Ch-20
တစ်ရက်တာမျှခွဲခွာပြီးနောက်တွင်
ထိုဦးလေးကြီး၏မျက်နှာသွင်ပြင်မှာ မနေ့ကထက်
အများကြီးပိုဆိုးရွားနေသည်။သူ့လက်ကောက်ဝတ်ထက်ရှိ
အနီနှင့်အနက်ရောင်ရောယှက်နေသော*ကြမ္မာကြိုး*မှာလည်း
မနေ့ကထက်ပို၍တုတ်လာလေ၏။သူမအဝေးသို့လှည့်ကြည့်လိုက်ရာ
အနီရောင်တောက်တောက်မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားသည့် ဖရိုဖရဲဖြစ်နေသည့်သရဲမတစ်ကောင်မှာ
မလှမ်းမကမ်းတွင် ရပ်နေသည်ကိုတွေ့လိုက်ရသည်။
ကျိုးထောင်ဟွား
ဇဝေဇဝါဖြစ်သွားရ၏။ဒါမဖြစ်နိုင်ဘူးလေ။
မနေ့ကထိုဦးလေးကြီးသည်
အဆောင်ကိုရင်ဘတ်ထဲတွင် သေသေချာချာဆောင်ထားသဖြင့်
ထိုသရဲမသည်သူ့အနားသို့မကပ်ရဲသင့်ပေ။ဘာကြောင့်များ ယခုလိုပိုပြီးနီးကပ်လာရပါသနည်း။
ဝေ့ကျန့်ဖုန်းသည်ကျိုးထောင်ဟွားအား
အကူအညီတောင်းရင်း မလှမ်းမကမ်းတွင်ရပ်နေသည့်
တစ္ဆေသတို့သမီးထံထိတ်လန့်တကြားလှမ်းကြည့်နေမိသည်။မူလကသူမကိုအိပ်မက်ထဲတွင်သာ
မြင်ခဲ့ရခြင်းပင်။သူမသည်သူ့အားဖက်တွယ်ကာ လက်ထပ်ရန်အတင်းအကြပ်လုပ်ခဲ့သော်လည်း
သူသည်အမြဲငြင်းဆိုခဲ့သည်။
ယနေ့မနက်တွင်
ဇနီးဖြစ်သူမှသူဆောင်ထားသော အဆောင်အားမီးရှို့လိုက်ပြီးနောက်တွင်တော့
ထိုသရဲမသည်သူ့ရှေ့တည့်တည့်တွင် တစ်ကယ်ကြီးပေါ်လာတော့၏။
သူဘယ်ကိုသွားသွား
သူမကိုမြင်နေရသည်။
ထို့ပြင်
သူနှင့်သူမကိုချည်နှောင်ထားသည့်ကြိုးတစ်ချောင်းကိုလည်း သူ့လက်ကောက်ဝတ်ထက်တွင်
ရှင်းရှင်းလင်းလင်းမြင်နေရ၏။သူ မည်သို့ပင်ကြိုးစားစေကာမူ ထိုကြိုးကိုဖြတ်၍မရခဲ့ပေ။
သူအလွန်အမင်းကြောက်လန့်သွားရပြီး
မနေ့ကအဆောင်ရောင်းခဲ့သည့် မိန်းကလေးကိုသာ
ပြေးမြင်မိတော့သည်။ကံကောင်းထောက်မစွာဖြင့် သူရောက်လာချိန်တွင် သူမကိုထိုနေရာ၌ပင်
တွေ့လိုက်ရလေ၏။
"အဆောင်ကရော"
ကျိုးထောင်ဟွား
မေးလိုက်သည်။
သူမဆွဲပေးထားသော
အဆောင်ရှိလျှင် မကောင်းဆိုးဝါးများအနားမကပ်နိုင်သလို ဤသရဲမ၏ဖူးစာကြိုးမှာလည်း
တုတ်လာခြင်းတို့ တိုလာခြင်းတို့မရှိနိုင်ပေ။
အကယ်၍
ဤဖူးစာကြိုးကိုသာဒီအတိုင်း ဆက်လွှတ်ထားမည်ဆိုပါက နောက်နှစ်ရက်အကြာတွင်
ဝေ့ကျန့်ဖုန်းသည်တစ္ဆေသတို့သမီး၏လက်ထပ်ပွဲအခမ်းအနားသို့
အတင်းအကြပ်ခေါ်ဆောင်သွားခြင်းခံရမည်ဖြစ်ပြီး မြေအောက်ကမ္ဘာသားတစ်ဦး
