Ch 7
Viewers 887

⌨️ Chapter 7




ပိုင်ချီ၏ကျင့်ကြံမှုအဆင့်မှာ ပျယ်ယွီထက် များစွာသာလွန်နေသဖြင့်၊ ပျယ်ယွီ ဝိညာဉ်စွမ်းအားဖြင့် ပြုလုပ်ထားသော "Mark" မှာ ကြာရှည်မခံပါပေ။ ထိုစာတန်းများသည် ပိုင်ချီ အနီးတွင် နာရီဝက်ခန့်သာဝဲလည်နေခဲ့သည်။


ညဦးယံရောက်သည့်အခါ ပိုင်ချီသည် သူ့ကျောက်ဂူသို့ပြန်ကာ မျက်လုံးမှိတ်ပြီး တရားထိုင်အနားယူရန် ပြင်လိုက်သည်။


【ရှင့်အသက်အရွယ်ကြီးကျမှ ဘယ်လိုလုပ် အိပ်ပျော်နိုင်တာလဲ?】


ပိုင်ချီသည် သူ့ နီမြန်းနေသော မျက်လုံးများကို ရုတ်တရက်ပွင့်လာတော့သည်။


ဒီညတော့ တစ်ယောက်ယောက် အိပ်မပျော်နိုင်အောင် ဒုက္ခရောက်တော့မှာ အသေအချာပင်။


...


ဓားအသိအမှတ်ပြုတောင်ထိပ်တစ်ခုလုံးတွင် ဓားကျင့်ကြံသူတပည့်ပေါင်း တစ်ရာနီးပါးခန့်ရှိသည်။


ဓားအင်မော်တယ်သခင်ကျီယွမ်တွင် တိုက်ရိုက်တပည့် သုံးဦးရှိသည်။ အကြီးဆုံးတပည့် ပိုင်ချီ၊ ဒုတိယတပည့် ချန်းလင်းယောင်နှင့် ရန်ကျန်းတောင်ထိပ်၏စီနီယာအစ်မကြီးဖြစ်လာသူ အငယ်ဆုံးတိုက်ရိုက်တပည့် ပျယ်ကျီယွဲ့(ပျယ်ယွီ)တို့ ဖြစ်ကြသည်။


ဒုတိယတပည့်ချန်းလင်းယောင်မှာ လူသားမျိုးနွယ်၏မင်းသားတစ်ပါးဖြစ်ပြီး၊ ထီးနန်းဆက်ခံရေးကိစ္စများကို ကိုင်တွယ်ရန် လူသားနေရပ်သို့ခေတ္တပြန်သွားသဖြင့် လက်ရှိတွင် တောင်ပေါ်၌မရှိပါပေ။


နံနက်စောစောတွင် ပျယ်ယွီအနှိုးခံလိုက်ရသည်။


သူ အိပ်ပုပ်ကြီးချင်သော်လည်း၊ ဓားအသိအမှတ်ပြုတောင်ထိပ်တွင် ကိုယ်ပိုင်သတ်မှတ်ထားသော အချိန်ဇယားများရှိနေသည်။ ဥပမာအားဖြင့်၊ အခုအချိန်မှာ လင်ယွင်ခန်းမရှေ့က ခေါင်းလောင်းကြီးကိုထိုးနေပြီဖြစ်ရာ ထိုအသံမှာ တောင်တစ်ခုလုံး ဟိန်းထွက်နေတော့သည်။


ပျယ်ယွီသည် အမိုးမျက်နှာကြက်ကိုစိုက်ကြည့်ရင်း မျက်တောင်ကို ဖြည်းဖြည်းချင်းခတ်နေမိသည်။


သူ အမြင်မှားနေတာလည်း ဖြစ်နိုင်သည်။ မဟုတ်လျှင် သူမ ရှေ့တွင် အဖြူရောင် UI (User Interface) တစ်ခုအား မည်သို့မြင်နေ ရမည်နည်း?


