Ch 40
Viewers 13k

အခန်း (၄၀) - သဘောတူညီချက်

 

ကျီကျောက်တစ်ယောက် ခရိုင်မြို့သို့ တစ်ဖန်ပြန်ရောက်လာသောအခါ သူမ၏ စိတ်ခံစားချက်က လုံးဝ ကွဲပြားခြားနားနေ၏။

 

ဒီတစ်ခါတော့ သူမဟာ မျက်စိဖွင့်နားစွင့်ထားခဲ့သည်။

 

စီးပွားရေးလုပ်ဖို့အတွက် မဖြစ်မနေ လိုအပ်တာက ဈေးကွက်အခြေအနေကို စစ်တမ်းကောက်ယူပြီး ဈေးကွက်ပတ်ဝန်းကျင်ကို ခွဲခြမ်းစိတ်ဖြာလေ့လာဖို့ပါပဲ။

 

သို့သော် လက်ရှိအခြေအနေအရ ခရိုင်မြို့သည် အရာရာတိုင်း ချို့တဲ့ရှားပါးနေသည်။

 

သူတို့ဆီမှာ ရနိုင်တာ အကုန်လုံးက အဆာပြေမုန့်မျိုးစုံပါပဲ။

 

“အာ့ထောင် ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ ရုတ်တရက် မျက်မှောင်ကြုတ်သွားတာလဲ” ကျောက်လန်ဟွာက အရှိန်လျှော့ကာ ကျီကျောက်ကို ဘေးတစောင်းကြည့်ပြီး စိတ်ရှုပ်ထွေး၀စွာ မေးလိုက်မိသည်။

 

“အမေ တကယ်တော့ ကျွန်မ ဒီနေ့ ခရိုင်ကို လာရတဲ့ အကြောင်းရင်းတစ်ခု ရှိတယ်” ကျီကျောက်က ခါးသီးစွာ ပြုံးပြီး သူမစိတ်ထဲက အကြံအစည်ကို ပြောပြလိုက်သည်။

 

“နင် စီးပွားရေးလုပ်ချင်လို့လား”

 

“ဟုတ်ပါတယ်” ကျီကျောက်က ခေါင်းညိတ်လိုက်သည်။ “ကျီမိသားစုရဲ့ နည်းပါးလှတဲ့ ပိုင်ဆိုင်မှုကြောင့် ကျီချန်နဲ့ ကျွန်မ အနှေးနဲ့ အမြန်ဆိုသလို ငတ်သေလိမ့်မယ်၊ ဒါ့ကြောင့် ကျွန်မ အစီအစဉ်တွေကို ကြိုချထားချင်တယ်။”

 

“လာ နင်တို့ အကြီးဆုံးအစ်ကိုတို့ဆိုင်ကိုသွားပြီး သူ့ကို မေးကြည့်ရအောင်” ကျောက်လန်ဟွာက သူမကို‌ခေါ်ကာ ရှန်းမိသားစု အစာသွပ်ဆိုင်သို့ အရှိန်မြှင့်ပြီး သွားခဲ့လေသည်။

 

ထိုအချိန်တွင် ရှန်းတာ့လန်သည် ဧည့်သည်များကို ဧည့်ခံနေလေသည်။

 

ရှန်းမိသားစု၏ မုန့်အချိုများကို မြည်းစမ်းပြီးနောက် ဧည့်သည်က ခေါင်းခါလိုက်သည်။ “ဒါက ဆီများလွန်းတယ်။ ငါတို့သခင်မကြီးက အရသာပေါ့တဲ့ မုန့်တွေကို ကြိုက်တယ်။”

 

“အထွေထွေမန်နေဂျာချင် နောက်တစ်ခုလောက် စမ်းစားကြည့်ပါဦး” ရှန်းတာ့လန်သည် စိုးရိမ်တကြီး သူ့နဖူးပေါ်ရှိ ချွေးတွေကို သုတ်လိုက်မိသည်။ “ကျွန်တော်တို့ ရှန်းကျီဆိုင်က အစာသွပ်မုန့်တွေက ဈေးချိုပြီး အရသာရှိတယ်ဆိုတာ တင်းယွမ်ခရိုင်တစ်ခုလုံး သိကြတယ်။ ဘာဖြစ်လို့ နောက်တစ်ခုလောက် ထပ်မစားကြည့်ရတာလဲ။”

 

“သူဌေးရှန်း ငါ မင်းကို မျက်နှာသာမပေးချင်တာ မဟုတ်ဘူး၊ ဒါပေမယ့် မင်းရဲ့ ပဲစိမ်းကိတ်မုန့်က အရမ်းချိုလွန်းတယ်။ ငါ့သခင်မကြီး မကြိုက်မှာကို ငါကြောက်တယ်။”

 

“ရှင်တို့သခင်မကြီးက ဘယ်လိုအစာသွပ်မုန့်မျိုးကို ကြိုက်နှစ်သက်လဲဆိုတာ ဒီကဧည့်သည်ကို မေးလို့ရမလားရှင့်။” ကျီကျောက်က ရှေ့သို့ အလျင်စလိုလှမ်းလျှောက်လာပြီး အပြုံးဖြင့် မေးမြန်းလိုက်သည်။

 

“မင်းက…” အထွေထွေမန်နေဂျာချင်က မျက်မှောင်ကြုတ်ပြီး သူ့ရှေ့က ကောင်မလေးကို သေသေချာချာ ကြည့်လိုက်ရင်း သူ့အကြည့်တွေက ပိုနက်နဲလာခဲ့သည်။

 

