အပိုင်း (၉၃)
ဆက်သွယ်ရေးအခန်း
ခန္ဓာကိုယ်တစ်ခုသည် မျက်နှာကျက်မှ တွဲလောင်းကျနေပြီး ခြေထောက်များသည် ဟိုဘက်သည်ဘက် ယမ်းနေကြသည်။ထိုအရာများသည် လူတို့၏အဝတ်အစားကိုဝတ်ထားကြသော်လည်း လူဟုတ်ဟန်မတူပေ။ ခန္ဓာကိုယ်များသည် ပြာနှမ်းနေကြကာ သူတို့ဦးခေါင်းထဲမှ ဦးနှောက်များသည် ပုံမှန်ထက်ဖောင်းပွနေပုံ ပေါ်ကာ သွေးကြောများသည် လည်ပင်းမှ မျက်နှာအထိထောင်တက်နေပြီး သူတို့မျက်လုံးများသည် ပြူးထွက်နေကာ ငါးများ၏မျက်လုံးများကဲ့သို့ အပြင်ထွက်မတတ်ဖြစ်ကာ မျက်တွင်းသည် ချိုင့်ခွက်နေပြီး မျက်လုံးကသာ ပြူးနေသည်။ ထပ်ပေါင်းပြောရလျှင် သူတို့ ခန္ဓာကိုယ်ပေါ်တွင် အကျိအချွဲများဖုံးနေပြီး သူတို့ခြေဖျားအထိ ထိုအချွဲများစီးကျနေကာ သူတို့ခြေထောက်နှစ်ချောင်းကို ငါးအမြှီးများကဲ့သို့ပူးသွားစေသည်။
သူတို့၏မျက်နှာသည် ယောင်ဖောင်းနေကြကာ မျက်လုံးနှင့် နှာခေါင်းသည် ဆက်သွားတော့မတတ်ဖြစ်နေသည် ထိုသည်ကိုကြည့်ပါလျှင် လူများကို ငါးအဖြစ်ပြောင်းနေကြသည်နှင့် တူသည်၊ သူတို့၏ဝမ်းဗိုက်များသည် အမျိုးသားရောအမျိးသမီးများပါ ကိုယ်ဝန်ရှစ်လလောက်လွယ်ထားရသလို ဖောင်းကားနေကြသည်။ ငါးညှီနံ့ပြင်းပြင်းသည် တစ်နေရာလုံးပျံ့နေသည်။ ထိုသို့ကြောက်မက်ဖွယ် နေရာအနံ့အလောင်းများ ချိတ်ထားသည့် မြင်ကွင်းသည် အားလုံးကိုတအားကြောက်လန့်သွားစေပြီး ခနမျှစကားမပြောနိုင်အောင် ဖြစ်သွားစေသည်။ သင်္ဘောဝမ်းထဲတွင် လေတိုက်မနေသော်လည်း အလောင်းများချိတ်ထားသောကြိုးများသည် ဟိုသည်ယိမ်းနေကြသည်။ လုယုံရိသည် ရုတ်တရက် သူတို့နှင့် သိပ်မဝေးသော နေရာတွင် ချိတ်ထားခံရသော လူတစ်ယောက်ကို လက်ညိုးထိုးပြပြီး
“ဒါက အဲ့တစ်ယောက်က လိဝေမလား”
လိဝေ၏လက်များသည် သူ့ကိုယ်တွင်ကပ်နေပြီး သူ့ခေါင်းသည် အောက်စိုက်နေကာ သူ့ဗိုက်သည် ဘက်စ်ကတ်ဘောလုံးနှစ်လုံးလောက်ထည့်ထားသလို ပူဖောင်းနေသည်။ အလွန်ပူနေသောကြောင့် သူ့အင်္ကျီပင် အနည်းငယ် ကွဲထွက်နေသည်။ လုယုံရိသည် ဖြူဖျော့သွားပြီး ပြောလိုက်သည်။
“သူတို့အကုန်လုံးသေသွားပြီလား”
သို့သော် ဘယ်သူမှဖြေစရာမလိုစွာပင် သူ့စိတ်ထဲတွင် အဖြေသိနှင့်ပြီး ဖြစ်သည်။
‘ဒီလိုဖြစ်နေတာတောင် ဘယ်လိုလုပ် အသက်ရှင်နိုင်တော့မှာလဲ’
သင်္ဘောဝမ်းထဲတွင် နေရာအနံ့အကျိအချွဲများ အောက်သို့ တတောက်တောက်ကျနေသံကို ကြားနေရသည်။ ကျန်းလော်သည် အသက်မရှူမိအောင် မနည်းထိန်းထားရသည်။ာ သူသည်ကြမ်းပြင်ပေါ်မှ အကျိအချွဲများကို ဓာတ်မီးနှင့်ထိုးကြည့်လိုက်ပြီး လေသံတိုးတိုးနှင့်ပြောလိုက်သည်။
“လာကြ အရင်ခွမ်ကျိန်းကို သွားရှာရအောင်”
ခွမ်ကျိန်းသည် လွန်ခဲ့သော တစ်နာရီကမှ ခေါ်သွားခံရသောကြောင့် ဒီအခြေအနေသို့ မရောက်လောက်သေးပေ။ သူတို့သည် အလောင်းများအောက်မှ ဂရုတစိုက်ဖြတ်သွားကြသည်။ သူတို့နောက်ထဲသို့ ရောက်လေ ငါးညှီနံ့ပိုပြင်းလာလေဖြစ်သည်။ ထိုငါးညှီနံ့သည် အလွန်ဆိုးဝါးကာ ငါး၊ ပုစွန်နှင့် အခြားသတ္တဝါများပုပ်ထားသောရေနှင့် တချို့ရေနေအပင်များပုတ်အောင်စိမ်ထားသော ရေဆိုးရေညစ်အနံ့ကဲ့သို့ပင် သူတို့နှာခေါင်းများကို ဆွဲဖြဲနေသလို ခံစားရအောင် နံစော်နေသည်။ သူသည် သေချာသတိထားပြီး လျှောက်သော်လည်း အစိမ်းရောင်ဖြစ်နေသော ခြေထောက်တစ်စုံသည် ကျန်းလော်ပုခုံးကို ပွတ်တိုက်သွားသလို ဖြစ်သွားသောကြောင့် ကျန်းလော်သည် ရုတ်တရက် ရပ်ပစ်လိုက်သည်။ သူသည် နောက်လှည့်ပြီးခေါင်းမော့ကာ သူ့ကိုထိသွားသော အလောင်းကို သေချာမော့ကြည့်လိုက်သည်။
အလောင်းကောင်၏မျက်လုံးများသည် အပြင်ထွက်မတတ်ပြူးနေပြီး ခေါင်းမှကြိုးဆွဲချထားသလို အချိတ်ခံထားရသည်။ ကျန်းလော်သည် ထိုသူကို သေသေချာချာ စူးစိုက်ကြည့်နေသောကြောင့် သူ့နောက်မှရယ်ရွှင်က မေးလိုက်သည်။
“ကျန်းလော် ဘာဖြစ်လို့လဲ”
“ရယ်ရွှင် သူတို့တွေက ကြည့်ရတာ အလောင်းတွေဟုတ်ပုံမရဘူး”
ကျန်းလော်သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ဆို့နစ်စွာ
“သူတို့ အသက်ရှင်နေသေးတယ်ထင်တယ်”
သူ့နောက်မှ လူများသည် သင်္ဘောဝမ်းထဲရှိ ချိတ်ဆွဲထားခံရသူများကို ကြည့်၍
“...................”
