Ch 178
Viewers 8k

အပိုင်း (၁၇၈) 


ဆိုင်ကယ်ပြိုင်ပွဲ 

အချိန်မဆွဲပဲ ကောဝူချန်သည် ကျန်းလော့နှင့် စာချုပ်ချုပ်ပြီး သူ့ကို သေချာကောင်းကောင်း လုပ်ဆောင်ဖို့ ပြောခဲ့သည်။ ညစာစားချိန်မတိုင်မှီ ကျန်းလော့နှင့် ဝမ်ယမ်လန်တို့သည် မော်တော်ဆိုင်ကယ် တစ်စီးစီနှင့် ထွက်သွားကြသည်။ 

သူတို့နှစ်ယောက်သည် ကျေးလက်ဒေသဘက်သို့သွားကြကာ အဝေးပြေးလမ်းမကြီးပေါ်တွင် ကျန်းလော့သည် ဆိုင်ကယ်ကို မိုင်ကုန်တင်မောင်းလိုက်သည်။ ရင်းနှီးနေသော စိတ်ဖိစီးမှုများ လွင့်စင်သွားသော ခံစားချက်သည် ကျန်းလော့ကို လန်းဆန်းသွားစေသည်။ 

သူတို့သည် ကျယ်လောင်သော မော်တော်ဆိုင်ကယ်မှ လီဗာဆွဲသံကို နားထောင်၍ တစ်လမ်းလုံး အကြမ်းပတမ်း မောင်းလာကြသည်။ အင်ဒရီနယ်လင် ဟော်မုန်းတို့သည် အမျိုးသားနှစ်ယောက်ကို ပို၍ ခန့်ညားသွားစေချင်သည့်နှယ် ပေါ်လာပြီး ကျန်းလော့သည် အချိန်အကြာကြီး မခံစားခဲ့ရသော စိတ်လှုပ်ရှားမှုတို့ နှလုံးသားထဲတွင် မြင့်တက်လာပြီး သွေးများ ဆူပွက်လာကာ တက်ကြွလာခဲ့သည်။ 

လမ်းကျဉ်းလေးထဲမှ တောင်ကုန်းထိပ်ဆီသို့ အရှိန်ပြင်းပြင်း တက်နေရင်း ဓာတ်ဆီနံ့တို့ကြောင့် လေထုသည် တမျိုးတဖုံ တက်ကြွလာသည်။ တောင်ထိပ်တွင် ဆိုင်ကယ်ပေါင်း ဒါဇင်များစွာသည် အစောကြီးထဲက ကြိုရောက်နေသည့်နှယ် နေရာတိုင်းတွင် ပြည့်ကျက်နေအောင် ရပ်ထားကြသည်။ ဆိုင်ကယ်မျးသည် အလွန်အရောင်စုံကြပြီး တောက်ပနေကြသည်။ ဆိုင်ကယ်တိုင်းသည် သေချာဒီဇိုင်းဆွဲထားသည့် အကန့်အသတ်ထုတ် လက်ရာများ ဖြစ်ကြောင်း မြင်ရုံနှင့် သိနိုင်ပေသည်။ 

ပိုင်ရှင်များသည် ဆိုင်ကယ်များအနီးတွင်ပင် နှစ်ယောက်တစ်စု သုံးယောက်တစ်စု ရပ်ပြီးစကားပြောနေကြပြီး လှပစွာ ဝတ်ဆင်ထားသော အမျိုးသမီးများကတော့ တော်တော်လေး နည်းပါးကာ အလှလေးကိုလိုချင်၍ ဝဲနေသော လူတချို့ကြောင့် လေထုသည် ပူနွေးနေပြီး ရယ်သံများ ညံနေကြသည်။ 

ကျန်းလော့နှင့် ဝမ်ယမ်လန်တို့သည် အတူတူတက်သွားပြီး ဝမ်ယမ်လန်က ကားတစ်စီးထဲတွင် ထိုင်နေသော ကျားတက်တူးနှင့် လူတစ်ယောက်ကို လက်ညှိုးထိုးပြလိုက်သည်။ 

“သူ့နာမည်က လျိုချီတဲ့ သူက ဒီမှာ ပြိုင်ပွဲတွေ စီစဉ်ပေးတယ်လေ ပြောရရင် သူက ဒီမှာတော့ ခေါင်းဆောင်ပဲ” 

