(1) ပထမဦးဆုံးတွေ့ဆုံခြင်း
ငါ့ရဲ့အမေက ငါ့ကို မင်းနှင့် လက်ထပ်မှတ်ပုံတင်သွားယူဖို့ ပြောလာတယ်...
ကျင်းရန်တစ်ယောက် ဂိမ်းပြီးသွားတာနဲ့တန်းစီတဲ့စနစ်ကနေ ပြန်ထွက်ကာ ကွန်ပျူတာရဲ့ ဘေးမှာချထားတဲ့ဖုန်းကိုလှမ်းယူလိုက်ပြီး မက်ဆေ့အကြောင်းကြားချက်ကို တစ်ချက်ကြည့်လိိုက်တယ်။
ဘော့စ်မား: မနက်ဖြန်ချီရှီပွဲတော်နေ့(တရုတ်ချစ်သူများနေ့)နော်.. မင်း သူနဲ့လက်ထပ်မှတ်ပုံတင်သွားလုပ်ရမှာ။
ကျင်းရန်ရန်ရန်: [မြေအောက်ရထားပေါ်မှ အဖိုးအို သူ့ရဲ့ဖုန်းကိုငုံ့ကြည့်နေ jpg]
ဘော့စ်မား: မင်းမှာ သူ့ရဲ့ဝီချက်အကောင့်ရှိလား
ကျင်းရန်ရန်ရန်: မရှိဘူး။
ဘော့စ်မား: [ အကောင့်ကို recommendပေး{.R} ] သူက မင်းနဲ့စေ့စပ်ထားတဲ့သူပဲလေ.. ပြီးတော့အရမ်းလဲချောပြီး ယောက်ျားပီသတယ်.. မင်း တစ်ဖက်လူနဲ့ စကားပြောကြည့်ပြီး မင်းတို့ကြားထဲက ဆက်ဆံရေးကို တဖြည်းဖြည်းတိုးတက်အောင်လုပ်သင့်တယ်။
ကျင်းရန်ရန်ရန်...(အပြုံး jpg)
ကျင်းရန်က (၁၉)နှစ်သာရှိသေးပြီး သာမန်တက္ကသိုလ်ဒုတိယနှစ်ကျောင်းသားတစ်ယောက်ဘဲ။ သို့ပေမဲ့ လွန်ခဲ့တဲ့တစ်လတုန်းက သူ့ရဲ့မိသားစုက သူ့ကိုပြောလာခဲ့တယ်။ သူက နိုင်ငံခြားကိုထွက်ပြေးသွားခဲ့တဲ့ သူ့ရဲ့၀မ်းကွဲကိုယ်စား ကျင်းမိသားစုရဲ့အကြီးအဆုံးစီးပွားရေးပါတနာဖြစ်တဲ့ ရန်မိသားစုနဲ့လက်ထပ်ရလိမ့်မယ်တဲ့။
အစတုန်းကတော့ ကျင်းရန် ငြင်းဆန်ခဲ့သေးတယ်။ လိင်တူလက်ထပ်တာကို လွန်ခဲ့တဲ့နှစ်(၈၀၀)လောက်ကတည်းက ခွင့်ပြုထားပေမဲ့လည်း သူကတော့ စတီးထက်တောင် ဖြောင့်တန်းတဲ့ အဖြောင့်ကောင်တစ်ယောက်လေ။ သူက လိင်တူလက်ထပ်တာကို လုံးဝစိတ်မဝင်စားဘူး။
သို့ပေမဲ့ ကျင်းမိသားစုရဲ့ပဏာမအိမ်တော်ကနေ သူ့ဆိီပို ကားတွေနဲ့အိမ်တွေနှင့် တစ်လှည််စီ ဆွယ်နေခဲ့ပြီး အထပ်ထပ်အခါခါ လှည့်ပတ်ပြောနေခဲ့တာကြောင့် သူ့အနေနဲ့ တုံ့ဆိုင်းလာခဲ့ရတယ်။
ကျင်းရန်ရဲ့အဘိုးကလည်း သူသာလက်ထပ်ဖို့ လက်ခံလိုက်မယ်ဆိုရင် ရှယ်ယာ10%ပေးမယ်လို့ အတိအလင်းကြေညာလာခဲ့တယ်။
အမျိုးမျိုးသော ဆွဲဆောင်မှုနဲ့အကျပ်ကိုင်မှုတွေအောက်မှာ ကျင်းရန်တစ်ယောက် စိတ်မပါစွာနဲ့ လက်ခံခဲ့ရတယ်။
အဓိပ္ပါယ်မရှိတာ! ဘယ်သူကများ ပိုက်ဆံများများရတဲ့အတွက် ပြသနာများနိုင်မှာလဲ?
