Ch 20
Viewers 11k

Chapter 20

 

[ ဖက်ရှင်ကုမ္ပဏီတစ်ခုသည် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ကာ သားမွှေးများ ရောင်းချခဲ့သဖြင့် ရှင်းချန်တွင်ရှိသော စတူဒီယိုမှာ မွှေနှောက်ရှာဖွေခြင်း ခံခဲ့ရ၏။ ဇွန်လ ၆ရက်နေ့တွင် ကျင်းပမည့် ဖက်ရှင်ရှိုးပွဲကို အဆင်ပြေပြေနှင့် ကျင်းပနိုင်ပါ့မလား ]

 

ထိုသတင်းမှာ အလျင်အမြန် ပျံ့နှံ့သွား၏။ ဖက်ရှင်ရှိုးပွဲ၌ ပါ၀င်ကြမည့် မော်ဒယ်များ၌ ကြီးမားကျယ်ပြန့်သော ဖန်အုပ်စုကြီး ရှိနေသဖြင့် အင်တာနက်‌ပေါ်တွင် ပွက်ပွက်ဆူသွားလေသည်။

 

[ သစ်တောငါးခု: ပွဲစီစဉ်တဲ့သူက ရူးနေပြီပဲ၊ ဖက်ရှင်ရှိုးပွဲဆိုတာ စည်းမျဉ်းတွေကို လိုက်နာသင့်တာ မဟုတ်ဘူးလား ]

 

[ ချင်ချိန်: ကံကောင်းလို့ ငါ့ဇနီးလေးက အဆင်ပြေလို့…ဝူး၊ ဝူး သူမ ဘယ်အချိန် အဲပွဲကနေ ထွက်လာမှာလဲ၊ ဒါမှ ငါလည်း သူတို့ ဘေးကင်းကြောင်း သိရမှာ ]

 

[ ကျွန်တော် ရေခဲမုန့် တကယ်စားချင်တယ်: ယွမ်ယဲ့မီဒီယာက အရမ်းကောင်းတာပဲ၊ တစ်ခုခုဖြစ်လာရင် သူတို့ရဲ့ အနုပညာရှင်တွေကို ခေါ်ဖို့ ကားလွှတ်ပေးတယ်]

 

[ သကြားမကြိုက်သော လီမွန်သီးလေး: ဗွီဒီယိုက တစ်မိနစ်နဲ့ စက္ကန့်၃၀ပဲ ကြာတယ်၊ မင်းတို့ အဲအိုမီဂါကို တွေ့လိုက်ကြလား၊ အနုပညာရှင်တွေ ရှေ့မှာ ရပ်နေတဲ့ သူက ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ် အချိုးအစားရှိတာပဲ ]

 

[ ကွန်ဖူးမာစတာ: အဲတာက တကယ်ပဲ အိုမီဂါလား၊ ဘုရားရေ၊ [သဘောကျကြောင်းပုံ] ]

 

[ ရွှီယွင်ကွေ: စကားမစပ်၊ လုယွမ်ယဲ့ရဲ့ အင်တာဗျူးကို မြင်ပြီးပြီလား၊ သူ့မျက်လုံးတွေက အရမ်းကြမ်းကြုတ်နေတာပဲ [တုန်ယင်နေသောပုံ] ]

 

[ ချူပိုင်: တုန်ယင်နေသောပုံ +1 ]

 

ကုမ္ပဏီသို့ ပြန်သွားနှင့်သော လုယွမ်ယဲ့သည် နောက်ဆုံးရ အစီရင်ခံစာအား ကြည့်ရှုလို့နေ၏။  တိုက်ရိုက် ရိုက်ကူးခဲ့သော  ဗွီဒီယို အပြည့်အစုံမှာ မထွက်လာသေးသော်ငြား အတင်းအဖျင်း မျိုးစုံမှာမူ ထွက်နှင့်လေသည်။

 

“ ဥက္ကဋ္ဌလု၊ ရှင်နဲ့ ပတ်သတ်တဲ့ ဗွီဒီယိုကို ဖိနှိပ်လိုက်ချင်လား ”

 

ထန်ယိက မေးလိုက်၏။

 

လုယွမ်ယဲ့: “ မလိုဘူး ”

 

ထိုဗွီဒီယိုမှာ ပုံမှန်သွင်ပြင်သာဖြစ်ကာ ကုမ္ပဏီပေါ်၌ သက်ရောက်‌မှုလည်း မရှိသဖြင့် ပိုက်ဆံဖြုန်းရန် မသင့်တော်ပေ။

 