ဝမ်ယမ်လန်သည် သူ့ကို လျိုချီထံသို့ ခေါ်သွားပြီး အသံတိုးတိုးဖြင့် ပြောပြသည်။ 

“ဆိုင်ကယ်ပြိုင်ပွဲတွေက ဒီနောက်ပိုင်း နာမည်တအားကြီးလာတယ် အစတုန်းကတော့ ဒီတိုင်း အပျော်တမ်း အရည်အချင်းပြိုင်တာပဲ ဒါပေမဲ့ အခုကျတော့ လောင်းကစားပါ ထပ်ဖြည့်လိုက်တာလေ ငွေ ဒါမှမဟုတ် အမျိုးသမီး အမျိုးသားပါတနာတွေကို လောင်းကြေးထပ်ကြတယ် ပြီးတာ့ တခြားပစ္စည်းတွေလည်း တစ်ခါတစ်လေ လောင်းကြေး ထပ်ကြသေးတာဆိုတော့ ပြိုင်ပွဲက ကြီးသည်ထက်ကြီးလာတော့တာပဲ” 

သူတို့ပြောနေရင်းမှာပင် လျိုချီသည် သူတို့ကို မြင်သွားပြီး လက်မောင်းထဲတွင် သူ၏ အမျိုးသားပါတနာကိုခေါ်၍ ကျန်းလော့တို့နား ရောက်လာသည်။ 

“ရှားပါးတဲ့ ဧည့်သည်ပါလား ဝမ်ယမ် ” 

သူသည် ရှေ့တိုးလာပြီး ဝမ်ယမ်လန်နှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး ကျန်းလော့ကို လှည့်ကြည့်လုည့်လိုက်သည်။ 

လျိုချီသည် ခက်ထန်သော ပုံစံရှိသည့် လူတစ်ယောက်ဖြစ်သော်လည်း သူ့လက်မောင်းထဲမှလူကတော့ တော်တော်လေး ချောမောပေသည်။ သူသည် လျိုချီ၏လက်မောင်းထဲမှ စိတ်မရှည်စွာ ရုန်းကန်နေပြီး ကျန်းလော့နှင့် ဝမ်ယမ်လန်တို့ကို ကုန်တိုက်ထဲမှ ပစ္စည်းများလို စောင်းကြည့်နေသည်။ ထိုသူသည် လျိုချီ၏ ရည်းစားအသစ်လေး ကျန်းနင်းဖြစ်သည်။ 

ဝမ်ယမ်လန်က စပြောလိုက်သည်။ 

“ဒါက ကျွန်တော့သူငယ်ချင်းကောင်း ကျန်းလော့ ဒီည ပြေးလမ်းပေါ်မှာ ကြမ်းတော့မဲ့ သူ” 

လျိုချီသည် ကျန်းလော့ကို အထက်အောက် သေချာကြည့်၍ ထို့နောက် သူ့ဆိုင်ကယ်ကို ကြည့်လိုက်ကာ 

“ရတာပေါ့ ကြိုဆိုပါတယ်ဗျာ ပြေးလမ်းကို ရင်းနှီးသွားအောင် ပါတနာတစ်ယောက်ယောက် ထည့်ပေးမှာ လိုချင်လား” 

“ကြည့်ရအောင်......” 

ကျန်းလော့သည် ပြိုင်ပွဲဝင်သူများကို လိုက်ကြည့်လိုက်ပြီး ရင်းနှီးနေသော မျက်နှာကို မြင်လိုက်သည်။ 

“အဲဒါ ဖုဝေမလား” 

သူပြောလိုက်လျှင် ပြောလိုက်ချင်း ကျန်းနင်းသည် သူ့ကို ကြည့်လိုက်သည်။ ကျန်းလော့၏ ချောမောမှုသည် နောက်စရာမဟုတ်သောကြောင့် ကျန်းနင်းသည် ကျန်းလော့ထံမှ အကြည့်မလွှဲနိုင်ပေ။ သူ့တွင် ခံစားချက်တချို့ ရောထွေးနေသည်။ တစ်ဖက်တွင် သူသည် ကျန်းလော့ကို မနာလိုပြီး ကျန်းလော့၏ ချောမောမှုတို့ကြောင့် သူ့ချောမောမှုသည် မှေးမှိန်သွားသည်ဟု ခံစားရပြီး တစ်ဖက်တွင် ကျန်းလော့သည် သူ့အောက်မှ လူတစ်ယောက်မဟုတ်ဘဲ ပြိုင်ပွဲဝင်တစ်ယောက်လည်း မဟုတ်သောကြောင့် ကျန်းလော့ကို သူမမြင်ဖူးသောကြောင့် ခံစားချက်များ မရေမရာဖြစ်နေသည်။ 