ဖြစ်သွားပေလိမ့်မည်။
ထိုအကြောင်းပြောလိုက်သည်နှင့်
ဝေ့ကျန့်ဖုန်းမှာဒေါသထွက်သွားရသည်။
"ကျွန်တော့်မိန်းမက
အဲ့အဆောင်ကိုအတုလို့ထင်ပြီး မီးဖိုထဲပစ်ထည့်လိုက်တာလေ၊အဆောင်မီးလောင်သွားတာနဲ့
ကျွန်တော်လဲသူမကို တန်းမြင်လိုက်ရတော့တာပဲ၊တစ်မနက်လုံးကျွန်တော့်နောက်ကို
တကောက်ကောက်လိုက်နေတာ၊ကျွန်တော် ဘာလုပ်ရမယ်မှန်းကိုမသိတော့ဘူး၊ကျေးဇူးပြုပြီး
မိန်းကလေး......ကျွန်တော့်ကို ကယ်ပါဦး"
ယနေ့မနက်အိပ်ရာထချိန်တွင်
သူသည်အဆောင်တစ်ခုဝယ်ပြီးဆောင်ထားသဖြင့် ကောင်းကောင်းအိပ်ပျော်ခဲ့ရကြောင်း
ဇနီးဖြစ်သူထံအသေအချာပြောပြခဲ့သည်။
ထင်မထားသည်မှာ
ထို*ကျားမ*ကဲ့သို့သောမိန်းမသည် သူလျှောက်ပြောနေသည်ဟုထင်ကာ
သူ့အားပြားတစ်ရာအလိမ်ခံလိုက်ရသည်ဟုဆိုပြီး အဆောင်ကိုတန်းမီးရှို့ပစ်လိုက်၏။
ထို့နောက်တွင်တော့
ငရဲကဲ့သို့သူ့အိပ်မက်ဆိုးများစတင်ခဲ့တော့သည်။
ကျိုးထောင်ဟွား
သူ့လက်ကောက်ဝတ်ကို ငုံ့ကြည့်လိုက်သည်။
ယခုအခါတွင်မူ
အငြိုးကြီးဝိညာဉ်၏ ဖူးစာကြိုးမှာ
အရေပြားထဲထိစိမ့်ဝင်နေပြီပင်။အဆောင်တစ်ခုတည်းနှင့်
ထိုတစ္ဆေသတို့သမီးဆီမှထွက်ပေါ်နေသော ယင်စွမ်းအင်ကို
အမြစ်ပြတ်အောင်မလုပ်နိုင်တော့ပေ။
သို့သော်ထိုသရဲမကိုကိုင်တွယ်ရန်
သူမထံ၌ဝိညာဉ်စွမ်းအင်မရှိတော့ချေ.....
မနေ့ကတောင်ပေါ်တွင်
ရှန်းမင်ဆီမှရယူခဲ့သောစွမ်းအင်များမှာ အဆောင်၁၀စောင် ဆွဲပြီးနောက်တွင်
ကုန်ခမ်းသွားခဲ့ပြီဖြစ်သည်။
ကျိုးထောင်ဟွားအခက်တွေ့နေစဉ်မှာပင်
ဆီးနှင်းကဲ့သို့ဖြူဖွေးသောခေါင်းလေးကို သူမမြင်လိုက်ရ၏။
ဝမ်းသာအားရဖြင့်
သူမသည်ထိုလူဆီသို့တန်းပြေးသွားတော့သည်။
"အစ်ကိုရှန်းမင်
ညီမကိုကူညီပါဦး"
ဘာမှထပ်မပြောတော့ဘဲ
ကျိုးထောင်ဟွားသည် ရှန်းမင်လက်ကိုဆွဲကာ ဆိုင်ရှိရာသို့ ခေါ်လာခဲ့သည်။
သူတို့လက်ဖဝါးချင်းထိတွေ့လိုက်သည်နှင့်
ကျိုးထောင်ဟွား၏ဝိညာဉ်စွမ်းအင်များမှာ ချက်ချင်းပင်ပြန်ပြည့်လာတော့၏။
လူပုံအလယ်တွင်
ကျိုးထောင်ဟွားမှရှန်းမင်လက်ကိုဆွဲထားသည်အားမြင်သောအခါ
ချမ်ရှီသည်မျက်မှောင်အသာကြုံ့မိသွားသည်။
ထောင်ဟွားမှာအရွယ်ရောက်တော့မည်ဖြစ်သလို
ရှန်းမင်သည်လည်းလူပျိုဖြစ်နေပြီပင်။သူမအနေဖြင့်
ထောင်ဟွားကိုယောက်ျားလေးနှင့်မိန်းကလေးကြားရှိ ခြားနားချက်များအားသင်ပေးရတော့မည်။
