Ch 20
Viewers 2k

အခန်း (၂၀)

အမျိုးသမီးလီနှင့် အဝတ်အစားရောင်းသော ချောင်၏စျေးဆိုင်မှ သူ‌ဌေးအမျိုးသမီးတို့သည် ပူးပေါင်းထားကြသည်။ အမျိုးသမီးလီသည် ချောင်၏စျေးဆိုင်သို့ ဝယ်သူများခေါ်လာပေးပြီး စျေးဆိုင်မှ အမျိုးသမီးလီအား ဝန်ဆောင်ခ ငွေကြေးကို ပေးလေသည်။ 

အကယ်၍ လီယာ့ဖောသည် ဤစျေးဆိုင်၏ ဝယ်သူများထံမှ အလယ်အလတ် ပိုက်ဆံအချို့ကိုသာ လိုချင်တာဆိုလျှင် ကောက်ကျစ်သည်ဟု ဆုံးဖြတ်၍ မရနိုင်ပေ။ သို့သော် ဤဆိုင်သည် မှောင်ခိုဆိုင် တစ်ဆိုင်ဖြစ်သည်။ ထို့အပြင် လီယာ့ဖောသည် ပို၍ပင် စိတ်ယုတ်မာ ရှိပေသည်။ 

ထိုဆိုင်တွင်ရောင်းချသော အဝတ်အစားများအားလုံးတို့သည် ကြည့်ကောင်းပုံပေါ်သော်လည်း တကယ့်တကယ်တွင် အရည်အသွေးနိမ့်သော အဝတ်အစားများသာ ဖြစ်သည်။ အထည်သားသည် ပိုးဖဲသားနှင့်တူနေပြီး၊ အရောင်အဆင်းကလဲ ပိုးဖဲသားနှင့် တူသော်လည်း အလင်းရောင်နှင့် နေရောင်အောက်တွင် ဖဲသားထက် ပို၍ပင်လှသည်။ ပို၍ ပို၍လဲ ချောမွေ့ အိစက်နေပုံပေါ်သည်။ ထို့ကြောင့်ပင် စျေးဆိုင်ထဲ၌ ဖယောင်းတိုင်များ အများအပြား ရှိနေရခြင်းပင် ဖြစ်ပေသည်။ တကယ်တမ်းဆိုရလျှင် ဤပစ္စည်းများသည် သာမန် အလှပစ္စည်းများထက် မပိုပေ။ 

ထိုအရာများသည် အလင်းရောင်အောက်တွင်သာ တောက်ပပြီး အမှောင်ထဲရောက်လျှင် သာမန်အဝတ်များလောက်မျှတောင် မကောင်းပေ။ ထို့ပြင် ထိုအဝတ်များသည် ပိုးသား၊ ဖဲသားများလို ဝတ်ဆင်ရလဲ အဆင်မပြေပေ။ ထူထဲ သိပ်သည်းပြီး ဝတ်ရသည်မှာ အသက်ရှူကြပ်သလို ခံစားရသည်။ ရေဖြင့် တစ်ခါလျှော်ရုံမျှဖြင့် လုံးဝ အရောင်လွင့်ပြယ်သွားသည်။ ထိုအဝတ်များသည် တစ်ခါမျှသာ ဝတ်ဆင်နိုင်သော အဝတ်မျိုးပင် ဖြစ်ပေသည်။ 

ထိုအဝတ်များ၏ အရည်အသွေးသည် ညံ့ဖျင်းသည်ဆိုတာထက် မပိုပေ။ 

အရေးကြီးဆုံးအချက်မှာ ထိုစျေးဆိုင်မှ ငွေချေးစာချုပ်တွင် ဝမ်သားအမိတို့ လက်ဗွေနှိပ်ရခြင်းမှာ အလှည့်အပြောင်းအများကြီး ရှိလေသည်။ တရားဥပဒေအရ ရင်းနှီးမြှုပ်နှံခြင်းပြီးနောက် ထိုလက်ဗွေရာနှိပ်ထားသူသည် မည်သည့်အကြောင်းနှင့်မျှ ငြင်းဆန်ခွင့် မရှိတော့ချေ။ 