လျိုချီပြန်မဖြေခင် သူကဝင်ဖြေလိုက်သည်။ 

“ဟုတ်တယ် သူက တကယ့် ကြယ်ပွင့်ကြီးလေ ရှိုးတစ်ခုရိုက်နေတုန်းမို့ ငါတို့မြို့ကို ရောက်နေတာ ပြီးတာ့ သူအားတဲ့ ညနေခင်းကို ဒီကိုရောက်လာတာပဲ မင်းက သူ့ကို သိလို့လား၀” 

“နည်းနည်းခင်တဲ့ မိတ်ဆွေပေါ့” 

ကျန်းလော့သည် ကျန်းနင်းကို ပြုံးပြလိုက်ပြီး 

“မင်း သူ့လက်မှတ်ရချင်ရင် ငါမင်းကို သူ့ဆီ ခေါ်သွားပေးမယ်လေ” 

ကျန်းနင်း၏ စိတ်သည် ထိုစကားများကြောင့် မငြိမ်မသက် ဖြစ်သွားရပြန်သည်။ ကျန်းနင်းသည် သူ့ကို လိုက်နေသော သူအများကြီးရှိသောကြောင့် သူသည် ကျန်းလော့က သူ့ကို စိတ်ဝင်စားနေသည်ဟု သေချာနေသည်။ ကျန်းလော့သည် သူ့အကြိုက်ထက် တော်တော်လေး လှပနေသော်လည်း သူ့ကို ထိုကဲ့သို့ကြည့်ကောင်းသော သူက လိုက်နေသည်ကြောင့် ကျေနပ်မိလေသည်။ 

သူသည် မောက်မာစွာပြောလိုက်သည်။ 

“ဒါဆိုလည်းသွားလေ ငါလည်း စတားတွေကို ကြိုက်ပါတယ်” 

လျိုချီသည် သူတို့ပြောနေကြတာကို ဂရုမစိုက်ဘဲ ကျန်းနင်း၏ တင်ပါးကို ရိုက်လိုက်ကာ ကျန်းလော့နှင့် လိုက်သွားစေသည်။ 

ဖုဝေသည် လူအုပ်ကြီး၏ နောက်ဆုံး အရိပ်နားတွင်ရပ်နေသောကြောင့် တော်တော်များများက ဖုဝေကို သတိမထားမိကြပေ။ သူသည် ကြီးမားသော မော်တော်ဆိုင်ကယ်ကြီးကို မှီထားပြီး ခေါင်းငုံ့၍ စီးကရက်သောက်နေသည်။ ဆံနွယ်ကောက်ကောက်များသည် ဝဲကျနေပြီး မျက်လုံးများပင် ဖုံးနေသည်။ သူ့ခြေထောက်များသည် ကြက်ခြေခတ်ပုံစံရပ်နေပြီး လည်သာဖိနပ်အရှည်စီးထားသည်။ 

ဖုဝေ၏ အနားကပ်ဖို့မလွယ်ကူသော ပုံစံကြောင့် သူ့နားတွင် မည်သူမျှ ရှိမနေပေ။ Next Stop, Idolအစီအစဉ်မှ ထွက်လာပြီးကတည်းက ကျန်းလော့သည် ဖုဝေနှင့် မတွေ့တော့ပေ။ သို့သော် တစ်ခါတစ်ရံ သူ့ကို သန့်သန့်စင်စင်တော့ မြင်ရနိုင်သေးသည်။ ဖုဝေသည် C-suite ဟူသော အဖွဲ့ဖြင့် တခြား အသင်းသားများထက် မဲအရေအတွက် အပြတ်အသတ် ကျော်တက်ကာ ပွဲဦးထွက်ခဲ့ပြီး ပွဲဦးထွက်စမှ ယခုအချိန်ထိတိုင်အောင် နည်းနည်းလေးမှ ကျော်ကြားမှု အရှိန်ကျမသွားခဲ့ပေ။ 

သူရရှိခဲ့သော အခွင့်အလမ်းများသည် တခြား အဖွဲ့သားများကို ကျော်လွန်သွားခဲ့ပြီး သူသည် တနည်းတဖုံ သူများနှင့်မတူစွာ နာမည်ကြီးဖြစ်လာခဲ့သည်။ 

ခြေသံများကြောင့် ဖုဝေသည် မျက်နှာသေဖြင့် မော့ကြည့်လိုက်ပြီး ကျန်းလော့ကို မြင်သော်အခါ သူ့မျက်နှာသည် မသိမသာ ပြောင်းလဲသွားသည်။ သူသည် မတ်မတ်ရပ်လိုက်ပြီး လေးပင်သော အသံဖြင့် 

