Ch 125
Viewers 8k

အပိုင်း (၁၂၅) 


သခင်လေး 

ချီယုံ၏ငြင်းဆိုမှုကို အကြီးအကဲသုံးယောက်က လုံးဝမကျေနပ်ပေ။ 

“ဟ ဒါက မင်းတို့ ပင်မသွေးစက်တွေ လုပ်ကို လုပ်ရမဲ့အရာပဲ ငါတို့မိသားစု ယင်စွမ်းအင်တွေနဲ့ ရင်ဆိုင်ရရင် နှိမ်နှင်းပေးရမှာ မင်းတို့ရဲ့ သမိုင်းပေးတာဝန်ကွ” 

“မင်းက အခုမှ ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာ တစ္ဆေဆေးမှင်ကြောင်တန်ပြန်ခံရမှာလောက်ကို ကြောက်ပြမနေနဲ့ အဲ့တာမင်းကို သေအောင်မလုပ်နိုင်သေးဘူး မြန်မြန် မျိုချလိုက်စမ်းပါ” 

“မင်း အဲ့တာ ဘာအကြည့်တုန်း” 

အကြီးအကဲအချို့သည် ကြောက်မက်ဖွယ်ကောင်းစွာ ပြောသည်။ 

ချီယုံသည် မျက်လွှာချလိုက်ပြီး အနီရောင်သရဲမရှေ့သို့ တဖြည်းဖြည်းချင်း ကပ်သွားသည်။ ချီယုံ သရဲမအပေါ် လက်တစ်ဖက် တင်လိုက်သည်ကို ကျန်းလော့မြင်လိုက်ရသည်။ တစ္ဆေသွေးကြောများသည် လည်ပင်းမှ လက်မောင်း လက်မောင်းမှ လက်ချောင်းထိပ်ထိ မြင်နိုင်သော အမြန်နှုန်းဖြင့် တောက်လျှောက် ပြန့်ကားလာသည်။ 

တစ္ဆေသွေးကြောများ  သရဲအနားသို့ ရောက်ခါနီးလေ သရဲမ၏ အော်သံပို ကျယ်လာလေ ဖြစ်သည်။ အမည်းရောင် တစ္ဆေသွေးကြောများသည် အသိစိတ်ရှိနေသလို ချီယုံ့ကိုယ်ပေါ်မှ အမည်းရောင်ကတ္တရာစေးများကဲ့သို့  ပေါ်ထွက်လာပြီး အနီရောင်သရဲမကို ခေါင်းမှစ၍ ဝါးမျိုတော့သည်။ 

(marvel superhero venom ကိုမြင်ယောင်ကြည့်ကြပါ) 

သရဲမသည် ကြောက်လန့်စွာ ဆွဲဆွဲငင်ငင် အော်ဟစ်နေပြီး သူမအော်သံကြောင့် ကျန်းလော့သည် သူ့နားစည်များ ကွဲထွက်သွားပြီလို့တောင် ထင်မှတ်မိသည်။ 

သူမတစ်ကိုယ်လုံးသည် ဒေါသတကြီးရုန်းကန်နေပြီး တစ္ဆေဆေးမှင်ကြောင်သည် သူမကို လေပေါ်သို့ မြှောက်၍ သူမခန္ဓာကိုယ်အပေါ်ပိုင်းမှ သူ့မဝမ်းဗိုက်နားထိ နည်းနည်းချင်းဝါးမျိုးလာသည်။ 

ချီမိသားစု အကြီးအကဲများသည် ထိုမြင်ကွင်းကို ကြည့်၍ သက်သာသွားသလို ကျေနပ်စွာ ခေါင်းညိတ်ပြောသည်။ 

“ဒါမှ လုပ်သင့်တာ” 

