Ch 2
Viewers 3k

(2)


...... နေစမ်းပါဦး။ ချောမောလွန်းလှပါတယ်ဆိုတဲ့ ရန်မျိုးရိုးက အဲဒီလူကြီးလား?!


သူ့ရဲ့ဆံပင်ပုံစံက ချင်မင်းဆက်ရဲ့ ဆံပင်စတိုင်မျိုးထုံးဖွဲ့လို့တောင်ရနေပြီ။ ဒီဗိုက်ခေါက် အဆီသုံးရစ်လောက်ရှိနေတဲ့သူက ဘယ်သူကြီးလဲ?


မား...မားရဲ့အလှတရားပေါ်မြင်တဲ့အမြင်က တကယ်ပဲပုံမှန်ရောဟုတ်ရဲ့လား.......!


ကျင်းရန် အသက်ကိုပြင်းပြင်းရှူလိုက်မိတယ်။ အခုချိန်မှာ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ဆဲလ်တွေက အော်ဟစ်ပြီးငြင်းဆန်နေသလိုမျိုးသာ ခံစားနေရပြီ ။


သူ့အနေနဲ့ ဒီအိမ်ထောင်ရေးကို အလေးနက်မထားဘူးဆိုရင်တောင် ဒီလိုစမ်းသပ်ချက်မျိုးတော့ မလုပ်သင့်ဘူးမလား! 


ခဏအကြာမှာ ဒီလူနဲ့မင်္ဂလာဓာတ်ပုံရိုက်ပြီး မင်္ဂလာပွဲပါ ကျင်းပရမယ်ဆိုတာကို တွေးလိုက်မိတော့ ကျန်းရန်တစ်ယောက် အသက်ရှုကြပ်လုမတတ် မွမ်းကျပ်သွားရတယ်။


သူ အအေးဗူးထဲက ကိုလာတစ်ဝက်ကို တစ်ခါထဲ မော့သောက်လိုက်ပြီး အသက် ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ ထိုစေ့စပ်ထားတဲ့သူဆီကို သေဒဏ်အပေးခံထားရတဲ့လူတစ်ယောက်လို တစ်လှမ်းချင်းလျှောက်သွားလိုက်တယ်။


“ငါ’’


ကျင်းရန် အဲဒီလူရဲ့ ကျယ်ပြောလွန်းလှတဲ့နဖူးကိုကြည့်ပြီး စကားပြောနေတာကိုရပ်တန့်လိုက်မိတယ်။


“ကျင်းရန်ပါ “


“စေ့စပ်ထားတဲ့လူ”က ခေါင်းကိုမော့ကာ စိတ်ရှုပ်ထွေးတဲ့အကြည့်နဲ့ သူ့ကိုကြည့်လာတယ်။


ကျင်းရန် အံကိုတင်းတင်းကြိတ်ရင်း ပြောလိုက်တယ်။


“ဒါက  ဘာလဲ... မြန်မြန်လုပ်ရအောင်...ငါ မင်းကိုတွန်းပေးရမှာလား?”


“စေ့စပ်ထားတဲ့လူ”က စိတ်ရှုပ်စွာပြောလာတယ်။


“ဘာတွေလဲ”


ကျင်းရန်လည်း ရှုပ်ထွေးသွားရတယ်။


“ငါတို့တွေ လက်ထပ်ဖို့မသွားဘူးလား”


ထို”စေ့စပ်ထားသူ”က သူ့ကိုစိတ်မနှံ့တဲ့သူတစ်ယောက်ကို ကြည့်သလိုကြည့်ပြီး ‘’အရူး’’ လို့ပြောရင်း သူ့ရဲ့ဝှီးချဲလ်ကိုတွန်းကာထွက်သွားတော့တယ် ။


ကျင်းရန်: ???


ဒါက ဘယ်လိုအခြေအနေကြီးလဲ???


ထိုအချိန်မှာပဲ လူငယ်တစ်ယောက်ရဲ့အသံက သူ့ရဲ့အနောက်ကနေ ထွက်လာခဲ့တယ်။


‘’ကျင်းရန်လား? ‘’


ကျင်းရန် နောက်ဘက်ကိုလှည့်ကြည့်လိုက်တယ်။


ဒီတစ်ယောက်က အရပ်ရှည်တဲ့ယောကျ်ားလေးတစ်ယောက်ဖြစ်ပြီး ရိုးရှင်းတဲ့အဖြူရောင်တီရှပ်နဲ့ အနက်ရောင်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားတယ် ။ 


