အပိုင်း (၁၂၃)
မကောင်းဆိုးဝါး၏ မှန်လောကထဲသို့ ပထမဆုံး ခရီးစဉ်
ဝမ်ယမ်လန်သည် သူ့အမူအယာကို ထိန်းသိမ်းပြီး တည်ကြည်သော မျက်နှာဖြင့်
“ဘာကို ဆိုလိုတာလဲ”
သို့သော် အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်ပိုင်ရှင်သည် ထို့ထက်ပိုပြောမည့် အစီအစဉ်မရှိသလိုမျိုး သူတို့လက်ထဲသို့ နားဆွဲများထည့်ပေး၍ ထွက်သွားဖို့ ပြင်သည်။ ရယ်ရွှင်က ရုတ်တရက်ပြောလိုက်သည်။
“သုံးရက်ပဲ အချိန်ရမှာလား”
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်ပိုင်ရှင်က ရယ်ရွှင်ကို လှည့်ကြည့်လိုက်ပြီး ခွမ့်ကျိန်းကို ကြည့်၍
“သူက ပန်းပဲဆရာလေ မှော်လက်နက်တွေမှာ အချိန်အကန့်အသတ်ရှိပြီး သူ့အရှိန်အဝါနဲ့ စွမ်းအားက အချိန်ကုန်ရင် သက်ရောက်မှုမရှိတော့တာ သူပိုသိနိုင်တယ်”
“သုံးရက်ပဲ”
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်ပိုင်ရှင်သည် ပြောပြီးသည်နှင့် ချက်ချင်းထွက်သွားသည်။
“နားဆွဲတွေရဲ့ အရှိန်အဝါက တစ်ရက်ထပ်တစ်ရက်လျော့နည်းသွားလိမ့်မယ် သုံးရက်ပြည့်ရင်..............”
နောက်ဆက်တွဲ စကားလုံးများသည် လေထုထဲတွင် ပျောက်ကွယ်သွားသည်။
ကျောင်းသားများနှင့် ဝေးဝေးရောက်မှ အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်ပိုင်ရှင်သည် သူ့ကိုယ်သူပြောလိုက်သည်။
“ဟင်း ငါထင်တာ လျန်အိမ်တော်ထဲ ရောက်သွားရင် ကျန်းလော့အဆင်ပြေသွားမယ် ထင်ခဲ့တာ မထင်မှတ်ထားဘဲ သူ့ကို ကျားပါးစပ်ထဲ ထည့်ပေးလိုက်မိသလိုဖြစ်သွားပြီ ဟုတ်သားပဲ ငါဘာလို့ အဲ့ဒါကို မေ့သွားရတာလဲကွာ လျန်အိမ်တော်ကလူတွေနဲ့မတွေ့တာကြာနေပြီပေမဲ့ သူတို့က အရမ်းကိုရိုးသားပြီး သစ္စာရှိကြတဲ့သူတွေပဲ အဲ့ဒီသူတို့ယုံကြည်တဲ့သူရဲ့ စကားတစ်ခွန်းနဲ့တင် နောက်မျိုးဆက်တွေကို ဆေးပညာကလွဲရင် ဘာမှသင်မပေးတော့တာသာကြည့်၊ တစ်ခုခုအမှားလုပ်မိရင် ကိုယ့်ဟာကိုအဖြေရှာရမှာပဲ ................. ငါဝင်ပါလို့မရတော့ သူ့ကို ‘နတ်ဘုရားကောင်းချီးခံဆွဲပြား’ ပေးလိုက်တာပဲ ဒီတော့ ဒီကလေးတစ်စုကိုပဲ မျှော်လင့်ချက်ထားရတော့မှာပဲ တကယ်တော့ ‘နတ်ဘုရားကောင်းချီးခံဆွဲပြား’ ရဲ့ သက်ရောက်မှုက ငါးရက်ခံပေမဲ့ ငါသူတို့ကို ဖိအားပေးဖို့ သုံးရက်လို့ ပြောမိသွားတယ် သူတို့နောက်ကျမသွားဖို့ပဲ မျှော်လင့်ရမယ်”
မှန်လောကထဲတွင် ကျန်းလော့သည် ချီယုံသူ့ကို ချောင်းကြည့်နေတာ သိသည်နှင့် အပေါ်ပိုင်းကို ချွတ်ပစ်လိုက်သည်။
