Ch-10
ဝမ့်ရှီသူငယ်အိမ်များမှာရုတ်ချည်းကျုံ့ဝင်သွားတော့သည်။သူမယောက္ခမဖင်မှ
သွေးထွက်နေသည်လား။
အဖွားစွင်းအိမ်ထဲသို့အပြေးအလွှားပြန်ဝင်လာချိန်တွင်
သူမမှာအတင်းဖမ်းဆွဲပြီး မေးလိုက်သည်။
"အမေ......အဆင်ပြေရဲ့လား၊ဘာလို့ဖင်ကနေ
သွေးတွေထွက်နေတာလဲ"
အဖွားစွင်းမှာ
ထိုအကြောင်းပြောလာသည်နှင့် ဒေါသထွက်သွားကာဆူငေါက်လိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း
အသံတိုးတိုးပြောစမ်းပါ"
သူမအခြေအနေအားမြင်သောအခါ
ဝမ့်ရှီစိတ်ထဲတွင် မဆီမဆိုင်သောအတွေးတစ်ခုဝင်လာလေ၏။
"အမေ......အမေရာသီလာနေတာတော့
မဟုတ်ပါဘူးနော်"
"စိတ်ရှုပ်စရာပဲ"
အဖွားစွင်းတစ်ယောက်
တတွတ်တွတ်ညည်းတွားရင်း အဝတ်ဟောင်းတစ်ခုရှာရန် အခန်းထဲဝင်သွားပြီးနောက်
မီးဖိုချောင်ထဲရှိပြာများကို သွားယူပြန်တော့သည်။
ဝမ့်ရှီမှာအနောက်မှနေ
အံ့အားသင့်နေဟန်ဖြင့်လိုက်လာလေ၏။
"အမေ......အမေ့အသက်က၅၁နှစ်တောင်ရှိနေပြီလေ၊ဘယ်လိုလုပ်ပြီးရာသီကထပ်လာနေရတာလဲ"
သူမမှတ်မိသလောက်ဆိုလျှင်
ယောက္ခမဖြစ်သူသွေးဆုံးနေသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။ယခုအသက်ကြီးပါမှ ဒါကြီးမှာ
ပြန်လာလေသည်လား။
"ပါးစပ်ပိတ်ထားပါဆို
အပြင်ထွက်ပြီးအော်မနေနဲ့၊မဟုတ်လို့ကတော့ နင့်ပါးကိုငါရိုက်ပစ်မယ်"
အဖွားစွင်းသတိပေးလိုက်သည်။
သူမမှာ
ဤမျှထိအသက်ကြီးနေပြီဖြစ်သလို အဖွားပင်ဖြစ်နေပြီဖြစ်၏။ယခုမှ ရာသီပြန်လာသည်ဆိုသည်မှာ
တစ်ကယ့်ကိုအရှက်ရစရာပင်။
သူမငယ်စဉ်ကလည်း
ရာသီလာချိန်တိုင်းအမြဲနေမကောင်းဖြစ်တတ်သည်။ခါးနာခြင်း၊ခေါင်းမူးခြင်းနှင့်အားအင်ကုန်ခမ်းခြင်းတို့ကိုခံစားရတတ်ရာ
ယခုလည်းထိုအတိုင်းပင် ခံစားနေရ၏။
အသက်ကြီးသွားသောကြောင့်ဖြစ်နိုင်သည်။ဝမ်းဗိုက်အောက်ပိုင်းမှာ
ပို၍ဆိုးဆိုးဝါးဝါးခံစားနေရပြီး ဗိုက်သည်လည်း အလွန်နာကျင်နေတော့၏။
"ဘုရား......ဘုရား"
အဖွားစွင်းမှာ
ဆက်ပြီးမတောင့်ခံနိုင်တော့ဘဲ အခန်းထဲသို့ပြန်ကာလှဲနေချင်တော့သည်။ဝမ့်ရှီသည်လည်း
သူမအတွက်သကြားနှင့်ဂျင်းပြုတ်ရည်ကို အမြန်လုပ်ပေးသော်ငြား
အဖွားစွင်းတစ်ယောက်သောက်ပြီးသည်ထိ နေမကောင်းဖြစ်နေဆဲဖြစ်ကာ
အိပ်ရာထက်တွင်နာကျင်ရလွန်း၍ လူးလိမ့်နေတော့၏။