သို့သော် သူတို့စကားပြောနေတုန်းတွင် အနီရောင်သရဲမ၏ ဝမ်းဗိုက်သည် ရုတ်တရက် ပေါက်ထွက်လာပြီး တစ္ဆေကလေးငယ်ထွက်လာကာ ကြမ်းပြင်ပေါ်သို့ သွေးစများနီရဲ သွားစေသည် ။ တစ္ဆေကလေးငယ်သည် ရုတ်တရက် ကျည်ဆံတစ်စင်းလို လွှတ်ထွက်သွားပြီး အကြီးအကဲများ မတုံ့ပြန်နိုင်ခင် လူတစ်ယောက်၏ လည်ပင်းကို အသားကုန်တွယ်ကိုက်တော့သည်။ 

အကိုက်ခံလိုက်ရသော ချီမိသားစု အကြီးအကဲသည် နာကျင်မှုကြောင့် ငယ်သံပါအောင် အော်ဟစ်လိုက်သည်။ 

“အား” 

တစ္ဆေကလေးငယ်ကို လည်ပင်းမှ လွင့်ထွက်သွားအောင် ရှိသမျှအားကုန်သုံးလိုက်သည်။ သူ့မျက်နှာပင် ပြာနှမ်းနေပြီဖြစ်သော်လည်း တစ္ဆေကလေးငယ်သည် သူ့လည်ပင်းကို လက်ရောခြေထောက်ရောနှင့် တွယ်ကုတ်ကာ မလွတ်တမ်းခဲထားပြီး သူ့လည်ပင်းပေါ်တွင် တဖြည်းဖြည်း ကြီးလာသည်။ 

ချီမိသားစု အကြီးအကဲသည် ကျန်နှစ်ယောက်ကို ကြည့်၍ ကြောက်ရွံ့စွာ အော်ပြောလိုက်သည်။ 

“မင်းတို့ငါ့ကို လာကူကြဦး” 


သို့သော် ထိုနှစ်ယောက်သည် အစောကြီးထဲကပင် တုန်ယင်စွာ ပြေးပုန်းနေကြပြီဖြစ်သည်။ သေခြင်းတရား၏ ခြိမ်းခြောက်မှုကြောင့် အကြီးအကဲသည် တစ္ဆေကလေးငယ်ကို လက်နှစ်ဖက်ဖြင့် မကြောက်မရွံ့ ဆွဲဖြုတ်နေသော်လည်း သူ့လည်ပင်းမှ အသားစသာ အတစ်လိုက်ကြီး ပြုတ်ပါသွားသည်။ အကြီးအကဲသည် ပို၍ ဆွဲဆွဲငင်ငင်အော်လိုက်တော့သည်။ 

“အားးးးးးးးး” 

ချီယုံသည် လှောင်ပြုံးပြုံးလိုက်သည်။ 

တစ်ယောက်သတ်ပြီးသွားပြီးနောက် တစ္ကေလေးငယ်၏ မျက်သားဖြူဖြူသာ မြင်ရသော နာကျည်းချက်အပြည့်နှင့် မျက်လုံးတစ်စုံသည်ကျန်အကြီးအကဲနှစ်ယောက်ကို စူးစိုက်ကြည့်နေသည်။ တခြားအကြီးအကဲနှစ်ယောက်သည် တစ္ဆေကလေးငယ်မှ သူတို့ကို မြဲမြဲကြည့်၍ မျက်နှာကျက်ပေါ်မှ ခုန်ချလာသည်ကို မြင်သောအခါ  နှလုံးပြုတ်ထွက်မတတ် ကြောက်ရွံ့သွားကြသည်။  

တစ္ဆေကလေးငယ်သည် အလွန် ပေါ့ပါးပြီး နံရံနှင့် မျက်နှာကျတ်တို့ကို ခုန်ကူး၍ သူတို့ကို ဆက်တိုက် တွန်းထိုးကိုက်ခဲ၍ တိုက်ခိုက်တော့သည်။ အချိန်ပိုင်းလေးမှာပင် အကြီးအကဲနှစ်ယောက်သည် တစ္ဆေကလေးငယ်၏ တိုက်ခိုက်မှုကြောင့် မြေပြင်ပေါ်တွင် ဆန့်ငင်ဆန့်ငင်နှင့် အကြောဆွဲကာ လဲကျနေပြီး သူတို့အောက်တွင် သွေးအိုင်ကြီးတစ်အိုင်ပေါ်လာတော့သည်။ 

