Ch 42
Viewers 2k

အခန်း (၄၂)

ချင်းကျိုးစီရင်စုသည် ချမ်းသာကြွယ်ဝစေကာမူ ရှန်ရှီး၏ ခန္ဓာကိုယ်သည် တစ်နေကုန် ခရီးသွားပြီးရင်း သွားနေရသဖြင့် အနည်းငယ် ‌ပင်ပန်းမောဟိုက်၍ နေသည်။ ထို့ကြောင့် ဆုဝန်သည် ရှန်လင်းနှင့်အတူ အပြင်သို့လိုက်မသွားတော့ဘဲ ရှန်ရှီးနှင့် ရှန်ယာယာ့ကို အဖော်ပြုပေးရန် တည်းခိုခန်း၌သာ နေခဲ့တော့သည်။ 

ရှန်ယာယာသည် ကလေးသာသာလေးပင် ရှိသေးသည်။ တနေကုန် လှည်းထဲတွင် ခရီးသွားနေရသော်လည်း သူမသည် မမောပန်းပါ။ ဟိုဟိုဒီဒီ စပ်စပ်စုစု လျှောက်ကြည့်ရင်း ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေတတ်၏။

ဆုဝန်သည် တည်းခိုခန်းမှ စားပွဲထိုးလေးကိုခေါ်ပြီး ရှန်ရှီးနှင့် ရှန်ယာယာတို့ တနေကုန် ကပ်ပါလာသည့် ဖုန်မှုန့်နှင့် အညစ်အကြေးများကို သန့်စင်ရန် ရေနွေးယူလာခိုင်းလိုက်သည်။ ထို့နောက် ရှန်ရှီးနှင့် ဆုဝန်တို့သည် တည်းခိုခန်းမှ နူးညံ့သော ဆိုဖာခုံကို မှီရင်း စကားပြောကြတော့သည်။ 

ရှန်ရှီးက ဆုဝန်အား ပြောသည်။ "ပြောရမှာ ထူးတော့ထူးဆန်းတယ်။ ဆုဝန်လေး အဒေါ်တို့အိမ်မှာ လာနေကတည်းက ခန္ဓာကိုယ်တစ်ခုလုံးနဲ့ အရိုးတွေအားလုံးကလေ တစ်ရက်ပြီးတစ်ရက် ပိုကောင်းလာတယ်။ အကယ်၍ ခုလိုသာ ဆက်ပြီး အခြေအနေကောင်းနေမယ်ဆိုရင် ချင်းကျိုးစီရင်စုကို နောင်ကျ မလာရင်တောင် အကုန်အဆင်ပြေပါတယ်"

ဆုဝန်ကပြောသည်။ "ဒေါ်‌ဒေါ်ရဲ့ ခန္ဓာကိုယ်က တစ်နေ့ထက်တစ်နေ့ ပိုပိုကောင်းလာတယ်ဆိုပေမဲ့ ဆရာကောင်းသမားကောင်းကို ရှာပြီးတော့ ဆက်ပြနေရဦးမှာပဲ။ သမားတော်ကောင်းကို မတွေ့နိုင်ဘူးဆို ဒီရောဂါကို ဖြစ်စေတဲ့ အမြစ်က အရင်အတိုင်း ဆက်ပြီး ခုလိုဆက်ရှိနေဦးမှာ" 

ယခင်ကကဲ့သို့ပင် ရှန်ရှီးသည် ခမ်းကြီးနားကြီးသုံးနိုင်ဖို့ မမျှော်လင့်ရဲပါ။ သူမသည် ချင်းကျိုးစီရင်စုသို့ လာရောက်ကာ သမားတော်မပြချင်ပေ။ အကြောင်းရင်းမှာ အကယ်၍ သူမသာလာခဲ့လျှင် ငွေအများအပြား ကုန်ကျမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပေ၏။ ရှန်လင်း၏ စိုက်ခင်းမှရသော ဝင်ငွေသည် မလူံလောက်သော်ငြား ဆုဝန်နှင့် ရှန်လင်းတို့သည် ရထားလုံးကို ငှားပြီး ဖြစ်လေ၏။ ထို့ကြောင့် သူမတွင် ငြင်းဆန်ဖို့ အခွင့်အရေး မရလိုက်ပါ။ ထို့ကြောင့် သူမသည် ရထားလုံးထဲသို့လိုက်၍ ချင်းကျိုးစီရင်စုသို့ တစ်ညလုံး လာခဲ့ရလေ၏။