“ကျန်းဟွမ်” 

ကျန်းနင်းသည် ကျန်းလော့ကို ကြည့်လိုက်သည်။ 

‘သူ့နာမည်က ကျန်းလော့ မဟုတ်ဘူးလား’ 

“မတွေ့တာကြာပြီနော်” 

ကျန်းလော့သည် မျက်နှာထားမပြောင်းသွားပဲ 

“မင်းရဲ့သီချင်းအသစ် the other day ကို နားထောင်ပြီးပြီး အရမ်းကို ခမ်းနားတဲ့ သီချင်းပဲ” 

ဖုဝေသည် မျက်ခုံးပင့်လိုက်ပြီး နှိမ့်ချစွာ ပြောလိုက်သည်။ 

“ကျေးဇူးတင်ပါတယ်” 

ဖုဝေသည် ပို၍ ယဉ်ကျေးလာခဲ့သည်။ ကျန်းလော့က ပြောသည်။ 

“မင်းရဲ့ ပရိတ်သတ်တွေအတွက် လက်မှတ်ထိုးပေးဖို့ အချိန်ရှိလား” 

ဖုဝေသည် ကျန်းနင်းကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သို့သော် ကျန်းနင်းတွင် စာရွက်ရော ဘောလ်ပင်န်ရော ပါမလာသော်ကြောင့် သူသည် ပြုံး၍ ဖုဝေကို ပြောလိုက်သည်။ 

“ကျွန်တော့်မှာ ဘောလ်ပင်န် ပါမလာဘူး လူချောလေး မင်းမှာ တစ်ချောင်းလောက်ပါလား” 

ဖုဝေသည် မျက်မှောင်ကုတ်သွားပြီး ဆိုင်ကယ်ထဲမှ ဘောလ်ပင်န်တစ်ချောင်းထုတ်လိုက်သည်။ ကျန်းနင်းသည် ဖုဝေကို ကျောပေးရပ်လိုက်ပြီး ဂျက်ကတ်ကို ချွတ်လိုက်ပြီး 

“ကျွန်တော့ ကျောပေါ်မှာပဲ တိုက်ရိုက်ထိုးပေးလို့ ရမလား” 

ဖုဝေသည် လက်မှတ်ရေးပေးရန် အောက်သို့ ငုံ့လိုက်သည်။ ဆိုင်ကယ်မှ ဓာတ်ဆီနံ့နှင့် စီးကရက်နံ့တို့သည် ကျန်းနင်း၏ နှာခေါင်းဝသို့ ရိုက်ခတ်ပြီး ကျန်းနင်းသည် အောက်သို့ ခွေကျသွားတော့မတတ် ဖြစ်လာသည်။ သူသည် မထိန်းချုပ်နိုင်စွာ ဖုဝေကို လှည့်ကြည့်မိသည်။ 

သူ့မျက်နှာသည် အနည်းငယ်နီရဲသွားသည်။ ဖုဝေသည် ဘောလ်ပင်န်ကို လက်မှတ်ထိုးပြီးတာနှင့် ပြန်သိမ်းလိုက်ပြီး သူ့မျက်လုံးနက်နက်များသည် ကျန်းလော့ကို ကြည့်လိုက်ပြန်ရင်း 

“ငါနဲ့ တစ်ပွဲလောက်ပြိုင်မလား” 

ကျန်းလော့သည် ပျော်ရွှင်စွာ လက်ခံလိုက်ပြီး 

“လုပ်လိုက်လေ” 

လူနှစ်ယောက်သည် ဆိုင်ကယ်များပေါ်တက်လိုက်ကြပြီး တောင်ထပ်မှ အောက်သို့ ဆင်းသွားကြသည်။ လမ်းသည် အလွန်ကြမ်းတမ်းပြီး မှောင်ရိပ်သမ်းနေပြီဖြစ်သောအချိန်ဖြစ်သောကြောင့် ဘာကိုမှ သဲသဲကွဲကွဲမမြင်ရဘဲ လမ်းမီးများလည်း ဖွင့်မထားပေ။ သို့သော် ဆိုင်ကယ်နှစ်စီးသည် နည်းနည်းမှ နှေးမသွားဘဲ စက်သံများသည် သားရဲများ ဟိန်းဟောက်နေသလို အားအင်ပြည့်ဝကာ လမ်းကို တုန်ခါနေစေသည်။ 