သူတို့သည်ချက်ချင်းကို သေတော့မလိုထင်ရပြီး ချီယုံသည် သရဲမကို ဝါးမျိုပြီးနောက် တစ္ဆေဆေးမှင်ကြောင်ကို သူတို့ကို တိုက်ခိုက်ခဲ့သော တစ္ဆေကလေးငယ်ကိုပါ ဆက်တိုက် ဝါးမျိုခိုင်းလိုက်သည်။  အားလုံးပြီးသွားပြီးနောက် ချီယုံ့မျက်နှာသည် ဖြူဖျော့သွားပြီး ချောင်းဆိုးလိုက်သည်။ 

“ဘာမှလုပ်စရာမရှိတော့ဘူးဆိုရင် ကျွန်တော်ပြန်နားတော့မယ်” 

ကြမ်းပြင်ပေါ်လဲကျနေသော အသက်ငါးဆယ်အရွယ်အကြီးအကဲများသည် သွေးများကြောင့် မျက်လုံးမမြင်ရနိုင်ဖြစ်နေပြီး လက်ချောင်းများသည် တဆတ်ဆတ်ခါယမ်းနေသည်။ သူတို့ကို မြန်မြန်ကယ်တင်ပေးရန် အမိန့်ပေးနေသေးသည်၊ 

ချီယုံသည် အနည်းငယ်တောက်ပနေသော မျက်လုံးများဖြင့် သူတို့ကိုကြည့်နေပြီး သိမ်မွေ့စွာပြောလိုက်သည်။ 

“စိတ်မပူပါနဲ့ ကျွန်တော်တစ်ယောက်ယောက်ို သွားခေါ်လိုက်မယ် ကျွန်တော် အကြီးအကဲတွေကို သေခွင့်မပြုပါဘူးဗျာ” 

“ဘယ်လိုလုပ် ဒီတိုင်းသေခိုင်းရမှာလဲ” 

သူသည် ဘိုးဘေးခန်းမအပြင်ဘက်သို့ ကျေနပ်စွာ လျှောက်ထွက်သွားသည်။ 

“တခြားသူရဲ့လက်ထဲမှ ဘယ်လိုလုပ် သေခွင့်ပေးရမှာလဲ” 

ချီယုံ့နောက်ကျော ပျောက်ကွယ်သွားသည်နှင့် ကျန်းလော့သည် ဘိုးဘေးခန်းမထဲသို့ ခိုးဝင်လာသည်။ 

အကြီးအကဲသုံးယောက်သည် သေလုဆဲဆဲ အခြေအနေဖြစ်နေပြီး သွေးအိုင်ပေါ်တွင် အသက်ကို မနည်းရှူနေရသည့် အခြေအနေရောက်နေသည်။ 

နှစ်ယောက်သည် အစောကြီးထဲက မေ့မျောနေပြီးဖြစ်ပြီး ကျန်တစ်ယောက်သာ အနည်းငယ် သတိရှိသေးသည်။ 

ကျန်းလော့အနားတိုးကပ်သွားသည့်အချိန်တွင် ဆံပင်ဖြူနေသော အကြီးအကဲသည် တစ်ယောက်ယောက် ဝင်လာမှန်း သတိထားမိသွားသည်။ 

အသက်ရှင်နိုင်ပြီဆိုသော မျှော်လင့်ချက်များဖြင့် မျက်လုံးများ တောက်ပလာသော်လည်း ဝင်လာသူသည် သူ့နားတွင် ဆောင့်ကြောင့်ထိုင်၍ သူ့လည်ပင်းကို အကြင်နာမဲ့စွာ ဆုပ်ကိုင်လိုက်သည်။ 

“မျက်လုံးမှိတ်ထား” 

ဝင်ရောက်လာသူ၏အသံသည် အေးစက်နေပြီး 

“မဟုတ်ရင် မင်းမျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ် ” 

