အခန်း (၂၈)
အမျိုးသမီးဝမ်သည် ခေါင်းရှုပ်သွားသည်။ ဆုဝန်သည် သွမ့်အိမ်တော်တွင် အလုပ်လုပ်နေတာဖြစ်သည်။ သူမသည် အဘယ်ကြောင့် လမ်းပေါ်တွင် မေ့လဲနေရပါသနည်း။
မည်သို့ပင်ဖြစ်စေ သူမဘာအကြောင်းကြောင့် လမ်းပေါ်တွင် မေ့လဲသည်ဖြစ်စေ ဝမ်မိသားစုဘက်မှ ငွေတုံးခုနစ်တုံး ပေးရန်မှာ မဖြစ်နိုင်ပါချေ။
ရုတ်တရက် အမျိုးသမီးဝမ်သည် အလွန်ကြီးသော ပြဿနာတစ်ခုကို တွေးမိသွားသည်။ ဆုဝန်သည် ဆရာဝန်ပြရန် ငွေတုံးခုနစ်တုံးကို သုံးခဲ့သည်။ သူမလစာသည် ငွေတုံး သုံးလေးတုံးသာ အများဆုံး ရမည်ဖြစ်သည်။
ဝမ်အမျိုးသမီးသည် ဆုဝန်က တကယ့်အရှုံးသမားဖြစ်ပြီး သူတို့မိသားစုမှာ တကယ့်ကို ကံမကောင်းဟု ခံစားလိုက်ရသည်။
ဆုဝန်၏ ပိုက်ဆံကို မရနိုင်ကတည်းက ဝမ်မိသားစုအတွက် ဆုံးရှုံးမှုကြီး ဖြစ်နေပေပြီ။
အမျိုးသမီးဝမ်က “ကျွန်မ မိသားစုက သူမေ့လဲတာနဲ့ ပတ်သက်ပြီး ဘာမှမလုပ်ပေးနိုင်ပါဘူး။ သူက ခု သွမ့်အိမ်တော်မှာ အလုပ်လုပ်နေတာလေ။ ဆိုတော့ သွမ့်အိမ်တော်မှာ သွားပြီး ပိုက်ဆံသွားတောင်းပါ”
ဆုဝန်သည် ထိုလူကို ဝမ်အမျိုးသမီး၏ ဖြစ်နိုင်ခြေရှိသော အပြုအမူများကို ပြောပြထားခဲ့ပေသည်။ ပြောရမည့်စကားများနှင့် ဗျူဟာများကို စောစောက ပြောပြပေးခဲ့လေသည်။
ထိုလူသည် သူ့လက်ခုပ်ကို တီးပြီးပြောလိုက်သည်။ “အာ ဟုတ်သားပဲ မှတ်မိပြီ။ ဆုဝန်က ထိပ်တန်း တုန့်ဟန်ရှီးကျောင်းရဲ့ ထိပ်တန်းကျောင်းသား ဝမ်လော့ရှန်းအကြောင်းကို ပြောပြဖူးတယ်။ ကလေးသတို့သမီးဖြစ်တဲ့အကြောင်း ပြောပြတာလေ။ အဒေါ် မိန်းကလေးဆုက အဒေါ်တို့အိမ်ရဲ့ ကလေးသတို့သမီးမလား။ ဒါဆိုရင်တော့ ပိုက်ဆံမပေးဘဲ သူ့ကို ခေါ်သွားလို့ မရဘူးနော်။ သွမ့်မိသားစုနဲ့က ဘာမှ လုပ်စရာကိစ္စမရှိဘူး။ မိန်းကလေးဆုက အဒေါ်တို့အိမ်ရဲ့ ကလေးသတို့သမီးမလား။ မဟုတ်ဘူး၊ မသိဘူးတော့ မပြောနဲ့နော်။ အဒေါ်တို့မိသားစုက သိပ်ကို မရိုးဖြောင့်ကြတာပဲ”
ဝမ်အမျိုးသမီးသည် နှလုံးခုန်မြန်၍လာသည်။ သူမတို့မိသားစုသည် လွန်ခဲ့သော ရက်အနည်းငယ်ကမှ ဆုဝန်အား ကလေးသတို့သမီးအဖြစ်မှ ရုပ်သိမ်းရန် တိုင်ပင်ခဲ့ကြသည်။ ရုပ်သိမ်းပြီးလျှင် ဆုဝန်က လစာကို မပေးမည်ကိုတော့ စိုးရိမ်ခဲ့ကြပေသည်။ ငွေကိုယူပြီး ဘာလုပ်ရမည်ကို တုံ့ဆိုင်းနေလေသည်။
ယခုဤသို့ ဖြစ်သွားသောအခါ သူမတို့နှင့် ဆုဝန်၏ ဆက်ဆံရေးမှာ ရှင်းလင်းသွားလေပြီ။
အမျိုးသမီးဝမ် ဘာမှပင် မပြောရသေးခင်ပင် ထိုအမျိုးသားက ဆက်ပြောလေသည်။ “အဒေါ် မိန်းကလေးဆုက အဒေါ့်ရဲ့ ကလေးသတို့သမီးဆိုရင် ဒီပိုက်ဆံတွေကို အဒေါ်က ပေးပေးရမှာပါပဲ။ အဒေါ် မြန်မြန်ပေးပြီး လိုက်သွားလိုက်ပါတော့။ ကျွန်တော်လဲသွားရတော့မယ်။ ဆေးခန်း နောက်ကျပိတ်ရင် မိန်းကလေးဆုဝန်ကို ထွက်သွားခိုင်းရမှာမို့ပါ”
အမျိုးသမီးဝမ်သည် ငြင်းဆန်လိုက်သည်။ “ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ ကလေးသတို့သမီးနဲ့ ပိုက်ဆံတဲ့လား။ ငါတို့ဝမ်မိသားစုက ဆုဝန်ကို ခေါ်ထားတယ် ပြီးတော့ သူ့ကိုထမင်းကျွေးထားတယ်။ နောက်ဆုံးမှာ သူ့ကို လူကောင်းသူကောင်းတစ်ယောက်ဖြစ်အောင် စောင့်ရှောက်ပေးထားတယ်။ ယင်ဇီ ဒါဟာ ဘာအတွက်လဲ”
အချို့သော ရွာထဲမှ အမျိုးသမီးများသည် မနေနိုင်တော့ပေ။ “ကျွန်မတို့က ဝမ်မိသားစုအကြောင်း ပြောနေကြတာလေ။ ဆုဝန်က ရှင်တို့အိမ်က ကလေးသတို့သမီးလေ။ ဒါကို ရွာထဲကလူတိုင်း သိကြတာပဲ။ အဲ့တော့ ရှင့်ပိုက်ဆံသုံးပြီး ဆုဝန်ကို သွားပြီးခေါ်သင့်တယ်။ ကလေးက ဆေးခန်းမှာ တစ်ယောက်တည်းရယ်”
အမျိုးသမီးဝမ်သည် သူမလက်ကို ခါးပေါ်တင်ကာ ခါးထောက်လိုက်ပြီး “ဆုဝန်က ငါတို့အိမ်က ကလေးသတို့သမီးလို့ ဘယ်သူပြောလဲ။ ဘာလို့ ဆုဝန်က ငါတို့အိမ်ရဲ့ ကလေးသတို့သမီး ဖြစ်ရမှာလဲ။ ငါ့ရဲ့ လော့ရှန်းဟာ အရည်အချင်းရှိတယ်၊ ပညာလဲတတ်တဲ့အပြင် ချမ်းလဲချမ်းသာတယ်။ မနှစ်ကတည်းကနေ ခုထိ ပညာသင်ကျောင်းသားအဖြစ် ရွေးချယ်ခံထားရတာ။ ဘယ်လိုလုပ် ဆုဝန်လို ဘာကိုမှ မသိတဲ့မိန်းကလေးတစ်ယောက်ကို ကလေးသတို့သမီးအဖြစ် သတ်မှတ်နိုင်မှာလဲ။ တကယ့် မဖြစ်နိုင်တာတွေပဲ” ဟု ပြောလိုက်သည်။
ရွာသားများသည် ဝမ်ရှီနှင့် ဝမ်လော့ရွှယ်ကို မယုံကြည်နိုင်သော မျက်လုံးများနှင့် ကြည့်ကြလေသည်။ ဆုဝန်သည် ဝမ်မိသားစု၏ ကလေးသတို့သမီးဖြစ်သည်။ သူတို့သည် သူတို့မျက်စိရှေ့တွင် မည်သို့ကြောင့် အဓိပ္ပာယ်မရှိသော စကားမျိုးကို ပြောနိုင်ရပါသနည်း။
အမျိုးသမီးဝမ်သည် ဆုဝန်၏ ဆေးဖိုးကို မပေးချင်ကြောင်းမှာ ထင်ရှားသည်။ ထို့ကြောင့် သူမသည် ဆုဝန်နှင့် ပတ်သက်မှုကို ရှင်းလင်းလိုက်လေသည်။
ဝမ်လော့ရွှယ်၏ မျက်နှာသည်ကား အနည်းငယ် မသက်မသာဖြစ်နေသည်။ အရင်က သူမသည် အားလုံး၏ ချီးကျူးမြှောက်ပင့်ခြင်းကို ခံခဲ့ရသည်။ သို့သော် ယခုတွင်မူ သူမသည် ရွာသားများ၏ စောင်းမြောင်းကြည့်ရှုပြောဆိုခြင်းကို ခံနေရသည်။ ထို့ကြောင့် ဝမ်လော့ရွှယ်သည် ဝမ်ရှီ၏ အင်္ကျီလက်စကို ဆွဲကာ အိမ်ကို ပြန်လေတော့သည်။
ဤအလေးထားဖွယ် မကောင်းသော ငွေပေးချေမှုကို သူမအမေကသာ လုပ်ခြင်းဖြစ်သည်။ သူမ ထိုလူကို မရှုံးနိုင်ပေ။
အမျိုးသမီးဝမ်သည် ရွာသားများသူမကို ဝိုင်းကြည့်နေကြသည်ကို မြင်သောအခါ အထက်စီးဆန်စွာ ပြောလိုက်လေသည်။ “ဒီနေ့ ဒီအခွင့်အရေးကို အသုံးချပြီး ဆုဝန်က ငါတို့မိသားစုရဲ့ ကလေးသတို့သမီး မဟုတ်ဘူးဆိုတာကို အားလုံးရှေ့မှာ ရှင်းပြမယ်။ သနားဖို့ကောင်းတဲ့ အဲမိန်းကလေးကို အိမ်ခေါ်လာလို့ သူက ငါ့ရဲ့ ကလေးသတို့သမီးလို့ ဟာသအဖြစ် ပြောလိုက်တာ”
ရွာသားများသည် ဝမ်အမျိုးသမီး၏ စကားကို မယုံသဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အားလုံးက လက်ရှိ ဆုဝန်၏ အခြေအနေသည် ဝမ်လော့ရှန်းနှင့် မသင့်တော်မှန်း သိကြသော်လည်း အမှန်တကယ်ပင် ဆုဝန်သည် ဝမ်လော့ရှန်း၏ ကလေးသတို့သမီး ဖြစ်ပေသည်။
အမျိုးသမီးဝမ်က ထပ်ပြောသည်။ “ရှင်တို့လဲ ရှင်တို့ကလေးတွေ ငယ်ငယ်တုန်းက အခြားဆွေမျိုးနီးစပ် တစ်ယောက်ယောက်နဲ့ လက်ထပ်ပေးမယ်ဆိုပြီး မစနောက်ဖူးကြဘူးလား။ အဲ့လိုစကားတွေကို အတည်ယူလို့ ရလား။ မရဘူးလေနော်၊ အဲဒါကြောင့် ဆုဝန်က ကျွန်မတို့မိသားစုရဲ့ ကလေးသတို့သမီးဆိုပြီး မစနောက်ကြပါနဲ့တော့ရှင်။ ကျွန်မတို့ မိသားစုရဲ့ဘဝတွေ မူတည်နေတဲ့ လော့ရှန်းဆိုတာ တောက်ပကြီးမားတဲ့ အနာဂတ်ရှိတဲ့သူပဲ။ သူကဒီလို ရူးမိုက်ပြီး ဉာဏ်မရှိတဲ့ မိန်းကလေးမျိုးကို လက်ထပ်မှာ မဟုတ်ဘူး”
ဝမ်အမျိုးသမီး၏ စကားသည် ဤအချက်ကို ထောက်ပြလိုက်သောအခါ အားလုံးတို့သည် ဝမ်မိသားစုက ဤလက်ထပ်ပွဲကို အသိအမှတ်မပြုကြောင်း နားလည်သွားကြသည်။
မူလက ဝမ်အမျိုးသမီးသည် ဆုဝန်၏ လစာများ ရစရာရှိသေးဖြင့် ဆုဝန်သည် ဝမ်လော့ရှန်း၏ ကလေးသတို့သမီးမဟုတ်ဟု အမြန်မငြင်းလိုခဲ့ပေ။ သို့သော် ယခုအချိန်တွင်မူ သူမ ထိုသို့မလုပ်လျှင် ပိုက်ဆံလည်း ထုတ်ပေးရမည့်အပြင် ဆုဝန်ကိုလည်း သွားခေါ်ရဦးမည်။
ထိုအမျိုးသားက ထပ်မံ၍ပြောလေသည်။ “အဒေါ်ဝမ် မိန်းကလေးဆုက အဒေါ်တို့ရဲ့ ကလေးသတို့သမီး မဟုတ်ဘူးဆိုရင်တောင် သူက အဒေါ်တို့အိမ်ကပဲလေ။ သူ့ကို ဂရုစိုက်ပေးရမှာပေါ့” အမျိုးသမီးဝမ်သည် သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။ ဆုဝန်က သူမတို့နှင့် မဆိုင်ကြောင်း မည်သိူ့ရှင်းလင်းပြရမည်နည်း။ လော့ရှန်း၏ ကလေးသတို့သမီးဖြစ်နေရခြင်းမှာ သူမအလုပ်မှ ပိုက်ဆံရစရာရှိနေသေးသောကြောင့်သာ ဖြစ်ပေသည်။