ကျိုးကျုံးချိုးသည် ထိုသူများမသေဘူးဟူသော ဖြစ်နိုင်ချေကို ကြားသောအခါ ကျောရိုးထဲမှစိမ့်တတ်လာသလို ခံစားလိုက်ရပြီး သူမသည် အံ့ဩတကြီးပြောလိုက်သည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ငါခုနက သူတို့ကို သေချာကြည့်ထားတာ သူတို့လုံးဝအသက်မရှူတာ သေချာတယ်ဟ”
ကျန်းလော်သည် သူတို့ကို ကြည့်လိုက်ပြီး မေးလိုက်သည်။
“ငါးတွေဘာနဲ့အသက်ရှူတာလဲ”
သူသည် အဖြေကို မစောင့်ဘဲ သူ့ဟာသူပင် ဖြေလိုက်သည်။
“ပါးဟပ်နဲ့ရှူတာ သူတို့အတွက် နှာခေါင်းက ဒီတိုင်းအနံ့ခံဖို့ပဲ”
ရယ်ရွှင်သည် ခေါင်းညိတ်လိုက်ပြီး ထိုခန္ဓာကိုယ်များကို လိုက်ကြည့်လိုက်ကာ နဖူးမှ ချွေးများအလွှာလိုက်ထွက်လာသည်။
“သူတို့ကို ကြည့်ရအောင် အောက်ချလိုက်ကြမယ်”
သူတို့သည် မျက်နှာကျက်မှ ချိတ်ထားသော တစ်ယောက်ကို ငြင်ငြင်သာသာ အောက်ချလိုက်သည်။ ထိုခန္ဓာကိုယ်သည် သတိမရှိပေ၊ ထိုသူ၏မျက်လုံးများသည် ခြောက်ခြားဖွယ်ပြူးနေကာ သူတို့ကိုကြည့်နေသည်။ ကျန်းလော်သည် ထိုသူ၏နှာခေါင်းနားသို့ လက်ထားကြည့်လိုက်ရာ အမှန်တကယ်ပင် အသက်မရှူပေ။ သူသည် ထိုသူ၏ပါးကို လက်ဖြင့်လိုက်စမ်းကြည့်လိုက်သော်လည်း ဘာမှမတွေ့ပေ။ ကျန်းလော်သည် ထိုအချိန်တွင် ခန္ဓာကိုယ်၏လည်ပင်းတွင် တစ်ခုခုမူမမှန်သည်ကို တွေ့လိုက်သည်။ သူသည် ဂရုတစိုက်ကိုင်တွယ်ကြည့်လိုက်ရာ လည်ပင်းတစ်ဖက်တစ်ချက်စီတွင် အက်ရာတချို့ရှိနေပြီး ထိုနေရာမှ လေပူတချို့ထွက်နေသည်။
သူတို့အားလုံးသည် ကျန်းလော်၏လက်ချောင်းထိပ်နှင့် ထိနေသော ပါးဟပ်များကို ကြောင်ကြည့်နေကြသည်။ သူတို့သည် လုံးဝကို ထိုသူတို့ အသက်ရှင်နေမည်ဟု မထင်ထားကြပေ။ ထိုကဲ့သို့ အခြေအနေမျိုးနှင့် အသက်ရှင်နေသည်မှာ ဒီလူများအတွက် ကောင်းတာလားဆိုးတာလား ဘယ်သူမှမပြောနိုင်ပေ။
“သူက အသက်ရှင်နေပေမဲ့ သေနေပြီ”
ကျန်းလော်က ပြောလိုက်သည်။
“သူအသက်ရှူတာ တအား အားနည်းနေပြီးတော့ နှလုံးခုန်သံလည်း နှေးလာပြီ ဒီတိုင်းဆီု သူတစ်နာရီတောင် ခံမှာမဟုတ်တော့း”
သူသည် လက်ကိုရုတ်လိုက်ပြီး အကျိအချွဲများကို အင်္ကျီတွင်သုတ်လိုက်သည်။
“သင်္ဘောသားတွေ မင်းတို့ကို စစ်ဆေးတုန်းက အဖျားရှိမရှိဘဲစစ်တာလား”
ရယ်ရွှင်သည် စကားမပြောနိုင်ဖြစ်နေကာ သူသည် ကြိုးစားပြီး ကျန်းလော်မေးသည်ကို စဉ်းစား၍ ဖြေလိုက်သည်။
“မျက်လုံးကိုလည်းစစ်တယ်”
ကျန်းလော်သည် ဓာတ်မီးကိုင်လိုက်ပြီး ထိုလူ့မျက်လုံးကို သေချာမီးထိုးကြည့်လိုက်သည်။ မျက်လုံးများသည် ဘာဒဏ်ရာမှ မရှိသော်လည်း ပုံမှန်ထက်ပိုပြီး မြူဆိုင်းနေသလို ဖြူနေသည်။ ထို့ကြောင့် ကျန်းလော်သည် ဘာကိုမှ ဆက်စပ်တွေးမရတော့ပေ။ ထို့နောက်သူသည် တစ်ကိုယ်ထဲပြောလိုက်သည်။
“တချို့ငါးတွေက မျက်လုံးတောင်မရှိကြဘူး ရှိတဲ့ကောင်တွေကျတော့လည်း အလင်းစူးစူးကို မခံနိုင်ကြဘူး”
ကျန်းလော်သည် တစ်စုံတစ်ခု တွေးမိသွားပုံရပြီး လုယုံရိကို ဓာတ်မီးလှမ်းပေးလိုက်ပြီး သူ့ကို မီးပြခိုင်းလိုက်သည်။ ကျန်းလော်သည် ထိုမတရားခံနေရသူကို သေချာစစ်ဆေးလိုက်သည်။ နှာခေါင်းသည် ပုံပျက်မနေ၊ ကျန်းလော်သည် နှာခေါင်းကို ကျော်ပြီး ပါးစပ်ကို ကိုင်မိသွားရာ ထိုသူ၏ပါးစပ်သည် ရုတ်တရက်ပွင့်သွားသည်။ ငါးညှီနံ့ဆိုးကြီး ထွက်လာသောကြောင့် ကျန်းလော်သည် အမြန်အသက်အောင့်လိုက်ပြီး သူသည် ပါးစပ်ကိုကြည့်လိုက်ရာ ထိုသူ၏သွားများသည် အနည်းငယ်ပြောင်းလဲနေသည်။ သွားများသည် အလွန်ထက်နေပြီး ငါးမန်းများကဲ့သို့ ချွန်ထက်နေသည်။ ကျန်းလော်သည် အစက ထင်ထားသည်မှာ သွေးငါးရှဉ့်များသည် ပင်လယ်အောက်ခြေတွင် နေသော ငါးများဖြစ်သည်ဟုပင်၊
မီးရောင်သည် မတရားခံရသူ၏ ဗိုက်ဆီရောက်သွားသည်။ ဝမ်းဗိုက်သည် အလွန်ဖောင်းကားနေပြီး ကြောက်စရာအကောင်းဆုံးမှာ ဗိုက်ထဲမှ တစ်စုံတစ်ခုသည် အလင်းရောင်ကို ခံစားနိုင်ပုံပေါ်ကာ ဗိုက်ပေါတွင် ပူဖောင်းရာတစ်ခုပေါ်လားသည်။ ထိုအရာသည် အလင်းရောင်ကို တုံ့ပြန်နေပုံရသည်။
ပထမတစ်ခါ ဗိုက်ပေါ်တွင် တစ်ချက်ဖောင်းပွလာပြီးနောက် ဆက်တိုက် နှစ်ခု သုံးခု မှ လျင်မြန်စွာပင် ပူဖောင်းရာ အခု သုံးဆယ်လောက်ပေါ်လာသည်။ ထိုဗိုက်သည် ပစ္စည်းများကို ပတ်လေ့ရှိသော ပလက်စတစ်ဖောင်းကြွနှင့်ပင် တူနေသည်။ မြင်ကွင်းသည် အလွန်ထိတ်လန့်စရာကောင်းကာ စိုင်လောင်အာသည် ဗိုက်ဘေးကို ကုတ်ကုတ်လေးထိုင်ကြည့်နေပြီး အက်ရှသော အသံနှင့်ပြောလိုက်သည်။
“သူ့အစာအိမ်ထဲမှာ တစ်ခုခုရှိနေတယ်”
“ဖွင့်ကြည့်ရအောင်”
နောက်တခနတွင် ဝမ်ယမ်လန်သည် သူ့ကိုယ်ပေါ်တွင်ဆောင်ထားသော ဓားကိုထုတ်လိုက်ပြီး ကောကျူကို ဗိုက်ပေါ်သို့ မီးပြခိုင်းလိုက်သည်။
“စိတ်မကောင်းပါဘူး”