နံဘေးမှ ရှန်ယာယာကလည်း ဝင်ပြောသည်။ "ဘေးအိမ်က အဒေါ်ဝမ်ကလေ အစ်မဆုဝန်က သူတို့မိသားစုကို ကံမကောင်းစေဘူးလို့ ပြောခဲ့တာ။ ပြီးတော့ အရင်ကဆို သူက အစ်မဆုဝန်ကို အမြဲအော်ငေါက်နေတာလေ။ ကဲ ခုတော့ ကြည့်ပါဦး။ မမဆုဝန်က ကံကောင်းမှုတွေချည်း ယူလာပေးတဲ့ဟာကို။ မမဆုဝန် သမီးတို့အိမ်ကို စရောက်လာကတည်းက နေရထိုင်ရတဲ့ဘဝက တဖြည်းဖြည်း ပိုကောင်းလာတယ်။ မေမေ့ရဲ့ ကိန်းမာရေးအခြေအနေကလည်း ပိုပိုပြီး ကောင်းလာတယ်။ ပြီးတော့ သမီးတို့ အဘိုးနဲ့အဘွားလည်း အိမ်ကို အားနေလာမနေတော့ဘူး။ ဘေးအိမ်က အဒေါ်ဝမ်တို့ကလေ မမဆုဝန် သူတို့အိမ်ကနေ ထွက်သွားကတည်းက အမြဲ ရန်ဖြစ်တဲ့အသံပဲ ကြားနေရတာ သိလား။ ပြီးတော့လေ သူတို့နောက်ဖေးခြံထဲက ဟင်းသီးဟင်းရွက်တွေလဲ ခြောက်သွေ့နေတာကို သမီးတွေ့ခဲ့တယ်။ မမဆုဝန် အဲ့အိမ်မှာ ‌ရှိနေတုန်းကနဲ့များ တခြားစီပဲ။ အဲ့တုန်းကဆို သူတို့နောက်ဖေးခြံလေးက အမြဲ သန့်ရှင်းသပ်ရပ်ပြီး လှပနေခဲ့တာ။ မမဆုဝန် ထွက်လာပြီးတော့ သူတို့မိသားစုက အစေခံမိန်းမကြီးတစ်ယောက်ကို ငှားခဲ့ပေမဲ့ နောက်ဖေးခြံ ညစ်ပတ်ပေပွနေတုန်းပဲ" 

လူတွေအကြောင်း ပြောရတာကို မကြိုက်တတ်သော ရှန်ရှီးကပင် ဝင်ပြောသည်။ 

"အဒေါ် တုတ်ကောက်နဲ့ နောက်ဖေးခြံထဲ သွားတုန်းကလည်း ဝမ်မိသားစုရဲ့ နောက်ဖေးက ရှုပ်ပွပြီး ညစ်ပေနေတာကို တွေ့ခဲ့တယ်။ အဲဒါ ဆုဝန်လေးထွက်လာပြီးကတည်းက ဘယ်သူကမှ သေချာဂရုတစိုက် မရှိကြလို့ပဲ ဖြစ်မယ်" ရှန်ရှီးသည် ဆုဝန်ကို ကြည့်လိုက်ပြီး ပြောသည်။ "သမီး ဝမ်ဝမ်၊ အားလုံးက ဝမ်လော့ရွှယ်လေးက ကြင်နာတတ်ပြီး ထမင်းဟင်းချက်ပြုတ်တတ်တယ်၊ အိမ်ကို ဂရုစိုက်နိုင်တယ်၊ ပန်းထိုးတဲ့နေရာမှာလဲ တေယ်တယ်လို့ ပြောကြတယ်။ တကယ်က အဲဒါတွေအကုန် သမီးလုပ်တာ မဟုတ်လား" 

ဆုဝန်က ပြုံးပြီး "အဒေါ် သိသွားပြီပဲ" ဟုသာ ပြောလိုက်သည်။ 

ရှန်ရှီးက ဆက်၍ပြော၏။ "ဝမ်မိသားစုဟာ တကယ့်ကို မရိုးဖြောင့်တာပဲ။ သူတို့မိသားစုက မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သတင်းကို လိမ်လည်ထားတာပဲ။ ဒါဆို သမီးက လွန်ခဲ့တဲ့ နှစ်တွေကတည်းက ရွာထဲမှာ စွပ်စွဲပြောဆိုခံခဲ့ရတာပေါ့။ ဝမ်ဝမ်၊ အဒေါ့်ကို စကားများလွန်းတယ်လို့တော့ မထင်ပါနဲ့ကွယ်။ သမီးလေး ဝမ်မိသားစုကနေ ဒီ့ထက်ပို စောစော ထွက်လာခဲ့သင့်တာကွယ်။ ဝမ်မိသားစုဟာ တစ်ဘဝလုံး ပုံအောပြီး ယုံကြည်ရလောက်တဲ့ သူတွေ မဟုတ်ဘူး" 

