Ch 18
Viewers 2k

အခန်း (၁၈) 

ထိုအမျိုးသမီးများနှင့် ရထားလုံးပေါ်မှ ဆင်းလာသော အမျိုးသမီးတို့ကို အစေခံများနှင့် စျေးထဲတွင် အစေခံများ ရောင်းနေ ဝယ်နေသော အမျိုးသမီးအစေခံတို့က ပြေးလာပြီး လာရောက်နှုတ်ဆက်ကြသည်။ ထို့နောက် အားတက်သရောနှင့် ထိုအမျိုးသမီးများအား အစေခံများ ဝယ်ယူလိုပါသည်လား၊ ခန့်ထားလိုပါသည်လား။ အမျိုးသမီးအစေခံ၊ မိန်းမကြီး သို့မဟုတ် အစေခံများ ဝယ်ယူလိုပါသလားဟု ဝိုင်းဝန်းကာမေးမြန်းကြလေသည်။ 

ထိုအစေခံများ၏ မျက်နှာများမှာ ပန်းများဖြင့် အပုံလိုက် မှုန်းခြယ်ထားသောကြောင့် တက်ကြွ၍နေသည်။ 

ဝမ်ရှီနှင့် ဝမ်လော့ရွှယ်ဆီသို့မူ မည်သူကမျှ မလာကြပေ။

သူ့ရှေ့ကလူများကို သွားကြီးဖြီးပြနေသော်ငြား အစေခံများသည် သူတို့သားအမိ နှစ်ယောက် ရထားလုံးပေါ်မှ ဆင်းလာတာ မဟုတ်သည်ကို မြင်သောအခါ တစ်ယောက်မှ လာမမေးကြသောကြောင့် အမျိုးသမီးဝမ်သည် မြေကြီးပေါ်သို့ ထွီခနဲ တံတွေးထွေးလိုက်သည်။ 

အမျိုးသမီးဝမ်သည် သူမလက်ကောက်ဝတ်ကို ဆန့်တန်းလိုက်သည်။ သို့မှသာ ထိုပြည့်တန်ဆာမများသည် သူမတို့တွေ ဒီကို တစ်စုံတစ်ယောက်အား ခန့်အပ်ရန်လာကြောင်း သိမည် ဖြစ်ပေသည်။ 

သို့သော် တစ်ချက် ကြည့်လိုက်သောအခါ မည်သူကမျှ အမျိုးသမီးဝမ်ကို မည်သို့သော အစေခံမျိုးကို ရှာနေပါသနည်းဟု လာမမေးကြပါ။ 

အခြားနည်းလမ်းမရှိတော့သဖြင့် အမျိုးသမီးဝမ်သည် အလွန်ပိန်ပါးပြီး စီးပွားဖြစ်ဟန်မတူသော ပွဲစားကို လှမ်းတွေ့လိုက်သည်။ 

အမျိုးသမီးဝမ်က “ဟေး မင်းမှာ အိမ်ရှင်မတစ်ယောက်လောက်များ ရှိမလား” 

ထိုပွဲစားသည် သူမခေါင်းကို မော့ပြီး အမျိုးသမီးဝမ်အား ခေါင်းအစ ခြေအဆုံး ကြည့်လိုက်သည်။ ထို့နောက် “နင်က နင့်အတွက် အိမ်ရှင်မကို လိုက်ရှာနေတာလား။ အလုပ်ကရော အခြေအနေ ဘယ်လိုလဲ။ နင်အလုပ်ကောင်းကောင်း မလုပ်နိုင်ရင် ဒီမှာ အိမ်ရှင်ကို ရှာလို့ရမှာ မဟုတ်ဘူးနော်” 

ဝမ်အမျိုးသမီးသည် ဒေါသထွက်သွားသည်။ ဤအမြင်ကျဥ်းသော ပြည့်တန်ဆာမသည် သူမကို အစေခံလုပ်ဖို့ အလုပ်လာရှာသည်ဟု တကယ်ပင် ထင်နေလေသည်။ 

ဝမ်အမျိုးသမီးသည် ဒေါသထွက်စွာဖြင့် “ငါ အစေခံလုပ်ဖို့လာတာ မဟုတ်...”

