Ch 99
Viewers 8k

အပိုင်း (၉၉) 


ဆေးခတ်ခံလိုက်ရပြီ

ချီမိသားစုမှ နှာခေါင်းမှဲ့နှင့်လူကို လက်ညှိုးထိုးပြလိုက်သောအခါ သူတို့မျက်နှာသည် လုံးဝပျက်ထွက်သွားပြီး သူတို့ကိုယ်သူတို့ ဖော်ထုတ်မိမတတ် ဖြစ်သည်။

ထိုသို့ ဖျက်ခနဲ့ပြောင်းလဲသွားသော မျက်နှာထားကို ဖမ်းမိလိုက်သော ကျန်းလော်သည် မျက်တောင်ခတ်လိုက်ပြီး ပျော်ရွှင်မှုကို ထိန်းချုပ်နိုင်ရန် ချောင်းနှစ်ကြိမ်လောက်ဆိုးပြ၍

“ဒီကလူကြီးမင်းက ဆန္ဒမရှိတာများလား ဒီလောက်ကောင်းတဲ့ သွေးငါးရှဉ့်ကို တစ်ယောက်ယောက်က မစားချင်တာ အထူးအဆန်းပဲ ”

တခြားသူများသည် ထိုစကားကို ကြားသောအခါ သူတို့မျက်လုံးများသည် ချီမိသားစုမှ လူများထံသို့ အကြည့်ရောက်သွားကြသည်။ ကပ္ပတိန်သည်လည်း သူတို့ကို သံသယရှိစွာ ကြည့်လိုက်သည်။

လူအများကြီး သူတို့ကို ကြည့်နေကြသောအခါ ချီမိသားစုဝင်များသည် အားတင်းပြုံးလိုက်ပြီး

“သွေးငါးရှဉ့်ဆိုတာ အရမ်းတန်ဖိုးရှိတဲ့အရာလေ ဒီတိုင်းတိုင်း လည်ချောင်းလေးနာနေရုံနှင့် သည်းခံပြီး စားလိုက်ပါ”

ကျန်းလော်သည် မျက်မှောင်ကြုတ်ပြီး မပျော်ရွှင်စွာပြောလိုက်သည်။

“ခင်များက ကျုပ်ကို နေမကောင်းနေတဲ့အချိန်မှာ စားလိုက်စေချင်လို့လား ကျုပ်ပြောတယ်လေ လည်ချောင်းနာနေတယ်လို့ ခင်များဘာပြောချင်တာလဲ”

ကျန်းလော်သည် နောက်ဆုံးထိုင်ခုံစားပွဲပေါ်ကြည့်လိုက်ပြီး နှုတ်ခမ်းဆူလာကာ သူ့မျက်လုံးများသည် စိတ်မရှည်သလိုဖြစ်လာပြီး

“ကျုပ် ခင်များကို စားခိုင်းမယ်ဆိုထဲက စားခိုင်းမှာပဲ အရမ်းကြီး ယဉ်ကျေးမနေပါနဲ့ ကပ္ပတိန်က အဆင်ပြေတယ်လို့ မပြောခဲ့ဘူးလား”

ကပ္ပတိန်သည် လူချမ်းသာအများကြီးကို မြင်ဖူးခဲ့ပြီးပြီ ဖြစ်သောကြောင့် ကျန်းလော်၏ ခေါင်းမာမိုက်မဲသော အမူအယာမှာ သူ့အတွက်မထူးဆန်းပေ။ ထို့ကြောင့် သူသည် ပြုံးလိုက်ပြီး

“ခင်များအဆင်ပြေတယ်ပြောမှတော့ သေချာပေါက် ကျုပ်တို့အတွက်လည်း အဆင်ပြေပါတယ်”

ချီမိသားစု၏ မျက်နှာထားသည် မွန်းကြပ်သွားကြပြီး သူတို့သည် ဆက်၍ အချိန်ဆွဲနေကြသည်။

“ကျုပ်က ကျုပ်က ဒီလိုကြီး စားလိုက်ရမှာ အရမ်းအားနာလို့ပါ”

သူ့ဘေးမှလူချမ်းသာသည် ထိုအချိန်ဆွဲနေသော လူကို ဆွဲချချင်လာသည်။ စားပွဲပေါ်တွင် ထိုင်နေကြပြီးဖြစ်သော လူများသည် စိတ်မရှည်ဖြစ်လာကြကာ

