Ch 9
Viewers 5k

🍋 Chapter 9 



မြောင်ရင် ဆိုင်ရှင်အား လီဟုန်ယင်းအတွက် နေရာစီစဉ်ပေးရန် တောင်းဆိုရာ ဆိုင်ရှင်လည်း သဘောတူပြီး လီဟုန်ယင်းကို ဘေးနားရှိ လက်ဖက်ရည်ဆိုင်သို့ ခေါ်သွားကာ လက်ဖက်ရည်တစ်ခွက် မှာပေးထားလိုက်သည်။


လီဟုန်ယင်းကို နေရာချပေးပြီးနောက် မြောင်ရင်သည် သူ့အနုပညာ စွမ်းဆောင်ရည်အား စတင်ထုတ်ပြတော့သည်။ အမှန်အတိုင်း ပြောရလျှင် သူ့သရုပ်ဆောင်မှုမှာ အနည်း ငယ် တောင့်တင်းနေသဖြင့် မိမိကိုယ်ကိုယ် သိပ်ပြီးအားမရလှပေ။


နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော အတွေ့အကြုံကြောင့် မြောင်ရင်သည် လူကဲခတ်ရာတွင် အလွန်တော်သည်။ စည်ကားလှသော လမ်းမပေါ်တွင် မည်သူက ချမ်းသာ သော မိသားစုမှ အမျိုးသမီး၊ အမျိုးသားဖြစ်သည်ကို သူ ချက်ချင်း ခွဲခြားနိုင်သည်။ ဤလောကတွင် ကောအမျိုး သားများကို ခွဲခြားရန် လွယ်ကူသည် - သူတို့သည် အရပ်မရှည်လှဘဲ အသားအရေမှာလည်း ယောကျာ်းများထက် ပိုဖြူစင်ကြသည်။


သူသည် အမျိုးသမီးငယ်များအား ချဉ်းကပ်ရန် အစီအစဉ်မရှိပေ၊ ထိုမိန်းကလေးများကို အခွင့်ကောင်းမယူလိုသော ကြောင့် ဖြစ်သည်။


မြောင်ရင် ထိုနေ့က ရေထဲတွင် မြင်ခဲ့ရသော သူ့ပုံရိပ်အား ပြန်သတိရမိသည်။ ကြွားဝါခြင်း မဟုတ်သော်လည်း သူသည် တကယ်ချောမောလှပသူဖြစ်သည်။ အထူးသဖြင့် ယခုလို ဖျားနာနေချိန်တွင် ပို၍ပင် သနားစဖွယ်ချောမောနေတော့သည်။


သူ့ပစ်မှတ်အား ရှာတွေ့ပြီးနောက် မြောင်ရင် စတင်တော့ သည်။ စည်ကားသော ဈေးထဲတွင် အစေခံတစ်ဦးနှင့်အတူ လျှောက်လာသော လူငယ်တစ်ဦးအား မြင်လိုက်ရသည်။ "ဟော... တွေ့ပြီ"  


ထိုသူတို့သည် အလှကုန်ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်ကာ မည်သည့် မျက်နှာချေအရောင်အား ဝယ်ရမည်နည်းဟု ဆွေးနွေးနေကြသည်။ တစ်ယောက်က အနီတောက် တောက်ကို ကြိုက်ပြီး နောက်တစ်ယောက်မှာ ပန်းရောင်ဖျော့ဖျော့ကိုကြိုက်နေသည်။


မြောင်ရင် ထိုအရာများအား နားမလည်သော်လည်း အနားသို့ကပ်သွားကာ ထိုမျက်နှာချေများကို ကြည့်နေဟန် ဆောင်လိုက်သည်။ အမှန်အတိုင်း ပြောရလျှင် သူ ဘာခြားနားချက်မှ မမြင်ရသော်လည်း သူ့အကြံပြုချက်အား ပေးလိုက်သည်။


"ကျွန်တော်ကတော့ ပန်းရောင်ဖျော့ဖျော့လေးက ပိုကောင်းမယ် ထင်တယ်၊ အကိုလေးရဲ့အသားအရေနဲ့ ပိုလိုက်ဖက်တာပေါ့"


"ဟုတ်သားပဲ၊ မင်းလည်း အဲဒီလို ထင်တယ်မလား?" 