အမျိုးသမီးလီသည် ဝမ်အမေနှင့် ဝမ်သမီးတို့ကို ရန်မာမြို့သို့ ရထားလုံးနှင့် ပြန်ခေါ်သွားသည်။ ဒီတစ်ခေါက်တွင်မူ သူတို့သည် အခြားသင့်တော်သော ပွဲစားတစ်ဦးထံမှ အမျိုးသမီးတစ်ဦးကို တွေ့သွားကြသည်။ ထိုအမျိုးသမီးနာမည်မှာ အမျိုးသမီးချန်ဖြစ်ပြီး၊ ပိန်ပိန်ပါးပါးနှင့် အရပ်ရှည်ပေသည်။ သူမသည် သွက်သွက်လက်လက်ရှိဟန်တူပြီး အမျိုးသမီးဝမ်ကို တစ်ခေါက်မြင်မြင်ချင်း အလုပ်လုပ်ရန် စိတ်အားသန်သွားလေသည်။ 

အဝတ်အစားများမှာ စျေးအလွန်ကြီးသောကြောင့် အခြားသူများက သူတို့အား ကြည့်နေကြသည်။ ဝမ်ရှီနှင့် ဝမ်လော့ရွှယ်နှစ်ယောက်လုံးတို့သည် အဝတ်အစားဟူသည် အလွန်ပင် အရေးကြီးကြောင်း နားလည်သွားကြသည်။ 

အမျိုးသမီးချန်သည် သူမ၏ လုပ်နိုင်စွမ်းများကို အမျိုးသမီးဝမ်အား တက်ကြွစွာ ပြောပြနေသည်။ သူမသည် အချက်အပြုတ်ကောင်းသည်ဟု ဆိုသောအခါ အမျိုးသမီးဝမ်၏ ဆုတောင်းများ ပြည့်သွားသည်။ ဤရက်များတွင် အိမ်၏ အစားအစာမှာ ဝက်စာကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် တိုးတက်ရန် အမြန်လိုသည်။ အစားအသောက်ပိုင်း တိုးတက်ရန်ဖြစ်သည်။ 

အမျိုးသမီးဝမ်သည် ပျော်ရွှင်သွားပြီး ပွဲစားက အမျိုးသမီးချန်အား ကျသင့်ငွေ ရှင်းပေးလိုက်သည်။ အမျိုးသမီးချန်က အမျိုးသမီးဝမ်နောက်သို့ မြင်းစျေးမှ လိုက်လာပြီး “သခင်မ ကျွန်မတို့အိမ်ရဲ့ ရထားလုံးက ဘယ်မှာလဲ” ဟု မေးလိုက်သည်။ ဝမ်အမျိုးသမီးသည် မျက်နှာမည်းသွားပြီး 

“ငါတို့အိမ်ကနေဆိုရင် ခရီးတိုတိုလေးဟာကို ငါက ဘာကိစ္စ ရထားလုံး ယူလာနေရဦးမှာလဲ “ ဟု ပြန်ဖြေလိုက်သည်။ 

အမျိုးသမီးချန်သည် သူမပါးစပ်ကို ပိတ်လိုက်ပြီး ဝမ်ရှီးနောက်မှ တိတ်တိတ်လေး လိုက်လာခဲ့လိုက်သည်။ 

လမ်းလျှောက်ရင်း လျှောက်ရင်း ခရီးကမတိုသောကြောင့် အမျိုးသမီးချန်သည် ဒွိဟ ဖြစ်လာလေသည်။ 

အမျိုးသမီးချန်သည် အမျိုးသမီးဝမ်က သူမအား ရွာငယ်လေးဆီ ခေါ်ဆောင်သွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။ နောက်ဆုံးတွင် အလွန်ပင် သာမန်ဖြစ်ပြီး သေးငယ်လှသော ခြံဝန်းအတွင်းသို့ ဝင်သွားလေသည်။ အမျိုးသမီးဝမ်က အမျိုးသမီးချန်ကို “ငါတို့အိမ်က ဒီမှာပဲ။ မီးဖိုက အနောက်ဘက်အိမ်လေးထဲမှာ။ နင် မြန်မြန်သွက်သွက်လေး စားဖို့တစ်ခုခုလုပ်ပေး။ ဒီမှာ အစားအစာတွေ” 

“မိသားစုမှာက လူလေးယောက်ရှိတယ်။ နင် ဒီလူလေးယောက်အတွက်ပဲ အစားအစာတွေ လုပ်ပေးရမယ်။ ပိုက်ဆံဖြုန်းဖို့ လုံးဝမလုပ်ပါနဲ့” 