သူမသည်ပျို့အန်ခြင်းနှင့်ဝမ်းလျှောခြင်းတို့ကိုပါခံစားနေရသဖြင့်
တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားတော့သည်။ဖြူဖျော့နေသော သူမမျက်နှာအားမြင်သောအခါ
ဝမ့်ရှီလည်းထိတ်လန့်သွားပြီး ကျိုးစန်းရှီရှိရာ
အခန်းဆီအပြေးအလွှားသွားကာတိုင်ပင်တော့၏။
"စန်းရှီး......အမေရာသီလာနေတယ်၊ပြီးတော့
အခုဗိုက်ကလည်းအရမ်းနာနေတယ်တဲ့ ဘာလုပ်ကြမလဲ"
အိမ်တွင်းရေးကိစ္စအဝဝကို
အဖွားစွင်းမှသာဆုံးဖြတ်လေ့ရှိရာ ယခုသူမနာမကျန်းဖြစ်ချိန်တွင် ယောက္ခထီးဖြစ်သူအပြင်
ခဲအိုနှင့်ယောင်းမတို့ပါ အိမ်၌မရှိကြသဖြင့် ဝမ့်ရှီမှာလုံးဝပျာယာခတ်နေတော့သည်။
ကျိုးစန်းရှီသည်
ဝမ့်ရှီစကားအားကြားလိုက်ရသောအခါ အံ့အားသင့်သွားရ၏။
"ဘာပြောတယ်၊ငါ့အမေကရာသီလာနေတယ်ဟုတ်လား၊အဲဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
သူ့အမေအသက်မှာ၅၁နှစ်ရှိပြီဖြစ်ရာ
သွေးဆုံးနေသည်လည်း ကြာလှပြီဖြစ်သည်။သို့သော်
ဝမ့်ရှီ၏လေးနက်နေသောမျက်နှာအားမြင်သောအခါ ကျိုးစန်းရှီလည်း
အိမ်ရှေ့ခန်းသို့ချက်ချင်းသွားကြည့်တော့၏။
"အမေ.....အမေရေ....."
အဖွားစွင်းသည်
ဗိုက်အားနှိပ်ကာအိပ်ရာထက်တွင်လူးလှိမ့်နေလေသည်။သူမမျက်နှာမှာပြာနှမ်းနေပြီး
နဖူးထက်တွင်လည်း ချွေးစေးများပြန်နေလေ၏။ကျိုးစန်းရှီမှာ ကြောက်လန့်သွားရသည်။
"အမေ......ကျွန်တော်အဘိုးရှန်းဖျင်ကို
သွားခေါ်ပြီးပြခိုင်းလိုက်ရမလား"
သူ့အမေမှဤမျှထိနာကျင်နေသည်ကို
သူတစ်ခါမှမမြင်ခဲ့ဖူးပေ။
အဖွားစွင်းမှာ
ချက်ချင်းတားလိုက်သည်။
"ဟင့်အင်း......မသွားနဲ့နော်၊ငါကဖြင့်ဒီလောက်အသက်ကြီးနေပြီဟာကို
ဒီသတင်းသာအပြင်ပေါက်ကြားသွားရင်
ရွာသားတွေကငါ့ကိုလှောင်ကြလိမ့်မယ်၊ပြီးတော့ဒါကဗိုက်နာရုံလေးတင်ပါ
မသေပါဘူး၊အောင့်အီးပြီးပဲ နေလိုက်ပါမယ်"
သူမငယ်စဥ်မှဆိုလျှင်
ရာသီလာချိန်မှာငါးရက်ကြာတတ်၏။ယခုအသက်ကြီးပြီဖြစ်ရာ ငါးရက်ထက်တော့ပိုမကြာလောက်ဟု
သူမဘာသာဖြေသိမ့်နေမိသည်။
ရုတ်ချည်းဆိုသလို
ကျိုးစန်းရှီမျက်လုံးများမှာတောက်ပသွားပြီး အကြံတစ်ခုရသွားကာပြောလိုက်၏။
"အမေ......ကျွန်တော့်မှာအကြံတစ်ခုရှိတယ်
ဘယ်လိုလဲဆိုတော့....."