ဘာပဲဖြစ်ဖြစ် ဒီလို လူချမ်းသာအသိုင်းအဝိုင်းထဲမှာတော့ ဒီလိုနည်းနဲ့ လက်ထပ်ခဲ့ကြတဲ့ စုံတွဲတွေအများကြီးရှိနေတာပဲ။ သူတို့ခဲမှ အနည်းငယ်လောက်ကသာ တကယ့်စူံတွဲတွေဖြစ်သွားခဲ့ကြမြီးအများစုကတော့ အပေါ်ယံစုံတွဲတွေသာ ဖြစ်လိမ့်မယ်။
ဇိမ်ခံကားတွေ ၊အိမ်တွေနှင့် ရှယ်ယာတွေရဖို့အတွက် လက်မှတ်မှတ်ပုံတင်နှင့် လဲလဲခဲ့တဲ့သူတွေပဲ။
ကျင်းရန်တစ်ယောက် သူ့ရဲ့အမေ ပို့လာခဲ့တဲ့ ဝီချက်အကောင့်ကို စိုက်ကြည့်ရင်းနဲ့ သူ ပြိုင်ကားအသစ်တစ်စီး မောင်းနေရလောက်မဲ့ ခံစားချက်ကိုပုံဖော်လိုက်တယ်။ ထို့နောက် ပျော်ပျော်ရွှင်နဲ့ပဲ တစ်ဖက်လူဆီကို friend requestပို့ပေးလိုက်တော့တယ်။
{သင့်အနေနဲ့ သူငယ်ချင်းဖြစ်ခွင့် ပေးပို့ပြီးနောက် တစ်ဖက်လူ လက်ခံလာမဲ့အချိန်ကိုစောင့်ရန်လိုအပ်ပါတယ်}
ကျင်းရန် သူငယ်ချင်းတောင်းခံမှု ပို့ပြီးတာနဲ့ တစ်ဖက်လူလျစ်လျူရှုလိုက်ကာ တခြားဂိမ်းတစ်ခုဆော့နေခဲ့တယ်။
သူ့ဖုန်းကိုပြန််ကြည့်လိုက်တဲ့အခါမှာတော့ မက်ဆေ့တစ်ခုရောက်နေတာကိုတွေ့လိုက်ရတယ်။
{တစ်ဖက်လူက သင််မိတ်ဖွဲ့လွှာကိုငြင်းဆန်ထားပါတယ်}
ကျင်းရန်:? ? ?
ကျင်းရန် ကိုယ့်ကိုယ်ကိုယ် ရေရွက်ရင်း စာရိုက်လိုက်ရတယ်။
‘ပိုက်ဆံရှာဖို့အတွက် လိုက်လျောညီထွေဖနစ်အောင် နေရမယ်’
“ငါကကျင်းရန်ပါ”
ဒီတစ်ခါမှာတော့ တစ်ဖက်လူက ခပ်မြန်မြန်ပဲပြန်ဖြေလာခဲ့တယ် ။
“ဘယ်သူလဲ’’
......မင်းရဲ့ပါးလေ!