သူ့ရဲ့ မျက်လုံးတွေကို ဘုရားသခင်က ကောင်းချီးပေးထားခဲ့ပုံရတယ်။ အလွန်အမင်း ဆွဲဆောင်မှုရှိလွန်းပြီး အပြင်လောကကြီးကို ခုန်ထွက်လာတဲ့ ဂျပန်ကာရိုက်တာ ဇာတ်ကောင်လေးလိုပဲ။


ကျင်းရန် သူ့ရဲ့မျက်နှာကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်ပြီး မေးလိုက်တယ်။


“ မင်းရဲ့ ဝှီးချဲလ်က ဘယ်မှာလဲလိို့ “


မင်းရဲ့ သောက်ခြေထောက် ကျိုးသွားတယ်လို့မပြောခဲ့ဘူးလား?!


“ဟမ်? အဲဒါလား” 


သူကဖြေးဖြေးချင်းပြောလာတယ်။ 


“ကောင်းသွားပြီလေ”


ကျင်းရန် ဒေါသထွက်လွန်းလို့ ရယ်လိုက်မိတယ်။


“မနေ့ကပဲ မင်းရဲ့ခြေထောက်ကျိုးသွားတယ်...ဒီနေ့တော့ ကောင်းသွားပြီလား?”


ထိုကောင်လေးက အလိမ်ပေါ်သွားပေမဲ့လည်း ရှက်ရွံ့ပုံမရဘူး။


“အမ်.. စပရိုက်လေ”


သရဲကိုပဲ စပရိုက်နေလိုက်! မင်းအဖေက လန့်လွန်းလို့ သေတော့မလို့ကွ!!


ကျင်းရန် စိတ်ထဲနေ ထိုတစ်ယောက်ကို လက်ခလယ်ထောင်ပြရင်း အေးတိအေးစက် ပြောလိုက်တယ်။


“သွားတန်းစီရအောင်”


ထိုကောင်လေးကတော့ အလျင်လိုခြင်းမရှိဘူး။


“ တန်းစီဖို့အတွက် တစ်ယောက်ယောက်က ကူညီပေးထားတယ်..  ကျွန်တော်တို့တွေ အချိန်မရွေး လက်မှတ်သွားယူလို့ရတယ် “


“ ဘာကို စောင့်နေအုံးမှာလဲ” 


ကျင်းရန်က စိတ်မရှည်စွာ ပြောလိုက်လေတယ်။ 


“ မြန်မြန်လုပ်ပြီး မြန်မြန်အိမ်ပြန်ရမယ်.. ငါ ဒီည ချိန်းထားတာရှိတယ်”


ထိုကောင်လေးက ကျင်းရန်ရဲ့ ဘေးနားမှာရှိတဲ့  ခရီးဆောင်အိတ်ကို ဝေ့ကြည့်လိုက်ပြီး ပျင်းရိစွာပြောလာတယ်

“ သွားရအောင်”


ကျင်းရန် ထိုလူငယ်လေးရဲ့နောက်ပို တိုက်ရိုက်လိုက်သွားပြီး အတန်းရဲ့ ရှေ့ကို လျောက်လာခဲ့တယ်။ ထို့နောက်မှာ အစက်သုံးဆယ်လောက်ရှိတဲ့ လူလတ်ပိုင်း အမျိုးသားတစ်ယောက်က သူတို့ကို အရင်ဝင်သွားစေခဲ့တယ်။


လူငယ်လေးက ခေါ်လိုက်တယ်။


“ရှုကော”


“ဟေး မင်းတို့တွေ ရောက်လာကြပြီလား”


ထိုလူက ကျင်းရန်ဘက်ကို ဝေ့ကြည့်ကာပြုံးပြလာခဲ့တယ်။


“ဒါက ကျင်းမိသားစုရဲ့ သားမလား? ငါက သူ့ရဲ့ဓာတ်ပုံကို ပြင်ထားတယ်လို့ထင်ခဲ့တာ .. ဒါပေမဲ့ အခုကြည့်တော့ လူက ဓာတ်ပုံထဲကထက် အများကြီးပိုချောတာပဲ”


ကျင်းရန် ယဥ်ကျေးစွာပြုံးပြလိုက်တယ်။


တစ်ဖက်လူက မေးလာတယ် ။


“ မင်းတို့တွေ အကုန်လုံးကို ယူလာကြရဲ့လား? မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားတွေ ယူခဲ့လား?”


