အပိုင်း (၈၉)
အရောင်းပစ္စည်း ပြပွဲ
ကျန်းလော်သည် သရဖူကတ်နှစ်ကတ်နှင့် ပွဲတစ်ခုလုံးကို လှည့်ပတ်ကစားသွားသည်။ သူသည် ပထမဆုံး လုယုံရိနှင့် ကောကျူကို သခင်ကတ်ကိုင်ထားကြောင်း ဖော်ထုတ်လိုက်သည်။ ထို့ကြောင့် လူများသည် လုယုံရိကို သာမန်လူဖြစ်တာနှင့် သွားမရှုပ်ရဲပေ။ သူတို့သည် သူတို့သူငယ်ချင်းများကို ကိုယ်ပိုင် အစေခံအဖြစ် သတ်မှတ်ပြီး ကာကွယ်လိုက်ကြသည်။ ထီု့နောက် သူသည် လုယုံရိ၏ ကတ်ကိုယူလိုက်ပြီး ကောကျူကိုပေးလိုက်ကာ နောက်ထပ်လူသုံးယောက်ကို ကာကွယ်ရန်ပေးလိုက်သည်။ သူတို့ ရှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက်မသိချင်ယောင်ဆောင်နေကြသောကြောင့် လူချမ်းသာအုပ်စုသည် သာမန်လူတစ်ယောက်နှင့် ကတ်လဲသုံးလိမ့်မည်ဟု မတွေးခဲ့ပေ။ သို့မဟုတ် ထိုကတ်ကို သာမန်လူများကို ကာကွယ်ရန်သုံးမည်ဟုလည်း မတွေးနိုင်ခဲ့ပေ။
ဒီလို မည်းနက်ကြောက်စရာကောင်းတဲ့ စည်းမျဥ်းနှင့် ကစားပွဲတွင် လူတိုင်းသည် သူတို့ကိုသူတို့ ကာကွယ်ဖို့ကလွဲရင် ဘယ်သူ့အကြောင်းကိုမှ စိတ်မဝင်စားအားပေ။ အကယ်၍ သူတို့ ကာကွယ်နိုင်ရင်တောင် လုပ်ပေးမှာ မဟုတ်ပေ။ ကျန်းလော်သည် နောက်ဆုံးလှည့်ကွက်သည် လည်းအလုပ်ဖြစ်ခဲ့သည်။ သူ့လက်ထဲမှ သခင်ကတ်ကို တခြားသူကိုပေးနိုင်လေသည်။ နံရံပေါ်တွင်ထိုသို့လုပ်နိုင်သည်ဟုရေးမထားပေ။
‘မရေးထားမှတော့ ရတယ်လို့ပြောတာပဲ မဟုတ်ဘူးလား’
မကောင်းဆိုးဝါးသည် သူ့ရှေ့မှ သခင်ကတ်ကို ကြည့်ပြီး ကြောင်နေသည်။ မြူများပျောက်သွားပြီးနောက် မငြင်သာသော ခံစားမှုတချို့ကို မသက်မသာခံစားလိုက်သည်။ ဆံပင်အနက်နှင့်ကောင်လေး၏ လက်ချောင်းများသည် လုံးဝန်းနေပြီး သေသပ်နေသည်။ ဖြူဝင်းသန့်ရှင်းနေကာ လက်ချောင်းထိပ်သည် သရဖူထိပ်ရှိ ပြုတ်လုဆဲဆဲ ရတနာကို အသာအယာ ပွတ်နေသည်။
ထို့နောက် သူသည် ပြုံးလိုက်ပြီး
“ငါမင်းကို ရွေးချယ်စရာ တစ်ခုပေးမယ်”
“ဒါပေမဲ့ ကျုပ်တို့ရဲ့ ဒုကပ္ပတိန်ကြီးကတော့ ကိုယ့်လမ်းကို မသွားဘဲ အမြဲတမ်းဝင်ရှုပ်နေတော့တာပဲ”
သူသည် ပုခုံးတွန့်လိုက်ပြီး သက်ပြင်းချလိုက်ကာ ရုတ်တရက် လက်ခုပ်တီးလိုက်ပြီး ပြောသည်။