...........
မြို့ပေါ်တွင်
ကျိုးထောင်ဟွားနှင့်ချမ်ရှီတို့သည်
မြို့အနှံ့လိုက်ရှာနေသော်လည်း ထူးဆန်းစွာပင်အဆောင်စာရွက်များကို
မတွေ့ခဲ့ရပေ။နောက်ဆုံးတွင်မှ စာအုပ်ဆိုင်တစ်ဆိုင်တွင် သာမန်အဝါရောင်စာရွက်များကို
တွေ့ရှိခဲ့သည်။
သို့သော်လေးပေရှည်သော
အဝါရောင်စာရွက်တစ်ရွက်ကို ၁၀ပြားပေးရပြီး ပြဒါးရိုင်းမှာ ပို၍ပင်ဈေးကြီးလှပြီး
တစ်အောင်စလျှင်ပင် ပြား၅၀ပေးရလေ၏။ကျိုးထောင်ဟွားသည်
စုတ်တံတစ်ချောင်းကိုလည်းပြား၃၀ပေး၍ဝယ်လိုက်ရသည်။
စာအုပ်ဆိုင်ထဲမှထွက်လာသောအခါ
ကျိုးထောင်ဟွားနှုတ်ခမ်းလေးမှာ စူထော်နေတော့၏။ဤပစ္စည်းသုံးမျိုးတည်းဖြင့်ပင်
ပြား၉၀ကုန်သွားပြီမဟုတ်ပါလား။
သူမ၏စိတ်မကောင်းဖြစ်နေသောမျက်နှာအား
မြင်သောအခါ ချမ်ရှီချက်ချင်းပင် နှစ်သိမ့်ပေးလိုက်သည်။
"အရင်းအနှီးထုတ်မှ
အမြတ်ရမှာပေါ့သမီးရဲ့၊တို့ထောင်ဟွားလေးက ဒါတွေကို ပြန်ရှာနိုင်မယ်လို့
အမေယုံကြည်တယ်"
ထိုအခါမှ
ကျိုးထောင်ဟွားမျက်နှာမှာ ရွှင်လန်းသွားပြီး
ယနေ့တွင်အဆောင်တစ်ခုရအောင်ရောင်းပစ်မည်ဟု
ဆုံးဖြတ်ချက်ချလိုက်သည်။သူမစိတ်ထဲတွင်လည်း အဆောင်တစ်ခုအား
ပြားတစ်ရာဟုဈေးနှုန်းသတ်မှတ်ထားပြီးသားပင်။
ချမ်ရှီလမ်းဘေးတစ်နေရာတွင်နေရာယူပြီး
ဆိုင်ခင်းလိုက်သည်။အဝတ်ဟောင်း တစ်ခုကိုမြေကြီးပေါ်အရင်ခင်းပြီးမှ သူမ
ထိုးထားသောလက်ကိုင်ပုဝါများ၊ပိုက်ဆံအိတ်များနှင့်အမွှေးနံ့သာအိတ်လေးများကို
အစီအစဉ်တကျခင်းကျင်းလိုက်တော့၏။
ချမ်ရှီသည်ကျိုးထောင်ဟွား၏အဆောင်စာရွက်များခင်းကျင်းရန်အတွက်
အဝတ်ဟောင်းပေါ်တွင် နေရာကျယ်ကျယ်တစ်ခုကိုပင် အထူးသီးသန့်ဖယ်ပေးထားရှာ၏။
အဝါရောင်စာရွက်မှာ
ဈေးကြီးလွန်းလှသဖြင့် ကျိုးထောင်ဟွားသည်အလွန်ဂရုစိုက်၍ဖြတ်တောက်ကာ
တစ်ရွက်လျှင်အလျား၂၀စင်တီမီတာနှင့်အနံ၁၀စင်တီမီတာရှိသော စာရွက်လေးများ
ပြုလုပ်လိုက်သည်။
သူမသည်စာရွက်တစ်ရွက်ကို