အမျိုးသမီးဝမ်သည် ဒေါသထွက်စွာ “တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆုဝန်က လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ကျွန်မတို့မိသားစုမှာ မရှိတော့ပါဘူး။ သူမလဲ အရွယ်ရောက်လာပြီလေ။ ဆိုတော့ ကျွန်မတို့်မိသားစုနဲ့ မနေတော့ဘူး။ ကျွန်မတို့ မိသားစုကနေ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ခွဲထွက်သွားပြီလေ။ ဒီလိုခွဲထွက်သွားပေးတဲ့ ဆက်ဆံရေးကြောင့်ပဲ ကျွန်မက ကျွန်မရဲ့ ကိုယ်ပိုင်မိသားစုလေးကို ပြန်တည်ဆောက်နိုင်ပြီလေ။ အခုရက်ပိုင်းတွေမှာ ဆုဝန်မ ချင်းယွင်ကောင်တီကို အလုပ်သွားလုပ်ပြီး တစ်ခါမှ ဝမ်အိမ်တော်သို့ ပြန်မလာတာကို ရွာထဲက ဘယ်သူမှ မသိကြဘူးလေ။ သူက သူ့ကိုယ်သူ ငါတို့ ဝမ်အိမ်တော်ကပါလို့ ဘယ်လိုလုပ်ပြောရဲရတာလဲ” ဟု ပြောလိုက်သည်။
ရွာထဲမှ အမျိုးသမီးများကလည်း ဂရုတစိုက် နားထောင်နေကြသည်။ ဝမ်မိသားစုသည် ဆုဝန်နှင့် ဆက်ဆံရေးကို အပြီးတိုင် ဖြတ်တောက်ချင်နေသည်။ ဆုဝန်သည် ဝမ်လော့ရှန်း၏ ကလေးသတို့သမီး မဟုတ်တော့သော်လည်း ဝမ်မိသားစုတွင် နှစ်နှစ်တောင် နေခဲ့တာဖြစ်သည်။ မွေးစားသမီးဟုပင် သတ်မှတ်၍ရပေသည်။
ဝမ်မိသားစုသည် ငွေချေးယူမှုအကြောင်းကို ပြောနေသည်။ ဝမ်မိသားစုသည် ဝမ်မိသားစုဖြစ်ပြီး ဆုဝန်သည် ဆုဝန်သာဖြစ်သည်။ ထို့ကြောင့် ဝမ်မိသားစုသည် ဆုဝန်၏ ဆေးဖိုးဝါးခနှင့် ပတ်သက်၍ ပေးစရာ ဘာအကြောင်းမှမရှိဟု ဆိုသည်။
အချို့သော ရွာမှ အမျိုးသမီးများသည် ဝမ်မိသားစု၏ အပြုအမူမှာ နှလုံးသားကင်းမဲ့လှသည်ဟု ထင်သည်။ ဆုဝန်သည် ညစ်ပတ်ပေရေပြီး သူမ၏ အလုပ်အကိုင်မှာလည်း အရမ်းမကောင်းသော်ငြား လွန်ခဲ့သော နှစ်နှစ်သုံးနှစ်အတွင်း ဆုဝန်သည် ကြမ်းတမ်ခက်ခဲသောအလုပ်များကို ဝမ်အိမ်တော်အတွက် လုပ်ပေးခဲ့လေသည်။ ဤသည်မှာ သာမန်ကလေးများ လုပ်ပေးနိုင်သည်ထက်ပင်ပိုပြီး အမျိုးသမီးဝမ်အား နားနားနေနေနေရစေခဲ့ပေသည်။
ယခင်က သူမတို့သည် အမျိုးသမီးဝမ်တွင် ကြမ်းတမ်းခက်ခဲသော အလုပ်များဝိုင်းလုပ်ပေးသည့် ဆုဝန်ရှိနေခြင်းကိုပင် မနာလိုဖြစ်ခဲ့ကြရသည်။
လွန်ခဲ့သော နှစ်နှစ်က အမျိုးသမီးဝမ်သည် ဝမ်လော့ရွှယ်ကို နာမည်ကောင်းရစေရန် ဆုဝန်လုပ်ထားသော အလုပ်များအားလုံးကို ဝမ်လော့ရွှယ်လုပ်သည်ဟု ပြောစေခဲ့သည်။
ပြင်ပလောကတွင်မူ ဆုဝန်သည် ကို့ရို့ကားယားနိုင်ပြီး အလုပ်ကြမ်းများသာ လုပ်နိုင်ပေသည်ဟူ၍ အားလုံးအမြင်တွင် ဖြစ်အောင် လုပ်ထားခဲ့ပေသည်။
ဆံပင်ဖြူဖြူနှင့် လီအမျိုးသမီးဟု အမည်ရသော အမျိုးသမီးကြီးသည် ဝမ်မိသားစုကို ဖျောင်းဖျသည်။
“ဝမ်မိသားစုကို ပြောရမယ်ဆိုရင် ဆုဝန်က အလုပ်ကြမ်းတွေပဲလုပ်ခဲ့တာဆိုပေမဲ့ ဝမ်မိသားစုကို ကူညီခဲ့တာပဲလေ။ ဘယ်လိုလုပ်ပြီး ဒီလောက် သနားညှာတာကင်းမဲ့ရတာလဲ”
ဝမ်အမျိုးသမီးက ပြန်ပြောသည်။ “ဝမ်မိသားစုဘက်ကနေ သူ့ကို စားဖို့သောက်ဖို့ ပေးထားတာပဲလေ။ အလုပ်ခိုင်းတာကကော ဘာများမှားနေလို့လဲ။ အဲလိုပြောကြေးသာဆိုရင် သူကတောင် ဝမ်မိသားစုအပေါ် အကြွေးတင်နေသေးတယ်”
အဘွားအိုလီက “ဆုဝန်က မင်းတို့မိသားစုကျွေးတာကို စားပြီး မင်းတို့မိသားစုပိုက်ဆံကို သုံးခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သူလုပ်ခဲ့တဲ့ အလုပ်ကြမ်းတွေက မင်းတို့အိမ်မှာ စားတာ သုံးတာထက်တောင် ပိုပါသေးတယ်။ မင်းတို့မိသားစုက ပညာသင်ကျောင်းသားမိသားစု ဖြစ်ပေမဲ့လဲ ဒါကတော့ မဟုတ်သေးဘူး”
မူလက ရွာသားများသည် ဝမ်မိသားစု ဘာပြောပြောကိစ္စမရှိဟု ထင်ထားကြသည်။ သူတို့အားလုံးသည် ဆုဝန်အပေါ်ကြင်နာကြသည်။ သို့သော် အဘွားအိုလီ၏ စကားကို နားထောင်ပြီးသွားသောအခါ အားလုံးသည် အဘွားအိုပြောသည်မှာ မှန်ကြောင်း နားလည်သွားကြလေသည်။ ဆုဝန်သည် ဝမ်မိသားစုအိမ်တွင် လူနှစ်ယောက်စာ အလုပ်ကြမ်းများစွာကို လုပ်ခဲ့ရပေသည်။ ဒါကိုတော့ ထည့်၍မတွက်ကြပေ။
အမျိုးသမီးဝမ်သည် ဒေါသတော်တော်ထွက်သွားသည်။ “ဘယ်လိုပဲဖြစ်ဖြစ် ဆုဝန်က ကျွန်မတို့ ဝမ်မိသားစုနဲ့ ဘာမှမဆိုင်တော့ဘူး။ ဒီလူတွေထဲက ကြိုက်တဲ့သူ ကိုယ့်ဘာသာ ဆေးခန်းကို ဦးဆောင်ပြီးသာသွား ကျွန်မကတော့ သွားမှာမဟုတ်ဘူး”
အမျိုးသမီးဝမ်သည် ထိုသို့ပြောပြီး ဝမ်လော့ရွှယ်၏ လက်ကိုဆွဲကာ အိမ်ထဲသို့ ဝင်သွားလေသည်။ ထိုစဥ် စူးရှသော အသံလေးတစ်သံထွက်လာသည်။ “အဒေါ်ဝမ်တို့ မိသားစုက မမဆုဝန်ကို မလိုချင်တော့ဘူးလား။ မမဆုဝန်က အဒေါ်တို့အိမ်ရဲ့ မိသားစုရော ကလေးသတို့သမီးရော မဟုတ်တော့ဘူးပေါ့နော်”
ရှန်ယာယာသည် အလွန်ပျော်သွားသည်။ အစ်မဆုဝန်သည် သူမ၏ အလုပ်များကို အမြဲကူညီသည်။ သူမသည် ဆုဝန်အား သူမအစ်ကို၏ ဇနီးမယားဖြစ်လာရန် တကယ့်ကို မျှော်လင့်ထားပေသည်။
သို့သော် အစ်မဆုဝန်က ဟိုဘက်အိမ်မှ သိမ်မွေ့လှစွာသော အစ်ကိုလော့ရှန်း၏ ကလေးသတို့သမီး ဖြစ်ကြောင်း ကြားခဲ့ရသည်။
ရှန်ယာယာသည် အဒေါ်ဝမ်ပြောသော အစ်မဆုဝန်သည် ဝမ်မိသားစုနှင့် ဘာမှမသက်ဆိုင်ဟူသည့် စကားကို ကြားသောအခါ အလွန်ပင် ပျော်သွားသည်။ ထို့ကြောင့် သူမသည် သေချာသိရစေရန် ဝမ်အမျိုးသမီးအား နောက်တစ်ခေါက်ထပ်မံမေးခြင်းပင် ဖြစ်ပေသည်။
အမျိုးသမီးဝမ်သည် သူမလက်ကိုခါယမ်းကာ စိတ်မရှည်စွာပြောလိုက်သည်။ “မင်းဘာသာမင်း သိချင်သိ မသိချင်နေ နောက်တစ်ခေါက်ထပ်ပြောပြမယ်။ ဆုဝန်က ငါတို့မိသားစုနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး”
ရှန်ယာယာက “ဒါဆို မမဆုဝန်ကို ကျွန်မတို့ ရှန်မိသားစုအဖြစ် လက်ခံလိုက်လို့ရတယ်မလား” ဟု ပြောလိုက်လေသည်။
ရှန်ယာယာသည် ခုမှ တစ်ဝက်တစ်ပျက် ရောက်လာတာဖြစ်သောကြောင့် သူမသည် ဆုဝန်ဖျားပြီး ဆေးရုံတွင် လဲနေသည့်အကြောင်းကိုရော၊ ဆုဝန်ကို ခေါ်ရန် ငွေခုနစ်တုံး ပေးရမည်ဖြစ်ကြောင်းကိုရော မသိချေ။
အနီးမှ ရွာသားတစ်ဦးက ရှန်ယာယာအား နောက်လိုက်သည်။ “ဒါဆိုရင် မင်းရဲ့ မမဆုဝန်ကို ကောင်တီကနေ ပြန်ခေါ်လာနိုင်ဖို့ ငွေခုနစ်တုံးယူခဲ့လေ” ရှန်ယာယာသည် ထိတ်လန့်သွားသည်။
ထိုအချိန်တွင် ရှန်ယာယာ့အစ်ကို ရှန်လင်းသည် လယ်ထဲတွင် အလုပ်လုပ်နေရာမှ ပြန်လာပြီး တံခါးဝတွင် ရောက်နေပြီဖြစ်သည်။
ရှန်လင်းသည် အရပ်ရှည်ပြီး လူကောင်ကြီးသည်။ ထို့ပြင် သူ့မျက်နှာကျပုံမှာလဲ ပြတ်သားပြီး ထင်ရှားလှသည်။ သူသည် အဖာအစပ်များ ပါသည့် အဝတ်ကြမ်းများကို ဝတ်ဆင်ပြီး သူ့အသားအရေမှာလဲ ညိုနေသည်။
ရှန်လင်းသည် ခံ့ညားသည်။ သို့သော် ချင်းရှီရွာရှိ မည်သူကမှ ရှန်လင်းအပေါ် မြင့်မြင့်မားမား မတွေးကြပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဆင်းရဲပြီး မကောင်းသော ဂုဏ်သတင်းသာ ရှိသောကြောင့် ဖြစ်ပေသည်။
ရွာသားများသည် ရှန်လင်းကို မြင်သောအခါ လာစေရန် လှောင်ပြောင်သရော်ပြီး လှမ်းခေါ်လိုက်သည်။
“ရှန်လင်းရေ ဒီကို မြန်မြန်လာပါဦး မင်းရဲ့ ဆရာသခင် ညီမလေးက မင်းမိသားစုထဲ မိသားစုဝင်အသစ် ထပ်ထည့်မလို့တဲ့”
ရှန်ယာယာလည်း မတ်တတ်ရပ်နေသည်ကို မြင်သောအခါ ရှန်လင်းသည် လျှောက်၍လာလေသည်။
ရှန်ယာယာသိသည်မှာ အစ်မဆုဝန်သည် နေမကောင်း ဖြစ်နေသည်။ ထို့ကြောင့် သူမကို ဆေးရုံမှ ခေါ်ထုတ်လာရန် ငွေတုံးခုနစ်တုံး ပေးရမည်ဆိုတာသာ ဖြစ်သည်။ သို့သော် သူမတို့ မိသားစုသည် ဆင်းရဲသည်။ ထို့ကြောင့် အစ်မဆုဝန်ကို ပြန်ခေါ်လာရန် ငွေဘယ်ရှိပါမည်နည်း။
အစ်မဆုဝန်က ဖျားနေသည့်အပြင် ပြင်းထန်သည့် အဖျားဖြစ်နေခဲ့ပါလျှင် သူမမည်သို့လုပ်ရမည်ကိုလဲ မသိပါ။