ကျင်းရန်အံ့ကြိတ်လိုက်ပြီး စာရိုက်လိုက်ရပြန်တယ်။
“မင်းနဲ့စေ့စပ်ထားတဲ့သူပဲ လက်ခံလိုက်ဦး”
စက္ကန့်အနည်းငယ်ကြာပြီးနောက်တစ်ဖက်လူက ကျင်းရန်ရဲ့ သူငယ်ချင်းတောင်းခံမှုကို လက်ခံလိုက်တယ် ။
ကျင်းရန်က အဓိပ္ပာယ်မရှိတဲ့ နှုတ်ဆက်စကားတွေပြောမနေတော့ပဲ တိုက်ရိုက်သာ ပြောလိုက်တယ်:
“ငါ့ရဲ့မားက မနက်ဖြန်ကျရင် မင်းနဲ့လက်ထပ်မှတ်ပုံတင်သွားယူဖို့ပြောနေတယ်”
.R: “တိုက်ဆိုင်လိုက်တာ ငါ့ရဲ့မားကလည်း အတူတူပဲပြောခဲ့တယ်”
ကျင်းရန်: “ဒီတော့ မနက်ဖြန်နေ့လည်သုံးနာရီလောက် ထျန်းဟဲခရိုင်ရဲ့ အရပ်ဘက်ဗျူရိုမှာ ဆုံကြမလား?”
.R: “…”
.R: “ငါက ကွမ်ကျိုးမှာမဟုတ်ဘူး”
ဒီအချိန်ကျမှ ကျင်းရန်လည်း ရန်မိသားစုက ဘအေကျင်းမှာနေတဲ့အကြောင်းကို သတိရလိုက်တယ်။
နှစ်ဦးသဘောတူလက်ထပ်စာချုပ်က သူတို့နှစ်ယောက်နေထိုတဲ့နေရာထဲမှ တစ်နေရာမှာ စာရင်းဖြည့်သွင်းရလိမ့်မယ်။ ကျန်းရန်က လက်မထပ်ဖူးပေမဲ့ ဒါကိုတော့ နားလည်နေတုန်းပဲ။
ဒီတော့ အခုသူတို့မှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ သူပေကျင်းကိုသွားမလား ဒါမှမဟုတ် Mr.Rက ကွမ်ကျုံးကိုလာမလားဆိုတာဘဲ။
ကျင်းရန် တုံ့ဆိုင်းမှုမရှိဆုံးဖြတ်လိုက်တယ်။
ကျင်းရန်ရန်ရန်:”ကွမ်ကျုံးကိုလာခဲ့လေ ငါမင်းအတွက်လေယာဥ်လက်မှတ်စီစဥ်ပေးမယ် “
.R: “မလာနိုင်ဘူးလား”
ကျင်းရန်ရန်ရန်:” ??”
.R :ငါ ကင်းထောက်အချိန်အတွင်း ခြေထောက်ကျိုးသွားလို့”
ကျင်းရန်ရန်ရန်:” ... “
ကင်းထောက်နေရင်းနှင့် ခြေထောက်ကျိုးနိုင်တယ်ပေါ့? မင်းက မင်းနောက်နေတယ်ဆိုတာ ငါ မသိမှာကိုကြောက်နေတာလား?
မသန်စွမ်းတဲ့သူတွေကို စာနာတဲ့အနေနဲ့ ကျင်းရန်တစ်ယောက် လက်မှတ်ထိုးရန်အတွက် သူကပဲ ပေကျင်းသွားဖို့ တုံ့တုံ့ဆိုင်းဆိုင်းနဲ့ သဘောတူလိုက်ရတယ် ။
.R: “ဒါဆို တုန်ချန်ခရိုင်အရပ်ဘက်ဗျူရိုရုံးမှာ နေ့လည်၃နာရီတွေ့မယ် “
ကျင်းရန်ရန်ရန်: “1”
ကျင်းရန် ပေကျင်းသွားဖို့အတွက် လက်မှတ်ကို အလျှင်အမြန်ပဲ ဘိုကင်ယူလိုက်တယ် ။ ဒါ့အပြင်သူ့ရဲ့ကျောင်းကလည်း ပေကျင်းမှာရှိနေပြီး ကျောင်းပြန်တက်ရဖို့က၁လကျန်သေးတယ်ဆိုပေမဲ့ သူက ပြန်လာဖွု့အတွက် မတွေးတောထားဘူး။ ဒီ၁လကို သူ့ရဲ့ အခန်းဖော်နဲ့ပဲ အတူနေဖို့ဆုံးဖြတ်လိုက်တယ်။