'ကျေးဇူးပြု၍ ဝိညာဉ်စွမ်းအားလှည့်ပတ်ရန် F Key ကိုနှိပ်ပါ'


ပျယ်ယွီ တခြားနေရာကိုလှည့်ကြည့်သော်လည်း ထို UI မှာ သူမ၏အမြင်အာရုံ အလယ်တည့်တည့်မှာတင် ရှိနေဆဲဖြစ်သည်။


ထို့ကြောင့် ပျယ်ယွီသည် အေးအေးဆေးဆေးပင် သူမ၏ကီးဘုတ်ကို ထုတ်လိုက်ပြီး F ခလုတ်ကို နှိပ်လိုက်သည်။


သူ့ စိတ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ အလိုအလျောက်စတင်လည်ပတ်ပြီး စနစ်တကျ ဖြစ်သွားတော့သည်။ မိနစ်အနည်း ငယ်အကြာတွင် ပျယ်ယွီသည် သူမ၏ဝိညာဉ်စွမ်းအားများ ပြည့်ဝလာကာ စိတ်ကြည်လင်လန်းဆန်းလာပြီး ခန္ဓာကိုယ်ပင် ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။


သူမ အဆင့်တက်သွားပြီဖြစ်သည်။ အခုဆိုလျှင် သူမက အခြေခံတည်ဆောက်ခြင်းအဆင့် ၄ သို့ ရောက်ရှိသွားပြီဖြစ်သည်။


F Key ကို နှိပ်လိုက်ရုံဖြင့် တရားထိုင်ရမည့်အချိန်များကိုချွေတာပြီး ဝိညာဉ်စွမ်းအားကိုတစ်ချက်တည်းနှင့် လှည့်ပတ်နိုင်ခဲ့ပြီ။


"စီနီယာအစ်မ၊ ခန်းမဆောင်ရှေ့မှာ နံနက်ခင်းလေ့ကျင့်ခန်းလုပ်ဖို့ အချိန်တန်ပြီနော်” ဟု ကျီလဲ့ အသံမှာ ဂူအပြင်ဘက်မှ ထွက်ပေါ်လာသည်။


ပျယ်ယွီသည် သူ့ ဆံပင်ရှည်များကို အသာအယာစည်းနှောင်လိုက်ပြီး၊ အဝတ်အစားလဲကာ အပြင်သို့ထွက်လာခဲ့သည်။


"ငါ ဝိညာဉ်စွမ်းအား လှည့်ပတ်ပြီးသွားပြီ”


ကျီလဲ့က ပျယ်ယွီကို အနည်းငယ် အံ့ဩစွာကြည့်လိုက်သည်။ ပျယ်ယွီသည် အခုဆိုလျှင် အဆင့် ၄ သို့ ရောက်နေပြီဖြစ်ကြောင်း သူမ ခံစားမိသည်။


ပျယ်ယွီသည် တစ်ညလုံးမအိပ်ဘဲ ကုတင်ပေါ်မှာ ဝိညာဉ်စွမ်းအား လှည့်ပတ်နေခဲ့ခြင်းဖြစ်ရမည်။ ပျယ်ယွီသည် ကြိုးစားရုံတင် မကဘဲ ပါရမီလည်း အလွန်ထူးချွန်လှသည်။ သူတို့လို သာမန်ကျင့်ကြံသူတွေဆိုလျှင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား တစ်ညတည်းနှင့် အဆင့်တက်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။


ကျီလဲ့က သူမ နှုတ်ခမ်းကို အနည်းငယ် ကိုက်လိုက်ပြီး အနည်းငယ်မကျေနပ်သလို လေသံထွက်သွားသော်လည်း ချက်ချင်းပင် ပြန်ထိန်းလိုက်သည်။ မထွက်ခွာမီ ကျီလဲ့က ပျယ်ယွီအားသတိပေးရန် မမေ့ပါပေ။


"ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်တာ ကောင်းပေမဲ့၊ အနားယူတာနဲ့ အလုပ်လုပ်တာကိုတော့ မျှတအောင် လုပ်ဦးနော်”


ပျယ်ယွီ ဝေခွဲမရစွာဖြင့် ပြန်ဖြေလိုက်သည်။


"ငါက တစ်နေ့ကို ၁၂ နာရီ အိပ်တာလေ၊ အနားပဲယူနေပြီး အလုပ်မှ မလုပ်တာ”


ကျီလဲ့ ထွက်သွားပြီးနောက် ပျယ်ယွီသည် ကုတင်ပေါ်ပြန်တက်ကာ ခဏလောက် ထပ်အိပ်ရန်ကြံလိုက်သည်။ တိုက်ရိုက်တပည့် ခန့်အပ်ပွဲအခမ်းအနားစဖို့ နာရီအနည်းငယ်လိုသေးသဖြင့် အိပ်ရေးဝအောင်အိပ်နိုင်ပါသေးသည်။


သို့သော် သူမ အကြည့်မှာ တံခါးရှေ့ကပွင့်လင်းမြင်သာသော ပိုးစာကြိုးများဖြင့် ရက်လုပ်ထားသည့် ပိုက်ကွန်တစ်ခုဆီသို့ မသိစိတ်က ရောက်သွားသည်။ အကယ်၍ နေရောင်ခြည်က ထိုကြိုးများပေါ်သို့ ရွှေဝါရောင် အလင်းမဖြာနေလျှင် ပျယ်ယွီ သတိထားမိမှာ မဟုတ်ပါပေ။