ရှန်ယာယာသည် ဆုဝန်ကိုလဲ စိတ်ပူနေပြီး သူမတို့မိသားစုတွင်လဲ ပိုက်ဆံမရှိကြောင်း သိသောအခါ မျက်ရည်များ ကျလာလေသည်။
ရှန်လင်းသည် ရှန်ယာယာ့ဆီ လျှောက်သွားပြီး “ဘာဖြစ်လို့လဲ” ဟု မေးလိုက်သည်။
လူကောင်းပုံပေါ်သော လူငယ်တစ်ယောက်က ရှန်လင်းကို အစအဆုံး အကြောင်းစုံ ပြောပြလိုက်လေသည်။ ရှန်လင်းသည် ခေါင်းကို ငုံ့လိုက်သည်။ လူတစ်ဖက်သားကို အချွန်နှင့် မချင်ကြသော မျောက်ပါးစပ်နှင့် လူများသည် ရှန်လင်းအား အမြဲလှောင်ပြောင် တတ်ကြသည်။
ရှန်စန်းသည် မဲ့ပြုံးပြုံးပြီး “ရှန်လင်း ဆုဝန်ကိုသွားခေါ်ပြီး မင့်မိန်းမအဖြစ် ယူလိုက်လေ။ ဆုဝန်က ရုပ်ဆိုးပြီး ကို့ရို့ကားယားဆိုပေမဲ့ သူ့ကို သွားခေါ်လာတာက ပညာသင်တစ်ယောက် ဖြစ်တာထက်တော့ သာမှာပါ”
ရှန်လင်းသည် သူ့ဝမ်းကွဲ ရှန်စန်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ရှန်စန်းသည် သူ့တစ်ကိုယ်လုံး အေးလာသည်ဟု ခံစားရကာ ကြက်သီးများပင် ထသွားသည်။
သို့သော် ရှန်စန်းသည် ရုတ်တရက် တွေးလိုက်မိသည်။ ဤရှန်လင်းသည် လူတိုင်း အထင်အမြင်သေးရသည့် ဆင်းရဲသားတစ်ဦးပင် ဖြစ်သည်။ သူသည် အဘယ်ကြောင့် ထိုသို့သော လူတစ်ယောက်ကို ကြောက်ရပါမည်နည်း။
ရှန်စန်းသည် သူ့ရင်ဘတ်ကိုကော့ကာ နောက်တစ်ခေါက် ထပ်ပြောလိုက်သည်။ “ဟုတ်တာပေါ့ မင်းက အရမ်းဆင်းရဲတာလေ ဘယ်လိုလုပ်ပြီး မင်းငွေခုနစ်တုံးကို ပေးနိုင်ပါ့မလဲ။ ငါ့အမြင်တော့ မင်း ပညာဆက်သင်ပြီး ဘွဲ့ယူတာပဲကောင်းပါတယ်” ရှန်လင်းသည် ရှန်စန်း၏ အင်္ကျီကော်လံစကို ဆွဲကာ ကြောင်ပေါက် ခွေးပေါက်လေးကဲ့သို့ မြေပေါ်မှ ဆွဲမလိုက်သည်။
ထို့နောက် ပစ်ထုတ်လိုက်လေသည်။
ရှန်စန်းသည် တောင်ပို့တစ်ခုဆီ ပစ်ထုတ်ခံလိုက်ရပြီး ရွှံ့ရုပ်ထုတစ်ခုဆီ လိမ့်သွားသည်။ သူသည် ရုတ်တရက် ဆဲရေးတိုင်းထွာလိုက်ပြီး “ရှန်လင်း ခွေးကောင် မင်းက မင်းရဲ့ ဘိုးဘွားတွေကို မလေးစားရုံတင် မကဘူး။ မင်းရဲ့ ညီအစ်ကိုကိုပါ ရိုက်တယ်ပေါ့လေ။ မင်းက ဘယ်လို ခွေးကောင်မျိုးလဲ” ရှန်လင်းသည် ရှန်စန်းအား အေးစက်နေသောအကြည့်တစ်ချက် ကြည့်လိုက်လေသည်။
ရှန်စန်းသည် ရပ်သွားသည်။ နောက်ထပ် ထပ်မဆုံးမဝံ့တော့ပေ။ ရှန်လင်း၏ မျက်လုံးများးသည် ဝံပုလွေတစ်ကောင်ကဲ့သို့ပင် ကြည့်ခံရသူကို ခေါင်းကြိမ်းသွားစေနိုင်သည်။ ထို့နောက် ရှန်လင်းသည် ငိုနေသော ရှန်ယာယာကို ကြောင်ပေါက်လေးတစ်ကောင်သဖွယ် ကောက်ယူလိုက်ပြီး အကြောင်း လာကြားသော ယောက်ျားကို မေးလိုက်သည်။
...
အခန်း (၂၈) (ခ)
“မိန်းကလေးဆု ဘယ်မလဲ”
ဒီပိုက်ဆံတွေနဲ့ ဘာလုပ်ရမည်နည်း။
ထိုယောက်ျားသည် ထိုသို့တွေးလိုက်စဥ် သူ၏ တာဝန်သည် ပြီးဆုံးသွားပေပြီ။ မိန်းကလေးဆုက ဝမ်မိသားစုသည် လူအများ၏ ရှေ့တွင် ဆုဝန်သည် ဝမ်မိသားစု၏ ကလေးသတို့သမီး မဟုတ်တော့ကြောင်းနှင့် ဝမ်မိသားစုနှင့် နောက်ထပ် ပတ်သက်စရာမရှိတော့ကြောင်း ပြောသည်ထိသာ မှာခဲ့ပေသည်။
ယခုတွင်မူ ဤလူငယ်လေးသည် လိုက်လာချင်သည် ဆိုပါသောကြောင့် သူသည် ငြင်း၍မရပေ။ အကယ်၍ သူငြင်းလိုက်လျှင် သူလိမ်တာ သိသွားကြလိမ့်မည်။
ထို့အပြင် ဤလူငယ်လေးသည် မိန်းကလေးဆုတွင် အကြွေးငွေခုနစ်တုံး ရှိတာကို သိရက်နှင့် မိန်းကလေးဆုဆီ လိုက်လာချင်တာဖြစ်သည်။ ထို့ကြောင့် သူသည် မိန်းကလေးဆုနှင့် ပတ်သက်၍ စိတ်စေတနာကောင်း ရှိသည်မှာ ထင်ရှားပေသည်။
ထို့ကြောင့် သူ့ကိုခေါ်သွားခြင်းသည် မိန်းကလေးဆု၏ အစီအစဥ်ကို ဖော်ထုတ်ရာ ရောက်မည် မဟုတ်ပေ။
ဆေးဆိုင်မှ အလုပ်သမားသည် “လိုက်လာခဲ့ပါ သခင်လေး ကျွန်တော်နဲ့ လိုက်ခဲ့ပါ။ ဒါနဲ့ သခင်လေးရဲ့ မျိုးရိုးနာမည်က”
“ငါ့မျိုးရိုးနာမည်က ရှန် ပဲ။ ခင်ဗျားကရော”
“ကျွန်တော့်နာမည်က လီရှင်းပါ။ သခင်လေးရှန် မိန်းကလေးဆုကို နေမဝင်ခင် သွားခေါ်ကြရအောင်”
ရွာသားအားလုံးသည် ရှန်လင်းကို အံ့သြစွာ ကြည့်နေကြသည်။ သူသည် ဆင်းရဲလွန်းသည်။ သူသည် ဘယ်ကနေ ငွေခုနစ်တုံးကို ရနိုင်မည်နည်း။ အကယ်၍ ငွေခုနစ်တုံးသာ ရှိလျှင်လဲ အဘယ်ကြောင့် မိသားစုကောင်းမှ မိန်းကလေးကို မရှာဘဲ ရုပ်ဆိုးဆိုးနှင့် ဆုဝန်၏ ဆေးဖိုးအတွက် သုံးပါမည်နည်း။
အားလုံး၏ သံသယမျက်လုံးများအောက်မှ ရှန်လင်းသည် ရှန်ယာယာ့ကို ခေါ်ကာ အမျိုးသားကြီးနောက်မှ လိုက်ထွက်လာခဲ့သည်။ ထို့နောက်ရွာဝင်ပေါက်မှ ထွက်သွားလေတော့သည်။
ရှန်လင်းထွက်သွားသည်ကို မြင်သောအခါ ရှန်စန်းသည် ထပ်မံ၍ ဆဲရေးပြန်သည်။ “ရှန်လင်း အကြီးအကဲရဲ့ ရှစ်ယောက်မြောက် မြေးကြီး ငါက သူ့ရဲ့ ဝမ်းကွဲပဲ။ သူကငါ့ကို ရိုက်ရဲတယ်ပေါ့လေ။ အားလုံးပဲ မြင်တယ်မလား။ သူ့ငါ့ကို ရိုက်တာကိုလေ”
ရှန်စန်း၏အဖေသည် ရှန်လင်းအဖေ၏ အစ်ကိုဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဝမ်းကွဲညီအစ်ကိုများ ဖြစ်ကြပေသည်။
ရှန်လင်း၏ အဖေသည် နာမကျန်းသဖြင့် ကွယ်လွန်ခဲ့ပြီးနောက် ဦးလေးဖြစ်သော ရှန်စန်း၏ အဖေသည် သူ့သားသုံးယောက်နှင့် ရှန်လင်း၏ အဘိုးအဘွားများကို အကျိုးရလိုခြင်းအလို့ငှာ သူနှင့်အတူ ခေါ်ထားပြီး ရှန်လင်းတို့ မိသားစု၏ စည်းစိမ်ကို မတရားသဖြင့် လုယူခဲ့လေသည်။
ရှန်လင်းအဖေရှိနေစဥ်က ရှန်လင်းသည် ရှန်စန်းထက် အရာရာသာလွန်သည်။ ရှန်လင်းတို့် မိသားစုစည်းစိမ်များ လုယူခံရပြီးနောက် ရှန်လင်းအမေသည် နာမကျန်းဖြစ်ကာ ငွေအမြောက်အများ ကုန်ခဲ့သည်။ ဤသို့ဖြင့် ရှန်လင်းတို့မိသားစုသည် ဆင်းရဲသွားခဲ့ရပေသည်။
ထိုကတည်းက ရှန်စန်းသည် ရှန်လင်းအား လှောင်ပြောင်ပြီးရင်း လှောင်ပြောင်သရော်ခဲ့ပေသည်။
ရှန်စန်းသည် ဘေးပတ်ဝန်းကျင်မှ ရွာသားများအားလဲ “ရှန်လင်းက အဲ့ရုပ်ဆိုးဆိုးဆုဝန်မကို ပြန်ခေါ်လာမှာတဲ့ ဟားဟား။ သူဆင်းရဲကောင်နဲ့ ရုပ်ဆိုးမ ဘယ်လောက်လိုက်ဖက်လိုက်တဲ့ အတွဲလဲ၊ ငါပြန်လာခဲ့မယ် ရှန်လင်းမှာ ငွေခုနစ်တုံးတောင် မရှိဘူး။ သူကအဲ့ ရုပ်ဆိုးတဲ့ မကောင်းဆိုးဝါးမကိုတောင် လက်ထပ်နိုင်မှာ မဟုတ်ဘူး” ရွာသားများသည် ရှန်စန်းပြောသည်များက အလွန်ရိုင်းစိုင်းသည်ကို သိကြသည်။ သို့သော် ဘယ်သူကမှ ထွက်မတားကြပေ။
ရှန်မိသားစုတွင် သူ့အဖေအပါအဝင် ညီအစ်ကိုသုံးယောက်ရှိပေသည်။ ရှန်မိသားစုတွင် သက်လတ်ပိုင်း လုပ်သားစုစုပေါင်း လေးဦးလည်း ရှိပေသည်။ ဆွေမျိုးများသည် ရှန်မိသားစုနှင့် အလွန်ပင် ရင်းနှီးပေသည်။ အကယ်၍ ရှန်မိသားစုနှင့် ပြဿနာတစ်ခုခုဖြစ်လျှင် သူတို့မိသားစုသည် ရှင်သန်ဖို့မဖြစ်နိုင်ပေ။
သို့သော်လည်း ရွာသားများသည် အဝေးကိုထွက်သွားသော ရှန်လင်းကိုကြည့်ပြီး ရှန်လင်းက ဆုဝန်ကို ခေါ်လာရန်မှာလဲ သရော်ဖွယ်ဖြစ်နေကြောင်း စဥ်းစားမိကြလေသည်။
အပြန်လမ်းတွင် ရွာသားများသည် နှစ်ယောက်သုံးယောက်စုကာ စကားပြောနေကြသည်။ ရှန်လင်း၏ မိသားစုသည် ဆင်းရဲသည့်အပြင် တစ်နှစ်ပတ်လုံးဆေးကိုသာ မှီဝဲနေရသော ဖျားနာနေသည့် အမယ်အိုကြီးလဲ ရှိနေသေးပေသည်။ အကယ်၍ သူတို့သည် နာမကျန်းဖြစ်နေသော ဆုဝန်ကိုသာ ပြန်ခေါ်လာခဲ့ပါလျှင် သူတို့မိသားစုတွင် စားစရာပင် ရှိတော့မည် မဟူတ်ပါချေ။
ထိုအချိန်တွင် ဝမ်မိသားစုသည်လည်းပဲ ဆုဝန်နှင့်ပတ်သက်၍ ဘာမှထပ်ပတ်သက်စရာ မလိုတော့ကြောင်း၊ ရှန်လင်းသည် ဆုဝန်အား ဇနီးမယားအဖြစ်ပေါင်းသင်းလာနိုင်ပါသော်လည်း ဆုဝန်သည် ရုပ်ဆိုးပြီး ရှုပ်ပွေလေသည်။ ထို့ကြောင့် ငွေခုနစ်တုံးကို သူမအဖို့ သုံးရန်မှာ အကျိုးမရှိပေ။ သူမထက် အစေခံတစ်ဦးကို ရှာတာကမှ ပို၍ စျေးသက်သာဦးမည်ဟု ဆိုနေကြပေသည်။