ချီမိသားစု အကြီးအကဲသည် အကြောက်ကြောက်အလန့်လန့်ဖြင့် 

“မင်းဘယ်သူလဲ” 

ဝင်ရောက်လာသူသည် ဘာမှမပြောသော်လည်း လည်ပင်းကို ဆုပ်ကိုင်ထားသော လက်သည် တင်းကျပ်လာကာ နောက်လက်တစ်ဖက်သည် တစ္ဆေကလေးငယ် ကိုက်သွားသော ဝမ်းဗိုက်ကို ခပ်ကြမ်းကြမ်းပွတ်နေသည်မှာ သူ့အတွင်းကလီစာများပင် နေရာရွေ့သွားသလို ဖြစ်လာသည်။ 

ချီမိသားစု အကြီးအကဲသည် ကြောက်ရွံ့သွားပြီး 

“မသတ်ပါနဲ့ အသက်ကိုချမ်းသာပေးပါ ငါမင်းလိုချင်တာ အကုန်ပေးနိုင်တယ် ကျုပ်ကို မသတ်ပါနဲ့” 

“ငါမင်းကို မေးခွန်းမေးမယ် ကောင်းကောင်းဖြေရင် အသက်ချမ်းသာပေးမယ်” 

သူ့လည်ပင်းကို ညစ်ထားသော လက်သည် တင်းကျပ်လာကာ ချီမိသားစု အကြီးအကဲကို အသက်ရှူကျပ်၍ ပြင်းထန်စွာ ချောင်းဆိုးလာစေသည်။ 

“ဟေ့ ငါပြောတာ နားလည်လား” 

“ပြောမယ် ကျုပ်သိတာ အကုန်ပြောမယ်” 

“ပင်မသွေးစက်ရဲ့ တစ္ဆေဆေးမှင်ကြောင်ဆိုတာ ဘာလဲ” 

ချီမိသားစု၏ အကြီးအကဲသည် သွားစေ့သွားပြီး 

“တစ္ဆေဆေးမှင်ကြောင် တစ္ဆေဆေးမှင်ကြောင်က ပင်မမျိုးဆက်တိုင်းမှာ ရှိတဲ့ဟာ အဲ့ဒီဟာကို မသုံးရင် မှဲ့သုံးလုံးထဲမှာ ပိတ်ထားတယ် သုံးတော့မယ်ဆိုရင် အဲ့ဒီမှဲ့တွေထဲက တွားထွက်လာတာ အဲ့ဒါက ပင်မမျိုးဆက်တွေရဲ့ အသန်မာဆုံး ဝှက်ဖဲ” 

ကျန်းလော့က မေးသည်။ 

“အဲ့ဒီ တစ္ဆေဆေးမှင်ကြောင်ရဲ့ အားနည်းချက် အားသာချက်တွေ ကရော ” 

“တစ္ဆေဆေးမှင်ကြောင်က အရာအားလုံးကို ဝါးမြိုနိုင်တယ် အငြိုးကြီးဝိဉာဉ်တွေကို ဝါးမျိုပြီးတိုင်း တစ္ဆေဆေးမှင်ကြောင်က ပိုပြီး အင်အားကြီးလာတယ် တစ္ဆေဆေးမှင်ကြောင်ကို အသုံးပြုလေလေ တစ္ဆေဆေးမှင်ကြောင်ရဲ့ တုံ့ပြန်မှုကြီးလေ တစ်နေ့ကျရင် တစ္ဆေဆေးမှင်ကြောင်က သခင်ကိုပါ ပြန်ဝါးမျိုသွားလိမ့်မယ် ပင်မသွေးစက်တွေ ဆေးမှင်ကြောင်ကို သုံးပြီးတိုင်း တန်ပြန်မှုကြောင့် ပြင်းထန်တဲ့ နာကျင်မှုကို ခံစားကြရတယ် တန်ပြန်မှုပြီးသွားရင်တော့ သခင်တွေက အချိန်တစ်ခုထိ အားနည်းသွားတယ်” 