ဝမ်အမျိုးသမီး၏ စကားမဆုံးခင်ပင် ထိုပိန်ပိန်အမျိုးသမီးက ကြားဖြတ်ပြီး “နင်က အစေခံလုပ်ဖို့လာတာ မဟုတ်ဘူးဆိုရင် ဒီနင့်ရဲ့သမီးက အစေခံလုပ်ဖို့ ဖြစ်ရမယ် ဟုတ်တယ်မလား” 

ဝမ်ရှီ့ဘေးမှ ဝမ်လော့ရွှယ်၏ ရုပ်ချင်းဆင်ပုံကို ကြည့်ချင်းဖြင့် ပွဲစားသည် သူတို့ကို သားအမိမှန်း သိပြီး ဖြစ်လေသည်။ 

ဝမ်ရှီနှင့် ဝမ်လော့ရွှယ်တို့သည် ဒေါသထွက်ပြီး ပေါက်ကွဲမတတ်ဖြစ်သွားသည်။ ထို့နောက် ဝမ်လော့ရွှယ်က “ဒီပွဲစားက မျက်စိကန်းနေတာလား...” ဝမ်လော့ရွှယ်၏ စကားမဆုံးခင်ဘဲ နှုတ်စွာသော ပွဲစားက “ဒီမြင်းခွာနဲ့ တူတဲ့ ပါးစပ်သေးသေးလေးက ဘာလာဖြစ်နေတာလဲ။ နင်က သန့်လဲမသန့်ရှင်းဘဲ ခုလိုပုံစံနဲ့သာဆိုရင် ဘယ်မိသားစုက နင့်ကို အစေခံအဖြစ် ခန့်ထားမတဲ့လဲ။ နင့်ကို သခင် ရှာပေးဖို့အတွက်နဲ့ ငါ့ရဲ့ ဝမ်မီဆိုတဲ့ နာမည်ကို မဖျက်ချင်စမ်းပါနဲ့။ မြန်မြန်ထပြီး သွားလိုက်တော့” 

အမယ်အိုဝမ်သည် ဤမြို့မှာ နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာလေပြီ။ သူမသည် မည်သူနှင့်မျှ မတွေ့သလို ရန်လဲမဖြစ်ဖူးပေ။ ဝမ်လော့ရွှယ်နှင့် ဝမ်ရှီတို့အတွက် အသာစီးရရန်မှာ လုံးဝမဖြစ်နိုင်ပေ။ 

အမယ်အိုဝမ်သည် ရန်မာမြို့တွင် အကျော်ကြားဆုံး ပွဲစားဖြစ်သည်။ အမယ်အိုဝမ် မိတ်ဆက်ပေးသော အစေခံများသည် သန့်ရှင်းသော ခြေလက်များ ရှိသည်။ ချင်းယွင်ကောင်တီမှ ဂုဏ်သရေရှိ မိသားစုများသည် သူတို့၏ အစေခံများကို ဝယ်ရန် အမယ်အိုဝမ်ဆီသို့ တိုက်ရိုက်သွားရောက်ကြပေသည်။ 

ဝမ်အမေနှင့် သမီးတို့သည် အမယ်အိုဝမ်အား စီးပွားရေးမကောင်းသူ အမျိုးသမီးကြီးဟု ထင်ကြသည်။ သို့သော် အမယ်အိုဝမ်သည် စျေးထဲတွင် စီးပွားရေး အကောင်းဆုံးဖြစ်ပေသည်။ 

အမယ်အိုဝမ်သည် ဝမ်ရှီနှင့် ဝမ်လော့ရွှယ်တို့၏ အဝတ်အစားများကို မြင်သောအခါ သူတို့သည် မချမ်းသာမှန်း သိလိုက်သည်။ ထို့ကြောင့် သူမသည် သူမတို့ကို အိမ်ရှင်မ သို့မဟုတ် သခင် ရှာနေသည့် အစေခံများစာရင်းသို့ သာမန်အတိုင်းထည့်သွင်းလိုက်ခြင်းပင် ဖြစ်ပေသည်။ 

သို့သော် ထိုနှစ်ယောက်၏ စကားပြောပုံ အသံနေအသံထားကို နားထောင်ကြည့်သောအခါ သူတို့သည် သာမန်မိသားစု သို့မဟုတ် မကြာခင်ကမှ ချမ်းသာလာသော မိသားစုမှ ဖြစ်ကြပြီး ဤနေရာသို့ အစေခံရှာရန် ရောက်လာကြခြင်းဖြစ်ကြောင်း သိလိုက်သည်။ အမျိုးသမီးအစေခံကို ပုံမှန်အားဖြင့် မသုံးဖူးသော ဤသို့သော လူမျိုးများသည် ဒီနေရာသို့ ဝင့်ဝါပြီး စိတ်ကြီးဝင်၍ မကြာခဏ လာရောက်တတ်ကြသည်။ 