“စီးပွားရေးလောကထဲမှာ ဒီလိုအရေးကြီးတဲ့အရာမျိုးကို သူများကပေးတောင်ပေးနေပြီ မင်းက ဘာကိုအားနာနေတာလဲ ဒီလောက်အားနာနေရင် သူဒီနေရာအတွက်ပေးထားရတဲ့ တန်ဖိုးကို ပြန်ပေးလိုက်လေ သွေးငါးရှဉ့် တန်ဖိုးဖြတ်လို့မရတဲ့ ပစ္စည်းလေ ဘာကို တုံ့ဆိုင်း တုံ့ဆိုင်း ဖြစ်နေကြတာလဲ”

ကပွတိန်၏မျက်လုံးများသည် နက်မှောင်လာပြီး ချီမိသားစုသည် မျက်နှာကြီးမည်းမှောင်နေကာ တံတွေးမျိုချနေကြပြီး ထိုထဲမှ လက်ညှိုးထိုးခံရသော လူသည် အောင့်သက်သက်နှင့် ဝင်ထိုင်လိုက်သည်။ သူသည် ပြုံးလိုက်ပြီး ကျန်းလော်ကို ကျေးဇူးတင်လိုက်ကာ မျက်နှာထားသည် ခက်ထန်နေပြီး ကျန်းလော်ကို အစိမ်းလိုက်ဝါးစားချင်နေသလို ဖြစ်နေသည်။

ကျန်းလော်သည် ထိုမျှလောက်နှင့် ဒီလူကို ကလိရ၍ မလုံလောက်သလို ခံစားရပြီး

“စီးပွားရေးသမားများလိုပဲလုပ်ကြတာပေါ့ဗျာ ခင်များဒီလောက်တောင် အားနာနေမှတော့ ကိစ္စတွေရှင်းရှင်းလင်းလင်း ဖြစ်အောင် ကျုပ်ကို ပိုက်ဆံလွှဲပေးလိုက်တော့”

သူသည် ဝန်ထမ်းတစ်ယောက်ကို လှမ်းခေါ်လိုက်ပြီး

“ကျူပ်အခန်းထဲက ပီအိုအက်စ်စက် သွားယူပေး”

သူသည် ပြုံးလိုက်ပြီး လူများကိုကြည့်၍

“ပီအိုအက်စ်စက်နဲ့ဆို ငွေလွှဲခ နည်းတယ် ပြီးတော့ ငွေကြေးအကန့်အသတ်လဲမရှိဘူး ဒီတော့ လူကြီးမင်း ဒီတိုင်းသာ ကတ်ထည့်ပြီး ဖြတ်လိုက်တော့ဗျာ”

ချီမိသားစု “.......”

ချီမိသားစုမှ လူ၏မျက်နှာသည် ဒေါသကြောင့် ပြာနှမ်းနေတော့သည်။

ချီမိသားစုမှ ငွေပမာဏအများကြီး လက်ခံရပြီးနောက် ကျန်းလော်သည် ပွဲကြည့်ပိရိသတ်များလို ဘေးသို့ ထွက်ရပ်လိုက်တော့သည်။ ထိုချီမိသားစုကလူ သွေးငါးရှဉ့်စားတာကို မိန့်မိန့်ကြီး ကြည့်နေတော့သည်။

ချီလူကြီးသည် ထိုအစားအစာများကို သေချာပေါက် နာနာခံခံစားမှာ မဟုတ်ပေ။ သူသည် မှော်ပညာကိုသုံး၍ သူ့ပါးစပ်ထဲမှ ငါးကိုထုတ်လိုက်ကာ သူ့အင်္ကျီလက်သည် အစားအစာများကို မြိုသွားပြီး အနည်းငယ်ဖောင်းသွားပြီး ငါးစွပ်ပြုတ်ကြောင့် အနည်းငယ်စိုသွားသည်။

ကျန်းလော်သည် ထိုကိစ္စကို မဖော်ထုတ်ပေ။ ကျန်းလော်သည် ထိုလူ လုပ်နေသော ကိစ္စကို မြင်ရသော်လည်း သာမန်လူများကတော့ မမြင်နိုင်ကြပေ။ သူသည်လည်း ထိုအချက်ကို ထောက်ပြရန် အလွန်ပျင်းနေသည်။

ကျန်းလော်သည် နံရံကို မှီနေပြီး သူ့စိတ်သည် အတော်ဝေးဝေးကို မျှော်တွေးနေသည်။ သူ့နှာခေါင်းမှ ပူနွေးနေသော လေများကို ရူသွင်းမိသလိုဖြစ်ပြီး ပါးစပ်မှ လေပူများမှုတ်ထုတ်လိုက်သည်။ သူ့ကိုယ်ထဲသို့ မီးတောက်တစ်ခုဝင်နေသလို ပူလောင်နေသည်။