ကျန်းလော့သည် တစ်ခုခုကို ရေးရေးလေး သဘောပေါက်လာသလို ရှိသည်။ 

‘သင်တန်းသားအဆောင်မှာတုန်းက ချီယုံ မျက်နှာမဲ့မိစ္ဆာကို ကူသတ်ပေးပြီး အားနည်းသွားတာ ဒါကြောင့်ကိုး ’ 

‘အဲ့ဒါက တစ္ဆေဆေးမှင်ကြောင်ကို သုံးပြီး တန်ပြန်ခံလိုက်ရလို့လား’ 

“ဘာလို့ ချီယုံ့ကို အိမ်တော်ခေါင်းဆောင် လုပ်ခိုင်းထားတာလဲ” 

ချီမိသားစု အကြီးအကဲသည် ပြန်စဉ်းစားသလို ဖြစ်သွားပြီး 

“ကျုပ်တို့ ချီမိသားစု အငြိုးအတေးတွေကို ရှင်းထုတ်ပြီး ကျော်ကြားလာတာ ချီယုံက တိုက်ရိုက်မျိုးဆက်ဖြစ်နေမှတော့ ချီမိသားစုဂုဏ်ကို မြင့်တင်ရမဲ့ တာဝန်ရှိတယ်လေ ကျုပ်တို့က သူ့ကို ဖမ်းမိသမျှ အငြိုးကြီးတစ္ဆေသရဲတွေကို ဖြေရှင်းခိုင်းရမယ် သူ့ရှေ့က ပင်မမျိုးဆက်တွေလဲ ဒီလိုပဲ လုပ်ခဲ့ရတာပဲ သူမသေခင် လုပ်ရမဲ့ ကိစ္စကြီးတစ်ခုကိုတော့ ကျုပ်တို့စီစဉ်ပေးတယ် နောက်မျိုးဆက်တစ်ယောက်မွေးဖွားဖို့လေ တစ္ဆေဆေးမှင်ကြောင်က ချီမိသားစုရဲ့ ပင်မသွေးစက်ထဲမှာ အမြဲတမ်း အမြစ်တွယ်နေမှာဆိုတော့ ............... ” 

ကျန်းလော့သည် နားလည်စွာပြောလိုက်သည်။ 

“ဒီတော့ မင်းတို့က တိုက်ရိုက်မျိုးဆက်တွေကို အမှိုက်ပုံးလို သုံးတောပဲ မင်းတို့က တကယ့်ကို အမှိုက်လို‌ကောင်စားတွေပဲ” 

‘သူတို့က ပင်မမျိုးဆက်တွေက်ို အငြိုးကြီးသရဲတွေရဲ့ သင်္ချိုင်းလိုသုံးပြီး တစ္ဆေဆေးမှင်ကြောင်က တန်ပြန်ရင် တိုက်ရိုက်မျိုးဆက်တွေက သေပေးရတယ်ပေါ့လေ’ 

သူသည် လက်တစ်ဖက်ဖြင့် စီးကရတ်တစ်လိပ်ကို မီးညှိလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ထိုင်ချ၍ ဆက်မေးသည်။ 

“တိုက်ရိုက်မျိုးဆက်တွေရဲ့ တစ္ဆေဆေးမှင်ကြောင်က ဘယ်ကလာတာလဲ” 

“လွန်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက ” 

