Ch 27
Viewers 9k

Chapter 27 


“သေရည်ကောင်း၊ ဟင်းကောင်း”



တောနက်ကြီးထဲ ဝင်ရောက်ပြီးနောက် ဖူမင်ယိုက မုလေးနောက်ကနေ လိုက်ပါနေခဲ့၏။



မုလေးနှင့် သူ၏ ညီအစ်ကိုအသင်းအပင်းများက အမဲလိုက်ရာတွင် ကျွမ်းကျင်သူများဖြစ်ကြသည်။ 

ဖူမင်ယိုက အပျော်တမ်းမျှသာ ကျွမ်းကျင်ရာ သူ့နေရာကို ကောင်းကောင်းသိ၍ မုလေးစကားအတိုင်းသာ လုပ်ဆောင်နေခဲ့သည်။



“ခေါင်းဆောင်.. ဟိုမှာ ချေတစ်ကောင်ရှိတယ်”



လီဖန့်သည် အနီးနားရှိ ချေတစ်ကောင်ကို မြင်လိုက်ရပြီး မုလေးကို ချက်ချင်းပြောလိုက်သည်။



မုလေး ခေါင်းညိတ်ပြ၍ မေးသည်။ “ချေရဲ့အသားက စားကောင်းတယ်.. ညီလေးဖူ.. ဘယ်လိုမြင်လဲ”



ဖူမင်ယိုက ခေါင်းညိတ်၍ဆိုသည်။ “ရပါတယ်”


ချေအသားက နူးညံ့ပြီး အရသာရှိ၍ ဝက်သားထက်မညံ့ပေ။


ချေသည် တုံးအသောကြောင့် မုလေးက လောက်လေးခွကိုကိုင်၍ သူ့နဖူးပေါ်သို့ ကျောက်ခဲဖြင့်ပစ်လိုက်သည်။


ဖူမင်ယိုက ချေ၏နဖူးပေါ်မှာ သွေးစိမ်းရှင်ရှင်ကျလာသော အပေါက်ကိုကြည့်၍ မျက်ခုံးပင့်လိုက်သည်။ မုလေးက တကယ့်ကို အားကြီးတာပဲ.. 


မုလေးက ချေကို ဖူမင်ယိုကို၏ ကျောပိုးခြင်းထဲ ထည့်ပေးကာ ပြောလိုက်သည်။ “ဒီနေ့ရဲ့  အဓိကရည်ရွယ်ချက်က မင်းရဲ့တောင်းရမ်းပစ္စည်းအတွက် အမဲလိုက်ပေးဖို့ပဲ… ချေအသားက မဆိုးဘူး.. တောဝက်တစ်ကောင်ပြီးရင် နောက်ထပ်ဘာလိုသေးလဲ”


များလေ ပိုကောင်းလေပါပဲ..


သို့သော် ဖူမင်ယိုက တခြားအရာများကိုပါ စဥ်းစား၍ပြောလိုက်သည်။ “တောဝက်တစ်ကောင်ဆိုရပါပြီ”


အာရုံစိုက်ခံရမှု များလွန်းနေခြင်းက သိပ်မကောင်းပေ။ သူနှင့် ရှယန်ရှီး လက်ထပ်ပြီးလျှင် ကြိုက်သလို လုပ်လို့ရသည်။


မုလေးက ခေါင်းညိတ်ပြီး လူသုံးယောက်ကို တောဝက်၏ခြေရာခံရန် လွှတ်လိုက်သည်။


ဖူမင်ယိုက မုလေး၏ အကြံကိုသိ၍ သဘောတူစွာ ခေါင်းညိတ်ပြသည်။ တောင်နက်ကြီးထဲ၌ သတိထားဖို့ လိုအပ်ဆဲပင်။ လီဖန့်တို့သုံးယောက်လုံးက သိုင်းလေ့ကျင့်ထားသူများဖြစ်၍ သူ့ထက်အများကြီးပိုကောင်းသည်။


