Ch 19
Viewers 3k

(19)


ကျင်းရန်တစ်ယောက် အမှန်တကယ် စိတ်ဆိုးနေပြီဖြစ်ကြောင်းကို ခံစားမိသောကြောင့် ရန်ချင်းလင် သူ၏မျက်နှာပေါ်မှ အပြုံးကို ထိန်းချုပ်လိုက်ပြီး လေးနက်သော အမူအရာနှင့် ပြန်လည် ဖုံးအုပ်လိုက်သည်။


“ရွှယ်ကျန်း၊ မပြန်ပါနဲ့၊ ကျွန်တော့်ရဲ့အိမ်က ကျောင်းနဲ့ တော်တော်လေးဝေးတယ်လေ၊ အခုချိန်ဆို လမ်းမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေလိမ့်မယ်”


“ငါ မြေအောက်ရထားစီးသွားမှာ”


ရန်ချင်းလင် ဇွဲကောင်းစွာနှင့် ဖြောင်းဖြလိုက်တယ်။


“မြေအောက်ရထားပေါ်မှာလည်း လူတွေအရမ်းများနေလိမ့်မယ်၊ တန်းစီရဖို့က နာရီဝက်ကျော်လောက်တောင် ကြာနေမှာ”


ကျင်းရန် လှောင်ရယ်လိုက်သည်။


“ငါ စိတ်မရှိဘူး”


“ညစာအတူစားမဲ့အချိန်က သိပ်မကြာတော့ဘူး၊ ရွှယ်ကျန်း အခုပြန်သွားရင် သူတို့ပြန်လာတဲ့အချိန် နောက်တစ်ကြိမ်ပြန်လာနေရမှာ ဘယ်လောက်ဒုက္ခများလိုက်မလဲ”


ဤသည်ကတော့ အမှန်တကယ် အဓိပ္ပါယ်ရှိသည်ပင်။ သူ့အနေနဲ့ ရန်မိသားစုနဲ့ ညစာအတူစားဖို့ ကျန်ရှိနေသေးသည်။ အရှေ့နှင့်အနောက် အပြန်ပြန်အလှန်လှန် ပြေးလွှားနေရမည်က ပင်ပန်းလွန်းသည်။


ဒါပေမယ့် ဒါအားလုံးက ရန်ချင်းလင် ပြသနာရှာလွန်းနေလို့ပဲ မဟုတ်ဘူးလား!


“တကယ်လို့ ရွှယ်ကျန်းက အချိန်အရမ်းစောလွန်းနေသေးတယ်လို့ ခံစားရရင် ကျွန်တော်တို့တွေ ရုပ်ရှင်ကြည့်ကြမယ်လေ၊ ဂိမ်းလည်းဆော့လို့ရတယ်၊ နေ့လယ်ခင်းတစ်ခုက မြန်မြန်ကုန်သွားလိမ့်မယ်”


ကျင်းရန်၏ အမူအရာက ပြေလျော့သွားကာ အေးတိအေးစက်ဖြင့် ပြောလိုက်သည်။


“နောက်တစ်ခါ မရဘူး”


ရန်ချင်းလင် ပြုံးလိုက်သည်။


“ကောင်းပြီ”


“ဒါဆို အပြင်က မှာလိုက်တော့”


ကျင်းရန် ခေတ္တရပ်လိုက်ပြီး ပြောလိုက်သည်။


“မင်းဖုန်းဆက်လိုက်၊ ငါငွေလွှဲပေးမယ်”


“ကောင်းပြီ၊ ဟော့ပေါ့ဆိုရင် ဘယ်လိုလဲ”


မှာယူလိုက်သည့် ဟော့ပေါ့က ဟိုက်တိလောင် ဆိုင်မှဖြစ်ပြီး ဟိုက်တိလောင်၏ ဝန်ဆောင်မှုကို မခံစားနိုင်သော်လည်း၊ အရသာမှာတော့ ဆိုင်တွင် စားသောက်ရသည်နှင့် များစွာကွာခြားမှုမရှိသည့်အပြင် စျေးနှုန်းလည်း အလွန်ပြောင်းလဲသွားခြင်းမရှိပေ။ လူနှစ်ယောက်စားသောက်ရန်အတွက် ၅၀၀ ယွမ်ဖြစ်ပြီး ပို့ဆောင်ခက ၅၀ သာ ကျသင့်ပေသည်။