“ခင်များရဲ့ သတ္တိကောင်းမှုကတော့ ကျုပ်ဖြင့် မလေးစားပဲ မနေနိုင်အောင်ပဲဗျာ”
လူအုပ်ကြီးသည်ထိုစကားကို ကြားလိုက်ပြီး စကားပုံတစ်ခုကို သတိရသွားသည်၊
“မင်းရဲ့မိုက်မဲမှုက ကျွန်ုပ်ကို စိတ်ပျက်သွားစေတယ်”
ထို့နောက် ကျယ်လောင်သော ရယ်သံကြီ ဟိန်းနေအောင် ထွက်လာသည်။ မကောင်းဆိုးဝါးသည် ရယ်လိုက်ကာ သူ့နှုတ်ခမ်းသည် ကော့တက်သွားပြီး
“ဘာလုပ်မလို့လဲ ကိုယ်နည်းနည်းတောင်ကြောက်လာသလိုပဲ”
သူ့ပါးစပ်ကသာ ကြောက်တယ်ပြောသော်လည်း သူ့ပုံစံသည် တစ်စက်မှကြောက်ပုံမပေါ်ပေ။ ကျန်းလော်သည်ပြုံးလိုက်ပြီး ကိုင်ထားသောကတ်ကို အိတ်ထဲပြန်ထည့်လိုက်ကာ လှည့်ပြီးပြောလိုက်သည်။
“လာပါ ကျုပ်နောက်ကလိုက်ခဲ့ မစ်စတာ အ စေ ခံ ကြီး”
မကောင်းဆိုးဝါးသည် သိချင်စွာ ရယ်လိုက်ပြီး
“ဘယ်ကို”
ဆံပင်အနက်နှင့်ကောင်လေးသည် သူ့ကို နောက်လှည့်ကြည့်လိုက်ကာ ဂုတ်မှဆွဲလိုက်ပြီး
“ဖျော်ဖြေပွဲ စင်ပေါ်မှာ မင်းဆိုတဲ့ကောင်ကို ဆွဲဖြဲမလို့လေ လာ လာ အစေခံလေး”
ချီယုံသည် မျက်လုံးများလက်လာပြီး သူ့နောက်မှ တည်ကြည်စွာ လိုက်သွားသည်။
ကျန်းလော်၏လမ်းကြောင်းတွင် အဝလွန်နေသော အနီရောင်ဝတ်စုံကို တစ်ထုပ်နေအောင်ဝတ်ထားသည့် တော်ဝင်အမျိုးသမီးတစ်ယောက် ပိတ်ရပ်လိုက်သည်။ သူမ၏ခန္ဓာကိုယ်နှင့်ဝတ်စုံသည် တင်းကျပ်နေပြီး မိတ်ကပ်ထူထူကြီးလိမ်းထားကာ သွားရည်တမြားမြားကျနေသော မျက်နှာနှင့် အစေခံဖြစ်သွားသော ရွှေအိုရောင်ဆံပင်နှင့် လူကို ကြည့်နေသည်။
“မစ်စတာ ကျွန်မရှင့်အစေခံကို ဝယ်မယ် ရှင်လိုချင်တဲ့စျေးပြောနိုင်တယ်”
ကျန်းလော်သည် မျက်ခုံးပင့်လိုက်ပြီး အူလိုက်သည်းလိုက်ရယ်လိုက်သည်။ သူ့ရယ်သံသည် ကြားရသူတိုင်းကို မွန်းကြပ်သွားစေပြီး သူသည် နောက်လှည့်လိုက်ကာ ချီယုံ၏နက်ခ်တိုင်ကို ဆွဲပစ်လိုက်ကာ
“မဒမ် သူ့အကြောင်းပြောနေတာလား”
နက်ခ်တိုင်သည် အလွန်တင်းကျပ်နေပြီး သူ့ကော်လာမှ ကြယ်သီး ပြုတ်ထွက်သွားစေသည်။ မကောင်းဆိုးဝါး၏လည်ပင်းတွင် နီရဲနေသော အကြောင်းကြီးပေါ်လာသည်။ အမျိုးသမီးသည် ထိုလှပသော လည်ပင်းကောက်ကြောင်းကိုကြည့်ပြီး တံတွေးမျိုချလိုက်သည်။ ထို့နောက် ချက်ချင်းပင်