ကျိုးထောင်ဟွားမှာ
ရှန်းမင်ကိုသူမနှင့်အတူ ဆောင့်ကြောင့်ထိုင်ခိုင်းလိုက်သည်။သူမသည်
ဝေ့ကျန့်ဖုန်းအားသူ့ဘယ်ဘက်လက်ကို ဆန့်ထုတ်ခိုင်းကာ
အင်္ကျီလက်ကိုလိပ်၍လက်ကောက်ဝတ်ကိုပြခိုင်းလိုက်၏။
ဝေ့ကျန့်ဖုန်းလက်ကောက်ဝတ်ပေါ်တွင်
အနည်းငယ်တုတ်သော အနီနှင့်အနက်ရောင်ကြိုးတစ်ချောင်းမှာ အသားထဲသို့
နစ်ဝင်မတတ်တင်းတင်းကြပ်ကြပ် ချည်နှောင်ထားသည်ကို သူကိုယ်တိုင်
ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။
ကျိုးထောင်ဟွားသည်
ထိုကြိုးကိုလက်ထိပ်ဖြင့်ညှပ်ပြီး အားဖြင့်ဆွဲလိုက်ရာ ထိုကြိုးမှာ
တစ်ကယ်ပင်ပြတ်ထွက်သွားတော့၏။
သူမမှာထိုကြိုးကို
သူမလက်ကောက်ဝတ်တွင် အမြန်နှစ်ပတ်,ပတ်လိုက်ပြီး
အစွန်းတစ်ဖက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
ချက်ချင်းဆိုသလိုပင်
ဝေ့ကျန့်ဖုန်းသည် ရေနစ်နေရာမှ ကယ်တင်ခြင်းခံလိုက်ရသကဲ့သို့ခံစားလိုက်ရပြီး
အသက်ကိုပုံမှန် ပြန်ရှူနိုင်သွားတော့၏။
"!!!"
အငြိုးကြီးတစ္ဆေသတို့သမီးသည်
သူမ၏ဖူးစာကြိုးကို ၁၄နှစ်အရွယ် မိန်းကလေးတစ်ယောက်မှဖြတ်တောက်ပစ်လိမ့်မည်ဟု
လုံးဝမမျှော်လင့်ထားခဲ့ပေ။
သူမသည်
ချက်ချင်းဆိုသလိုအမျက်ချောင်းချောင်းထွက်သွားတော့သည်။ငါ့အစီအစဉ်ကို
ဖျက်ဆီးတယ်ပေါ့လေ သေချင်နေတာပဲ။
အငြိုးကြီးတစ္ဆေသတို့သမီးသည်
ဖူးစာကြိုးအတိုင်း ကျိုးထောင်ဟွားထံသို့ တိုက်ရိုက်ပြေးဝင်လာတော့သည်။၎င်းကို
မြင်သော ဝေ့ကျန့်ဖုန်းမှာမူထောင့်တစ်နေရာသို့ ကုန်းရုန်းပြေးကာ ပုန်းနေတော့၏။
ကျိုးထောင်ဟွားမှာတော့
လုံးဝတုန်လှုပ်မနေဘဲ မြေပြင်ထက်တွင်သာ ဆောင့်ကြောင့်ထိုင်မြဲထိုင်နေလေသည်။
ကြိုးပေါ်တွင်ရစ်ပတ်ထားသော
သူမ၏လက်ချောင်းလေးများသည် လျင်မြန်စွာလှုပ်ရှားနေပြီး
လက်ထိပ်လေးများရှိဝိညာဉ်စွမ်းအင်များမှာ တစ်စထက်တစ်စပြင်းထန်လာလေ၏။
အငြိုးကြီးတစ္ဆေသတို့သမီးသည်
ကြိုးအတိုင်းပြေးဝင်လာသည့် အခိုက်အတန့်တွင် ကျိုးထောင်ဟွားမှာသူမလက်ထိပ်လေးဖြင့်
ထိုသရဲမ၏ခေါင်းကို အသာအယာတို့လိုက်သည်။
ချက်ချင်းဆိုသလိုပင်
အငြိုးကြီးတစ္ဆေသတို့သမီးသည် အနီနက်ရောင်ကြိုးနှင့်အတူ
လေထဲတွင်ပျောက်ကွယ်သွားတော့၏။
