(11)
မိုးသက်မုန်တိုင်းက အချိန်အတော်ကြာပြီး ပြိုကျနေခဲ့ပြီး လူစုခွဲချိန်သို့ ရောက်သည်အထိ မရပ်တန့်ခဲ့ချေ။ နည်းပြဆရာက အဖွဲ့ကို ဖျက်သိမ်းလိုက်သော်လည်း ထီးမပါသည့်သူများကို ပြန်ခွင့်မပေးခဲ့ပေ။
ကျင်းရန်က ဘောလုံးကစားရန်အတွက် အလွန်အာရုံစိုက်ခဲ့ကာ ပရိသတ်ထဲတွင်စစ်ရေးယူနီဖောင်းများ ဝတ်ဆင်ထားသည့် ကျောင်းသားသစ် လူငယ်အများအပြား ရှိနေသည်ကို သတိမထားမိနိုင်ဖြစ်နေခဲ့သည်။
နှစ်နာရီနီးပါးကြာအောင် ကစားပြီးနောက်တွင် ယောက်ျားလေးများမှာ တစ်ယောက်ပြီးတစ်ယောက် ခွန်အားမျာ ဆုံးရှုံးလာခဲ့ပြီး တချိန်တည်းလိုလို ရပ်တန့်လိုက်မိကြသည်။
စီနီယာ: “ဒီနေ့ ရပ်လိုက်ကြတော့မလား”
လူတိုင်းက ထိုစီနီယာ၏စကားကို သဘောတူခဲ့ကြသည်။
ကျန်းရန် မျက်နှာပေါ်မှ ချွေးများကိုသုတ်ကာ သူ့၏အခန်းဖော်နှစ်ယောက်နဲ့အတူ ကွင်းအစတွင် ရပ်ပြီးရေသောက်လိုက်လေ၏။
ထန်ထန်က လက်ထဲတွင် အားကစားအချိုရည်ပုလင်းကို ကိုင်ထားပြီး အစောပိုင်းကတည်းက သူ့၏ဘေးနားတွင် ရပ်ကာ သူ့ကို မျှော်တလင့်တကြီး ကြည့်နေခဲ့သည်။
ရှန်ကျစ်ရှောင်းက ကျိယွမ်ရှီးအား ဘေးသို့ဆွဲထုတ်လိုက်ပြီး ကျင်းရန်ဆီသို့ ပြောလာသည်။
“ကျင်းရန် သွားလိုက်လေ၊ ငါတို့ စောင့်နေမယ်”
ကျန်းရန် အရှိန်လျှော့လိုက်သည်။
“မင်း ဒီလိုမျိုး ဆက်လုပ်နေတာကတော့ အဆင်မပြေဘူး၊ ငါ မင်းရဲ့အစ်မနှင့် ရှင်းလင်းဖို့ အခွင့်အရေး ရှာပြီး ပြောဦ့မယ်”
“ကျင်းရန်”
ထန်ထန်က သူမ၏လက်ထဲမှ အအေးဘူးကို လှမ်းပေးလာသည်။
“နင့် အတွက်၊ နောက်ဆုံးတစ်ခေါက်တုန်းက ငါ့ကို နို့လက်ဖက်ရည် ဝယ်တိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်”
ကျင်းရန် သူမ၏နောက်သို့ရောက်သွားသည့် အတန်းဖော်များကို တစ်ချက်ကြည့်လိုက်ပြီး သောက်စရာကိုလှမ်းယူလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
သူက အချိုရည်ကို လှမ်းယူလိုက်သော်လည်း တစ်ငုံလောက်တောင် မသောက်ခဲ့ဘဲ ဖုန်းကို လော့ခ်ဖွင့်ပြီး WeChat ကို ဝင်ကြည့်လိုက်သည်။
【လောဘကြီးသူများ ဂရု】
ခယ့်ယန် - အပြင်ဘက်မှာ မိုးတွေသည်းနေတုန်းပဲ၊ မင်းတို့တွေ ဘတ်စကတ်ဘော ခန်းမထဲမှာပဲ ရှိနေသေးလား။
ကျိယွမ်ရှီး: ဟုတ်တယ်၊ ငါပိတ်မိနေတယ် 【ငိုကြွေး】
ခယ့်ယန် : ငါ မင်းတို့ ကို ထီးလာပို့ပေးရမလား၊ ငါ အခု အိပ်ခန်းထဲကိုရောက်နေပြီ
ကျိယွမ်ရှီး: ! ငါမင်းကိုချစ်တယ်ပြောသားပဲ! !