“ကျွန်မရှင့်ကို ဂဏန်းခုနှစ်လုံးပေးမယ်”
ကျန်းလော်သည် ခေါင်းမော့ပြီး သူ့ရင်ဘက်များလှုပ်သွားသည်အထိ ရယ်လိုက်သည် ။ ချီယုံ့နက်ခ်တိုင်ကို ဆွဲထားသော သူ့လက်များပင် တုန်နေသည်။ ဆံပင်များသည် ဒုကပ္ပတိန်၏ ဖြူဖွေးနေသော ဝတ်စုံပေါ်သို့ တဖက်ဖက်ရိုက်နေသည်။ မသိလျှင် တမင်တကာ ပျော်ပျော်ကြီး ရယ်နေသည့်အတိုင်းပင်။
“ခုနှစ်လုံးတောင်လား ကျူပ်တော့ ခင်များကို ဂဏန်းခုနှစ်လုံးတောင် ပေးဝယ်မဲ့သူရှိတာ ယုံတောင်မယုံနိုင်ဘူးကွာ ဟား ဟား”
မကောင်းဆိုးဝါးသည် လူငယ်လေးသူ့ကို လှောင်နေသည်ကို စိတ်ထဲမထားပေ။ သူသည် ကျန်းလော်ကို ‘မနိုင်နိုင်ဘူး’ဟူသော အကြည့်တစ်ချက်ပေးလိုက်ပြီး အမျိုးသမီးကိုမူ သေစေနိုင်လောက်သော အကြည့်နှင့်ကြည့်လိုက်သည်။ ကျန်းလော်သည် မောသွားအောင်ရယ်လိုက်ပြီး မတ်မတ်ပြင်ရပ်လိုက်သည်။ ထို့နောက် ချီယုံ့နက်ခ်တိုင်ကို လက်နှစ်ဖက်ဖြင့် ကိုင်လိုက်ပြီး ရောင်းမည့်ပစ္စည်းကို သေချာပြသည့်ပုံဖြင့်
“မဒမ် ကျွန်တော့်အစေခံအကြောင်း သေချာရှင်းပြပါရစေ”
ကျန်းလော်သည် ထိုလူ၏ဆွဲဆောင်မှုရှိသော လည်ပင်းနှင့် လိပ်ပြာရိုးကို ဖော်ပြလိုက်ပြီး လက်ချောင်းနှင့်ပွတ်ဆွဲလိုက်ကာ
“မဒမ်တစ်ယောက်ပဲ ဒီအစေခံရဲ့ ရှုမငြီးသွားမဲ့ တောင့်ဖြောင့်နေတဲ့ အတွင်းပိုင်းကို မြင်ခွင့်ရှိမှာနော် သူ့လည်ပင်းကို ကြည့်လိုက်ပါဦး ရှည်လိုက်တာမှပဲ သူ့ပုခုံးတွေဆိုလည်း တအားကို ကျယ်တာနော် မဒမ်အရွေးမမှားမှာ သေချာတယ်”
သူ့လက်သည် ဖြည်းဖြည်းချင်းအောက်ဆင်းသွားပြီး
“ကျူပ်အစေခံက လူနည်းနည်းမှာပဲ ရှိနိုင်တဲ့ ငါးပေကိုးလက်မအရပ်နဲ့နော် ကြွက်သားတွေလည်း အရမ်းကို တောင့်တင်းနေတာှဗျာ သူ့အဝတ်ပေါ်ကနေကိုင်လိုက်ရတဲ့ လက်တောင်မှ ခံစားလို့ကောင်းလိုက်လဲဆိုရင် ခွာတောင်မခွာချင်တော့ဘူးဗျာ ကြည့်ရတာ နေ့တိုင်းလေ့ကျင့်ခန်းပုံမှန်လုပ်ပုံရတယ်”
ကျန်းလော်အသံသည် ရယ်မြူးရိပ်အပြည့်နှင့် ပြုံးနေပြီး သူ့နှုတ်ခမ်းနှင့် မျက်လုံးထောင့်များသည် အပျော်လွန်နေဟန် အပေါ်ကို ကွေးတက်နေကြသည်။
“သေချာကြည့်လိုက်ရင် မဒမ်ရဲ့လိုအပ်ချက်အကုန် ဖြည့်ဆည်းပေးနိုင်မဲ့ လှပတဲ့သိုးငယ်လေးလို့ မထင်ဘူးလား”
