Ch 78
Viewers 13k

အခန်း (၇၈) – ဒါက သွယ်ဝိုက်အနမ်းလား

 

“ကျေးဇူးပါ အမေ” ကျီကျောက်က ချိုမြိန်စွာ ပြုံးလိုက်တော့ သူမရဲ့ မျက်ခုံးလေးတွေက ဆန်းသစ်စ လခြမ်းလေးအသွင် ကွေးတက်သွားသည်။

 

ကျီကျောက်အပြင် ဒုတိယမရီးရှန်းနှင့် ကျီချန်တို့သည်လည်း နုတ်နုတ်စဉ်းထားတဲ့ အသားနဲ့ ကြက်ဥပေါင်း တစ်ပန်းကန်စီ လက်ခံရရှိခဲ့ပါသည်။

 

ကျီချန်က နာခံမှုရှိစွာ သူမကို ကျေးဇူးတင်ကြောင်းပြောပြီး ဒုတိယမရီးရှန်းကလည်း မျက်လုံးပျောက်သည့်အထိ ပြုံးရယ်ကာ ကျေးဇူးတင်စကားဆိုခဲ့ပါသည်။

 

သူတို့ မိသားစု ညစာစားပြီးနောက် ကျီကျောက်သည် ခြံဝင်းထဲ ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း ကျီချန်နှင့်အတူ ကြယ်ကြည့်နေသည်။

 

“ချန်ချန် ဟိုးက အဲဒီကြယ်တွေကို မြင်ဖူးလား” ဝါးပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်နေသည့် ကျီကျောက်က ကြက်ရောင်စုံတဲ့ ကောင်းကင်ကို မော့ကြည့်ပြီး ကောင်းကင်ပေါ်က ကြယ်တွေကို ညွှန်ပြပြီး ပြုံးပြုံးလေး ပြောသည်၊ “အဲတာကို ခုနစ်စဉ်ကြယ်လို့ခေါ်တယ်။”

 

“နက္ခတ်တာရာတွေကို လေ့လာမယ်ဆိုရင် ခုနစ်စဉ်ကြယ်ကနေစပြီး လေ့လာသင့်တယ်၊ မြောက်ကနေ အနောက်ကို ဖြေချလာရတယ်” ကျီကျောက်က စိတ်ဝင်စားဖို့ကောင်းစွာ ရှင်းပြသည်၊ “ချန်ချန် ကြည့်ကြည့်လိုက်၊ အဲဒီကြယ်ခုနစ်လုံးကို မျဉ်းတစ်ကြောင်းနဲ့ ချိတ်ဆက်လိုက်တဲ့အခါ သူတို့က အထူးသဖြင့် ယောက်ချိုဇွန်းနဲ့ တူတယ်မလား။”

 

ကျီချန်က ထိုအကြောင်းကို အလေးအနက်တွေးကာ နောက်ဆုံး၌ ခေါင်းညိတ်လိုက်သည်၊ “ဟုတ်”

 

“ယောက်ချိုအသွင် ကြယ်လေးလုံးကို ထျန်းရှု၊ ထျန်းရွှမ်း၊ ထျန်းကျီနဲ့ ထျန်းချွမ်လို့ခေါ်တယ်။ လက်ကိုင်ပုံစံ ကြယ်သုံးလုံးကိုကျ ယွိဟန်၊ ခိုင်းယန်နဲ့ ယောင်ကွမ်းလို့ခေါ်တယ်” ကျီကျောက်က ကျီချန်၏ မျက်နှာလေးကို ပွတ်သပ်ပြီး ဆက်ရှင်းပြသည်။ “ညအခါ ခုနစ်စဉ်ကြယ်ရဲ့ ပုံစံတွေက ရာသီအလိုက် မတူညီ ကွဲပြားတယ်။ နွေဦးရာသီမှာဆို ခုနစ်စဉ်ကြယ်က အရှေ့အရပ်ကို ခေါင်းထိုးတယ်၊ နွေရာသီမှာဆို ခုနစ်စဉ်ကြယ်က တောင်အရပ်ကို ခေါင်းထိုးတယ်၊ ဆောင်းဦးရာသီမှာတော့ ခုနစ်စဉ်ကြယ်က အနောက်အရပ်ကို ခေါင်းထိုးပြီး ဆောင်းရာသီမှာတော့ မြောက်အရပ်ကို ခေါင်းထိုးတယ်။”

 

“မင်း နက္ခတ်တာရာနဲ့ ပတ်သက်ပြီး တစ်ခုခု သိနေလိမ့်မယ်လို့ ကိုယ် မထင်ထားဘူး” ကျီကျောက်ဆီ ဖရဲသီးစိတ်တွေ ယူလာပေးတဲ့ ရှန်းယောင်က နူးညံ့တဲ့ သူ့လေသံမှာ သိချင်စိတ်ပြင်းပြမှုကို ဖြည့်စွက်ပြီး မေးမြန်းလာခဲ့သည်။

 

“အဲ့လောက်ကြီး မဟုတ်ပါဘူး” ကျီကျောက်က ကျိုးနွံစွာ လက်ခါပြသည်၊ “ကျွန်မက ဒီလောက်ပဲ သိတာပါ”

 

ရှန်းယောင်က သူ့မျက်ဝန်းထဲရှိ သိချင်စိတ်များကို ဖုံးကွယ်ရန် မျက်လွှာချလိုက်ပြီး သူက ပိုလို့တောင် ပဟေဠိဖြစ်သွားခဲ့သည်။

 

အာ့ထောင်ရဲ့ နှလုံးသားထဲမှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်များများ ဖုံးကွယ်ထားသလဲ။

 