သူသည် အသံတိုးတိုးတောင်းပန်လိုက်ပြီး ဓားတစ်ချက်ထဲနှင့် ခွဲပစ်လိုက်သည်။ သူသည် မတရားခံရသူ၏ ဗိုက်ကိုဓားနှင့် ဖွင့်လိုက်ကာ ထိုသူ၏အစာအိမ်ကို ခွဲလိုက်သည်။ အနည်းငယ်ကြီးမားသော ပတ်တီးစကဲ့သို့အရာသည် ငါးညှီနံ့နံပြီး သွေးများအကျိအချွဲများနှင့် အစာအိမ်ထဲမှ ပန်းထွက်လာသည်။ ။ ထို့နောက် လက်ဝါးလောက်ရှိသော ငါးသားပေါက်များ အကောင်နှစ်ဆယ် သုံးဆယ်လောက် အစာအိမ်ထဲမှ ခုန်ထွက်လာပြီး မြေပြင်ပေါ်တွင် ထွန့်ထွန့်လူးခုန်ပေါက်နေကြသည်။ ကောကျူသည် ပါးစပ်ကို အုပ်လိုက်ပြီး မထိန်းနိုင်စွာ ပျို့တက်လာသည်။
“ဒါတွေက ဘာကြီးတွေတုန်းဟ”
ကျန်းလော်သည် ထိုအရာများခုန်တိုင်းလာလာစင်သော အကျိအချွဲများကို ရှောင်လိုက်ပြီး သားလောင်းတစ်ကောင်ကို သူ့ဓားနှင့်စိုက်လိုက်ကာ အလင်းရောင်နားကပ်ပြီး နီးနီးကပ်ကပ်ကြည့်လိုက်သည်။ ငါးသားပေါက်သည် အကြေးခွံမပါပဲ ပြောင်ချောနေပြီး ရွှံ့ထဲမှထွက်လာသကဲ့သို့ မည်းနက်နေသည်။ ပုံမှန်သားလောင်းများသည် အမြှီးမရှိတတ်သော်လည်း ဒီအရာမှာတော့ ရှိနေသည်။ သားလောင်း၏မျက်လုံးသည် တစ်ဖက်စီတွင် အလွန်ပြူးနေပြီး ထိုမျက်လုံးတို့မှာ သွေးကဲ့သို့ရဲရဲနီနေသည်။
သိသာစွာပင် ဒီအကောင်များသည် သွေးငါးရှဉ့်ပေါက်များဖြစ်သည်။ သွေးငါးရှဉ့်များသည် ထူးဆန်းစွာပင် သာမန်အရပ်သားများ၏ ခန္ဓာကိုယ်ထဲတွင် မွေးမြူထားသည်။ သွေးငါးရှဉ့်၏ ခေါင်းသည် အလွန်ကြီးကာ ဦးနှောက်သည် ဖောင်းပွလာပြီး ပေါက်ထွက်မည့်ပုံဖြစ်လာပြီး လေထိပြီး မိနစ်ဝက်အတွင်း သားပေါက်များအားလုံး သေဆုံးသွားကြသည်။ ကျန်းလော်သည် ဓားထိပ်တွင်စိုက်နေသော သားလောင်းကို လွှင့်ပစ်လိုက်ကာ မတရားခံရသော လူ၏အစာအိမ်ကို ဓာတ်မီးထိုးကြည့်လိုက်ရာ အစာအိမ်အတွင်းတွင် အကောင်မပေါက်သေးသော ငါးဥများအတွဲလိုက်အခိုင်လိုက် အစာအိမ်နံရံတွင် ကပ်နေသည်။
ဝမ်ယမ်လန်၏ မျက်နှာသည် တည်ကြည်နေသည်။
“ခွမ်ကျိန်းခန္ဓာကိုယ်ထဲမှာလဲ ဒီသောက်ဥတွေ ရှိနေမှာလား”
ကျိုးကျူံးချိုးသည် စိတ်တိုစွာဖြင့်
“ဒီအကောင်တွေ သားပေါက်ဖို့ တစ်ရက်နဲ့ တစ်ညပဲ အချိန်ယူရတာဆိုတော့..........”
“လိဝေက မနေ့ညကမှပျောက်သွားတာတောင် အခု သူ့ဗိုက်က ဒီလောက်တောင် အကြီးကြီးဖြစ်နေပြီ”
ကောကျူသည် စာရွက်လုံးနှစ်လုံးကို ဘယ်ကထုတ်လိုက်သည်မသိ။ သူသည် ထိုစာရွက်ဖြင့် သူ့နှာခေါင်းကိုကာလိုက်ပြီး အစာအိမ်ထဲမှငါးဥကို မရဲတရဲ ကြည့်လိုက်ပြီး မီးခြစ်ခြစ်လိုက်သည်။ ငါးဥများသည် အပူပေးခံလိုက်ရသောအခါ အစာအိမ်နံရံမှ ကြွေကျသွားသည်။
“မီးကြောက်တာလား”
သူတို့သည် ထိုလူ၏ဝမ်းဗိုက်ကို ပြန်ချုပ်ပေးလိုက်ကြသည်။ ငါးဥနှင့် ငါးသားလောင်းများ မရှိတော့သောအခါ ဗိုက်သည် လေလျော့သွားသော ပူဖောင်းကဲ့သို့ပင် ပိန့်ရှုံ့သွားသည်။
ဝမ်ယမ်လန်ကပြောလိုက်သည်။
“သိလိုက်ရတာကိုက တော်သေးတယ်ကွာ”
သူသည် ဓားကို သုတ်လိုက်ပြီး လူတစ်ပိုင်းငါးတစ်ပိုင်းဖြစ်နေသော မတရားခံရသူကို စိတ်မကောင်းစွာ ကြည့်လိုက်သည်။ ကျန်းလော်သည် အတွင်းပိုင်းထိ မြန်မြန်သွားကြရန် တိုက်တွန်းလိုက်ပြီး အမြန်ဝင်သွားသည်။ သူတို့အတွင်းပိုင်းရောက်လာလေလေ ချိတ်ဆွဲခံထားရသောလူများသည် အပြောင်းအလဲသိပ်မရှိသေးသည်ကို တွေ့ကြသည်။
“ခွမ်ကျိန်း”
သူတို့သည် ခွမ်ကျိန်းနာမည်ကို ခပ်တိုးတိုးခေါ်ကာ လူခွဲပြီး လိုက်ရှာကြသည်။ ထောင့်နားမှ ရုတ်တရက် ခေါက်သံသေးသေးကို ကြားလိုက်ရသည်။
သူတို့အားလုံးသည် အသံကြားရာဆီသို့ ခပ်မြန်မြန်ပြေးသွားလိုက်ကြသည်။
“ခွမ်ကျိန်းလား”
သူတို့သည် မီးလျှောက်ထိုးကြည့်ရင်း တစ်နေရာအရောက်တွင် အသံလာရာကို တွေ့သွားကြသည်။ ခွမ်ကျိန်းသည် ကြမ်းပြင်ပေါ်တွင် လည်ပင်းမှစပြီး တစ်ကိုယ်လုံးကြိုးတုပ်ခံထားရကာ လဲကျနေသည်။ သူသည် လွတ်မြောက်ရန် အပြင်းအထန်ရုန်းကန်နေသည်။
ကျန်းလော်တို့သည် ခွမ်ကျိန်းဆိုတာ သေချာသွားသည်နှင့် သူ့အနားသို့ မြန်မြန်သွားလိုက်ကြသည်။ ခွမ်ကျိန်းမျက်နှာသည် နီရဲနေကာ အမောတကောအသက်ရှူနေသောကြောင့် ချွေးများအလွန်ထွက်နေသည်။ သူသည် အိပ်ဆေးအရှိန်ကြောင့် မျက်လုံးဖွင့်ဖို့ပင် အနိုင်နိုင်ဖြစ်နေသည်။ ကျန်းလော်သည် ခွမ်ကျိန်းမျက်နှာကို ပုတ်လိုက်ပြီး
“ခွမ်ကျိန်း ခွမ်ကျိန်း ငါ့အသံကြားရလား”
ခွမ်ကျိန်းသည် ခက်ခက်ခဲခဲ အားယူပြီးခေါင်းညိတ်လိုက်သည်။ သူတို့အားလုံးသည် ခွမ်ကျိန်းခေါင်းညိတ်ပြသည်ကို မြင်လိုက်မှပင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်နိုင်တော့သည်။ ကျန်းလော်သည် ခွမ်ကျိန်းဗိုက်ကို လက်ဖြင့်စမ်းကြည့်လိုက်သည်။ အနည်းငယ်ဖောင်းနေသောကြောင့် မျက်နှာပျက်သွားသည်။
ထိုအချိန်တွင် ဝမ်ယမ်လန်သည် သူ့မျက်နှာကို မြင်ပြီးတောင့်သွားကာ ခွမ်ကျိန်းနောက်မှ ထိန်းထားသော လက်ကိုဖယ်လိုက်ကာ
“ကျန်းလော်............”