ထိုလူငယ်မှာ ရယ်မောကာ ဆိုင်ရှင်အား ဝယ်မည်ဟု ပြောလိုက်သည်။ သူ ပိုက်ဆံကို ရက်ရက်ရောရော သုံးစွဲသည်ကိုမြင်သောအခါ မြောင်ရင် စိတ်ထဲမှ ကျေနပ်သွားပြီး သူ့သရုပ်ဆောင်မှုကို စတင်လိုက်တော့သည်။


သူသည် လမ်းကို ယိုင်တိယိုင်တိုင် လျှောက်ကာ တစ်ဖက်သို့ နုံးချည့်စွာ လဲကျသွားဟန်ပြုလိုက်သည်။ ထိုလူငယ်ဘေးမှ အစေခံမှာ သူ့အား ချက်ချင်း လှမ်းဖမ်းပေးလိုက်သည်။ မြောင်ရင် ပုဝါလေးအားထုတ်ကာ ပါးစပ်ကို အုပ်ပြီး ချောင်းနှစ်ချက် ဟန်ဆောင်ဆိုးလိုက်သည်။ ထို့နောက် သူ့အား ကူညီပေးသော လူနှစ်ဦးကိုကျေးဇူးတင်စကား ဆိုလိုက်သည်။ သူ ပုဝါလေးကို လက်ထဲတွင် ဟိုလှည့်ဒီလှည့် လုပ်နေရာ မကြာမီမှာပင် ထိုလူငယ်၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။


"မင်း တကယ်ပဲ နေကောင်းရဲ့လား?"


မြောင်ရင် ခေါင်းငြိမ့်ပြကာ ကိုယ်ကို အမြန်မတ်လိုက်ပြီး "ကျွန်တော် လမ်းလျှောက်တာ နည်းနည်းမြန်သွားလို့ပါ" 


သူ နေကောင်းသွားသည်ကို မြင်သောအခါ လူငယ်မှာ  မေးလိုက်၏။ 


"မင်းရဲ့ ပုဝါလေးက တော်တော်ထူးခြားတာပဲ.... ဒါ ခရိုင်မြို့ကပုံစံမျိုးမဟုတ်ဘူး ထင်တယ်" 


မြောင်ရင် ပုဝါအား ဖြန့်ပြလိုက်ပြီး "ဒါက ဟိုဘက်က 'စုန့်ဟယ်ကျူး' ပိုးထည်ဆိုင်ကပါ... ဒီနေ့မှ ရောက်တဲ့ပုံစံအသစ်လို့ ကြားတယ်၊ နည်းနည်းအပဲရှိတာဆိုတော့ ရောင်းကုန်ပြီလား မသိဘူး...ဒီဇိုင်းက ဆန်းတော့ ဈေးတော့ နည်းနည်းကြီးတယ်"  


ထိုလူငယ်မှာ ဈေးနှုန်းအား ဂရုမစိုက်ဟန်ဖြင့် သူ့အစေခံကိုခိုင်းလိုက်သည်။


"ရှင်းကော၊ မြန်မြန်သွားပြီး ငါ့အတွက် တစ်ထည်သွားဝယ်ပေးစမ်း၊ အမြန်သွား"  


ထိုလူငယ်သည် အလွန်ပင် ဖော်ရွေလှပြီး မြောင်ရင်အား လက်ဖက်ရည်ဆိုင်သို့ ခေါ်သွားကာထိုင်ခိုင်းသည်။ လက် ဖက်ရည်တစ်ခွက် မှာပေးပြီး မြောင်ရင် နေကောင်းသွားသည်ကိုမြင်မှ စိတ်အေးသွားကာ အစေခံ ပုဝါဝယ်ပြီး ပြန်လာသည်ကို စောင့်နေသည်။


ခေတ္တအကြာတွင် ရှင်းကော ပြန်ရောက်လာပြီး ပုဝါတစ်ထည်အား ပြလိုက်သည်။


 "သခင်လေး၊ ဝယ်လာခဲ့ပါပြီ...သခင်လေးက ကြောင်လေးတွေကို သဘောကျတတ်တော့ ဒီကြောင်နဲ့ ပန်းပုံလေးကို သဘောကျမှာ သေချာပါတယ်"