ကျင်းရန်: “ ယူလာတယ်”


“မင်းတို့ရဲ့ ဓာတ်ပုံရော ရိုက်ပြီးခဲ့ပျီလား”


ကျင်းရန်နဲ့ ထိုကောင်လေးက တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ကြည့်လိုက်တယ်။


“ မရိုက်ရသေးဘူး”


ထိုကောင်လေးကရှင်းပြလိုက်တယ်။


“ ကျွန်တော်တို့ တွေ့တာ (၁၀)မိနစ်ပဲရှိသေးတယ်”


ထိုလူက ပြောစရာစကားမဲ့သွားရတယ်။


“ဒါဆိုလည်း  ဓာတ်ပုံရိုက်မဲ့နေရာကိုအရင်သွားလိုက်ဦး..  မင်းတို့တွေ ဓာတ်ပုံရိုက်ပြီးတာနဲ့ ခဏအတွင်း ဓာတ်ပုံရလိမ့်မယ်.. တော်တော်လေးမြန်တယ်”


စုံတွဲတွေအများကြီးက ဓာတ်ပုံကို ကြိုရိုက်လာခဲ့ကြတာကြောင့် ဓာတ်ပုံရိုက်ကူးမဲ့နေရာမှာ လူတွေအများကြီးမရှိဘူး။ 


သူတို့ ထိုနေရာကိုရောက်သွားတဲ့အချိန်မှာ ဓာတ်ပုံယူလာဖို့မေ့လာခဲ့ကြတဲ့ စုံတွဲတစ်တွဲသာ ဓာတ်ပုံရိုက်ကူးနေခဲ့တယ်။


အမျိုးသမီးက ဓာတ်ပုံကိုရရှိပြီးတဲ့နောက်မှာ အတော်လေးမပျော်မရှင်ဖနစ်သွားပုံရပြီး သူမရဲ့ပါးစပ်ကို မထိန်းနိုင်တော့ဘူး။


“ကျွန်မတို့ရဲ့  မူရင်းပုံကို အင်တာနက်ပေါ်က နာမည်ကြီးစတူဒီယိုမှာ ရိုက်ထားခဲ့တာ .. ဓာတ်ပုံကိုပြင်ဆင်ဖို့တောင် နာရီနည်းနည်းလောက်ကြာတယ် .. ရှင်ကတော့ တကယ့်ကိုတော်တာပဲ! ဒီပုံထဲမှာ ကျွန်မရဲ့မျက်နှာ ဘယ်လောက်တောင် ကြီးနေလိုက်သလဲဆိုတာကိုကြည့်လိုက်ဦး”


ဤာတ်ပုံဆိုင်ပိုင်ရှင်က သူမရဲ့စကားကိုကြားတော့ ကူကယ်ရာမဲ့စွာ လှမ်းပြောလာတယ်။


“မင်းတို့ရဲ့နာမည်ကြီးစတူဒီယိိုက ဝမ်(၁၀၀)လောက်ပေးရပြီး ကျွန်တော့ဆီမှာတော့ ယွမ်(၂၀)ပဲပေးရတာလေ.. မင်းက ဘယ်လောက်ကောင်းကောင်း လိုချင်သေးလို့လဲ  .. ပြီးတော့ မင်းတို့တွေက အလျင်လိုနေတယ်.. ကျွန်တော်လည်း မင်းတို့ကို ဒီထက်ကောင်းအောင် မလုပ်ပေးနိုင့တော့ဘူး”


အမျိုးသမီးရဲ့ မျက်လုံးတွေက နီရဲလာခဲ့ပြီး နစ်နာနေတဲ့ပုံပေါက်လာခဲ့တယ်။


“ကျွန်မ  ဒီလို ရုပ်ဆိုးတဲ့ပုံကြီးကိုတော့ ကျွန်မတို့ရဲ့ လက်ထက်မှတ်ပုံတင်စာအုပ်ပေါ်မှာ မတင်ချင်ဘူး”


အမျိုးသားက သူမကို အလျှင်အမြန်ဆွဲယူလိုက်ပြီး ချော့မော့လိုက်တယ်။


“ မငိုပါနဲ့.. ဘေဘီ ကိုယ်အခုပဲ ဓာတ်ပုံ သွားပြန်ယူလိုက်ရမလား?”


“ရှင် ပြန်လာတဲ့အချိန်ကျရင် မှောင်သွားလိမ့်မယ်”


“ ဒါဆို ကိုယ်တို့မနက်ဖြန်ကျမှ လက်မှတ်လာယူကြမယ်လေ”


“ မနက်ဖြန်က ချစ်သူများနေ့မှမဟုတ်တာ!”