အမျိုးသမီးချန်သည် စိတ်ထဲမှ တိတ်တိတ်လေး ရေရွတ်လိုက်သည်။ သူမသည် အဘယ်ကြောင့် ဤမျှ ဆင်းရဲသော မိသားစုကို ရွေးလိုက်မိပါသနည်း။ သို့သော် အမျိုးသမီးချန်သည် ယခု ထွက်သွား၍တော့ မရသေးပါ။    သူမသည် ပွဲစားအမျိုးသမီးနှင့် စရန်ငွေ ရှင်းစရာရှိသေးသည်။ သူမ တစ်လတိတိ အလုပ်မလုပ်လျှင် စရန်ငွေနှင့် ငွေပြားတို့ ရမည် မဟုတ်ပေ။ 

အမျိုးသမီးဝမ်သည် မီးဖိုထဲသို့ ဝင်သွားသောအခါ ရှုပ်ပွနေသည်များကို မြင်လိုက်ရသည်။ ချန်သည် မီးဖိုချောင်ကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် သန့်ရှင်းရေးလုပ်လိုက်သည်။ ထို့နောက် နေ့စဥ်လိုအပ်သည်များဖြစ်သော ဆန်၊ဆီ၊ဆား တို့ကို ရှာပြီးနောက် ပန်းကန်ပြားများကို ရှာမတွေ့သည့်အတွက် ဝမ်အမျိုးသမီးအား ပန်းကန်ပြားများဘယ်မှာရှိကြောင်း သွားမေးရလေသည်။ 

ဝမ်အမျိုးသမီးက အိမ်အနောက်ဘက်တွင် ဟင်းရွက်ခင်းရှိသည်ဟု ဆိုသည်။ ထို့ပြင် ကြက်ခြံလဲ အိမ်အနောက်ဘက်တွင် ရှိသည်ဟု ဆိုကာ ဟင်းရွက်ကို ကိုယ့်ဘာသာခူးပြီး ကြက်ကိုလဲ ကိုယ့်ဘာသာသတ်ပြီး ချက်ရန် ခိုင်းလိုက်လေသည်။ 

အမျိုးသမီးချန်သည် ဤသည်ကို ကြားသောအခါ တုန်လှုပ်၍သွားသည်။ လူချမ်းသာ မိသားစုများတွင် ချက်ပြုတ်လျှင် ဟင်းချက်ရာတွင် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ဆင်ပေးထားပြီး ဖြစ်ပြီး သူမသည် ချက်ပြုတ်ရန်သာ တာဝန်ယူ ရလေသည်။ သူမသည် မီးအရင် မွှေးလိုက်သည်။ သူမ ချက်ပြုတ်ရန် အတွက်ပါ တစ်ခါတည်း ပြင်ဆင်ရန်မှာ မဖြစ်နိုင်ပေ။ 

ထို့ပြင် ဒီမိသားစုသည် သူတို့ကိုယ်ပိုင် စိုက်ခင်းထဲမှ ဟင်းရွက်များကို ခူးကာ ချက်ပြုတ်ကြသည်။ သူတို့ ခြံထဲမှ ကြက်များကို ချက်ကာ စားကြသည်။ တကယ့်ကို ဂြိုဟ်ဆိုးပင် ဖြစ်သည်။ 

သို့သော် ရောက်လာပြီ ဆိုမှတော့ အန္တရာယ် ကင်းအောင်နေရမည်။ အမျိုးသမီးချန်တွင် ‌ရွေးစရာ မရှိတော့ပေ။ ထို့ကြောင့် သူမသည် အိမ်အနောက်ဘက်သို့သွားကာ ဟင်းသီးဟင်းရွက်များ ခူးရန် ကြက်တွေ ရှာဖို့ သွားလေတော့သည်။ သို့သော် ဟင်းရွက်ခင်းက ရေအတန်ကြာ မလောင်းသဖြင့် ခြောက်သွေ့၍နေသည်။ ဟင်းသီးဟင်းရွက်များမှာလဲ ရိရွဲနေပြီး မလတ်ဆတ်တော့ပေ။ 

အမျိုးသမီးချန်သည် ဟင်းရွက်အချို့ကို ခူးယူလိုက်ပြီး ကြက်ဖမ်းရန် ကြက်ခြံဆီသို့ သွားလေသည်။ သို့သော် ကြက်များသည် လုံလုံလောက်လောက် မကြီးထွားကြသေးပေ။ သူတို့ကို ယခု သတ်ပစ်ရန်မှာ နှမြောဖို့ ကောင်းလှသည်။ 

ဆုဝန်ရှိစဥ်ကမူ အမျိုးသမီးဝမ်သည် ထို အရွယ်မရောက်သေးသော ကြက်ပေါက်လေးများကို မသတ်ခိုင်းပေ။ ထိုကြက်ပေါက်လေးများကို အမျိုးသမီးဝမ်က စျေးမှဝယ်လာခြင်းဖြစ်ပြီး အိမ်တွင် သတ်ကာ ချက်စားလေသည်။ 