ကျင်းရန်: [ကျေးဇူးတင်ပါတယ် ဘော့စ်.jpg]
တစ်ချိန်တည်းမှာပဲ ထန်ထန်က သူ့ကို ဖိတ်ခေါ်လာခဲ့ချေသည်။
“ကျင်းရန်၊ ငါ ထီးယူလာခဲ့တယ်၊ အတူတူ ပြန်ကြရအောင်လေ”
ကျင်းရန် ပြုံးပြီးပြောခဲ့သည်။
“မလိုက်တော့ဘူး ၊ငါ့အခန်းဖော်က ငါ့ကို လာခေါ်လိမ့်မယ်”
ထန်ထန် သူမ၏နှုတ်ခမ်းကို ကိုက်လိုက်ပြီး သတ္တိမွေးလျှက်ပြောလာသည်။
“ဒါပေမယ့် ငါ နင့်ကို ပြောစရာရှိလို့”
ကျင်းရန် အံ့အားသင့်သွားခဲ့ချေသည်။
“ဒါဆို ငါတို့ အပြင်ကိုထွက်ပြီး စကားပြောကြမလား”
ဤသို့ဖြင့် သူတို့နှစ်ယောက် ဘတ်စကတ်ဘော ခန်းမ၏ ဝင်ပေါက်ဆီသို့ ရောက်လာခဲ့သည်။ ဘေးတံခါးက တင်းတင်းကြပ်ကြပ်မပိတ်ထားသောကြောင့် အပြင်ဘက်မှ လေများ တိုးဝင်လာသည့်အတွက် ကျင်းရန်မှာ အနည်းငယ် အေးစိမ့်မှုကို ခံစားလိုက်ရချေသည်။
ထန်ထန်က သူ့ရှေ့တွင် ရပ်နေခဲ့ပြီး ခေါင်းကိုငုံ့ကိုင်းထားကာ မိုးသံများကြောင့် သူမ၏ အသံက မကြားရလုနီးပါး ဖြစ်နေခဲ့သည်။
“ကျင်းရန်၊ ငါ .. ငါနင့်ကို ကြိုက်တယ်”
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျင်းရန် သက်ပြင်းချလိုက်ပြီး ပြန်ပြောခဲ့သည်။
“တောင်းပန်ပါတယ်”
တစ်ဖက်မှမိန်းကလေး၏မျက်နှာက သူမ၏ဆံပင်ရှည်များဖြင့် ဖုံးကွယ်နေခဲ့သည်။
“ ငါက လုံလောက်အောင် မကောင်းလို့လား”
“မင်းနဲ့ ဘာမှမဆိုင်ပါဘူး”
ကျင်းရန် အပြစ်ရှိသလို ခံစားရစွာဖြင့် ပြောလိုက်သည်။
“ငါက ဒီအတောအတွင်း အချစ်ကိုရှာဖို့အတွက် စိတ်ကူးမရှိသေးဘူး၊ တောင်းပန်ပါတယ်”
ထန်ထန် နှာရှိုက်လိုက်ပြီး ပြုံးဖို့အတွက် ဖိအားပေးလိုက်ရသည်။
“သိပါပြီ၊ ဒါဆို ငါ နင့်ကို ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး ၊ ကျင်းရန် နှုတ်ဆက်ပါတယ်”
မိန်းကလေးက ဆံပင်များကို သပ်တင်လိုက်ပြီး အေးခဲသည့် အမူအရာဖြင့် ထွက်သွားခဲ့ချေသည်။
ကျင်းရန် သူမကို ကြည့်ပြီး စိတ်သက်သာရာရစွာဖြင့် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ သူသည်လည်း ပြန်ဝင်သွားဖို့အတွက် အနောက်ဘက်သို့ ပြန်လှည့်လိုက်ချိန်တွင် သူ့နောက်တွင် ရပ်နေသည့်လူကို မြင်တွေ့သွားရကာ နှလုံးရပ်လုမတတ် ကြောက်ရွံ့သွားရတော့သည်။
“ရန်..ချင်း.. လင်!”