ဟော့ပေါ့စားပြီးနောက် အခန်းထဲတွင် ဟော့ပေါ့ရနံ့များ စွဲမြဲကျန်ရစ်ခဲ့သည်။


ရန်ချင်းလင် ထမင်းစားပွဲအား သန့်ရှင်းရေးလုပ်နေခဲ့စဥ် ကျင်းရန်က လေဝင်လေထွက်ကောင်းစေရန်အတွက် တံခါးများနှင့် ပြတင်းပေါက်များကို လိုက်လံဖွင့်လှစ်လိုက်သည်။


“မင်းရဲ့ မိဘတွေက ဘယ်တော့လာမှာလဲ” 

ကျင်းရန် မေးလိုက်သည်။


ရန်ချင်းလင်က အမှိုက်တွေ အားလုံးကို ထုပ်ပိုးပြီး ပြန်ဖြေလာ၏။


“သူတို့က ကျွန်တော့်ရဲ့အဖွားအိမ်ကို အလည်အပတ်သွားနေကြတာ၊ တကယ်တော့ ဒီည ကျွန်တော်တို့အပြင်ကိုထွက်စားမှာ၊ ကျွန်တော့်မိဘတွေက အပြင်က တစ်ခါတည်း ဆိုင်ကိုရောက်လာကြလိမ့်မယ်” 


ကျင်းရန်တစ်ယောက် ရူးသွားလောက်အောင် ဒေါသထွက်တော့မည်မြင်တော့ ရန်ချင်းလင် အလျှင်အမြန် ထပ်ပေါင်းပြောလာသည်။


“နေရာက ဒီအနီးအနားလောက်မှာပဲ၊ ဆယ်မိနစ်လောက်ပဲ မောင်းရမှာ”


ကျင်းရန် : “... မင်းငါ့ကို မင်းအိမ်ကိုရောက်အောင်ခေါ်လာပြီး ဘာလုပ်ချင်နေတာလဲဆိုတာ ငါနားမလည်နိုင်တော့ဘူး”


ရန်ချင်းလင်က လူသားများနှင့် တိရိစ္ဆာန်များ၏ မျက်နှာပေါ်မှ အန္တရာယ်ကင်းစင်သော အပြုံးကို ပြသခဲ့သည်။


“ကျွန်တော်က ရွှယ်ကျန်းကို ကျွန်တော့်ရဲ့ အိမ်တံခါးကို မှတ်မိစေချင်လို့ပါ၊ တခြားဘာမှ မရှိပါဘူး”


“ငါ မကြာခဏလာတော့မလိုမျိုး ပြောနေတာပဲ”


ရန်မိသားစု၏အိမ်က တရုတ်ပုံစံဒီဇိုင်း အလှဆင်မှုများရှိပြီး ၊ အိပ်ခန်းလေးခန်းနဲ့ ခန်းမနှစ်ခန်းအပြင် ဖျော်ဖြေရေးအခန်းနဲ့ အဝတ်အစားခန်းတစ်ခုရှိသည်။ အိမ်၏ အကျယ်အဝန်းဧရိယာကတော့ ကျင်းမိသားစုအိမ်၏ တစ်ဝက်ပဲရှိပေသည်။


သို့သော်လည်း ကျင်းရန်အနေဖြင့် ကွမ်းကျိုးမှအိမ်ယာစျေးနှုန်းများနှင့် ပေကျင်းမှ အိမ်ယာစျေးနှုန်းအကြား ကွာဟချက်အချို့ရှိနေကြောင်းကိုလည်း သေချာပေါက်သိနေခဲ့သည်။


“ရွှယ်ကျန်း ကျွန်တော့်အခန်းထဲ ကို လိုက်ကြည့်ချင်လို့လား” 


ရန်ချင်းလင်မေးလာခဲ့သည်။


ကျင်းရန်သည်လည်း မည်သည်ကိုမျှ ဂရုမစိုက်နေပါချေ။


“သွားရအောင်”


ရန်ချင်းလင်၏ အခန်းပုံစံက တစ်အိမ်လုံး၏ အပြင်အဆင်နှင့် အတော်လေး ကွဲပြားနေခဲ့သည်။ အခန်းက အဓိကအားဖြင့် မီးခိုးရောင်နှင့် အဖြူရောင်ကို သုံးထားခြင်းဖြစ်ပြီး ရိုးရှင်းကာ ထူးခြားမှု မရှိပေ။ အခင်းများ အားလုံးမှာ မီးခိုးရောင်ဖြစ်ပြီး မျက်နှာကျက်တွင်တော့ သဲအိတ်တစ်ခုကို တွဲလောင်းချထားလျှက်ရှိသည်။ 