ရှန်လင်းနှင့် ရှန်ယာယာကမူ ယောက်ျားကြီးနောက်မှ ချင်းယွင်ကောင်တီသို့ လိုက်လာခဲ့သည်။
ဆောင်းဦး၏ ညခင်းသည် ရေတမျှ အေးစက်လေသည်။ ယောက်ျားကြီးသည် အဝတ်ထူထူ ဝတ်ဆင်ထားသော်လည်း ရှန်လင်းနှင့် ရှန်ယာယာမှာမူကား အဝတ်ပါးလေးများကိုသာ ဝတ်ဆင်ထားလေသည်။ သူတို့ခန္ဓာကိုယ်များသည် စပ်ဖျင်းဖျင်းပင် ခံစားနေရလေသည်။
ရှန်ယာယာသည် ရှန်လင်း၏ လည်ပင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်။ သူမသည် ရှန်လင်း၏ နားရွက်နားကို တိုးပြီး တိုးတိုးလေးပြောလိုက်သည်။ “ကိုကို ညီမလေးတို့မှာ ပိုက်ဆံမရှိရင် ဘယ်လိုလုပ်ကြမလဲ”
ရှန်လင်းသည် ရှန်ယာယာ့ကျောကုန်းလေးအား ပုတ်ပေးပြီး “နည်းလမ်းရှိလာမှာပါ” ဟု ပြောလိုက်လေသည်။
လီရှင်းသည် ရှန်လင်းအား အမှန်အတိုင်း ပြောလိုက်ချင်သည်။ သို့သော် သူသည် ဆုဝန်ထံမှ ခွင့်ပြုချက် မရသေးဘဲ မပြောလိုပေ။ ထို့ကြောင့် သူသည် ဘာမှမပြောဘဲ နှုတ်ဆိတ်၍ နေပေသည်။
လီရှင်းသည် ရှန်လင်းနှင့် ရှန်ယာယာကို ဆေးခန်းဆီသို့ခေါ်လာပြီး သူတို့နှစ်ယောက်အား အပြင်ဘက်မှ ခုံတန်းလေးတွင် ခဏစောင့်နေရန် ပြောလိုက်သည်။
ရှန်လင်းသည် အနည်းငယ် ထူးဆန်းသွားပြီး “ဘာလို့ ကျွန်တော်တို့ကို မိန်းကလေးဆုဆီ တိုက်ရိုက် ခေါ်မသွားတာလဲ” ဟူ၍ မေးလိုက်လေသည်။
လီရှင်းက ပြုံးပြီး “မိန်းကလေးဆုက သတိလစ်နေတုန်းပါ။ အပြင်လူတွေ သူမကို လာတွေ့လို့ ရမရဆိုတာကို သမားတော်ဆီ အရင် သွားမေးမလို့ပါ” ဟု ပြန်ဖြေလေသည်။
လီရှန်းသည် အမြန်ပြေးကာ ဆေးခန်းအနောက်ဘက်မှ ဆုဝန်ရှိရာ တည်းခိုဆောင်ကို သွားသည်။
လီရှင်းသည် တည်းခိုခန်းထဲသို့ ဝင်ပြီး ဆုဝန်၏တံခါးကို ခေါက်လိုက်ချိန်တွင် အသက်ရှူရပ်မတတ်ပင် မောဟိုက်၍နေသည်။ ဆုဝန်သည် တံခါးကို ဖွင့်လိုက်သောအခါ ဘောင်းဘီခပ်ထူထူနှင့် သူ၏ဝမ်းဗိုက်ကို လက်ဖြင့်ဖိထားသော စာရေးကို တွေ့လိုက်ရသည်။
ဆုဝန်ကို တွေ့သောအခါ လီရှန်းက “မိန်းကလေးဆုဝန် ကျွန်တော် မိန်းကလေးပြောတဲ့အတိုင်း လုပ်ခဲ့ပါတယ်။ ကိစ္စအားလုံးလဲ ရှင်းသွားပြီ။ ဝမ်မိသားစုက အားလုံးရဲ့အရှေ့မှာ မိန်းကလေးက သူတို့မိသားစုရဲ့ ကလေးသတို့သမီး မဟုတ်ကြောင်း ပြောပြီး၊ မိန်းကလေးနဲ့ ဝမ်မိသားစု ဘာမှ ပတ်သက်ဖို့အကြောင်း ထပ်မရှိတော့ဘူး လို့လဲ ပြောပါတယ်”
ဆုဝန်သည် ကျေကျေနပ်နပ်နှင့် ခေါင်းကိုငြိမ့်လိုက်ပြီး “အရမ်းတော်တယ်” ဟုပြောကာ နောက်ထပ် ငွေသုံးရာကို သူမလက်ထဲမှ ပေးလိုက်လေသည်။
လီရှင်းသည် နောက်ထပ်ငွေလက်ကျန်ကို သိမ်းဖို့အလို့ငှာ တုံ့ဆိုင်းမနေပေ။ သို့သော် ယခုအချိန်တွင် အထူးအခြေအနေ တစ်ရပ်ရှိနေကြောင်း ဆုဝန်ကို ပြောရပေမည်။ ဤသည်မှာ အားလုံးသည် ဆုဝန်က နာမကျန်းဖြစ်နေပြီး ဆေးဖိုးပေးပါမှ ဆုဝန်ကို ပြန်ခေါ်နိုင်လိမ့်မည်ဟု ယုံကြည်ထားကြပြီ ဖြစ်လေသည်။
ဆုဝန်သည် အနည်းငယ် အံ့အားသင့်သွားသည်။ သူမသည် သိပါပြီ ဟူသည့်အသွင်နှင့် လာပြောသော သူ့အား ပြုံးပြလိုက်သည်။
မူလက သူမသည် ဝမ်မိသားစုနှင့် ဆက်ဆံရေးကို ဖြတ်တောက်ပြီးလျှင် သူမတွင် သွားစရာ မရှိသည့်အတွက် ရှန်မိသားစုအိမ်တွင် ပိုက်ဆံပေးပြီး ငှားနေရန် စဥ်းစားခဲ့သည်။ လင်းကျိုးသည် သူမကို သဘောကျနေတာ ဖြစ်သည်။
ယခုတွင်မူ သူမရှန်မိသားစုအိမ်ကို မငှားခင်ပင် ရှန်လင်းသည် သူမကို ခေါ်ရန် ရောက်လာလေပြီ။
ရှန်လင်းနှင့် ရှန်ယာယာသည် မှောင်လုပျိုးသည်အထိ လီရှင်းထွက်လာသည်ကို စောင့်နေကြသည်။ ဆေးခန်းကလဲ မကြာခင် ပိတ်တော့မည် ဖြစ်ပေသည်။
ရှန်လင်းသည် ဆေးခန်းတံခါးကို ပိတ်ရန်ပြင်နေသော အလုပ်သမားရှေ့တွင် သွားရပ်ကာ အခြေအနေကို မေးလိုက်သည်။ ရှန်လင်း၏ အဝတ်ကြမ်းများကို မြင်သောအခါ အလုပ်သမားက စိတ်မရှည်ဟန်ဖြင့် ဖြေလေသည်။ “မင်းပြောသလို ဘာမိန်းကလေးမှ မရှိဘူး။ မြန်မြန်ဖယ်စမ်းပါ။ ငါတံခါးပိတ်ရဦးမယ်”
“ဝမ်ဆန် မင်းဘာလုပ်နေတာလဲ။ ဒါမင်း ဧည့်သည်ကို ဆက်ဆံတဲ့ပုံစံလား” ဆုဝန်ကို သွားရှာနေသော လီရှင်းသည် ရှန်လင်း၏ အနောက်မှ ပေါ်လာသည်။ ရှန်လင်းသည် ဆုဝန်ကို တွေ့ရန် လိုက်သွားလေသည်။ လီရှင်းက ဤလူငယ်လေးကို အတော်အသင့် အသိအမှတ်ပြုလိုက်လေသည်။ သူနှင့်အတူ အလုပ်လုပ်နေသော ဝမ်ဆန်က ရှန်လင်းကို ထိုသို့ ဆက်ဆံသည်ကို မြင်သောကြောင့် လီရှင်းသည် ဝမ်ဆန့်ကို အမြန်တားလိုက်ခြင်း ဖြစ်ပေသည်။
ဝမ်ဆန်သည် ရှန်လင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် တံခါးကို ဆက်ပိတ်လိုက်လေသည်။
ရှန်လင်းက နည်းနည်းထူးဆန်းသွားသည်။ ထို့ကြောင့် သူသည် လီရှင်းအား သူမအထဲတွင် ရှိမရှိမေးရာ လီရှင်းသည် ညာဘက်မှ လမ်းကြားလေးကို ညွှန်ပြလိုက်သည်။ “သခင်လေးရှန် ဟိုမှာကြည့်ပါဦး ဘယ်သူလာနေတာလဲလို့”
ရှန်လင်းသည် လီရှင်းညွှန်ပြသော နေရာသို့ ကြည့်လိုက်သည်။
ချက်ချင်းဆိုသလို ချင်းယွင်ကောင်တီ၏ လမ်းမီးတိုင်များသည် မီးများလင်းလာပြီး ကောင်းကင်ကြီးကဲ့သို့ လင်းထိန်သွားလေသည်။
မက်မွန်ရောင် အပေါ်ထပ်နှင့် ဆုဝန်သည် ဆေးခန်းညာဘက်ရှိ လမ်းကြားလေး ရှေ့မှ ထွက်လာလေသည်။
ဆုဝန်၏ အနောက်တည့်တည့်တွင် တောက်ပနေသော လမ်းမီးတိုင်ရှိပြီး ဘေးနှစ်ဖက်လုံးတွင်လည်း တောက်ပနေသော မီးတောက်များရှိနေပေသည်။ ထိုတောက်ပသော အလင်းများသည် ဆုဝန်၏ နူးညံ့သော အသားအရေနှင့် ဖဲသားကို အပြာရောင် ပိုးသားကဲ့သို့ တောက်ပသွားစေသည်။
ရှန်လင်းသည် ထိတ်လန့်သွားသည်။ ဆုဝန်သည် ဆေးခန်းမှ အိပ်ရာပေါ်တွင် လဲလျောင်းနေရမည် မဟုတ်ပါလော။
ဆုဝန်၏ သွင်ပြင်သည် အလွန်ပြောင်းလဲသွားသော်လည်း ရှန်ယာယာသည် တစ်ချက်ကြည့်ရုံနှင့် ဆုဝန်ကို မှတ်မိနေသေးသည်။ “မမဆုဝန်” ရှန်ယာယာသည် ပျော်ရွှင်စွာ ပြေးသွားပြီး ဆုဝန်၏ ခြေထောက်ကို ပြေးဖက်လိုက်သည်။
ဆုဝန်သည် သူမခြေလှမ်းများကို ရပ်ပြီး ရှန်ယာယာဖက်တာကို ခံလိုက်လေသည်။
ရှန်ယာယာက “မမဆုဝန် အလင်းဆီကို ပြန်လာတာလား” ဟု မေးလေသည်။
ဆုဝန်သည် ရှန်ယာယာ၏ မေးခွန်းကို သဘောကျပြီး ပြုံးလိုက်ကာ “အလင်းထဲကို ဘယ်လိုပြန်လာတယ်ဆိုတာ ညီမလေးက ဘယ်လိုသိတာလဲ ပြောပါဦး”
ရှန်ယာယာက “ညီမလေးအဖေ မဆုံးခင်တုန်းက သူက အဝတ်အစား အသစ်တွေလဲ အများကြီးဝတ်ပြီး ပုံပြင်တွေလဲ အများကြီး ပြောပြတယ်လေ။ ဖေဖေဆုံးသွားပြီးတော့ သူတို့က ဖေဖေက ဘဝနောက်တစ်ခုနဲ့ ပြန်လာမှာလို့ ပြောကြတယ်”
ဆုဝန်သည် ကိုယ်ကို ကိုင်းချလိုက်ပြီး ရှန်ယာယာကို ကောက်ချီလိုက်သည်။ ရှန်ယာယာက ထပ်ပြောသည်။ “မမက အလင်းထဲကို လျှောက်လာပြီး အဝတ်အစားအသစ်တွေလဲ ဝတ်ထားတယ်လေ၊ အလွန်လှလာတယ်။ ဒါအသစ်တစ်ဖန် ပြန်လာတာပဲပေါ့”
ရှန်လင်းသည် ဆုဝန်ဆီ လျှောက်လာပြီးမေးလေသည်။ “ညီမဆု ဆေးခန်းထဲမှာ ရှိနေတာ မဟုတ်ဘူးလား”
ဆုဝန်သည် ပြုံးကာ ဘာစကားမှမပြောဘဲ ရှန်လင်းကို ကြည့်နေလေသည်။
ရှန်လင်း၏ မျက်နှာသည် တည်ကြည်နေပြီး သူသည် စကားအားလုံးကို ပြောလေတော့သည်။
“ ဆေးရုံစရိတ်အတွက်လဲ ဘာမှ ပူစရာမလိုဘူးနော်။ အစ်ကို ဆေးခန်းက သမားတော်ဆီ အပေါင်စာချုပ် ရေးပြီး အိမ်ကို အပေါင်ထားထားလိုက်မယ်။ အိမ်ကအနည်းဆုံး ငွေဆယ့်နှစ်တုံးလောက်တန်တယ်။ ဆေးဖိုးတော့ ကာမိပါတယ်” ဆုဝန်က “ကိုကိုရှန်လင်းက ကျွန်မဖို့ ပိုက်ဆံ ဘာလို့ ပေးမှာလဲ” ဟု မေးလိုက်လေသည်။
ရှန်လင်းက “ယာယာ လူမှန်းသိတတ်စကတည်းက သူတစ်ခါမှ အဝတ်အစားအသစ်တွေ မဝတ်ဖူးဘူး”
“.....”