ဆိုင်ပိုင်ရှင်ကတော့ ထိုအမျိုးသမီးရဲ့ငြင်းခုံသံတွေကြောင့် ခေါင်းပါကိုက်လာရတယ်။ သူက ကျင်းရန်တို့နှစ်ယောက် ရောက်လာတာကိုမြင်တော့ မျက်လုံးတွေက တောက်ပသွားရတယ်။


“မင်းတို့ နှစ်ယောက်လည်း ဓာတ်ပုံရိုက်ချင်လို့လား”


ကျင်းရန် ခေါင်းညိတ်လိုက်တယ်။


“ မင်္ဂလာဓာတ်ပုံ.. အမြန်ဆုံးလုပ်ပေးပါ .. ပြင်နေစရာ မလိုဘူး”


ပိုင်ရှင်က ပြုံးလိုက်ပြီးပြောလာတယ်။


“ ကောင်းပြီ.. ကျေးဇူးပြုပြီး....ကျေးဇူးပြုပြီး”


ပြင်စရာမလိုဘူးဆိုတဲ့ စကားကိုကြားတော့ အမျိုးသမီးက အံ့အားသင့်သွားရတယ်။


သူမ မော့ကြည့်လိုက်တော့ လူချောနှစ်ယောက်က စတူဒီယိုထဲကို လျှောက်လာနေတာကို တွေ့လိုက်ပြီး  ပိုလို့တောင် ဝမ်းနည်းစွာနဲ့ ငိုကြွေးလာတော့တယ်။


“ကျွန်မ.. ကျွန်မလည်း အဲလိုလိုချင်တယ်.. ကျွန်မလည်း ပြင်စရာမလိုတဲ့မျက်နှာကို လိုချင်တယ်လို့...!”


ကျင်းရန်နဲ့ ကောင်လေးက ကင်မရာရှေ့မှာ ဘေးချင်းကပ်ပြီး ထိုင်လိုက်ကြကာ သူတို့ရဲ့ အနောက်မှာရှိတဲ့ အနီရောင်အဝတ်စကတော့ မျက်စိကျိမ်းလောက်အောင် တောက်ပနေခဲ့တယ်။


ကျန်းရန်ကတော့ တစ်ဖက်ကောင်လေးက သူ့ထက်ခေါင်းတစ်လုံးစာလောက် ပိုရှည်နေတာကို သိလိုက်ရပြီး စိတ်ဓာတ်ကျသွားခဲ့ရတယ်။


ကျင်းရန်ရဲ့ အရပ်အမြင့်က(1.78m) ရှိပြီး တောင်ပိုင်းမှာတော့ ဒါကို အတော်လေးမြင့်တယ်လို့ သတ်မှတ်ထားကြတယ်။ သို့ပေမဲ့လည်း မြောက်ပိုင်းမှာတော့ ဒီအရပ်က လုံးဝကို မလုံလောက်သေးဘူး။ 


ကျန်းရန်တစ်ယောက် နေရာဒေသကွာခြားမှုကြောင့်ဖြစ်ရတာဆိုပြီး သူ့ကိုယ်သူဖြေသိမ့်ရုံသာ တတ်နိုင်ခဲ့တယ်။


အခုလိုမျိုး မျက်နှာတန်ဖိုးမြင့်လွန်းတဲ့ စုံတွဲတွေကို မြင်ရခဲတယ်။


ဒါကြောင့် ဓာတ်ပုံဆရာက အလွန် စိတ်ဓာတ်တက်ကြွနေခဲ့ပြီး

စိတ်အားထက်သန်စွာ ပြောလာတယ်။


“နှစ်ယောက်က  နည်းနည်းလောက် ကပ်လိုက်ကြဦး..  ဟုတ်တယ် ဟုတ်တယ်.. အဲလိုမျိုး... ကပ်လိုက်ကြပါဦး.. ရှက်မနေကြနဲ့!”


ကျင်းရန်: “ခင်များ ဒီအတိုင်းရိုက်လိုက်လိုက်လို့ရတယ် .. တကယ်ပြောတာ”


ဓာတ်ပုံဆရာကတော့ မကြားလေဘူး။


“ မင်းတို့နှစ်ယောက် ခေါင်းတွေကို တစ်ဖက်လူဘက်ကို နည်းနည်းလောက်စီစောင်းလိုက်ကြပါဦး.. မင်းတို့ရဲ့ နှုတ်ခမ်းတွေကို နည်းနည်းလောက် ကွေးလိုက်ကြ.. လက်ထက်ပြီးလို့  မင်းတို့တွေ ဖြတ်သန်းသွားရမဲ့ ချိုမြိန်တဲ့ နေ့ရက်တွေကိုတွေးလိုက်....”