ပုံမှန်အားဖြင့် အမျိုးသမီးချန်အဖို့ ဟင်းတစ်ခွက်ချက်ရန်မှာ မကြာပေ။ သို့သော် မီးဖိုချောင်အား သန့်ရှင်းရေးလုပ်ရ၊ ဟင်းရွက်ခူးကာ ကြက်ပါသတ်ရသည့်အပြင် ရေတွေဖြည့်ပြီး ထင်းတွေပါ သယ်ရသေးသည်။ တစ်နပ်စာ ချက်ပြုတ်ပြီးနောက် အမျိုးသမီးချန်သည် အလွန်ပင် မောပန်းသွားသည်။ သူမ အကောင်းဆုံး လုပ်ခဲ့ပေသည်။

အစားအသောက်များလည်း အဆင်သင့်ဖြစ်နေပြီး ဝမ်မိသားစုလဲ ပြန်လာလေပြီ။ 

ဝမ်အဖေ၊ ဝမ်အမေ၊ ဝမ်သား၊ ဝမ်သမီးတို့သည် မိသားစုဝင် လေးဦးဖြစ်ကြသည်။ 

အမျိုးသမီးချန်သည် ခေတ္တမျှ ကြောင်သွားသည်။ အမျိုးသမီးဝမ်က သူမအား လူလေးယောက်စာသာ ချက်ပြုတ်ရန် ပြောခဲ့သည်။ ထို့ကြောင့် သူမသည် ပို၍မချက်ထားပေ။ ယခု သူမ ဘာနဲ့ စားရမည်နည်း။ 

အမျိုးသမီးချန် တွေဝေနေတုန်း အမျိုးသမီးဝမ်က ဆားသိပ်ထားသော ဟင်းရွက်သနပ်များ ထည့်ထားသည့် ပန်းကန်ကို ယူလာပြီး မီးဖိုထဲမှ ခြောက်သွေ့နေသော ပြောင်းဖူးဘန်းမုန့်နှစ်ခုကိုပါ ပေးပြီး ပြောလိုက်သည်။ 

“အမျိုးသမီးချန် ဒါက နင့်အတွက် ညစာပဲ။ လာစားချည်” 

အမျိုးသမီးချန်သည် မီးဖိုထဲသို့ လမ်းလျှောက်လာသည်။ သူမ၏ ရင်ထဲတွင် မဖော်ပြတတ်သော မီးတောက်တစ်ခု ဖြတ်၍သွားသည်။ ဒီဖောက်သည်သည် အလွန့်ကို လူသားမဆန်ပေ။ သူမအား မီးဖိုနံဘေးတွင် စားခိုင်းခြင်းကို ငြင်းပယ်ခြင်းငှာ သူမမှာ မစွမ်းသာပေ။ အတူတူစားဖို့မှာ မသင့်လျော်သည်မှာ တကယ်အမှန်ပဲ ဖြစ်သည်။ သို့သော် ဤဆားရည်စိမ် အရွက်များနှင့် ပြန်နွှေးထားသော ပေါင်မုန့်ကို ကျွေးခြင်းမှာ ဘာကို ဆိုလိုချင်တာနည်း။ အမျိုးသမီးချန်သည် ဖောက်သည်အများကြီးအတွက် အလုပ်လုပ်ပေးခဲ့ဖူးသည်။ သို့သော် သူမသည် ဆားရည်စိမ်ဟင်းရွက်များနှင့် ပြောင်းဖူးဘန်းမုန့်များကိုတော့ မစားခဲ့ဖူးပေ။ ထိုသို့ ချမ်းသာသော မိသားစုကြီးများတွင် အစေခံများအတွက် တစ်နေ့လျှင် နှစ်နပ် ကျွေးသည်။ ဟင်းသီးဟင်းရွက်များနှင့် အသားငါးများကို မကြာခဏဆိုသလို မြင်ရသည်။ 

ဤဝမ်မိသားစုသည် လူကို လူကဲ့သို့ မဆက်ဆံပေ။

အခြား ညီအစ်မများက သေးငယ်သောမိသားစုများနှင့် အိမ်သေးလေးများကို မသွားနဲ့၊ အလွန်ကပ်စေးကုပ်တယ် ဟု ပြောကြခြင်းမှာ အံ့ဩစရာ မရှိပေ။ 