သူမ မှတ်ဉာဏ်ကောင်းပါသည်၊ မနေ့ညက ဒီအရာကြီးမရှိခဲ့ချေ။


ပျယ်ယွီ မျက်လုံးကိုမှေးကြည့်လိုက်ပြီး ထိုကြိုးစများကို အသာအယာထိတွေ့ကြည့်ရာ ကြိုးများမှာ တော်တော်လေး တင်းမာနေသည်။ သူ လက်ဖြင့် ဖိလိုက်သည့်အခါ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး၊ သွေးစက်များက ထိုကြိုးစတစ်လျှောက် စီးကျသွားသည်။ သူမ ထင်ထားတာထက် ပိုပြီးထက်မြလှသည်။


"စနစ်?"


"ခွဲခြမ်းစိတ်ဖြာပြီး စမ်းသပ်နေပါတယ်၊ ဒါက နဂါးရိုးပင့်ကူရဲ့ ပိုးကြိုးတွေပါ၊ ဒါပေမဲ့ နဂါးရိုးပင့်ကူတွေက ကမ်းရိုးတန်းဒေသ တွေမှာပဲ နေထိုင်ကြတာဖြစ်ပြီး၊ အခုလို အမြင့်ပိုင်းဒေသတွေမှာ မရှင်သန်နိုင်ကြပါဘူး” 


ပျယ်ယွီ : "ဒါ တစ်စုံတစ်ယောက်က ဖန်တီးထားတာပဲ”


"မနေ့က ငါ မှော်မှန်ကြီးဆီမှာ အင်တာနက်ကြိုးလိုချင်တယ်လို့ ဆုတောင်းခဲ့တာ မှတ်မိလား ?" ဟု ပျယ်ယွီက ထိုပင့်ကူအိမ်ကို ညွှန်ပြလိုက်သည်။


"ပိုက်ကွန်ရယ်၊ ကြိုးရယ်ဆိုတော့၊ ဒါ 'Network Cable' မဟုတ်ဘူးလား?"


စနစ်မှာ အံ့ဩမှင်သက်သွားရသည်။


"Host... Host က တကယ်ပဲ ပါရမီရှင်တစ်ယောက်လား?"


"ဒါနဲ့၊ ဒီပင့်ကူအိမ်ရဲ့တည်ဆောက်ပုံက ကွန်ရက်တွေမှာ သုံးတဲ့ Star Topology နဲ့တူနေတယ်၊ ငါ့အနေနဲ့ ဒီမှော်မှန်ကြီးဟာ တခြားအချိန်ကာလတစ်ခုက လာတာလို့ သံသယဝင်မိတယ်” ဟု ပျယ်ယွီ ပြောလိုက်သည်။


စနစ် : "... အဲ့ဒါကတော့ နည်းနည်းတော့ ဝေးသွားပြီလို့ထင်တယ်”


"မှန်ကို သွားပြန်ယူရမယ်”


"ဘာလို့လဲ?" ဟု စနစ်က ပျယ်ယွီ ဘာတွေးနေလဲဆိုတာကို ဝေခွဲမရဖြစ်နေသည်။ မှန်နောက်ကွယ်က လူက သူမကို စောင့်ကြည့် နေပြီး သူမတံခါးရှေ့မှာ အရာဝတ္ထုတွေကို တိတ်တဆိတ်ထားခဲ့နိုင်တာဖြစ်ရာ၊ ၎င်းမှာ အလွန်အန္တရာယ်ရှိသော ပုဂ္ဂိုလ်ဖြစ်နေ သည်မှာသေချာလှသည်။ ဘာလို့ ပျယ်ယွီက အဲ့ဒါကိုမဖယ်ရှားပစ်ဘဲ ပြန်ယူလာချင်ရတာလဲ?


"ဒါက အဓိက Quest Item တစ်ခုလို ခံစားရလို့လေ၊ ဒါမရှိရင် ရှေ့ဆက်လို့မရနိုင်ဘူး၊ ငါသာ ဂိမ်းဒီဇိုင်နာဆိုရင် အရေးကြီးတဲ့ ပစ္စည်းတွေကို စွန့်ပစ်လို့မရအောင် လုပ်ထားမှာပဲ၊ အဲ့ဒါကို ပြန်သွားယူနေရတာက တကယ့်ဒုက္ခပဲ” ဟု ပျယ်ယွီက တွေးတောရင်း တံခါးကို တွန်းဖွင့်လိုက်ရာ၊ ထိုနေရာမှာတင် ကြောင်သွားတော့သည်။


စနစ်က အေးစက်စက်ဖြင့် ထောက်ပြလိုက်သည်။


"ဇာတ်ပို့ကောင်က ဘယ်ကနေ အဓိက Quest Item တွေ ရမှာလဲ?"