ကျင်းရန်က လှုပ်ရှားခြင်းမရှိခဲ့ဘူး။ တစ်ဖက်မှ ကောင်လေးက အရင်လှုပ်ရှားခဲ့တာကြောင့် ကျင်းရန်ရဲ့ ပုခုံးက သူ့ရဲ့ ရင်ဘတ်နဲ့ ထိမိသွားခဲ့တယ်။


“ကလစ်”


ဓာတ်ပုံဆရာက ခလုတ်ကိုနှိပ်လိုက်တယ်။


“နောက်ထပ် ပုံနည်းနည်းလောက် ထပ်ရိုက်ဦးမယ် ..မင်းတို့တွေ ဒီထက်ပိုပြီးပြုံးပါဦး”


“ မလိုတော့ဘူး”


ကျင်းရန် မတ်တပ်ရပ်လိုက်တယ်။


“ ဒီတစ်ပုံဆိုရပြီ”


မကြာခင်မှာပဲ ဓာတ်ပုံထွက်လာတယ်။ 


ဓာတ်ပုံကို တည်းဖြတ်ထုတ်ပေးရတဲ့သူက ထွက်လာတဲ့ပုံကို အရင်ဆုံးမြင်တွေ့ခဲ့ပြီး မတတ်နိုင်စွာနဲ့ အော်လိုက်မိတယ်။


ကျင်းရန် တစ်ချက်လောက် လှမ်းကြည့်လိုက်တယ်။ ဓာတ်ပုံထဲက လူနှစ်ယောက်မှာ တစ်ယောက်က ထူးမခြားနားစွာရှိနေခဲ့ပြီး နောက်တစ်ယောက်ကတော့ ပုံမှန်အတိုင်းသာ ရှိနေခဲ့တယ်။


ဒီဓာတ်ပုံက မင်္ဂလာဓာတ်ပုံရိုက်ထားတာလို့ လုံးဝ မထင်ရဘူး။


ကောင်လေးက ဓာတ်ပုံကိုစိုက်ကြည့်ရင်း တွေးတောကာ ပြောလာတယ်။


“ မင်းရဲ့ မျက်နှာပေါ်မှာ စာလုံး နှစ်လုံးရေးထားတယ်”


“ဘာလဲ?”


“အတင်းအကြပ် လက်ထပ်ခြင်း”


ကျင်းရန် ပြန်မေးလိုက်တယ်။


“ မင်းရဲ့အမေကရော မင်းကိုအတင်းအကြပ်ခိုင်းတာ မဟုတ်ဘူးလား “


ကောင်လေးက ကျင်းရန်ကို ကြည့်ကာ ပြုံးလိုက်တယ်။


“မဟုတ်ဘူး ကျွန်တော်က စေတနာ့၀န်ထမ်းလုပ်ခဲ့တာ”


ကျန်းရန် ကြောင်အ,သွားရပြီး ဘာလို့လဲဆိုတာကို မေးဖို့ လုပ်ပြီးမှ သူက တကယ့်ကို ထိုသို့ဖြစ်ခဲ့တာကို သတိရသွားရတယ်။


ကြည့်ရသလောက် တစ်ဖက်လူကလည်း သူနဲ့ တူညီတဲ့အခြေအနေရှိခဲ့တဲ့ပုံပဲ။ ရန်မိသားစုဆီကနေ အကျိုးကျေးဇူးတွေ အများကြီး ရရှိခဲ့ပြီးနောက် လက်ထပ်ဖို့ သဘောတူခဲ့တာ။


ဓာတ်ပုံရိိုက်ပြီးတဲ့နောက် ကျင်းရန် ငွေချေတော့မဲ့အချိန်မှာပဲ ဆိုင်ရှင်က သူ့ကို အပြုံးနှင့် ရပ်တန့်လာတယ်။


.”ရှောင်တိ.. မင်း ငါတို့ကို ဒီပုံအတွက်ပိုက်ဆံပေးစရာမလိုဘူး .. ငါတို့တွေ မင်းတိို့ရဲ့ပုံကို တိုင်ရဲ့ နမူနာပုံအဖြစ်ထားလို့ရမလား?”


“မေ့လိုက်ပါ” 


တစ်ဖက်ကောင်လေးက ကျင်းရန်မပြောခင်မှာပဲ ဆိုင်ရှင်ကို အရင် ငြင်းဆိုလိုက်တယ်။ သူက ကျင်းရန်ကိုကြည့်လိုက်ပြီး :


“ကျွန်တော့်ရဲ့ ဇနီးကရှက်တက်တယ်”