ဝေ့ကျန့်ဖုန်းမှာအံ့ဩမှင်တက်သွားရသည်။ဒီမိန်းကလေးက
ဘယ်လိုတောင် စွမ်းအားကြီးနေရတာလဲ။
သူသည်ကျိုးထောင်ဟွားအနောက်သို့
ဂရုတစိုက်လှည့်ပတ်သွားကာ မေးလိုက်သည်။
"မိန်းကလေး......အဲဒီသရဲမသေသွားပြီလား"
ကျိုးထောင်ဟွား
ခေါင်းငြိမ့်ဝန်ခံလိုက်ပြီး သရဲမ၏ယင်ဓာတ်များ ကျန်ရှိနေဆဲဖြစ်သော
ညှိုးငယ်နေသည့်သူ့မျက်နှာကိုကြည့်ကာ သတိပေးလိုက်သည်။
"ဦးလေး......ဒီရက်ပိုင်းနေပူဆာများများလှုံပေးပါ၊အဲဒါမှ
ကိုယ်ထဲကယင်ဓာတ်တွေပြေပျောက်သွားမှာ၊နောက်နှစ်ရက်လောက်တော့
နေလို့ထိုင်လို့မကောင်းတာမျိုးဖြစ်နိုင်ပေမယ့်
နောက်ပိုင်းကျရင်တော့အဆင်ပြေသွားမှာပါ၊သရဲမကို နှိမ်နင်းပေးတဲ့အတွက် အဖိုးအခကတော့
၂တေးကျသင့်ပါတယ်"
ဝေ့ကျန့်ဖုန်းသည်
ဈေးနှုန်းကိုကြားလိုက်ရသဖြင့် စိတ်ထဲတွင်အနည်းငယ်နှမြောသွားသော်လည်း
နောက်မှသာတန်သည်ဟု ခံစားလိုက်ရသည်။
မဟုတ်လျှင်
ထိုသရဲမ၏နှိပ်စက်မှုကို သူ ဆက်ပြီးခံနေရဦးမည်မဟုတ်ပါလား။
ဝေ့ကျန့်ဖုန်းသည်
သူ့ပိုက်ဆံအိတ်ထဲမှ ၂တေးကိုချက်ချင်းထုတ်၍ကျိုးထောင်ဟွားအား
ပေးလိုက်သည်။ထို့နောက်ထပ်မေးလာ၏။
"မိန်းကလေး......တစ်ကယ်လို့ကျွန်တော်သာ
အဆောင်ကိုဆောင်ထားမယ်ဆိုရင် ကိုယ်ထဲမှာကျန်နေတဲ့ယင်ဓာတ်တွေက
ချက်ချင်းပျောက်သွားမှာလား၊ပြီးတော့ ဒီရက်ပိုင်းမှာ နေလို့မကောင်းတာမျိုးလည်း
မဖြစ်တော့ဘူးလား"
ကျိုးထောင်ဟွား
ခေါင်းငြိမ့်ပြလိုက်သည်။
"ဒါဆိုရင်
ကျွန်တော်နှစ်ခုယူမယ်"
ဝေ့ကျန့်ဖုန်းမှာ
ကျိုးထောင်ဟွားထံပြားနှစ်ရာကမ်းပေးလိုက်သည်။
ကျိုးထောင်ဟွားသည်
ယနေ့အဆောင်၁၂ခုယူလာခဲ့ရာ လုံလောက်သည်ထက်ပင်ပိုသေး၏။
အဆောင်နှစ်ခုကိုအိတ်ကပ်ထဲထည့်လိုက်သည်နှင့်
ဝေ့ကျန့်ဖုန်းမှာနေလို့ထိုင်လို့ ကောင်းသွားပြီးစိတ်အေးသွားတော့သည်။
ကျိုးထောင်ဟွားမှာလည်း
နောက်ထပ် ငွေ၂တေးကျော်ထပ်ရလိမ့်မည်ဟုထင်မထားခဲ့ပေ။ဤနည်းဖြင့် သူမတွင် စုစုပေါင်း
ငွေ၇တေးနှင့်၃၆၂ပြား စုမိသွားပြီဖြစ်သည်
ဝေ့ကျန့်ဖုန်းသည်
ကျိုးထောင်ဟွားကိုအကြိမ်ကြိမ်ကျေးဇူးတင်စကားပြောပြီးနောက် ထွက်ခွာသွားတော့၏။
"အဟမ်း"
ဘေးနားရှိဒေါ်လေးချမ်မှာ
ချောင်းအသာဟန့်လိုက်ပြီး သတိပေးလိုက်သည်။
"ထောင်ဟွား"
ကျိုးထောင်ဟွားသည်