ကျန်းလော်သည် အကျိအချွဲများကပ်နေသော သူ့လက်ကိုကြည့်လိုက်သည်။ ခွမ်ကျိန်း၏ခန္ဓာကိုယ်ထဲတွင် ဥများရှိနေပြီး ထိုဥများသည် စတင်ပြီး ဖွံ့ဖြိုးလာနေပြီ ဖြစ်သည်။ လုယုံရိသည် အလွန်အမင်းဝမ်းနည်းမှုန်မှိုင်းနေသော အသံဖြင့်
“ငါတို့ ဘာလုပ်ကြမလဲ”
ကျန်းလော်သည် ဝမ်ယမ်လန်ကို ခွမ်ကျိန်းကိုယ်အားမခိုင်းလိုက်သည်။ ထို့နောက် သူသည် ခွမ်ကျိန်းနောက်ကျောကို ကြည့်ရန် သူ့အဝတ်ကို လှန်လိုက်သည်။
“စိုင်လောင်အာ မင်းနတ်ဘုရားပင့်ပြီး ခွမ်ကျိန်းကိုယ်ထဲက ဥတွေဖယ်နိုင်မဲ့နည်းမေးကြည့်ရအောင် တကယ်လို့ အဲ့လိုနည်းလမ်းမရှိဘူးဆိုရင် ငါတို့သူ့ကို ဗိုက်ခွဲပြီး ဥတွေအကုန်ဖယ်ထုတ်ပေးရမှာ”
စိုင်လောင်အာသည် မျက်ရည်ဖြိုင်ဖြိုင်ကျနေသော မျက်နှာနှင့် ကျန်းလော်ကို မော့ကြည့်လိုက်ပြီး
“ငါ ငါ ကြိုးစားကြည့်မယ်”
ရယ်ရွှင်သည် ရုတ်တရက်ထပြောလိုက်သည်။
“ရဲခေါ်ရမယ်”
သူသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ကာ
“ဒီစာမေးပွဲ အောင်တာမအောင်တာထက်ကို လူ့အသက်ကအရေးအကြီးဆုံးပဲ”
ကျန်းလော်သည် တည်ငြိမ်စွာပြောလိုက်သည်။
“ရယ်ရွှင်ပြောတာမှန်တယ်၊ ကင်းလှည့်သင်္ဘောက အပျော်စီးသင်္ဘောနောက်ကနေ ခပ်လှမ်းလှမ်းက လိုက်လာတယ်မလား ငါတို့ဒီထဲကထွက်တာနဲ့ စက်ခန်းဆီသွားပြီး သင်္ဘောသားတွေမမြင်ခင် ဆက်သွယ်ရေးစက်ကနေ ရဲတွေကိုသတင်းပို့ရမယ်”
Angoneseသင်္ဘောကြီးသည် ယခုအချိန်တွင် မည်သည့်နိုင်ငံပိုင်နက်အတွင်းမှာမှ ရှိမနေသောနေရာတွင် ကျောက်ချထားသည်။ သို့သော် ပြစ်မှုသံသယရှိနေလျှင် ကျူးလွန်ခံရသူနှင့် ကင်းလှည့်ရဲများနှင့် နိုင်ငံသားတူနေလျှင် ထိုကျူးလွန်သူကို ဖမ်းဆီးခွင့် ရှိသည်။ စက်ခန်းသည် သင်္ဘောသားများ အမြဲလိုလိုရှိနေသော အလုပ်နေရာတွင်ရှိနေပြီး ခိုးဝင်ရန်မလွယ်ကူပေ။ သို့သော် သူတို့ပထမဆုံးလုပ်ရမည့် ကိစ္စမှာ ခွမ်ကျိန်းကို ဆေးကုပေးရန်ဖြစ်သည်။ လက်ရှိနေရာသည် ဆေးကုရန်နေရာကောင်းမဟုတ်ပေ။
ထို့ကြောင့် သူတို့သည် သရဲငါးကောင်းအစီအရင်ကို သုံးကာ သင်္ဘောဝမ်းထဲမှ နေရာရွှေ့ပြောင်းလိုက်သည်။ သူတို့သည် အစီအရင်လုပ်ရန် အမွှေးနံ့သာလည်းမပူဇော်ဘဲ သရဲများကို ဆင့်ခေါ်လိုက်သည်။ ထို့ကြောင့် သရဲများသည် အလကားလိုက်ပို့လိုက်ရသောကြောင့် အလွန်စိတ်ဆိုးနေကာ သူတို့ကို အခန်းတံခါးရှေ့တွင် ပစ်ချလိုက်ပြီး ချက်ချင်းပျောက်သွားသည်။ သူတို့သည် ခွမ်ကျိန်းကို ကျောပိုးလိုက်ကာ ကျန်းလော်အခန်းထဲသို့ အကုန်လုံးဝင်သွားကြသည်။ ကျန်းလော်တို့သည် တစ်ယောက်ယောက်မြင်သွားမှာ ကြောက်၍ အခန်းထဲဝင်သည့် တစ်ချိန်လုံး ခိုးကြောင့်ခိုးဝှက်ဖြစ်နေသော်လည်း ကံကောင်းစွာ လူမမိသွားပေ။
သူတို့သည် အခန်းထဲရောက်ပြီးနောက် ခွမ်ကျိန်း၏ အသက်ရှူသံသည် တဖြေးဖြေးနှေးကွေးလာသည်။ ကျန်းလော်သည် လုယုံရိနှင့်အတူ ခွမ်ကျိန်းကို ရေချိုးခန်းထဲ ခေါ်သွားပြီး ရေချိုးကန်ထဲသို့ ရေဖြည့်လိုက်ကာ ခွမ်ကျိန်းကို ရေထဲစိမ်ထားလိုက်သည်။ ခွမ်ကျိန်းသည် ရေစိမ်ခံထားရပြီး သူ့ခန္ဓာကိုယ်၏ သန္ဓေပြောင်းခြင်း ဖြစ်စဉ်သည် အနည်းငယ်နှေးသွားသည်။ သူ့အသက်ရှူသံသည် တည်ငြိမ်လာသော်လည်း အပြည့်အဝစိတ်မချရသေးပေ။ ခွဲစိတ်ရန်ဓားအဆင်သင့်၊ အရေအသွေးမြင့် အရက်ပြန်အဆင်သင့်ဖြစ်ပြီ။ လူချမ်းသာများအခန်းသည် ပြည့်စုံသည်ထက်ပိုသည်။ ရေချိုးခန်းထဲကို ရှင်းလင်းပြီးနောက် စိုင်လောင်အာနှင့် ကျန်းလော်သာကျန်ခဲ့သည်။
ကျန်းလော်သည် လက်အိတ်စွပ်လိုက်ပြီး စိုင်လောင်အာကို ခေါင်းညိတ်ပြလိုက်သည်။ စိုင်လောင်အာသည် လက်သီးဆုပ်လိုက်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး နတ်ဘုရားဆင့်ခေါ်တေးကို စတင်သီဆိုသည်။ ကျန်းလော်သည် နတ်ဘုရားများကို ဖျော်ဖြေဆင့်ခေါ်နေသော စိုင်လောင်အာကိုကြည့်နေသည်။ စိုင်လောင်အာသည် လက်ခုပ်တီးရင်း တဖြည်းဖြည်း စည်းဝါးမကိုက်တော့ပေ။ စက္ကန့်အနည်းငယ်ကြာပြီးနောက် စိုင်လောင်အာသည် မျက်လုံးဖွင့်လိုက်သည်။ အပြာရောင်မျက်လုံးများသည် တည်ငြိမ်ရင့်ကျက်နေကာ သူ့လက်ထဲတွင် “အင်္ဂလိပ်စကားကောင်းကောင်းပြောနိုင်မည့် စကားလုံးသုံးရာ” ပေါ်လာသည်။
သူသည် ကျန်းလော်ကို ကြည့်လိုက်ပြီး
“ကျန်းကုန်းဇီ (ကျန်းသခင်လေး)”
ကျန်းလော်သည် အူကြောင်ကြောင်ဖြင့် မဝံ့မရဲပြောလိုက်သည်။
“အစ်ကိုဟေး”
ဟေးဝူချန်သည် လက်ကိုယမ်းလိုက်သောအခါ စာအုပ်သည်ပျောက်သွားသည်။
“ကျူပ်ပါ”