မကောင်းဆိုးဝါးသည် ခေါင်းငုံ့လိုက်ပြီး ကျန်းလော်ကို မျက်လုံးနက်နက်များနှင့် စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှာ မီးသာရှိလျှင် ကျန်းလော်တကိုယ်လုံး ချက်ချင်း လောင်ကျွမ်းသွားလောက်သည်။ သို့သော် ယခုတွင် ကျန်းလော်သည် သူ့ကိုထိထားသောကြောင့် သူ့ခန္ဓာကိုယ်သည် အလွန်ပူလာသည်။ ဆံပင်အနက်နှင့်ကောင်လေးသည် ဆက်လက်ပြီး
“ဟမ် အိုး ဒီမှာ အရမ်းမိုက်တဲ့ ပေါင်မုန့်တုံးတွေရောရှိတာပဲ”
သူ့လက်များသည် ရောင်းရမည့် ကုန်ပစ္စည်းကို သေချာကိုင်ကွယ်ပြနေသော ပွဲစား၏ လက်များကဲ့သို့ပင်။ ရွှေအိုရောင်ဆံပင်နှင့်လူသည် ကျန်းလော်လက်များကြားတွင် လုံးလုံးလျားလျားတစ်ကိုယ်လုံး အဝတ်များကျွတ်သွားတော့မည်။ သို့သော် သူတို့နှစ်ယောက်သည် ကြည့်လိုက်လျှင့် ကြည့်သူများရှက်သွေးဖြာသွားလောက်အာင် စိတ်ကြွစေသော အိပ်ရာပေါ်မှ အခန်းများလိုပင် ပူနွေးပြီး ကြည့်ပြီးရင်းကြည့်ချင်လာအောင် ဆွဲဆောင်နေသည်။
အမျိုးသမီးသည် ရှက်သွေးဖြာနေပြီး ကျန်းလော်လက်ချောင်းများကို ရီဝေဝေနှင့် လိုက်ကြည့်နေသည်။ သူမအာရုံသည် အစေခံဆီမှ ကျန်းလော်လက်များဆီ ပြောင်းသွားသည်။ ထိုအကြောပြိုင်းပြိုင်းထပြီး ဖြူဖွေးရှည်လျားသော လက်ချောင်းများသည် အစေခံ၏ခန္ဓာကိုယ်ပေါ်တွင် ကခုန်နေသကဲ့သို့ပင်၊ သူတို့ကို ကြည့်လေကြည့်လေ ထိုလက်ချောင်းများကို တစ်ခါလောက်ထိကြည့်ချင်လာလေ ဖြစ်နေသည်။ ထိုသို့များထိလိုက်ရလျှင်ဖြင့် သေလျှင်တောင် နောင်တမရတော့ဟု တွေးနေသည်။
ဆံပင်အနက်နှင့် ကောင်လေး သူ့ကိုယ်ပေါ်မှ လက်ကိုရုတ်လိုက်သည်နှင့် ချီယုံ့လည်စိသည် အထက်အောက်လှုပ်ခတ်သွားပြီး သူ၏ဆွဲဆောင်မှုရှိသော လည်ပင်းမှချွေးများစီးကျလာသည်။
“မဒမ်”
ကျန်းလော်သည် ငေးနေသော အမျိုးသမီးကိုပြုံးလိုက်ပြီး ခေါ်လိုက်ကာ
“ခင်များမှာ တကယ်ကောင်းတဲ့အမြင်ရှိနေတာပဲဗျာ သူ့ကို ဂဏန်းခုနှစ်လုံးပေးဝယ်တာက ကျုပ်အာမခံတယ် မဒမ်လုံးဝအရှုံးမရှိစေရဘူး”
အမျိုးသမီးသည် သူ့အကြည့်အောက်တွင် ရှက်သွားပြီး အထစ်ထစ်အအဖြင့်
“ရှင်သာ ကောင်းမယ်ထင်......ရင်....”