ကျီကျောက်က ဖရဲသီးစိတ်ကို ကောက်ယူပြီး ကျီချန်ကို ပေးလိုက်သည်။ ထို့နောက် ကျီကျောက်သည် သူမကိုယ်တိုင်အတွက် ဖရဲသီးကိုပါ ယူစားလိုက်သည်။

 

“ကျေးဇူးပါ”

 

“အင်း” ရှန်းယောင်က သူမ ပို၍ တုန်လှုပ်သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီး နားမလည်နိုင်သော အချည်းနှီးဖြစ်စိတ်တစ်ခု သူ့နှလုံးသားထဲ ရုတ်တရက် ပေါ်လာခဲ့သည်။

 

“အရမ်းချိုတာပဲ” ကျီကျောက်သည် ဖရဲသီးကို တစ်ကိုက် ကိုက်လိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေခဲ့သည်။

 

သူမ၏ အပြုံးသည် တောက်ပပြီး လှပနေကာ ရှန်းယောင်၏ နှလုံးသားထဲတွင် ရှိနေသော စိတ်အနှောက်အယှက်များကို ယူပစ်သလို ဖယ်ရှားပစ်ခဲ့သည်။

 

ရှန်းယောင်သည်လည်း ဖရဲသီးတစ်စိတ်ကို ကောက်ယူပြီး မြည်းစမ်းကြည့်သောအခါ ကျီကျောက်က သူ့ကို တားမြစ်လိုက်သည်။

 

သူမ၏ သွယ်လျသော လက်ဖဝါးတွေက သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်သဖြင့် အေးစက်သော အထိအတွေ့တစ်ခုသာဖြစ်ကြောင်း သိသာထင်ရှားသော်လည်း အကြောင်းပြချက် မရှိဘဲ သူ့နှလုံးသားကို နွေးထွေးသွားစေခဲ့သည်။

 

“ဘာဖြစ်လို့လဲ။”

 

“ရှင် အအေးမိတာ သက်သာခါစဆိုတော့ အေးတဲ့ အသီးအနှံတွေကို မစားသင့်ဘူး။” ကျီကျောက်က သူ့ကို ရိုးစင်းစွာ ပြုံးပြသည်၊ “ဒါ့အပြင် ရှင် ဆေးသောက်နေရတာ မဟုတ်ဘူးလား။ ရှင် ဖရဲသီး မစားတာ အကောင်းဆုံးပဲ။”

 

“… ကောင်းပါပြီ” ရှန်းယောင်က နာခံမှုရှိစွာ ခေါင်းညိတ်ပြီး သူ့လက်ထဲက ဖရဲသီးတစ်ခြမ်းကို ချက်ချင်း အောက်ချလိုက်သည်။

 

ကျီကျောက်က သူ‌ အောက်ချလိုက်တဲ့ ဖရဲသီးတစ်စိတ်ကို ဝမ်းသာအားရ ကောက်ယူပြီး အလုတ်ကြီးကြီး တစ်လုတ် ကိုက်စားလိုက်သည်။

 

သူမ၏ ကျဉ်းမြောင်းသော မျက်ဝန်းအိမ်လေးတွေက ပျော်ရွှင်မှုများ လင်းလက်နေသောအခါ ရှန်းယောင်သည် နှလုံးခုန်သံ တစ်ချက်မြန်ဆန်သွားသည်။ သူသည် သူမ၏ လက်ကောက်ဝတ်လေးကို ဆုပ်ကိုင်လိုက်ပြီး သူမ ကိုက်ထားသော ဖရဲသီးတစ်စိတ်ကို ကိုက်စားလိုက်သည်။

 

“တကယ့်ကို အရမ်းချိုတာပဲ” ရှန်းယောင်က အပြုံးတစ်ပွင့်ဖြင့် မှတ်ချက်ပေးသည်။ ထိုသို့ပြောပြီးနောက် သူက ကျီကျောက်၏ အဖြေကို မစောင့်တော့ဘဲ လှည့်ထွက်သွားသည်။

 

ကျီကျောက်တစ်ယောက် အသိစိတ်ပြန်ဝင်လာတော့ ရှန်းယောင် ကိုက်စားသွားသော ဖရဲသီးစိတ်ကို ငေးကြည့်ရင်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။

 

ဒါကို သွယ်ဝိုက်အနမ်းလို့ ယူဆနိုင်မလား။

 

ကျီကျောက်သည် ထိုစာသားကို ရုတ်တရက် တွေးမိပြီး သူမ၏ ပါးပြင်တွေ လောင်ကျွမ်းသွားသလို ခံစားလိုက်ရသည်။

 

“အစ်မ” ကျီချန်က သူမ တစ်ခုခု မှားနေတာကို သတိပြုမိတော့ ကျီကျောက်၏ အင်္ကျီလက်စကို စိုးရိမ်တကြီး လှမ်းဆွဲလိုက်သည်။

 

“ချန်ချန် အစ်မ အဆင်ပြေပါတယ်” ကျီကျောက်က ပြုံးလိုက်သည်။ “ချန်ချန် ဖရဲသီးက အရသာရှိပေမယ့် အရမ်း စားမယ်ဆိုရင် ညဖက် အပေါ့ အရမ်းသွားချင်နေလိမ့်မယ်။ ဒါ့ကြောင့် ဒီအစိတ်ကို စားပြီးတာနဲ့ မစားနဲ့တော့နော်၊ ဟုတ်ပြီလား။”

 

“ဟုတ်ကဲ့” ကျီချန်သည် နာခံမှုရှိစွာ ခေါင်းညိတ်လိုက်သည်။ သူ့ရဲ့ နူးညံ့ပြီး ချစ်စရာကောင်းသော မျက်နှာအမူအရာလေးသည် လူတို့၏ အသည်းနှလုံးကို ပျော်ကျသွားစေသည်။