အဖြူရောင်ဝိဉာဉ်နှုတ်သူတစ်ယောက်နေနှင့် စိုင်လောင်အာသည် ဟေးဝူချန်ကို ဆင့်ခေါ်လိုက်သည်။
‘ဟေးဝူချန်က အသုံးဝင်ပါ့မလား’
ဟေးဝူချန်ကို နှုတ်ဆက်လိုက်ပြီး ကျန်းလော်သည် ခွမ်ကျိန်းအကြောင်းပြောပြလိုက်သည်။ ဟေးဝူချန်သည် မှင်တက်သွားပြီး မေးလိုက်သည်။
“ကျန်းကုန်းဇီ အရိုးသန့်စင်ခြင်းဆိုတာများ ကြားဖူးသလား”
ကျန်းလော်သည် ခွမ်ကျိန်းကို လှမ်းကြည့်လိုက်ပြီး
“သူ့အသားတွေကိုဖွင့်ပြီး အရိုးတွေခြစ်ထုတ်မလို့လား”
ဟေးဝူချန်သည် ခေါင်းယမ်းလိုက်ကာ
“မဟုတ်တာ”
“ကျူပ်ဘယ်တုန်းကမှ သူ့လိုဒဏ်ရာမျိုးမကုဖူးဗျ၊ ဒါပေမဲ့ မင်းပြောတဲ့အတိုင်းဆို ကုဖို့နည်းလမ်းက ရိုးရှင်းပါတယ် သူ့ကိုယ်ထဲက ဥတွေကို ဖယ်လိုက်ရုံပါပဲ၊ မင်းလုပ်ရမှာဆိုလို့ မြေအောက်ကမ္ဘာကမီးနဲ့ သူ့ခြေလက်လေးဖက်လုံးကို အရိုးထဲထိအောင် မီးတိုက်ပစ်ရမှာပဲ၊ အဲ့လိုမှ မီးစွမ်းအင်က သူ့တစ်ကိုယ်လုံး သွေးကြောတွေနဲ့ အတွင်းအင်္ဂါတွေထဲထိ ပျံ့နှံ့သွားပြီး သူ့ဝမ်းဗိုက်တစ်ခုလုံးကို သန့်စင်ပစ်လိုက်မှာ၊ ဒီလိုနဲ့ ဗိုက်အောက်ခြေကနေ အပေါ်ထိ မီးစွမ်းအင်နဲ့ဆေးလိုက်ရင် ငါးဥတွေကို သူ့ပါးစပ်ကအန်ထုတ်လိုက်လိမ့်မယ်”
ကျန်းလော်သည် သိပ်နားမလည်သောကြောင့် မေးလိုက်သည်။
“ကျွန်တော် ဘယ်လိုလုပ်ပေးရမလဲ”
ဟေးဝူချန်က ပြောလိုက်သည်။
“ကျန်းကုန်းဇီ သူ့ခြေထောက်တွေ လက်တွေကို ချုပ်ထားပေးပါ”
ကျန်းလော်သည် ခွမ်ကျိန်းခြေလက်များကို ချုပ်ထားလိုက်ပြီး ဟေးဝူချန်သည် ခွမ်ကျိန်းကို ပေါလောပေါ်နေအောင် လုပ်လိုက်သည်။ ကျန်းလော်သည် ခွမ်ကျိန်းအသက်ကောင်းကောင်းရှူနိုင်စေရန် ခေါင်းကို သေချာထိန်းကိုင်ထားသည်။
“အစ်ကိုဟေး အဆင်သင့်ဖြစ်ပြီ”
ဟေးဝူချန်သည် တည်တံ့စွာပြောလိုက်သည်။
“အိုကေ”
ကျန်းလော် “..............”
ဟေးဝူချန်သည် သူ့ကို စိုင်လောင်အာကိုယ်ထဲမှ အင်္ဂလိပ်လိုပြောလာသည်။
‘ထူးဆန်းလိုက်တာ’
ဟေးဝူချန်သည် လက်ကိုယမ်းလိုက်ရာ သ့လက်ထဲတွင် အပြာဖျော့ဖျော့ မီးတောက်လေးခုပေါ်လာသည်။ မီးတောက်လေးခုသည် ခွမ်ကျိန်း၏ခြေလက်များမှတစ်ဆင့် ကိုယ်ထဲသို့ဝင်သွားသည်။ ခွမ်ကျိန်းမျက်နှာသည် အလွန်နာကျင်နေဟန်ဖြူဖျော့သွားသည် ကျန်းလော်သည် စိတ်မကောင်းစွာသူ့ကို ဖိချထားပြီး ဟေးဝူချန်သည် ဘေးမှဓားကိုယူကာ ဓားအပေါ်ဘက်ဖြင့် ခွမ်ကျိန်း၏ဝမ်းဗိုက်ကို အောက်မှ အပေါ်အထိ ဖိတွန်းလိုက်သည်။ မမြင်နိုင်သော စွမ်းအားဖြင့် သရက်ရွက်နှင့် အစာအိမ်ကို ဖိအားပေးတွန်းထုတ်သည်။ ထိုအချိန်တွင် သွေးရောင်အကျိအချွဲများနှင့် အဝါရောင်အစာချေရည်များသည် ခွမ်ကျိန်း၏ပါးစပ်မှ ပန်းထွက်လာကာ သူ့မျက်နှာသည် ပြင်းပြင်းထန်ထန်တွန့်လိမ်လာသည်။
ခွမ်ကျိန်းသည် ရုတ်တရက်ကြီး ပြင်းပြင်းထန်ထန် ရုန်းကန်လာကာ များစွာသော အကျိအချွဲများနှင့် ငါးဥများကို အန်ထုတ်လိုက်သည်။
ဖောက်ထွင်းမြင်နေရသော ငါးဥများသည် ရေအေးထဲတွင် နှစ်မြုပ်သွားသည်။ ကျန်းလော်သည် ဖားလောင်းကဲ့သို့ သားပေါက်များ ဥထဲတွင် ကူးခတ်နေသည်ကို တောင်မြင်ရသည်။ နာရီအနည်းငယ်သာ နောက်ကျခဲ့လျှင် သူတို့သည် ခွမ်ကျိန်းကို ကယ်တင်နိုင်တော့မည် မဟုတ်ချေ။ ဟေးဝူချန်သည် ခွမ်ကျိန်းကို သုံးကြိမ်တိုင်တိုင် ဖိအားပေး၍ နောက်ဆုံး အကြည်ရောင် အကျိအချွဲများသာ အန်လိုက်ကာမှ
“ပြီးသွားပြီ”
ကျန်းလော်သည် ချက်ချင်းပင် ခွမ်ကျိန်းကို ဆွဲထိန်းထားသော လက်ကိုလွတ်လိုက်သည်။ သူ့လက်တစ်ခုလုံးချွေးစေးများထွက်နေသည်။ ဟေးဝူချန်သည် လှည့်ပတ်ကြည့်လိုက်ပြီး
“ကျန်းကုန်းဇီ မင်းတို့ဘယ်ရောက်နေတာလဲ လွန်ခဲ့တဲ့ညတွေက ကျုပ်စိုင်ကုန်းဇီကို ရှာမရဘူး”
“ကျွန်တော်တို့က ပင်လယ်ထဲရောက်နေတာ အစ်ကိုဟေး”
ကျန်းလော်သည် ဆက်ပြောလိုက်သည်။
“ဒီနေရာက အစ်ကိုဟေးတို့ ပိုင်နက်ထဲမှာ မဟုတ်လောက်ဘူးထင်တယ်”
ဟေးဝူချန်သည် သက်ပြင်းချကာ
“တကယ်ပဲ ကျုပ်တို့တာဝန်ကျတဲ့ ပိုင်နက်မဟုတ်ဘူးပဲ”
ကျန်းလော်သည် စိုင်လောင်အာ၏ အမြဲလိုလို အိပ်ငိုက်နေတတ်ပြီး သွေးမရှိသလိုဖြူဆုတ်နေတတ်သည်ကို တွေးမိသွားပြီး
“အစ်ကိုဟေး အစ်ကို စိုင်လောင်အာကို တစ်ညလုံးအလုပ်ခိုင်းလို့မဖြစ်ဘူးဗျ ညတိုင်းလိုလိုဆိုတော့ သူ့အတွက်မကောင်းဘူးဗျာ”
ဟေးဝူချန်သည် တိတ်ဆိတ်စွာနားထောင်နေပြီး အပြစ်ရှိသလိုခံစားလာရပုံပေါ်သည်။ သူသည် ကျန်းလော်စကားဆုံးသည်အထိ နားထောင်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ကျုပ်တွေးကြည့်လိုက်ပါ့မယ်၊ ကျန်းကုန်းဇီ နတ်ဘုရားတွေကို ဆင့်ခေါ်ဖို့ ခန္ဓာကိုယ်ကို အသုံးပြုတဲ့သူတွေက နတ်အရှိန်အဝါကို အကြာကြီး မခံနိုင်ဘူး၊ မဟုတ်ရင် လက်ခံသူကို အကြီးအကျယ်လောင်ကျွမ်းသွားစေလိမ့်မယ်၊ ဒါဆို ကျုပ်အရင်သွားလိုက်ပါဦးမယ်”