“တတိယခယ်မ၊ အမေ ဘယ်လိုဖြစ်လို့ ဒီကိုရောက်လာတာလဲ” ထိုအခါမှသာ ရှန်းတာ့လန်သည် ဆိုင်တံခါးအပြင်ဘက်မှာ ရပ်နေတဲ့ သူ့မိသားစုဝင်တွေကို သတိပြုမိခဲ့သည်။ သူက အလျင်စလို ရှင်းပြခဲ့သည်။ “အထွေထွေမန်နေဂျာချင် ဒါက ကျွန်တော့်အမေ၊ ဒါကတော့ ကျွန်တော့်ရဲ့ တတိယခယ်မပါ။”

 

“အမေ ဒါက ချင်မိသားစုရဲ့ အထွေထွေမန်နေဂျာပါ။”

 

ချင်မိသားစုသည် တင်းယွမ်ခရိုင်တွင် အချမ်းသာဆုံးဖြစ်ပြီး တင်းယွမ်ခရိုင်တစ်ခုလုံးရှိ လူတိုင်းက သူတို့အကြောင်း သိကြသည်။

 

ကျောက်လန်ဟွာက သဘောကောင်းမနောကောင်းအပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ “ချင်မိသားစုရဲ့ အထွေထွေမန်နေဂျာက အရမ်းအရည်အချင်းရှိတယ်လို့ ကျွန်မသားကြီးဆီကနေ ကြားဖူးပါတယ်။ ဒါပေမယ့် မန်နေဂျာချင်က ဒီလောက် ငယ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။”

 

“ချီးကျူးလွန်းရာကျနေပါပြီ” အထွေထွေမန်နေဂျာချင်က ကျိုးနွံစွာ ပြုံးပြလိုက်သော်လည်း သူ့မျက်ဝန်းရှိ မောက်မာမှုက ပျောက်မသွားခဲ့ပေ။

 

“အထွေထွေမန်နေဂျာချင် ရှင် ကျွန်မမေးတဲ့မေးခွန်းကို အခု ပြန်ဖြေပေးနိုင်မလား” ကျီကျောက်က ပြုံးပြီး ခိုင်မာစွာ မေးမြန်းခဲ့သည်။ “ရှင့်ရဲ့ တောင်းဆိုမှုကို တစ်ချက်ရှင်းပြပေးပါ။ ကျွန်မတို့ရှန်းကျီက ရှင်တို့ သခင်မကြီးချင် ကြိုက်နှစ်သက်နိုင်မယ့် အစာသွပ်မုန့်လုပ်နည်းကို သေချာပေါက် ရှာတွေ့မှာပါ။”

 

“သူဌေးရှန်း မင်းခယ်မက ငယ်ပေမယ့် သူ့လေကတော့ အတော်ကြီးတာပဲ” အထွေထွေမန်နေဂျာချင်က ကျီကျောက်ကို ချက်ချင်းကြည့်ကာ ရွှင်မြူးစွာ ကြည့်လိုက်သည်။

 

“တတိယခယ်မ” ရှန်းတာ့လန်က ကျီကျောက်ကို အလျင်စလို မျက်စပစ်လိုက်ပြီး အထွေထွေမန်နေဂျာချင်ကို တောင်းပန်လိုက်သည်။ “ကျွန်တော့်ရဲ့ တတိယခယ်မက ငယ်ပါသေးတယ်။ အထွေထွေမန်နေဂျာချင်က ကျွန်တော့်မျက်နှာထောက်ပြီး ခွင့်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

 

“အထွေထွေမန်နေဂျာချင် ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်း ပြောပါ။ ကျွန်မတို့ရှန်းကျီးက သခင်မကြီးချင်ရဲ့ အရသာနဲ့ လိုက်ဖက်တဲ့ အစာသွပ်မုန့်တွေ လုပ်ပေးနိုင်မယ်လို့ ကျွန်မ အာမခံပါတယ်” ကျီကျောက်က မျက်ခုံးပင့်ကာ ယုံကြည်မှုအပြည့်နဲ့ ပြုံးပြလိုက်သည်။

 

“ကောင်းပြီ” အထွေထွေမန်နေဂျာချင်သည် သူမ၏ ယုံကြည်ချက်ပြည့်ဝနေသော အသွင်အပြင်ကြောင့် အနိုင်ယူခံလိုက်ရသည်။ “ဒါဆို ကျွန်တော် ရှန်းမိသားစုကို အချိန် နောက်တစ်ရက် ထပ်ပေးမယ်။ ဒီနေ့ ညနေ အစာသွပ်မုန့်တွေ ထပ်မြည်းစမ်းကြည့်မယ်။ တကယ်လို့ မင်းတို့ရဲ့ အစာသွပ်မုန့်တွေက ငါတို့သခင်မကြီးရဲ့ စားချင်စိတ်နဲ့ ကိုက်ညီမယ်ဆိုရင် ဒီနေ့ကစပြီး နောက်သုံးနှစ်အထိ မင်းတို့ရှန်းမိသားစုရဲ့ အစာသွပ်မုန့်တွေကို ငါတို့ မှာယူမယ်လို့ ဆုံးဖြတ်ပြီးပြီ။”

 

“ဒါဟာ သဘောတူညီချက်တစ်ခုပဲ”

 

“ဒါပေမယ့် မင်းလုပ်ထားတဲ့ အစာသွပ်မုန့်တွေက ငါတို့သခင်မကြီးကို စိတ်မကျေနပ်စေဘူးဆိုရင် ဘယ်လိုလုပ်မလဲ။”

 

“ချင်မိသားစုအိမ်တော်မှာ ကိုယ့်ကိုယ်ကို ရောင်းချပြီး အိမ်အကူအဖြစ် တစ်နှစ်လုပ်ပေးမယ်။”

 

“သဘောတူတယ်။”