ကျင်းရန် ဒေါသတကြီးနဲ့ ပြောလိုက်သည်။
“မင်း ခွေးကောင်၊ မင်းရဲ့အဖေ စကားပြောနေတာကို ခိုးနားထောင်နေတာလား”
“ခိုးနားထောင်နေတာ မဟုတ်ပါဘူး၊ အနားကနေ ဖြတ်သွားရုံပါပဲ”
ရန်ချင်းလင်က ကျင်းရန်၏အနီးသို့ လျှောက်သွားခဲ့ကာ သူ့ဆီသို့ ငုံ့ကြည့်လာခဲ့သည်။
“အဲဒီရွှယ်ကျဲက အတော်လေးကောင်းသားပဲ၊ ရွှယ်ကျန်း ဘာလို့ သူမနှင့် မကြိုးစားကြည့်တာလဲ”
ကျင်းရန် “အဲဒါက မင်းအပေါ်မှာမူတည်နေတာ မဟုတ်ဘူးလား”
ရန်ချင်းလင် ခပ့်နိမ့်နိမ့်ပြုံးလိုက်လေသည်။
“ကျွန်တော်ကြောင့်လား?”
ရန်ချင်းလင်တစ်ယောက် သူ့၏ရွှယ်ကျန်းက သူ့ကို အဆိပ်ပြင်းသည်ဟု ပြောလာမည်ကို တွေးတောထားပြီးသားဖြစ်သော်လည်း ကျန်းရန်က ခေါင်းညိတ်ပြလာသည်ကို တွေ့လိုက်ရချေသည်။
“ဟုတ်တယ်”
ရန်ချင်းလင်: ငါ အခု ဘာကိုကြားလိုက်တာလဲ ? ?
“ငါတို့တွေက သဘောတူညီချက်အရပဲ လက်ထပ်ထားတာဆိုပေမယ့် တရားဝင်သဘောအရတော့ ငါက အိမ်ထောင်ရှိနေပြီးသားလူပဲ၊ တခြားသူတွေနဲ့ ဆက်ဆံရေးရှိနေမယ်ဆိုတာက ကောင်းမွန်တဲ့ လုပ်ရပ်မဟုတ်ဘူး၊ ဒါကြောင့် မင်းနှင့် မကွာရှင်းမချင်း ငါ တစ်ယောက်ယောက်နှင့် ချစ်မှာမဟုတ်ဘူး”
ရန်ချင်းလင် ခဏမျှ တိတ်ဆိတ်နေပြီး ပြန်မေးလာခဲ့သည်။
“ဒါဆို ရွှယ်ကျန်း ကျွန်တော့်ကို စိမ်းလန်းစေချင်တာကရော”
“မင်းကို ချုပ်ချယ်ဖို့အတွက် ငါ့ရဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို မသုံးနိုင်ဘူး”
ကျင်းရန် ပခုံးတွန့်လိုက်သည်။
“ဒါပေမယ့် မင်း တစ်ယောက်ယောက်နှင့် မတွဲခင်မှာ မင်းရဲ့ လက်ရှိအခြေအနေကို ရှင်းပြထားဖို့ ငါ လေးလေးနက်နက် အကြံပြုထားချင်တယ်၊ တစ်ဖက်လူက စိတ်မရှိဘူးဆိုမှ နောက်တဆင့်ကို တက်ဖို့ စဉ်းစားသင့်တယ်”
ရန်ချင်းလင်: “ဒါဆို ရွှယ်ကျန်း အဲဒီရွှယ်ကျဲကို ဘာလို့ အခြေအနေကို ရှင်းရှင်းလင်းလင်း မပြောလိုက်တာလဲ”
ကျင်းရန် အနည်းငယ် ဒေါသထွက်လာရသည်။
“မင်းမှာ တကယ်ကို ဘာကြောင့်လဲဆိုတဲ့ သောက်မေးခွန်းတွေ 100,000 လောက်ရှိနေတာပဲ! ငါ သူမကို မကြိုက်ဘူး၊ နောက်ပြီး သူမက ဘာလို့ ငါ့ကို သဘောကျတာလဲဆိုတာကိုလည်း ငါ နားမလည်ဘူး၊ ငါ သူမကို ဘာမှ မလုပ်ခဲ့တာ သေချာတယ်”
ရန်ချင်းလင် ပြုံးလိုက်သည်။ သူက အုံ့ဆိုင်းနေသော မိုးကန့်လန့်ကာကို ကျောခိုင်းပြီး တံခါးပေါက်တွင် ရပ်နေခဲ့သည်။
“ရွှယ်ကျန်း၊ ရွှယ်ကျန်း ဘာမှလုပ်စရာ မလိုပါဘူး၊ ရွှယ်ကျန်းသာ အဲဒီမှာ ရပ်နေသရွေ့ လူတွေအများကြီးက ရွှယ်ကျန်းကို ကြိုက်ကြလိမ့်မယ်”
ကျင်းရန် မနှစ်မြို့စွာ ပြောလာသည်။
“မျက်နှာတစ်ခုတည်းကိုပဲ ကြည့်တဲ့ ချစ်ခြင်းမေတ္တာက ကြာရှည်မခံပါဘူး၊ ဖျော်ဖြေရေးအနုပညာနယ်ပယ်ထဲမှာ အဲလိုအခြေအနေတွေ ဘယ်လောက်တောင်များသလဲဆိုတာ မင်းမြင်နိုင်တယ်”
ရန်ချင်းလင် ခေါင်းညိတ်ပြီး ထောက်ခံခဲ့သည်။
“ရွှယ်ကျန်း ပြောတာ မှန်ပါတယ်။”
ထိုအခိုက်တွင့် ခယ့်ယန်က WeChat အဖွဲ့ထဲသို့ သူ ရောက်ပြီဖြစ်ကြောင်းပြောကာ ကျင်းရန်အား မည်သည့်နေရာတွင်ရှိနေသည်လဲဆိုသည်ကို မေးမြန်းလာသည်။
ကျင်းရန်: “ငါအရင်ပြန်နှင့်တော့မယ်”
ရန်ချင်းလင်: “ရွှယ်ကျန်း ထီးယူလာတာလား?”