ကျင်းရန် စိတ်ဆုံးဖြတ်ပြီးနောက် သူ့အခန်းဖော်ရဲ့ဝီချက်ကို ပြန်ရှာလိုက်တယ်။
ကျင်းရန်ရန်ရန်: “ ငါ မင်းရဲ့အိမ်မှာ တစ်လလောက် လာနေမယ်ဆိုရင် အဆင်ပြေလား”
ရှန်ကျစ်ရှောင်” ရတယ်.. အခန်းခက တစ်ရက်ကို ယွမ်၁၀၀၀ ပဲ”
ကျင်းရန်ရန်ရန်: “ မင်းအသားအရည်ပျက်စီးနေတာလား? တစ်ရက်ကို ယွမ်(၁၀၀၀)ဆိုရင် ငါ ဘာလို့ ဟိုတယ်မှာပဲ သွားမနေရမှာလဲ”
ရှန်ကျစ်ရှောင်: “ငါ့အိမ်က ဟိုတယ်ထက်အများကြီးပိုကောင်းတယ်လေ.. ငါ့ရဲ့အသားအရည်ပျက်စီးနေပြီဆိုတာက ဘာကိုဆိုလိုတာလဲ”
ကျင်းရန်ရန်ရန်: “အဓိပ္ပါယ်က မင်းရဲ့မျက်နှာအရည်ပြားကို ဆွဲလှန်ပြီး လွှင့်ပစ်သင့်နေပြီ”
ရှန်ကျစ်ရှောင်: “ မင်းက ထူးဆန်းတဲ့ကွမ်တုန်စကားတွေလာပြောနေတာပဲ ..မင်းဘယ်အချိန်ရောက်မှာလဲ?”
ကျင်းရန်ရန်ရန်: “ မနက်ဖြန် ငါအကျယ်ဆုံးအခန်းကို လိုချင်တယ်.. ကျေးဇူး...[ဦးညွှတ်ရင်းကျေးဇူးတင် jpg]”
ရှန်ကျစ်ရှောင် : ငါမင်းကိုလေဆိပ်မှာလာကြိုရမလား”
ကျင်းရန်ရန်ရန်: “ မလိုဘူး ငါကိစ္စတစ်ခုလုပ်၀ရာ ရှိသေးလို့ .. ပြီးသွားတာနဲ့ ငါမင်းအိမ်ကိုပဲ တန်းလာခဲ့မယ်”
.
ရှန်ကျစ်ရှောင် :[ မင်းကိုစောင့်နေမယ်..jpg]
သူ ဘယ်ကိုသွာမယ် ဘာလုပ်မယ်ဆိုတဲ့ အကြောင်းတင်ပြဖို့ ကျင်းရန် သူ့အမေကိုဖုန်းထပ်ခေါ်လိုက်တယ်။
ကျင်းမားမားက ဒါကိုကြားတော့ စိတ်မကျေနပ်တော့ဘူး။
‘’မင်း အိမ်ကိုရောက်နေတာ ဘယ်လောက်ကြာသေးလို့လဲ...ဘာလို့ မင်းရဲ့မားကိုထားခဲ့ပြီး ထွက်သွားချင်ပြန်ပြီလဲ’’
ကျင်းရန် သာမန်ကာလျှံကာပဲပြောလိုက်တယ်။
“လက်ထပ်မှတ်ပုံတင်ပြီးသွားရင် ကျွန်တော့်ရဲ့လောင်ကုန်းနဲ့ ဟန်းနီးထွက်တာကပုံမှန်ပဲမဟုတ်ဘူးလား... ပြီးတော့ ပါးနဲ့မားကလည်း အိမ်မှာ အမြဲတမ်းရှိနေတာမှ မဟုတ်ဘဲ.. ကျွန်တော်က မားနဲ့ အတူ မလိုက်နေနိုင်သလို မားကလည်းကျွန်တော်နဲ့အတူ ရှိမနေနိုင်ဘူးလေ”
ကျင်းမားမား : ‘’ကောင်းပြီ လက်ထပ်ပြီးတဲ့သားက သွန်လိုက်တဲ့ရေလိုပဲ.. မင်းမှာပိုက်ဆံရှိသေးရဲ့လား’’
ကျင်းရန် : ‘နည်းနည်းလောက်ကျန်သေးတယ်’’