သူမသည် ရှန်လင်းက သူမကို အချိန်အကြာကြီး စောင့်ရှောက်ပေးခဲ့သည်ဟု ခံစားလိုက်ရသည်။ ခင်မင်ရင်းနှီးမှုကြောင့် သူသည် ဆေးရုံအထိ သူမကို လာရှာပြီး သူမ၏ ဆေးဖိုးများကို ရှင်းပေးလေသည်။ ထို့ကြောင့် သူမသည်လည်း ကျေးဇူးကို တုံ့ပြန်သည့် အနေဖြင့် ရှန်ယာယာ့အဖို့ အဝတ်အစားသစ် ပြန်ဝယ်ပေးရမည်။
ဆုဝန်သည် သူမခေါင်းကို ငုံ့ထားပြီး ဆေးဖိုးဝါးခအကြောင်းတော့ မပြောပေ။ သို့သော် ဝမ်းနည်းနေသော အသံဖြင့် “အဒေါ်ဝမ်က ညီမ ဝမ်မိသားစုနဲ့ ဘာမှ မဆိုင်တော့ဘူးလို့ ပြောတယ်ဆိုတာ ညီမ ကြားမိပါတယ်”
ရှန်ယာယာသည် သူမ၏လက်မောင်းကို ဆုဝန်၏ လည်ပင်းတွင် သိုင်းဖက်လိုက်ပြီး “မမဆုဝန် ညီမလေးတို့ အိမ်ကို လိုက်ခဲ့လေ။ အိမ်မှာ အခန်းအလွတ်ရှိပါသေးတယ်” ဟု ပြောလိုက်သည်။
ဆုဝန်သည် ရှန်ယာယာ၏ နှာခေါင်းလေးကို တို့ထိလိုက်ကာ “ဆုံးဖြတ်ချက်ချပြီးပြီလား ကလေးမလေးရဲ့” ဟု ပြောလိုက်သည်။
ရှန်ယာယာက ရှန်လင်းကို ကြည့်ကာ “ကိုကို ညီမလေးတို့ အိမ်မှာ အခန်းအလွတ် ရှိသေးတယ်မလား” ဟု မေးလိုက်လေသည်။
ရှန်ယာယာ့၏ မျက်လုံးများသည် မျှော်လင့်ချက်ဖြင့် ပြည့်နေသည်။
ရှန်လင်းက ခေါင်းညိတ်လိုက်သည်။ သူသည် ဆုဝန်တွင် သွားစရာမရှိမှန်းသိသောကြောင့် ဆုဝန်ကို ပြန်ခေါ်သွားရန်စီစဥ်ထားလေသည်။
ထို့နောက် ရှန်လင်းသည် အိမ်ဂရံစာချုပ်ကို လီရှင်းအား ပေးလိုက်လေသည်။ “ဒါက ကျွန်တော်တို့အိမ် ဂရံပါ...”
လီရှင်းသည် ရှန်လင်း၏ အိမ်စာချုပ်ကို အမြန် ပြန်တွန်းပေးလိုက်သည်။ “သခင်လေး ဘယ်လို ဆေးဖိုးဝါးခမှ ပေးစရာမလိုပါဘူး။ အသေးစိတ်ကိုတော့ မိန်းကလေးဆုကိုသာ မေးလိုက်ပါ၊ မိန်းကလေးဆုက အထူးစီစဥ်ထားတာဆိုတော့ ကျွန်တော် အဓိပ္ပာယ်မရှိတဲ့ စကားတွေ မပြောရဲပါဘူး”
ထိုလီရှင်းသည် စကားပြောပြီးသောအခါ သူသည် ဆေးခန်းမ၏ ဘေးလမ်းမှသွားကာ ဆေးခန်းထဲသို့ ပြန်သွားလေသည်။
ရှန်လင်းသည် ဆုဝန်က တကယ်ဖျားနာခြင်းလည်း မဟုတ်၊ သတိလည်း မလစ်၊ ဆေးခန်းကို အကြွေးလည်း တင်မနေမှန်း နားလည်သွားလေပြီ။
ရှန်လင်းသည် ဉာဏ်ကောင်းသူတစ်ဦးဖြစ်ပေသည်။ ဤလူ လီရှင်းသည် ချင်းရှီရွာသို့ ဒုက္ခကြီးစွာ ရောက်လာရခြင်းမှာလည်း ဆုဝန်၏ အစီအစဥ်ပင် ဖြစ်နိုင်ပေသည်။
ရှန်လင်း ပဟေဠိဖြစ်နေတာတစ်ခုတော့ရှိသည်။ ဆုဝန်သည် ဝမ်လော့ရှန်းအား အလွန်ကြိုက်သည်မှာ ထင်ရှားသည်။ ဝမ်မိသားစုနှင့် ရှန်မိသားစုသည် အိမ်နီးချင်းများဖြစ်ကြပေသည်။ အိမ်နောက်ဖေးမှ ဟင်းရွက်ခင်းသည်သာလျှင် ခြံစည်းရိုးဖြစ်သည်။ ရှန်လင်းသည် ဆုဝန်က ဝမ်မိသားစုအပေါ် ဘယ်လောက်ထိ နှစ်မြုပ်ထားမှန်း မြင်နိုင်ပေသည်။ ထို့ပြင် သူမသည် ညအခါတွင် ဝမ်လော့ရှန်း၏ ကျောင်းစရိတ်အတွက် ပူပန်နေသည်ကိုလဲ သူတွေ့ထားလေသည်။
အဘယ်ကြောင့် ဆုဝန်သည် ရုတ်တရက် ဝမ်မိသားစုမှ ထွက်လာရန် စိတ်ပြောင်းသွားရပါသနည်း။
ဆုဝန်သည် ရှန်လင်းကို ကြည့်လိုက်ပြီး “အစ်ကိုနဲ့ ရှန်ယာယာနဲ့ တည်းခိုခန်းဆီ ညီမနဲ့အတူလိုက်ပြီး ခရီးဆောင်အိတ် လိုက်ယူပေးလို့ ရမလား”
ရှန်လင်းက ခေါင်းညိတ်လိုက်လေသည်။
ဆုဝန်သည် ရှန်ယာယာ့ကို လက်မောင်းထဲတွင် ပွေ့ချီလျက် ဦးဆောင်ကာသွားပြီး လမ်းလျှောက်ရင်း ရှန်လင်းကို ဘာတွေဖြစ်ပျက်ခဲ့သည်ကို ပြောပြနေလေသည်။
ဝမ်မိသားစုသည် ဆုဝန်အား တကယ့်ကို ဆိုးဆိုးရွားရွားဆက်ဆံသည်။ ထို့ကြောင့် ဆုဝန်သည် ဝမ်မိသားစုတွင် မနေလိုတော့သဖြင့် သူမတို့သည် ဆိုးရွားသည့် လှုပ်ရှားမှုတစ်ခု လုပ်ခဲ့ကြခြင်း ဖြစ်ပေသည်။
ဝမ်မိသားစုနှင့် ရှန်မိသားစုသည် ဘေးချင်းကပ်ဖြစ်ပေသည်။ ထို့ကြောင့် ရှန်လင်းသည် ဝမ်မိသားစုက ဆုဝန်ကို မည်သို့ ဆက်ဆံကြောင်း သိထားလေသည်။ တစ်ခါတလေတွင် သူသည် ကြည့်မနေနိုင်သဖြင့် လေးလံသောအလုပ်များကို ကူညီပေးတတ်ပေသည်။ သို့သော် ဆုဝန်သည် ထိုအချိန်က ဝမ်လော့ရှန်း၏ ကလေးသတို့သမီး ဖြစ်ပေသည်။ ထို့ကြောင့် ရှန်လင်းသည် မသင်္ကာဖွယ် အခြေအနေများမှ ရှောင်ရှားလေသည်။
ယခုအချိန်တွင်မူ ဆုဝန်သည် အရှေ့မှ ဦးဆောင်လျှောက်နေသည်။ အနည်းငယ် သွားပြီးသောအခါ ရှန်လင်းက “ယာယာ့ကို အစ်ကိုချီလိုက်မယ်” ဟု ပြောလေသည်။
ရှန်ယာယာသည် ငါးနှစ်ခြောက်နှစ်သာ ရှိသေးသော်လည်း အတော်အတန် ခန္ဓာကိုယ်က လေးနေပြီ ဖြစ်ပေသည်။
ဆုဝန်သည် မငြင်းပေ။ ရှန်ယာယာ့ကို ရှန်လင်း၏ လက်မောင်းထဲသို့ ကမ်းပေးလိုက်သည်။
...