သို့သော် ခန္ဓာကိုယ်ထဲမှ ပူလောင်နေသောကြောင့် အပြင်ဘက် လေးဘက်လေးတန်မှ အေးစိမ့်လာသည်။ အေးပြီး ပူနေသော ခံစားမှုသည် အလွန်ဆိုးဝါးလာပြီး သူ့လည်ချောင်းကို ဆွဲဖြဲနေသလို နာကျင်ခြောက်သွေ့လာစေသည်။

ကျန်းလော်သည် အလွန်နေမကောင်း ဖြစ်ခဲသော်လည်း သူတကယ် နေမကောင်းဖြစ်လျှင် အမြဲတမ်း ဆိုးဝါးတတ်သည်။ ပါးစပ်ဟပြီး လေအေးများ မှုတ်ထုတ်လိုက်သည်။

ဆံပင်အနက်နှင့်လူငယ်လေး၏ မျက်နှာသည် ဘာမှမဖြစ်သလိုပင် သူ့မျက်လုံးသည် တည်ငြိမ်နေပြီး သူ့မျက်နှာထားသည် ထုံပေပေဖြစ်နေကာ အပူတစ်လှိုင်းတစ်ခုသည် သူ့ခန္ဓာကိုယ်ကို မီးမြှိုက်မတတ် ပူလောင်လာင်လာစေသည်။ သူ့ဘေးမှလူပင် သူ့ထံမှ အပူငွေ့ကို ခံစားမိနိုင်မလားပင် မသိနိုင်တော့ပေ။

ချီမိသားစုမှ လူများပင် သူ့တွင် တစ်ခုခုမှားနေမှန်း မသိနိုင်ချေ။ စားပွဲထိုးများသည် သွေးငါးရှဉ့်ဟင်းလျာများကို စားပွဲပေါ်သို့ ယူလာကြသည်။ နို့နှစ်ရောင် ဟင်းအနှစ်များတွင် သွေးငါးရှဉ့်သားလောင်း နီနီရဲရဲကို ဟင်းရည်အလယ်တည့်တည့်တွင် ထည့်ထားသည်။

‘ဒီတော့ ဒါက သွေးငါးရှဉ့် အမ သားလောင်းပေါ့’

သင်္ဘောဝမ်းထဲမှ မတရားခံရသူတစ်ယောက်၏ ဗိုက်ကိုဖွင့်ကြည့်တုန်းက ဗိုက်ထဲတွင် ငါးသားလောင်းအမည်းရောင်များကိုသာတွေ့ရပြီး သွေးများနှင့် နီရဲနေသောကြောင့် သွေးနီရောင်အကောင်များကို သတိမထားမိခဲ့ကြပေ။ လူချမ်းသာများရှေ့သို့ ပန်းကန်ပြားများချပေးလိုက်သည်။ လူချမ်းသာများသည် စိတ်ရှည်သည်းခံမှုများ ပျောက်သွားကြပြီး အလွန်လောဘကြီးလာကြကာ ညစားစားပွဲ အမူအကျင့်များပျောက်သွားကြကာ စားပွဲထိုးများ ပန်းကန်ကို စားပွဲပေါ်မချရသေးခင် ခက်ရင်းဖြင့် ပန်းကန်ထဲမှ ငါးသားလောင်းကို ထိုးနှိုက်လိုက်သည်။

သူတို့သည် ငါးစွပ်ပြုတ်ကိုပင် တစ်စက်လောက်လေလွင့်သွားမည်ကို စိုးရိမ်ကာ သူတို့ပါးစပ်ထဲကို စွပ်ပြုတ်အရည်များကို သေချာဂရုတစိုက် ထည့်လိုက်သည်။ သူတို့သည် ပါးစပ်ကိုကျယ်ကျယ်ဟကာ သူတို့ပါးစပ်များ တခြားနေရာရောက်သွားမလားပင် စိုးရိမ်နေကြသည်။

လတ်ဆတ်သော ချိုမွှေးမွှေးအနံ့သည် သင်းပျံ့နေကာ အစားစားချင်စိတ်ကို နှိုးဆွနေသည်။

စားပွဲထိုးများသည် ဘေးမှပွဲကြည့်နေသူများကိုလည်း အစားအစာတစ်ချို့တည်ခင်းပြီး ထိုင်စရာစားပွဲပြင်ဆင်ပေးသည်။

သို့သော် သွေးငါးရှဉ့်ဟင်းလျာအနံ့ကို ရပြီး ကျန်သည့်လူများသည် သူတို့ရှေ့လာချပေးသော အစားအစားများကို စားချင်စိတ် လုံးလုံးမရှိတော့ပေ။ သူတို့သည် ဆယ်ယောက်အဖွဲ့ စားပွဲကို မနာလိုအားကျစွာ ကြည့်နေကြသည်။ ထို့နောက်သူတို့သည် သူတို့ရှေ့မှ အစားအစာများကို တို့ကနန်းဆိတ်ကနန်း သာစားကြသည်။