ချီမိသားစု အကြီးအကဲသည် တုန်ယင်စွာ ပြောသည်။ 

“ချီမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက်က လူတစ်ယောက်ကို ကယ်တင်ပေးခဲ့ဖူးတယ် အဲ့ဒီလူက တစ္ဆေဆေးမှင်ကြောင်ကို တိုက်ရိုက်မျိုးဆက်ကို ပေးပြီး ကျေးဇူးဆပ်ခဲ့တာ တိုက်ရိုက်မျိုးဆက်၍ ဘိုးဘေးကြီးက တစ္ဆေဆေးမှင်ကြောင်နဲ့ တစ်သားထဲဖြစ်သွားပြီးနောက်မှာ ကြီးကျယ်ခမ်းနားတဲ့ အင်အားနဲ့ ချီမိသားစုကို ကြွယ်ဝမှုတွေနဲ့ ထိပ်ဆုံးရောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ် တစ္ဆေဆေးမှင်ကြောင်က တိုက်ရိုက်မျိုးဆက်တိုင်းကို ဆက်ခံနိုင်တာမို့လို့ မျိုးဆက်တိုင်းမျိုးဆက်တိုင်းမှာ တိုက်ရိုက်မျိုးဆက်တွေက ဝိဉာဉ်နည်းစနစ်တွေကို သင်ကြားနိုင်တဲ့ ပါရမီကောင်းတွေနဲ့ မွေးဖွားလာကြတယ် ဝိဉာဉ်ရုပ်သေးပညာကလည်း သူတို့ တိုက်ရိုက်မျိုးဆက်တွေပဲ လေ့ကျင့်သင်ယူနိုင်တာ...............” 

“အဲ့ဒီလူက ဘယ်သူလဲ” 

“အင်း ” 

ချီမိသားစု၏ အကြီးအကဲကြီးသည် ပါးစပ်ဖွင့်လာသော်လည်း တစ်ခုခုပြောချင်သလို လှုပ်နေသော်လည်း ပါးစပ်သည် ပိတ်လိုက်ဖွင့်လိုက်ဖြစ်ကာ စကားတစ်လုံးမှ ထွက်မလာနိုင်ခဲ့ပေ။ မကြာခင်တွင် ခေါင်းသည် လည်ထွက်သွားပြီး ရုတ်တရက်သေဆုံးသွားခဲ့သည်။ 

ကျန်းလော့သည် မျက်မှောင်ကြုတ်၍ ထိုသူ၏ နှာခေါင်းအောက်သို့ လက်နှစ်ချောင်းထိုးကြည့်လိုက်သည်။ အကြီးအကဲသည် အသက်မရှူတော့ပေ။ 

‘အဲ့ဒီလူက ပြောပြလို့မရတဲ့ လျှို့ဝှက်ချက်ဖြစ်နေလို့လား’ 

တကယ်တမ်းတွင် ကျန်းလော့သည် ထိုလူပြောသမျှအကုန် မယုံပါချေ။ ဤလောကသည် တစ်စုံတစ်ယောက် ဖန်တီးထားသော မှန်လောကဖြစ်နေပြီး တစ်လောကလုံးကို ထိန်းချုပ်နေသော လက်မည်းကြီးလည်း ရှိနေသေးသည်။ ဤလောကမှ လျှို့ဝှက်ချက်များ အများစုသည် မှန်ချင်မှမှန်မည် ဖြစ်သည်။ 

ကန့်လန့်ကာနောက်မှလူသည် သူ့အာရုံကို ဖမ်းစားရန် ဒီလိုအကွက်ရွှေ့လိုက်တာလည်း ဖြစ်နိုင်ပေသည်။ ကျန်းလော့သည် ထရပ်လိုက်ပြီး ဘိုးဘေးခန်းမထဲမှ ထွက်ခဲ့သည်။ 

သို့သော် အပြင်ထွက်လိုက်သည်နှင့် ချီယုံသည် တံခါးနားတွင် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည်။ 

ချီယုံသည် သူနှင့် သုံးမီတာသာ ဝေးသောနေရာတွင် ရပ်နေပြီး မည်သည့်အချိန်ထဲက ရောက်နေ၍ မည်မျှထိ ကြားသွားပြီလဲ မသိပေ။ သစ်ပင်အရိပ်များသည် ချီယုံ့ကို အုပ်မိုးနေပြီး သူသည် ကျန်းလော့ကို စိတ်ဝင်စားစွာ ပြောလိုက်သည်။ 

“တကယ်လို့ မင်းမှာ မေးစရာရှိရင် ကိုယ့်ကိုလာမေးလို့ရပါတယ်” 

ကျန်းလော့ ရုတ်တရက် နှလုံးဆောင့်ခုန်သွားသော်လည်း မျက်နှာထားကတော့ ခပ်တည်တည်ပဲ ဖြစ်နေပြီး ပုံမှန်လေသံဖြင့် ပြောလိုက်သည်။ 