အခန်း (၂၈) (ဂ)
ဆုဝန်သည် တည်းခိုခန်းမှ သူမ၏ ခရီးဆောင်အိတ်ကို ယူပြီး ချင်းရှီရွာသို့ ရှန်ယာယာ၊ ရှန်လင်းတို့နှင့်အတူ ပြန်လာခဲ့လေသည်။
ဆုဝန်တွင် အိတ်နှစ်လုံးသာ ပါသည်။ ရှန်လင်းသည် ဆုဝန်အား ပိုလေးသော အိတ်တစ်လုံးကို ကူသယ်ပေးသည်။ ရှန်ယာယာ့ကိုလည်း ချီထားသည်။ ဆုဝန်ကမူကား ပေါ့သောအိတ်ကိုသာ သယ်လေသည်။
ရှန်ယာယာသည် ခဏအချီခံလိုက်၊ လမ်းဆင်းလျှောက်ပြီး ဆုဝန်လက်ကိုကိုင်ထားလိုက်နှင့်၊ သူမလမ်းလျှောက်ရင်း ပင်ပန်းသွားသောအခါ ရှန်လင်းက သူမကို ထပ်ချီထားပေးပြန်သည်။
လမ်းတစ်လျှောက်တွင် ရှန်ယာယာသည် ဆုဝန်အား အိမ်ပြန်ရောက်လျှင် အိမ်၏ ဘေးခန်းတွင် နေနိုင်ပြီး သူမသည်လည်း ဆုဝန်နှင့် ဘေးချင်းကပ်အခန်းတွင် နေမည်ဖြစ်ကြောင်း ပြောပေသည်။
ဝမ်လော့ရှန်းသည် သွမ့်ကျင်းထျန်၏အိမ်တွင် စာလေ့လာပြီးနောက် ဝမ်အိမ်တော်သို့ ပြန်လာခဲ့လေသည်။
အိမ်တံခါးသို့ မဝင်မီ ဝမ်လော့ရှန်းသည် သူ့ရင်ထဲတွင် မျှော်လင့်ထားသည် တစ်ခုရှိလေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ဂန္ဓမာပန်းပွဲတော်တွင် ဆုဝန်၏ ယခင်ကနှင့်မတူသော ပုံစံသည် ဝမ်လော့ရှန်းအား မတူညီသော ခံစားချက်တစ်စုံတစ်ရာကို ပေးစွမ်းလေသည်။
ယနေ့ ဝမ်လော့ရှန်းသည် သွမ့်ကျင်းထျန်ဆီမှ ဆုဝန်သည် လစာကိုယူပြီး ထွက်သွားပြီဖြစ်ကြောင်းကို ကြားသိခဲ့ရသည်။ ဝမ်လော့ရှန်းသည် ဆုဝန်အား လစာလေးဆရသည့် ကောင်းမွန်လွန်းသောအလုပ်ကို အဘယ်ကြောင့် ဆက်မလုပ်လိုသနည်းဟုလည်း မေးလိုပေသည်။
ဆုဝန်သည် သူ့ကို အမှန်တကယ်အလွန်ပင် လွမ်းနေ၍ သွမ့်အိမ်တော်၌ အလုပ်လုပ်ခြင်းကို ရပ်တန့်လိုက်တာ ဖြစ်နိုင်ပေသည်။ ဆုဝန်သည် တကယ့်ကို အဆင့်မရှိသေးပါချေ။
သို့သော် အချို့သော အကြောင်းပြချက်များကြောင့် ဝမ်လော့ရှန်းသည် သူအိမ်တံခါးကို အမြန်ဖွင့်ပြီး ဝင်သွားနိုင်ရန် မျှော်လင့်မိပေသည်။
အခန်းထဲသို့ ဝင်သွားပြီးနောက် ဝမ်လော့ရှန်းသည် တစ်ခန်းလုံးကို ပတ်ကြည့်သော်လည်း ဆုဝန်၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။ ဝမ်လော့ရှန်းသည် အနည်းငယ် ပဟေဠိဖြစ်သွားသည်။ အချိန်အတန်ကြာ တုံ့ဆိုင်းနေပြီးနောက် အမျိုးသမီးဝမ်၏ အခန်းထဲသို့ ဝင်ကာ အမျိုးသမီးဝမ်ကို မေးလိုက်သည်။ “အမေ ဆုဝန် ပြန်မလာဘူးလား”
ညနေခင်းတွင် အမျိုးသမီးဝမ်သည် သူမစိတ်ကို ဖုံးကွယ်ကာ “ဟိုကံမကောင်းတဲ့ကြယ်မလား၊ ငါခုမှ နည်းနည်း စိတ်ငြိမ်သွားတာ၊ ဒါပေမဲ့ ငါသူ့အကြောင်းပြောလိုက်တိုင်း ငါဒေါသတတွေထွက်ပြီး ရင်ထဲကပါ တဆစ်ဆစ်နာတယ်” ဝမ်လော့ရှန်းသည် ဒွိဟဖြစ်သွားပြီး “အမေ ဘာဖြစ်လို့လဲ” ဟုမေးလိုက်လေသည်။
ဝမ်အမျိုးသမီးက “မင်းက ဆုဝန်ကို မေးတာမလား။ သူဘာတွေလုပ်လိုက်လဲရော သိရဲ့လား။ သူ့ကို သွမ့်အိမ်တော်မှာ ပိုက်ဆံရအောင် အလုပ်လုပ်ခိုင်းလိုက်မိပါတယ်၊ မိကံကောင်းမက သွမ့်အိမ်တော်မှာ အလုပ်လုပ်နေရမဲ့ အစား လမ်းမမှာ မေ့လဲတယ်တဲ့လေ။ သူလမ်းမှာမေ့လဲလို့ ဆေးရုံတင်ရပြီး ဆေးရုံက ဆေးဖိုးဝါးခ ငွေတုံးခုနစ်တုံးတောင်းတယ်တဲ့လေ။ ငွေတုံးခုနစ်တုံးတဲ့လေတော်။ သူ့ကို ရောင်းစားရင်တောင် အဲ့လောက်ရမှာ မဟုတ်ဘူး။ စျေးကြီးလွန်းတယ်” ဝမ်လော့ရှန်းသည် မူလက ဆုဝန်ကို သူ့မျက်လုံးထဲတွင် ကြည့်ပျော်ဖွယ်ကောင်းသည်ဟု ခံစားနေရသည်။
သို့သော် မိနစ်အနည်းငယ်အကြာတွင် ဝမ်အမျိုးသမီးပြောသည်ကို ကြားလိုက်ရသောအခါ မနှစ်မြို့မှုတစ်မျိုးက သူ့ရင်ထဲတွင် ပေါက်ဖွား၍ လာပေသည်။
“အဲ့ဆုဝန်က သွမ့်အိမ်တော်မှာလဲ အလုပ်ကြိုးစားပါတယ်။ ဒါပေမဲ့ အဲ့ကထွက်ပြီး ဒီကို ပြန်လာချင်တယ်တဲ့လေ။ အကယ်၍ သူသာ သွမ့်အိမ်တော်မှာ မေ့လဲမယ်ဆိုရင် သွမ့်မိသားစုက သူ့ကို ပိုက်ဆံလဲပေးပြီး သမားတော်လဲ ပြပေးမှာပဲ။ ခုသူက သွမ့်အိမ်တော်ကနေ ထွက်လာပြီးမှဆိုတော့ တို့မိသားစုအတွက် အကျိုးယုတ်တာပဲ မလား”
“အို သူကဘယ်လိုလုပ် အဲ့လောက် ပိုက်ဆံအများကြီးကို သုံးနိုင်မှာလဲ။ သူ့လစာက အများဆုံးရမှ ငွေလေးတုံးပေါ့။ နောက်ကျန်တဲ့ငွေကို တို့ဝမ်မိသားစုက စိုက်ထားရမှာ မပေးနိုင်ပါဘူး”
ထို့နောက် ဝမ်လော့ရှန်းသည် နည်းလမ်းတစ်ခုကို စဥ်းစားကာ ပြောလိုက်သည်။ “ဒါဆိုရင်တော့ သူ့ကို သွမ့်အိမ်တော်ကို ထပ်ပို့၊ အလုပ်လုပ်ခိုင်းပြီး သူတို့ပိုက်ဆံကို ပြန်ယူရမှာပေါ့”
အမျိုးသမီးဝမ်သည် သူမပေါင်ကိုရိုက်လိုက်ပြီး “ဟုတ်တယ် တို့တွေ ကျန်တဲ့ပိုက်ဆံကိုမှ မပေးနိုင်တာ။ သူ့ကို သွမ့်အိမ်တော်ကို ထပ်ပို့ပြီး ပိုက်ဆံထပ်ရှာခိုင်းရမယ်။ ဒါပေမဲ့ ဆေးခန်းကလူတွေ ပြောတာကတော့ ဆုဝန်က ပြင်းပြင်းထန်ထန် ဖျားနေတာတဲ့။ အတွင်းအင်္ဂါအစိတ်အပိုင်းငါးခုကို သေချာ ဂရုမစိုက်ဘူးဆိုရင် အဲ့လူတွေက အနာဂတ်မှာ ခုလို အလုပ်ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ဘူးတဲ့။ သူ့ပိုက်ဆံတွေ ရတော့မှာ မဟုတ်တော့ဘူး”
ဝမ်လော့ရှန်း၏ မျက်နှာသည် သိသိသာသာ မည်း၍သွားသည်။ ထို့နောက် သူသည် “အသုံးမဝင်လိုက်တာပဲ”ဟု ပါးစပ်က ထုတ်ပြောလိုက်သည်။
ဝမ်အမျိုးသမီးက “သူက ခုဆို အသုံးမဝင်တော့လို့ အမေလူတွေရဲ့ ရှေ့မှာ ဆုဝန်က အမေတို့ဝမ်အိမ်က မဟုတ်ဘူးလို့ ပြောလိုက်တယ်။ မင်းရဲ့ကလေးသတို့သမီးလဲမဟုတ်ဘဲ အိမ်မှာပဲ ဒီတိုင်း နေနေတာပါလို့လေ။ ခုဆို တို့မိသားစုက သူ့အတွက် ဘာပိုက်ဆံမှလဲ ပေးစရာမလိုဘူး။ သားလဲ သူနဲ့ ဘာမှ ပတ်သက်စရာ မရှိတော့ဘူး။ အဲ့တော့ သားနဲ့ ယန်ယွင်ရန်နဲ့ စိတ်အေးသက်သာ လက်ထပ်လို့ ရပြီပေါ့” ဟု ဆိုလိုက်သည်။
ယန်ယွင်ရန်၏ နာမည်ပါလာသောအခါ ဝမ်လော့ရှန်း၏ ရင်ထဲတွင် အနည်းငယ် နင့်ခနဲဖြစ်သွားသည်။ သူ၏ ယခင်ဘဝတွင် ယန်ယွင်ရန်နှင့်သာဆိုလျှင် သူ့အနာဂတ်လမ်းသည် ဖြောင့်ဖြူးနေမည် ဖြစ်ပေသည်။ ယခုဘဝတွင်တော့ ယန်ယွင်ရန်အား သူ့ဇနီးမယားအဖြစ် လက်ထပ်ယူရမည်။ ဤအရာသည် သူ့မိသားစုထဲတွင် အသိသာအထင်ရှားဆုံး ပြောင်းလဲမှုဖြစ်လာစေမည်ဖြစ်သည်။ သူ့ယခင်ဘဝက ယန်ယွင်ရန်သည် ကြိတ်ခွဲစက်မှ ငွေအမြောက်အမြားရသည့် နည်းကို သိခဲ့သည်။ ယန်ယွင်ရန်ကြောင့် ဆရာရှုရှုသည် သူ့အပေါ် ကောင်းကောင်းဆက်ဆံပြီး တစ်ခါတစ်ရံတွင် အထူးစာမေးပွဲ စာရွက်များကို ပေးတတ်လေသည်။ ထို့ကြောင့်ပင် သူ၏ အဆင့်များသည် သိသိသာသာ တိုးတက်လာခဲ့လေသည်။
ဝမ်လော့ရှန်းသည် ထပ်မံ၍ ခေါင်းငိုက်စိုက်ကျသွားပြန်သည်။ “ဒါပေမဲ့ ဒီကိစ္စတွေအားလုံးက ဆုဝန်ရဲ့ လစာကနေ ဝင်ငွေရနေလို့ပဲ။ ဒီကံဆိုးမက သူနေမကောင်းတာနဲ့ပဲ ကိစ္စတွေအကုန်လုံးကို ဖျက်ဆီးပစ်လိုက်တာပဲ”
ဝမ်အမျိုးသမီးဆုဝန်နှင့် ပတ်သက်၍ မေ့သွားသောအရာသည် ဆုဝန်၏ လစာပင် ဖြစ်သည်။ ယခင်က ဝမ်အမျိုးသမီးနှင့် ဝမ်လော့ရွှယ်တို့သည် ဆုဝန်၏ လစာကို နေ့တိုင်း ရမည်ရှာကာ ဆုဝန်လစာကို ဗန်းပြပြီး ပစ္စည်းအများကြီးကို ပိုက်ဆံအများကြီးပေးပြီး ဝယ်ခဲ့ကြပေသည်။ ယခုအခါ ဆုဝန်၏ လစာမရှိတော့သောအခါ ဝမ်အမျိုးသမီး၏ ကျန်ရှိသော ပိုက်ဆံများသည် ဤအတွက် သုံးရပေတော့မည်။ ထို့ကြောင့်ပင် ဝမ်အမျိုးသမီးသည် ရင်တုန်နေရခြင်းပင် ဖြစ်ပေသည်။ ထို့နောက် သူမသည် အိပ်ရာထက်တွင် ခွေခွေလေး လှဲနေလေတော့သည်။ ဝမ်လော့ရှန်းကတော့ အေးဆေးတည်ငြိမ်စွာနှင့် ပြောသည်။ “အမေ အဲ့လောက်ထိ ဆိုးဆိုးဝါဝါး ခံစားနေစရာမလိုပါဘူး။ အဟောင်း မထွက်သွားဘဲ အသစ်မဝင်လာနိုင်ဘူးလေ။ ဆုဝန်က ခုဆို ကျွန်တော်တို့မိသားစုနဲ့ ဘာမှမှ မဆိုင်တော့တာ။ ပြီးတော့ ခုဆို သားနဲ့ ယန်ယွင်ရန်ကြားမှာ ဘာအနှောင့်အယှက် အတားအဆီးမှ မရှိတော့ဘူးလေ။ ဒီဆုဝန်ရဲ့ ငွေသုံးလေးတုံးလောက် လစာလေးအတွက်နဲ့ စိတ်မကောင်း ဖြစ်မနေပါနဲ့။ ယွင်ရန်နဲ့ သားနဲ့ လက်ထပ်ပြီးသွားရင် တို့တွေ တကယ့်ကို ကံကောင်းသွားကြတော့မှာ။ အဲ့အချိန်ရောက်ရင် အမေလိုချင်တာ ဘာမဆိုလဲ ရနိုင်ပြီ။ အဲ့တော့ ခုလို အသေးအမွှား ဆုံးရှုံးမှုလေးအတွက် ဘာမှစိတ်မကောင်း ဖြစ်မနေနဲ့တော့နော်”