ကျင်းရန် ထိုသဲအိတ်ကို ရန်ချင်းလင်အဖြစ် စိတ်ကူးကြည့်ကာ တစ်ချက်ထိုးလိုက်ပြီး ချက်ချင်းပင် စိတ်ခံစားချက်များ ပို၍ကောင်းလာသကဲ့သို့ ခံစားလိုက်ရသည်။


အိပ်ခန်းထဲ၌ နောက်ထပ် သိုလှောင်ခန်းတစ်ခု ရှိနေသေးသည်။ ကျင်းရန် တံခါးကိုတွန်းပြီး ဝင်ခါနီးတွင် ရန်ချင်းလင်က ရုတ်တရက် သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ပးမေ့လာလေ၏။


“ရွှယ်ကျန်း၊ ဘာသောက်ချင်လဲ”


ကျင်းရန် အံ့အားသင့်သွားရသည်။


“Coke”


“ရေခဲကြိုက်လား”


“ထည့်မယ်”


ရန်ချင်းလင်က သူ့အတွက် Coke တစ်လုံးယူဖို့ လှည့်သွားချိန်၌ ကျင်းရန်လည်း သိုလှောင်ခန်းတံခါးကနေ ပြန်လည်ထွက်ခွာလာခဲ့သည်။


ယောက်ျားလေး တော်တော်များများက သူတို့၏အရွယ်မှာ စုဆောင်းရခြင်းကို ဝါသနာပါကြလေ့ရှိသည်။


ကျင်းရန်၏ သိုလှောင်ခန်းထဲတွင် Marvel ရုပ်ရှင်များ၊ ဂျပန် animeများနှင့် သက်ဆိုင်သည့်အရာများ စုဝေးလျှက်ရှိသည်။


ရန်ချင်းလင်ကတော့ မည်သည့်အရာကိုစုဆောင်းရသည်လဲ မသိသလို သူ့ကိုလည်း မမြင်စေချင်သည့်ပုံရသည်။


ရှက်စရာကောင်းသည့် အရာတစ်ခုခု ဖြစ်နေနိုင်လောက်လား။


ရန်ချင်းလင်က ရေခဲထည့်ထားသည့် Coke နှစ်ခွက်နှင့် ပြန်လာခဲ့ပြီး ကျင်းရန်၏ မျက်လုံးများက အလွန်အတွေးလွန်နေသည်ကို တွေ့လိုက်ရပြီး အပြုံးတစ်ခုနှင့် မေးလာခဲ့သည်။


“ရွှယ်ကျန်း ဘာကိစ္စရှိလို့လဲ?”


မေ့လိုက်ပါတော့။ မမေးကြရအောင်။ အဲဒီမှာသာ အစစ်အမှန် အမျိုးသမီး/ ထူးခြား/ ဓာတ်ပုံအယ်လ်ဘမ်လိုအရာမျိုးတွေ ရှိနေမယ်ဆိုရင် သူတို့နှစ်ယောက်လုံး အရှက်ရနေလိမ့်မယ်။


ကျင်းရန် Coke ကိုယူကာ တစ်ကျိုက်သောက်လိုက်ပြီး စိတ်ကျေနပ်စွာ သက်ပြင်းချလိုက်သည်။


“ကောင်းလိုက်တာ!”


“ရွှယ်ကျန်း ဘာဂိမ်းကစားချင်လဲ”


ကျင်းရန် ပြန်မေးလိုက်သည်။


“မင်းမှာ ဘာဂိမ်းတွေရှိလဲ”


“PS4၊ Xbox နဲ့ switch တွေမှာ အသုံးများတဲ့ ဂိမ်းတွေ ရှိတယ်၊ ဂိမ်းတွေက စာအုပ်စင်မှာ ရှိတယ်၊ ရွှယ်ကျန်း PC နှင့် ကစားချင်ရင်..” 