သို့သော်ငြား သူ၏ အင်တာဗျူး ဗီဒီယိုနှင့် ယှဉ်ပါက…လုယွမ်ယဲ့မှ သူ့လက်ချောင်းကို ရွေ့ကာ အရည်သွေးမြင့် ဓာတ်ပုံများကို နှိပ့်ကြည့်လိုက်၏။

 

မည်သို့ပင်ဆိုစေ၊ ရှီယိ၏ ဓာတ်ပုံများသည် ကျယ်ပြန့်စွာ ဖြန့်ဖြူးခံခဲ့ရ၏။

 

ရှုပ်ယှက်ခက်နေသော စတူဒီယို၏ နောက်ခံကို ဖိုတိုရှော့သုံးကာ ဝါးထားရာ နောက်ဘက်ရှိ အိုမီဂါများကို ပိတ်ကာထားသော ရှီယိမှာ တစ်ဦးတည်း မတ်တပ်ရပ်လို့နေပြီး အကြည့်များမှာလည်း တည်ငြိမ်ကာ ထက်ရှနေလေသည်။

 

ဓာတ်ပုံများမှာ အရည်အသွေးကောင်းမွန်စွာ ပေါက်ကွဲပေါ်ထွက်လာသဖြင့် အသေးစိတ် အချက်အလက်တိုင်းသည် ပုံကြီးချဲ့ခံထားရ၏။ ရှီယိ၏ မျက်နှာပေါ်၌ ပြစ်ချက်တစ်ခုမှ မရှိဘဲ အသားရည်မှာ ဖြူဖွေးကာ နူးညံ့နေသည်။ ထို့ပြင် နှုတ်ခမ်းပါးများမှာ အနည်းငယ် ဖိကပ်ထားပြီး မျက်ခုံးများကိုလည်း ပင့်ထားသော်ငြား သူ့ပတ်ပတ်လည်ရှိ အရှိန်အဝါမှာမူ အလွန်ပင် အေးချမ်းလွန်းနေ၏။ 

 

ရှီယိ အခြားသူများနှင့် ဆွေးနွေးနေသောပုံများ၊ ရှချန်း၏ ဒဏ်ရာအား ကြည့်ရှုရန် ရှီယိ ဒူးတုတ်ထိုင်နေသော ပုံများနှင့် သူ၏ တည်ငြိမ်စွာ အမိန့်ပေးနေသော ပုံများအားလုံးသည် ဖရိန်ဖြင့် မှတ်တမ်းတင်ခံထားရသည့်အပြင် စတုရန်းကိုးခုအကွက်ထဲသို့ ထည့်ကာ စုစည်းခံရသည်။ ထိုပုံကို ပြန်တင်သော ပို့စ်များမှာ ၁၀,၀၀၀ ကျော်သွားခဲ့၏။

 

[ မြူထုကြီး: သူက တကယ်ပဲ အနုပညာရှင် မဟုတ်ဘူးလား၊ ဘယ်၀န်ထမ်းကများ ဒီလောက် ကြည့်ကောင်းလို့လဲ ]

 

[ Matcha macchiato: ဘယ် အယ်လ်ဖာကများ သူ့ရဲ့ အိုမီဂါလေးကို ဒီလို အပြင်ထွက်၊ လျှောက်ပတ်ပြေးခိုင်းပြီး နားနေနိုင်တာလဲ၊ ကျင့်၀တ်က ဘယ်မှာလဲ၊ တာ၀န်ယူမှု ဆိုတာလည်း ဘယ်မှာလဲ ]

 

[ 37497450: အပေါ်ထပ်ကို စာပြန်ပါတယ်၊ သူက ဖေးယိရဲ့ဥက္ကဋ္ဌဖြစ်တဲ့အပြင် ဒီဇိုင်းဌာနရဲ့ အဓိက တည်ထောင်သူ တစ်ယောက်ပဲ၊ ရိုးရိုး အိုမီဂါ မဟုတ်ဘူးလို့ ]

 

[ ယွီဇီ: သေစမ်း၊ ဥက္ကဋ္ဌ၊ ဒါက ပိုပြီး စိတိလှုပ်ရှားဖို့ ကောင်းတာ မဟုတ်ဘူးလား၊ ပုံကိုကြည့်ပါဦး [ပုံ] ]

 

လုယွမ်ယဲ့မှ ထိုပုံကို နှိပ်ကြည့်လိုက်ရာ ကျန်းချန်၏ ရှီယိအား ထောက်ခံသည့် ပုံဖြစ်ကြောင်း တွေ့လိုက်ရ၏။  ထိုအောက်တွင် သုံးသပ်ချက်တစ်ခုလည်း ပါနေခဲ့သည်: အေးတိအေးစက် ဥက္ကဋ္ဌနှင့် ‌စဉ်းလဲသော ခွေးပေါက်လေး၊ မည်သူက တွန်းပြီး၊ မည်သူက လဲကျမည်နည်း။