ကျောရိုးဖြူသွယ်သွယ်၏ ကောက်ကြောင်းသည် နွေးထွေးသော အလင်းရောင်အောက်တွင် အကြည့်မလွှဲနိုင်အောင် ထပ်ခါထပ်ခါ ကြည့်ချင်အောင် ဆွဲဆောင်နေသည်။ တဖက်လှည့်ထားသော မျက်နှာတွင် နှုတ်ခမ်းထောင့်များ လျှို့ဝှက်စွာ ကော့တက်နေပြီး လက်ကို ခါးပတ်ပေါ်သို့တင်လိုက်သော်လည်း နောက်တစ်ဆင့်ကို လုပ်သင့်မလုပ်သင့် တွေဝေနေသည်။
နံရံတစ်ဖက်တွင် ချီယုံ့မျက်လုံးများသည် အကြည့်မလွှဲနိုင်ဘဲ ကျန်းလော့လက် လှုပ်ရှားမည်ကို မျှော်လင့်တကြီး စောင့်ကြည့်နေသည်။ လူငယ်လေးသည် ထိုသို့သော လှပမှု၏ အတွင်းကျကျပုံရိပ်ကို မခုခံနိုင်ပေ။ သူစောင့်ကြည့်နေချိန်တွင် ပြင်ပမှလာသော သတိဝိဉာဉ်အမျှဉ်သေးသေးလေး များစွာသည် သူ့ခန္ဓာကိုယ်ထဲသို့ တတိတိ ဝင်ရောက်သွားသည်။
ထိုအသိစိတ်မျှင်များသည် အလွန်အစွမ်းထက်ပြီး အရှိန်အဝါကြီးမားနေသည်မှာ ချီယုံပိုင်ဆိုင်သော အသိစိတ်များမှန်း သိသာနေသည်။ မှန်ထဲမှ ချီယုံသာ သတိမထားမိတာမဟုတ်ဘဲ မြူနက်များပင်လျှင် ပိုင်ရှင်ကိုတွေ့သလို မလှုပ်ရှားကြပေ။
မကောင်းဆိုးဝါး၏ ဝင်ရောက်ပူးကပ်ခြင်း ဖြစ်စဉ်ဖြစ်သည်။
အရာအားလုံးသည် မယုံနိုင်လောက်အောင် ချောမွေ့နေသည်။ သို့သော် မကောင်းဆိုးဝါးမှ စတင်ပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားချိန်မှာတော့ တစ်ခုခုမှားနေကြောင်း သတိထားမိသွားသည်။
ဤခန္ဓာကိုယ်ကို သူမထိန်းချုပ်နိုင်ပေ။ အံ့ဩစရာကောင်းလောက်အောင် ထိန်းချုပ်၍ မရပေ။
မကောင်းဆိုးဝါးသည် ဤသို့ဖြစ်နိုင်ချေကို လုံးဝမမျှော်လင့်ထားပေ။
သူ၏ အသိစိတ်မျှင်အနည်းငယ်ကိုသာ မှန်လောကထဲသို့ထည့်ခဲ့သော်လည်း မကောင်းဆိုးဝါးအတွက် ထိုမျှအသိစိတ်မျှင်လောက်ကပင် လူတစ်ယောက်ကို ထိန်းချုပ်ရန် လုံလောက်သည်ထက် ပိုနေပြီး ဖြစ်သည်။
ပို၍ ထူးခြားသည်မှာ သူသည် တစ်စုံတစ်ယောက်ကို နောက်ကွယ်မှ ထိန်းချုပ်ခြင်းမဟုတ်ပဲ ကိုယ်တိုင်ဝင်ပူးခြင်းဖြစ်သောကြောင့် မဖြစ်နိုင်စရာမရှိရာ အလွန်အံ့ဩနေရသည်။
‘ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’
မကောင်းဆိုးဝါးသည် အသိစိတ်မျှင်များကို သူဝင်ပူးထားသူကိုယ်ထဲ ဖြန့်ကြပ်ရန် နောက်တစ်ကြိမ် အမိန့်ပေးလိုက်သည်။ ထပ်ပြီး ကျရှုံးသွားပြန်သည်။
မယုံနိုင်စရာကောင်းလောက်အောင်ပင် သူ၏ အသိစိတ်မျှင်အချို့ပင် လွင့်ပြယ်သွားသေးသည်။ ယခု သူသည် တခြားတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် သူဝင်ထားသော ခန္ဓာကိုယ်ပိုင်ရှင် မြင်သမျှ ကြားသမျှ အကုန်သိနိုင် မြင်နိုင်လေသည်။ ဤခန္ဓာကိုယ်တစ်ခုလုံးမှ အာရုံငါးပါးနှင့် အသိစိတ်ကို ကောင်းကောင်းကြီး ခံစားနိုင်သော်လည်း ထိုလူကိုတော့ မထိန်းချုပ်နိုင်ပေ။