ကျင်းမားမား: “မား မင်းကို နောက်ထပ် မီလီယံဝက်လောက် ထပ်ပေးလိုက်မယ်.. မင်း မင်းရဲ့ ခင်ပွန်းသည်နှင့်တွေ့ရင် ရက်ရက်ရောရောဆက်ဆံပေးလိုက်.. ရန်မိသားစုက မားတို့မိသားစုကိုအထင်မသေးစေနဲ့’’
ကျင်းရန် : “...ကောင်းပါပြီ”
နောက်တစ်နေ့မှာတော့ ကျင်းရန်တစ်ယောက် ဒရိုက်ဘာကို လေဆိပ်သို့ လိုက်ပို့ခိုင်းလိုက်တယ်။ အိမ်ထောင်ပြုတော့မယ့်ကောလိပ်ကျောင်းသားတစ်ယောက်အနေနဲ့ပြောရရင် သူ့ရဲ့ခံစားချက်က အရမ်းကိုတည်ငြိမ်လွန်းနေတယ်။
သူ တစ်ယောက်ထဲတင် မဟုတ်ဘဲ ကျင်းမိသားစုနဲ့ ရန်မိသားစုသည်လည်း အရမ်းကိုတည်ငြိမ်အေးဆေးလွန်းနေတယ်။ သူတို့မိဘတွေ ပြောတဲ့အတိုင်းဆိုရင် လက်ထပ်လက်မှတ်တင်ယူတဲ့ကိစ္စက လူငယ်နှစ်ယောက်ရဲ့ ကိစ္စသာဖြစ်တာကြောင့် သူတို့အနေနဲ့ အများကြီးဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး။
သူတို့နှစ်ယောက် လက်ထပ်ပြီးသွားတဲ့အချိန်ကျမှ သူတို့တွေက ကျင်းနှင့် ရန်ကြားက သူငယ်ချင်းဆက်ဆံရေးကို နှောင့်ယှက်ဖျက်ဆီးလို့မရတဲ့အကြောင်းကို ကြီးကျယ်ခန်းနဲ့တဲ့ ပွဲတစ်ခုခုလုပ်ပြီး လူတိုင်းကို အသိပေးလိမ့်မယ်။
မင်္ဂလာရှိလက်မှတ်သွားယူရမဲ့နေ့မှာ ကျင်းရန်က အပြာရောင်တီရှပ်နဲ့ ကာကီဘောင်းဘီကို ပေါ့ပေါ့ပါးပါးဝတ်ဆင်ခဲ့ပြီး ကျောပိုးအိတ်တစ်လုံးကိုလွယ်ကာ လက်တစ်ဖက်မှာတော့ ခရီးဆောင်အိတ်တစ်လုံးကို ကိုင်ဆောင်လာခဲ့တယ်။
သူက သာမန်လောက်သာဝ တ်ဆင်ထားပေမဲ့လည်း သူ့က ငယ်ရွယ်တဲ့ မိမ်းကလေးအုပ်စုတွေဘေးကနေ ဖြတ်သွားတဲ့အချိန်တိုင်း ထိုမိန်းကလေးအုပ်စုရဲ့မျက်လုံးတွေကတော့ သူ့အပြင်နောက်ထပ် ချောမောတဲ့လူမျိုး မရှိနိုင်တော့သလို သူ့ဆီကိုပဲ အကြာမခွာနိုင်လောက်အောင် လိုက်ကြည့်နေခဲ့ကြတယ်။
ကျင်းရန်က မိန်းကလေးတွေ သူ့ကိုချောင်းကြည့်နေတယ်ဆိုတာကို သိနေခဲ့တယ်။ ဒါကြောင့် သူရပ်တန့်ပြီး ပြန်ကြည့်လိုက်တော့ မိန်းကလေးတွေက ရုတ်တရက် အကြည့်လွှဲသွားခဲ့ကြတယ်။ သူတို့ကအေးတိအေးစက် အပြင့်ဆုံးမုကို ချက်ခင်းပြောင်းသွားခဲ့ကြပြီး သူတို့ရဲ့ဖုန်းကိုသာ ငုံ့ကြည့်ချင်ယောင် ဆောင်နေခဲ့ကြတယ်။