ကျန်းလော့သည် တောင်ပေါ်တက်လာတုန်းထဲက လမ်းအနေထား၈ကို ကြည့်လာခဲ့ပြီး ဖြစ်ကာ သူသွားရမည့် အနေအထားကို ကြိုတင်ခန့်မှန်းထားခဲ့သောကြောင့် သူ့အရှိန်သည် တည်ငြိမ်နေသည်။ ဖုဝေနှင့် ကျန်းလော့တို့သည် စစချင်းတွင် တစ်ယောက်နှင့်တစ်ယောက် အလွန်နီးကပ်ခဲ့သော်လည်း အကွေ့တွင် အရှိန်လျော့သွားသောကြောင့် သူနှင့် ကျန်းလော့တို့ တော်တော်ဝေးသွားခဲ့ကြသည်။ 

တောင်တစ်ဝက်တွင် ဆိုင်ကယ်နှစ်စီးသည် အရှိန်တအား မြှင့်လာကြသည်။ လမ်းဖြောင့်အတိုင်း ဖြစ်သွားသောအခါ ဖုဝေသည် ကျန်းလော့ကို မှီလာပြန်သည်။ သူသည် ကျန်းလော့နှင့် ယှဉ်၍ မျဉ်းပြိုင်အတိုင်း မောင်းလာပြီး အက်ရှဆွဲဆောင်မှု ရှိသော အသံဖြင့် 

“မင်း ငါ့နောက်လိုက်နေတဲ့ မျက်နှာမဲ့မိစ္ဆာကို ရှင်းလိုက်တာလား မင်းရှင်းလိုက်တာမလား” 

ကျန်းလော့က ပြန်အော်ပြောလိုက်သည်။ 

“ဟုတ်တယ် ကျေးဇူးတင်ချင်လား” 

ဖုဝေသည် ခဏလောက် တိတ်ဆိတ်သွားပြီး အရှိန်လျော့သွားကာ ကျန်းလော့ကို ဦးဆောင်စေလိုက်တော့သည်။ 

ပြိုင်ပွဲသည် မကြာခင်လေးတင်မှာပဲ ပြီးဆုံးသွားပြီး ဖုဝေနှင့် ကျန်းလော့တို့သည် လူတစ်ရပ်စွာလောက်သာ ခွာ၍ ပန်းဝင်လာကြသည်။ ကျန်းလော့သည် ဟဲလ်မက်ကို ချွတ်လိုက်သည်။ ချွေးများသည် လည်ပင်းအထိ စီးကျနေပြီး ပြိုင်ပွဲ၏ စိတ်လှုပ်ရှားမှုနှင့် ဟဲလ်မက်၏ မွန်းကြပ်မှုတို့ဖြင့် မျက်နှာသည် နီရဲနေသည်။ 

တောင်တက်ပြိုင်ပွဲသည် အလွန် စိတ်လှုပ်ရှားစရာကောင်းသော်လည်း ကျန်းလော့သည် ဖုဝေမှ သူ့ကို တမင်သက်သက် အလျော့ပေးလိုက်သည်ကို မြင်ပြီး ပြည့်ပြည့်ဝဝ မပျော်နိုင် ဖြစ်နေသည်။ 

ထိုသို့သော သဘောထားသည် ကျန်းလော့၏ မြင့်တက်နေသော စိတ်ဝိညာဉ်ကို အောက်ဆုံးအထိ ထိုးချလိုက်သလို ဖြစ်နေသည်။ 

ဖုဝေသည်လည်း ချွေးများ ရွှဲနစ်နေပြီး ကျန်းလော့ကို စီးကရက်တစ်လိပ် ပစ်ပေးလိုက်သည်။ 

“မင်းဘာလိုချင်တာရှိလဲ” 

သူတို့သည် ပြိုင်ပွဲလုပ်တာဖြစ်သောကြောင့် ရှုံးသွားသော ဖုဝေအနေဖြင့် ကျန်းလော့ကို တစ်စုံတစ်ခု ပြန်ပေးရန် လိုအပ်သည်။ ကျန်းလော့သည် တောင်ကိုဖြတ်တိုက်လာသော လေညှင်းကို ခံစားရင်း ငြိမ်သက်နေပြီး ရုတ်တရက် မေးလိုက်သည်။ 

“မင်းမှာ ပရိတ်သတ်တွေ အများကြီး ရှိလား” 