ပထမဆုံးပူးကပ်ခြင်းသည် သနားစရာကောင်းလောက်အောင် ကျရှုံးသွားသည်။ မကောင်းဆိုးဝါး၏ စိတ်အခြေအနေသည် သိပ်အဆင်ပြေနေပုံမရတော့ပေ။ သို့သော် မကြာခင်တွင် တစ်စုံတစ်ယောက်၏ ပြင်းပြင်းပျပျ မြင်တွေ့ချင်လာသော ဆန္ဒကို ခံစားမိလိုက်ကာ ပတ်ဝန်းကျင်ကို ကြည့်ရန် အာရုံရသွားသည်။
ရေသံ ရေငွေ့များနှင့် စိုစွတ်မှု ‘ကြည့်ရတာ ရေချိုးခန်းထဲမှာထင်တယ်’
မကောင်းဆိုးဝါးသည် သူ၏ အသိစိတ်မျှင်များအားလုံးကို မျက်လုံးဆီသို့ ပို့လိုက်သည်။
မြူငွေ့များ ဆိုင်းနေပြီး နံရံများသည် အိုဟောင်းနေပြီး အလင်းရောင်သည် မှုန်မှိုင်းနေကာ မီးစာလေးသည် ယိမ်းယိုင်နေသည်။
ခန္ဓာကိုယ်သည် နံရံမှ အပေါက်ကို ချောင်းကြည့်နေသောကြောင့် မကောင်းဆိုးဝါးသည် ထိုခန္ဓာကိုယ် ကြည့်နေရာသို့ ကြည့်လိုက်သည်။ သို့သော် ကြည့်လိုက်သည်နှင့် သူမြင်လိုက်ရသည်မှာ တစ်ဝက်ကိုယ်တုံးလုံးဖြစ်နေသော ကျောပေးရပ်နေသော ကျန်းလော့ကို အပေါက်ထဲမှ မြင်လိုက်ရလေသည်။
ကျန်းလော့သည် သူ့ကို ချောင်းကြည့်နေသော မျက်လုံးကို သတိပြုမိပုံမရပေ။ ပျင်းရိအေးဆေးစွာပင် ခါးပတ်ကို ချွတ်နေပြီး ဖြူဖွေးသော ကျောက်စိမ်းကဲ့သို့ အဖြူရောင်ပေါင်တံရှည်သည် ဖြေးဖြေးချင်းပေါ်လာနေပြီး ခန္ဓာကိုယ်သည် အပေါက်ထဲမှ ကြည့်ရတာ အားမရသလို ဖြစ်လာသည်။ ကောက်ကွေ့သော ဆံပင်နက်နက်များသည် ပုခုံးထက်မှ ကျောပြင်ပေါ်သို့ လျောကျနေပြီး ဟောင်းနွမ်းနေသော အဝါရောင် ဓာတ်ပုံဟောင်းကဲ့သို့ အလင်းမှိုင်းမှိုင်းတွင် မသဲမကွဲ လှုပ်ရှားယိမ်းနွဲ့နေသည်။
ကျန်းလော့သည် သူ့ကိုယ်ပေါ်မှ နောက်ဆုံးအဝတ်ကို ချွတ်တော့မည့်အချိန်တွင် သူ့ကိုယ်နေဟန်ထားသည် အကြည့်မလွှဲနိုင်အောင် ဆွဲဆောင်မှု ရှိနေလေသည်။
မကောင်းဆိုးဝါးသည် ထိုမြင်ကွင်းကို ကြည့်၍ သူ့စိတ်မှ မှောင်မိုက်နက်စွေးသော အလွန်လူသတ်ချင်နေသော ရန်လိုစိတ်တို့ ထိန်းမရအောင် ပေါ်ထွက်လာတော့သည်။
‘ဒီအကောင်က ကျန်းလော့ကို ချောင်းကြည့်နေတယ်’
‘အခုထိ ကြည့်နေသေးတယ်’
မယုံနိုင်လောက်အောင်ပင် ဒေါသကြောင့် တစ်ကိုယ်လုံးပွက်ပွက်ဆူနေသည့် ဆီအိုးကြီး ဖြစ်လာသလို သူဝင်ထားသော ခန္ဓာကိုယ်ကို အမှုန့်ပါမကျန်အောင် ဖျက်ဆီးပစ်လိုက်ချင်စိတ်တို့ ကြီးစိုးလာတော့သည်။
“ဒီကောင်က ............ ဒင်းက အတင့်ရဲလို့ ................”