အမျိုးသမီးဝမ် ပါးစပ်ဟလိုက်သည်နှင့် အမယ်အိုဝမ်သည် သူတို့ဒီကို အစေခံအလုပ်ရှာရန် လာခြင်းမဟုတ်ဘဲ အစေခံအမျိုးသမီးရှာရန်လာခြင်း ဖြစ်ကြောင်း  သိလေသည်။ သို့သော် အမျိုးသမီးဝမ်၏အသံသည် အမယ်အိုဝမ်ကို ရန်လိုနေသောကြောင့် အမယ်အိုဝမ်သည် ပါးနပ်စွာဖြင့် ဝမ်အမျိုးသမီးနှင့် ဝမ်လော့ရွှယ်တို့ စကားဆုံးသည်ထိ မစောင့်ဘဲ ကြားဖြတ်ပြောခြင်းဖြစ်ပေသည်။ သူတို့နှစ်ဦးအား ယောက္ခမနှင့် အစေခံအမျိုးသမီးကဲ့သို့သောသူများအကြားတွင် ဒေါသထွက်ခံရ၊ ဖမ်းခံရပြီး သေသည်ထိဖြစ်ရန် ရည်ရွယ်ခြင်းဖြစ်ပေသည်။ 

ထိုနှစ်ယောက်၏ ပိုက်ဆံနှင့် ယှဥ်လျှင် အမယ်အိုဝမ်သည် ‌‌ငွေရှားမနေပါ။ သူမသည် လူချမ်းသာ မိသားစုများသို့ အစေခံများရှာပေးသည်။ သူမ၏ လုပ်အားခသည် သာမန်လူတစ်ယောက်၏ နှစ်လ၊ သုံးလစာပင် ရှိသည်။ ထိုသို့သော သူမသည် ဝမ်မိသားစုမိန်းမ၏ ကြေးပြားအနည်းငယ်ကို အဘယ်ကြောင့် ဂရုစိုက်နေမည်နည်း။ 

အမယ်အိုဝမ်သည် ထိုအမေနှင့်သမီးဖြစ်သူအား ချေပပြောဆိုရန်ရော၊ ရှင်းပြရန်ပါ အခွင့်အရေးမပေးဘဲ လှည့်ထွက်လာခဲ့သည်။ 

အခြားသော ဘေးတွင်ရပ်နေသော ခပ်ဝဝ ပွဲစားသည် အမယ်အိုဝမ် ထွက်သွားသည်ကို မြင်သောအခါ ဝမ်အမေနှင့် သမီးဆီသို့ ခပ်မြန်မြန် ချဥ်းကပ်လာလေသည်။ “ကျွန်မက အမျိုးသမီးလီပါ။ ရှင်တို့ ချမ်းသာတဲ့မိသားစုမှာ အစေခံလုပ်ချင်ရင်လေ ကျွန်မဆီလာခဲ့နော်...” အမျိုးသမီးဝမ်သည် အမယ်အိုဝမ်အား မခံမရပ်နိုင်အောင် မကျေမနပ် ဖြစ်သွားပြီး သူမရင်ဘတ်ထဲတွင် ပွက်ပွက်ဆူနေသောသွေးများ ပါးစပ်အပြည့် ဖြစ်လာသည်။ ထို့ကြောင့် သူမသည် သူမအနား ကပ်လာသော အမျိုးသမီးလီအား ရုတ်တရက်ဆူလိုက်သည်။ “ထွက်သွားစမ်း ငါတို့ကဒီကို အမျိုးသမီးအစေခံရှာဖို့လာတာ နင်မျက်လုံးကန်းနေလား” အမျိုးသမီးလီသည် စိတ်မဆိုးပါ။ ပြုံးရုံသာပြုံးပြီး “ဪ သခင်မတို့က အစေခံလာရှာတာလား။ ကျွန်မရှာပေးမှာပေါ့” 

ပွဲစားလီကန်း၏ ရန်စမှုကို ခံထားရသော အမေနှင့် သမီးသည် ဤလီကန်းကို အစေခံရှာရာတွင် မကူညီခိုင်းလိုပေ။ ထို့ကြောင့် လီကန်းကိုစကားပြောနေမည့်အစား လှည့်ပြီး ထွက်လာခဲ့လိုက်ကြသည်။ 

အမျိုးသမီးလီက သူတို့နှစ်ယောက်၏ အနောက်မှ “ရှင်တို့နှစ်ယောက် သင့်တော်တဲ့ အစေခံကို ရှာမတွေ့ရင် ကျွန်မဆီပြန်လာခဲ့နော်” ဟု လှမ်း၍အော်လိုက်သည်။ 

ဝမ်အမေနှင့်သမီးသည် မကြားချင်ယောင်ဆောင်ပြီး သင့်လျော်သော အစေခံကိုရှာရန် တန်းတန်းမတ်မတ်ပင် လျှောက်လာခဲ့လေသည်။ 

သို့သော် ရန်မာစျေး၌ တစ်မနက်လုံး လမ်းပတ်လျှောက်ပြီးနောက် ဝမ်အမေနှင့် သမီးတို့သည် တိုက်ပွဲကျနေသော ကြက်ဖများကဲ့သို့ လည်လိမ်၍နေသည်။ 