ရန်ချင်းလင်က စားပွဲဘေးမှ ကွန်ပျူတာကို လက်ညှိုးထိုးပြလိုက်သည်။


“အဲဒါက အဆင်ပြေတယ်”


ကျင်းရန် ရန်ချင်းလင်၏ဂိမ်းအခွေများကို တစ်ချက်ကြည့်လိုက်တော့ ထိုစုဆောင်းထားမှုက သူနှင့် တူညီလောက်အောင်များပြားနေသည်ကို တွေ့လိုက်ရသည်။


ရန်ချင်းလင်က otaku တစ်ယောက်လုံး လုံးဝတူညီနေခြင်းမရှိသောကြောင့် သူ့အနေဖြင့် ရန်ချင်းလင်ကို ဂိမ်းအမာခံကစားသူတစ်ယောက်ဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။


ကျင်းရန် ဂိမ်းအနည်းငယ်ကို ကောက်ယူကြည့်လိုက်ချိန်တွင် ၎င်းဂိမ်းပေါ်ရှိ ထုပ်ပိုးမှုများမှာ ဖွင့်လှစ်ထားခြင်း မရှိသေးကြောင်းကို တွေ့ရှိခဲ့ရသည်။


“မင်း ဒါတွေကို ဝယ်ထားပြီး မကစားဘူးလား?”


ရန်ချင်းလင် စားပွဲကိုမှီလျှက် မေးလာခဲ့သည်။


“ကျွန်တော့်မှာ အချိန်မရှိဘူးလေ၊ ရွှယ်ကျန်း တစ်ခုရွေးပြီးကစားနေလိုက်လေ၊ ကျွန်တော် ရေချိုးဦးမယ်”


ကျင်းရန် ရှုပ်ထွေးစွာမေးလိုက်သည်။


“ချွေးတောင် မထွက်သေးတာကို နေ့ခင်းဘက်မှာ ဘာလို့ ရေချိုးနေမှာလဲ”


“ဟော့ပေါ့ အနံ့ ကို ရနေတာက သိပ်ပြီးအဆင်မပြေဘူး”


ကျင်းရန်တစ်ယောက် ထိုစကားကိုကြားပြီးနောက် ခေါင်းကိုငုံ့ကာ သူ့၏အဝတ်အစားပေါ်မှ ရနံ့ကို ရှူရှိုက်ကြည့်လိုက်ရာ အမှန်တကယ်ပင် ဟိုက်တိလောင်ဟော့ပေါ့ကဲ့သို့ အနံ့အသက်ထွက်နေခဲ့ပြီး သူ့၏ ကော်လံဖြူသည်လည်း ဆီများဖြင့် စွန်းထင်းနေလေ၏။


ရန်ချင်းလင်၏ မိဘများကို ဤသို့အခြေအနေမျိုးနှင့် မတွေ့ဆုံနိုင်သည်က ထင်ရှားလွန်းပေသည်။


ဒီတော့ ရန်ချင်းလင်က ဟိုက်တိလောင်ကိုမှာယူမယ်ဆိုတဲ့အချိန်တုန်းက သူ ဘာလို့ သဘောတူခဲ့တာလဲ !


“အင်း... ငါ.. ငါလည်း ရေချိုးလိုက်ဦးမယ်”


“ကောင်းပြီ” 


ရန်ချင်းလင်က သဘာဝကျစွာနှင့် ပြောလာခဲ့သည်။


“စကားစပ် ရွှယ်ကျန်းရဲ့ အဝတ်အစားတွေကို ချွတ်ထားချင်လား၊ ကျွန်တော် ရွှယ်ကျန်းအတွက် လျှော်ဖွတ်ပြီး အခြောက်လှမ်းပေးထားလိုက်မယ်၊ ဒါက နှစ်နာရီလောက်အတွင်း ခြောက်သွေ့သွားလောက်ပါတယ်”


ကျင်းရန်: “ဒါဆို ဒါတွေကို လျှော်ထားတဲ့  နှစ်နာရီအတွင်း ငါဘာဝတ်ထားရမှာလဲ”


ရန်ချင်းလင်: “ရွှယ်ကျန်း၊ ရွှယ်ကျန်း စိတ်မရှိရင် ကျွန်တော့်ရဲ့အဝတ်အစားတွေကို ယူဝတ်လို့ရတယ်လေ”


ကျင်းရန်လည်း ထိုအကြောင်းများကိုတွေးတောမနေခဲ့ဘဲ သဘောတူလိုက်လေသည်။ ယောက်ျားလေးများအကြားတွင် တစ်ယောက်၏အဝတ်အစားကို တစ်ယောက် ယူဝတ်သည်က ပုံမှန်အခြေအနေသာဖြစ်ပေသည်။ သူ ရှန်ကျစ်ရှောင်း၏ အိမ်မှာနေတုန်းကလည်း မကြာခဏ ယူဝတ်လေ့ရှိသည်ပင်။


ရန်ချင်းလင် ဗီရိုကိုဖွင့်လိုက်ပြီး ပြန်လှည့်မေးလာသည်။


“ရွှယ်ကျန်း ဘာဝတ်ချင်လဲ”


“ ရိုးရိုးရှင်းရှင်းနဲ့ ပေါ့ပေါ့ပါးပါးဆိုရင် အဆင်ပြေတယ်”


“ အမ်.. ရွှယ်ကျန်း အတွင်းခံ လိုချင်သေးလား”


“... ထွက်သွားစမ်း!”