မထိန်းချုပ်နိုင်သော ပေါက်ကွဲအားပြင်းပြင်းဖြင့် ဒေါသတကြီးရန်လိုမှုသည် မကောင်းဆိုးဝါး၏ ကိုယ်တွင်းအင်္ဂါများကို ပါ ဖြတ်သန်းသွားသည်။ မကောင်းဆိုးဝါး၏ အသိစိတ်မျှင်များသည် ဒေါသတကြီး တုန်ယင်နေပြီး ရက်စက်စွာ ပေါက်ကွဲထွက်တော့မလို ဖြစ်လာသည်။
သို့သော် ယခုအချိန်တွင် မကောင်းဆိုးဝါးသည် မှန်လောကထဲသို့ ဝင်ရန် အသိစိတ်မျှင် အနည်းငယ်ကိုသာ အသုံးပြုခဲ့သည် ထို့ကြောင့် ဒီလူကို သတ်ရန် အင်အားမလုံလောက်ပေ။
သို့သော် မကာင်းဆိုးဝါးကိုယ်ထဲမှ အမျက်ဒေါသသည် ထိုသို့သော် အခြေအနေမျိုးကို လုံးဝသည်းခံနိုင်စွမ်း မရှိတော့ပေ။
သူ့အသိစိတ်မျှင်များမှ စွမ်းအားများ အကုန်စုစည်းကာ ထိုလူ၏ ခန္ဓာကိုယ်ကို တတ်နိုင်သလောက် ထိန်းချုပ်ဖို့ ကြိုးစားတော့သည်။ နောက်ဆုံးတွင် လက်တစ်ဖက်ကို ပြည့်ပြည့်ဝဝ ထိန်းချုပ်နိုင်သွားသည်။
ကျန်းလော့ကို ချောင်းကြည့်နေသော ချီယုံသည် လှုံ့ဆော်မှုတစ်ခုကို ခံစားမိပြီး သူ့ခန္ဓာကိုယ်တွင် တစ်ခုခုမှားနေကြောင်း သတိထားမိသွားသည်။ ကျန်းလော့ထံမှ အကြည့်လွှဲလိုက်ပြီး ညာဘက်လက်ကို စိုက်ကြည့်လိုက်သည်။
ညာဘက်လက်သည် အံ့ဩစရာကောင်းစွာပင် သူမလုပ်ပါပဲ မြှောက်တက်လာသည်။ ရုပ်သေးထိန်းချုပ်ခြင်းအိမ်တော်၏ ဆက်ခံသူတစ်ယောက်အနေဖြင့် ချီယုံသည် ချက်ချင်းပင် သူ့လက်ကို တစ်ယောက်ယောက်က ထိန်းချုပ်နေမှန်း သိလိုက်သည်။
ချီယုံ့မျက်လုံးအစုံသည် နက်ရှိုင်းသွားပြီး ညာဘက်လက်ကို စိုက်ကြည့်နေတော့သည်။ အခုအချိန်မှာသာ တကယ်ကြီး မဖြစ်နေဘူးဆိုလျှင် သူသည် ဤလောကတွင် သူ့ကိုထိန်းချုပ်နိုင်သူ ရှိမည်ကို ဘယ်လိုပြောပြော ယုံမှာ မဟုတ်ပေ။
‘ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်ရတာလဲ’
တစ်စုံတစ်ယောက်မှ သူ့ကိုထိန်းချုပ်နေခြင်းသည် သူ့ကို အံ့ဩစေသည်။
သူ့လက်တစ်ဖက်ကိုသာ ထိန်းချုပ်ထားခြင်းဖြစ်သော်လည်း ထိုသည်ကပင် ချီယုံကို တအားဒေါသထွက်အောင် လုပ်ဆောင်နိုင်လေသည်။
သူ့အကြည့်ကို ခံစားမိပုံဖြင့် သူ့လက်ကို ထိန်းချုပ်နေသော အားသည် ပို၍ သန်မာလာသည်။ ထိုလက်သည် တဖြည်းဖြည်း သူ့မျက်နှာနားထိ မြှောက်တက်လာလေသည်။
‘ဘာလုပ်ချင်နေတာလဲ’
ချီယုံသည် သူ့ဘယ်ဘက်လက်ဖြင့် ထိန်းချုပ်ခံညာဘက်လက်ကို ဖိ၍ အေးစက်သော အမိန့်ပေးသည့် အသံဖြင့် ပြောလိုက်သည်။
“ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်ဘူးလို့ မယုံဘူး ”