ဖုဝေသည် သူ့ကို ပူလောင်အိုက်စပ်စွာ ကြည့်လိုက်ပြီး သူ့ဖန်အရေအတွက်ကို ရေတွက်ကြည့်နေသည်။ ကျန်းလော့သည် နှုတ်ခမ်းတို့ကွေးတက်သွားအောင် အားပါးတရပြုံးလိုက်ပြီး 

“အိုကေ ငါမှတ်ထားလိုက်မယ် အခုလောလောဆယ်တော့ လိုချင်တာ မရှိသေးဘူး ငါစဉ်စားမိရင် ပြန်ပြောမယ်လေ” 

၎င်းသည် အလွန်ဝန်လေးသော တောင်းဆိုမှု ဖြစ်ပြီး ကျန်းလော့တစ်ယောက် အနာဂတ်တွင် ဘာကို တောင်းဆိုလာမည်ကို အာမမခံနိုင်သေးပေ။ သို့သော် ဖုဝေသည် လုံးဝ တွေဝေတုံ့ဆိုင်းဖြင်း မရှိစွာဖြင့် အောက်ငုံ့၍ စီးကရက်မီးညှိလိုက်ကာ စီးကရက်ခဲထားသော အေးစက်သည့် နှုတ်ခမ်းတစ်စုံဖြင့် 

“ကောင်းပြီ” 

ကျန်းလော့သည် ချက်ချင်းကြီး သဘောတူလိုက်သော သူ့ကိုကြည့်၍ တော်တော် အံ့ဩသွားခဲ့သည်။ ဖုဝေသည် ယခုအချိန်ထိ ဆေးလိပ်သောက်နေပြီး သီးသန့်နေတတ်သော်လည်း သူ့စိတ်ကို ယခင်ကထက်ပို၍ ထိန်းနိုင်လာကြောင်း မြင်နေရသည်၊။ သို့သော် သူသေချာပြန်တွေးကြည့်လိုက်သောအခါ ဖုဝေသည် မျက်နှာမဲ့မိစ္ဆာထံမှ သူ့ကိုယ်သူနှင့် တခြားသူများကို ကာကွယ်ရန် အားလုံးနှင့် ဝေးဝေးနေရန် ရည်ရွယ်ခဲ့ကြောင်း ကျန်းလော့ သိလာခဲ့သည်။ အမှောင်ထဲတွင် ပုန်းကွယ်နေသော မကောင်းဆိုးဝါးကြောင့် လူတိုင်းနှင့် ခပ်ခွာခွာနေခဲ့ရခြင်းသည် သူဤကဲ့သို့ ဖြစ်နေခြင်း၏ အကြောင်းပြချက်ဖြစ်သည်။ 

လူနှစ်ယောက်သည် စီးကရက်ကုန်အောင် သောက်ကြပြီးနောက် တောင်ထိပ်သို့ ပြန်သွားကြသည်။ လျိုချီ၏ ပါတနာသည် ကျန်းလော့ကို မယုံနိုင်စွာ ကြည့်နေပြီး ချက်ချင်း သူ၏ မလိုလားသော သဘောထားသည် ပြောင်းလဲသွားပြီး ဖော်ဖော်ရွေရွေ ဖြစ်သွားသော်လည်း မျက်လုံးများကတော့ ဖုဝေထံတွင်သာ စွဲမြဲနေသေးသည်။ 

ထို့နောက် သူသည် ခေါင်းစဉ်ပြောင်းပြီးမေးလိုက်သည်။ 

“အစ်ကိုကျန်းက ဆိုင်ကယ်ပြိုင်တာ နှစ်ချီနေတဲ့ ပုံမျိုးနော်” 

“ကိုယ် အရင်တုန်းက အတွေ့အကြုံနည်းနည်း ရှိတယ်” 

ကျန်းလော့သည် ကျန်းနင်းတစ်ယောက် ဘာတွေတွေးနေမှန်း ခန့်မှန်းမိသည်။ သို့သော် သူ့မျက်နှာထားသည် လုံးဝ ပုံမှန်အတိုင်းပင် ပို၍ စိတ်ရှည်နေပုံပင်ရကာ အပြုံးတို့ကို ဖောဖောသီသီပေးနေသည်။ 

“မစီးတာ နည်းနည်းကြာနေပြီဆိုတော့ ကိုယ့်လက်တွေက သိပ်မရင်းနှီးတော့ဘူး ဖြစ်နေတယ်” 

ကျန်းလော့သည် သူ့မိခင်ထံမှ စွန့်ပစ်ခံရပြီးနောက် သူသည် သူ့ကိုယ်သူ ဆေးလိပ်သောက် အရက်သောက် ကလပ်တက် ဆိုင်ကယ်ပြိုင်ပွဲများတွင်သာ အချိန်ကုန်ခဲ့သည်။ ကျန်းနင်းသည် စိတ်ထဲမထားစွာ ပြောလိုက်သည်။ 

“ဒါဆို မင်းက တကယ်တော်တောပဲ..” 