 

ကောမန့်နေရာမှာ ဟောင်နေသော သားရဲများ၊ ဝံပုလွေများနှင့် ပြည့်နေခဲ့သည်။

 

လုယွမ်ယဲ့: …

 

“ တစ်ယောက်ယောက်ကို ဒါ ဖျက်ခိုင်းလိုက် ”

 

လုယွမ်ယဲ့မှ ထန်ယိအား ပြောလိုက်၏။

 

“ ဒါတွေလား ”

 

ထန်ယိ ကြောင်အသွားသော်ငြား သူမ၏ လုပ်ငန်းကျွမ်းကျင်မှုများကို မမေ့သေးပေ။

 

“ ဒီပုံတွေက အစတည်းက မသင့်တော်တဲ့ အချက်အလက်လို့ သတ်မှတ်ခဲ့တာကို ထိန်းချုပ်ဖို့ ဘယ်သူမှ မထွက်လာခဲ့ပါဘူး၊ အခုမှ ဖျက်ပစ်ဖို့ နောက်ကျသွားပြီလို့ ထင်ပါတယ် ”

 

ပြောင်းပြောရလျှင် ရှီယိ၏ အရည်သွေးမြင့် ပုံများသည် အ‌‌ခြေခံအားဖြင့် ပျံ့နှံ့သွားပြီးဖြစ်ကာ လူအများစုကလည်း ထိုပုံများကို ‌သိမ်းထားနှင့်လေပြီ။ ထိုအရာများကို မည်ကဲ့သို့  လိုက်ဖျက်နိုင်တော့မည်နည်း။

 

လုယွမ်ယဲ့မှာ စိတ်မရှုပ်ထွေးသွားကြောင်း သတိပြုမိသည့်အခါ ထန်ယိမှ ထပ်ပေါင်း ပြောလိုက်၏။

 

“ ဒါပေမယ့် ကျွန်မတို့ ကြိုးစားပြီးတော့ အဲဒီ့ နာမည်ကြီးတွေကို ဆက်သွယ်နိုင်လောက်ပါတယ် ”

 

လုယွမ်ယဲ့က မှုန်ကုပ်သော မျက်နှာထားဖြင့် ပြောလိုက်၏။

 

“ မလိုတော့ဘူး ”

 

ထန်ယိ: …

 

စတူဒီယိုမှ ပြန်လာပြီးနောက် သူ‌ဌေးမှာ အဘယ်ကြောင့် အလွန် ထူးဆန်းနေရသနည်း။

 

လုယွမ်ယဲ့သည် ဆော့ဖ်ဝဲတစ်ခုကို တည်ငြိမ်စွာ ပိတ်လိုက်ပြီး ဖျက်ရန်ကို နှိပ်လိုက်၏။

 

ထို့နောက် Wechatကို ဖွင့်ကာ ရှီယိထံသို့ မက်ဆေ့ခ်ျပို့လိုက်သည်။

 

[ လုယွမ်ယဲ့: မင်း ဘယ်မှာလဲ ]

 

[ ယိ: ကုမ္ပဏီမှာ ]

 

[ ယိ: နေ့လည်ကျရင် ရှချန်းဆီ ကျွန်တော် သွားမလို့ ]

 

[ လုယွမ်ယဲ့: အတူတူ သွားကြမယ် ]

 

———-

 

အတူတူ သွားကြမယ်တဲ့လား။

 

ရှီယိမှာ ဖုန်းကို ကိုင်ထားပြီး ခေတ္တမျှ အံ့အားသင့်နေခဲ့၏။ လုယွမ်ယဲ့က ရှချန်းကို ထိုမျှပင် တွေ့ချင်နေသည်လား။

 

သူသည် ယခင်က ဖက်ရှင်ရှိုးပွဲ၏ နမူနာပုံများကို ပြန်ကြည့်နေခဲ့၏။ ယခု ရှိုးပွဲ၏ ခေါင်းစဉ်မှာ နုပျိုသော စိတ်ဆန္ဒနှင့် သန့်စင်မှု ဖြစ်သည်။ သူတို့သည် Sika၏ ဖက်ရှင်ရှိုးပွဲ၌ ပထမအကြိမ် ပွဲဦးထွက်ခြင်းဖြစ်ရာ အရာအားလုံးမှာ ကြိုတင်ကာ အစီအစဉ် ချထားပြီးဖြစ်၏။

 

လက်ထောက်ချွီချွီမှ တံခါးခေါက်ကာ ၀င်လာခဲ့ပြီး ပြောလေသည်။

 