လက်ဖက်ရည်တစ်ခွက်ခန့်အကြာ မုဟန်က သူ့လက်ထဲရှိ သစ်ရွက်များကိုမှုတ်လျက် ပြန်ရောက်လာပြီး ကျန်နှစ်ယောက်ကလည်း မကြာမီမှာ ပြန်ရောက်လာသည်။


“ခေါင်းဆောင်..အနောက်တောင်ဘက်မှာ တောဝက်ကောင်းတစ်ကောင်ရှိတယ်”


မုဟန်က သစ်ပင်ပေါ်မှခုန်ဆင်းကာ မုလေးအားပြောသည်။


မုလေးက ခေါင်းညိတ်၍ဆိုသည်။ “သွားမယ်..ခုသွားမယ်”


ဖူမင်ယိုသည် လူအုပ်နောက်မှ တောဝက်ရှိရာသို့ လိုက်သွားသည်။


မကြာမီတွင် တောဝက် ခပ်ဝဝတစ်ကောင်ကို တွေ့လိုက်ရ၏။


“တောဝက်ကောင်းလေးပဲ”


ဖူမင်ယိုက ခေါင်းညိတ်၍ အပြုံးလေးဖြင့် ဆိုသည်။


မုလေးက ဖူမင်ယို မနေ့ကပေးခဲ့သော လေးမြှားကို ချက်ချင်းထုတ်လိုက်သည်။


တောဝက်၏နဖူးကို တည့်တည့်ချိန်ရွယ်ထားရင်း မုလေးက ခလုတ်ဆွဲလိုက်သည်နှင့် မြှားက တောဝက်၏နဖူးကို ချက်ချင်းထိုးဖောက်ဝင်ရောက်သွားသည်။


ပြင်းထန်လှသော နာကျင်မှုကြောင့် တောဝက်က နေရာမှာတင် အော်ဟစ်လိုက်ပြီး ခဏအကြာမှာ အသက်ရှူရပ်သွားသည်။


“တောဝက်ကကြီးလည်းကြီး၊ ဝလည်းဝတယ်”


ဖူမင်ယိုက ရှေ့သို့တစ်ချက်ကြည့်၍ ပြုံးကာပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်… အစ်ကိုမု”


မုလေးအတွက် အမဲလိုက်ခြင်းက အလွန်ရိုးရှင်းသော အလုပ်တစ်ခုဖြစ်သော်လည်း ဖူမင်ယိုအတွက်မူ စိတ်ရှုပ်စရာကိစ္စတစ်ခု ဖြစ်၏။


အမဲလိုက်ခြင်းက ရှုပ်ထွေးတာမဟုတ်ဘဲ အမဲလိုက်ရာမှာ သူ အလွန်ကျွမ်းကျင်သည်ဟူသော အချက်က ပို၍စိတ်ရှုပ်စရာဖြစ်နေတာပင်။


အားလုံး၏အကူအညီဖြင့် တောဝက်ကို ဖူမင်ယို၏ အိမ်ထဲသို့ တိုက်ရိုက်ထမ်းသွားလိုက်ကြသည်။


ရွာသားများနှင့် ဆုံသောအခါ ဖူမင်ယိုက မုလေးနှင့် တခြားသူများကို အမဲလိုက်ပေးဖို့ အကူအညီတောင်းထားသည်ဟုသာ ပြောခဲ့သည်။


ဤသို့ဖြင့် ဖူမင်ယိုက သူ့အား အဘယ့်ကြောင့် အမဲလိုက်ရန် ခေါ်ဆောင်ခဲ့သည်ကို မုလေး နားလည်သွား၏။


အကြောင်းပြချက် ခိုင်လုံစေရန်ပင်။


ဖူမင်ယိုသည် လူတိုင်းမျက်နှာသစ်ရန် ရေခပ်ပေးပြီးနောက် လက်ဖက်ရည်နှင့် မုန့်များ တည်ခင်းလိုက်သည်။


“အစ်ကိုကြီးမု.. အားမနာပါနဲ့.. နေ့လည်စာကို ကျွန်တော့်အိမ်မှာပဲစားပါ.. ဒီချေအရသာကို မြည်းကြည့်လို့ရတာပဲ”