ဆုဝန်သည် ရှန်ရှီးပြောလိုသည်ကို သိသည်။ ယခင်က ဆုဝန်သည် ဝမ်မိသားစုအတွက် အလုပ်များစွာ လုပ်ပေးခဲ့သည်။ ရှန်ရှီးသည် ဉာဏ်ကောင်းသူဖြစ်သည်နှင့်အညီ ဆုဝန်သည် ထိုအရာအားလုံးကို ဝမ်လော့ရှန်းမျက်နှာ တစ်ကမ္ဘာမှတ်ကာ လုပ်ပေးခဲ့ကြောင်း သူမသိပေသည်။ 

ဆုဝန်က ရှန်ရှီးကို ပြော၏။ "ဟုတ်ကဲ့ ဒေါ်ဒေါ်၊ ခု သမီး အမှန်တရားကို မြင်နေပါပြီ။ ငယ်ငယ်တုန်းက အစားလေးတစ်လုပ်ရဲ့ ကျေးဇူးကြောင့် သူတို့ခိုင်းသမျှအကုန် သမီးလုပ်ပေးခဲ့တယ်။ ခုချိန် ပြန်ကြည့်ရင်လေ သူတို့က သူတို့အိမ်ရဲ့ အစေခံတစ်‌ယောက်လို ဆက်ဆံခဲ့ကြတာ။ ပြီးတော့ လူသုံးလေးယောက်စာ အလုပ်တွေကို လုပ်ခိုင်းတယ်။ သမိးရဲ့ ဘဝကို သူတို့လုံးဝကို ဂရုမစိုက်ကြဘူး။ အကယ်၍များ ဝမ်မိသားစုက သမီးအပေါ် ကြင်ကြင်နာနာ ဆက်ဆံခဲ့မယ်ဆိုရင် ပြန်ပြီး အဲ့ကြင်နာမှုကို ပေးဆပ်ဦးမှာပါ။ ဒါပေမဲ့ ခုတော့ နောင်အနာဂတ်မှာ အဲ့လိုလုံးဝ မလုပ်တော့ပါဘူး။ ဝမ်မိသားစုနဲ့ ဆက်ပတ်သက်စရာ ဘာနှောင်ကြိုးမှ မရှိတော့ဘူးလေ" 

ရှန်ရှီးကလဲ ပြန်ပြောသည်။ "အဒေါ်လဲ နားလည်ပါတယ်။ ခုဒီကနေ နောင်ဆယ်မိုင်လောက်တွင်း အကွာအဝေးမှာလေ သမီးလေးကို ယှဉ်နိုင်တဲ့ မိန်းမပျိုဆိုတာ မရှိပါဘူးကွယ်။ အကယ်၍ ရှန်လင်းအဖေသာ သက်ရှိထင်ရှား ရှိနေသေးပြီး ရှန်မိသားစုကလဲ အရင်လို အခြေအနေသာဆိုရင်..." 

ရှန်ရှီးသည် စကားစကို ရပ်လိုက်သည်။ သူမပြောချင်သည်မှာ သူမ၏ ခင်ပွန်း အသက်ရှိနေသေးပြီး သူမတို့မိသားစုသည်လည်း ယခင်ကဲ့သို့ ချမ်းသာကြွယ်‌ဝနေသေးပါလျှင် သူမသည် ဆုဝန်အား ရှန်လင်းနှင့် လက်ထပ်ဖို့ ကမ်းလှမ်းမည်သာ ဖြစ်သည်။ 

ဆုဝန်က ပြော၏။ "ဒေါ်ဒေါ် အစ်ကိုရှန်ကလေ ဟိုးအောက်ခြေအစကနေပြီး ကိစ္စတွေအများကြီးကို ဖြစ်မြောက်လာနိုင်အောင် လုပ်နိုင်တဲ့ အစွမ်းမစရှိတဲ့ လူမျိုးပါ။ အနာဂတ်မှာ အစ်ကိုက ဦးလေးရှန် ရှိစဉ်တုန်းကထက် ပိုပြီး ကောင်းမွန်တဲ့ဘဝမှာ နေနိုင်မှာပါ။ အများကြီး စိတ်ပူပန်သောက ရောက်မနေပါနဲ့နော်" ရှန်ရှီးသည် ပြုံးလိုက်သည်။ "ဒေါ်ဒေါ့်ခန္ဓာကိုယ် အခြေအနေကလည်း တစ်ရက်ထက် တစ်ရက် ပိုပြီးကောင်းလာပြီလို့ ပြောတယ်မလား။ အဲဒါက နေစဉ်နဲ့အမျှ ကောင်းလာတာတစ်ခုပဲပေါ့။ ပြီးတော့ ခုဆို နေထိုင်ရတဲ့ဘဝကလဲ ပိုကောင်းလာပြီလို့ ပြောတယ်လေ။ ဆိုတော့ ဒါဟာ အတိအကျကို ပိုကောင်းလာတာမျိုးပဲပေါ့" 