အရင်ထုတ်ယူပြီးစုတ်တံကိုပြဒါးရိုင်းတွင်းနှစ်လိုက်၏။စုတ်တံမှ
ပြဒါးရိုင်းရည်များအဝါရောင်စာရွက်ထက် ရွေ့လျားသွားသည်နှင့်အမျှ
ဝိညာဉ်စွမ်းအင်များပါစီးဆင်းသွားပြီး
နောက်ဆုံးတွင်ဘေးကင်းလုံခြုံရေးအဆောင်တစ်ခုဖြစ်လာတော့သည်။
ကျိုးထောင်ဟွားသည်
သူမလက်ရာကိုကျေနပ်စွာကြည့်ရင်း အခြောက်မြန်စေရန်
အသာယပ်ခတ်ပေးလိုက်၏။ဒုတိယတစ်ခုကိုစတင်ရေးဆွဲမည်အပြုတွင် သူမဝိညာဉ်စွမ်းအင်များ
မလုံလောက်တော့သည်ကို ရုတ်ချည်းသတိပြုမိသွားတော့သည်။
စုတ်တံကိုအဝါရောင်စာရွက်ထက်တွင်
ရပ်တန့်လျက်ကိုင်ထားရင်း ဤတစ်ဝက်တစ်ပျက်လက်ရာအား
စွန့်လွှတ်ရမည်လားဟုတွန့်ဆုတ်နေစဉ် နေရောင်အောက်၌ ရင်းနှီးနေသောဆီးနှင်းရောင်
ဆံနွယ်ဖြူဖြူတို့ကို လှမ်းမြင်လိုက်ရ၏။ချက်ချင်းဆိုသလို သူမအော်ခေါ်လိုက်သည်။
"အစ်ကိုရှန်းမင်"
ရှန်းမင်သည်ဖမ်းဆီးရမိထားသော
သားကောင်များအား ခြင်းတောင်းဖြင့်လွယ်ကာ ဈေးထိပ်တွင်သွားရောင်းရန်ပြင်နေစဉ်
တစ်စုံတစ်ယောက်မှသူ့နာမည်အားခေါ်လိုက်သံကိုကြားလိုက်ရရာ
မယောင်မလည်ဖြင့်အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။
ကျိုးထောင်ဟွားသည်မြေကြီးပေါ်တွင်
ဆောင့်ကြောင့်ထိုင်လျက် သူမခေါင်းကိုမော့ကာ သူ့ထံကြည့်နေပြီးလက်တစ်ဖက်အား,အားပါးတရယမ်းပြနေကာ
ကျန်လက်တစ်ဖက်မှာမူ မြေပြင်ထက်၌တစ်ခုခုရေးဆွဲနေသယောင်ရှိနေ၏။
"အစ်ကိုရှန်းမင်.....ဒီကိုမြန်မြန်လာလေ၊ညီမဘေးမှာနေရာအလွတ်ရှိတယ်၊ဒီမှာပဲ
ဆိုင်ခင်းလိုက်ပါလား၊ဒီနေရာကတစ်ကယ့်နေရာကောင်းနော် အစ်ကို့ပစ္စည်းတွေ
အမြန်ကုန်သွားမှာသေချာတယ်"
ရှန်းမင်မကြားမည်စိုး၍
ကျိုးထောင်ဟွား အသံကုန်ဟစ်ကာအော်ပြောလိုက်သည်။ရှန်းမင်အနားရှိလူတိုင်းသည်
သူ့ထံလှည့်ကြည့်လာကြ၏။ဆံပင်အရောင်ကြောင့်သာမကဘဲ အခြားအကြောင်းများကြောင့်ပင်
လူအများ၏အာရုံစိုက်ခြင်းကိုခံရသည်မှာ ရှန်းမင်အတွက်တော့ပထမဆုံးအကြိမ်ပင်ဖြစ်သည်။