ဝမ်အမေနှင့် သမီးကို အစေခံအလုပ်ရှာရန်လာသူများအဖြစ် ထင်ကြသော ပွဲစားများ အများအပြားရှိသည်မှာ အထူးတလည်ပြောပြနေရန်ပင် မလိုပေ။ ဝမ်အမေနှင့် သမီးတို့သည် အစေခံရှာရခြင်းမှာ သူတို့စိတ်ကူးထားသလောက် မလွယ်ကူမှန်းကို သိလိုက်ကြသည်။

သူတို့နှစ်ယောက်သည် အစေခံမိန်းကလေး ခန့်ထားရန် တစ်ယောက်ယောက်ကို မေးကြည့်လိုက်သောအခါ သူတို့ အစေခံခန့်လိုလျှင် တစ်လစာ အခကြေးငွေကို အစေခံအား စရန်ပေးချေရမည်ဖြစ်ကြောင်း သိလိုက်ကြရသည်။ အစေခံသည် တစ်လအပြည့် အလုပ်လုပ်ပြီးလျှင် အိမ်ရှင်က လစာပေးရမည်ဖြစ်သည်။ ဤသည်မှာ သခင့်အိမ်တွင်အလုပ်လုပ်ရပြီး ထိုသခင် လစာမပေးဘဲနေခြင်းမှ ကာကွယ်ရန်ဟု ဆိုသည်။ 

ထိုနည်းတူစွာပင် အစေခံများသည်လည်း ပွဲစားများအား စရန် ပေးရန်လိုသည်။ အစေခံများသည် အိမ်ရှင်များ၏ ပစ္စည်းများအား ညစ်ပတ်သော လက်များ ခြေများဖြင့် ကိုင်တွယ်ခြင်း မဖြစ်စေရန် ဖြစ်ပေသည်။ 

အမျိုးသမီးဝမ်သည် အလွန် ဒေါသထွက်သွားသည်။ သူမသည် ဆုဝန်၏လစာကို အစေခံငှားရန်သုံးဖို့ တွေးခဲ့သည်။ သို့သော် ယခု သူမ ပိုက်ဆံပေးရတော့မည်။ ဤသည်မှာ အမျိုးသမီးဝမ်၏ ကိုယ်ပိုင်ပိုက်ဆံကို သုံးခြင်းပင် မဟုတ်ပါလော။ 

အမျိုးသမီးဝမ်သည် မသက်မသာ ခံစားလိုက်ရသည်။ သူမကိုယ်ပိုင်ပိုက်ဆံကို တစ်စုံတစ်ဦးခန့်ထားရန် အသုံးပြုရခြင်းသည် သူမအသားကို သူမကိုယ်တိုင် လှီးထုတ်ခြင်းပင် မဟုတ်ပါလော။ 

အမျိုးသမီးဝမ်သည် လက်လျှော့လိုက်ပြီး အစေခံခန့်ဖို့မလာခင် အိမ်သို့ပြန်ကာ ဆုဝန်၏လစာကို စောင့်ရန်သာ စီစဥ်လိုက်သည်။ သို့သော် ဝမ်လော့ရွှယ်သည် အမျိုးသမီးဝမ်ကို အနောက်သို့ ပြန်ဆွဲလိုက်ပြီး၊ အမျိုးသမီးဝမ်သည် အစေခံအတွက် ပိုက်ဆံအရင်ပေးထားပြီး ဆုဝန်၏လစာ မရခင်အထိ စောင့်သင့်ကြောင်း ဆိုသည်။ ဤသည်မှာ ဆုဝန်၏ လစာကို အစေခံငှားရန်သုံးသည်နှင့် မကွာပေ။ ထို့ပြင် သူမတို့သည် အစေခံကို ယခုပင်သုံးနိုင်မည်။ အကယ်၍ ဆုဝန်လစာကို စောင့်နေပါလျှင် အစေခံ မခန့်နိုင်ခင် လဝက်လောက်ထိ စောင့်ရဦးမည် ဖြစ်ပေသည်။ 

အမျိုးသမီးဝမ်သည် ဝမ်လော့ရွှယ်ပြောသော စကားများကို သေချာပြန်၍ စဥ်းစားပေသည်။ သူမ၏ ပိုက်ဆံကို အရင်ပေးထားပြီး ဆုဝန်၏ လစာကို နောက်မှ အလုပ်ပြီးမှ ပေးလျှင်လည်း ဆုဝန်ပိုက်ဆံကို သုံးသည်နှင့် အတူပင် ဖြစ်သည်။ 

သူတို့ကို မျက်စိပွင့် နားပွင့်စေမည့် သင့်လျော်သော ပွဲစားသည် တကယ်မရှိပေ။ ထို့ကြောင့် ဝမ်အမေနှင့် ဝမ်သမီးတို့သည် သူတို့ကို နွေးနွေးထွေးထွေး ကြိုဆို ဆက်ဆံသော ပွဲစားလီကို ရှာရန် ပြန်သွားကြရလေသည်။ 