ကျန်းလော်သည် အစားအစာများကို တစ်ခုမှမထိပေ။ လည်ချောင်းအေးသွားရအောင် ရေသန့်တစ်ခွက်သာ ကုန်အောင်သောက်ခဲ့သည်။

ကြီးလာသော သွေးငါးရှဉ့်များသည် ထူးဆန်းစွာ ညှီစော်နံပြီး ဥများနှင့် သားလောင်းများသည် အလွန်ထူးထူးခြားခြား အနံ့မွှေးနေသည်။

အနံ့မွှေးသည်မှာ လူတစ်ယောက်၏ အစားစားချင်စိတ်ကို နှိုးဆွရန် သီးသန့်ထုတ်လုပ်ထားသလားအောက်မေ့ရသည်။

ကျန်းလော်သည် လူချမ်းသာများ အငမ်းမရစားနေသည်ကို ကြည့်ပြီး စားနေသူများနှင့် မစားရသောသူများကို တလှည့်စီ သူ့စိတ်သည် ခပ်ဖြည်းဖြည်း လှည့်ပတ်နေတော့သည်။

ပိုင်ဟွာတက္ကသိုလ် ကျောင်းသားတစ်ယောက်အနေနဲ့ သာမန်ပြည်သူများကို ကာကွယ်ရန် တာဝန်ရှိသည်။ ထို့ကြောင့် တတ်နိုင်သမျှ လူတိုင်းကို ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ကယ်တင်ရပေမည်။ ကျန်းလော်သည် ကိစ္စအားလုံးကို သိနေရင်တောင် လူချမ်းသာများကို သွေးငါးရှဉ့်မစားရန် ပြောပြလိုက်လို့လဲ မဖြစ်ပေ။ ပြောလည်း သူ့ကိုယုံကြမှာမဟုတ်ပေ။

ထိုသို့သာ သတိပေးလိုက်ပါလျှင် ကျန်းလော်သည် သူ့ကိုယ်သူ မိစ္ဆာကောင်များရှေ့တွင် လုံးလုံးလျားလျား ဖော်ထုတ်မိသွားပေမည်။ ထိုဆုံးရှုံးမှုကို ပြန်ရနိုင်တော့မည် မဟုတ်ပေ။

ကျန်းလော်သည် ခေါင်းမီးတောက်အောင် စဉ်းစားရမည် ဆိုလျှင်တောင် ထိုမိုက်မဲသော အကြံကို လုပ်ဆောင်မည် မဟုတ်ပေ။ လူချမ်းသာများ သွေးငါးရှဉ့်စားနေသည်ကို ကြည့်၍ သူ့နှလုံးသားထဲတွင် ပြောလိုက်ချင်စိတ်များလာသည်။ သို့သော် ကျန်းလော်တွင် သူနှင့်လည်း တစ်စက်မှမသိ၍ အောက်ခြေလူတန်းစားများကို စတေးရန်ခေါ်လာကြသော လူများအတွက် ကရုဏာတစ်စက်မှ မရှိပေ။

မကြာခင်တွင် နေ့လည်စာပြီးသွားချေပြီ။

ကျန်းလော်သည် လူအုပ်ကြီးနင့်အတူ စားသောက်ခန်းထဲမှ ထွက်လိုက်လာသည်။ သူသည် ချီမိသားစုလျှောက်လာသော လမ်းကြောင်းထဲသို့ မသိမသာ ဝင်သွားသည်။

ချီမိသားစုသည် သူ့ကို ခက်ထန်စွာကြည့်လိုက်ပြီး သွားဖြဲပြလိုက်ကာ သူ့ကို တံခါးအပြင်ဘက်သို့ တွန်းထုတ်လိုက်သည်။

သူတို့တွင် နောက်ဆက်တွဲ အစီအစဉ်တစ်ခု ရှိမှန်းသိနေသောအခါ ကျန်းလော်သည် မျက်လုံးမှေးလိုက်သည်။

ကျန်းလော်သည် သူ့အခန်းဆီသို့ သွားရန် ဦးတည်သွားသည်။ သင်္ဘောပေါ်လမ်းလျှောက်နေစဉ်တစ်လျှောက်လုံးတွင် ကျန်းလော်သည် ထိုမိသားစု ဒီခရီးကို လိုက်လာရသည့် အကြောင်းအရင်းကို တွေးကြည့်လိုက်သည်။