“ ပွဲစီစဉ်သူက အခုပဲ ဖုန်းခေါ်ခဲ့ပါတယ်၊ ရှိုးပွဲကို အစီအစဉ်အတိုင်း ဆက်ပြီး ကျင်းပသွားမှာပါတဲ့၊ ရှချန်းရဲ့ နေရာကို အစားထိုးဖို့ မော်ဒယ်တစ်ယောက်ကို ကျွန်တော်တို့ ရှာရမယ့်အပြင် အစမ်းလေ့ကျင့်တာလည်း ပြန်တိုက်ရဦးမယ် ”

 

 “ အိုကေ ”

 

ရှီယိက တုန့်ပြန်လိုက်၏။

 

“ အဆက်အသွယ်ရှိတဲ့ မော်ဒယ်တွေထဲက အဆင်ပြေတဲ့သူကို သွားရှာလိုက်ပါ ”

 

“ ဘော့စ်၊ လူတိုင်းက ဒီချိန်မှာ အလုပ်ရှုပ်နေကြတာ ”

 

ချွီချွီက မျက်နှာမဲ့သွား၏။ သူ့၏ ဝိုင်းစက်စက်မျက်နှာမှာ ပေါင်မုန့်လုံး သဖွယ်ပင်။

 

“ မော်ဒယ်တွေမှာ အစီအစဉ်တွေ ရှိနေတဲ့အပြင် အနုပညာရှင် တော်တော်များများကလည်း ရိုက်ကူးရေး မဟုတ်ရင် ရသစုံရှိုးတွေ ရှိနေကြပါတယ် ”

 

“ အရင်ဆုံး သွားရှာကြည့်ပါဦး ”

 

ရှီယိက ပြော၏။

 

“ ငါ ရှချန်းကို ဒီညနေ အရင်သွားပြီး ကြည့်လိုက်ဦးမယ် ”

 

“ ဟုတ်ပါပြီ ”

 

ချွီချွီမှ ပြန်ဖြေသည်။

 

“ကျွန်တော်သွားပြီး၊ ပြင်ဆင်ထားလိုက်ပါမယ်”

 

ကုမ္ပဏီ၌ နေ့လည်စာ စားပြီးနောက် ရှီယိသည် သူ့အလုပ်များကို သိမ်းလိုက်ကာ လုယွမ်ယဲ့အား မက်ဆေ့ခ်ျပို့လိုက်၏။

 

[ ယိ: ကျွန်တော် အဲကို သုံးနာရီ ၀န်းကျင်လောက် သွားဖြစ်မယ်၊ ခင်ဗျားမှာ အချိန်ရှိလား ]

 

[ လုယွမ်ယဲ့: ရှိတယ် ]

 

ရှချန်းသည် ယွမ်ယဲ့မီဒီယာမှ အနုပညာများအတွက် စီစဉ်ပေးထားသော ယောကျာ်းလေးဆောင်၌ နေသည်။ ထိုနေရာတွင် ဆင်ဂယ်များနှင့် လက်မထပ်ရသေးသော အနုပညာရှင်များ ပြည့်လို့နေ၏။ ပတ်၀န်းကျင်မှာ သီးသန့်ဖြစ်နေသည့်အပြင် လူံခြုံရေးများမှာလည်း နေရာအနှံ့၌ ရှိသဖြင့် နေထိုင်သူများ နှောင့်ယှက်မခံရစေရန် ပြုလုပ်ထားသည်။

 

Volvoကား‌လေးမှာ ထိုအိမ်ရာ အောက်၌ ပါကင်ထိုးလိုက်၏။ ကျန်းချိန်သည် ကားပေါ်မှ ဦးစွာ ဆင်းလာကာ ၀ယ်သူစိတ်ကြိုက် ပြုလုပ်ထားသော ပန်းစည်းများနှင့် အသီးအပြည့်အား ကိုင်ထား၍ ရှီယိအတွက်ပါ ကားတံခါး ဖွင့်ပေးလိုက်သည်။

 

ထို့နောက် ခေါင်းလှည့်လိုက်ရာ ‌တူညီသော လက်ဆောင်များကို သယ်ထားသည့် ကောင်းရိန်အား တွေ့လိုက်ရ၏။

 

သူတို့နှစ်ဦးလုံးသည် လုယွမ်ယဲ့အတွက် အလုပ်လုပ်ကြခြင်း ဖြစ်ရာ တူညီသော အရာများကို ၀ယ်ခဲ့မိသည်မှာ အံဩစရာ မဟုတ်ပါ‌ချေ။

 

“ မစ္စတာလု၊ အပေါ်တက်ကြရအောင် ”

 

ရှီယိက ပြောလိုက်သည်။

 