"အာ...”


"ဒါက တကယ်ကြီး စွန့်ပစ်လို့မရတဲ့ Quest Item ဖြစ်နေတာ ရှင်းနေတာပဲ” ပျယ်ယွီ ခြောက်ကပ်ကပ် ပြောလိုက်သည်။


မနေ့က သူမ ထိုင်အန်းမှာလွှင့်ပစ်ခဲ့တဲ့ ကြေးမုံပြင်ဟာ စားပွဲပေါ်မှာ သေသေသပ်သပ်ပြန်ရောက်လို့နေသည်။ အစကတည်းက ထိုနေရာမှာ ရှိနေခဲ့ပြီး ဘယ်တုန်းကမှစွန့်ပစ်မခံခဲ့ရသလိုမျိုးပင်။


ပျယ်ယွီသည် ဘာမှမပြောဘဲ မှန်ကိုအဝတ်ဖြင့် တင်းတင်းထုပ်ကာ သူမနှင့် အဝေးဆုံးနေရာမှာထားလိုက်သည်။ သူမသည် ထိုမှန်ကို စိုက်ကြည့်ရင်း အတွေးထဲနစ်ဝင်နေတော့သည်။


ထို့နောက်တွင် ပျယ်ယွီသည် ခန့်အပ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့သည်။


သူမသည် ဓားတောင်ထိပ်၏အစဉ်အဆက် ဆရာသခင်များနှင့် တပည့်များစာရင်း မှတ်တမ်းတင်ထားသော လိပ်စာမူပေါ်သို့ သူမ၏ သွေးကိုချလိုက်ရာ၊ သူ့ အမည်မှာ လိပ်စာမူပေါ်တွင် တဖြည်းဖြည်းပေါ်လာတော့သည်။


မှတ်တမ်းထဲတွင် သူမ သတိထားမိသည်မှာ ဓားအင်မော်တယ်သခင်ကျီယွမ်၏ ဆရာမှာ "ပျယ်လုံ" ဟု ခေါ်သော ဓားကျင့်ကြံသူတစ်ဦး ဖြစ်သည်။


ပျယ်လုံဆိုသည်မှာ မူရင်းဝတ္ထုထဲတွင် ခဏခဏဖော်ပြခြင်းခံရသော ဇာတ်ကောင်တစ်ဦး ဖြစ်သည်။ သူသည် နတ်ဘုရားနှင့် မိစ္ဆာစစ်ပွဲအတွင်း မိစ္ဆာပေါင်းများစွာကို တစ်ယောက်တည်းဆီးတားနိုင်ခဲ့သော "လင်းယွင်ဓားသခင်" ပင်။


ဝတ္ထုဇာတ်လမ်းမစတင်မီ လွန်ခဲ့သောနှစ်ပေါင်းရာချီကတည်းက လင်းယွင်ဓားသခင်သည် စစ်မြေပြင်တွင် ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။ ၎င်းမှာ ပျယ်မိသားစုနှင့် လင်းယွင်ဂိုဏ်းတို့ကြား သဟဇာတမဖြစ်ရခြင်း၏အကြောင်းရင်းလည်းဖြစ်သည်။ ပျယ်မိသားစုက လင်းယွင်ဂိုဏ်း၏အမှားများကြောင့် ပျယ်လုံစစ်မြေပြင်မှာသေဆုံးခဲ့ရသည်ဟု ယုံကြည်သဖြင့် ပျယ်မိသားစု ဝင်များကို ဂိုဏ်းသို့ဝင်ခွင့်မပြုတော့ခြင်းဖြစ်သည်။ သို့သော် ဤကိုယ်ထည်၏မူလပိုင်ရှင် ပျယ်ယွီသည် ဘာကြောင့် ပျယ်မိသားစုကို စွန့်ခွာပြီး လင်းယွင်ဂိုဏ်းသို့လာခဲ့ရသလဲဆိုသည့် အကြောင်းရင်းမှာ စိတ်ဝင်စားစရာ ကောင်းလှသည်။


"ဒီနေ့ကစပြီး နင်က ငါ ကျီယွမ်ရဲ့တိုက်ရိုက်တပည့်ပဲ၊ နင်ဟာ ဓားအသိအမှတ်ပြုတောင်ထိပ်နဲ့အတူ အတူတကွ ရှေ့ဆက်ရမယ်၊ တပည့်တွေအတွက် စံပြဖြစ်စေရမယ်၊ ကျီယွဲ့... နင် ကန့်ကွက်စရာ ရှိသလား?"