မြူနက်များသည် သူ့ညာလက်ကို ရစ်ပတ်လာပြီး ချီယုံသည် ဘယ်ဘက်လက်ကို လွှတ်လိုက်သည်။ သိုသော် နောက်ခနတွင် ညာဘက်လက်သည် သူထင်ထားသလို ရပ်တန့်မသွားဘဲ မြူနက်များသည် ချီယုံ့မျက်နှာနားသို့ ထိုလက်တိုးကပ်လာသည်ကို ခွင့်ပြုထားသည်ကို မြင်လိုက်ရသည်။
ချီယုံက မမျှော်လင့်ထားသည့် ကိစ္စကို မြင်လိုက်ရပုံဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် ခနအတွင်းပင် စိတ်ငြိမ်သွားပြီး ညာဘကလက်ကို အေးစက်စွာကြည့်နေကာ ထိုလက်လုပ်ချင်သည့် အရာကို စောင့်ကြည့်နေလိုက်သည်။
ဖြူဖျော့သော လက်ညှိုးနှင့် လက်ခလယ်နှစ်ချောင်းသည် ချီယုံ့မျက်လုံးတို့ဖြင့် တဖြည်းဖြည်း နီးကပ်လာသည်။ ၎င်းး၏ရည်ရွယ်ချက်သည် ရှင်းလင်းလွန်းသည်။ ချီယုံ၏ ချောင်းကြည့်ခဲ့သော မျက်လုံးတစ်ဖက်ကို ဖောက်ထုတ်ပစ်ချင်ခြင်း ဖြစ်သည်။
ထိုညာဘက်လက်တွင် ထိုသို့ ဖောက်ပစ်နိုင်သော အင်အားလည်း ရှိသည်။
လက်ချောင်းရှည်ရှည်နှစ်ချောင်းသည် မျက်လုံးကို ခန္ဓာကိုယ်ထဲမှ ဖောက်ထုတ်နိုင်တော့မည့် အချိန်တွင် ညာဘက်လက်သည် ရုတ်တရက် ပျော့ကျသွားပြီး ခန္ဓာကိုယ်ဘေးသို့ အိကျသွားတော့သည်။
သူ့ညာဘက်လက်ကို ထိန်းချုပ်နေသော အရာထွက်သွားလေပြီ။
ချီယုံ့ မျက်လုံးထဲမှ အေးစက်မှုသည် ပို၍ နက်ရှိုင်းလာသည်။ အကြာကြီးကြာအောင် ညာဘက်လက်ကို စိုက်ကြည့်နေပြီး ဂူပေါက်ကဲ့သို့ မျက်လုံးများသည် မှောင်မိုက်နေလေသည်။
ထို့နောက် အပေါက်ထဲသို့ ပြန်ကြည့်လိုက်ရာ ကံမကောင်းစွာပင် သပ်သပ်ရပ်ရပ်ခေါက်၍ ကြိုးတန်းပေါ်တင်ထားသည့် ကျန်းလော့၏ အဝတ်များကိုသာ မြင်လိုက်ရသည်။ ထို့အပြင် ကျန်းလော့သည် အဖြူရောင်လိုက်ကာကို ဆွဲထားပြီး ရေချိုးနေပြီဖြစ်သည်။
ချီယုံသည် ဘာမှမပြောသော်လည်း ကျိန်ဆဲ၍ ဘေးမှ ကြိုးတန်းကို ဖျက်ဆီးပစ်လိုက်လေသည်။
“ခရက် ဘမ်းးးးးးးးး”
အခန်းတစ်ခုလုံးသည် ကုတင်အနီးတဝိုက်မှလွဲ၍ အမှုန့်ဖြစ်အောင် ကျိုးပဲ့သွားသည်။ အခုလေးတင်မှ သခင့်အခန်းထဲမှ တစ်ခုခုကို အာရုံခံမိသော ကောဝူချန်နှင့် ဟွာပိတို့သည် အခန်းထဲမဝင်ခင် တံခါးအပြင်ဘက်တွင် ဖိအားအကြီး၏ ရိုက်ခတ်မှုဒဏ်ခံလိုက်ရသည်။
သူတို့နှစ်ယောက်သည် ကြောက်ရွံ့စွာ ခုခံလိုက်ကြပြီး လည်ချောင်းမှဆန်တက်လာသော သွေးများကို မြိုချကာ နေရာတွင်ပင် ပြားပြားဝပ်နေကြသည်။
အချိန်ဘယ်လောက်ကြာသွားသည်မသိ အခန်းထဲမှ ဆူညံသံများ နောက်ဆုံးတော့ ရပ်တန့်သွားလေပြီ။