သို့သော အိမ်ရိပ်အောက်တွင်တော့ ဦးချိုးထားရမည်။ ထို့ကြောင့် အမျိုးသမီးချန်သည် သည်းခံလေသည်။ တစ်လအလုပ်လုပ်ပြီးလျှင် သူမသည် သူမ၏ စရန်ငွေကိုယူပြီး ဝမ်မိသားစုအတွက် အလုပ်ဆက်လုပ်ပေးမည် မဟုတ်တော့ပေ။ 

အမျိုးသမီးချန်သည် ဘန်းမုန့်နှင့် ဆားရည်စိမ် ဟင်းရွက်များကို စားပြီးနောက် အိုးများကို ဆေးရလေတော့သည်။ ထိုစဥ် အမျိုးသမီးဝမ်က ရောက်လာပြီး သူမအား နေ့စဥ် လုပ်ရမည့် အိမ်မှုကိစ္စ ဝေယျာဝစ္စများအား စီစဥ်ပေးလေတော့သည်။ 

နေ့တိုင်းနေ့တိုင်း သူမသည် မနက်နှင့် ညနေခင်းများတွင် တစ်မိသားစုလုံးအတွက် အစားအသောက် ပြင်ဆင်ပေးရမည်။ စားပြီး သောက်ပြီးနောက် ပန်းကန်များကိုဆေးပြီး အိမ်သန့်ရှင်းရေး လုပ်ရမည်။ ခြံဝန်းကိုလဲ သန့်ရှင်းရမည်။ အိမ်နောက်ဖေး ဟင်းရွက်ခင်းကို ရေလောင်းပြီး၊ ကြက်ခြံကို သန့်ရှင်းကာ ကြက်များကို အစာကျွေးရမည်။ မိသားစုဝင်များ ချွတ်လဲဝတ်ဆင်သည့် အဝတ်အစားများကို လျှော်ဖွတ်ရမည်။ ထို့ပြင် တစ်နေ့လျှင် နှစ်နာရီ ဝမ်မိသားစု သိုလှောင်ရုံကိုသွား၍ နေ့တိုင်း အလုပ်လုပ်ပေးရပေမည်။ 

ဤသည်များကို ကြားသောအခါ အမျိုးသမီးချန်၏ စိတ်ထဲတွင် သူမအား မြည်းတစ်ကောင်ကဲ့သို့ ခိုင်းစားနေသည်ဟု တွေးလိုက်မိသည်။ ထိုအလုပ်များသည် လူတစ်ယောက်တည်း လုပ်၍ မပြီးနိုင်ပေ။ လူသုံးယောက်လောက် လုပ်မှ ပြီးနိုင်မည် ဖြစ်ကြောင်း ထင်ရှားလေသည်။ 

မိသားစုကြီးများတွင်မူ အလုပ်များကို ခွဲခြားပေးထားသည်။ အနည်းဆုံး အစေခံ သုံးယောက်ကို သုံးလေသည်။ ဝမ်မိသားစုနှင့် ပတ်သက်၍ မသတီစရာ အကောင်းဆုံးအလုပ်မှာ သိုလှောင်ရုံ သွားရမည့် အလုပ်ပင် ဖြစ်သည်။ သိုလှောင်ရုံအတွက် ခန့်ထားသူသာလျှင် လုပ်သင့်သည်။ ထို့ပြင် သူမသည် အမျိုးသမီးတစ်ဦး ဖြစ်ရုံမျှမက အသက်အရွယ်ကြီးနေသူ တစ်ဦးလည်း ဖြစ်သည်။ အဘယ်သို့ အကြောင်းပြချက်နှင့် လုပ်ရမည်နည်း။ 

အမျိုးသမီးချန်သည် ရုတ်တရက် သူမ၏ စရန်ငွေကို မယူတော့ရန် အတွေးပင် ပေါ်လာသည်။ 

ကံကောင်းစွာပင် အမျိုးသမီးဝမ်က “နင်က ဒီနေ့ စလာတာဆိုတော့ ဒီအလုပ်တွေကို မနက်ဖြန် မနက်ကျ စလုပ်လိုက်နော်” ဟု ပြောလေသည်။ 

တစ်ညသာလျှင် နားနိုင်ပေသည်။ အမျိုးသမီးဝမ်သည် အံကို တင်းတင်းကြိတ်၍ ဆက်ပြီး တွယ်ကပ်နေရန်သာ ဆုံးဖြတ်လိုက်သည်။ စရန်ငွေသည် တစ်လစာ လစာပင် ဖြစ်ပေသည် မဟုတ်ပါလော။ 