ဆုဝန်နှင့် ရှန်ရှီးတို့သည် စကားအများကြီး ပြောဖြစ်ကြ၏။ ယခုရက်‌များတွင် ရှန်ရှီးနှင့် စကားများပြောရင်း ဆုဝန်သည် ရှန်ရှီး၏ အကြောင်းကို ပိုနားလည်လာသည်။ တကယ်တော့ ရှန်ရှီးသည် ထက်မြက်သည့် အမျိုးသမီးတစ်ဦးပင် ဖြစ်၏။ သူမသည် ရှန်လင်းအဖေနှင့်တော့ စကားမပြောဖူးပါ။ သို့သော် ယခုရက်များသည် အလွန်ပင် နေ၍ကောင်းလှသည်။ ရှန်ရှီးသည် ကြင်နာလွန်းသည်။ အထူးသဖြင့် ရှန်လင်း၏ အဘိုးအဘွားတို့အပေါ်တွင် စိတ်ရှည်လွန်းလှပေသည်။ 

ဆုဝန်နှင့် စကားပြောကြပြီး ရက်များတွင် ဆုဝန်၏ အပြုအမူများအောက်မှ အဘိုးရှန်နှင့် အဘွားရှန်တို့သည် သူမတို့အပေါ် ဤမျှလောက်ပင် အဖော်မပြုပေးခဲ့ကြောင်း ရှန်ရှီးသိသွားသည်။ ရှန်ရှီးသည် အနည်းငယ်ပို၍ နားလည်သွားသည်။ ယခုအချိန်တွင် ရှန်လင်း၏ အဘိုး အဘွားတို့နှင့် ပတ်သက်၍ ရှန်ရှီး၏ အမြင်သည် ယခင်နှင့် လုံးဝမတူတော့ပါ။ သူမသည် မျက်ကန်းတစ်ဦးပမာ စိတ်ရှည်သည်းခံလွန်းခဲ့မိကြောင်းပင် ခံစားရ၏။ ရှန်လင်းသည် ကြီးပြင်းလာပြီဖြစ်၍ အနာဂတ်တွင် မည်သညိ့ လုပ်ကိုင်ရမည်ဆိုတာကို သူသိနေပြီ။ သူမ သင်ကြားပေးခဲ့မိသော အရာများသည် အလုံးစုံ မှန်ကန်မနေခဲ့‌ပါချေ။ 

ရှန်ရှီး၏ အတွေးအမြင်များသည် လုံးဝပြောင်းလဲသွားခဲ့သောကြောင့် ဆုဝန်သည် အလွန် ပျော်ရွှင်သွားရ၏။ အကယ်၍ ရှန်လင်းနှင့် ရှန်ရှီးတို့သာ ဤကုပ်သွေးစုပ်နေသော အဘိုးအဘွားနှစ်ယောက်လက်မှ အပြီးတိုင်ရုန်းထွက်နိုင်ခဲ့ပါလျှင် စီးပွားရေးကြီးကြီးမားမား မလုပ်လျှင်တောင် မကြာမီ အစစအရာရာ အဆင်ပြေလာနိုင်ပေသည်။ 

အမွှေးတိုင်နှစ်ချောင်း ကုန်ကာနီးအချိန်တွင် ရှန်လင်းပြန်ရောက်လာသည်။ ရှန်လင်းသည် ချင်းကျိုးစီရင်စုမှ အကြီးဆုံးနှင့် အကောင်းဆုံး စားသောက်ဆိုင်မှာ တုန်းဖုန်းစံအိမ်တော်နှင့် ရှန်းခယ့်လိုင်စားသောက်ဆိုင် ဖြစ်ကြောင်းကို ရှာတွေ့ခဲ့သည်။ ထိုနှစ်နေရာ၏ အကွာအဝေးမှာ များစွာမဝေးလှချေ။ ပြိုင်ဆိုင်မှုမှာလည်း ပြင်းထန်လှ၏။ 

ရှန်လင်းသည် ခြေထောက်ရောဂါနှင့် ကုသရေးပိုင်းဆိုင်ရာတွင် ချင်းကျိုးစီရင်စုမှ အကောင်းဆုံး ဖြစ်သော ဆေးခန်းများကိုလဲ စုံစမ်းလာခဲ့၏။ အခြားဆိုင်များက လူဆင်းရဲများကို ကုသပေးနေချိန်တွင် နှစ်ခုလုံးသည် တရားဝင်အဆင့်မြင့်များဖြစ်ကြပြီး ရာထူးရာခံကြီး နာမည်ဂုဏ်သတင်း ကျော်စောကြ၏။ 

အကယ်၍ ရှန်လင်းသာ ထိုအကောင်းဆုံး သမားတော်နှစ်ဦးနှင့် တွေ့လိုပါလျှင် ဆေးခန်းထဲသို့ ဝင်ဝင်ချင်းပင် သူ့ပိုက်ဆံအကုန်လုံးကို ပေးရမည်ဖြစ်၏။ 