ဖုလင်းကျစ်  ပုဝါအား ယူကြည့်ပြီး တကယ်သဘောကျ သွားသည်။ သာမန် ပိတ်စဖြစ်သော်လည်း ပုံလေးမှာ တကယ်လှပလွန်းလှသည်။ 


"ဒီလောက် ဆန်းတဲ့အရာကို ဘာလို့ နောက်ထပ် မဝယ်လာခဲ့တာလဲ ? အမေနဲ့ အဒေါ်တို့အတွက်ပါ ဝယ်ရမှာပေါ့"  


ရှင်းကော အမြန်ပြန်ပြေးသွားတော့သည်။


"သခင်လေး ခဏစောင့်ပါဦး၊ ကျွန်တော် အခုပဲ ထပ်သွားဝယ်လိုက်ပါ့မယ်"


ဘေးနားရှိ ဆိုင်မှ အစေခံမလေးတစ်ဦးမှာ ရှင်းကောပြေး လွှားနေသည်ကို မြင်သောအခါ သူ့ သခင်မအား သွားပြောပြသည်။


"သူ ဘာဝယ်လဲ သွားကြည့်ချေ၊ အဆင်ပြေရင် ငါ့အတွက်လည်းဝယ်ခဲ့"


အစေခံမလေးမှာ လိုက်သွားပြီးနောက် ပုဝါနှစ်ထည်နှင့် ပြန်လာသည်။


"ဒါတွေက ပုံစံအသစ်လေးတွေပဲ၊ ရှင်းကောက အများကြီး ဝယ်သွားတယ်"


ထိုသူမှာ ပုဝါကို ကြည့်လိုက်သောအခါ တကယ်ပင် ဆန်းသစ်နေသဖြင့် ဈေးနှုန်းအား ဂရုမစိုက်တော့ပေ။


ပုဝါမှာ ဆယ်ထည်ကျော်သာရှိသဖြင့် ချက်ချင်းရောင်းကုန်သွားတော့သည်။ အခြားသူများ သတင်းကြားပြီး လာဝယ်ချိန်တွင်ကုန်သွားပြီ ဖြစ်သည်။


မြောင်ရင်သည် သူ့တာဝန်အား အောင်မြင်စွာ ထမ်းဆောင်ပြီးပြီဖြစ်သည်။ သူ ဆိုင်ရှင်အား အကြောင်းကြားပြီး လီဟုန်ယင်းကိုခေါ်ကာ အိမ်ပြန်ရန် ပြင်စဉ် ဆိုင်ရှင်မှာ သူ့အား တားလိုက်ပြီး နောက်ထပ် စီးပွားရေးတစ်ခုလုပ်ချင်ကြောင်းပြောလာသည်။


မြောင်ရင် ထိုအခြေအနေအား ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သည်။ သူသည် ဆိုင်ရှင်အားယုံကြည်မှုအပြည့်ဖြင့် ပြုံးပြလိုက်သည်။


ဆိုင်ရှင်မှာ မြောင်ရင်အား ပုံစံများဆွဲပေးရန် တောင်းဆိုခြင်း ဖြစ်သည်။ ဆိုင်တွင် အပ်ချုပ်သည်များ ရှိပြီးသား ဖြစ်သဖြင့် ရွာမှ လက်ရာများလာရောင်းသည်ကို စောင့်နေမည့်အစား ကိုယ်တိုင်ချုပ်လုပ်သည်က ပိုကောင်းသောကြောင့်ပင်။


မြောင်ရင် ပြုံးလိုက်သည်။ ဈေးနှုန်းသာ အဆင်ပြေလျှင် အားလုံးဆွေးနွေးနိုင်သည်။ ထိုကဲ့သို့ချစ်စရာကောင်းသော ပုံလေးများကို သူ တစ်မနက်အတွင်း အများကြီး ဆွဲပေးနိုင်သည်။


ပထမဆုံးသော ငွေထုတ်ကြီးအား ရတော့မည်ဟု တွေးမိသောအခါ မြောင်ရင် ခေါင်းကိုက်ခြင်းပင် ပျောက်ကွယ်သွားသကဲ့သို့ ခံစားရသည်။