အမျိုးသမီးချန်သည် အမျိုးသမီးဝမ် ပြင်ဆင်ပေးသော ထင်းတဲလေးဆီသို့ ကျောချရန်သွားပြီး၊ အနားယူဖို့ လုပ်လိုက်စဥ် ဝမ်လော့ရွှယ်၏ အမျိုးသမီးချန်အား ခေါ်သံကို ကြားလိုက်ရသည်။ 

အမျိုးသမီးချန် ဝမ်လော့ရွှယ်၏ အခန်းသို့ရောက်သောအခါ ဝမ်လော့ရွှယ်က သူမအား မျက်နှာသစ်ပေးရန်နှင့် အိပ်ရာမဝင်ခင် သောက်ဖို့ သောက်ရေပြင်ဆင်ပေးရန် ပြောပြီး သူမ မနက်ဖြန် ဝတ်ဖို့ အဝတ်အစားများနှင့် အသုံးအဆောင် အဆင်တန်ဆာများ ပြင်ဆင်ထားပေးရန် ပြောပေသည်။ 

မိသားစုကြီးများတွင်မူ ဤအရာများသည် ပထမတန်းစား အစေခံများ လုပ်ရသော အလုပ်များ ဖြစ်ပေသည်။ အမျိုးသမီးချန်က သူမဘာသာ တွေးလိုက်သည်။ ထိုမိသားစုများတွင် ပထမတန်းစား အစေခံများသည် ကိုယ်ရေးကိုယ်တာ တာဝန်များကို လုပ်ဆောင်ကြရသည်။ ဒုတိယတန်းစား အစေခံများသည်မူ အခန်းများကို သန့်ရှင်းရေးလုပ်ရသည်။ တတိယတန်းစား အစေခံများသည် အဝတ်အစားများကို လျှော်ရပြီး စတုတ္ထတန်းစား အစေခံများသည် ခြံဝန်းကို တံမြက်စည်း လှည်းရသည်။ မီးဖိုချောင်ထဲတွင် ချက်ပြုတ်ရသည့်တာဝန်မှာတော့ သူမအား ယုံယုံကြည်ကြည် အပ်နှံနိုင်သည့် တာဝန်တစ်ရပ်ပင် ဖြစ်ပေသည်။ စကားမစပ် သိုလှောင်ရုံသို့ သွားရမည့် အလုပ်တစ်ခု ကျန်သေးသည်။ ထိုအလုပ်မှာမူ ခြောက်ယောက်မြောက် အစေခံ၏ အလုပ်ပင် ဖြစ်ပေသည်။ 

အမျိုးသမီးချန်သည် သူမ ထိုလ လစာကို ယူပင် မယူချင်တော့ကြောင်း ခံစားလိုက်ရသည်။ 

အမျိုးသမီးချန်သည် ချီတုံချတုံ ဖြစ်နေသည်။ နောက်ကိစ္စတစ်ခုခု ထပ်ဖြစ်လာပါလျှင် သူမသည် စရန်ငွေရော၊ လစာပါ ယူမနေတော့ဘဲ ဒီအိမ်မှာ ဆက်မလုပ်နိုင်တော့ကြောင်း သေချာလေပြီ။ 

ဝမ်လော့ရွှယ်အဖို့ ဆေးကြောသန့်စင်ရန်ရေနှင့် နောက်နေ့အတွက် အဝတ်အစားပါ ပြင်ဆင်ပေးပြီးနောက် သူမသည် ဝမ်လော့ရှန်းနှင့် ဝမ်အဖေအ‌တွက် ညလယ်စာ လက်ဖက်ရည်နှင့် နောက်နေ့အတွက် အဝတ်ပါ ပြင်ဆင်ပေးရလေသည်။ 

သူမသည် ဝမ်လော့ရွှယ်၏ ကိုယ်ရေးကိုယ်တာ အစေခံဖြစ်ရုံသာမက မိသားစုဝင်လေးဦးလုံး၏ ကိုယ်ရေးကိုယ်တာ အစေခံပင် ဖြစ်နေပြီ။ 

သေချာ တွက်ချက်ကြည့်မည်ဆိုပါလျှင် သူမသည် လူကိုးယောက်လောက်၏ အလုပ်များကို လုပ်နေရခြင်းပင်။ 

အမျိုးသမီးချန်သည် ထိုအလုပ်များအားလုံးကို တိတ်တဆိတ် လုပ်ဆောင်ပြီးနောက် သူမသည် အလွန်ပင် မောပန်း၍သွားသည်။ သူမသည် ဝမ်မိသားစုတွင် ဆက်၍ အလုပ်မလုပ်တော့ရန် ဆုံးဖြတ်ချက်ချပြီး ဖြစ်သည်။ မနက်ဖြန် မနက် စောစောတွင် ထွက်သွားတော့မည်။ 