“ အင်း ”

 

လုယွမ်ယဲ့မှ ခေါင်းငြိမ့်ပြလိုက်ပြီး ကျန်းချိန်အား ပြောလိုက်၏။

 

“ ကောင်းရိန်ကို ပစ္စည်းတွေ အပေါ်သယ်သွားဖို့ ပေးလိုက်၊ မင်းက ဒီမှာနေပြီး ကားတွေကို ကြည့်ထားလိုက် ”

 

ဤကဲ့သို့ နေရာ၌ မည်သည်ကို ‌စောင့်ကြည့်ရမည်မှန်း မသိသော်ငြား ကျန်းချိန်မှာ တိတ်တဆိတ် ၀မ်းသာသွားရသည်။ အဆုံးတွင်မူ သူသည် အပေါ်သို့ တက်လာစရာ မလိုသည့်အပြင် ဘော့စ်နှင့်လည်း အတူတူရှိနေရန်လည်း မလိုပါချေ။

 

သူမှ လှေကားသို့ ၀င်ကာနီးတွင် လုယွမ်ယဲ့သည် ခေါင်းလှည့်ကာ သူ့အား တစ်ချက်မျှ စူးစိုက် ကြည့်လာ၏။

 

ကျန်းချိန်: OwO?

 

တူညီသော လက်ဆောင်ပစ္စည်း နှစ်ဆက်အား ကိုင်ထားရသည့် ကောင်းရိန်မှာ သူဌေးနှစ်ယောက်နောက် လိုက်သွားရင်း လုယွမ်ယဲ့၏ အကြည့်၏ အဓိပ္ပာယ်ကို ရှုပ်ထွေးနေဆဲဖြစ်သော ကျန်းချိန်ကို မျက်စိမှိတ်ပြလိုက်သည်။ 

 

ရှီယိမှာ ရှချန်းဆီသို့ အကြိမ်ရေများစွာ လာလည်ဖူးသဖြင့် ဤနေရာနှင့် ရင်းနှီးနေ၏။ ထို့ကြောင့် တံခါးဘဲလ်ကို တီးလိုက်သည့်အခါ ထွက်ပေါ်လာသည့် အယ်လ်ဖာ၏ အသံကြောင့် ‌အံအားသင့်သွားသည်။

 

“ ဘယ်သူလဲ ”

 

ထိုသူမှာ သိုက်ရှင်းပင်။

 

“ မြန်မြန်လေး တံခါး သွားဖွင့်ပေးလိုက်၊ ရှောင်ယိကောက ကျွန်တော့်ကို တွေ့ဖို့ ရောက်လာတာ ”

 

ရှချန်းသည် အိပ်ရာပေါ်၌ လဲနေရင်း အော်လိုက်၏။

 

တံခါး ဖွင့်လိုက်ရာ အပြင်၌ ရပ်နေသော လူနှစ်ယောက်အား သိုက်ရှင်း မြင်လိုက်ရသဖြင့် အံဩစွာ မေးလိုက်သည်။

 

“ လုယွမ်ယဲ့၊ မင်းလည်း ဒီနေ့ အားတာလား ”

 

ထို့နောက် သူ့ဘေးရှိ ရှီယိကို ကြည့်လိုက်မိပြီးနောက် သိုက်ရှင်း၏ အသံမှာ ရုတ်ခြည်းပင် ကစားလိုဟန် ပေါက်လာ၏။

 

“ အို့~ ငါ နားလည်ပြီ ”

 

အခန်းထဲရှိ ရှချန်းမှာ မြန်မြန်ပင် သပ်ရပ်အောင် လုပ်လိုက်သည်။

 

“ ဉက္ကဋ္ဌ၊ ဥက္ကဋ္ဌလုလည်း ဒီကို ရောက်နေတာလား ”

 

“ အင်း ”

 

လုယွမ်ယဲ့မှ တုန့်ပြန်လိုက်၏။

 

“ မင်း ခြေထောက် သက်သာလား ”

 

“ အဆစ်လေးပဲ လွဲသွားရုံပါ… ”

 

ရှချန်းက ရိုးသားစွာ ပြန်ဖြေလိုက်ပုံမှာ တင်းကြပ်သော ဆရာနှင့် ရင်ဆိုင်နေရသဖြင့် ကောင်းစွာ ပြုမူနေသည့်အလားပင်။

 

ရှချန်း၏ အခန်းလေးသည်  အယ်လ်ဖာများကို တစ်ဦးထက်ပို၍ လက်မခံဖူးသဖြင့် ဘော့စ်နှင့်ပင် လေထုမှာ ရုတ်ခြည်း အေးခဲသွား၏။

 