ဆယ်မိနစ်ခန့်ကြာပြီးနောက် ကျင်းရန်က ရေချိုးခန်းထဲမှ ပြန်ထွက်လာခဲ့သည်။ သူက ရန်ချင်းလင်၏ အဖြူရောင်တီရှပ်ကို ဝတ်ဆင်ထားခဲ့ပြီး သူ့၏ခန္ဓာကိုယ်ပေါ်တွင် စကတ်တိုအဖြစ် ရှိနေခဲ့သည်။


ကံကောင်းထောက်မစွာနှင့် သူက အောက်ဘက်တွင်ဘောင်းဘီဝတ်ဆင်ထားဆဲဖြစ်ကာ ထိုသို့မဟုတ်ပါက တခြားလူကို မျက်နှာချင်းမဆိုင်နိုင်လောက်တော့ပါချေ။


ကျင်းရန် သူနှင့် ရန်ချင်းလင်အကြားမှ အရပ်အမြင့် ကွာခြားချက်ကို နောက်တစ်ဖန်နားလည်ခဲ့ပြီး မမေးဘဲ မနေနိုင်ခဲ့တော့။


“ရန်ချင်းလင်၊ မင်းရဲ့အရပ်က ဘယ်လောက်ရှည်လဲ?”


ရန်ချင်းလင်က ရေစက်များ စွန်းထင်းနေဆဲဖြစ်သော လူငယ်လေး၏ ညှပ်ရိုးကို တစ်ချက်ကြည့်လိုက်သည်။


“၁.၈ မီတာ” 


ကျင်းရန်: “အတိအကျ အဲလောက်ရှိတာလား”


“အမ်”


“… “ 


နည်းနည်းလောက်တောင် မနိမ့် နည်းနည်းလောက်တောင်မမြင်ဘဲ အတိအကျပဲပေါ့။ ဆယ်စင်တီမီတာလောက်တောင် မကွာဘူးလား။


ဒါက နေရာဒေသနှင့်ဆိုင်တဲ့ ကွာခြားချက်ကြောင့်ပဲ!


နေရာ ဒေသကြောင့်ညအရပ်တွေလည်း ကွာသွားတာ!


ရန်ချင်းလင်သည်လည်း ပင်မရေချိုးခန်းထဲတွင် ရေချိုးလာခဲ့ပြီးဖြစ်ကာ သူတို့နှစ်ယောက်လုံးဆီမှ တူညီသည့် ရေချိုးဆပ်ပြာဂျယ်လ်ရနံ့ကို ရရှိနေခဲ့သည်။


“ကျွန်တော် ရွှယ်ကျန်းအတွက် ဆံပင်ခြောက်စက် သွားယူလိုက်မယ်”


“မလိုဘူး” 


ကျင်းရန် သူ့ဆံပင်များကို ဖွလိုက်သည်။


“ဒါက သဘာဝအတိုင်း ခြောက်သွားသွားလိမ့်မယ်၊ ဒီအတိုင်းပဲ စောင့်နေလိုက်မယ်”


“အခုက နွေရာသီမဟုတ်သေးဘူးလေ၊ အအေးမိသွားနိုင်တယ်”


ရန်ချင်းလင် ကျင်းရန်ကို ချော့မောပြောလာသည်။


“ရွှယ်ကျန်း၊ သွား မှုတ်လိုက်ပါ၊ အချိန် ငါးမိနစ်လောက်တောင် ကြာမှာမဟုတ်ဘူး”


ကျင်းရန် ဆံပင်လေမှုတ်စက်ကို ကောက်ယူလိုက်ပြီး မရေရွက်ဘဲ မနေနိုင်ခဲ့ချေ။


“မင်း ဘာလို့ ငါ့အမေလိုမျိုး နေရာတကာလိုက်ပြောနေရတာလဲ”