Ch 20
Viewers 12k

အခန်း (၂၀) – တောင်းပန်ပါတယ်၊ ကိုယ်မင်းကို အထင်လွဲသွားမိတယ်

 

“ဘာလဲ။ ဘာဖြစ်တာလဲ” ကျောက်လန်ဟွာသည် ကျီကျောက်၏ ထိတ်လန့်နေသော မျက်နှာအမူအရာကြောင့် မျက်လုံးပြူးကာ မေးလိုက်မိသည်။

 

“မြွေ…”

 

ကျီကျောက်သည် စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်ပြီးနောက် ကျောက်လန်ဟွာနှင့် တစ်လက်မမျှသာဝေးသော ချုံပုတ်ထဲတွင် အနီရင့်ရောင် အဆိပ်ပြင်းမြွေကြီးကို အကြည့်မလွဲစတမ်းကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်၊ “အမေ၊ မလှုပ်နဲ့။”

 

ကျောက်လန်ဟွာသည် အလွန်ထိတ်လန့်သွားပြီး အသက်ရှုရန်ပင် မေ့လျော့သွားခဲ့သည်။ သူမ၏ ချောမွတ်နေသော နဖူးပြင်ပေါ်မှ ချွေးသီးချွေးပေါက်ကြီးများ ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။

 

ကျီကျောက်သည် အသက်ပြင်းပြင်းရှုရင်း စိတ်ခံစားချက်များကို ချိန်ညှိကာ ကျောက်လန်ဟွာ၏ လက်ထဲမှ တံစဉ်ကို လျှပ်စီးသမျှ အရှိန်ဖြင့် အဆိပ်ပြင်းမြွေကို အပြင်းအထန် ခုတ်ပိုင်းလိုက်သည်။

 

“ကျီအာ့ထောင်၊ မင်း ဘာလုပ်နေတာလဲ။”

 

ရုတ်တရက် စူးရှသောအသံတစ်ခု သူမ နောက်ကျောဘက်ကနေ ကြားလိုက်ရသည်။ ကျီကျောက်၏ လက်က တုန်ယင်သွားပြီး သူမလက်ထဲက တံစဉ် နေရာရွေ့သွားခဲ့သည်။ သူမသည် မြွေ၏ အားနည်းချက်ကို ခုတ်မိရမယ့်အစား သူမ၏ လက်ကောက်ဝတ်ကို မြွေကိုက်ခံရလေ၏။

 

ရှူး…

 

သူမ၏ လက်ကောက်ဝတ်မှ ရုတ်တရက် နာကျင်မှုကြောင့် ကျီကျောက်တစ်ယောက် ပင့်သက်ရှိုက်မိသွားသည်။

 

ကျီကျောက်သည် သူမ၏ လက်ကောက်ဝတ်ရှိ အဆိပ်ပြင်းမြွေကို ဖယ်ထုတ်ရန် အသည်းအသန် ကြိုးစားခဲ့သည်။

 

အလျင်အမြန်ရောက်ရှိလာသော ရှန်းယောင်သည် ဤမြင်ကွင်းကိုမြင်လိုက်သောအခါ သူ့နှလုံးသား နစ်မြှုပ်သွားသည်။ သူက အခွင့်အရေးကို လျင်မြန်စွာ ဆုပ်ကိုင်ပြီး မြေ၏ အားနည်းချက်နေရာကို ဖမ်းဆုပ်လိုက်သည်။

 

“ကျွန်မ…” ကျီကျောက်သည် အကျိုးအကြောင်းကို ရှင်းပြခါနီးမှာ ရုတ်တရက် သူမ၏ အမြင်တွေ အမှောင်ကျသွားခဲ့သည်။ အဆုံး၌ သူမသည် မြေပြင်ပေါ် လဲကျသွားပြီး သတိလစ်သွားခဲ့သည်။

 

မိုးမချုပ်ခင် ကျီကျောက်၏ မျက်လုံးတွေ ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။

 

သူမ၏ အမြင်အာရုံကို စိမ်းဖန့်ဖန့် တဲခေါင်မိုးက မိတ်ဆက်လိုက်သည်။ သူမ မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး သူမ၏ အကြည့်တွေက ဗလာကျင်းပြီး အင်အားမရှိသည့်ပုံပင်။

 

“မင်း… အဆင်ပြေရဲ့လား” ရှန်းယောင်က ကုတင်နားသို့ လျှောက်လာပြီး နူးညံ့စွာ မေးလိုက်သည်၊ “မင်း ဘယ်နေရာက မသက်သာသလို ခံစားနေရသေးလဲ။”

 

“ကျွန်မ…” ကျီကျောက်သည် ခေါင်းလှည့်ကို သူ့ကို ကြည့်လိုက်သည်။ ဒီအခိုက်အတန့်မှာ သူမ ရှင်းပြချင်နေပြီး သူမ ရုတ်တရက် အရမ်းဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။ သူမ၏ မျက်ရည်တွေက ကျိုးပျက်သွားတဲ့ ပုလဲလုံးလေးတွေကဲ့သို့ စီးကျလာခဲ့သည်။

 

“ကိုယ် တောင်းပန်ပါတယ်။ ကိုယ် မင်းကို အထင်လွဲသွားမိတယ်” သူမ ငိုနေတာကိုမြင်တော့ ရှန်းယောင်က ပိုလို့တောင် အပြစ်ရှိသလို ခံစားလိုက်ရသည်။

 