ရှန်လင်းသည် ဆေးခန်းများနှင့် သမားတော်များ၏ နာမည်များကို ရေရွတ်ပြသည်။ ထိုနာမည်များအနက် ဆုဝန်သည် ရင်းရင်းနှီးနှီး ကြားဖူးနေသော ကျန်းဝမ့်လီဟူသည့်နာမည်ကို ကြားလိုက်ရသည်။ စာအုပ်ထဲတွင် မူလဇာတ်ကောင်နှင့် ရှန်လင်းသည် ချမ်းသာကြွယ်ဝပြီးနောက် ချင်းကျိုးစီရင်စုသို့ လာခဲ့ကြသည်။ ထိုအချိန်တိုင်း ကျန်းဝမ့်လီကို အမြဲရှာကြသည်။ ထိုအချိန်တွင် ကျန်းဝမ့်လီသည် ကျော်ကြားသောသမားတော်တစ်ဦး ဖြစ်နေပြီ။ သို့သော် ယခုအချိန်တွင်မူ ကျန်းဝမ့်လီသည် ဆင်းရဲသားများကို ကုသပေးသည့် သမားတော်များအနက် ကျော်ကြားသော သမားတော်အဆင့်သာ ရှိသေး၏။

ထို့ကြောင့် ဆုဝန်သည် ဈေးခေါင်ခိုက်နေသော သမားတော်များဆီ မသွားသေးဘဲ လူသိများသော သမားတော်ဆီ ဦးစွာသွားရန် ဆုံးဖြတ်လိုက်သည်။ ချင်းကျိုးစီရင်စုတွင် လူဦးရေများစွာရှိပြီး ဤဧရိယာလေးအတွင်း နာမည်ကျော်ကြားမှုကို ဖန်တီးနိုင်သည်။ ယခုအချိန်တွင် အကောင်းဆုံးသမားတော် မဟုတ်သေးသော်လည်း ရွေးချယ်ရာတွင် မှားယွင်းစရာ မရှိနိုင်ပါချေ။ 

ရှန်လင်းကလည်း ထိုနည်းလမ်းသည် ယခုအချိန်တွင် အကောင်းဆုံးဖြစ်ကြောင်း ထောက်ခံလေ၏။ 

ဆုဝန်သည် ကျန်းဝမ့်လီဆီ ဦးစွာသွားရန် အကြံပြုသည်။ ရှန်လင်းကလည်း လက်ခံသည်။ အမှန်တကယ်ပင် စုံစမ်းခဲ့ရာတွင်လည်း လူအများစုသည် သမားတော်ကျန်းကို သူ့၏ ဆေးအစွမ်းနှင့် ကိုယ်ကျင့်သိက္ခာကြောင့် ချီးမြှောက်ကြပါလေ၏။ 

ဆုဝန်သည် ဟင်းချက်နည်းကို ရောင်းချင်နေမှန်း ရှန်လင်းက သိသည်။ ထို့ကြောင့် ဆုဝန်အား အလျင်စလိုမလုပ်ရန် ပြောပြီး ချင်းကျိုးစီရင်စုတွင် ရက်အနည်းငယ်လျှောက်ပတ်ကြည့်ကာ ချင်းကျိုးစီရင်စုမှ အစားအစာများ၏ ထူးခြားချက်ကို လေ့လာသင့်ကြောင်း၊ ပြီးမှ သင့်တင့်သော ဈေးနှုန်းကို ရှာဖွေသင့်ကြောင်း ဆုဝန်ကို ပြောသည်။ ဆုဝန်ကလည်း လက်ခံ၏။ 

ရှန်လင်းသည် သူ့ကိုယ်ပိုင်အခန်းကို မပြန်ခင် ခေတ္တမျှ တုံ့ဆိုင်းသွားပြီး ဆုဝန်အား ထူးဆန်းသည့်အရာတစ်ခုအကြောင်းကို ပြောပြသည်။ ရှန်လင်း ဈေးထဲ၌ စုံစမ်းနေချိန် ထင်ရှားသော လူတစ်စု လမ်းလျှောက်လာတာကို တွေ့ခဲ့သည်။ ထိုလူစု၏ အလယ်၌ ဝေါယာဉ်တစ်ခုလဲ ပါသည်။ ထိုဝေါယာဉ်သည် ရှန်လင်းနံဘေးမှ ဖြတ်သွားချိန်တွင် အထဲမှ လူက ခေါင်းကို ပြတင်းမှထုတ်ကာ အပြင်သို့ ကြည့်လိုက်ရာ သာမန်ရုပ်ရည်နှင့် မိန်းကလေးတစ်ဦးသာ ဖြစ်သည်။ သို့သော် ထိုမိန်းကလေးသည် ဆုဝန်နှင့် အသက်တူတူပင် ဖြစ်ပုံပေါ်ပြီး ဆုဝန်နှင့် အလွန်ဆင်သည်။ 