သူမ ယခုအချိန်အထိ ခိုင်းသမျှ အလုပ်အားလုံးကို မငြင်းပယ်ဘဲ လုပ်ပေးနေရခြင်းမှာ အကြောင်းရင်းတစ်ခုတည်းပင် ဖြစ်သည်။ အမျိုးသမီးချန်သည် နှစ်တွေအများကြီး လူအမြောက်အများကို ဝန်ဆောင်ပြုစုပေးခဲ့ပြီး၊ မည်သည့်ဖောက်သည်နှင့်မှ ငြင်းပွားရန်ဖြစ် တုံ့ပြန်ခြင်း တစ်စုံတရာ မရှိလိုပေ။ သူမသည် နောက်နေ့နံနက်တွင် နေလို့မကောင်းဟု ဆိုကာ ဝမ်မိသားစုမှ ထွက်သွားရန် ပြင်ဆင်ပြီး ဖြစ်သည်။ 

နောက်နေ့နံနက် စောစောတွင် အမျိုးသမီးဝမ်က အမျိုးသမီးချန်အား မိသားစုအတွက် မျက်နှာသစ်ရန် ရေနွေးအိုးတည်ဖို့နှင့် နံနက်စာ ပြင်ရန်ပြောစဥ် ၊ အမျိုးသမီးချန်က သူမ မနေ့ညက အိပ်နေတုန်း ရင်ဘတ်ထဲ တင်းကြပ်ကြပ်ဖြစ်ကာ အသက်ရှူ၍ မဝကြောင်း၊ သူမနိုးလာသောအခါ ခေါင်းကိုက်နေကြောင်း ပြောလေသည်။ သူမသည် အိမ်သို့ပြန်ကာ သမားတော် ပြရမည်ဖြစ်ပြီး ဝမ်မိသားစုအတွက် ဆက်မလုပ်ပေးနိုင်ကြောင်း ပြောသည်။ ဝမ်မိသားစုသည် သူမ၏ မနေ့ကအတွက် လစာတစ်ဝက်ကို ဆရာဝန်ပြနိုင်ဖို့ပေးရန်ပါ တောင်းဆိုလေသည်။ 

အမျိုးသမီးဝမ်သည် အမျိုးသမီးချန် နေမကောင်းကြောင်းကြားသောအခါ သူမ အနာဂတ်တွင် အလုပ်ကောင်းကောင်း မလုပ်နိုင်မှာကို စိုးရိမ်သွားသည်။ ထို့ကြောင့် သူမသည် အမျိုးသမီးချန် ထွက်သွားမည်ကို ခွင့်ပြုပေးလိုက်သည်။ သို့သော် လစာပေးဖို့ကိုတော့ ငြင်းလိုက်လေသည်။ 

ထပ်မံ၍ အမျိုးသမီးဝမ်က အမျိုးသမီးချန်အား ထွက်မသွားခင် ဒီမနက်အတွက် အိမ်ကို သန့်ရှင်းရေးလုပ်ပြီး မိသားစုအတွက် မနက်စာပြင်ဆင်ပေးကာ ပန်းကန်များကိုပါ ဆေးကြောပေးသွားရန် ပြောလေသည်။ 

အမျိုးသမီးချန်က အမျိုးသမီးဝမ်သည် နေ့တစ်ဝက်လစာကို ပေးမည်မဟုတ်ကြောင်း ခန့်မှန်းပြီးသား ဖြစ်ပေသည်။ ထို့ကြောင့် သူမသည် လက်ခံရန် ပြင်ဆင်ထားပြီး ဖြစ်လေသည်။ အမျိုးသမီးချန် စိတ်အနှောင့်အယှက်ဖြစ်ရသည်မှာ အမျိုးသမီးဝမ်သည် နေ့တစ်ဝက်လစာကို မပေးဘဲ သူမအား မနက်ခင်း အလုပ်များအားလုံးကို လုပ်ခိုင်းနေသောကြောင့်ဖြစ်သည်။ သူမသည် ဤအလုပ်များကို အမျိုးသမီးဝမ်တို့အဖို့ မလုပ်ပေးနိုင်ပါ။ 

အမျိုးသမီးဝမ်သည် အခြားအိမ်ရှင် တစ်ယောက် သူမဘာသာ ရှာမရနိုင်စေရန် အိမ်ရှင်အိမ်နှင့် စကားမများချင်ပါ။ 