ဝမ်ယမ်လန်သည် ကျန်းလော့ကို ရေတစ်ပုလင်း ပစ်ပေးလိုက်သည်။ ထို့နောက် အသံကို နှိမ့်လိုက်ပြီး ကျန်းလော့ကို မေးလိုက်သည်။ 

“သူလာနေပြီလား ဟုတ်တယ်မလား” 

ကျန်းလော့သည် ဝမ်ယမ်လန်ကို နှုတ်ခမ်းပေါ် လက်ချောင်းတင်ပြီး တိတ်တိတ်နေရန် ပြလိုက်သည်။ 

သူတို့သည် မိနစ်အနည်းငယ်လောက် တိတ်ဆိတ်စွာ စောင့်နေကြပြီးနောက် ပြင်းထန်သော စက်သံနှင့် sports car တစ်စီး တောင်ထိပ်သို့ ရောက်လာလေသည်။ 

လျိုချီသည် ကားနံပါတ်ပြားကို ကြည့်ပြီးနောက် ချက်ချင်းမျက်နှာထားပြောင်းသွားကာ အလျင်စလိုဖြင့် ထိုကားဆီသို့ ပြေးသွားပြီး နှုတ်ဆက်လေသည်။ သူသည် ကားပြတင်းပေါက်နားထိ ကုန်းပြီး တစ်စုံတစ်ယောက်ကို တစ်ခုခုပြောလိုက်ပြီးနောက် ကားထဲမှ လူနှစ်ယောက် ထွက်လာသည်။ 

ထိုအုပ်စုရှေ့ဆုံးမှ ဦးဆောင်လာသော လူသည် အလွန်ချမ်းသာသော လူငယ်တစ်ယောက်ဖြစ်ပြီး ဆိုင်ကယ်ပြိုင်ပွဲများကို နှစ်သက်သူဖြစ်ပြီး ကိုယ်တိုင်လည်း အလွန်တော်သော ဆိုင်ကယ်ပြိုင်ပွဲဝင်သူ တစ်ယောက်ဖြစ်သည်။ သူသည် ဆိုင်ကယ်ပြိုင်ပွဲများတွင် ဝါရင့်ကစားသမားတစ်ယောက် ဖြစ်နေသော်လည်း လျိုချီသည် သူ့ကို ဒီလောကထဲရောက်အောင် ခေါ်လာပေးခဲ့သူဖြစ်သည်။ 

ဝမ်ရှောက်၏နောက်တွင် ကုတ်အင်္ကျီဖားဖားကြီး ဝတ်ထားသော လူတစ်ယောက် လိုက်လာသည်။ သူသည် မည်သူ့ကိုမှ ဂရုမစိုက်သည့် မျက်နှာထားဖြင့် လျှောက်လာသည်။ ထို့နောက် ဘေးပတ်ပတ်လည်သို့ လျှောက်ကြည့်နေသည်။ အနက်ရောင် မျက်ဝန်းတစ်စုံသည် အလွန်မှောင်မှိုင်းနေပြီး စကြာဝဠာတွင်းနက်ကြီးများကဲ့သို့ နက်ရှိုင်းနေသည်။ 

အရပ်ရှည်ရှည်နှင့် အလွန်တရာ ချောမော ကြည့်ကောင်းသောသူသည် တစ်ခါတစ်ရံ အောက်သို့ ငုံ့ကြည့်နေသေးသည်။ 

.... 

ကျန်းနင်းသည် ဗလာဖြစ်သွားသော စိတ်အစဉ်ဖြင့် ထိုကိုလူချောကို ငေးကြည့်နေပြီး နှလုံးခုန်သံသည် အလွန် မြန်ဆန်လာခဲ့သည်။ ထိုလူကို မြင်နေရခြင်းသည် သူ့အတွက် လူသတ်သမားတစ်ဦးမြင်ရသလို အလောင်းကောင်ကြီး လမ်းလျှောက်လာသလို ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်များ ရလာစေသော်လည်း အသိစိတ်ကတော့ အလွန် ဘဝင်ခိုက် ကြည်နူးနေသည်။ 