ထိုအချိန် ဈေးထဲတွင် ရှန်လင်းသည် မထင်မှတ်ဘဲ ဝေါယာဉ်နံဘေးမှ ဖြတ်လျှောက်မိပြီး ဝေါယာဉ်ထဲမှ လူကိုတွေ့ရာ သူခေတ္တမျှပင် ကြောင်သွားသည်။ အကယ်၍ ထိုအချိန်တွင် ဆုဝန်သည် တည်းခိုခန်းတွင် ဖြစ်ကြောင်းကို သူသာ မသိခဲ့ပါလျှင် ထိုဝေါယာဉ်ထဲမှ မိန်းကလေးကို ဆုဝန်ဟု သူထင်မိမည် ဖြစ်၏။ 

အနီးကပ်ကြည့်မိရာ ထိုမိန်းကလေးသည် တန်ဖိုးကြီးအဝတ်အစားများကို ဝတ်ဆင်ထားပြီး ဆုဝန်နှင့် ကွဲပြားသည်မှာ သူမ၏ မျက်ခုံး၊မျက်လုံးများသည် ဆုဝန်ကဲ့သို့ မလှပါ။ သူမသည် ဆုဝန်နှင့် ၇၀%ခန့် တူညီပေသည်။ 

ရှန်လင်းသည် ထိုမိန်းကလေးကို ငေးကြည့်မိလိုက်သောအခါ ထိုမိန်းကလေးသည် လူအုပ်ကြားမှ ရှန်လင်းကို တွေ့သွားပြီး ရှန်လင်းအား နူးညံ့စွာ ပြုံးပြ၏။

ရှန်လင်းသည် အမြန် အကြည့်လွှဲလိုက်ရာ ထိုမိန်းကလေးသည် ထူးဆန်းလှသော သူ့ကို နားမလည်နိုင် ဖြစ်သွားသည်။ 

ရှန်လင်းက ဆုဝန်အား ပြောပြသည်။ သူအနည်းငယ် ထပ်မံစုံစမ်းပြီးနောက် ထိုလူများသည် ယန်အိမ်တော်မှ လူများဖြစ်ကြောင်း သိခဲ့ရသည်။ ထို့ပြင် ဝေါယာဉ်ထဲမှ မိန်းကလေးသည် မင်းသားယန်အိမ်တော်မှ ဖြစ်၏။

ဆုဝန်သည် မူလစာအုပ်ထဲတွင် ဤအကြောင်းကို မမြင်ဖူးပါ။ ဆုဝန်သည် စာအုပ်ကို ဖတ်မပြီးခင်ကတည်းက အမြန်တစ်ခေါက် ဖတ်ဖူးသည်။ ယန်ဝမ်မိသားစုမှ မိန်းကလေးအကြောင်းသည် စာအုပ်နောက်ပိုင်း တစ်နေရာရာတွင် ပါသလား သူမ သေချာမသိပါ။ သာမန် ဖြတ်သွားဖြတ်လာ အရေးမကြီးသော အရာပင် ဖြစ်ပေမည်။ ယခုအချိန် သူမတို့ ချင်းကျိုးစီရင်စုသို့ လာခြင်း၏ အရေးအကြီးဆုံး အချက်မှာ အမျိုးသမီးရှီးအား သမားတော်နှင့် ပြရန်ဖြစ်ပြီး၊ ဒုတိယအချက်မှာ ပစ္စည်းများ ရောင်းရန်ပင် ဖြစ်သည်။ 

လင်းခန်းကောင်တီ၏ မင်းသမီးတစ်ပါးဖြစ်ပြီး မင်းကြီးယန်၏ ရတနာတစ်ပါးဖြစ်သူ ကျောက်ကျင်းယွီသည် အိမ်တော်သို့ ပြန်လာသည်။သုမသည် မှန်ရှေ့တွင် သူမ၏ ဦးခေါင်းထက်မှ ဆံထိုးကို ဖြေချလိုက်စဉ်တွင် သူမ၏ကိုယ်ပိုင်အစေခံ လျန်ချင်နှင့် စကားပြောနေသည်။ 

လျန်ချင်က ပြောသည်။ "မင်းသမီးလေးက ပြိုင်ဘက်ကင်းလောက်အောင်ကို လှပလိုက်တာရှင်။ လမ်းပေါ်မှာ မင်းသမီးလေး လိုက်ကာစလေး ဖွင့်လိုက်တုန်းကများလေ၊ လမ်းပေါ်ကလူတိုင်းက ရပ်ပြီး ငေးမော‌ကြည့်နေလိုက်ကြတာများ..."