တောဝက်တစ်ကောင်က လက်ဖွဲ့ပစ္စည်းအတွက် လုံလောက်သည်။


ချေသားကတော့ သူတို့မြည်းကြည့်ရုံသာဖြစ်ပြီး အကုန်မစားနိုင်သောကြောင့် ဖူမင်ယိုက ကျန်တာကို ညနေပိုင်းမှာ ရှမိသားစုကို ပို့ပေးဖို့ပြင်ထားသည်။


“ရှောင်ဖူက ထမင်းဟင်းလည်း ချက်တတ်တာလား”


ဖူမင်ယို၏စကားကို ကြားသောအခါ မုဟန်က အနည်းငယ် အံ့သြသွားသည်။


ယခုခတ်မှာ အမျိုးသားများ ချက်ပြုတ်တတ်သည်မှာ ထူးခြားသည်။ လူကြီးလူကောင်းတို့သည် မီးဖိုချောင်မှ ဝေးရာတွင် နေတတ်သည်။ ကျေးလက်က အမျိုးသားများသည်ပင် ဟင်းချက်ခဲသည်။


ဖူမင်ယိုက ပြုံးလျက်ဆိုသည်။ “အရင်က ရှင်သန်ဖို့အတွက် ခဏလောက် ချက်ပြုတ်ခဲ့ဖူးတယ်.. စားလို့ရရုံပါပဲ.. ကျွန်တော့်လက်ရာကို မဝေဖန်ကြနဲ့နော်”


သူသည် ယခင်က နိုင်ငံခြားမှာ အချိန်တစ်ခုအထိ နေဖူးသည်။ အနောက်တိုင်းအစားအစာများ မစားရရေးအတွက် စားဖိုမှူးတစ်ဦးနှင့် အနည်းငယ် သင်ယူခဲ့သည်။

 

“ဟားဟား..ဒါဆို ငါ မီးမွှေးပေးမယ်”


ချန်ရှက ပြုံး၍ ချက်ချင်းပြောလိုက်၏။


သူတို့သည်ကား ဟင်းမချက်တတ်သော်လည်း မီးတော့မွှေးပေးတတ်သည်။


ဖူမင်ယိုက ငြင်းဆန်ခြင်းမပြု။ နေ့လည်စာစားရမည့်အချိန် ရောက်နေ၍ပင်။


ဖူမင်ယိုက သူတို့အား ဘေးမှ ကူလုပ်ခိုင်းခြင်းမရှိဘဲ သူ့ဘာသူ အားလုံးလုပ်လိုက်၏။ မုလေးသည် ဖူမင်ယို ထမင်းဟင်းချက်တတ်သည်ကို အံ့အားသင့်နေပြီး အနည်းငယ် စူးစမ်းလိုစိတ်ဖြင့် တစ်ဖက်လူ ဟင်းချက်တာကို ကြည့်နေ၏။


ဖူမင်ယို၏ ချက်ပြုတ်နည်းမှာ သာမန်လူများနှင့် အနည်းငယ် ကွဲပြားနေ၏။


ဆီ၊ဆားနှင့် ဟင်းခတ်အမွှေးအကြိုင်များကို ရက်ရက်ရောရော သုံးစွဲသည်။ ဟင်းလျာက မွှေးကြိုင်နေ၏။


အပြင်လူများ ရှိနေသောကြောင့် ဖူမင်ယိုက ဝက်ဆီကိုသာ သုံးခဲ့သည်။ သူ တစ်ယောက်တည်းဆိုလျှင် ဒိုင်မန်းရှင်းစနစ်မှ ပစ္စည်းများကို သုံးစွဲမှာပင်။