"ကျွန်တော့် အမေနဲ့အဖွားတို့ အပ်ချုပ်ရတာ ဘယ်လောက် ပင်ပန်းလဲဆိုတာ သိပါတယ်...ဦးလေးက ကျွန်တော့်ဆီက ဒီဇိုင်းတွေကို တကယ်ဝယ်ချင်တယ်ဆိုရင် သူတို့ရဲ့ဝန်ထုပ် ဝန်ပိုးကို လျှော့ချပေးတာဖြစ်သလို ကျွန်တော့်အတွက်လည်း အပိုဝင်ငွေ ရတာပေါ့"


သူ ရှင်းရှင်းလင်းလင်း ပြောပြရာ ဆိုင်ရှင်မှာလည်း မဆိုင်းမတွပင် ပြောလိုက်သည်။


"ဒီနေ့ ပုဝါတွေ တကယ် အရောင်းသွက်တယ်... မင်းက ငါ့ကိုပုံစံတွေ ရောင်းမယ်ဆိုရင် ပိုက်ဆံကိုတစ်ခါတည်း ရှင်းပေးမယ်" 


မြောင်ရင်က ၎င်းမှာ အရင်းအနှီးမလိုဘဲ အမြတ်များသော လုပ်ငန်းဖြစ်ကြောင်း သိလိုက်သည်။ ဆိုင်ရှင်မှာလည်း စိတ်ရင်းမှန်ဟန် ရှိသည်။


"ငါ ပိုက်ဆံကို တစ်ခါတည်း ရှင်းပေးမယ့်အပြင် နောက် နောင် မင်းတို့ဆီက အပ်ချုပ်လက်ရာတွေကိုလည်း ဈေးကောင်းပေးပြီး ဝယ်မယ်လို့ ကတိပေးတယ်,,, အဝတ် အထည်လိုချင်ရင်လည်း လျှော့ဈေးနဲ့ ရောင်းပေးမယ်"


မြောင်ရင် ခေါင်းငြိမ့်ကာ "ဦးလေးက စိတ်ရင်းမှန်တော့ ကျွန်တော်လည်း ပွင့်ပွင့်လင်းလင်းပြောပါ့မယ်.. အခု ဒါက ခေတ်စားနေတုန်းမို့လို့ပါ၊ နောက်ပိုင်း တခြားလူတွေ လိုက်တုမှာကတော့ အချိန်ပဲလိုတာပါ.. ဦးလေး ပိုက်ဆံရချင်ရင်တော့မြန်မြန်လုပ်ရမယ်... ကျွန်တော့်မှာ ပုံစံတွေ အများကြီး ရှိပါတယ်၊ ဈေးတည့်ရင် အခုချက်ချင်းဆွဲပေးနိုင်တယ်"


"ကောင်းပြီ၊ မင်းက တကယ့်ကို ရိုးသားတဲ့သူပဲ... ငွေ(၅) တုံးပေးမယ်"


မြောင်ရင် ပြုံးလိုက်ပြီး "ဦးလေး၊ (၅) တုံးဆိုတာ ဂဏန်းလေးလည်း လှတာပေါ့... ကျွန်တော် ဒီည အိပ်ရေးပျက်ခံပြီး ပုံစံပေါင်း ဆယ်ဂဏန်းလောက်ဆွဲပေးမယ်"


ဆိုင်ရှင်မှာ တွေးတောပြီး သဘောတူလိုက်သည်။ ထို့ နောက် စာရင်းကိုင်ဆီသို့သွားကာ ငွေထုတ်ယူသည်။ မြောင်ရင် သူရသင့်သည့် ပိုက်ဆံကိုသာ ယူပြီး ဆိုင်ရှင်က ပုဝါအား ဘယ်လောက်နှင့်ပြန်ရောင်းမည်ကို ဂရုမစိုက်ပေ။


လီဟုန်ယင်း လက်ဖက်ရည်ဆိုင်တွင် အကြာကြီးစောင့်နေသော်လည်း မြောင်ရင်ပြန်မလာသဖြင့် စိတ်ပူနေမိသည်။ မြောင်ရင် ထွက်ပြေးသွားပြီလားဟု တွေးမိသော်လည်း မြောင်ရင်တွင် ပိုက်ဆံမရှိသလို ဒဏ်ရာရထားသဖြင့် ဝေးဝေးမသွားနိုင်မှန်း သူမ သိသည်။ သူမသည် ပိုးထည်ဆိုင်သို့ပြန်သွားရာ ဆိုင်ထဲမှ ထွက်လာသော မြောင်ရင်နှင့် ဆုံလေသည်။