ကောဝူချန်နှင့် ဟွာပိတို့သည် အခန်းတံခါးကို သတိကြီးကြီးထား၍ ပြိုင်တူကြည့်လိုက်ကြသည်။ မကောင်းဆိုးဝါးသည် မီးသွေးတုံးလို မည်းနက်နေသော ကြမ်းပြင်ပေါ်တွင် အချိန်အကြာကြီး စကားတစ်လုံးမှ မပြောဘဲ ရပ်နေသည်။ မကောင်းဆိုးဝါးနောက်မှ မြူနက်များသည် အခန်းတစ်ခန်းလုံးနီးပါး မည်းမှောင်နေစေပြီး တစ္ဆေသွေးကြောလိုင်းများသည် ချီယုံ့မျက်လုံးနားအထိ တွယ်တက်လာနေပြီး မကောင်းဆိုးဝါး၏ ချောမောသော မျက်နှာကို ကြောက်မက်ဖွယ်ကောင်းသွားစေသည်။
ချီယုံသည် သူ၏ စိတ်ခံစားချက်အစစ်အမှန်ကို ထုတ်ပြခဲပြီး ယခုကဲ့သို့ ကြောက်စရာကောင်းလောက်အောင် အေးခဲသွားစေအောင် ဒေါသပုန်ထနေခြင်းမျိုးတို့ကိုတော့ သူတို့ တစ်ခါမှကို မမြင်ဖူးခဲ့ပါ။ ကောဝူချန်သည် ကြောက်လွန်းလို့တုန်နေပြီး မနည်းသတ္တိမွေးကာ မော့ကြည့်၍ ပြောသည်။
“သခင်”
ချီယုံ့၏ သွေးကဲ့သို့ နီရဲနေသော မျက်ဝန်းအစုံကို တွေ့သောအခါ ကောဝူချန်သည် တိတ်ဆိတ်သွားသည်။ သူတို့၏ မယုံနိုင်စွာ အံ့ဩနေမှုကြားတွင် မကောင်းဆိုးဝါးသည် ရုတ်တရက် ခပ်တိုးတိုးရယ်လိုက်သည်။ ရယ်သံသည် တဖြည်းဖြည်းပိုပြင်းထန်လာပြီး နောက်ဆုံးတွင် အူလှိုက်သည်းလှိုက် အကျယ်ကြီးအော်ရယ်တော့သည်။
သို့သော် စက္ကန့်အနည်းငယ်ကြာသောအခါ ရုတ်တရက် တုံးတိကြီး တည်သွားပြန်သည်။
“အရမ်းကောင်းတယ်”
သူက ထပ်ပြောသည်။
“အရမ်းကောင်းတယ်”
သူ့မျက်လုံးများသည် နီသည်ထက်နီလာပြီး ကြက်သွေးရောင်မီးတောက်ကဲ့သို့ တောက်ပလာကာ အမျက်ဒေါသနှင့် ရန်လိုခြင်းတို့ ပေါင်းစပ်သွားကာ မထိန်းချုပ်နိုင်တော့ပဲ မကောင်းဆိုးဝါး၏ စိတ်တည်ငြိမ်ခြင်းတို့ကို လုံးဝကျိုးပြတ်သွားစေတော့သည်။
လေနှင့် နှင်းတို့ပင် မကောင်းဆိုးဝါး၏ အမျက်ဒေါသအောက်တွင် အေးခဲသွားလောက်သည်။
“မှန်လောကထဲကို နောက်တစ်ခေါက်ဝင်ဖို့ ချက်ချင်းပြင်ဆင်တော့”
သူ့လက်များကို ဘောင်းဘီအိတ်ထဲထည့်ထားသော်လည်း လက်ချောင်းများသည် လက်သီးတင်းတင်းဆုပ်ထား၍ အရိုးများပင် အသံမြည်လာနေသည်။
“မြန်နိုင်သမျှမြန်မြန်လုပ် ငါမကြာခင်သွားချင်တယ်”
ကောင်းကောင်း ရေချိုးပြီးနောက် ကျန်းလော့သည် ရေချိုးခန်းထဲက ထွက်လိုက်သည်။ ထို့နောက် အပင်အောက်တွင် သူ့ကို စောင့်နေသော ချီယုံကို တွေ့လိုက်သည်။ မှန်လောကထဲတွင် ယခုနွေဦးရာသီသို့ ရောက်နေပြီဖြစ်ပြီး အရာအားလုံးအသက်ဝင်နေသည်။ ဖားအော်သံများလည်း နေရာအနံ့ကြားရပြီး ကျန်းလော့သည် လန်းဆန်းနေကာ ချီယုံ့ဆီသို့ လျှောက်သွားလိုက်သည်။
“မင်းရေချိုးတာ အရမ်းမြန်တာပဲ”
ချီယုံက သူ့ကိုကြည့်လိုက်သည်။
“မင်းထက် နည်းနည်းလေးပဲ မြန်တာပါ”
ကျန်းလော့သည် သူ့ကို အဓိပ္ပာယ်ပါပါကြည့်လိုက်သည်။ ထို့နောက် မသိမသာ လှောင်ပြုံးပြုံ၍ တမင်တကာ ပြောလိုက်သည်။