ကျန်းလော်သည် သူကိုကျေးဇူးတင်လိုက်သည်။ ဟေးဝူချန်သည် ခွမ်ကျိန်းကိုယ်ထဲ ထည့်လိုက်သော မီးတောက်လေးခုကို ပြန်သိမ်းလိုက်ကာ မျက်လုံးမှိတ်လိုက်သည်။ အချိန်ခနကြာပြီးနောက် စိုင်လောင်အာသည် မျက်လုံးဖွင့်လိုက်ပြီး သူသည်အလွန်အိပ်ငိုက်နေပြီး ခက်ခက်ခဲခဲမေးလိုက်သည်။
“ခွမ်....ဘယ်လိုဖြစ်သွား ... ပြီလဲ”
ကျန်းလော်သည် ပြုံးလိုက်ပြီး
“မင်းလုပ်နိုင်ခဲ့တယ်”
အဖြေကိုကြားပြီးနောက် စိုင်လောင်အာသည် သူ့ခေါင်းကို ကိုင်ပြီး လဲကျသွားသည်။ ကျန်းလော်သည် သူ့ကို အချိန်မှီလေးတင် ထိန်းလိုက်ပြီး အပြင်ဘက်တွင်စောင့်နေကြသော လူများကို ခေါ်လိုက်သည်။ သူတို့သည် မေ့မျောသွားသော နှစ်ယောက်ကို အိပ်ရာပေါ်သို့ တင်ပေးလိုက်သည်။ ရယ်ရွှင်နှင့် ဝမ်ယမ်လန်တို့သည် ခွမ်ကျိန်းကို အဝတ်များလဲပေးလိုက်ပြီးနောက် သူတို့အုပ်စုသည် ရေချိုးခန်းထဲမှ ငါးဥများနှင့် အကျိအချွဲများကို ရှင်းရပြန်သည်။
ဥများသည် ရေအေးထဲတွင် အလွန်မြန်မြန်သေသွားကြပြီး သူတို့သည် ရေထဲတွင် မရှင်သန်နိုင်ပုံပေါ်သည်။ သို့မဟုတ်လျှင် သူတို့သည် နွေးထွေးပြီး လုံနေသော နေရာ မျိုး ပြောရလျှင် လူသားဝမ်းဗိုက်ကဲ့သို့သော နေရာမျိုးတွင်သာ ရှင်သန်နိုင်ပုံရသည်။ လူသားတို့၏ခန္ဓာကိုယ်သည် သူတို့ကို အာဟာရလည်း ပေးနိုင်ပုံရသည်။ ပင်လယ်ငါးများသည် အလွန်နက်ပြီး အေးစက်သော ရေထဲတွင် ကျက်စားကြသည်။ သွေးငါးရှဉ့်သည် ပင်လယ်ငါးအမျိုးအစားဖြစ်ပြီး အဘယ့်ကြောင့် ထိုအကောင်၏ သားလောင်းများသည် ရေအေးထဲတွင် အသက်မရှင်နိုင်ရပါသလဲ။
‘သွေးငါးရှဉ့်ဥတွေက အထိမခံနိုင်လောက်အောင် ချူချာနေလို့လား’
ကြောက်စရာကောင်းသည်မှာ ဤကဲ့သို့ လူများကို မတရားလုပ်နေသည်ကို သင်္ဘောပေါ်မှ သင်္ဘောသားများ သိနေမည်နှင့် သာမန်လူများကို သွေးငါးရှဉ့်များမွေးရန် မွေးမြူရေးကန်လုပ်ရန် သွေးဆောင်လိမ်လည်သည်ကို လူချမ်းသာများက သိရက်နှင့် ခွင့်ပြုထားမည်ကို ဖြစ်သည်။
ထိုသို့သာဆိုလျှင် ဤအရာသည် လူကငါးကိုစားတာမဟုတ်တော့ဘဲ လူကလူကိုစားတာဖြစ်နေပြီပင်။ ကျန်းလော်သည် ဝမ်ယမ်လန်ကို ကြည့်လိုက်ပြီး
“ဝင်လ်တန် ရေထဲခုန်ချသွားတဲ့နေ့ကို မှတ်မိလား၊ ငါတို့သင်္ဘောသားတစ်ယောက်နဲ့ ကုန်းပတ်ပေါ်မှာ တွေ့ခဲ့တာလေ သူတို့ပြောတာ ပင်လယ်အောက်ခြေမှာ ငါးဥတွေသွားကြည့်မလို့လို့ပြောခဲ့သေးတယ်လေ”
“ငါတို့တော့ လှည့်စားခံလိုက်ရပြီ”
ဝမ်ယမ်လန်သည် စိတ်ရှုပ်စွာပြောလိုက်သည်။
“သူတို့က ငါးစာချပြီး သွေးငါးရှဉ့်ကို အပြင်ထုတ်ဖို့ သွေးဆောင်နေကြတာပဲ”
ထိုငါးစာဆိုသည်မှာ ထိုနေ့ကပျောက်သွားသော သာမန်အရပ်သားလေးဦး ဖြစ်မည်။ သူတို့တို့ပင်လယ်ထဲရောက်နေသည်မှာလည်း လေးရက်မြောက်ရက်တွင် လူလေးယောက်အတိအကျပျောက်သွားကာ ဖမ်းမိသော သွေးငါးရှဉ့်မှာလည်း ပေါင်ငါးရာကျော်သည်။ သေချာပေါက် ထိုငါးရှဉ့်သည် လူလေးယောက်ကို အငမ်းမရစားသောက်ထားသည်။ သေချာပေါက် သာမန်အရပ်သားများသည် ထိုအကြောင်းကို သိမည်မဟုတ်ပေ။ သင်္ဘောသားများကတော့ သိလိမ့်ပေမည်။ မေးစရာရှိသည်မှာ လူချမ်းသာများရော ဤကိစ္စကို သိထားသည်လား။
ကောကျူသည် ဘေးမှ တိုးတိုးလေးပြောလိုက်သည်၊
“တကယ်တော့ ငါလည်းအဲ့တာကို သင်္ဘောဝမ်းထဲမှာထဲက ဆက်တိုက်တွေးမိနေတာ၊ ကပ္ပတိန်ကလည်း သွေးငါးရှဉ့်က နောက်သုံးရက်နေမှ စားလို့ရမှာလို့ပြောတယ်လေ၊ ဆိုတော့ ငါသိချင်တာကကွာ အဲ့ဒီကျွေးမဲ့ သွေးငါးရှဉ့်က ပထမနေရာမှာဖမ်းမိတဲ့အကောင်လား ဒါမှမဟုတ် နောက်ထပ် သာမန်လူရဲ့ဗိုက်ထဲကနေ ထပ်ထုတ်လာမဲ့ နောက်တစ်ကောင်လား၊ ဥကို အကောင်ထပ်ဖောက်မှာလား”
ကျန်းလော်သည် အကောင်ထပ်ဖောက်မည်ဟုတွေးမိသော်လည်း ထိုအကြောင်းတွေးလိုက်သောအခါ ချွေးစေးများပြန်လာသောကြောင့် ပုခုံးတွန့်လိုက်ကာ
“ဘယ်သိမလဲ”
ညရောက်တော့ ခနသာအိပ်ရသေးသည် ခွမ်ကျိန်းသည် အာရုံတက်လောက်တွင် နိုးလာသည်။ သူသည် လုံးဝအားမရှိဘဲ ပျော့ဖတ်နေသည်။ ဝမ်ယမ်လန်သည် သူ့ကို ဆန်ပြုတ်တိုက်လိုက်ပြီး သူတို့အုပ်စုသည် စက်ခန်းထဲခိုးဝင်ရန် ဆွေးနွေးကြသည်၊