"အမေ၊ ကျွန်တော် အမေ့ကို လာရှာတာ" 


မြောင်ရင် သူမအား ဘေးသို့ ခေါ်သွားကာ ခုနက ရရှိထားသော ငွေ (၅) တုံးကို လီဟုန်ယင်း လက်ထဲသို့ထည့်ပေး လိုက်သည်။ 


"အမေ၊ ကျွန်တော်တို့ ဒီည အိမ်မပြန်တော့ဘူး... ဆိုင်ရှင်အတွက် ဒီဇိုင်းတွေ ဆွဲပေးရဦးမယ်"


"ဟင် ?" 


လီဟုန်ယင်းရင်ခုန်သံများ မြန်လာသည်။ ပုဝါလေး ရောင်းတာနဲ့ ငွေ (၅) တုံးတောင် ရသလား?


"နင်... ဒါက..."


သူ  အမြန်ပြောလိုက်သည်။


"ကျွန်တော် ဒီဇိုင်းတွေဆွဲပေးရမှာမို့ အမေ နားစရာ နေရာတစ်ခုရှာထားလိုက်ပါ... မနက်ဖြန်ကျမှ အိမ်အတွက် လိုတာတွေ ဝယ်ပြီးပြန်ကြတာပေါ့"


ပြောပြီးသည်နှင့် သူသည် ဆိုင်နောက်ဖက်ရှိ အပ်ချုပ်အလုပ်ရုံသို့ ပြေးဝင်သွားတော့ရာ လီဟုန်ယင်းမှာ ကြောင် အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့သည်။ ခေတ္တအကြာတွင် သူမသည် ငွေ (၅) တုံးအား သေသေချာချာသိမ်းဆည်းလိုက်သည်။ သူမ နားစရာနေရာ မရှာတော့ဘဲ မြောင်ရင်အား ထားခဲ့ရန် စိတ်မချသဖြင့် မြောင်ရင် ပုံဆွဲနေစဉ် သူမလည်း ထိုနေရာမှာပင် အပ်ချုပ်ကူပေးရန်ဆုံးဖြတ်လိုက်သည်။


ထိုညတွင် အပ်ချုပ်အလုပ်ရုံမှ ဆီမီးအိမ်လေးမှာ လုံးဝမငြိမ်းခဲ့ပေ။ မြောင်ရင် ပုံစံတွေဆွဲနေပြီး လီဟုန်ယင်းမှာလည်း သူ့ဘေးတွင် ပုဝါတစ်ထည်အားထိုင်ချုပ်နေသည်။


တစ်ညလုံးအတွင်း မြောင်ရင် ပုံပေါင်းတစ်ရာနီးပါး ဆွဲခဲ့သည်။ တစ်ပုံနှင့် တစ်ပုံ မတူဘဲ စိတ်ဝင်စားစရာ ကောင်းလှသည်။ တိရစ္ဆာန်ပုံများသာမက အပင်ပုံများကိုလည်း ထူးခြားစွာဆွဲပေးခဲ့သည်။ ဆိုင်ရှင်သည် ပြီးစီးသွားသော လက်ရာများကို ကြည့်ပြီး "ကောင်းတယ်၊ တကယ့်ကို ကောင်းတယ်!" ဟု အခါခါ ချီးကျူးတော့သည်။


ဆိုင်ရှင်၏ရက်ရောမှုကို တုံ့ပြန်သောအားဖြင့် မြောင်ရင် ခေတ်သစ် (Scarcity marketing - လူတိုင်း မရနိုင်အောင် အကန့်အသတ်နဲ့ ရောင်းတဲ့နည်း) အကြောင်းအား အကြံ ပေးလိုက်သည်။ ဆိုင်ရှင်မှာ ချက်ချင်းသဘောပေါက်သွားပြီး မြောင်ရင် တစ်ညလုံးပင်ပန်းထားသဖြင့် နောက်ထပ် ငွေတစ်တွဲပါ ထပ်ပေးလိုက်သည်။


"ဒါ မင်းရဲ့ အကြံဉာဏ်အတွက် ပေးတာပါ"


မြောင်ရင် လက်ခံလိုက်ပြီး လီဟုန်ယင်းနှင့်အတူ ဆိုင်ရှင်အား နှုတ်ဆက်ကာထွက်လာခဲ့သည်။


ဆိုင်အထွက်တွင် လူတစ်ဦး၏အသံကို ကြားလိုက်ရသည်။


"မနေ့က ပုဝါမျိုး ရှိသေးလား?"