လက်ဆောင်များကို ချပြီးမှ ရောက်လာသော ရှီယိကို မြင်သော် ရှချန်းမှာ ကယ်တင်ရှင် တွေ့လိုက်သည့်အလားပင်။

 

“ ရှောင်ယိကော၊ ကျွန်တော် တကယ်ကို အဆင်ပြေပါတယ်၊ သိုက်ရှင်းက စစ်ဆေးဖို့ ဆေးရုံကို ဒီမနက်ပဲ ခေါ်သွားခဲ့တာ ”

 

ရှီယိသည် ကျောက်ပတ်တီး ထူထူ၀တ်ထားသော သူ၏ ညာခြေထောက်ကို ကြည့်လိုက်မိ၏။

 

“ သတ္တိ ရှိနေဖို့ မလိုပါဘူး၊ အေးအေးဆေးဆေး သက်သာလာအောင်လုပ်၊ မဟုတ်ရင် နောက်ဆက်တွဲတွေ ရှိလာလိမ့်မယ် ”

 

“ ဒါပေမယ့် ဒါကြောင့်သာ မဟုတ်ရင် ကျွန်တော် ဖက်ရှင်ရှိုးပွဲကို မတက်ရမှာ မဟုတ်ဘူး ”

 

ဇွန်လ ၈ရက်‌နေ့မတိုင်မီ မူလအခြေအနေသို့ ပြန်ရောက်မည် မဟုတ်ကြောင်း ရှချန်းလည်း သိနေခဲ့သည်။ လျှောက်လမ်းပေါ်၌ လမ်းလျှောက်ရခြင်းမှာ သိမ်မွေ့သော အလုပ်ဖြစ်ပြီး အမှားလုပ်၍ မရချေ။

 

“ မင်း နေရာမှာ အစားထိုးဖို့ ချွီချွီကို ရှာခိုင်းလိုက်မယ် ”

 

ရှီယိက နှစ်သိမ့်လိုက်၏။

 

“ မင်းကိုယ်မင်းပဲ အရင် ကောင်းအောင်လုပ်ပါ ”

 

“ မော်ဒယ်တွေက ရှာဖို့ ကျိန်းသေပေါက် မလွယ်လောက်ဘူး၊ လူတိုင်းက အလုပ်ရှုပ်နေကြတာ ”

 

ရှချန်းမှ လိပ်ပြာမလုံသော အမူအရာအား ပြလိုက်မိသည်။ အဘယ့်ကြောင့်ဆိုသော် နမူနာဒီဇိုင်းများမှာ သူ့အတိုင်းအရ သာ စိတ်ကြိုက်ပြုလုပ်ထား၍ပင်။

 

“ ရှောင်ယိကော၊ ကျွန်တော် တောင်းပန်ပါတယ်၊ အစ်ကို့ကို ဒုက္ခပေးမိသွားတယ် ”

 

“ ဒါက မင်းအမှား မဟုတ်ပါဘူး ”

 

ရှီယိသည် စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စပင် မပြဘဲ တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

 

“ နည်းလမ်းတစ်ခုတော့ ရှိမှာပါ ”

 

“ အာ… ”

 

ရှချန်းမှ ရုတ်ခြည်း တစ်စုံတစ်ခုအား တွေးမိသွား၏။

 

“ ကျွန်တော်တို့က ဆိုဒ် တူတူလောက်ပဲ မဟုတ်လား၊ ဘာလို့ အစ်ကိုပဲ စမ်းမ၀တ်ကြည့်တာလဲ ”

 

“ ဟမ် ”

 

ရှီယိမှာ အံ့အားသင့်သွားရသည်။

 

“ ကျွန်တော့်ရဲ့ အရန်ဖြစ်နိုင်တယ် ”

 

ရှချန်း၏ မျက်၀န်းများမှာ တောက်ပသွား၏။

 

“အရင်က မော်ဒယ်မလုပ်ဖူးတာလဲ မဟုတ်ဘဲနဲ့”

 

“ ဒါပေမယ့် အဲဒါက ကြာလှပြီလေ ”

 

ရှီယိက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

 

“ စမ်းကြည့်ပါ၊ စမ်း၀တ်ကြည့်ပါလို့ ”

 

ရှချန်း ချိတ်တန်းပေါ်ရှိ အ၀တ်များကို ညွှန်ပြလိုက်၏။

 

“ ၀တ်စုံက ဒီမှာ ရှိနေတာပဲကို၊ ရှီယိ၊ အစ်ကိုက အရမ်းကြည့်ကောင်းတာ၊ ဒါကိုလည်း လှလှလေး ၀တ်ပြနိုင်မှာပါ ”

 