ဆက်သွယ်ရေးစက်ခန်းသည် အမြဲလိုလို သင်္ဘောသားများ မပြတ်တမ်းရှိနေသည်။ နောက်ဆုံးတွင် ကျန်းလော်နှင့်ကောကျူ လူချမ်းသာနှစ်ယောက်ကို ခိုးဝင်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။ သူတို့သည် ဘာမှဂရုစိုက်စရာမလိုဘဲ သင်္ဘောပေါ်လျှောက်ကြည့်ပြီး ဆက်သွယ်ရေးခန်းကို ဝင်ရောက်စနည်းနာလို့ ရပေသည်။ ကျန်းလော်နှင့် ကောကျူတို့သည် ဤအကြံသည် ဖြစ်နိုင်သည်ဟုသာ တွေးလိုက်သည်။
Angoneseသင်္ဘောကြီးသည် ကြီးမားကာ အလွန်လှပသော ဇိမ်ခံသင်္ဘောကြီးဖြစ်သည်။ သင်္ဘောသားများရာချီ ထောင်ချီရှိပြီး သူတို့အကြောင်းကို တစ်ယောက်ယောက်မှ ဖော်ထုတ်လိုက်လျှင် သူတို့သည် ထိုသူကို သတ်ပစ်ပြီး နှုတ်ပိတ်လိုက်မည် ဖြစ်သည်။
‘သေချာဂရုစိုက်မှ ဖြစ်မယ်’
နေ့လည်စာစားပြီးနောက် ကျန်းလော်နှင့် ကောကျူသည် ကပ္ပတိန်ဆီသွားကာ သင်္ဘောပေါ်လည်ပတ်ကြည့်ရှုခွင့် တောင်းဆိုလိုက်သည်။ ကပ္ပတိန်သည် ပြုံးလိုက်ပြီး
“ဒုကပ္ပတိန်ကို သေချာလိုက်ပြပေးဖို့ ထည့်ပေးလိုက်ပါ့မယ်”
ဒုကပ္ပတိန်သည် ရှေ့တိုးလာပြီး ချိုသာစွာပြုံးပြလိုက်ကာ
“မစ်စတာကျုံး၊ မစ်စတာလု ကျွန်တော့နောက် လိုက်ခဲ့ပေးပါ”
လမ်းတလျှောက်လုံးတွင် ဒုကပ္ပတိန်သည် ဟာသများပြောရန်ကြိုးစားသော်လည်း သူသည် ကျန်းလော်နှင့် မျက်လုံးချင်းဆုံလိုက်တိုင်း ငေးငေးသွားသည်။ သူသည် ကျန်းလော်သူ့ကို ကစားသွားသည်ကို ကြောက်နေသောကြောင့်သာမဟုတ်ပဲ သူသသည် ကျန်းလော်ကို မြင်လိုက်တိုင်း စိတ်လှုပ်ရှားလာသောကြောင့်ပင်။
ကျန်းလော်သည် သူ့ကို နည်းနည်းမှ စိတ်မဝင်စားပေ။ သူသည် ကမ္ဘာလှည့် ခရီးသွားများကဲ့သို့ ဟာဝေယံရှပ်နှင့် ဘောင်းဘီတိုအဖြူကို ဝတ်ထားကာ နေကာမျက်မှန်တပ်ထားပြီး လက်နောက်ပစ်လျက် အေးအေးဆေးဆေးပြုံးရင် လိုက်သွားသည်။ သူသည် ကောင်လေး ကောင်မလေးလှလှများကို တွေ့လျှင် နေကာမျက်မှန်ချွတ်ပြီး မြူဆွယ်သလို ပြုံးပြလိုက်သေးသည်။
ကျန်းလော်သည် သူ့ကိုလိုက်ကြည့်နေပြီး စိတ်သက်သာသွားသည်။ သူတို့နှစ်ယောက်သည် နေရာတော်တော်များများသို့ သွားခဲ့ကြပြီး သူတို့သည် လမ်းတွင် ကုန်းပတ်ထောင့်နားရှိစားပွဲတွင် အစားစားနေကြသော သင်္ဘောသားနှစ်ယောကို တွေ့ကြသည်။
စားပွဲပေါ်တွင် အနီရောင်အသားများထည့်ထားသော ပန်းကန်ကြီး နှစ်ချပ်ရှိကာ ငါးတွေလား အမဲသားတွေလား မသိပေ။ ဟင်းခတ်အမွှေးအကြိုင်များထည့်ထားပြီး တောက်တောက်စင်းထားသော အသားများကို အစိမ်းအတိုင်းလုံးထားသည်။ ခရမ်းချဉ်သီးဆော့စ် တစ်ပန်းကန်လဲရှိပြီး ထိုလူနှစ်ယောက်သည် ပလုတ်ပလောင်းစားနေကြကာ သူတို့ပါးစပ်ထောင့်များသည် သွေးကဲ့သို့ နီရဲလာသည်။ သင်္ဘောသားနှစ်ယောက်သည် သူတို့ကိုမြင်သောအခါ နွေးထွေးစွာနှုတ်ဆက်လိုက်ကြပြီး
“ဒုကပ္ပတိန်နဲ့ လူကြီးမင်းတို့ စားကြပါဦး”
သူတို့ပြောရင်း ဝါးနေကြသည်။ ကျန်းလော်သည် အသားပုံကြီးကို ကြည့်၍ မနေ့ညကမြင်ခဲ့သော သင်္ဘောဝမ်းထဲတွင် ချိတ်ထားသော ခန္ဓာကိုယ်များကို မြင်ယောင်လာကာ
“ကျေးဇူးတင်ပါတယ် မစားတော့ပါဘူး”
ကောကျူသည်လည်း ယဉ်ကျေးစွာငြင်းလိုက်သည်။
ဒုကပ္ပတိန်သည် အလုတ်အကြီးကြီး နှစ်လုတ်လောက်ဝါးလိုက်ပြီး သူတို့ကို ရှေ့ဆက်ပြီးလိုက်ပြလိုက်သည်။ သူတို့သည် ကြည့်သင့်ကြည့်ထိုက်သည် အားလုံးကို ကြည့်ပြီးနောက် ဒုကပ္ပတိန်သည် နောက်ဆုံးတွင် ဆက်သွယ်ရေးခန်းကို လိုက်ပြသည်။
ကောကျူသည် ဆက်သွယ်ရေးအခန်းသို့ ဝင်လိုက်သည်နှင့် သူ့ကိုယ်သူပစ်လှဲချပစ်လိုက်ကာ လက်သည် ဗိုက်ကိုကိုင်ပြီး နာကျင်စွာအော်ဟစ်လိုက်သည်။ သူ့ပုံစံသည် အလွန်နာကျင်နေပုံဖြင့် တကိုယ်လုံးတွန့်လိမ်နေသည်။ ကျန်းလော်သည် အလွန်စိတ်ပူသွားပုံ ဟန်ဆောင်ကာ
“အူအတက်လား၊ တစ်ယောက်ယောက် မစ်စတာလုကို မြန်မြန်လေး ဆရာဝန်ဆီခေါ်သွားပေးလိုက်ပါ”
ဒုကပ္ပတိန်နှင့် ဆက်သွယ်ရေးခန်းမှ သင်္ဘောသားတစ်ယောက်သည် ကောကျူကို သယ်ပြီး ဆရာဝန်ဆီသွားပို့ကြသည်။ ဆက်သွယ်ရေးအခန်းထဲတွင် နောက်ထပ်တစ်ယောက်ရှိနေကာ ကျန်းလော်သည် ထိုသူ့ထံ လျှောက်သွားလိုက်ပြီး စကားထိုင်ပြောနေသည်။ သင်္ဘောသားသူ့ကို မကြည့်တော့သည့်အချိန်တွင် သူသည် ထိုသူကို ရိုက်ချလိုက်သည်။ သူသည် အားအနည်းငယ်သာ သုံးထားသောကြောင့် သင်္ဘောသားသည် မိနစ်အနည်းငယ်သာ မေ့နေလိမ့်မည်။
ကျန်းလော်သည် ထိုသူမေ့သွားသည်နှင့် ဆက်သွယ်ရေးခန်းမှ ဆက်သွယ်ရေးစက်ကို ရဲကင်းနှင့် ချိတ်ရန်ကြိုးစားသည်။ သူအောင်မြင်လုနီးနီးအချိန်တွင် သင်္ဘောသားသည် နိုးလာပြီး ခေါင်းထောင်လာသည်။ ကျန်းလော်သည် ချက်ချင်းဆက်သွယ်ရေးစက်ကို ပိတ်လိုက်ပြီး ထိုသူထံသို့လျှောက်သွားလိုက်သည်။