"ကျွန်မတို့ သခင်မလေးက အဲဒါကို သိပ်ကြိုက်လို့ထပ်ဝယ်ခိုင်းနေတာ"


လမ်းမများပေါ်တွင် လူများပြန်လည်စည်ကားလာပြီဖြစ် သည်။ မြောင်ရင် တောက်ပသော နေရောင်ကို မြင်လိုက်ရသောအခါ ခေါင်းမူးသွားသဖြင့် လီဟုန်ယင်း အမြန်လှမ်းတွဲကာ မေးလိုက်သည်။


"နေကောင်းရဲ့လား?"  


မြောင်ရင် ခေတ္တမျှ ရပ်နားပြီးမှ လီဟုန်ယင်းအား ပြုံးပြကာ "အမေ၊ ကျွန်တော်တို့ မနက်စာ သွားစားကြမလား?" 


မနေ့ညက ဆိုင်မှာ ထမင်းစားခဲ့ရပြီး တစ်ညလုံးအလုပ်လုပ်ထားသဖြင့် သူ ဗိုက်လည်းဆာ၊ အိပ်လည်း ငိုက်နေပြီ ဖြစ်သည်။


လီဟုန်ယင်း  ခေါင်းငြိမ့်ကာ မနက်စာဆိုင်တစ်ဆိုင်သို့ ခေါ်သွားပြီး မြောင်ရင်အတွက် ခေါက်ဆွဲတစ်ပွဲမှာပေးသော် လည်း သူမကိုယ်တိုင်အတွက်မူ မမှာပေ။


မြောင်ရင် သက်ပြင်းချကာ သူမအတွက်ပါ ခေါက်ဆွဲတစ်ပွဲ မှာပေးလိုက်သည်။


"အမေ၊ ကျွန်တော်တို့ ပိုက်ဆံတွေ အများကြီးရထားတာပဲ၊ ခေါက်ဆွဲတစ်ပွဲလောက်ကတော့ စားသင့်ပါတယ်"


လီဟုန်ယင်း မစားချင်စားချင်နှင့်စားလိုက်သည်။ စားပြီးနောက် အိမ်ပြန်ရန်ပြင်ကြသည်။ မြောင်ရင် လီဟုန်ယင်းအား ကြည့်ကာ 


"အမေ၊ အိမ်အတွက် တစ်ခုခုဝယ်သွားရအောင်...ရှောင်ပေါင်အတွက် မုန့်တွေ၊ အသားနဲ့ ဆီတွေ ဝယ်ကြမယ်လေ.. ရှောင်ပေါင်က ကြီးထွားလာတဲ့ အရွယ်မို့ အသားစားဖို့လိုတယ်၊ အရိုးစွပ်ပြုတ်လုပ်ဖို့ အရိုးတွေလည်း ဝယ်ရအောင်"


လီဟုန်ယင်း ပိုက်ဆံအားနှမြောသဖြင့် မဝယ်လိုသော် လည်း မြောင်ရင်ပြောလာသည်မှာ လိုအပ်ချက်များဖြစ်နေသဖြင့် ခေါင်းငြိမ့်လိုက်ရသည်။


သူတို့သည် မုန့်ဆိုင်သို့ သွားကာ လူကြီးလူငယ်မရွေး စားနိုင်သော မုန့်များကိုဝယ်သည်။ ထို့နောက် သားသတ်ဆိုင်သို့ သွားကာ အဆီများသော အသားများကိုဝယ်သည်။ မြောင်ရင်မှာ ကြောင်သွားရသည်။ ဤမျှ အဆီများသော အသားကို မည်သို့စားမည်နည်း။ ဘေးနားရှိ အသားနှင့် အဆီ မျှတသော အသားလေးမှာ တကယ့်ကိုကောင်းနေသော်လည်း မည်သူမှမဝယ်ကြပေ။


ထို့နောက် လီဟုန်ယင်း အရိုးအချို့အားဝယ်သည်။ ထိုအရိုးများတွင် အသားမရှိသလောက် ဖြစ်နေသဖြင့် ဈေးလည်း ပေါလှသည်။


မြောင်ရင် ဝက်သုံးထပ်သားလေးကို ကြည့်ကာ လီဟုန်ယင်း အထွက်တွင် အင်္ကျီလက်အားဆွဲလိုက်သည်။


"အမေ၊ နောက်ထပ် အသားတစ်တုံး ထပ်ဝယ်ရအောင်"


"အဆီအသားတွေ ဝယ်ပြီးပြီ မဟုတ်လား?"