“ငါလည်း ဒါက အဆင်ပြေတယ်လို့ ထင်တယ်”

 

သိုက်ရှင်းမှာ ရင်ဘက်ရှေ့ လက်ပိုက်ကာ အိပ်ခန်းတံခါး၌ ရပ်နေရင်း စိတ်ပါ၀င်စားစွာ ဆိုလိုက်၏။

 

သူ့အား လှမ်းကြည့်လိုက်သည့် ရှီယိအား မြင်သော် သူသည် လက်နှစ်ချောင်း ထောင်ကာ စစ်တပ် အလေးပြုဟန် တစ်၀က်ကို တည်ငြိမ်စွာ လုပ်လိုက်ကာ နှုတ်ဆက်လိုက်၏။

 

“ သိုက်ရှင်းပါ၊ အိမ်ရာမြေရှိတဲ့အပြင် လုယွမ်ယဲ့၏ သူငယ်ချင်းလည်း ဟုတ်ပါတယ်၊ မင်း ကျွန်တော့်ကို အရင်က တွေ့ဖူးပါတယ် ”

 

တကယ်ပင် ထိုသူဖြစ်နေခဲ့၏။ ထိုညမှ အတွေ့အကြုံအား တွေးမိသွားရာ ရှီယိ၏ အမူအရာမှာ အနည်းငယ် ပုံမကျ ဖြစ်သွားသော်ငြား ဖက်ရှင်ရှိုး အ၀တ်စားများထံသို့ အာရုံ ‌မြန်မြန်ပြောင်းလိုက်သည်။ ‌

 

သူသည် အိုမီဂါများကြား၌ ကွဲထွက်နေသော ရှချန်းနှင့် အရပ်ကော၊ ကိုယ်အလေးချိန်ပါ တူညီသလောက်ပင်။ ထို့ကြောင့် ရှချန်း၏ အရန်လုပ်ရန် သံသယမရှိစွာ သင့်တော်လှပေသည်။

 

“ ကျွန်တော် ဒီ၀တ်စုံကို ဟိုးအရင်ထဲက ၀တ်ကြည့်ချင်ခဲ့တာ ”

 

ရှချန်းက ဆက်ပြော၏။

 

 

“ ရှောင်ယိကော၊ ကျွန်တော့်အတွက် စမ်း၀တ်ကြည့်ပေးပါလား၊ တကယ်လို့ မတော်ခဲ့ရင် အစားထိုးဖို့ အချိန်ရှိပါသေးတယ် ”

 

“ အိုကေလေ ”

 

ရှီယိတွင် ရွေးချယ်စရာ မရှိသဖြင့် ချိတ်တန်းရှိရာသို့ သွားကာ အ၀တ်များကို ယူလိုက်သည်။

 

“ အိုကေပါ ”

 

ရှချန်းက ရယ်မောလိုက်၏။

 

“ မြန်မြန်လေး၊ ရေချိုးခန်းထဲ ၀င်ပြီး သွားလဲလိုက်တော့ ”

 

အတော်ကြာပြီးနောက်၊ ရေချိုးတံခါးမှာ ပွင့်သွားခဲ့သည်။ လုယွမ်ယဲ့မှာ ပုံမှန်အတိုင်း လှမ်းကြည့်လိုက်ပြီးနောက် မျက်ခုံးများပင် ပင့်မိသွား၏။

 

ဤအ၀တ်အစားသည် ရှီယိနှင့် တကယ့်ကို သင့်တော်ပေ၏။

 

ဤ၀တ်စုံမှာ သန့်စင်သော စိတ်ဆန္ဒကို ကိုယ်စားပြု၏။ အတွန့်လှလှရှိသည့် အနီရင့်ရင့် ပိတ်စဖြင့် ချုပ်လုပ်ထားသည်။ ပိတ်စနှင့် ခန္ဓာကိုယ်၌ ပတ်ထားသည်မှာ ဖဲသားအလားပင်။ ၀တ်ဆင်သူ၏ ခန္ဓာကိုယ် အချိုးအစားများကို လမ်းလျှောက်တိုင်း ထင်ဟပ်ကြော့မော့စေသည်။ သို့သော်ငြား မျက်တောင်တစ်ခတ်တွင်၊ ခန္ဓာကိုယ်မှာ လုံခြုံစွာ ဖုံးအုပ်ထားပြီး မည်သည်ကိုမှ မပြထားသည့်ဟန် ပေါက်စေရာ လူများကို ခေါင်းကုတ်ကာ တွေးတောမိစေနိုင်၏။

 

 