ကျန်းနင်းသည် ထိုလူချော၏ အန္တာရာယ်များသော ကြည့်ကောင်းသော ပုံရိပ်၏ အလွှမ်းမိုးခံလိုက်ရလေသည်။ ဖုဝေထက်ပင် ဆွဲဆောင်မှု ပြင်းလွန်းသော သူကိုမကြည့်ဘဲ မနေနိုင်စွာ ငေးနေတော့သည်။ 

ကျန်းနင်း၏ အသက်ရှူသံသည် တဖြည်းဖြည်း မြန်ဆန်လာပြီး ထိုလူမှ သူ့ကို ကြည့်နေသည်ပြီး ရေခဲရိုက်အပြုံးကြီး ပြုံးပြလာသောအခါ နှလုံးပေါက်ထွက်မတတ် ခုန်နေတာ မရပ်တော့ပေ။ 

ကျန်းနင်းသည် ရုတ်တရက် တစ်ကိုယ်လုံး စိမ့်အေးလာပြီး သူ့ခြေထောက်များသည် တုန်ယင်လာသည်။ သို့သော် သူသည် အားတင်း၍ ပြန်ပြုံးပြလိုက်သေးသည်။ သူသည် အလွန်တုန်လှုပ်ထိတ်လန့်နေသော်လည်း အတွေးတို့ကိုတော့ မထိန်းချုပ်နိုင်ပေ။ 

‘လှလိုက်တာ ..’ 

ထိုအချိန်တွင် လက်တစ်ဖက်သည် ရုတ်တရက် ကျန်းနင်း၏ နောက်ကျောကို ကာလိုက်ပြီး သူ နောက်လှည့်ကြည့် လိုက်သောအခါ ကျန်းလော့သည် သူ့နောက်ကျောကို ပုတ်၍ 

“မင်းအဆင်ပြေရဲ့လား” 

တချိန်ထဲမှာပင် ပြောနေရင်း သူ့နားထိတိုးလာသော ကျန်းလော့ကို ကြည့်လိုက်ရင်း ကျန်းနင်းသည် မူးမိုက်မတတ်ဖြစ်သွားသည်။ ရုတ်တရက် ဘဝင်မြှင့်နေသော စိတ်ခံစားချက်တချို့ မြှင့်တက်လာသည်။ ကျန်းလော့သည် သူ့ကို တစ်ကြိမ်သာ တွေ့ပြီး သူ့ထံတွင်နစ်ဝင်သွားပြီး သူ့ကို အလွန်ဂရုစိုက်နေသည်။ ထူးဆန်းသော လူကလည်း သူ့ကို ပြုံးပြနေသေးပြီး ကျန်းနင်းသည် သူ့ကိုယ်သူ အလွန်ကံကောင်းသည်ဟု တွေးမိသွားသည်။ 

ကျန်းလော့သည် အလွန်ပြုံးရွှင်နေပြီး သူ့ကို ဂရုတစိုက် မေးလာသောကြောင့် သူသည်လည်း နူးညံ့စွာ ဖြေလိုက်သည်။

“အဆင်ပြေပါတယ်” 

အကယ်၍ ကျန်းနင်းသည် တစ်စုံတစ်ယောက်နှင့် တစ်ညတာ ကုန်ဆုံးရန် ရွေးရမည်ဆိုလျှင် သူ့နှလုံးသားကို ခုန်လှုပ်အောင် လုပ်နိုင်သော လူစိမ်းကိုသာ ရွေးမည်ဖြစ်သည်။ သို့သော် ကျန်းလော့ကိုလည်း လက်မလွတ်ချင် ဖြစ်နေသည်။ 

ကျန်းလော့သည် ချီယုံသူ့နား ရောက်လာသည်ကို မြင်ပုံမရဘဲ သူ့မျက်လုံးများကို ကျန်းနင်းထံတွင်ပင် ကပ်ထားကာ နှုတ်ခမ်းထောင့်များသည် နူးညံ့စွာ ကွေးသွားပြီး 

“မင်းအဆင်ပြေတာကောင်းတယ်” 

ကျန်းနင်းသည် ရုတ်တရက် ရှက်သွေးဖြာသွားသည်။ သို့သော် မည်သူမျှတော့ မသိလိုက်ပေ။ 

ဆွဲဆောင်မှုရှိသော ဆံပင်အနက်ရောင်လူငယ် အလှလေးသည် ချွေးစို့နေသော မျက်နှာဖြင့် သူတို့နားကပ်လာသော မကောင်းဆိုးဝါးကို ကြည့်လိုက်သည်။ 

######