သူ့ခေါင်းအားအနည်းငယ်ငုံ့ထားကာ
ကျိုးထောင်ဟွားကိုမသိဟန်ဆောင်ပြီး သူမအနားမှအမြန်ကျော်သွားရန်လုပ်လိုက်သော်လည်း
မမျှော်လင့်သည်မှာသူမအနားရောက်သည်နှင့်တစ်ပြိုင်နက် သူမမှာလျှပ်စီးအလျင်ဖြင့်
သူ့လက်ကိုလှမ်းဆွဲလိုက်၏။
ရှန်းမင်ခြေလှမ်းများမှာတန့်သွားပြီး
ကျိုးထောင်ဟွားလက်ကို မခါထုတ်နိုင်ခင်မှာပင် သူမမေးလာသည်ကိုကြားလိုက်ရသည်။
"အစ်ကိုရှန်းမင်......ညီမခေါ်နေတာကို
ဘာလို့မကြားချင်ယောင်ဆောင်နေတာလဲ"
မြို့ပေါ်၌လာဆုံကြသည်ကိုပင်
သူမဝိညာဉ်စွမ်းအင်များအားပြန်ဖြည့်မပေးသေးပါဘဲနှင့် ဘာကြောင့်ပြန်လွှတ်ပေးလိုက်ရပါမည်နည်း။သူမအဆောင်မှာ
တစ်ဝက်သာပြီးသေးသည်ဖြစ်၍ ဝိညာဉ်စွမ်းအင်လိုအပ်နေသောအချိန်နှင့်လည်း
ကွက်တိကျနေသည်ပင်။ဆုံတွေ့ရသည်မှာကံတရားအရပင်မို့ ကျိုးထောင်ဟွားမှာ
အလွယ်တကူပြန်လွှတ်ပေးမည်မဟုတ်ပေ။
ရှန်းမင်ခဏတာမျှပျာယာခတ်သွားရသည်။
"လမ်းပေါ်မှာ
လူတွေအရမ်းများနေလို့မကြားလိုက်တာပါ"
ထိုသို့ပြောလိုက်သောအခါ
ရှန်းမင်နားရွက်လေးများသည် အနည်းငယ် နီမြန်းသွားရ၏။ကျိုးထောင်ဟွားမှာသူ့ကို
ပြန်လွှတ်မပေးသေးဘဲအကြောင်းရင်းအားမေးလာလိမ့်မည်ဟု သူတစ်ကယ်ထင်မထားခဲ့ပေ။
ကျိုးထောင်ဟွား
သူ့ထံမျက်မှောင်ကြုံ့၍ကြည့်ကာ သူ့ဆင်ခြေအားမယုံကြည်ကြောင်းပြသပြီးဆွဲခေါ်လိုက်သည်။
"ဒါဆိုရင်လည်း
အစ်ကိုရှန်းမင်......အခုပဲညီမဘေးမှာဆိုင်ခင်းလိုက်ပါတော့"
ရှန်းမင်မှာ
ယနေ့သူမဘေးတွင်ဆိုင်ခင်းကိုခင်းရပေမည်။ထိုသို့မဟုတ်ပါက သူမသည်
သူ့ကိုအိမ်ပြန်လွှတ်တော့မည့်ပုံမပေါ်ပေ။
ရှန်းမင်မှာအခက်တွေ့သွားရသည်။ကျိုးထောင်ဟွားမှ
ဤမျှထိဇွဲကောင်းနေလိမ့်မည်ဟု သူထင်မထားခဲ့ရာ သူ့ဘက်မှသာ ပြန်ရှင်းပြလိုက်ရတော့သည်။
"ကျိုးထောင်ဟွား......တာအိုဆရာတစ်ယောက်က