ပျယ်ယွီ သတိပြန်ဝင်လာသည်။ 


"ကျီယွဲ့ နာခံပါ့မယ်”


ကျီယွမ် အမူအရာမှာနူးညံ့သွားပြီး၊ ရတနာများပုံထားသော တောင်ငယ်လေးကိုညွှန်ပြလိုက်သည်။


"ဒါတွေကတော့ နင့်ရဲ့ ဆရာ၊ ဂိုဏ်းချုပ်နဲ့တောင်ထိပ်သခင်တွေဆီက လက်ဆောင်တွေပဲ”


"ကျေးဇူးတင်ပါတယ် ဆရာသခင်”


"ငါ ရက်အနည်းငယ်လောက် တရားထိုင်ဖို့အနားယူဦးမယ်၊ သိချင်တာရှိရင် ပိုင်ချီကို မေးလိုက်” 


ကျီယွမ် ဝတ်စုံစကို ခါလိုက်ရင်း ထွက်ခွာရန် ပြင်လိုက်သည်။


ပျယ်ယွီသည် ကျင့်ကြံခြင်းကမ္ဘာ၏ ဤအချက်ကိုသဘောကျသည်။ အတွင်းစည်းတပည့်များသည် တက္ကသိုလ်ကျောင်းသား များကဲ့သို့ပင်၊ စာသင်ယူခြင်းမှာ ကိုယ့်ဘာသာကိုယ် စည်းကမ်းရှိမှုအပေါ်တွင်သာ မူတည်သဖြင့် သူမအနေဖြင့် အေးအေးဆေးဆေး နေနိုင်ခွင့်ရတော့မည်ဖြစ်သည်။


ပိုင်ချီက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မျက်နှာမှာ တင်းမာနေဆဲပင်။

"ဆရာသခင်... ကျွန်တော်က ညီမလေးကို သင်ပေးဖို့ အရည်အချင်းမပြည့်မီပါဘူး”


ကျီယွမ်က ပိုင်ချီကို လှမ်းကြည့်လိုက်သည်၊ သူ၏ စကားလုံးများမှာ တစ်မျိုးကြီးဖြစ်နေသည်။ သူသည် ပိုင်ချီကို ငယ်စဉ်ကတည်းက ကြည့်ရှုစောင့်ရှောက်လာခဲ့သော်လည်း၊ ဤကဲ့သို့ လေသံမျိုး တစ်ခါမှမကြားဖူးပါပေ။


"ဒါကတော့ နင်တို့နှစ်ယောက်ကြားက ကိစ္စပဲ” ဟု ကျီယွမ်က ဝင်မပါချင်သဖြင့် လှည့်ထွက်သွားတော့သည်။


ပျယ်ယွီက အားကိုးရာမဲ့စွာဖြင့် လက်ကိုဖြန့်ပြလိုက်သည်။


"ရှင်က ကျွန်မ ရှင့်စိတ်ကို ထိခိုက်အောင် လုပ်လိုက်လို့ အခုထိ စိတ်ဆိုးနေတုန်းလား? ကောင်းပါပြီ... ကျွန်မ တောင်းပန်ပါတယ်”


ကျီယွမ် ခြေလှမ်းရပ်လိုက်ပြီး သံသယရှိသော အကြည့်ဖြင့် သူတို့နှစ်ဦးကိုစေ့စေ့စိုက်ကြည့်လိုက်သည်။ တစ်ခုခုတော့ မှားနေပြီ။


ပိုင်ချီ မျက်လုံးကို နှိမ့်ချလိုက်သည်။


"ဒါက ငါ့ အပြစ်ပါ... ညီမလေး”


"စီနီယာအစ်ကို... မနေ့က ကျွန်မ နည်းနည်းလွန်သွားတယ်ဆိုတာ ဝန်ခံပါတယ်၊ ရှင်က အဲ့လောက်အထိ အတည်ယူလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး” ဟု ပျယ်ယွီက အားကိုးရာမဲ့စွာပြောလိုက်သည်။


"ဒါက ကျွန်မရဲ့ အမှားလို့ပဲ သတ်မှတ်လိုက်ပါ၊ ဒီကိစ္စကို... မေ့ပစ်လိုက်ရအောင်၊ ဟုတ်ပြီလား?"