“အဝေးကနေ လှမ်းကြည့်လိုက်တော့ မင်း ကိုယ့်အမေကို ဒုက္ခပေးတော့မယ်လို့ထင်ခဲ့မိတာ၊ ဒါ့ကြောင့် ကိုယ် မင်းကို လှမ်းတားခဲ့တယ်… မင်း တံစဉ်ကို ကိုင်ထားတာက အဆိပ်ပြင်းမြွေကို ပိုင်းဖြတ်ဖို့ဆိုတာ ကိုယ် မသိခဲ့ဘူး” ရှန်းယောင်က ပွင့်ပွင့်လင်းလင်း ရှင်းပြသည်၊ “သမားတော်က မင်းကို လာကြည့်ပြီးသွားပြီ။ မင်း အသက်အန္တရာယ်မရှိတော့ဘူး၊ ဒါပေမယ့် မင်း ဂရုတစိုက် ဆေးသောက်ဖို့တော့ လိုအပ်နေတုန်းပဲ။”

 

“အင်း” ကျီကျောက်က သူမကိုယ်တိုင် ကြိုးစားပြီး ထထိုင်ချင်ပေမယ့် သူမ၏ ညာဖက် လက်ကောက်ဝတ်က ရုတ်တရက် နာကျင်မှုကြောင့် သူမ ညည်းညူမိသွားခဲ့သည်။

 

ရှန်းယောင်က ခဏလောက် စဉ်းစားပြီး သူမကို ခေါင်းအုံးမှီဖို့ ကူညီဖို့ ရှေ့တိုးလာခဲ့သည်။ ထို့နောက် သူက သူမ၏ ပခုံးကိုဆုပ်ကိုင်ပြီး ထထိုင်နိုင်ဖို့ ကူညီပေးခဲ့သည်။

 

“ကျေးဇူးပါ” ကျီကျောက်က တိုးသဲ့စွာ ပြောလိုက်သည်။

 

“မင်း ဆေးအရင်သောက်လိုက်ဦး” ရှန်းယောင်က စိတ်မသက်မသာနဲ့ သူ့လက်ကို လွှတ်လိုက်ပြီး လှည့်ထွက်သွားခဲ့သည်။

 

ကျီကျောက်က ဆေးအမည်းပန်းကန်လုံးကို ကောက်ယူပြီး အသက်အောင့်ကာ တစ်ကျိုက်တည်း သောက်ချလိုက်သည်။

 

သူမကို အံ့အားသင့်သွားစေတာက အဆိုပါဆေးမှာ တကယ်တော့ ချိုမြိန်သယောင်ယောင် ဖြစ်နေခဲ့တာပင်။

 

ရှန်းမိသားစု ပင်မအခန်း။

 

ကျောက်လန်ဟွာက တိတ်ဆိတ်နေတဲ့ ရှန်းယောင်ကိုကြည့်ပြီး တိုးတိုးလေး ရှင်းပြခဲ့သည်၊ “စန်းလန်၊ မင်း အာ့ထောင်အပေါ် စိတ်နှလုံးအထုံးအဖွဲ့ရှိနေသေးတယ်ဆိုတာ အမေ သိပါတယ်၊ ဒါပေမယ့် ဒီနေ့ အာ့ထောင်သာ အမေ့ကို မကူညီခဲ့ဘူးဆိုရင် အမေ အဆိပ်ပြင်းမြွေကိုက်တာ ခံရပြီး ခါးသီးစွာ သေဆုံးသွားလိမ့်မယ်။ ဒါ့အပြင်၊ မနေ့က တောကြက်ရောင်းရတဲ့ ပိုက်ဆံတွေကိုလည်း အာ့ထောင်က အမေ့ကို ပေးခဲ့တယ်။ သူမ တကယ်နောင်တရတယ်လို့ အမေထင်တယ်။ ဒါ့အပြင်၊ သူမ အခုထက်ထိ ကွာရှင်းစာမှာ လက်မှတ်မထိုးရသေးဘူး။ သူမ တကယ်နောင်တရနေပြီလို့ ကျွန်မထင်တယ်။”

 

ရှန်းယောင်က စကားတစ်ခွန်းမှ ဝင်မပြောဘူး။ သူက ခေါင်းငုံ့ထားပြီး သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။

 

ဒေါက်… ဒေါက်…

 

ကျီကျောက်သည် တံခါးဝမှာ ရပ်နေပြီး သူမလက်ကို မြောက်ကာ သစ်သားတံခါးကို ခေါက်လိုက်သည်။ ထို့နောက် သူမသည် ဖျော့တော့စွာပြုံးပြီး “အမေ အချိန်အတော်လင့်နေပြီ။ ကျွန်မ မြေကမ္ဘာဘုရားကျောင်းကို အရင်ပြန်နှင့်လိုက်ပါဦးမယ်” ဟု ပြောလိုက်သည်။

 

ကျောက်လန်ဟွာ၏ ပြန်အပြောကို မစောင့်တော့ဘဲ ကျီကျောက်သည် လှည့်ထွက်လာခဲ့သည်။

 

“အာ့ထောင်၊ ခဏနေဦး” ကျောက်လန်ဟွာက သူမ၏ သားဖြစ်သူကို အမောတတော လှမ်းကြည့်လိုက်သည်၊ “အဆိပ်ပြင်းမြွေက အရမ်းအဆိပ်ပြင်းတယ်လို့ သမားတော်က ပြောတယ်။ အာ့ထောင် များများ အနားယူဖို့ လိုအပ်တယ်။ တတိယလေး၊ နင် ရုတ်တရက် ပေါ်လာပြီး အာ့ထောင် ထိတ်လန့်စေတာကြောင့် မြွေကိုက်ခံလိုက်ရတာကို မမေ့လိုက်နဲ့။ အာ့ထောင်က နင့်ကြောင့်သာမဟုတ်ရင် အဆိပ်ပြင်းမြွေကိုက်ခံရမှာမဟုတ်ဘူး။”