“ကောင်းပြီလေ အဲ့ဒါဆို ချီမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေရဲ့ ဇနီးတွေက ဘာလို့ အသက်သုံးဆယ်မတိုင်ခင် သေဆုံးသွားရတာလဲ ပြောပြ” 

“ဘာလို့လဲဆိုတော့ သူတို့က ကိုယ်ဝန်ရပြီး ကလေးမွေးလိုက်ရလို့” 

ချီယုံသည် ရှေ့တိုးလာပြီး ကျန်းလော့ရှေ့နားထိ ရောက်လာသည်။ ကျန်းလော့သည် ဘာမှမဖြစ်သလို ရပ်နေပြီး သူ့အဖြေကို စောင့်နေသည်။ 

“တိုက်ရိုက်မျိုးဆက်တွေရဲ့ မျိုးဆက်ကလေးငယ်တွေက တစ္ဆေလူသားတွေအဖြစ်မွေးဖွားလာပြီး တစ္ဆေဆေးမှင်ကြောင်ရဲ့ စွမ်းအားက အရမ်းကိုသန်မာပြီး မိခင်ရဲ့ အသက်ဝိဉာဉ်စွမ်းအားကို ကိုယ်ဝန်ဆောင်ထားတဲ့အချိန်ကနေ မွေးဖွားတဲ့အချိန်ထိ နည်းနည်းချင်းစုပ်ယဓလာတာ အဲ့ဒါကြောင့် ကလေးမွေးပြီးတာနဲ့ သေသွားရတာပဲ” 

“တိုက်ရိုက်မျိုးဆက်တွေက သူတို့ရဲ့ ကလေးငယ်တွေကို တစ္ဆေဆေးမှင်ကြောင်ရဲ့ ညှင်းပန်းမှုဒဏ်ကို မခံစားရစေချင်ပေမဲ့ အိမ်တော်ခွဲတွေကတော့ အဲ့လိုမဟုတ်ဘူး သူတို့မျက်လုံးထဲမှာ ပင်မမျိုးဆက်တွေက  သူတို့နေရာတည်မြဲဖို့ အစွမ်းထက်တဲ့လက်နက်လို့ပဲမြင်တယ် သူတို့ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်ကို မမြင်သာအောင် တိုက်ရိုက်မျိုးဆက်အတွက် ဇနီးတွေရှာပေးပြီး အက္ခရာရှစ်ခုနဲ့တွက်ချက်ပြီး အသက်တိုတဲ့အမျိုးသမီးတွေကို တိုက်ရိုက်မျိုးဆက်အတွက် ကလေးမွေးပေးဖို့ သူတို့ကိုယ်တိုင်ရှာပေးကြတယ် ပြီးတော့ ချီမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ကို အသက်သုံးဆယ်ကျိန်စာရှိတယ်ဆိုပြီး နာမည်ထွက်လာစေတယ် ဒီလိုနဲ့ တိုက်ရိုက်မျိုးဆက်တွေရဲ့ သိက္ခာက မြောင်းထဲရောက်သွားတော့တာပဲ ” 

ချီယုံသည် ခေါင်းငုံ့၍ ကျန်းလော့ကို နီးကပ်စွာငုံ့ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် တစ္ဆေတစ်ကောင်ကဲ့သို့ စိတ်မကြည်ဖြစ်နေသော်လည်း ပြုံး၍ ကြင်နာသော အပြုအမူဖြင့် ပြောလိုက်သည်။ 

“သခင်လေးကျန်း မင်းဘာထပ် မေးစရာရှိသေးလဲ” 

စီးကရက်နံ့သည် ကျန်းလော်နှာခေါင်းဆီသို့ တည့်တည့်ပြန်ဝင်လာပြီး အေးဆေးစွာ ပြောလိုက်သည်။ 

“အများကြီးရှိသေးတယ်” 