မြောင်ရင် ဝက်သုံးထပ်သားကို လက်ညှိုးထိုးပြကာ "ဒါလေးရော ဝယ်လို့မရဘူးလား?"  


လီဟုန်ယင်းလည်း မြောင်ရင်ကိုယ်တိုင် ပိုက်ဆံရှာထားသူဖြစ်သဖြင့် သူ စားချင်သည်အား ဝယ်ပေးလိုက်သည်။


"ကောင်းပြီ၊ တစ်တုံး ဝယ်တာပေါ့"


နောက်ဆုံးတွင် ဝယ်ထားသည်များကို သယ်ကာ မြို့တံခါးဝသို့ရောက်လာကြသည်။ မြောင်ရင် တစ်ကိုယ်လုံး ပူရှိန်းလာသဖြင့် အဖျားပြန်တက်နေပြီမှန်း သိလိုက်သည်။


သူ လီဟုန်ယင်းလက်ကို ဆွဲကာ "အမေ၊ ကျွန်တော်တို့ လှည်းနဲ့ပဲ ပြန်ရအောင်... ကျွန်တော် အဖျားပြန်တက်နေပြီ ထင်တယ်" 


လီဟုန်ယင်းလည်း သူ နေမကောင်းသေးသည်ကိုသိသဖြင့် နွားလှည်းတစ်စီး ငှားကာ ပြန်ခဲ့ကြသည်။ လှည်းမှာ တလှုပ်လှုပ်နှင့် ဖြစ်နေသဖြင့် မြောင်ရင် ပိုမူးလာသည်။


"အမေ၊ ပိုက်ဆံကို သေသေချာချာ သိမ်းထားနော်၊ လောင်ထန်းကို မပေးနဲ့"


(Lao Deng - အရက်သမား ဟွာစန်းကို ဆိုလိုသည်)


လီဟုန်ယင်း မြောင်ရင်နဖူးအား စမ်းကြည့်လိုက်သည်။ သူမ လောင်ထန်းဆိုသည်မှာ ဘာလဲမသိသော်လည်း ပိုက် ဆံအား သေသေချာချာ သိမ်းထားရမည်မှန်းသိသည်။ မြောင်ရင် သတိလစ်သွားသဖြင့် လီဟုန်ယင်း သူမ ပုခုံးပေါ်မှီခိုင်းထားလိုက်သည်။


အိမ်ပြန်ရောက်သောအခါ အဖွားမှာ ရွာထိပ်တွင် စောင့်နေသည်။ လီဟုန်ယင်း မြောင်ရင်အား တွဲလာသည်ကိုမြင်သောအခါ အမြန်ပြေးလာပြီး "ဘာဖြစ်တာလဲ" 


"အမေ၊ သူ့အတွက် ဆေးလေး ကြိုပေးပါဦး" 


သူတို့နှစ်ဦး မြောင်ရင်အားကုတင်ပေါ်သို့ ခဲရာခဲဆစ် တင်ပေးကာ ဆေးတိုက်လိုက်ရသည်။ မြောင်ရင် ငြိမ်သွားမှ လီဟုန်ယင်း အခန်းထဲက ထွက်လာခဲ့သည်။


သူမသည် မနေ့က ဖြစ်ပျက်သမျှကို အဖွားအား ပြောပြရာ အဖွားလည်း အလွန်အံ့သြသွားပြီး ငွေ (၅) တုံးတောင် ရလာသည်ကို မယုံနိုင်အောင် ဖြစ်နေရသည်။


လီဟုန်ယင်း အဖွားအား ကြည့်ကာမေးလိုက်လေသည်။


"အမေ၊ သူ တကယ်ပဲ အားရှင်းနဲ့အတူ ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းသွားနိုင်မယ်လို့ ထင်လား ?"