၇တေးကျော်စုမိသွားသည့်ပျော်ရွှင်မှုတွင်သာ အာရုံရောက်နေသဖြင့်
အမေဖြစ်သူမှအဘယ်ကြောင့် သူမကိုဤမျှလေးလေးနက်နက်ဟန်ဖြင့်
ကြည့်နေရသည်ကိုနားမလည်သေးပေ။
ရှန်းမင်သည်သူမလက်ထဲမှသူ့လက်ကို
ပြန်ရုတ်လိုက်ချိန်တွင်မှ သူမဘာဖြစ်နေသည်ကို သတိဝင်လာတော့သည်။
ကျိုးထောင်ဟွားမှာနှမြောမိသလို
ဖြစ်သွားသော်လည်း မိခင်ဖြစ်သူကိုမချိုမချဥ်ဟန်ဖြင့်ပြုံးပြလိုက်၏။
ရှန်းမင်နားရွက်များမှာနီရဲနေပြီး
သူသည် အမြန်ထွက်သွားရန်ပြင်တော့သည်။
ကျိုးထောင်ဟွားမှာ
မျက်စိလျင်သူဖြစ်၍
သူ့ခြင်းတောင်းထဲရှိအစေ့အဆန်ငါးမျိုးလမုန့်များ၊ဂဏန်းများနှင့်ကြာစွယ်မုန့်များကို
သတိထားမိသွားပြီး မေးလိုက်၏။
"အစ်ကိုရှန်းမင်......ဆောင်းလလယ်ပွဲတော်မှာစားဖို့
ပစ္စည်းတွေဝယ်နေတာလား"
ရှန်မင်က
ခေါင်းငြိမ့်ပြလိုက်သော်လည်း ကျိုးထောင်ဟွားအားမကြည့်ဝံ့တော့ပေ။
ကျိုးထောင်ဟွားမှသူ့လက်ကိုအရင်ဆွဲခဲ့ခြင်းဖြစ်သော်လည်း
အဒေါ်ချမ်မြင်သွားသည့်အတွက် သူကပင်အရှက်သည်းနေမိတော့သည်။
သူသည်ယောက်ျားတစ်ယောက်ဖြစ်သဖြင့်
ကျိုးထောင်ဟွားနှင့်လက်ချင်းတွဲမိလျှင် ကျိုးထောင်ဟွားသာလျှင်နစ်နာမည်ဖြစ်၏။
ထို့ပြင်တာအိုဆရာသည်လည်း
သူ့ကိုယ်ပေါ်တွင် မကောင်းသောအငွေ့အသက်များပါလာသည်ဟု
ဆိုခဲ့သည်လေ။သူ့အနားကပ်သူတိုင်း အနည်းဆုံးကံဆိုးတတ်ပြီး
အဆိုးဆုံးမှာသေဆုံးနိုင်သည်အထိဖြစ်နိုင်သည်။ထို့ကြောင့်ပင်
အဒေါ်ချမ်မှာကျိုးထောင်ဟွားအား သူ့အနားမကပ်စေချင်သည်ကို နားလည်ပေးနိုင်လေ၏။ကျိုးထောင်ဟွားမေးခွန်းကိုကြားသောအခါ
ဒေါ်လေးချမ်သည်ရှန်းမင်ထံသနားဂရုဏာသက်ဟန်ဖြင့်ကြည့်လိုက်သည်။
ရှန်မိသားစုတွင်
သူတစ်ယောက်တည်းသာ ကျန်တော့သည်လေ။
ဆောင်းလလယ်ပွဲတော်ဆိုသည်မှာ
မိသားစုပြန်လည်ဆုံစည်းရမည့်နေ့ဖြစ်သော်လည်း
ဤကလေးမှာမူဆွေမျိုးတစ်ဦးတစ်ယောက်မျှမရှိတော့ဘဲ မိဘမဲ့တစ်ယောက်ကြွက်အဖြစ်
အထီးကျန်နေရရှာသည်။
"ရှန်းမင်......မနက်ဖြန်ညကျရင်
အဒေါ်တို့အိမ်မှာထမင်းလာစားလေ၊အဒေါ်တို့နဲ့အတူ
ဆောင်းလလယ်ပွဲတော်ကိုဆင်နွှဲကြတာပေါ့"
ချမ်ရှီမှရုတ်ချည်းဖိတ်ကြားလိုက်သည်။ရှန်းမင်မှာ
အံ့အားသင့်သွားပြီး ဒေါ်လေးချမ်မှထိုသို့ပြောလာလိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။