အမှောင်ထဲမှ လှိုင်းများသည် အပြန်အလှန်ရန်စောင်နေကြပြီး မည်သည့်ဘက်ကမှ နောက်ဆုတ်မည့်ပုံမရှိပေ။  ထိုအချိန်တွင် အစေခံတစ်ယောက်သည် သူတို့နားသို့ အလျင်စလိုရောက်လာပြီးမှ နောက်ဆုတ်၍ 

“သခင်လေး တစ်စုံတစ်ယောက်က အိမ်တော်ကို သေသူတွေအကြောင်းစုံစမ်းဖို့ဆိုပြီး ရောက်လာပါတယ်”

 ချီယုံသည် မတ်မတ်ရပ်လိုက်ပြီး နောက်တစ်လှမ်းဆုတ်လိုက်ကာ ပြုံး၍ ပြောလိုက်သည်။ 

“သခင်လေးကျန်း ကိုယ်နဲ့တူတူလိုက်ခဲ့မလား“ 

ကျန်းလော့သည် ပုခုံးတွန့်လိုက်ပြီး အိမ်တော် တံခါးမကြီးသို့  သွက်သွက်လက်လက် လိုက်သွားသည်။ 

စစ်တပ်ယူနီဖောင်းနှင့် လူနှစ်ယောက်သည် ချီမိသားစုအိမ်တော် အဝင်နှင့် ခပ်လှမ်းလှမ်းနေရာတွင် မတ်တပ်ရပ်နေသည်။ 

ရှေ့ဆုံးတွင်ရပ်နေသော တစ်ယောက်သည် ကိုယ်တိုင်းနှင့် ချုပ်ထားသော မီးခိုးရောင်ယူနီဖောင်းကို သေသပ်စွာ ဝတ်ဆင်ထားပြီးဖုန်များသဲများ မပေရန် ခြုံထည်တစ်ခုကိုလည်း ခြုံထားသေးသည်။ ခါးတွင် ပြောင်လက်နေသော သားရေခါးပတ်ပတ်ထားပြီး မြင်းစီးကျာပွတ်တစ်ချောင်းကို ခါးပတ်ပေါ်တွင် ချိတ်ထားသည်။ 

သူသည် သတင်းစာတစ်စောင်ကို ငုံ့ဖတ်ကာ ဘောင်းဘီရှည်သည် ကော့ပြန်နေပြီး စစ်တပ်သုံးဖိနပ်သည် ဘောင်းဘီအောက်နားကို တင်းကျပ်သပ်ရပ်စွာ ရစ်ပတ်ထားသည်။ အရပ်ရှည်ရှည် တောင့်တောင့်ဖြောင့် ထိုလူသည် အကြင်နာကင်းမဲ့သော ထက်ရှသည့် ဓားတစ်ချောင်းကဲ့သို့ တောင့်တောင့်ကြီးရပ်နေသည်။ 

ကျန်းလော့နှင့် ချီယုံတို့သည် သူတို့ရှိရာသို့ လျှောက်လာနေသည်ကို မြင်သောအခါ ထိုလူ၏နောက်နားတွင်ရပ်နေသော တပ်အရာရှိသည် သတင်းစာဖတ်နေသော သူကို တိုးတိုးလေး သတင်းပို့လိုက်သည်။ 

“သခင်လေး သူတို့လာနေပါပြီ” 

သခင်လေးဆိုသူသည် သတင်းစာဖတ်နေရာမှ မော့ကြည့်လာသည်။ စစ်တပ်ဦးထုပ်သည် မျက်ခုံးထိဖုံးနေကာ ထိုသူ၏ ခိုင်ကြည်သော မေးရိုးနှင့် နှုတ်ခမ်းပါးကွေးကွေးများကိုသာ ကောင်းကောင်းမြင်ရသည်။ 

အဖြူရောင်လက်အိတ်ဝတ်ထားသော လက်နှစ်ဖက်သည် သတင်းစာကို ညင်သာစွာ ပိတ်လိုက်ကာ 

“ချီမိသားစုရဲ့သခင်ကြီးက  ကလေးနှစ်ယောက်လား” 

#########################