ကိုယ်ကမကောင်းတဲ့စွမ်းအားတွေရှိတဲ့ကပ်ဆိုးကြယ်လို့ပြောတယ်၊ကိုယ်နဲ့နီးနီးကပ်ကပ်နေရင်
အနည်းဆုံးကံဆိုးတတ်ရာကနေ အဆိုးဆုံးဆိုသေတောင်သေနိုင်တာမလို့
ကိုယ်မင်းနဲ့ဝေးဝေးနေတာ ပိုကောင်းလိမ့်မယ်"
ကျိုးထောင်ဟွား
မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး ပြုံးကာပြောလိုက်သည်။
"ဒါဆိုအစ်ကိုရှန်းမင်က
ညီမအတွက်စိတ်ပူနေတာပေါ့၊ဒါပေမယ့် ကိစ္စမရှိပါဘူး၊ညီမက မကောင်းတဲ့စွမ်းအင်တွေကို
မကြောက်တတ်တဲ့ဗီဇရှိတယ်လေ"
သူမမှာမူ
ဝိညာဉ်စွမ်းအင်များပိုစုပ်ယူနိုင်ရန်
ရှန်းမင်နှင့်ပိုထိတွေ့ချင်စိတ်အားမနည်းအောင့်အီးထားရသည်မဟုတ်ပါလား။
"ဟုတ်တယ်ရှန်းမင်......အဒေါ်တို့တွေက
မကြောက်တတ်ပါဘူး၊မင်းခြင်းတောင်းကို
အဒေါ်တို့နဲ့တူတူချထားလိုက်ပါ၊အဒေါ်တို့အားလုံးက တစ်ရွာတည်းသားတွေပဲဟာ
တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်ပေးလို့ရတာပေါ့"
ချမ်ရှီပါ
ဝင်ပြောပေးလာသည်။
ထိုသားအမိအားဖျောင်းဖျ၍မရနိုင်တော့မှန်းသိလိုက်ရသဖြင့်
ရှန်းမင်လည်းသူ့ခြင်းတောင်းကို ကျိုးထောင်ဟွားဘေးတွင် ချလိုက်ရတော့၏။
ကျိုးထောင်ဟွားစိတ်ထဲမှနေခိုးပြုံးလိုက်ပြီး
နောက်ဆုံးတွင်တော့ဒုတိယမြောက် ဘေးကင်းလုံခြုံရေးအဆောင်ကို
စိတ်အေးလက်အေးဆက်လက်ရေးဆွဲနိုင်ခဲ့ရာ ခဏအတွင်းမှာပင်ပြီးမြောက်သွားတော့သည်။
"အစ်ကိုရှန်းမင်......အစ်ကို့ပစ္စည်းတွေကိုအရင်ခင်းလိုက်ပါဦး၊ဒါမှလူတွေက
ဘာရောင်းတယ်ဆိုတာမြင်ရမှာ"
ပြောရင်းဆိုရင်းပင်
ကျိုးထောင်ဟွားတစ်ယောက် ရှန်းမင်၏ခြင်းတောင်းထဲမှ
တောယုန်များ၊တောကြက်များနှင့်တောဝက်သားများကိုကူထုတ်ပေးလိုက်တော့သည်။သို့သော်
ထိုအချိန်တစ်လျှောက်လုံးတွင် သူမမှာရှန်းမင်လက်အား လုံးဝလွှတ်မပေးခဲ့ပေ။
သူမမှသူ့လက်အားတစ်ချိန်လုံးကိုင်ထားသဖြင့်
ရှန်းမင်နားရွက်များမှာ နားအောက်ခြေမှသည် နားသန်သီးထိနီမြန်းတက်လာလေတော့သည်။
Wrong layout?