ဝမ်အမျိုးသမီး၏ ရင်ထဲတွင် အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။
“သားလေး အမေ သားအပေါ်ပဲ အားကိုးထားလိုက်တော့မယ်။ မင်းကတော့ ကျော်ကြားတဲ့ လူတစ်ယောက် ဖြစ်ကိုဖြစ်ရမယ်၊ အဲဒါမှ ဒီအမေကလဲ ဂုဏ်ကျက်သရေရှိပြီးး ချမ်းသာတဲ့ဘဝမှာ နေနိုင်မှာပေါ့” ဟု ပြောလေသည်။ ဝမ်လော့ရှန်းသည် အမျိုးသမီးဝမ်အား ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးလိုက်ပြီး “အမေ ဘာမှမပူနဲ့ ကျွန်တော်က အမေ့ကို ချမ်းသာကြွယ်ဝတဲ့ဘဝမှာ ကျိန်းသေပေါက် ထားမှာ” ဟုပြောလိုက်လေသည်။
ယခင်ဘဝကလဲ ဝမ်လော့ရှန်းသည် ဤသို့ပင် ဖြစ်ခဲ့ပြီး ဝမ်မိသားစုသည် ယန်ယွင်ရန်နှင့် ဝမ်လော့ရှန်းဆီမှ ကောင်းချီးများကို ပျော်ရွှင်ခံစားခဲ့ရပေသည်။
ယခင်ဘဝကလဲ ဤသို့ ဖြစ်ခဲ့ဖူးသည်ကို သိနေခြင်းကြောင့် ဝမ်လော့ရှန်းသည် ယခုဘဝတွင် ပို၍ ပို၍ ကြွယ်ဝ ချမ်းသာလာလိမ့်မည်ကို သံသယမရှိ ယုံကြည်ပေသည်။
မူလက ဝမ်လော့ရှန်း၏ ဆုဝန်အပေါ် သဘောထားသည် ပြောင်းလဲသွားခဲ့သော်လည်း ဆုဝန်ကြောင့် ဖြစ်လာရသည့် ပြဿနာများကို ကြားရသောအခါ ဝမ်လော့ရှန်းသည် ဆုဝန်နှင့် ပတ်သက်ပြီး အကျိုးမရှိဟု ခံစားလိုက်ရလေသည်။ ထို့ကြောင့် သူသည် ဆုဝန်အား သူ့ဘဝထဲမှ အမြန်ဆုံး ထွက်သွားတာ ကောင်းသည်ဟုပင် ထင်ခဲ့သည်။
ရှန်စန်းသည် ရှန်လင်းနှင့် ယနေ့ သဘောထားကွဲလွဲခဲ့သည်။ ရှန်လင်း ထွက်သွားသောအခါ ရှန်စန်းသည် သူ့ဘိုးဘွားများကို တိုင်လေသည်။
အဘိုးအိုနှင့် အဘွားအို ရှန်တို့တွင် သားနှစ်ယောက်နှင့် သမီးတစ်ယောက် ရှိလေသည်။ ရှန်စန်းအဖေ ရှန်လျိုတား၊ ရှန်လင်းအဖေ ရှန်လျိုယာနှင့် အငယ်ဆုံးသမီးဖြစ်သူ ရှန်စန်းနှင့် ရှန်လင်းတိူ့၏အဒေါ် ရှန်ချောင်းဟွာတို့ ဖြစ်ကြလေသည်။
အဘိုးရှန်နှင့် အဘွားရှန်တို့သည် အကြီးဆုံးသားဖြစ်သူ သူဌေးရှန်ကို အချစ်ကြဆုံး ဖြစ်ပြီး စကားနည်းသော ဒုတိယသားကို မနှစ်မြို့ကြပေ။ ပို၍ဆိုးသည်က ဘိုးဘွားလင်မယားသည် သားကြီး မိသားစုမှ သားမြေးသုံးယောက်ကိုသာ ချစ်ပြီး ဒုတိယသား၏ သားဖြစ်သူ ရှန်လင်းကိုမူ သဘောမကျကြပါချေ။
ရှန်စန်းသည် ရှန်လင်းကို ဂရုစိုက်ဟန်ဆောင်ကာ ဆဲရေးတတ်သည်။ သို့သော် ရှန်လင်းရိုက်သည်သာ ခံရပြီး သူ့တစ်ကိုယ်လုံးသည် ရိုက်ခံရသဖြင့် နာကျင်နေရတတ်သည်။
အဘွားအိုသည် ရှန်စန်း၏ လက်ကို စိတ်မချမ်းမသာကြည့်ပြီး “ငါ့ချစ်မြေးလေးရယ် မင်းနဲ့ ဟိုခွေးကောင်လေး ရှန်လင်းနဲ့က ဘာမှ ယှဥ်နေစရာ အကြောင်းကို မရှိပါဘူး။ သူက လူကောင်းတစ်ယောက် မဟုတ်ဘူး။ မင်းသူနဲ့ ရန်ဖြစ်နိုင်မှာ မဟုတ်ဘူး။ မြေးလေးနောက်ကျရင် သူနဲ့ ဝေးဝေးနေစမ်းပါကွယ်”
ရှန်စန်းက “ကျွန်တော်သူနဲ့ ပတ်သက်ရဦးမှာပါပဲ။ သူက ဟို အရုပ်ဆိုးဆိုး ဆုဝန်ကို ခေါ်လာမလို့တဲ့လေ။ ကျွန်တော်က သူ့ကို ဂရုစိုက်လို့ စကားနည်းနည်း ပြောပြီးပဲ သတိပေးတာပါ။ ဒါကို သူက ကျွန်တော့်ကို ရိုက်လွှတ်လိုက်တယ်လေ” ဟု တိုင်လေတော့သည်။
အဘွားရှန်သည် အနည်းငယ် ဒွိဟ ဖြစ်သွားသည်။ ထိုမိန်းကလေးသည် ဝမ်မိသားစု၏ ကလေးသတို့သမီး မဟုတ်လား။ အဘယ်ကြောင့် ရှန်လင်းနှင့် ပတ်သက်နေရပါသနည်း။
ရှန်စန်းသည် သူ့အဘိုးနှင့် အဘွားကို ကိစ္စအလုံးစုံကို ပြောပြလိုက်သည်။ သူတို့သည် ဆုဝန်ကို ဆေးရုံမှ ပြန်ခေါ်ရင် ငွေခုနစ်တုံး ပေးရမည်ကို ကြားသောအခါ အဘွားရှန်သည် ဒေါသထွက်စွာပြောလိုက်သည်။
“ခွေးကောင်လေး သူက ဒီ ငွေခုနစ်တုံးကို ဘယ်ကရမှာလဲ။ ငွေ အဲဒီငွေနဲ့ အဘိုးတွေ အဘွားတွေကို ချီးကျူးကန်တော့ဖို့ မစဥ်းစားဘဲ ဒီရုပ်ဆိုးဆိုး ရူးကြောင်ကြောင် ဉာဏ်နည်းတဲ့မိန်းကလေးရဲ့ ဆေးဖိုးကို ပေးမတဲ့လား။ သူစိတ်လွတ်သွားတာများလား” အဘိုးအို ရှန်ကလည်း တကယ့်ကို ဒေါသထွက် နေလေသည်။ “ဒီရှန်လင်းဟာလေ အပြင်လူကို ဘယ်လိုလုပ် သူ့ပိုက်ဆံကို ပေးနိုင်ရတာလဲ”
ရှန်စန်းသည် အမြန် မီးလောင်ရာလေပင့်လိုက်ကာ “အဘိုးနဲ့အဘွား သူက ဒီပိုက်ဆံကို အဘိုးတို့အတွက် မသုံးဘဲ ဟိုဆုဝန်အတွက် သုံးချင်နေတာပဲ။ အဲ့ သူတောင်းစားလို ဆုဝန်နဲ့ဆို အဘိုးအဘွားတို့ ပြောကြည့်ပါဦး။ သူအနာဂတ်မှာ လက်တောင်ထပ်နိုင်မှာလဲ မဟုတ်ဘဲနဲ့ ဆုဝန်ကိုလဲ အိမ်ကို ခေါ်လာနိုင်မှာ မဟုတ်ဘူး။ ဒါရှန်မိသားစုကို အသရေဖျက် သိက္ခာချတာပဲ မဟုတ်ဘူးလား။ သူတို့မိသားစုက မကောင်းတဲ့ မိသားစုပဲ။ ခွေးလေးကြောင်လေးတောင် တို့မိသားစုကို လက်ထပ်နိုင်တယ် ဆိုပြီးတော့လေ”
အဘိုးအိုရှန်သည် ပို၍ပင် ဒေါသထွက်သွားလေသည်။ “ငါ ရှန်တာ့ဆန်းဟာ တစ်ဘဝလုံး ပညာသိက္ခာရှိရှိနေခဲ့တာ။ ဘယ်လိုဖြစ်လို့ ငါ့မှာ ဒီလိုမျိုး အဆင့်မရှိ အာဏာ အရည်အချင်းမရှိ၊ တာဝန်မကျေပွန်တဲ့ မြေးမျိုး ရှိနေရတာလဲ။ မြေးလေး သူ့ကို ဒီကို ဂါဝရပြုဖို့ အပတ်တိုင်းလာခိုင်းလိုက်။ ငါတို့ သူ့ရဲ့အသားတွေကို ဖြတ်လောက်တဲ့အထိ နောက်တစ်ခါ အဆင့်မရှိတဲ့အရာတွေအတွက် ငွေသုံးဖို့အတွက် လုပ်ဦးမလားဆိုတာ သူ့တုံ့ပြန်မှုကို ကြည့်ချင်သေးတယ်”
ရှန်စန်းက “အဘိုးနဲ့ အဘွား စိတ်မဆိုးကြပါနဲ့။ ရှန်လင်းက ပိုက်ဆံဘယ်လိုသုံးရမယ်ဆိုတာ မသိလို့နေမှာပါ။ အဲဒါကြောင့် မနက်ဖြန် မိူးသောက်ရင် အစ်ကိုကြီးက အဲ့ဒီကိုသွားပြီး သူ့ပိုက်ဆံတွေယူလာပြီး သူ့ကို သေချာ ဂရုစိုက်ပေးလိုက်ပါမယ်။ အဲဒါမှ သူက ဘေးကအသုံးမဝင် အရေးမပါတဲ့ အရာတွေနဲ့ ရှုပ်ထွေးမနေတော့မှာ”
အဘိုးရှန်နှင့် အဘွားရှန်တို့သည် ရှန်စန်း၏ ပြောစကားကို လွန်စွာ လက်ခံကြလေသည်။ ဤရက်ပိုင်းသည် ဆောင်းဦး ရိတ်သိမ်းကာလ ဖြစ်သည်။ အဘ်ုးရှန်တို့ မိသားစုသည် လယ်ထဲတွင် အလုပ်များစွာ လုပ်ရပေသည်။ ရှန်မိသားစု၏ အကြီးဆုံးသားနှင့် ဒုတိယသားတို့သည် စာလေ့လာနေကြသည်။ ထို့ကြောင့် အိမ်၌ အလုပ်သမား မလုံလောက် ဖြစ်နေကြပေသည်။ အကူအညီရစေရန် ရှန်လင်း၏ အိမ်သို့ မနက်ဖြန် နေ့လယ်ခင်းသွားရမည် ဖြစ်သည်။
မသွားခင် ရှန်စန်းက အဘိုးရှန်နှင့် အဘွားရှန်တို့အား သူသည် လက်ထပ်ရမည့် အရွယ်ရောက်နေပြီး နှစ်ယောက်လုံးအတွက် သင့်တင့်လျောက်ပတ်သော အဝတ်အစားများ ဝယ်ရမည် ဖြစ်သော်လည်း သူ့မိဘများတွင် ငွေပိုမရှိကြောင်း ပြောပြလေသည်။
အဘွားရှန်က “မြေးလေးရယ် ဒါအတွက် ဘာမှ ပူမနေပါနဲ့။ မင်းအဘိုးနဲ့အဘွား ဟို ကျေးဇူးမသိတတ်တဲ့ ရှန်လင်းဆီက ပိုက်ဆံရလာရင်လေ ပိုက်ဆံပို့လိုက်မယ်နော်” စိတ်ကျေနပ်စရာ အဖြေကို ရပြီးသည့်နောက် ရှန်လင်းသည် သာယာဖွယ် ပိတုန်းအသံနှင့် အိမ်ပြန်သွားလေတော့သည်။
ချင်းယွင်ကောင်တီနှင့် ချင်းရှီရွာသည် အနည်းငယ် လှမ်းလေသည်။ ရှန်လင်းသည် ရှန်ယာယာနှင့် ဆုဝန်ကို ချင်းရှီရွာသို့ ပြန်ခေါ်လာပြီးသောအခါ ညပင် မိုးချုပ်နေပြီး ကောင်းကင်တွင် ကြယ်များဖြင့်ပင် ပြည့်နေလေပြီ။
သူသည် ရှန်မိသားစု အိမ်ရှေ့သို့ ရောက်သောအခါ သူ့ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ဆုဝန်ကို မကြည့်ဘဲ သူ့ခေါင်းကို ငုံ့ကာ “ညီမဆု အကယ်၍ ညီမ ဝမ်မိသားစုကို ပြန်ချင်ရင် ပြန်ပါ” ဟု ပြောလိုက်သည်။
ဆုဝန်က “အစ်ကိုရှန့် အိမ်မှာ မထားချင်လို့လား” ဟု ပြန်မေးလေသည်။
ရှန်လင်းက “လော့ရှန်း.......”