ထို့ကြောင့်သူမသည် ခေါင်းကိုက်သဖြင့် ဖြူဖျော့နေဟန်ဖြင့် ဝမ်မိသားစု အိမ်တော်အရိပ်မှ အမြန်ဆုံး ထွက်လာခဲ့လေတော့သည်။ 

သို့သော် အမျိုးသမီးချန်သည် ဝမ်မိသားစုနှင့် ထိပ်တိုက်ရင်ဆိုင် မတွေ့လိုသော်လည်း ဤသည်မှာ ရန်မာမြို့မှ လူများအား ဖြစ်ရပ်အစုံအလင်ကို မပြောပြခြင်းဟု မဆိုနိုင်ပေ။ 

ဝမ်အမျိုးသမီးသည် အခြားရွေးချယ်စရာ မရှိတော့ပေ။ သူမသည် ထိုအလုပ်များကို သူမကိုယ်တိုင်ပင် လုပ်ရပေတော့မည်။ ထိုနေ့ရက်များတွင် သူမသည် သေချင်စော်ပင် နံပေသည်။ 

ဝမ်လော့ရှန်းသည်လည်း အိပ်ရာမှ နိုးလာပြီးနောက် သူမျက်နှာသစ်ရန် ရေခပ်ပေးဖို့ အမျိုးသမီးချန်အား စောင့်နေလေသည်။ အချိန်အတန်ကြာ စောင့်နေပြီးနောက် ဘယ်သူ့ကိုမှ မတွေ့သောအခါ ဝမ်‌လော့ရှန်းသည် ဒီအမျိုးသမီးကြီးဟာ ကောင်းကောင်းအဆင်မပြေပါဘူးလေ ဟု တွေးလိုက်သည်။ ထို့နောက် သူ့အတွက် ရေခပ်ပေးရန် အမျိုးသမီးချန်ကို လှမ်းခိုင်းလိုက်သည်။ 

“အဲ့သေနာမက ခေါင်းကိုက်လို့တဲ့ သွားပြီလေ။ ကိုယ့်ဘာကိုပဲ ရေထခပ်တော့” အမျိုးသမီးဝမ်က ဝမ်လော့ရှန်းအား အမျိုးသမီးချန် ထွက်သွားပြီ ဖြစ်ကြောင်းကို ပြောပြလိုက်သည်။ 

ဝမ်လော့ရှန်းသည် ကူကယ်ရာမဲ့သွားသည်။ သူသည် သားသမီးဝတ္တရားကျေပွန်သော သားတစ်ယောက် ဖြစ်သည်။ သူ့အမေကိုတော့ သူ မခိုင်းနိုင်ပေ။ ထို့ကြောင့် ရေစည်ကို သွားပြီး ရေယူကာ သူ့မျက်နှာကို ရေအေးဖြင့် သစ်လိုက်ရသည်။ 

ကံကောင်းစွာပင် အမျိုးသမီးချန်သည် မနေ့က ရေစည်ကို ဖြည့်ခဲ့သည်။ သို့မဟုတ်လျှင် ဝမ်လော့ရှန်းသည် သူကိုယ်တိုင် ရေခပ်နေရမည်ဖြစ်ပြီး နောက်ထပ် အလှည့်အပြောင်း ဖြစ်သွားနိုင်သည်။ 

ဝမ်မိသားစု၏ ‌နောက်ထပ် ကသောင်းကနင်း နံနက်ခင်းတွင်မူ ဝမ်လော့ရှန်းသည် သူ့မိသားစုက နောက်ထပ်အမျိုးသမီးတစ်ယောက်ကို ခန့်အပ်ထားဖို့ မမျှော်လင့်တော့ပေ။ 

ဤရက်ပိုင်းအတွင်း သူ့မိသားစု၏ လွှမ်းမိုးမှုများကြောင့် သူ့ဘဝသည် ကျောင်းတွင်ပါ ရှုပ်ထွေးခဲ့ရသည်။ 

သူကျောင်းသွားသောအခါ ဝမ်လော့ရှန်းသည် တစ်ခုမဟုတ် တစ်ခု ကျန်ကို ကျန်ခဲ့သည်။ သူစာဖတ်နေသော အခါများတွင်လည်း အဆင်မပြေမှု များစွာကို ခံစားရသည်။ 

ဆုဝန်သည် ယခင်က သူ့အတွက် ဤအရာများကို ပြင်ဆင်ပေးခဲ့ဖူးသည်။ 

----------------------------------