက် တံတွေး မမျိုချဘဲ မနေနိုင်ပေ။

 

“ဒီငါးရှဉ့်တွေက အရမ်းကြီးတယ်။ ညီမ မတူညီတဲ့ ဟင်းပွဲနှစ်မျိုး လုပ်ဖို့ ပြင်ထားတယ်” ကျီကျောက်က ပြုံးပြီး တိုးတိုးလေး ရှင်းပြသည်၊ “ငါးရှဉ့်ကြော်နဲ့ ငါးရှဉ့်ခေါက်ဆွဲ နှစ်ခုစလုံးက အရမ်းအရသာရှိတယ်။ ဒုတိယမရီး ကျေးဇူးပြုပြီး ခဏလေးပဲ စောင့်။”

 

ဆယ့်ငါးမိနစ်ကြာပြီးနောက် ကျောက်လန်ဟွာကို မီးဖိုချောင်ထဲ ဖိတ်ခေါ်ခဲ့သည်။

 

“အာ့ထောင်”

 

“အမေ သမီး ငါးရှဉ့်ခေါက်ဆွဲချက်ချင်လို့” ကျီကျောက်က ပြုံးသည်၊ “ဒါပေမယ့် သမီး အဲဒီငါးရှဉ့်ခေါက်ဆွဲချက်ဖို့ အမေ့ကို အကူအညီ တောင်းချင်လို့ပါ။”

 

“နင် ငါ့ကို ဘာလုပ်စေချင်လဲဆိုတာကိုသာ ပြောလိုက်” ကျောက်လန်ဟွာက သူမ၏ အင်္ကျီလက်ကို ခေါက်တင်ပြီး ပျော်ရွှင်စွာ မေးလိုက်သည်။

 

“ခေါက်ဆွဲ လုပ်ပေးပါ” ကျီကျောက်က အပြုံးနဲ့ ပြောသည်၊ “ငါးရှဉ့်ခေါက်ဆွဲ ပြုလုပ်တဲ့ နေရာမှာ အရေးအကြီးဆုံးက ငါးရှဉ့်အတုံး အရွယ်အစားနဲ့ ခေါက်ဆွဲပါပဲ။”

 

“ဒါက အသေးအဖွဲပဲ။ နင့်အမေရဲ့ အစွမ်းသတ္တိက ခေါက်ဆွဲပြုလုပ်တာပဲ။”

 

ကျီကျောက်သည် သစ်သားစည်အတွင်း ထည့်ထားသည့် ငါးရှဉ့်ကို ယူကာ ဓားနောက်ကျောဖြင့် ထုနှက်လိုက်ပြီးနောက် တစ်ဝက် ပိုင်းလိုက်သည်။

 

ငါးရှဉ့်ကြော် ပြုလုပ်ရန် တစ်ဝက်ကို အသုံးပြုပြီး ကျန်တစ်ဝက်ကို ငါးရှဉ့်ခေါက်ဆွဲ ပြုလုပ်ရန် အသုံးပြုမည်။

 

ငါးရှဉ့်အရေခွံဟာ ချောမွတ်ပြီး စေးကပ်သည်။ ငါးရှဉ့်အရေခွံကို နွှာရန် ကျွမ်းကျင်မှုအချို့ လိုအပ်ပါသည်။

 

ကျီကျောက်၏ နည်းလမ်းမှာ ရိုးရှင်းပါသည်။ ငါးရှဉ့်ကို ပွက်ပွက်ဆူနေသော အိုးထဲ ပစ်ထည့်ပြီး ငါးစက္ကန့်လောက် ထားကာ ချက်ချင်း ပြန်ဆယ်ထုတ်ပြီး ရေအေးလောင်းကာ ဝမ်းဗိုက်တစ်လျှောက် တိုက်ရိုက်လှီးဖြတ်လိုက်သည်။ ထို့နောက် ကလီစာတွေ ဖယ်ပြီး အရိုးကိုပါ ဖယ်ထုတ်ပစ်သည်။

 

နောက်တော့ သူမသည် ငါးရှဉ့်ကို အပိုင်းပိုင်း ခုတ်ထစ်လိုက်သည်။ ကျီကျောက်ရဲ့ ဓားကိုင်စွမ်းရည်မှာ အထူးကျွမ်းကျင်တာကြောင့် သူမ ခုတ်ထစ်လိုက်တဲ့ ငါးရှဉ့်အသားတုံးလေးတွေဟာ အထူးလှပပါသည်။

 