ဆုဝန်သည် ရှန်လင်း ဘာပြောချင်သည်ကို ခန့်မှန်း၍ ရလိုက်သည်။ ထို့ကြောင့် သူမသည် ရှန်လင်း၏ စကားမဆုံးခင် ရှန်အိမ်တော်၏ တံခါးကိုဖွင့်ကာ ရှန်ယာယာနှင့်အတူ ရှန်အိမ်တော်ထဲသို့ ဝင်သွားလေတော့သည်။
ရှန်လင်းက ခေါင်းညိတ်ပြီး သူမကို နေထိုင်ဖို့ သဘောမတူရသေးခင်ပင် သူမသည် ရှန်လင်း လက်ခံသည်ဟု ယူဆလိုက်လေသည်။
ရှန်လင်းသည် စကားဆုံးအောင် မပြောလိုက်ရသောကြောင့် တံတွေးကို မျိုချပြီး အနောက်မှ လိုက်သွားလေတော့သည်။
ရှန်လင်းတို့မိသားစုသည် ယခု ဆင်းရဲနေသော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်က ရှန်လင်းအဖေ ရှိနေစဥ်ကမူ အခြေအနေတွေ ကောင်းခဲ့သည်။ ထိုစဥ်က ရှန်မိသားစုသည် အိမ်သုံးဆောင်ကို ဆောက်ခဲ့သည်။ အိမ်မကြီးနှင့် ဘေးအိမ်ခွဲအသေး နှစ်ဆောင်တို့ဖြစ်သည်။ အားလုံးကို အရည်အသွေးမြင့် အပြာရောင် အုတ်ချပ်များဖြင့် ဆောက်လုပ်ခဲ့လေသည်။ ရှန်အိမ်တော်သည် ရွာထဲရှိ အခိုင်ခံ့ဆုံး အိမ်များထဲမှ တစ်အိမ်ပင် ဖြစ်သည်။ ရွှံ့များ မြက်များဖြင့် တည်ဆောက်ထားသော ဝမ်အိမ်တော်ထက် အပုံကြီး သာပေသည်။
အိမ်ဆောင်သုံးဆောင်အနက် ရှန်လင်းမိခင်နှင့် ရှန်ယာယာတို့သည် အိမ်မကြီးတွင် နေကြသည်။ ရှန်လင်းသည် ဘေးဆောင်လေးတွင် နေပြီး အခြားကိစ္စများအတွက် အရှေ့ဘက်တွင် ပစ္စည်းမျိုးစုံ ထည့်ထားသည့် ဘေးခန်းတစ်ခန်းရှိလေသည်။
ဆုဝန်သည် ယဥ်ကျေးမှုအရ အဓိကအခန်းသို့ လျှောက်သွားပြီး ရှန်လင်း၏ အမေနှင့် ပထမဆုံး တွေ့လေသည်။ သူမတံခါးသို့ လျှောက်သွားစဥ် ရှန်ယာယာသည် တံခါးကိုဖွင့်ပေးပြီး သူမကို အထဲသို့ ဝင်စေသည်။ ရှန်လင်းက သူမနောက်မှ လိုက်၍ လာပေသည်။
ရှန်လင်း၏ အမေ ရှန်ရှီသည် အိပ်ရာပေါ်တွင် တစ်ဝက်ခန့် လဲလျောင်း၍ နေပေသည်။ သူမသည် အခန်းအပြင်ဘက်မှ အသံများကို ကြားသောအခါ ထထိုင်ရန် ကြိုးစားလေသည်။
ရှန်အမျိုးသမီးသည် မျက်တွင်းများလဲ ကျနေပြီး ဖျားနာနေပုံ ပေါက်လေသည်။ ရှန်လင်းအဖေ ကွယ်လွန်သွားသောအခါ အဘိုးအဘွားများသည် ရှန်အမျိုးသမီးကို ဆောင်းတွင်းကြီးတွင် တောင်ပေါ်သို့ သွား၍ သူတို့အတွက် ဆေးဖက်ဝင်အပင် တူးစေခဲ့သည်။ အလွန်အေးလှသဖြင့် ရှန်အမျိုးသမီးသည် အအေးမိပြီး တောင်အောက် ပြန်ဆင်းလာချိန်တွင် ခြေထောက်နာကျင်မှုဒဏ်များစွာကို ခံစားခဲ့ရပေသည်။ အအေးမိသည့် လက္ခဏာများအပြင် ထိုကတည်းက သူမခြေထောက်တွင် အားအင်များ မရှိတော့ဘဲ၊ ဆေးမည်မျှ သုံးစေကာမူ အကျိုးမဖြစ်ထွန်းဘဲ အိပ်ရာထဲတွင်သာ လှဲနေခဲ့ရတော့ပေသည်။
ရှန်လင်းအဖေသာ ရှိနေသေးပါလျှင် ရှန်အမျိုးသမီးသည် ရွာထဲတွင် အငယ်ရွယ်ဆုံးနှင့် အလှပဆုံး အမျိုးသမီးတစ်ဦး ဖြစ်နေဦးပေမည်။ လင်ယောက်ျားကို ဆုံးရှုံးလိုက်ရပြီး နာမကျန်းဖြစ်ခြင်းသည် လွန်ခဲ့သော နှစ်အနည်းငယ်က သူမရရှိခဲ့သည့် ဂုဏ်ကျက်သရေကိုပါ ဆုံးရှုံးသွားစေလေသည်။
ဆုဝန်ကို မြင်သောအခါ ရှန်အမျိုးသမီးသည် ထိုင်လိုက်သည်။
“ဒါ တို့ဝမ်ဝမ်မဟုတ်လား။ မတွေ့ရတာ ကြာပြီကလေးရယ်” ရှန်အမျိုးသမီး၏ အသံသည် နူးညံ့လှသည်။ ဆုဝန်သည် ဝမ်မိသားစုမှာ နေတုန်းက ရှန်ယာယာ့ကို မကြာခဏ ကူညီပေးရင်း သူမသည် ရှန်ရှီနှင့် ကြိမ်ဖန်များစွာ ဆုံဖူးပေသည်။ အကြိမ်တိုင်း ရှန်ရှီသည် ဆုဝန်ကို အကြောင်းအရာအများကြီး ပြောပြပေသည်။ အလုပ်များ အများကြီးလုပ်ရန်မှာ သူမမှာ ငယ်လွန်းသေးကြောင်း၊ ဒါမှမဟုတ်လျှင် သူမခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ကြောင်း ပြောပြပေသည်။ ဆုဝန်သည် ထိုစဥ်က သူမကိုယ်တိုင် ဝမ်မိသားစုအတွက် အစွမ်းကုန် အလုပ်အများကြီး လုပ်ပေးချင်ခဲ့တာဖြစ်သည်။ သို့သော် ရှန်မိသားစုက သူမ၏ ကောင်းကျိုးအတွက် ပြောသည်ဆိုတာကိုတော့ သူမသိပေသည်။ သူမသည် ရှန်မိသားစုက သူမအပေါ် ကောင်းသည်ကို မှတ်ထားသည်။
ရှန်အမျိုးသမီးက မေးသောအခါ ဆုဝန်က သူမသည် လွန်ခဲ့သော ရက်အနည်းငယ်က ချင်ယွင်ကောင်တီတွင် အလုပ်လုပ်ရန် သွားရသဖြင့် ဒီမှာမရှိခဲ့ကြောင်း ပြောပြလေသည်။
ရှန်အမျိုးသမီးက “ကောင်းတယ် အလုပ်လုပ်ပြီး ကိုယ်ပိုင်ပိုက်ဆံ ရလာတာ တကယ်ကောင်းတယ်။ ခုရော ဒီနေ့ပြန်လာတော့ နားရော နားပြီးရဲ့လား” ဟု မေးလေသည်။ ရှန်လင်းသည် သူ့အမေက ဆုဝန်သည် သူတို့အိမ်ကို ဒီတိုင်း လာလည်သည်ဟု ထင်နေမှန်း သိလိုက်သည်။ ထို့ကြောင့် သူသည် ရှေ့ကို လျှောက်သွားပြီး သူ့အမေအား ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်လေသည်။
“အမေ ခု ညီမဆုဝန်မှာ ဘယ်မှ သွားစရာမရှိဘူးဖြစ်နေတယ်။ ကျွန်တော်တို့ အိမ်မှာ နေခိုင်းရအောင်လား”
ရှန်အမျိုးသမီးသည် အမြန် ပြန်ပြောလိုက်သည်။ “အမေကလေ ဆုဝန်လို သမီးလေးသာ ရှိရင် အရမ်းကို ကောင်းမှာပဲလို့ မျှော်လင့်ခဲ့ရတာ။ ခုဆို ဆုဝန်က တို့အိမ်မှာ နေပြီး ယာယာလေးကို အဖော်ပြုပေးလို့ရနေပြီပဲ။ ဘယ်လောက်ကောင်းလိုက်သလဲ။ ဘယ်လိုလုပ် ခွင့်မပြုဘဲ နေမှာလဲကွယ်”
ရှန်အမျိုးသမီး အိပ်ရာထဲ လဲနေရကတည်းက ရှန်လင်းကို ရှန်မိသားစု ကိစ္စကြီးငယ် အကုန် ဆုံးဖြတ်ပိုင်ခွင့် ပေးထားပြီး ဖြစ်လေသည်။ ရှန်လင်းပြောသည်ကို ရှန်အမျိုးသမီးက သဘောတူသည်။ သူမသည် ဆုဝန်ကို ဟိုးအစကတည်းက သဘောကျခဲ့ပြီးသား ဖြစ်လေသည်။
ရှန်အမျိုးသမီးက ဆက်ပြောသည်။ “နေ့လယ်က အပြင်မှာ ဆူဆူညံညံတွေ ကြားပါတယ်လို့ ထင်တာ ဒီကိစ္စ ဖြစ်နေတာကိုး။ ဘာမှ စိတ်မကောင်း မဖြစ်နဲ့နော်။ တိူ့ရှန်မိသားစုက ဆင်းရဲပေမဲ့ ကောင်းကောင်းတော့ ကျွေးထားနိုင်ပါတယ်။ အမေကလဲ အိပ်ရာထဲက မထနိုင် အလုပ်လဲ မလုပ်နိုင်ဘူးဆိုပေမဲ့ သမီးကို ဒုက္ခမများစေရပါဘူး။ အဲဒါကြောင့် သက်သက်သာသာ နားလို့ရတယ်နော်”
ရှန်အမျိုးသမီးသည် ပင်ကိုယ်စိတ်ထားလဲ ကောင်းပြီး ဆုဝန်ကိုလည်း အကောင်းမြင်လေသည်။
ဆုဝန်သည် ရှန်အမျိုးသမီး၏ အခန်းထဲတွင် ကောင်တီမှ စိတ်ဝင်စားဖွယ် ကိစ္စများအကြောင်းကို ပြောပြသည်။ ထိုအချိန်တွင် ရှန်လင်းသည် စည်ထဲမှ ရေများကိုခပ်ကာ ဆန်ပြုတ်ပြုတ်ပြီး အချဥ်နှစ်ပန်းကန်ပါ ယူလာလေသည်။
ရှန်မိသားစု၏ ညစာစား စားပွဲသည် ရှန်အမျိုးသမီးအခန်းထဲတွင် ဖြစ်သည်။ ရှန်လင်းသည် ရှန်အမျိုးသမီး၏ ခုတင်အနီးသို့ စားပွဲကို ရွှေ့လိုက်ပြီး အားလုံးက ရှန်အမျိုးသမီးနှင့် တစ်စားပွဲတည်း စားကြလေတော့သည်။
ဆုဝန်သည် ရှန်အမျိုးသမီးနှင့် ပျော်ရွှင်စွာ စကားပြောနေသောကြောင့် ရှန်လင်း ချက်ပြုတ်နေသည်ကို မသိလိုက်ချေ။
အစားအသောက်များ စားပွဲပေါ်သို့ ရောက်လာသောအခါမှ ရှန်လင်းသည် ချက်ပြုတ်ရန် ထွက်သွားမှန်း သိလိုက်ရလေသည်။
ဆုဝန်သည် သူမဝမ်မိသားစုမှ ထွက်လာပြီး ရှန်အိမ်တော်တွင် နေရသည်ကို အလွန်ပျော်မှန်း သူမကိုယ်သူမ သတိထားလိုက်မိလေသည်။ သူမသည် ရှန်မိသားစုနှင့် စကားပြောနေရင်း အချိန်တွေကိုပါ မေ့သွားပြီး ရှန်လင်း ဆန်ပြုတ်သွားလုပ်သည်ကိုပါ သတိမထားလိုက်မိပေ။
အစားအသောက်များသယ်ကာ ဝင်လာသည့် ရှန်လင်းကို မြင်လိုက်သောအခါတွင်မှ သူမသည် မသက်မသာ ခံစားလိုက်ရသည်။
ရွာထဲရှိလူများသည် ရှန်လင်းအပေါ် အထင်မြင်သေးကြသည်။ ဆင်းရဲပြီး မသိတတ်သောကြောင့် ဟူသည့်အပြင် အခြားသော အရေးကြီးသည့် အကြောင်းရင်းလဲရှိနေသေးသည်။ ထိုအရာမှာ ရှန်လင်း၏ ဟင်းချက်တတ်သောကြောင့်ဖြစ်သည်။ လူတို့သည် ယောက်ျားသားများသည် မီးဖိုချောင်နှင့် ဝေးဝေးနေသင့်ပြီး မိန်းကလေးများထက် ယောက်ျားလေးများက မြင့်မြတ်သည်ဟု ဆိုကြသည်။ ရွာအသေးလေးများတွင်တောင် အိမ်ထောင်စုတိုင်းတွင် အမျိုးသမီးများကသာ ချက်ပြုတ်ရသည်။ အကယ်၍ အမျိုးသားတစ်ဦးက ချက်ပြုတ်ခဲ့ပါလျှင် ထိုအမျိုးသားကို အသုံးမဝင်၊ အရည်အချင်းမရှိဟု ယူဆကြပေသည်။
------------------------------------