အမျိုးသမီးလီသည် ဝမ်ရှီနှင့် ဝမ်‌လော့ရွှယ်တို့အား နွေးထွေးစွာ လက်ခံလိုက်ပြီး သူမသည် စည်းမျဥ်းများကို လိုက်နာရန်လိုအပ်ကြောင်း ပြောလေသည်။ 

ဝမ်ရှီနှင့် ဝမ်လော့ရွှယ်သည် တစ်လစာငွေအတွက် စရန်ကို သူတို့ငွေနှင့် ပေးနိုင်ကြောင်းပြောသည်။ ထို့နောက် အမျိုးသမီးလီက နောက်ထပ်ဝမ်တစ်ရာကို ဝမ်ရှီဆီမှ လက်ဖက်ရည်အတွက် ရန်မာမြို့ထဲမှ ခြံဝန်းထဲသို့ ခေါ်မသွားခင် ပေးရပေမည်။ 

ထိုခြံဝန်းသည် လေးထောင့်ပုံရှိပြီး အယောက်နှစ်ဆယ်ထက် မနည်းသော လူများက နံရံရှေ့တွင် နေဘက်ကို မျက်နှာမူကာ ထိုင်နေကြသည်။ ဆယ်ကျော်သက်အရွယ်အမျိုးသမီးငယ်များနှင့် အသက်လေးဆယ်ငါးဆယ် အရွယ် အမျိုးသမီးကြီးများ ပါဝင်ပေသည်။ 

ပုံမှန်အားဖြင့် ပြောရလျှင် ဆယ်ကျော်သက်မိန်းကလေးများသည် လူချမ်းသာ အိမ်များသို့ အစေခံမိန်းမငယ်လေးများအဖြစ် ကျွန်ပြုကာ ရောင်းချခြင်းကို ခံရသည်။ အမျိုးသမီးကြီးများကမူ အစေခံအဖြစ်လဲ မရောင်းချ၊ ကျွန်လဲမပြုသည့်အပြင် လစဥ်ခန့်ထား၍လဲ ရသည်။ 

အမျိုးသမီးငယ်များကမူ လစဥ် ခန့်ထား၍မရပေ။ ဝယ်မှသာ ရသည်။ ဝမ်အမျိုးသမီးသည် နဂိုက အစေခံအမျိုးသမီးငယ်ကိုသာ သုံးရန် ကြံရွယ်ထားသော်လည်း ယခုတွင်မူ အစေခံအမျိုးသမီးငယ်သည် သာမန်အားဖြင့် မတတ်နိုင်တော့သောကြောင့် သူမသည် အမျိုးသမီးကြီးများကိုသာ ခန့်ထားရတော့ပေမည်။ 

အမျိုးသမီးဝမ်သည် ထိုအမျိုးသမီးများဆီသို့ လမ်းလျှောက်သွားပြီး အကြိမ်များစွာ လှည့်ပတ်ကြည့်ရှုလေသည်။ ထို့နောက် တစ်ယောက်ချင်းဆီကို သေချာကြည့်သည်။ ထိုအမျိုးသမီးများကမူ အမျိုးသမီးဝမ်အား ကြည့်လဲမကြည့် စကားလဲမပြောကြပေ။ သူတို့သည် ထောင့်တွင် ကပ်ထိုင်ပြီး နေပူဆာသာ လှုံနေကြသည်။ 

ဝမ်ရှီသည် လိုက်နှိုင်းယှဥ်ကြည့်ရင်း အရပ်ရှည်ရှည်နှင့် အလုပ်လုပ်နိုင်သည့်ပုံ ပေါ်သော အမျိုးသမီးကို မျက်စိကျသွားသည်။ ဝမ်အမျိုးသမီးသည် ဤမိန်းမကြီးက သန်မာပြီး အလုပ်အများကြီး လုပ်နိုင်စွမ်းရှိမည်ဟု ခံစားရသည်။ 

အမျိုးသမီးဝမ်သည် ဤအမျိုးသမီးအား ရိုးသားလား မရိုးသားလား သိရအောင် မေးခွန်းအချို့မေးရန် ပြင်လိုက်သည်။ ထို့နောက် သူမအလုပ် ကျွမ်းကျင်လား သိရစေရန် ခြံဝန်းအား သန့်ရှင်းရေး လုပ်နိုင်လားဟုလဲ မေးရမည်။ 