သူသည် ထိုသူကိုကြည့်လိုက်ပြီး တိုးတိုးပြောလိုက်သည်။
“အဆင်ပြေရဲ့လား၊ ဘာလို့ရုတ်တရက်ကြီး အိပ်ပျော်သွားတာလဲ”
သင်္ဘောသားသည် နဖူးကိုပွတ်လိုက်ပြီး ဘာလို့ ရုတ်တရက်ကြီး အိပ်ပျော်သွားလဲ သိချင်စွာဖြင့်
အနည်းငယ်ရှုပ်သွားသည်။ သူသည် ကျန်းလော်ကို ကြည့်လိုက်ပြီး
“ကျေးဇူးတင်ပါတယ်ဆရာ ကြည့်ရတာ ကျွန်တော်နည်းနည်း ပင်ပန်းသွားလို့ထင်တယ်”
နေကာမျက်မှန်အောက်မှ ကျန်းလော်မျက်လုံးများသည် အရပ်ရှည်ရှည်နှင့် ရုပ်ရည်မဆိုးသော သင်္ဘောသားကိုကြည့်၍ အကြံကောင်းတစ်ခုရလိုက်သည်။
ကျန်းလော်သည် စားပွဲကို မှီလိုက်ပြီး ခြေထောက်နှစ်ဖက်ကို ဆန့်လိုက်ကာ ပျင်းတိပျင်းရွဲအမူအယာနှင့် သင်္ဘောသားနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူသည် နေကာမျက်မှန်ကို ချွတ်ပစ်လိုက်ကာ လှပသော ဇာမဏီမျက်လုံးနှင့် ဆွဲဆောင်မှုရှိရှိပြုံးလိုက်ပြီး
“နာမည်ဘယ်လိုခေါ်လဲ”
သင်္ဘောသားသည် မှင်တက်သွားပြီး ရှက်ရွံစွာ
“ကျွန် ကျွန်တော်က တန့်နီးအာ”
“တန်းနီးအာ”
ဆံပင်အနက်နှင့်ကောင်လေးသည် ခေါင်းညိတ်လိုက်ပြီး သူ့လက်ချောင်းရှည်ရှည်များနှင့် နေကာမျက်မှန်ကို ကစားနေကာ
“မင်းမှာ ကောင်မလေးရှိလား”
တန်းနီးအာသည် ကြောင်သွားပြီး စကားပြန်မပြောနိုင်တော့ပေ။ သူသည် လှပသောဧည့်သည်တော်မှ သူ့ကို စနောက်နေသည် ထင်နေသည်။
“ကောင်လေးရော ရှိလား”
သင်္ဘောသားသည် ရှက်သွေးဖြာသွားပြီး
“ဘာမှ မရှိပါဘူး”
“ဒါဆို”
ကျန်းလော်သည် ခေါင်းညိတ်လိုက်ပြီး အကြောင်းအရာတစ်ခုပြောင်းမေးလိုက်သည်။
“ရွက်လွှင့်တာကနေ အချိန်ဘယ်လောက်လောက် အားလပ်ရက်ယူလဲ”
ဘဝအကြောင်းမှ ဝါသနာအထိ ထိုသို့ပြောနေကြခြင်းသည် ရိုးရှင်းသည်ထင်ရသော်လည်း ကျူပင်ကို လေတိုက်သွားသကဲ့သို့ပင် အလွန်မြန်ဆန်လွန်းပြီး လူတစ်ယောက်ကို အကွက်ချလှည့်စားနေခြင်းပင် ဖြစ်သည်။ ကျန်းလော်သည် ထိုလူကို ကျီစယ်မြူဆွယ်နေပြီး အခြားအကြောင်းအရာများ လျှောက်မေးနေရင်း ရုတ်တရက် အစကမေးခဲ့သော မေးခွန်းကို ပြန်မေးလိုက်သည်။
“ယောက်ျားလေးကြိုက်လား မိန်းကလေးကြိုက်လား”
တန့်နီးအာသည် ဗိုက်ဆာနေပုံပေါ်ပြီး သူသည် စိတ်လှုပ်ရှားစွာ ရေတစ်ငုံမြိုချလိုက်သည်။
“ကျွန်တော် ကျွန်တော် မသိဘူး”
ကျန်းလော်သည် တန့်နီးအာမေးစေ့ကို မျက်မှန်ကိုင်းနှင့် ပင့်လိုက်ပြီး ပြုံးပြလိုက်ကာ
“ဒါဆိုလည်း ဒီည အားလား”
ကျန်းလော်ရည်ရွယ်ချက်သည် ရှင်းလင်းနေကာ တန့်နီးအာသည် အထစ်ထစ်အငေါ့ငေါ့နှင့် ခေါင်းညိတ်ပြလိုက်သည်။ သူ့မျက်နှာတွင် နှမြောတသမှုများပေါ်လာပြီး
“စိတ်မကောင်းပါဘူးဗျာ ကျွန်တော့်မှာ ဒီည ဂျူတီရှိတယ်ဗျ”
ကျန်းလော်သည် ထိုသူဒီညတာဝန်ကျမှန်း သိပြီးဖြစ်သည်။ သူသိထားသောကြောင့် ဤအကြံထွက်လာခြင်းဖြစ်သည်။ ကျန်းလော်သည် တိတ်တိတ်လေးပြုံးလိုက်ပြီး နောင်တရသွားပုံဖြင့် နေကာမျက်မှန်ယူလိုက်ကာ
“စိတ်မကောင်းစရာပဲ”
ကျန်းလော်သည် ထရပ်လိုက်ပြီး လှည့်ထွက်လိုက်သည်။ တန့်နီးအာ၏မျက်လုံးသည် ကျန်းလော်နောက်သို့ပါသွားပြီး စိတ်ဓာတ်ကျသွားသည်။ ထိုအချိန်တွင် ဆံပင်အနက်နှင့် လူငယ်သည် တံခါးရှေ့တွင် ရပ်လိုက်ပြီး နောက်လှည့််ကြည့်လိုက်ကာ
“ဒါမှမဟုတ် ကိုယ်မင်းကို ညကျရင် ဒီမှာလာတွေ့မယ်လေ”
နေ့လည်ခင်းနေရောင်သည် သူ့ကိုယ်ပေါ်သို့ ဖြာကျနေကာ ကျန်းလော်တကိုယ်လုံးသည် တလက်လက် တောက်ပနေသည်။ တန့်နီးအာမျက်နှာသည် ဝင်းလက်သွားပြီး ထရပ်လိုက်ကာ ပျော်ရွှင်မှုကို ထိန်းချုပ်၍
“ကျွန်တော်က ဒီမှာပဲတာဝန်ကျတာပါ လူကြီးမင်း ဒီကို လွပ်လွပ်လပ်လပ် ဝင်လာလို့ရပါတယ်”
ကျန်းလော်သည် နှုတ်ခမ်းပင့်လိုက်ပြီး သူ့ကို ပန်းများပွင့်လာသလို ပြုံးပြလိုက်သည်။
အပြင်ဘက်ရောက်ပြီးနောက် သူ့အပြုံးသည် ချက်ချင်းပျောက်သွားသည်။ ထောင့်တစ်နေရာကို ဖြတ်သွားသောအခါ သူသည် အမှိုက်ပုံးတွေ့လိုက်သောကြောင့် ထိုသင်္ဘောသား၏ မေးစေ့နှင့် ထိထားသော မျက်မှန်ကို လွှင့်ပစ်လိုက်သည်။
ဆက်သွယ်ရေးအခန်းထဲတွင် တန့်နီးအာသည် ထွက်သွားသော ကျန်းလော်ကို လိုက်ကြည့်နေသည်။ သူသည် သွားရည်တမြားမြားကျနေကာ ဆာလောင်စွာကြည့်နေသည်။ တန့်နီးအာသည် သွားရည်များကို ပွတ်ဆွဲပြီး သုတ်လိုက်ကာ သူ့ထိုင်ခုံပေါ်သို့ ဖြေးဖြေးချင်းထိုင်ချလိုက်ပြီး ပွစိပွစိရွတ်နေသည်။
“အရမ်းဆာတယ် ဗိုက်အရမ်းဆာတယ်..........................”
###############################################