“အိုး မင်းကိုကြည့်ရတာ ကြောက်စရာကောင်းလာပြီ တစ်ခုခုဖြစ်ခဲ့လို့လား”
သူပြုံးလိုက်သည်နှင့် ချီယုံသည် သူ့ရှေ့မှသူ၏ အဝတ်မဲ့ ခန္ဓာကိုယ်ကိုမြင်ယောင်လာပြီး နှလုံးသားအောက်ခြေမှ ထိုလူကို မြင့်မြင့်ချည်၍ သူမြင်ချင်တာမြင်ရအောင် အကုန်ချွတ်ပစ်ချင်သည့် ဆန္ဒများ တဖွားဖွားမြင့်တက်လာလေသည်။
ချီယုံသည် သူလုပ်ချင်တာကို ချိုးနှိမ်ထားရသည်ကို လုံးဝမကြိုက်ပေ။ သို့သော် ယခုအချိန်သည် နှလုံးသားနောက်လိုက်ရမည့် အချိန်မဟုတ်ပေ။ ချီယုံသည် ပြုံး၍ ပြောသည်။
“နည်းနည်း နေလို့မကောင်းလို့ပါ“
လူနှစ်ယောက်သည် အခန်းသို့ တူတူပြန်ကြသည်။ ကျန်းလော့သည် သူနှင့် စကားပြောနေသည်။
“”မင်းမနေ့ညက ထွက်သွားတာ အကြီးအကဲတွေက ခေါ်လို့လား
ချီယုံက ခေါင်းညိတ်လိုက်သည်။
“ကိုယ်က အမြဲတမ်း အကြီးအကဲတွေ သင်ကြားပေးတာကို နားထောင်ရတယ်လေ”
ကျန်းလော့သည် ချီယုံပြောသည့် သင်ကြာသည်ဟူသော စကားလုံးတွင် ထေ့ငေါ့နေသည့်အသံကို သေချာကြားလိုက်ကြောင်း သေချာသည်။ ကျန်းလော့သည် သတိမထားမိသလို ဟန်ဆောင်၍ သိချင်စိတ်ပြင်းပြစွာ ပြောသည်။
“ဘယ်လိုသင်ပေးတာလဲ”
“ကောင်းပြီလေ”
ချီယုံသည် မျက်လုံးများ မှေးလိုက်ပြီး
“မင်းစိတ်ဝင်စားရင် ကိုယ်မင်းကို အဲ့ဒီကို ခေါ်သွားပေးမယ်လေ”
ကျန်းလော့သည် မည်သို့သင်ကြားပေးသည်ကို အလွန်သိချင်နေသော်လည်း ချီမိသားစုဝင်များ၏ ပစ်မှတ်အဖြစ်မခံလိုသောကြောင့်
“မလိုတော့ပါဘူး”
အခန်းသို့ပြန်ရောက်ပြီးနောက် ဆံပင်အခြောက်ခံပြီးလျှင် ကျန်းလော့သည် အိပ်ရာခင်းကို ဆွဲဆန့်လိုက်သည်။ သူ့ကို နက်နက်နဲနဲ စိုက်ကြည့်နေသော ချီယုံ၏ အကြည့်များကို သတိထားမိလိုက်သည်။ မြှီးညှောင့်ရိုးနှင့် ပေါင်တံများပင် တောင့်တင်းလာသလို ခံစားရကာ ဝံပုလွေတစ်ကောင်မှ ချောင်းမြောင်းခံနေရသလို ခံစားရသည်။
ကျန်းလော့သည် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး အေးစက်စွာ မေးလိုက်သည်။
“ဘာတွေ ဒီလောက်တောင် ကြည့်နေတာလဲ”
သို့သော် ချီယုံသည် သူလှည့်ကြည့်လိုက်၍ အထိတ်တလန့်ဖြစ်မသွားသည့်အပြင် သူ့အကြည့်သည် ပိုမိုပူလောင်လာပြီး တည့်တိုးဆန်လာကာ လက်ဖက်ရည်တစ်ငုံသောက်၍ ပြုံးပြီး ပြောသည်။
“သခင်လေးကျန်းကို ကြည့်နေတာလေ”
ကျန်းလော့သည် လူပျိုပေါက်လေး၏ တည်ငြိမ်မှုကို သဘောမကျပေ။ သူသည် စိတ်ဝင်စားလာပြီး ရှေ့တိုး၍ ချီယုံ့ရှေ့တွင် ဝင်ထိုင်လိုက်သည်။ ထို့နောက်လက်နှစ်ဖက်ကို စားပွဲပေါ်သို့ တင်ကာ မေးထောက်၍ ခေါင်းအနည်းငယ်စောင်းလိုက်သည်။