ကျီယွမ် အကြည့်မှာ သူတို့နှစ်ယောက်ကြားတွင် ဟိုဟိုဒီဒီရောက်နေသည်။ ပိုင်ချီနဲ့ ပျယ်ကျီယွဲ့? ကြည့်ရတာ သူတို့က လိုက်ဖက်တဲ့ စုံတွဲတစ်တွဲနဲ့ တူနေသလိုပဲ၊ ဒါပေမဲ့ ပိုင်ချီရဲ့စိတ်ထဲမှာ တခြားတစ်ယောက်ယောက် ရှိနေတာလား?


မဖြစ်နိုင်ပါပေ။ ပိုင်ချီသည် ဝိညာဉ်ဓားကလွဲလို့ တခြားအရာကို စွဲလန်းနေလိမ့်မည်ဟု ကျီယွမ် စိတ်ကူးမယဉ်နိုင်ပါပေ။ ဒါ့အပြင် ပျယ်မိသားစုဝင်တွေထဲမှာ ဘယ်သူကများ ကိုင်တွယ်ရလွယ်လို့လဲ? အကယ်၍ ပိုင်ချီသာ ကျီယွဲ့နဲ့ တကယ်တွဲမယ်ဆိုရင်၊ သူဟာ အရင်ဆုံး ပျယ်ယွီရဲ့အစ်ကိုနှစ်ယောက်ဖြစ်တဲ့ ပျယ်ကျင်းနဲ့ ပျယ်လင်းတို့ကို ရင်ဆိုင်ရပါလိမ့်မည်။ ကျီယွမ်ကမူ ပိုင်ချီအနေနဲ့ ထိုနှစ်ယောက်လုံးကိုနိုင်လိမ့်မည်ဟု မယုံကြည်ပါပေ။


"ညီမလေး” ပိုင်ချီ မော့ကြည့်လိုက်သည်။ သူ့ အကြည့်များမှာ ပျယ်ယွီဆီသို့ စိုက်ကြည့်နေပြီး တစ်ခုခုကို ဆုံးဖြတ်လိုက်ပုံရသည်။ 


"အစ်ကို့အရည်အချင်းက ညီမလေးထက် နိမ့်ကျနေလို့ ရှုံးခဲ့တာပါ”


"ငါ ကန့်ကွက်တယ်!" ဟု ကျီယွမ် အေးစက်စွာ ပြောလိုက်သည်။


ပိုင်ချီ : "?"


ပျယ်ယွီ : "?"


ကျီယွမ် : "..."


ကြည့်ရတာ အတင်းအဖျင်း ဘာမှမရှိဘူးပဲဟု ကျီယွမ် စိတ်ပျက်စွာ တွေးလိုက်မိသည်။ ပိုင်ချီ၏ဝေခွဲမရဖြစ်နေသော ပုံစံကို မြင်သည့်အခါ ကျီယွမ် ခပ်ဖွဖွချောင်းဟန့်လိုက်သည်။


"နင့်ကိုယ်နင် အဲ့ဒီလို နှိမ်ပြောတာကို ငါ ကန့်ကွက်တာပါ”


"တခြားကိစ္စမရှိရင်တော့ ငါ သွားတော့မယ်”


ပိုင်ချီနှင့် ပျယ်ယွီတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ထို့နောက် ပိုင်ချီသည် သူ့လက်ထဲက ဘူးလေးကို ပျယ်ယွီလက်ထဲသို့ အတင်းထိုးထည့်လိုက်သည်။


"ညီမလေး၊ ဒါ နင့်အတွက် လက်ဆောင်ပါ”


"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို” သူက လက်ဆောင်တောင် ပေးတတ်သေးတာပဲ၊ ပိုင်ချီက သူမထင်ထားသလောက်တော့ 

"တုံးတိကြီး"  မဟုတ်သေးဘူးပဲ။


ထို့နောက် သူ ဘူးကိုဖွင့်ကြည့်လိုက်ရာ  ၎င်းမှာ ဓားတွင် ချိတ်ရသည့် အလှဆင်ကြိုးဖြစ်နေသည်။


ပျယ်ယွီ : "6" (မိုက်လိုက်တာ!)