ထိုမိန်းမဆီသို့ လျှောက်သွားပြီး အမျိုးသမီးဝမ်က ဝင့်ကြွားစွာ ပြောလိုက်သည်။ “ဒီနှစ်ဆိုရင် အသက်ဘယ်လောက်ရှိပြီလဲ။ မိသားစုကရော ဘယ်မှာလဲ” မမျှော်လင့်ဘဲ ထိုအမျိုးသမီးသည် ခေါင်းကို တစ်ချက်မော့ကာ အမျိုးသမီးဝမ်အား တစ်ချက်မျှကြည့်ပြီး သူမခေါင်းကို ပြန်ငုံ့လိုက်သည်၊ အမျိုးသမီးဝမ်ကို လုံးဝကို လျစ်လျူရှုလိုက်လေသည်။ 

အမျိုးသမီးဝမ်၏ ရင်ထဲမှ ဒေါသမီးတောက်သည် မြေပြင်သို့ပင် ရောက်လာသည်၊ ဒီအဆင့်အတန်းနိမ့်သော မိန်းမက သူမစကားကို ပြန်မဖြေဘဲနေရဲသည်။ အမျိုးသမီးဝမ်က ဆူဆဲရန် ပါးစပ်ကို ဟလိုက်စဥ် အမျိုးသမီးကြီးသည် ထကာ သူမကိုကျော်ပြီး သူမအနောက်ဘက်သို့ ပြေးသွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် ထောင့်တွင်ထိုင်နေကြသော မိန်းမငယ်လေးများနှင့် အမျိုးသမီးကြီးများ အားလုံးသည်လည်း ထလာကြပြီး စောနက အမျိုးသမီးပြေး၍သွားသော ဦးတည်ရာဆီသို့ လမ်းလျှောက်သွားကြသည်။ 

ဝမ်ရှီနှင့် ဝမ်လော့ရွှယ်တို့သည် ခေါင်းလှည့်ကာကြည့်လိုက်သောအခါ ရွှေငွေများ ဝတ်ဆင်ထားသော ပန်းပွင့် သဏ္ဌာန်နူးညံ့လှပသည့် အမျိုးသမီး တစ်ဦး လမ်းလျှောက်၍ဝင်လာသည်။ သူမ၏ အနောက်တွင် အစေခံအဝတ်အစားဝတ်ဆင်ထားသော လူအနည်းငယ်လိုက်ပါလာပြီး ၄င်းတို့၏ နောက်တွင်မူ ငယ်ရွယ်သော အစေခံနှစ်ဦးလဲ ပါသေးသည်။ 

အစေခံအားလုံးတို့သည် ဝင်လာ‌သောအမျိုးသမီးဆီသို့ ပြေးသွားကြပြီး 

“သခင်မ၊ ကျွန်တော်မျိုးမကို သခင်မအိမ်မှာ အလုပ်လုပ်ခွင့်ပြုပါ။ ကျွန်မက တကယ် သန်မာပါတယ်” 

“သခင်မ၊ ကျွန်မက ပန်းထိုးတာလဲ တကယ်တော်ပါတယ်”

“သခင်မ၊ ကျွန်မက လူနှစ်ယောက်လုပ်ရတဲ့ အလုပ်ကို တစ်ယောက်တည်း လုပ်နိုင်ပါတယ်” 

ထိုအစေခံငယ်များနှင့် အမျိုးသမီးကြီးများသည် ပြေးသွားပြီး သူတို့၏ ခွန်အားနှင့် အားသာချက်များကို သူတို့ကိုရွေးပါစေ ဟူသော မျှော်လင့်ချက်ဖြင့် သူတို့ရှေ့မှ အထက်တန်းဆန်ဆန် ဝတ်စားထားသော အမျိုးသမီးကို ပြောပြကြသည်။ 

ရန်မာမြို့မှ ဤအမျိုးသမီးများအားလုံးသည် အလုပ်လုပ်ရန် အိမ်ရှင်ပေါင်းများစွာမှ ခေါ်ယူခန့်ထားခြင်း ခံကြရသူများ ဖြစ်သည်။ အတွေ့အကြုံများအရ မိသားစုက ပိုချမ်းသာလေလေ၊ အလုပ်က ပိုလွယ်ကူပြီး ပိုက်ဆံလည်း ပိုရလေဖြစ်ကြောင်း သူတို့သိလေသည်။ 