သူတို့ ကျန်းလော်ကို သတ်ချင်ကြမည်မှာ တွေးကြည့်ဖို့ရန်ပင် မလိုပေ။ တခြား လျင်မြန်ထိရောက်သော နည်းလမ်းများ သုံး၍ရသော်လည်း အဘယ့်ကြောင့် သူတို့ပါ ဒုက္ခအရောက်ခံပြီး ကျန်းလော်ကို သွေးငါးရှဉ့်စားရန် လုပ်ဆောင်နေကြမှန်း မတွေးတတ်တော့ပေ။

သူ့ကို အခုထိ သတ်လို့မဖြစ်သေးလို့လား ဒါမှမဟုတ် သူ့ကို ငါးစာထားပြီး တစ်ခုခုလုပ်စရာရှိနေလို့လား။

ထမင်းစားခန်းမှ အိပ်ခန်းအထိလမ်းသည် ထူးဆန်းစွာ အလွန်ရှည်နေသလိုဖြစ်နေသည်။ ကျန်းလော်သည် တည့်တည့်မတ်မတ်လျှောက်နေသည်။ ထိုစဉ် လက်တစ်ဖက်က ကျန်းလော်ကို နံရံဘက်သို့ တွန်းပစ်လိုက်သည်။

နဖူးမှချွေးများစီးကျလာပြီး မျက်လုံးများ မှုန်မှိုင်းလာကာ ခန္ဓာကိုယ်ထဲသို့ အပူငွေ့များ တငွေ့ငွေ့လောင်ကျွမ်းနေသည်။

ထိုအပူငွေ့များသည် သူ၏နေမကောင်းနေသော ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေပြီး သူ့ခြေထောက်များကို အားပျော့သွားစေသည်။

‘ပူလိုက်တာ’

ကျန်းလော်သည် သူ့ခေါင်းအောက်တွင် လက်ခံလိုက်သောကြောင့် နံရံနှင့်တိုက်မိသောအခါ ခေါင်းပေါက်မသွားပေ။ မျက်လုံးမှိတ်သွားပြီး မျက်မှောင်ကုတ်သွးသည်။

‘တစ်ခုခုတော့ မူမမှန်တော့ဘူး’

ဤခံစားချက်သည် မနေ့တုန်းက သွေးငါးရှဉ့်သွေးများ ပါးစပ်ထဲဝင်သွားသောကြောင့် ဖြစ်ပေါ်လာသော ခံစားချက်နှင့် အလွန်တူသည်။ ကျန်းလော်သည် သူဖြစ်နေသည်ကို တွေးကြည့်ရန် ဦးနှောက်ကို အလွန်အလုပ်ပေးနေသည်။ ချီမိသားစုမှ လူ၏ မျက်နှာမှအပြုံးကို ကြည့်ပြီး စကားတစ်ခွန်းမှ ပြောစရာမလိုစွာ သူသောက်ခဲ့သော စားသောက်ခန်းမှ ရေကြောင့်ဖြစ်သည်ကို နားလည်သွားသည်။

သူတော့ ဆေးခတ်ခံလိုက်ရပြီဖြစ်သည်။

ကျန်းလော်သည် နှုတ်ခမ်းတင်းတင်းစေ့၍ မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူသည် အလွန်ဒေါသထွက်လာသည်။ သူ့ကိုယ်သူအားတင်း၍ မတ်တပ်ရပ်လိုက်ပြီး အခန်းရှိရာဘက်လှည့်ကာ ထွက်သွားဖို့ လုပ်လိုက်သည်။

‘ချီး’

‘ချီမိသားစုက ခေါင်းထိထားကြတာလား ဘာကိစ္စသူ့ကို ဒီလိုဆေးမျိုး လာခပ်ရတာလဲ’

ဤသို့ မထင်မှတ်ထားသော ကိစ္စသည် သူနေမကောင်းသော အချိန်မှာမှ ဖြစ်လာရသည်။ ကျန်းလော်သည် လျှာကို ခပ်ပြင်းပြင်းကိုက်လိုက်သည်။ သွေးအရသာသည် သူ့ပါးစပ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ နာကျင်သွားသောကြောင့် ခေါင်းအနည်းငယ် ရှင်းသွားရသည်။

ကျန်းလော်သည် နှလုံးခုန်မြန်လာပြီး ဤနေရာမှ မြန်မြန်ထွက်သွားရန် လုပ်ကြသော်လည်း သူ့ရှေ့သို့ ရုတ်တရက် လူနှစ်ယောက် ခုန်ထွက်လာကာ လမ်းပိတ်ထားလိုက်သည်။