ပိုင်ချီက "တုံးတိကြီး” မဟုတ်ဘူးဆိုတဲ့ စကားကို သူ ပြန်ရုပ်သိမ်းလိုက်သည်။ ကီးဘုတ်သမားတစ်ယောက်ကို ဓားအလှဆင်ကြိုး ပေးတယ်ဆိုတော့၊ ရှင်ကတော့ တကယ့်ကိုတစ်မျိုးပဲ စီနီယာအစ်ကိုရေ။


ပျယ်ယွီသည် အပြင်မထွက်ဘဲ အခန်းအောင်းကာ ဓားအသိအမှတ်ပြုတောင်ထိပ်က နေ့စဉ်မဖြစ်မနေလုပ်ရမည့် ကျင့်စဉ်တွေမှာ မပါဝင်ဖို့ ဆုံးဖြတ်လိုက်သည်။ ခန့်အပ်ပွဲအပြီးတွင် သူမ ဂူဆီသို့ ဦးတည်လျှောက်လာခဲ့သည်။


လမ်းတွင် သူမ အတွေးများမှာ လွင့်ပျံနေသည်။


"ဓားအင်မော်တယ်သခင်ကျီယွမ်ကတော့ တကယ့် 'Homebody' ပဲ၊ လိုအပ်တဲ့လူမှုရေးကိစ္စတွေကလွဲရင် သူ့ကို တွေ့ရဖို့ မလွယ်ဘူး”


"ငါပြောသားပဲ၊ ပျယ်ကျီယွဲ့က တိုက်ရိုက်တပည့်ဖြစ်ဖို့ လုံးဝမထိုက်တန်ပါဘူးလို့၊ မနေ့က လေ့ကျင့်ရေးစင်ပေါ်မှာ သူ လုပ်ခဲ့တာ တွေကို မြင်ကြတယ်မလား? တကယ့်ကိုအရှက်မရှိတဲ့ နည်းလမ်းတွေပဲ၊ သူ့မှာ ဓားသမားတစ်ယောက်ရဲ့ပုံစံ လုံးဝမရှိဘူး”


"ပြီးတော့ အဲ့ဒီဓား... သူမရဲ့ ဝိညာဉ်ဓားကို မြင်လိုက်ကြလား? အဲ့လောက် ပုံစံဆန်းတဲ့ဓားမျိုး တစ်ခါမှမမြင်ဖူးဘူး။ အမှန်အတိုင်း ပြောရရင် အဲ့ဒါက ဓားမှဟုတ်ရဲ့လား? သူ လီယွဲ့တောင်ထိပ်ကိုပဲ သွားသင့်တာ!"


"ငါကြားတာတော့ စီနီယာအစ်ကိုကြီးဟာ ပျယ်ကျီယွဲ့ရဲ့ထူးဆန်းတဲ့ အကွက်တွေကြောင့် တစ်ညလုံးအိပ်မပျော်ခဲ့ဘူးတဲ့”


"ဓားအင်မော်တယ်က သူ့ကိုသဘောမကျပါဘူး၊ ဂိုဏ်းချုပ်အတင်းထည့်ပေးလိုက်လို့သာ လက်ခံလိုက်ရတာ၊ မဟုတ်ရင်တော့ ဆရာသခင်က စီနီယာအစ်မရှီကိုပဲ တိုက်ရိုက်တပည့်အဖြစ် လက်ခံမှာသေချာတယ်”


ဤကဲ့သို့ သိသိသာသာ မကျေမနပ်ဖြစ်နေကြသူများကိုကြားရသည့်အခါ ပျယ်ယွီ မျက်ခုံးပင့်လိုက်သည်။ သူတို့က ဘာလုပ်နေကြ တာလဲ? သူ့ကို ကွယ်ရာမှာ အနိုင်ကျင့်နေကြတာလား?


ပျယ်ယွီက ခြေလှမ်းကိုမလျှော့ဘဲ ထိုလူအုပ်နားသို့လျှောက်သွားလိုက်သည်။ သူမကို မြင်သည်နှင့် မကျေမနပ်ဖြစ်နေကြသော တပည့်များသည် ချက်ချင်းငြိမ်ကျသွားကြတော့သည်။


"စီနီယာအစ်မ...”


ပျယ်ယွီအကြည့်မှာ လူအုပ်ကြားထဲက တပည့်မတစ်ဦးဆီမှာ ခဏမျှ ရပ်တန့်သွားသည်။ ၎င်းမှာ ရှီမုန့်ချင်းဖြစ်ပြီး၊ မနေ့က သူမကို စောင့်ကြည့်ကာ အတင်းပြောနေကြသော တပည့်များက "စီနီယာအစ်မ ရှီ" ဟု ခေါ်နေကြသူ ဖြစ်သည်။ ရှီမုန့်ချင်းသည် လူတွေကို ဆွဲဆောင်နိုင်သောထူးခြားသည့် အရည်အချင်းရှိပုံရပြီး လူတိုင်းက သူမကိုဝိုင်းရံနေကြသည်။