လူချမ်းသာများသည် စည်းကမ်းကြီးသည်ဟု ထင်ရသော်လည်း တကယ့်တကယ်တွင် ထိုစည်းမျဥ်းများသည် ဆိုးကျိုးရော ကောင်းကျိုးရော နှစ်ခုလုံးများလေသည်။ ချမ်းသာသော မိသားစုကြီးများတွင် အစေခံမိန်းမငယ်များ၊ မိန်းမကြီးများနှင့် အလုပ်လုပ်ရသော ကျွန်များသည် မည်သူက ဘယ်အလုပ်လုပ်ရမည် ဟူ၍ တစ်ယောက်ချင်း သတ်မှတ်ပြီးဖြစ်လေသည်။ အလုပ်များကို ရှင်းရှင်းလင်းလင်း ခွဲခြားပေးထားသည်။ ဥပမာအနေဖြင့် ဆိုလျှင် သင်သည် ခေါင်းဖြီးရမည့် တာဝန်ကို ယူထားလျှင် ခေါင်းဖြီးရမည့် အလုပ်ကိုသာ ဂရုစိုက်ရန်လိုသည်။ အရာဝတ္ထုများ စီစဥ်ရမည့် တာဝန်ကိုယူထားလျှင် အရာဝတ္ထုများကိုသာ စီစဥ်ရပေမည်။ တံမြက်စည်းလှည်းရန် တာဝန်ယူထားရသူသည် တံမြက်စည်းသာ လှည်းရသည်။ အလုပ်သမားတိုင်းတွင် ကိုယ်ပိုင်အလုပ်တာဝန်များ ရှိကြပြီး သူတို့သည် သူတို့ကိုယ်ပိုင် အလုပ်များကိုသာ လုပ်ကြရသည်။ ကျန်သောအချိန်များသည် အားလပ်ချိန်ဖြစ်ပေသည်။ 

ထိုမျှမကသေး၊ သူတို့၏ ကိုယ်ပိုင်တာဝန်ကို တာဝန်ကျေပွန်စွာ ကောင်းကောင်းလုပ်နိုင်လျှင် သခင်မိသားစုသည် မကြာခဏဆိုသလို ဆုလက်ဆောင်များလည်း ပေးတတ်သေးသည်။ နှစ်သစ်ကူးပွဲနှင့် အားလပ်ရက်များတွင်လည်း လက်ဆောင်များပေးသည့်အပြင် လတိုင်း တစ်လလျှင် နှစ်ရက် နားရက်လည်း ရသေးသည်။ 

သို့သော် သာမန်လူများအတွက် အလုပ်လုပ်ပေးရသည်မှာမူ ကွဲပြားသည်။ သာမန်မိသားစုတစ်ခုက အမျိုးသမီးတစ်ဦးကို ခန့်ထားပြီဆိုလျှင် ထိုအမျိုးသမီးသည် အိမ်တွင်း အိမ်ပြင် အလုပ်များအားလုံးကို သူမကိုယ်တိုင် လုပ်ရပေသည်။ ထိုအမျိုးသမီးတစ်ခုခုလုပ်ရန် ကျန်ခဲ့လျှင် ကြောက်ဖို့လဲကောင်းသည်။ 

သာမန်မိသားစုအိမ်တွင် အလုပ်လုပ်ရသည်မှာ ရှုပ်ထွေးပြီး ကြောက်မက်ဖွယ်ကောင်းသည်။ သာမန်မိသားစုအိမ်များတွင် အနားယူနိုင်ခြင်းမှအပ အခြားဆုများလဲ မရနိုင်ပေ။ 

တိုတိုနှင့် လိုရင်းပြောရလျှင် သာမန်မိသားစုအိမ်တွင် အလုပ်လုပ်ရခြင်းမှာ အလုပ်များပြီး ပိုက်ဆံနည်းနည်းသာ ရပေသည်။ အမျိုးသမီးကြီးများသည် အတွေ့အကြုံများရှိသည်။ သူတို့သည် အကယ်၍ အလုပ်လုပ်ဖို့ရွေးရပါလျှင် လူချမ်းသာမိသားစုများကိုသာ ရွေးမည်ဖြစ်သည်။ မိသားစုသေးလေးများတွင်မူ ပိုက်ဆံလဲများများ မရသည့်အပြင် အလုပ်များမှာလည်း အလုပ်ကြမ်းများကို လုပ်ရသည်။ 

အစေခံများသည် ရန်မာစျေးတွင် အလုပ်ခေါ်မည့်သူများကို စောင့်နေစဥ် ဘာအလုပ်မှ မရှိသောအခါ သူတို့သည် စုပေါင်းပြီး စကားပြောလေ့ရှိသည်။ သူတို့သည် အစေခံအချင်းချင်း စုပေါင်းထားသော ရွှေရောင် အသိုက်အဝန်းစည်းမျဥ်းလေးထဲ ရောက်သွားလိုက်ကြသည်။ အကယ်၍ လူချမ်းသာမိသားစုသို့ အလုပ်သွားလုပ်ရမည် ဆိုလျှင် ထိုလူချမ်းသာမိသားစုအတွက် အလုပ်ကြိုးစားရမည်။  အကယ်၍ အိမ်ထောင်စုသေး၊ အိမ်အသေးလေးဆိုလျှင် မသွားကြပေ။ 

