အခန်း
(၉၂) – ဘာကြောင့်လဲ
သူမ ဆိုင်ကို
ပြန်မရောက်မချင်း အကြီးဆုံးမရီးရှန်းဟာ သူမမှာ ကိုယ်ဝန် တကယ်ရှိနေပြီဆိုတာကို မယုံနိုင်သေးပါဘူး။
“တုန်းမိန်
မင်း အခု စားချင်နေတာ တစ်ခုခု ရှိလား ဒါမှမဟုတ် မင်း ခဏတဖြုတ်လောက် အိပ်ချင်လား။ သမားတော်ကျန်းက
မင်းအတွက် ကိုယ်ဝန်ကို ခိုင်မြဲစေတဲ့ ဆေးတချို့ ညွှန်ကြားပေးလိုက်တယ်။ မင်း သောက်ချင်လား”
အစ်ကိုကြီးရှန်းက သူမကို ကုလားထိုင်မှာ ထိုင်ဖို့ စိတ်လှုပ်ရှားစွာ ကူညီပေးပြီး ကယောင်ကတမ်းစကားတွေ
ပြောနေခဲ့သည်၊ “ငါ မင်းအတွက် ဆေးသွားကျိုပေးရမလား”
“အစ်ကိုကြီး
သမားတော်ကျန်းက ခုနတုန်းပဲ ပြောလိုက်တယ်လေ၊ အကြီးဆုံးမရီးရဲ့ သွေးခုန်နှုန်းက တည်ငြိမ်နေတယ်၊
အခုလောလောဆယ် အဲဒီသန္ဓေမြဲဆေးတွေ သောက်ဖို့ မလိုဘူး” ကျီကျောက်က ဒီမြင်ကွင်းကိုတွေ့တော့
စိတ်ထဲ အလွန်ခံစားသွားရသည်၊ “ဒါ့အပြင် ဆေးတွေ အကုန်လုံးမှာ အဆိပ်အတောက် အနည်းအကျဉ်းတော့
ရှိတာပဲ။ အကြီးဆုံးမရီးက သူ့ကိုယ်သူ ဂရုစိုက်နိုင်သရွေ့ အဲ့ဒီဆေးခါးကြီးတွေကို သောက်ဖို့
မလိုဘူး။ ပြီးတော့ အစားအသောက်ကို ဂရုစိုက်ရမယ်။ ဥပမာ ဟောသွန်းလိုမျိုး အေးတဲ့ အစားအစာတွေကို
မစားပါနဲ့…”
“ခဏနေဦး”
အစ်ကိုကြီးရှန်းက ကျီကျောက်ကို ခဏတားပြီး စာရေးစုတ်တံနဲ့ စက္ကူကို အမြန်ပြေးယူသည်။
ထို့နောက် သူက ကျီကျောက်ကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်၊ “အာ့ထောင် ဖြည်းဖြည်းချင်း
ပြောပေးပါ။ ငါ အကုန်ချရေးရမယ်။”
ကျီကျောက်သည်
ပိုလို့တောင် ခံစားသွားရပြီး ခပ်ဖွဖွလေး ပြုံးရယ်လိုက်သည်၊ “အစပ်၊ အဆီနဲ့ အအေးစာတွေကို
လျှော့စားပါ။ နောက်ပြီး အကြီးဆုံးမရီး အစ်မ စိတ်ကို အေးအေးထားပြီး အရမ်း စိတ်မပူပါနဲ့။
အစ်မရဲ့ စိတ်ခံစားချက်တွေက အစ်မဗိုက်ထဲက ကလေးနဲ့ ခံစားချက်ချင်း ဆက်နွယ်နေတယ်ဆိုတာကို
အမှတ်ရပါ။ အစ်မ ပျော်နေရင် ကလေးလည်း ပျော်လိမ့်မယ်၊ အစ်မ စိတ်ဓာတ်ကျပြီး မပျော်ဘူးဆိုရင်
ကလေးလည်း ဝမ်းနည်းနေလိမ့်မယ်။”
“ကောင်းပါပြီ”
အကြီးဆုံးမရီးရှန်းက ကျေးဇူးတင်စွာ ခေါင်းညိတ်လိုက်သည်၊ “စိတ်မပူပါနဲ့၊ ငါ အရာအားလုံး
မှတ်မိပါတယ်။ အာ့ထောင် ကျေးဇူးပါဟယ်။”
“ကျွန်မတို့က
မိသားစုတွေပဲ။ ကျေးဇူးတင်ဖို့ မလိုပါဘူး” ကျီကျောက်က အဆောတလျင် ခေါင်းခါလိုက်သည်။
အကြီးဆုံးမရီးရှန်းရဲ့
ကိုယ်ဝန်က တစ်လကျော်ရှိနေပြီဖြစ်ပြီး ရှန်းမိသားစုမှ လူတိုင်းအတွက် ပျော်ရွှင်ဖွယ်ရာ
အဖြစ်အပျက် ဖြစ်ပေသည်။
ရှန်းတာ့ရှန်သည်
အိမ်ပြန်ရောက်သောအခါတွင် ဘိုးဘေးများကို အရိုအသေပေးရန် တောင်ပေါ်တက်ရန် ဆုံးဖြတ်ခဲ့ပြီး
သူတို့ကို ဘိုးဘေးတွေ ကာကွယ်စောင့်ရှောက်ပေးသည့်အတွက် အထူးကျေးဇူးတင်နေခဲ့သည်။