“ငါ့ရဲ့ အခန်းဖော်က ထီးယူလာပေးတယ်။”
“ကောင်းလိုက်တာ”
ရန်ချင်းလင် ပေါ့ပေါ့ပါးပါးဟန်ဖြင့် ပြောလာသည်။
“ကျွန်တော့်မှာ ထီးလာပေးမဲ့ အခန်းဖော် မရှိဘူး”
ကျင်းရန်: “မင်း ငါတို့နဲ့ လိုက်ချင်နေတာလား”
“ရမလား?”
“ရတယ် ခယ့်ယန်ရဲ့ခန္ဓာကိုယ်က သေးသေးလေးပဲ၊ မင်းသူ့ကို အုပ်မိုးထားလို့ရတယ်”
ရန်ချင်းလင်: “...”
ရန်ချင်းလင်က ကျင်းရန်၏ နောက်မှလိုက်ကာ ကျန်ရှိနေသည့် လူသုံးယောက်ကို လိုက်ပါတွေ့ဆုံခဲ့သည်။
ကျောင်း၏ နတ်ဘုရားနှစ်ပါးက ဘေးချင်းကပ်လျက် လျှောက်သွားသည်ကို မြင်လျှင် လူပေါင်းများစွာက မျက်တောင်မခတ်စတမ်းလိုက်ကြည့်ခဲ့ကြပြီး ရှန်ကျစ်ရှောင်းပင် ပုံမှန်ကဲ့သို့ အားအင်ကုန်ခမ်းနေသည့် ဟန်ပန်မျိုးရှိမနေတော့။
ကျင်းရန် ရန်ချင်းလင်အား သူ့အခန်းဖော်များနှင့် သဘာဝကျစွာ မိတ်ဆက်ပေးခဲ့သည်။
“ဒါက ရန်ချင်းလင်၊ ကျောင်းသားသစ်၊ မင်းအားလုံးသိပြီးသားပဲ၊ သူက ငါတို့နဲ့အတူ ပြန်လိုက်လိမ့်မယ်”
ရန်ချင်းလင်က အပြုံးတစ်ခုနှင့် နှုတ်ဆက်ခဲ့သည်။
“ရွှယ်ကျန်းတို့ကို ဒုက္ခပေးမိပြီ”
မကြာသေးခင်အချိန်ကမှ ရန်ချင်းလင်အား ဖုန်မှုန့်တစ်စဟုပြောခဲ့သည့် ကျိယွမ်ရှီးက စိတ်အားထက်သန်စွာနဲ့ ပြောလာသည်။
“ဟေး ငါတို့တွေက တစ်ကျောင်းတည်းသားချင်းတွေလေ၊ လာစမ်းပါ၊ အဆင်ပြေပါတယ်”
ခယ့်ယန်က သူယူလာသည့် ထီးများကို လူတိုင်းကို ဝေငှပြီး ပြောလာသည်။
“အမ်၊ ငါထီးလေးချောင်းပဲ ယူလာခဲ့တယ်”
ကျိယွမ်ရှီး: “အဆင်ပြေပါတယ်၊ ငါ ရန်ချင်းလင်နှင့် အတူဆောင်းလိုက်မယ်”
ကျင်းရန်: ? ? ?
မင်း ငါ့ကို အမြဲတမ်းအားပေးနေမယ်လို့ပြောခဲ့တာ ဟုတ်လား ? မင်းက တကယ့်ကို ဝက်လက်ပဲ!