ဝမ်အမေနှင့် ဝမ်သမီးတို့ ဝတ်ဆင်ထားသော အဝတ်များနှင့် အသေးအမွှားပစ္စည်းများကို အခြေခံကြည့်လျှင် အစေခံမိန်းမငယ်နှင့် မိန်းမကြီးများသည် လုံးဝလိုအပ်နေတာ မဟုတ်လျှင် မသွားလိုသည့် မိသားစုငယ်လေးမှလာခြင်းဖြစ်ကြောင်း လွယ်ကူထင်ရှားစွာ သိနိုင်ပေသည်။ 

အမျိုးသမီးဝမ်သည် ရန်မာစျေးသို့ ဦးစွာလာခဲ့စဥ်က ပျော်ရွှင်မှု၊ ဝင့်ကြွားမှုအပြည့်ဖြင့် အစေခံအမျိုးသမီးကို ရှာရန် လာခဲ့သော်လည်း သူမတကယ်ရောက်လာသောအခါ ထပ်ခါတလဲလဲ အစော်ကားခံရ၊ အထင်မြင် သေးခံခဲ့ရသည်။ သွားတဖြီးဖြီးနှင့် အစေခံများသည် သူတို့သားအမိအပေါ် အထင်မြင်သေးသည်မှာ အဆင်ပြေနေသေးသော်လည်း ထိုအစေခံများသည် သူတို့အပေါ် ခုထိတိုင် အထင်သေးနေကြသေးသည်။ 

လော့ရှန်းသည် ယခုဆိုလျှင် ပညာသင်ဆုရ ကျောင်းသားတစ်ဦး ဖြစ်နေပြီ။ ချင်းယွင်ကောင်တီမှ ပညာသင်ကျောင်းသားများအနက် အဆင့်တစ် ကျောင်းသားတစ်ဦးဖြစ်ပြီး အနာဂတ်တွင် ဂျူရန်နှင့် ကျင်းရှီအဆင့် ပညာရှင် ဖြစ်လာမည့်သူဖြစ်သည်။ ဝမ်မိသားစုသည် အနာဂတ်တွင် တရားဝင် မိသားစုကြီးဖြစ်လာပေလိမ့်မည်။ ဤမိန်းမငယ်များနှင့် အမျိုးသမီးကြီးများသည် သူမအပေါ် အထင်အမြင်သေးရဲသည်လား။

အမျိုးသမီးဝမ်သည် အမျက်ဒေါသ ထောင်းထောင်းထလျက်ရှိသည်။ သို့သော် သူမ၏ ဒေါသကိုမူ ထုတ်မပြနိုင်ပေ။ အားလုံးအပြီးတွင် သူမသည် အမျိုးသမီးကြီးတစ်ဦးအား ခန့်ထားရန်ပင် မျှော်လင့်ရပေမည်။ သို့မှသာ သူမ‌အပေါ် ဘာဖိအားတစ်စုံတစ်ရာမှ မရှိတော့မည် ဖြစ်သည်။ 

ထိုနေရာတွင် မတ်တတ်ရပ်နေသည့် ဝမ်အမေနှင့်သမီးတို့၏ ရှက်ဖွယ်ကောင်းသည့် မြင်ကွင်းကိုကြည့်ပြီး အမျိုးသမီးလီသည် လှောင်ပြုံးပြုံးကာ ဝမ်သားအမိထံသို့ လျှောက်လာသည်။ 

“အစ်မရေ၊ ဒီအမျိုးသမီးတွေအပေါ် ဒေါသမထွက်လိုက်ပါနဲ့။ သူတို့ကရိုင်းတယ်လေ။ အဲဒါကြောင့်ပဲ သာမန်အားဖြင့်ဆို သူတို့ဝတ်ထားတဲ့ အဝတ်တွေကို ကြည့်ပြီး သူတို့ဘယ်သူဆိုတာ ဖော်ပြနေတာပေါ့” 

ကျင်းသိုက်ယင်က အပြေးလေးလာသည်။ အစ်မလို စာပေလေ့လာတာရဲ့ ကောင်းကျိုးတွေကို သိတဲ့လူပေါ့။ 

အမျိုးသမီးဝမ်သည် အမျိုးသမီးလီဆီမှ စာပေလေ့လာခြင်းနှင့်တူတာ ဘာမှမတွေ့ရပါ။ သို့သော် အမျိုးသမီးလီသည် အမျိုးသမီးဝမ်ကဲ့သို့ လူအများကြီးကို တွေ့ဖူးသည်။ ထို့ကြောင့် သူမသည် စာပေလေ့လာသူများကို လိုက်ရှာလေ့ရှိသည်။ သူတို့သည် သူတို့၏ ဆင်းရဲမှုကို ဖုံးကွယ်သည့်အနေဖြင့် သူတို့လုပ်သမျှပြန်ပြောပြတာကို နားထောင်ပေးတာ အလွန်သဘောကျကြပေသည်။ 

--------------------------