ဤဇာတ်ကောင်သည် ဝတ္ထုထဲတွင် အခန်းကဏ္ဍ အတော်များများပါဝင်သည်။ သူမသည် ရန်ကျန်းတောင်ထိပ်မှ တပည့်တစ်ဦးဖြစ် သလို၊ ဇာတ်လမ်းအစပိုင်းတွင် ပျောက်ဆုံးနေသော မိစ္ဆာလက်နက်ကိုအသုံးပြုကာ ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့ကို အကြီးအ ကျယ် နှိပ်ကွပ်မည့် "Minor Boss" တစ်ယောက်လည်းဖြစ်သည်။ သူမ၏ စစ်မှန်သော အမှတ်အသေသ္ဌာန်မှာ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသောမြွေမိစ္ဆာတစ်ကောင်ဖြစ်ပြီး၊ လက်ရှိတွင် ရန်ကျန်းတောင်ထိပ်သို့ထိုးဖောက်ဝင်ရောက်နေသော တကယ့် သူလျှိုကောင်းတစ်ဦးဖြစ်သည်။


ပျယ်ယွီ စိုက်ကြည့်နေသည်ကို မြင်သောအခါ၊ ရှီမုန့်ချင်း ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။


"စီနီယာအစ်မ... တစ်ခုခု လိုအပ်လို့လား?" 


သူမ လေသံမှာ တည်ငြိမ်နေပြီး၊ စောစောကအတင်းပြောနေသူမှာ သူ မဟုတ်သလိုပင်။


"ဘာမှမဟုတ်ပါဘူး” ပျယ်ယွီ ခေါင်းခါပြကာ ထိုလူအုပ်ကိုကျော်ဖြတ်သွားပြီးမှ၊ တစ်ခုခုကို သတိရသွားသလိုမျိုးရပ်လိုက်သည်။


"တကယ်လို့ တစ်ခုခုလိုအပ်မယ်ဆိုရင်တော့၊ နင်တို့အတွက် ကျောက်ဂူတစ်ခုလောက် ငါ လျှောက်ထားပေးနိုင်တယ်နော်”


အတင်းပြောနေကြသော တပည့်များသည် တစ်ဦးကိုတစ်ဦးကြည့်ကာ ဇဝေဇဝါ ဖြစ်သွားကြသည်။


"အစ်မ ဘာကို ဆိုလိုတာလဲ?"


ပျယ်ယွီက ဖော်ရွေစွာ ပြုံးပြလိုက်သည် - "နောက်တစ်ခါ တစ်စုံတစ်ယောက်ကို စနောက်ချင်တယ်ဆိုရင်တော့၊ အားလုံးက ကိုယ့်ဘက်မှာရှိနေမယ့် နေရာမျိုးကို သွားပါလို့ပြောချင်တာပါ”


"နောက်ဆုံး၊ ငါတိုက်ရိုက်တပည့်အဖြစ် တရားဝင်ခန့်အပ်ခံရတဲ့ ဒီနေ့လိုမျိုး အချိန်တိုင်း စိတ်အခြေအနေကောင်းနေမှာ မဟုတ်ဘူးလေ” ဟု ပျယ်ယွီ ပြောလိုက်သည်။


သူ စိတ်ထင်လို့ပဲလားမသိသော်လည်း "တိုက်ရိုက်တပည့်" ဆိုသော စကားလုံးကို ပျယ်ယွီက အထူးတလည်အလေးပေးပြောသွား သယောင် ရှိသည်။


သူမသည် လှည့်ထွက်သွားခဲ့သည်။ သူမ ဆံပင်များမှာ ကျောပြင်ထက်တွင် အသာအယာလွင့်မြောနေပြီး၊ သူ့ ကျောပြင်မှာ ကျောက်စိမ်းတိုင်တစ်ခုလိုမတ်မတ်ရှိနေကာ၊ သူမ အရှိန်အဝါမှာ သာမန်ဓားကျင့်ကြံသူတွေထက် ပိုထက်မြက်ပြီးပေါ့ပါးနေသည်။


ထွက်ခွာသွားသော ပျယ်ယွီကျောပြင်ကို ကြည့်ရင်း ထိုတပည့်များ၏အမူအရာမှာ အလွန်အရှက်ရသွားကြသည်။ ရှီမုန့်ချင်းသည် မျက်လုံးကို အနည်းငယ်နှိမ့်ချလိုက်ပြီး၊ ပိုမိုနက်ရှိုင်းလာသောအကြည့်များဖြင့် ပျယ်ယွီအားစိုက်ကြည့်နေတော့သည်။