ဝက်ဆီက အရသာမရှိသော်လည်း ဆီသတ်ရာတွင် အရသာ အတန်အသင့်ကောင်းမွန်သည်။


နေ့လည်စာအတွက် ဟင်းခြောက်မျိုးနှင့် ဟင်းရည်တစ်မျိုး ချက်ပြုတ်ပြီးစီးခဲ့သည်။


“လာ… ကျွန်တော် အရက်ငှဲ့ပေးမယ်” ဖူမင်ယိုသည် သစ်သားစည်ထဲမှ အရက်တစ်ခွက်စီ ငှဲ့ပေးပြီး အပြုံးလေးဖြင့် ဆိုသည်။ “ကျွန်တော် ဒါကို လှည့်လည်ရောင်းချတဲ့ အသည်ဆီက ဝယ်ခဲ့တာလေ၊ အရသာက တော်တော်လေးကောင်းပေမယ့် နောက်နေ့မြို့ပေါ်သွားတော့ သူ မရှိတော့ဘူး”


သူပြင်ဆင်ထားသောဝိုင်သည် သူ့ပစ္စည်းများသာဖြစ်၏။ အရက်ပါဝင်မှုနှုန်းက သိပ်မများဘဲ နှစ်ဆယ်ရာခိုင်နှုန်းလောက်သာရှိသော်လည်း ရှေးခတ်အရက်နှင့် နှိုင်းယှဥ်ပါက အင်မတန်မွှေးပြီး ချို၏။


“ဒီဝိုင်က?”


မုလေးက ကြည်လင်နေသော သေရည်ကိုကြည့်ကာ မျက်လုံးများတောက်ပလာသည်။ ထို့နောက် သတိထား၍ တစ်ငုံသောက်လိုက်၏။ “ကောင်းလိုက်တဲ့အရက်၊ အရမ်းကောင်းတာပဲ” ဖူမင်ယို ယူလာသော အရက်သည် သူသောက်ဖူးသမျှ အရက်တွေထက် ပိုကောင်းသည်။


မုလေးက အရက်ချစ်သူဖြစ်၍ သူ့ပါးစပ်မှ အရက်ကောင်းလို့ပြောလျှင် အမှန်တကယ် ကောင်းပေသည်။ နံဘေးရှိ မုဟန်နှင့် တခြားသူများလည်း အလျင်အမြန် မြည်းစမ်းကြည့်လိုက်သည်။


ချန်ရှက တစ်ငုံသောက်၍ ကျေနပ်အားရမှုဖြင့် သက်ပြင်းချလိုက်၏။ “တကယ်ကောင်းတဲ့ အရက်ကွာ”


နံဘေးရှိ လီဖန့်နှင့် မုဟန်တို့သည်လည်း သဘောတူသလို ခေါင်းညိတ်ပြ၏။ သူတို့သောက်ဖူးသမျှအရက်ထဲမှ အကောင်းဆုံးနှင့် အမွှေးရှဆုံးပင်။


ဖူမင်ယိုက တစ်ငုံနှစ်ငုံသောက်ပြီး ပြောလိုက်၏။ “စားရင်းနဲ့ သောက်ကြပါဗျာ၊ ကျွန်တော်က ပုံမှန်ရက်တွေဆို သိပ်မသောက်ဘူး… ခင်ဗျားတို့အတွက် နောက်မှ ခွဲထည့်ပေးလိုက်မယ်.. ဒီအရက်တွေကုန်အောင် ကူညီတယ်လို့ပဲ သဘောထားလိုက်ပါ”


မုဟန်က အားရပါးရ ရယ်လိုက်၏။ “ဟားဟား.. ဒါဆို ကောင်းတာပေါ့ကွာ.. ညီလေးဖူ ငါတို့အားမနာတော့ဘူးနော်”


ဤအရက်က အမှန်တကယ် အရသာရှိလှ၍ သူတို့လုံးဝ လက်လွှတ်မခံနိုင်ပေ။


လူငါးဦးက ဟင်းခြောက်မျိုးနှင့် ဟင်းရည်တစ်မျိုးကို ကုန်အောင်စားလိုက်သည်။ လူတိုင်းက အစားကြီးတာကိုသိ၍ ဖူမင်ယိုက ဟင်းတွေကို ပန်းကန်လုံးကြီးအပြည့် ချက်ထားသည်။