ကျန်းလော်သည် ချွေးများရွှဲနေသော မျက်နှာသေဖြင့် ခြိမ်းခြောက်ဟန်ကြည့်သော်လည်း နီရဲနေသော ပါးနှစ်ဖက်က သစ္စာဖောက်နေကြသေးသည်။ သူ့အသံသည် အက်ရှနေပြီး

“မင်းက ဘယ်သူလဲ”

“ငါတို့ ဘယ်သူလဲတဲ့လား”

အနည်းငယ်အရပ်ရှည်သည့် တစ်ယောက်က နှစ်ကြိမ်လောက် တဟွန့်ဟွန့်လုပ်လိုက်ပြီး မြေပြင်ပေါ်သို့ တံတွေးထွေးလိုက်သည်။

“ကျုပ်တို့က မင်းရန်သူတွေလေ ဒီနေ့တော့ မင်းနဲ့တည့်တည့်တိုးသွားတာပါပဲ”

“လူအိုကြီးက မင်းကြောင့် ဒုက္ခရောက်ရတော့မလို့ကွ”

အရပ်ပုပုနှင့်သူသည် အနည်းငယ်ဝပြီး နဖူးကို လွန်လွန်ကျူးကျူးဖုံးနေအောင် ရှည်သော ဆံပင်များကြောင့် သူ့မျက်လုံးကို သဲသဲကွဲကွဲ မမြင်ရတော့ပေ။

“ငါတို့ကိုပါ လာပတ်ချင်နေသေးတယ် ဘော့စ် ကျွန်တော် ဒီကောင့်ကို သင်ခန်းစာပေးလိုက်တော့မယ်”

အရပ်ရှည်ရှည်နှင့်လူ၏မျက်နှာသည် မျက်နှာပျက်နေသည်။ သူသည် အရပ်ပုပုနှင့် လူကို တားလိုက်ပြီး

“ငါတို့ ချီယုံ့ကို ဆွဲထုတ်ဖို့ သူ့ကိုဆေးခတ်ထားတာလေ ဘာလို့ တိုက်ခိုက်နေဦးမှာလဲ ချီယုံ့ကို အရင်ဖမ်းဖို့ လုပ်ရအောင်”

“ချီး ကျွန်တော်ပြောသားပဲ ချီယုံက ဒီကောင့်ကို နောက်ယောင်ခံလိုက်နေတတ်တာလို့ ဒီကောင်ဒီလိုပုံစံဖြစ်နေတာကို သူ့ချစ်သူဟောင်းက လက်ပိုက်ကြည့်ပြီး ပုန်းမနေလောက်ပါဘူး”

အရပ်ပုတိုနှင့်လူသည် နှာတင်းစွာဖြင့်

“ကျွန်တော်နားလည်ပြီ ကျွန်တော်တို့ ပြင်ဆင်ထားတဲ့ အခန်းထဲကို ဒီကောင့်ကို အရင်သွားထားလိုက်ရအောင်”

သူတို့စကားများသည် ကျန်းလော်နားထဲကို အမြှောက်နဲ့ပစ်လိုက်သလို အတောင့်လိုက်ဝင်သွားသည်။

ကျန်းလော်သည် အတွေးများသွားသည်။

“သောက်ကောင် ချီယုံ့ကြောင့်ပဲ ဖြစ်နေပြန်ပြီ”

ပြီးတော့လဲ သူ့ရဲ့ သောက်ကျိုးနည်း အလိမ်အညာများကြောင့်သာ ဒုက္ခရောက်ရပြန်သည်။ သူ့ခန္ဓာကိုယ်သည် ယခုဆိုလျှင် မီးထဲဝင်၍ ရေခဲရေနှင့် အလောင်းခံလိုက်ရသလို အလွန်သက်တောင့်သက်သာ မဖြစ်နေပေ။ သူသည် အိပ်ရာပေါ်တွင် ခြေပစ်လက်ပစ် ပစ်လှဲလိုက်ချင်လာသည်။

ကျန်းလော်သည် သက်ပြင်းနက်နက်ရှိုက်လိုက်ပြီး သွားကြားထဲမှ အသံဖြင့်

“ချီယုံ............”