ကျောက်ကျင်းယွီသည် သူမနှုတ်ခမ်းကို လက်လေးနှင့် ကာရင်း ပြုံးလိုက်သည်။ "မြင်လိုက်လား။ မီးခိုးရောင် အင်္ကျီနဲ့ တစ်ယောက်ကိုလေ" 

ကျောက်ကျင်းယွီသည် အဆုံးမရှိ အစမရှိ မေးလိုက်ခြင်း ဖြစ်သည်။

ထိုအချိန်က စျေးထဲတွင် လူများစွာရှိပြီး မလှုပ်မရှား ငေးကြည့်နေကြသော အမျိုးသားအများစုသည် မီးခိုးရောင် အင်္ကျီကို ဝတ်ဆင်ထားကြသည်။

လျန်ချင်ကမေးသည်။ "မင်းသမီးလေးပြောတာ ဟဲရှန့်ကျိုက်က တိုင်အောက်က ရပ်နေတဲ့ သခင်လေးကို ပြောတာမလား"

‌ကျောက်ကျင်းယွီက ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။

ကျောက်ကျင်းယွီ ဆံပင်ဖြီးနေတုန်း လျန်ချင်က ပြောလိုက်သည်။ "ဟုတ်တယ် ကျွန်တော်မျိုးမလဲ မြင်လိုက်တယ် အဲ့ သခင်လေးက ခံ့ညားတယ်နော်။ လူအုပ်ထဲမှာတောင် ထင်းနေတာပဲ။ ကြီးမားတဲ့ တိုင်ကြီးအောက်မှာ မတ်တတ်ရပ်နေတာကိုက မင်းသားလေးတစ်ပါးလိုပဲ။ ကျွန်တော်မျိုးမ ထင်တာမှန်ရင် သူလည်း သခင်မလေးရဲ့ အလှ ညှို့ချက်အောက်မှာ ကျရှုံးသွားတာပဲ နေမယ်"

စကားပြောပြီးနောက် လျန်ချင်က ဆက်၍ ပြောပြန်သည်။ "အဲ့သခင်လေးရဲ့ အဝတ်အစားတွေကို ကြည့်ရသလောက်တော့ လူချမ်းသာအသိုင်းအဝိုင်းထဲက မဖြစ်နိုင်ဘူး" 

ကျောက်ကျင်းယွီသည် သူမဆံပင်များကို အကြိမ်အနည်းငယ် လက်ဖြင့်သပ်နေသည်။ ထိုအမျိုးသားသည် လူချမ်းသာတစ်ဦးတော့ လုံးဝ မဖြစ်နိုင်ပေ။ အကယ်၍ လူချမ်းသာ မဟုတ်လျှင် သူမသည် တစ်စုံတစ်ယောက်ကို ပို့ကာ ကျိန်းသေပေါက် ပြောင်းလဲပစ်မည်။ သူဘယ်သူလဲ ဘယ်မှာ နေသနည်းကို သိရ‌အောင် လုပ်ပေမည်။ 

ပြောရလျှင် ထိုလူသည် အာဏာရှိသူ လူချမ်းသာတစ်ဦး မဟုတ်သော်ငြား သူ့သွင်ပြင်သည် ရှန်ကျင်းမှ မင်းသားများနှင့် ယှဉ်ပြိုင်လျှင်တောင် မနိမ့်ကျပါချေ။ 

ထိုလူနှင့် ပတ်သက်ပြီး ဘာမှတွေးစရာအကြောင်း ရှိမနေပါသော်လည်း ထိုလူ၏မျက်နှာသည် သူမအဖို့ မမေ့နိုင်ဖွယ် ဖြစ်နေလေ၏။

နောက်တစ်နေ့နံနက် မိုးမသောက်မီ ရှန်လင်းသည် ဆုဝန်၊ ရှန်ရှီးနှင့် ရှန်ယာယာတို့ကို ‌သမားတော်ကျန်း၏ ဆေးခန်းသို့ ခေါ်သွားသည်။ သူက ပြောသည်။ ဤဆေးခန်းသည် ဆေးခန်းဟု ခေါ်သော်ငြား အခြားဆေးခန်းများကဲ့သို့တော့ မကြီးပေ။ မထင်မရှားနှင့် သေးငယ်သော လမ်းကြိုကြားလေးထဲ၌ ရှိပြီး အကာသေးငေးလေးဖြင့် ကာရံထားသည်။ 

သို့သော် နေရာသည် ကျဉ်းသော်ငြား ရှန်မိသားစုအပြင် အခြားမိသားစု ‌သုံးလေးစုတို့သည် လူနာများနှင့်အတူ ဆေးခန်းအပြင်ဘက်၌ စောင့်နေကြ၏။

ဤသမားတော်၏ ဆေးစွမ်းသည် တကယ့်ကို ကောင်းကြောင်း သိနိုင်သည်။ မိုးမသောက်မီကပင် တန်းစီနေသောလူများ ရှိနေလေပြီ။ ရှန်လင်းသည်မူ ဒုတိယမြောက်နေရာတွင် နေရာရသည်။ 