ကျီကျောက်က
သူ့ကို ခရိုင်မြို့မှာ ဆက်နေဖို့ ဆွဲထားရန် အကြောင်းပြချက်တွေ မရှိတော့သည့်အတွက် သူမရဲ့
ချဉ်းကပ်ပုံကို ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်သည်။
ဆိုလိုသည်မှာ
မည်သည့် မတော်တဆမှုမှ မဖြစ်ရအောင် အဖေ့နောက်ကို သူမ တစ်နေကုန်လုံး လိုက်နေရမယ်။
မွန်းတည့်ခါနီးတွင်
သူတို့သုံးယောက်သား ရှန်းဟယ်ကျေးရွာသို့ ပြန်ရောက်လာခဲ့ကြသည်။
ကျောက်လန်ဟွာက
ကျီကျောက်၏ ခန္ဓာကိုယ် အခြေအနေ ကောင်းမွန်းကြောင်း သိလိုက်ရမှ သူမ လုံးဝ စိတ်သက်သာရာရသွားခဲ့သည်။
“ဘာ…
အကြီးဆုံးချွေးမမှာ ကိုယ်ဝန်ရှိနေပြီ ဟုတ်လား” ကျောက်လန်ဟွာက အဆိုပါ သတင်းကို ကြားတော့
သူမရဲ့ မျက်လုံးတွေ တလက်လက် တောက်ပသွားသည်။ သူမ အလွန်အမင်း အံ့အားသင့်သွားခဲ့သည်၊
“ရှင် ကျွန်မကို ဟာသလုပ်ဖို့ ကြံစည်နေတာလား။”
“လန်ဟွာ
ငါက မင်းကို ဘယ်လိုလုပ်ပြီး ဟာသလုပ်ရဲမှာလဲ” ရှန်းတာ့ရှန်က ပြုံးလိုက်သည်၊ “အဲ့တာ အမှန်ပဲ။
ငါတို့ သမားတော်ဆီ ပြခဲ့ပြီးပြီ။ သမားတော်က အကြီးဆုံးချွေးမမှာ ကိုယ်ဝန်တစ်လကျော်နေပြီလို့
ပြောတယ်။”
“တစ်လကျော်သွားပြီလား။
ရက်တွေ တွက်ကြည့်ရင် သူမ နောက်နှစ် ဖေဖော်ဝါရီလလောက်ဆို မွေးလိမ့်မယ်” ကျောက်လန်ဟွာက
အရမ်းစိတ်လှုပ်ရှားသွားသည်၊ “ကောင်းတယ်၊ အရမ်းကောင်းတယ်။”
သူမ၏
အကြီးဆုံးချွေးမသည် အကြီးဆုံးသားနှင့် လက်ထပ်ပြီးနောက် ဘယ်သောအခါမှ မပျော်ရွှင်ခဲ့ပေ။
ကျောက်လန်ဟွာက သူမ ဒီလိုဖြစ်နေတာကိုမြင်ပြီး စိတ်ထဲတွင် စိုးရိမ်ပူပန်နေခဲ့ရသည်။
ယောက္ခမတစ်ယောက်အနေနဲ့
သူမ အရမ်းစိတ်ပူနေရင် အကြီးဆုံးချွေးမကို ပိုလို့တောင် စိတ်မကောင်းဖြစ်စေမှာမို့ ကျောက်လန်ဟွာက
သူမကို နှစ်သိမ့်ပေးဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ပါသည်။ သို့ရာတွင် ကျောက်လန်ဟွာကိုယ်တိုင်လည်း
အရမ်းစိုးရိမ်နေပါသေးသည်။
အခု အကြီးဆုံးသားက
မျိုးဆက်ရှိလာခဲ့ပြီဆိုတော့ သူမ တကယ့်ကို အရမ်းပျော်မိသည်။
“နေ့လည်စာစားပြီးရင်
ငါ ဘိုးဘေးတွေကို အရိုအသေပေးပြီး သတင်းကောင်းပြောဖို့ အနောက်တောင်ပေါ် သွာလိုက်ဦးမယ်”
ရှန်းတာ့ရှန်က ခပ်မြန်မြန် ပြောလိုက်သည်။
“ကောင်းပြီ၊
ခဏနေကျရင် ကျွန်မ ရွှေစက္ကူ ငွေစက္ကူတွေ ပြင်ဆင်ပေးလိုက်မယ်။”
ပင်မခန်းရှိ
ရွှင်မြူးနေသော လေထုနှင့် ယှဉ်လျှင် ရှန်းယောင်၏ အခန်းရှိ လေထုသည် အုံ့မှိုင်းနေပြီး
အနည်းငယ် ထူးဆန်းနေပါသည်။
သည်းသည်းမည်းမည်း
ကြည့်နေသော အကြည့်ကို အာရုံခံမိရာ ကျီကျောက်က စိတ်မသက်မသာနဲ့ လှည့်ကြည့်ပြီး စကားဆိုလိုက်သည်၊
“ရှန်းယောင် ရှင် ကျွန်မကို ဘာဖြစ်လို့ စိုက်ကြည့်နေရတာလဲ။ ကျွန်မရဲ့ မျက်နှာပေါ်မှာ
ပန်းတစ်ပွင့်မှ မရှိဘူး…”
“ဘာကြောင့်လဲ”