‘ဒီမအေဘေးကို တောက်တောက်စင်းပြီး အကြော်အိုးထဲ ထည့်ကြော်ပစ်လိုက်ချင်လာပြီ’

လူနှစ်ယောက်သည် ကျန်းလော်နားကို ကပ်လာသည်။ သူတို့ ကျန်းလော်နားရောက်လာလေ ကျန်းလော်ကိုယ်မှ အပူကြောင့် သူတို့ပါ အံ့ဩကုန်ကြသည်။ အရပ်ရှည်နှင့်လူသည် သူ့ဘေးမှသူကို ဟောက်တော့သည်။

“မင်းသူ့ကို ဘယ်လောက်တောင် ဆေးခပ်လိုက်တာလဲကွ၊ သူ့ကို တစ်ခါထဲသေအောင် သတ်မလို့လား”

အရပ်ပုပုနှင့် လူသည် မျက်မှောင်ကြုတ်လိုက်ပြီး

“ကျွန်တော်နည်းနည်းပဲ ထည့်လိုက်တာ သေချာတယ်ဗျ”

သို့သော် သူတို့မသိလိုက်သည်မှာ အနည်းငယ်သော ဆေးပမာဏလေးကပင် ကျန်းလော်ကိုယ်ထဲမှ လက်ကျန် သွေးငါးရှဉ့် သွေးတို့ကို လှုံ့ဆောင်သလို ဖြစ်ပြီး အလွန်အားပြင်းသော စိတ်ကြွဆေးမျိုး ဖြစ်သွားနိုင်သည်ကိုပင်။

ကျန်းလော်၏ စိတ်သည် သာမန်ထက် ပိုမို အားကောင်းသောကြောင့် နောက်ဆုံးအသိစိတ်ကို ရအောင်ထိန်းချုပ်ထားနိုင်သေးသည်။

လူနှစ်ယောက်သည် နံရံကိုမှီ၍ မနည်းထိန်းသိမ်းကာ ရပ်နေရသော ဆံပင်အနက်နှင့်လူငယ်လေးနားသို့ ရောက်သွားသည်။ လူငယ်လေးသည် တစ်ချက်မှ မလှုပ်ဘဲ အသက်ကို ပြင်းပြင်းရှူကာ ရွှေရောင်ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူ့ဆီလှမ်းလာသော လူနှစ်ယောက်၏ လက်ကို ဖြတ်ပစ်လိုက်ပြီး တုန်ယင်စွာ တခြားဘက်သို့ ဦးတည်၍ ထွက်ပြေးသွားတော့သည်။

အရပ်ရှည်ရှည်နှင့်လူသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး

“လောင်အာ သူ့ကိုဖမ်း လွှတ်သွားလို့မဖြစ်ဘူး”

ကျန်းလော်သည် လျှပ်စီးလက်နေသလို အရှိန်ဖြင့်ပြေးသွားသည်။ သူ့ခန္ဓာကိုယ်သည် ပိုပိုပြီး ပူလောင်လာသည်။ သူ့မျက်လုံးများသည် ပိုမို မှုန်ဝါးလာပြီး သူ့ခန္ဓာကိုယ်ထဲမှ အပူသည် ပိုပိုပြီးတောက်လောင်လာနေသည်။ ကျန်းလော်အသက်ရှူသံသည် အချိန်နှင့်အမျှ ပြင်းထန်လာပြီး သူ့မျက်လုံးများကို ကြိုးစား၍ ဖွင့်နေကာ ကော်ရစ်တာတစ်လျှောက်ကို ဝေဝေဝါးဝါး ကြည့်၍ ပြေးနေသည်။ သူ့နှလုံးခုန်သံသည် အလှူပွဲများမှ ဗုံသံများကဲ့သို့ပင် တဂျုံးဂျုံးမြည်နေသလား အောက်မေ့ရသည်။

မနားမနေပြေးနေသောကြောင့် အသက်ရှူပုံသည် ပုံစံမကျတော့ပေ။

‘ခက်ခဲလိုက်တာ’

ယခုကဲ့သို့ ခံစားမှုသည် အရှင်လတ်လတ် ငရဲကျနေသလို ဖြစ်နေသောကြောင့် ကျန်းလော်သည် ဤခံစားချက်ကြီးသာ ပြေပျောက်သွားမည်ဆိုလျှင် ချီယုံနှင့် လိင်ဆက်ဆံရလဲ ဖြစ်သည်ဟု တွေးမိသည်။ သူ့ကိုသာ ဤနာကျင်မှုမှ ဆွဲထုတ်နိုင်ပြီး မီးလောင်နေသလို ခံစားချက်ကြီးပျောက်သွားနိုင်မည်ဆိုလျှင် ချီယုံဖြစ်နေလျှင်တောင် တစ်ခါလောက်တော့ လုပ်ပစ်လိုက်တော့မည်။

သူတို့ ဆက်ဆံပြီးကြရင်တောင် ရန်သူဆက်ဖြစ်နေဦးမှာ ဖြစ်သောကြောင့် နှစ်ဖက်လုံး ဘယ်သူမှ သူမသာကိုယ်မသာပင်ဖြစ်နိုင်သည်၊ နှစ်ယောက်ထဲသာ သိမှာဖြစ်သောကြောင့် တခြားသူများ မျက်စိရှက်နားရှက်စရာကောင်းသော အတင်းအဖျင်းများလည်း ပျံ့နှံ့မသွားနိုင်ပေ။

ကျန်းလော်သမိုင်းတွင် ဆေးခတ်ခံရသော အတွေ့အကြုံသည် အမည်းစက်အကြီးကြီးဖြစ်သည်။ ထို့ကြောင့် တစ်ခါသာ အဖြစ်ခံနိုင်မည်ဖြစ်ပြီး နောက် ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ပေ။

“ချီယုံ.............”