“အာ့ထောင် ဒီဘက်တော့ အဆင်သင့်ဖြစ်နေပြီ” နာရီဝက်အကြာတွင် ကျောက်လန်ဟွာက ခေါင်းမော့ပြီး ပြောလိုက်သည်။

 

“ကျေးဇူးပါ အမေ” ကျီကျောက်က ချိုမြိန်စွာ ပြုံးပြီး ငါးရှဉ့်ခေါက်ဆွဲကို စချက်သည်။

 

နုတ်နုတ်စင်းထားသည့် ဂျင်း၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို ဒယ်အိုးထဲ ပစ်ထည့်ကာ မီးအေးအေးနဲ့ ကြော်လိုက်သည်။ ထို့နောက် သူမသည် သန့်စင်ထားသော ငါးရှဉ့်များကို ပါးပါးလှီးထည့်ကာ မွှေးကြိုင်လာသည်အထိ မွှေကြော်လိုက်သည်။ သူမသည် ငရုတ်သီးစိမ်းပါးပါး၊ နှမ်းဆီ အသင့်အတင့်နှင့် လျှို့ဝှက်ငရုတ်ဆော့စ် ဇွန်းကြီး တစ်ဇွန်းကိုပါ ပေါင်းထည့်လိုက်သည်။

 

ပြီးရင် ရေ ပန်းကန်လုံး တစ်ဝက်လောက် ထည့်ပြီး ငါးရှဉ့်ရဲ့ မွှေးရနံ့တွေ ထွက်ပေါ်လာသည်အထိ မီးအေးအေးနဲ့ တည်ထားလိုက်သည်။

 

မီးအပူရှိန်ကြောင့် ဟင်းရည်တွေ ပြစ်နှစ်လာတဲ့အခါ နှမ်းဆီ ဇွန်းတစ်ဝက်နှင့် သကြား တစ်ဇွန်း ထည့်လိုက်သည်။

 

ဒီလိုဆို ငါးရှဉ့်ဟင်းရည်က အဆင်သင့်ဖြစ်ပါပြီ။

 

ကျီကျောက်သည် အရသာရှိတဲ့ ငါးရှဉ့်ဟင်းရည်ကို ခပ်ပြီး ပန်းကန်ထဲမှာ အသင့်ပြင်ထားတဲ့ ခေါက်ဆွဲပေါ် လောင်းချလိုက်သည်။ ထို့နောက် ခေါက်ဆွဲအပေါ်တွင် ကြက်သွန်မြိတ်နဲ့ ကြက်ဥပြုတ် တစ်ခြမ်းကို တင်လိုက်ကာ အရသာရှိတဲ့ ငါးရှဉ့်ခေါက်ဆွဲ တစ်ပွဲ အသင့်ဖြစ်သွားခဲ့ပါပြီ။

 

“အနံ့ အရမ်းမွှေးတာပဲ” ခြံဝင်းထဲမှာ ကျီချန်နဲ့ ကစားနေတဲ့ ဒုတိယမရီးရှန်းက လေထဲကနေ မွှေးရနံ့ရလို့ တံတွေးမျိုချမိသည်။ သူမသည် မီးဖိုချောင်ထဲသို့ အမြန်လျှောက်ဝင်လာခဲ့သည်၊ “အာ့ထောင် နင် အရသာရှိတဲ့ အစားအစာ လုပ်ပြီးပြီလား။ ဒါက အရမ်း မမွှေးလွန်းဘူးလား။”

 

“ငါးရှဉ့်ခေါက်ဆွဲလေ” ကျီကျောက်က ပြုံးနေတာကို မရပ်တန့်နိုင်တော့ဘူး၊ “ဒုတိယမရီး မြည်းစမ်းကြည့်ချင်လား။”

 

“အင်း၊ အင်း၊ အင်း” ဒုတိယမရီးရှန်းက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ နောက်ဆုံးတော့ သူမသည် ငါးရှဉ့်ခေါက်ဆွဲ ပန်းကန်လုံးကြီးကို ကိုင်ကာ မီးဖိုချောင်ထဲကနေ ထွက်လာခဲ့သည်။

 

ငါးရှဉ့်ခေါက်ဆွဲကို ချက်ပြုတ်ပြီးသွားအခါ ကျီကျောက်ကို ငါးရှဉ့်ဟင်းကို ချက်ပြုတ်ရန် ပြင်ဆင်ခဲ့သည်။

 

ညစာ စားချိန်ရောက်သောအခါ ရှန်းတာ့ရှန်သည် ပင်မခန်းထဲရှိ စားပွဲကို ခြံဝင်းထဲ ထုတ်ပြီး နေရာချထားခဲ့သည်။