ရှီယိနှင့် ရှချန်းမှာ အရပ်အမောင်း တူညီကြသော်ငြား အရှိန်အဝါမှာမူ လုံး၀ကို ကွာခြားလှသည်။ ရှချန်းကိုယ်ပေါ်၌ အ၀တ်ခံရစဉ်တွင် သူသည် ချောမောကာ သန့်စင်ပုံရပြီး ရှီယိပေါ်၌မူ အေးစက်ကာ ‌ကျိုးပဲ့လွယ်သော အလှလေးအဖြစ်သို့ ပုံဖော်သွား၏။

 

“ အိုကေ၊ ကြည့်ကောင်းလိုက်တာ ”

 

ရှချန်းမှာ အနုပညာရှင် တော်တော်များများကို မြင်ဖူးသော်ငြား ထိုခဏတွက်မူ ကြောင်အသွားဆဲပင်။

 

“ ရှောင်ယိကော၊ အစ်ကို မော်ဒယ် မဖြစ်လာတာ ကျွန်တော်တို့အတွက် တော်တော် ကံကောင်းတာပဲ၊ မဟုတ်ရင် ကျွန်တော်တို့ အကုန်လုံး အလုပ်လက်မဲ့ဖြစ်ကုန်မှာ ”

 

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”

 

ရှီယိက မတက်နိုင်ဘဲ ရယ်မိသည်။

 

ထိုခဏတွင်၊ သူစိမ်းများထံမှ ကာခြားထားသည့် အေးတိအေးစက် စိတ်နေသဘောထားမှာ ကွဲအက်သွား၏။ နှုတ်ခမ်းပင့်ထားသည့် အိုမီဂါမှာ  ဗြောင်ကျကျပင် ဆွဲဆောင်နိုင်ပေသည်။ မက်မွန်ပွင့်များက သူ့မျက်ခုံးနှင့် မျက်လုံးများအကြား ပွင့်လာပြီး ရေကြောင့် ၀င်းလက်သွားသည့် မျက်၀န်းများမှာ လူအများက  သူ့ကို မနမ်းဘဲ မနေနိုင်အောင် ပြုလုပ်နေ၏။

 

လုယွမ်ယဲ့မှာ တစ်ခနမျှ အံ့အားသင့်ကာ ကြောင်အသွားရ၏။ ရှီယိသည် ဤသို့ နှလုံးသား အရည်ပျော်ကျသွားနိုင်အောင် ပြုံးခြင်းမျိုး၊ ရယ်မောခြင်းမျိုးကို သူ ယခင်က တစ်ခါမှ မမြင်ခဲ့ဖူးပါချေ။

 

“ကော ဒီ၀တ်စုံကို အဝေးကို ယူသွားသင့်တယ်”

 

ရှချန်းက တက်ကြွစွာ ဖျောင်းဖြလိုက်၏။

 

“ ဒါပေမယ့်၊ ကျွန်တော့်အတွက် နောက်ထပ်တစ်ခု စီစဉ်ပေးဖို့ မေးရမှာကို မမေ့နဲ့နော် ”

 

“ ဒါက ငါ့ပေါ်မှာ ထူးဆန်းမနေဘူးလား ”

 

ရှီယိမှ မှန်ကို ကြည့်လိုက်ရာ ဤ၀တ်စုံမှာ သူနှင့် မလိုက်ဟု ခံစားလိုက်ရသည်။

 

“ မဖြစ်နိုင်တာ၊ ဒါက သိသိသာသာကြီးကို ကြည့်ကောင်းနေတဲ့ဟာ ”

 

ရှချန်းက စိုးရိမ်ပူပန်စွာ ပြောလိုက်၏။

 

“ဥက္ကဋ္ဌလု၊ ခင်ဗျားရော အဲလို မထင်ဘူးလား ”

 

“ဥက္ကဋ္ဌလုဗျ ”

 

နောက်ဆုံးတွင်မူ တစ်ယောက်ယောက်မှ သူ့အား ခေါ်သံကို လုယွမ်ယဲ့ ကြားသွား၏။

 

“ ဘာလဲ ”

 

စိတ်အနှောင့်ယှက်ဖြစ်သွားသော သူဌေးအား မြင်သော် ရှချန်းသည် တိတ်တဆိတ် လျှာထုတ်လိုက်ရင်း ထပ်မေးလိုက်၏။

 

“ ကျွန်တော်က မေးပဲ မေးလိုက်တာပါ၊ ရှောင်ယိကောက ဒီ၀တ်စုံနဲ့ ကြည့်မကောင်းဘူးလား၊ ဖက်ရှင်ရှိုးပွဲလျှောက်ဖို့ အရမ်း သင့်တော်တယ်မလား ”

 

လုယွမ်ယဲ့မှ ဆိုသည်။

 

“ အင်း ”