သူသည် အံကိုတင်းတင်းကြိတ်ထားပြီး နံရံကို မတည်ငြိမ်နိုင်တော့စွာ တုန်ချိတုန်ချိ မှီတွယ်ထားပြီး

“သောက်ကျိုးနည်းမှပဲ ဘယ်ရောက်နေလို့ ပေါ်မလာသေးရတာတုန်း.................”

‘ကြုံရာတစ်ယောက်ယောက်ကိုပဲ ဆွဲလုပ်လိုက်ရမလား’

သို့သော် သင်္ဘောပေါ်ရှိ သင်္ဘောသားအားလုံးမှာ ငါးမိစ္ဆာများဖြစ်ကြပြီး လမ်းတွင် လူချမ်းသာတစ်ယောက်မှ မမြင်မိသလို သာမန်လူများလည်း မမြင်မိပေ။ တစ်ယောက်နှင့်တစ်ယောက် သိနေကြရင်လည်း လုပ်လို့မဖြစ်သလို ညစ်ပတ်နံစော်နေသူများနှင့်လည်း သူမလုပ်နိုင်ပေ။

ချီယုံနှင့်လည်း မလုပ်ချင်ပေ။ သို့သော် ချီယုံ့ပုံစံကြောင့် သူ့မျက်လုံးထဲတွင် တခြားသူများကိုလည်း မမြင်နိုင်တော့ပေ။ အနည်းဆုံးတော့ ချီယုံနှင့်လုပ်လျှင် ချီယုံ့မျက်နှာနှင့် ပြည့်စုံသော ခန္ဓာကိုယ်ကို ကြည့်၍ စိတ်ဖြေလို့ ရသေးသည်။ ကျန်းလော်သည် ယုံကြည်မှုနှင့် အတွေးအခေါ်ကြားထဲတွင် စိတ်သောကရောက်နေသည်။

“ထားလိုက်တော့ ငါဘာသာ ကြည့်ကောင်းတဲ့တစ်ယောက်ယောက် ရှာပြီးပဲ အိပ်လိုက်တော့မယ်”

သူ့ပါးစပ်မှ ထိုစကားထွက်သွားပြီးပြီးချင်း ကျန်းလော်သည် သူ့အောက်မှ ကောဇောကို ခလုတ်တိုက်ပြီး ရှေ့သို့ ဟပ်ထိုးလဲကျတော့မလို ဖြစ်သွားသည်။

ပြင်းပြနက်မှောင်သော မြူနက်သည် သူ့ကို အလျင်စလိုဖမ်းလိုက်ပြီး ချက်ချင်း ဆံပင်အနက်ရောင်နှင့်လူငယ်လေးကို တင်းကျပ်စွာ ရစ်ပတ်ထားလိုက်သည်။ ထို့နောက် မြူနက်များသည် သူ့ထံသို့ ပြေးလာနေသော ပုကွကွနှင့်တစ်ယောက်ရှေ့သို့ အရှိန်အပြည့်နှင့် ရောက်ချသွားသည်။

ပုကွကွနှင့် လူသည် မြူနက်များသူ့ရှေ့ ရုတ်တရက်ကြီး ရောက်လာသောအခါ အသည်းနှလုံးအူကလီစာများ ပြုတ်ပြုတ်ပြုံး တစ်စစီ ကြွေကျမတတ် ထိတ်လန့်သွားသည်။ မြူနက်များသည် သူ့နောက်သို့ပါပျံ့နှံ့သွားသည် သူ့ကို ဝိုင်းထားလိုက်ကာ သူ့လက်ထဲမှ သက်ကယ်အဆောင်ကို ပြာမှုန့်များအဖြစ်ပြောင်းသွားစေကာ လေထုထဲ ပျံ့ကျဲသွားစေသည်။

အရပ်ပုပုနှင့်လူ၏ မျက်နှာသည် ဖြူဖျော့သွားပြီး လက်များသည် တစ်ဆတ်ဆတ် တုန်ယင်နေကာ

“ချီ ချီယုံရောက်လာပြီ မြန်မြန် ချီယုံ ပေါ်လာပြီလို့”

#############################