“ပြောပါဦး ဘာတွေ ဒီလောက်တောင် ကြည့်နေရတာလဲ”
ဖယောင်းတိုင်မီးရောင်အောက်တွင် ကွေးတက်နေသော ကြက်သွေးရောင်နှုတ်ခမ်းတစ်စုံသည် သွေးဆောင်ဖြားယောင်းနေသလို ရွှန်းလက်တောက်ပနေသည်။
ချီယုံ၏ မျက်လုံးများသည် နီရဲရဲနှုတ်ခမ်းများတွင် ရပ်တန့်သွားပြီး
“သခင်လေးကျန်းက ကိုယ်ထင်ထားတာနဲ့ အရမ်းကို မတူဘူးလို့လေ”
ကျန်းလော့ “ဟမ်”
ဖယောင်းတိုင်မီးရောင်သည် အခန်းထဲမှ လေထုကြောင့် အနည်းငယ် ယိမ်းယိုင်နေသည်။ ကျန်းလော့က ထပ်ဖြည့်ပြောသည်။
“မင်းကတော့ ငါထင်ထားတာနဲ့ သိပ်တော့ မကွာပါဘူး”
သူသည် ပြောနေရင်းလက်ချောင်းများကို ညင်သာစွာမြောက်၍ ဆံပင်သပ်လိုက်သည်။ ချီယုံ့အာရုံသည် ထိုလက်ချောင်းများနောက် လိုက်ပါသွားကာ မထိန်းချုပ်နိုင်တော့ဘဲ လက်မြှောက်လာသည်။
ကျန်းလော့သည် ကျိတ်ရယ်လိုက်ပြီး စိတ်ထဲပြောသည်။
‘လူပျိုလေးက အကြာကြီးမထိန်းထားနိုင်ပါဘူးကွာ ’
ချီယုံ့လက်များ သူမျက်နှာကိုထိတော့မည့် အချိန်တွင် သူသည်ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။
“ငါအိမ်သာသွားမလို့ သခင်လေးချီ အရင်အိပ်နှင့်လိုက်ပါ”
ထို့နောက် ကျန်းလော့သည် စက္ကန့်မဆိုင်းဘဲ သူ့ဆွဲဆောင်မှုတွင် ကျရှုံးသွားသော လူပျိုလေးကိုထား၍ အခန်းထဲမှ ထွက်လာသည်။
အခန်းတံခါးသည် ပွင့်သွားပြီး တဖန်ပြန်ပိတ်သွားကာ အခန်းထဲတွင်တော့ အလင်းသဲ့သဲ့လေး လင်းနေသေးသော်လည်း ပျော်ရွှင်ဖွယ်လေထုလေးကတော့ ပျောက်ဆုံးသွားပြီဖြစ်သည်။
ချီယုံ့လက်သည် လေထဲတွင် မြှောက်ရပ်သားကြီး ရှိသေးသည်။
အကြာကြီးကြာမှ သတိပြန်ဝင်လာကာ သူ့ကိုယ်သူပြောလိုက်သည်။
“တမင်တကာ လုပ်သွားတာလား”
“..............”
“ဒါပေမဲ့လည်း တမင်တကာ ရန်စတာထက်စာရင် တော်သေးတယ် ပြောရမယ်”
အိမ်အပြင်ဘက်တွင် လေအေးများတိုက်နေပြီး တိမ်ထူနေသောကြောင့် လမင်းကြီးကို မမြင်ရပေ။ ကျန်းလော့သည် သန့်စင်ခန်းသွားခြင်း မဟုတ်ပေ။ တခြားတစ်ခုခုလုပ်ချင်၍ ပေးခဲ့သော ဆင်ခြေတစ်ခုသာ ဖြစ်သည်။
ဥပမာပေးရလျှင် ညဘက်တွင် လူလိုက်သတ်သော မကောင်းဆိုးဝါးကို ရှာရန်ဖြစ်သည်။
မှန်လောကထဲတွင်နေရသည်မှာ သူ့အတွက် အလွန်အဆင်မပြေပေ။ ချီယုံငယ်လေးကို အနိုင်ကျင့်လို့ရသည်ဆိုလျှင်ပင် ကျန်းလော့သည် သူ၏ အတိတ်မှကိစ္စများကို ကန့်လန့်ကာနောက်ကွယ်မှ လူများ နက်နက်ရှိုင်းရှိုင်းတူးဖော်နေသည်ကို မလိုလားပေ။ ထိုအရာသည် ကျန်းလော့ကို အလွန်အမင်း မတအားကို စိတ်မပျော်ဖြစ်စေပြီး သူသည် အတိတ်ကို ပြန်မတူးဆွချင်ပေ။
#################