ကျင်းရန် တိတ်တဆိတ်ပြုံးလိုက်တယ်။ ဘယ်လောက်တောင် ချစ်ရာကောင်းလိုက်တဲ့ သဘာဝတရားလေစတွေလဲ။
လေယာဥ်ပေါ်ကဆင်းပြီးနောက် ကျင်းရန်တက္ကစီခေါ်လိုက်ပြီး အရပ်ဘက်ဗျူရိုရုံးကို တိုက်ရိုက် သွားခဲ့တယ်။
သူ ထိုနေရာကို ရောက်ရှိတဲ့အချိန်မှာတော့ သွမယုံကြည်နိုင်ဖြစ်သွားခဲ့ရတယ်။ သူ ကျန်တို ကျိန်ရဲတယ်နော်။ သူ့ရဲ့ ဘဝတစ်သက်တာမှာ ဒီလောက်ထိရှည်လျားတဲ့လူတန်းရှည်ကြီးမျိုးကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးဘူး။
လက်မှတ်ရဖို့အတွက် တန်းစီစောင့်နေတဲ့လူအုပ်ကြီးထဲမှာ အများစုက သာမန်စုံတွဲတွေဖြစ်ကြပြိီး လိင်တူစုံတွဲတွေကတော့ နှစ်တွဲ သုံးတွဲသာရှိတယ်။ အရပ်ဘက်ဗျူရိုရုံးရဲ့ဘေးပတ်လည်မှာလည်း ပန်းဆိုင်တွေနဲ့ ဓာတ်ပုံစတူဒီယိုတွေ ဖွင့်ထားကြပြီး ဒါက တစ်ခါတည်းအပြီးသတ်သွားနိုင်တဲ့ ဝန်ဆောင်မှုလို့ပြောလို့ရတယ်။
ပူလွန်းတဲနွေရာသီကြောင့် ကျင်းရန် ကားပေါ်က ဆင်းတာနဲ့ချွေးတွေထွက်လာခဲ့တယ်။ သူက နေရောင်အောက်မှာ တုံးအ,စွာရပ်နေတာမျိုးတော့ မလုပ်ပါဘူး။
သူ (24)နာရီစတိုးဆိုင်ဆီကိုသွားကာ ကိုလာအအေးတစ်ခွက်ဝယ်ခဲ့ပြီး ပိုက်ဆံရှင်းဖို့စောင့်နေချိန်မှာပဲ we chatကနေ သူ့ရဲ့သတို့သားလောင်းဆီသို့ စာပို့လိုက်တယ်။
ကျင်းရန်ရန်ရန်:” [တည်နေရာ] မင်းကရောဘယ်မှာလဲ”
R: “ဒီနားမှာပဲ”
ကျင်းရန် စတိုးဆိုင်ကနေ အပြင်ကိုထွက်လာခဲ့ပြီး ပတ်ဝန်းကျင်ကို အချိန်အကြာကြီးကြည့်နေပြီးမှ ရုတ်တရက် ပြဿနာတစ်ခုကိုသတိရလိုက်တယ်။
ဖာ့ခ်! သူ ရန်မျိုးရိုးရဲ့ရုပ်ရည်က ဘယ်လိုပုံစံမျိုးလဲဆိုတာ သိမနေဘူး!
ကျင်းရန်ရန်ရန်: “မင်းဘယ်လို အဝတ်အစား ဝတ်ထားလဲ?”
.R: “အဖြူရောင်တီရှပ်နဲ့အနက်ရောင်ဘောင်းဘီ”
ကျင်းရန် ပတ်ဝန်းကျင်ကိုနောက်တစ်ကြိမ်ထပ်ကြည့်နေတုန်းမှာ သူ့ရဲ့မြင်ကွင်းထဲကို လူတစ်ယောက်ဝင်လာခဲ့တယ်။
အဖြူရောင်တီရှပ်နဲ့ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး လမ်းမဘေးမှာတစ်ယောက်ထဲရှိနေကာ ဝှီးချဲပေါ်မှာထိုင်နေခဲ့တယ်။
အရမ်းကောင်းတယ်၊ အရမ်းလိုက်ဖက်တယ်?
ကျင်းရန်ရဲ့အမူအရာက တဖြည်းဖြည်းတောင့်ခဲလာရတယ်။