ဒုတိယနေရာဖြစ်သော်ငြား ပထမဆုံးလူနာသည် နေ့လယ်မတိုင်မီမှ သမားတော်ကို တွေ့ရန်ဝင်သွား၏။ ထို့ကြောင့် ရှန်လင်းသည် မွန်းတည့်ကာနီးလုအချိန်အထိ စောင့်နေရသည်။ 

စောင့်ဆိုင်းနေရခြင်းသည် ညှဉ်းပန်းနေသဖွယ်ဖြစ်သည်။ ဘာမှန်းမသိရသော ရလဒ်သည် ပို၍ ညှင်းဆဲသကဲ့သို့ ဖြစ်ပါ၏။ 

မွန်းတည့်ချိန်၌ ပထမမိသားစုပြန်ထွက်လာသောအခါ ရှန်လင်းသည် ရှန်ရှီးကို ခေါ်ပြီး အထဲသို့ ဝင်သွားသည်။ 

မူလဇာတ်ကောင်၏ မှတ်ဉာဏ်ကဲ့သို့ပင် ကျန်းဝမ့်လီသည် အသားအရေ ခြောက်သွေ့နေပြီး ပိန်ပိန်ပါးပါး အသက်ကြီးကြီး လူကြီးတစ်ဦးဖြစ်သည်။ သူသည် ရှန်ရှီးကို သွေးကြောစမ်းပြီးနောက် အပ်များစွာ စိုက်ရန် ကြိုးစားတော့သည်။ အပ်စိုက်စဉ် သူသည် ရှန်ရှီးအား နာကျင်သလား၊ အိပ်ချင်သလား ဟု ခဏခဏ မေးသည်။ အကယ်၍ နာကျင်ခဲ့ပါလျှင် အမှန်အတိုင်း သူ့ကို တစ်ယောက်ချင်း ပြောနိုင်ပါကြောင်းလဲ ပြောသည်။ 

ကျန်းဝမ့်လီ၏ အပ်စိုက်ကုထုံးသည် အမွှေးတိုင် နှစ်ချောင်းကုန်စာလောက် ကြာ၏။

ရှန်လင်းသည် ဆွေးနွေးတိုင်ပင်ခက မနည်းနိုင်ဟု ထင်၏။ ကြည့်ရှုပြီးနောက် သမားတော်ကျန်းသည် ရှန်ရှီးအတွက် သောက်ရန်ဆေးညွှန်းကိုလဲ ညွှန်းပေးလိုက်၏။ ထိုဆေးသည် လေတိုက်ပြီး အအေးမိခြင်း၊ အဆစ်မြစ်ကိုက်ခဲခြင်းတို့အတွက်ဟုလည်း ပြောလိုက်သည်။ ပြန်လာပြီး သေချာတိကျသော ဆေးနည်းများဖြင့် ကုသကာ ကောင်းနိုင်ကြောင်းလဲ ပြောလိုက်သည်။ 

ရောဂါကို ကြည့်ပေးပြီး ဆေးပေးသည့်တိုင်အောင် ကုသခသည် ပြား ၉၀ သာကျသင့်သည်။ 

ရှန်လင်းသည် ဤသို့ တစ်ခါမျှ စိတ်မကူးထားဖူးပါချေ။ သူသည် ချင်းယွင်ကောင်တီတွင် သူ့အမေအတွက် သမားတော်များ ရှာခဲ့ဖူးသည်။ သူသည် ဆေးတိုင်းအတွက် ပြား၂၀၀/၃၀၀ အမြဲကျသင့်သည်။ မမျှော်လင့်ဘဲ ပြားကိုးဆယ်သည် ဤနေရာတွင် လုံလောက်နေသည်။ သမားတော်က ပြောလိုက်သည်။ တစ်လလောက် ဆေးကိုပုံမှန်သောက်လျှင် ပြန်ကောင်းလာနိုင်သည်ဟူ၍ ပြောလိုက်လေ၏။

ထိုအချိန်တွင် ရှင်းချီရွာ၌ ရှန်လင်းက ရှန်ရှီးခြေထောက်အတွက် ကုသရန် ချင်းကျိုးစီရင်စုသို့ သွားကြောင်း ယန်ဝူဆီမှ လူအချို့က သတင်းနှိုက်ကြ၏။ ရွာထဲမှ လူတိုင်းသည် ရှန်ရှီး၏ ခြေထောက်အကြောင်းကို ပြောနေကြသည်။ ရှန်လင်း ပိုက်ဆံဝင်သည်ကို မကြည့်ကြဘဲ ရှန်ရှီးအဖို့ သမားတော်ပြခြင်းသည် သူ့မိသားစု ပြိုလဲအောင် လုပ်နေခြင်းဖြစ်သည် ဟူ၍သာ ပြစ်တင်ပြောဆို ဝေဖန်ခြင်းကို ပြုကြပါလေ၏။

----------------------