“မလိုဘူး”
ကျင်းရန် ထီးကိုဖွင့်လိုက်သည်။
“မင်းတို့တွေ တစ်ယောက်တစ်ချောင်းစီ ဆောင်းလိုက်ကြ၊ လောင်ကျိ .. မင်း ဒီပါးပါးနှင့် အတူလာဆောင်း”
ကျိယွမ်ရှီး: “ဘာလို့ ငါလဲ”
“မင်းရဲ့ အသားရော ၊အရေရောက ထူထဲတယ်လေ၊ ဆူပွတ်နေတဲ့ ရေကိုတောင် မကြောက်ဘူးမလား၊ ဒါကြောင့် မင်းက မိုးရေနှင့်ထိတာလောက်ကို ဖုန်မှုန့်တစ်စလောက်သာသာပဲ သဘောထားနိုင်မှာပဲ”
ကျိယွမ်ရှီးက ဒွိဟဖြစ်စေလောက်အောင် ပြုံးပြလာတယ်။
“ရှင်းပြစရာမလိုပါဘူး၊ မင်းက ငါနှင့် ထီးတစ်လက်ထဲအတူဆောင်းချင်နေတာမလား၊ ငါ သိပါတယ်~”
ကျင်းရန် ရယ်မောလိုက်ပြီး သူ့ကိုကျိန်ဆဲခဲ့သည်။
“ထွက်သွားစမ်း၊ မင်းမျက်နှာပေါ်မှာ ရွှေတွေ ကပ်မနေစမ်းနှင့်”
ရှန်ကျစ်ရှောင်းက နှစ်ကြိမ်လောက် ချောင်းဆိုးပြီး အလေးအနက် သတိပေးလာချေသည်။
“ဟေး၊ လူတိုင်းက မိသားစုဝင်ရှိတဲ့ လူတွေပဲ၊ အထင်အမြင်လွဲစရာတွေ မလုပ်စမ်းနှင့်”
“ရပါတယ်”
ကျိယွမ်ရှီးက ကျင်းရန်၏မျက်နှာကို လှမ်းထိပြီး ပြောလာသည်။
“ငါ့ရဲ့လောင်ဖောက ငါ့ကို ရန်ရန်နှင့်တော့ မနာလိုဖြစ်မှာမဟုတ်ဘူး”
ကျိယွမ်ရှီ၏ စကားမှ ဒုတိယပိုင်းကိုကြားလိုက်ရမှသာ ရန်ချင်းလင်၏ မျက်ခုံးများက အနည်းငယ်ဖြေလျှော့သွားပြီး သတိပေးလာခဲ့သည်။
“ရွှယ်ကျန်း ၊မိုးက နည်းနည်းပါးသွားပုံရတယ်”
ကျင်း ခေါင်းညိတ်ပြလာသည်။
“သွားရအောင်”
ဘတ်စကတ်ဘောခန်းမမှ ယောက်ျားလေးအဆောင်သို့ လမ်းလျှောက်သွားမည်ဆိုပါက ဆယ့်ငါးမိနစ်ခန့်ကြာမြင့်လိမ့်မည်။ ရန်ချင်းလင်က ထီးတစ်လက်ဖြင့် အဆုံးနားတွင် တစ်ယောက်တည်း လျှောက်နေခဲ့ပြီး သူ့၏ရှေ့တွင်တော့ ထီးတစ်လက်ကို အတူဆောင်းနေသည့် ကျိယွမ်ရှီးနှင့် ကျင်းရန်တို့ ရှိနေသည်။
သူတို့နှစ်ယောက်က သူငယ်ချင်းကောင်းများကဲ့သို့ ရယ်မော၍ စကားပြောနေခဲ့ကြသည်။
သူတို့အားလုံးက အားကစားဂျာစီကိုဝတ်ထားကြပြီး လက်မောင်းများက တစ်ယောက်ကိုတစ်ယောက်ထိနေခဲ့ကြသည်။ ကျင်းရန်၏ အသားအရည်က ပို၍ဖြူဖျော့ပြီး မိန်းကလေးတစ်ယောက်၏ အသားအရေကဲ့သို့ နူးညံ့နေပုံရသည်။
ရန်ချင်းလင် ကျင်းရန်၏ လည်ပင်းနောက်ဘက်တွင် တင်နေခဲ့သည့် ရေစက်များကို ခဏကြာအောင် စိုက်ကြည့်ကာ သွားထိပ်သို့ လျှာနှင့် အသာလျက်လိုက်မိချေသည်။