“ဒါပေမဲ့ အခုကတော့ ကျုပ်သူ့ကို မရောင်းချင်သေးဘူးဗျာ”
ဆံပင်အနက်နှင့် လူငယ်သည် စကားဖြတ်ပြောလိုက်ပြီး မကောင်းဆိုးဝါးကို ပိုင်ဆိုင်ကြောင်းဖော်ပြရန် နက်ခ်တိုင်ကိုဆွဲလိုက်ပြီး ဝမ်းနည်းစွာပြုံးလိုက်ကာ
“ဒါပေမဲ့ ကျုပ်သူနဲ့ဆော့လို့ပျင်းသွားတဲ့ထိ စောင့်နိုင်ရင် ရောင်းပေးလိုက်မယ်”
ထို့နောက်သူသည် အစေခံကို ဆွဲ၍ စင်ပေါ်သို့ တက်သွားသည်။ အမျိုးသမီးများသည် မျက်နှာဖုံးအောက်မှ လူငယ်လေးကို ကြည့်ပြီး ရှက်သွေးဖြာကာ ရင်ခုန်ပြီး လူငယ်လေးနောက်ကျောကို လိုက်ငေးနေသည်။ သူမသည် ထိုသခင်လေးသည် သူ့အစေခံထက်ပိုစိတ်ဝင်စားဖို့ကောင်းပြီး ဆွဲဆောင်မှုရှိမှန်း သိသည်။ ချီယုံသည် ဝမ်းနည်းမှုပြည့်နေသော အသံဖြင့်
“ကိုယ့်ကို တကယ်ကြီး သူများဆီပေးပစ်မှာလား”
ကျန်းလော်သည် ကြိုးကိုတင်းနေအောင် ဆွဲလိုက်ကာချီယုံကိုဆွဲချလိုက်ပြီး သူ့မျက်နှာကို ဖိလိုက်သည်။ နှလုံးသားမည်းနက်နေသော လူတစ်ယောက်ကဲ့သို့ အေးစက်သောအပြုံးနှင့် မကောင်းဆိုးဝါး၏ မျက်နှာဘေးနားသို့ တံတွေးထွေးလိုက်သည်။
“မင်းကငါ့ကို ဂဏန်းခုနှစ်လုံးလောက်ပိုက်ဆံလောက် ပျော်အောင် လုပ်ပေးနိုင်လို့လား”
ထိုခနလေးအတွင်းတွင် မကောင်းဆိုးဝါး၏ ခြေထောက်အောက်မှ အရိပ်သည် ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားပြီး စိတ်လှုပ်ရှားလာမှုကို မထိန်းနိုင်တော့ပေ။ သို့သော် သူ့မျက်နှာသည် လူသားကိုယ်ထဲဝင်နေသောကြောင့် ဘယ်လိုသံသယဝင်စရာကိုမှ ဖော်ပြမရပေ။ ထို့ကြောင့်သူသည် ရွှင်ရွှင်ပြပြရယ်လိုက်ပြီး ချောမောစွာ
“ကိုယ်က ဒီလောက်ပဲတန်တာလားကွာ”
ကျန်းလော်သည် မဲ့ပြုံးပြုံးလိုက်ပြီး စားပွဲထိုးဆီသွားပြောလိုက်သည်။ မကြာခင်တွင် စင်အလယ်တည့်တည့်သို့ ခုံတစ်လုံးရောက်လာသည်။ ရောင်စုံမီးရောင်အောက်တွင် အရပ်ရှည်ရှည် ရွှေအိုရောင်ဆံပင်နှင့် အစေခံကို ထိုင်ခုံတွင် ကြိုးတုပ်ထားသည်။ သူ့လက်နှင့် ခြေထောက်များကို သားရည်ခါးပတ်နှင့် ပတ်ချည်ထားလိုက်သည်။ သူ့နောက်တွင် မျက်နှာဖုံးအမည်းရောင်တပ်ထားသော သူ့သခင်သည် မက်တပ်ရပ်နေသည်။
“အခုချိန်ကတော့ လူချမ်းသာသခင်အဖြစ်ကနေ အစေခံအဖြစ်ပြောင်းသွားတဲ့ ပထမဆုံးအစေခံလေးကို မြင်ရမဲ့ ဂုဏ်သရေရှိတဲ့ အချိန်လေးပဲ ဖြစ်ပါတယ်၊ အားလုံးပဲ ကျုပ်ရှေ့မှာထိုင်နေတဲ့ သူကတော့ မစ်စတာ ဝင်န်စတန်ပါပဲဗျာ”
ကျန်းလော်သည် သူ့လက်ပေါ်တွင် အမည်းရောင် သားရည်လက်အိတ်စွပ်ထားသည်။ ထို့နောက် သူသည် ပြုံးလိုက်ပြီး မကောင်းဆိုးဝါး၏မေးစေ့ကို မြင်းစီးကျာပွတ်နှင့် ပင့်လိုက်ကာ အံ့အားသင့်ဟန်ဆောင်၍
“အိုး စကားမစပ် အစေခံတွေကို မျက်နှာဖုံးဝတ်ခွင့် မပေးထားဘူးလေ”
သူ့လက်ထဲမှ မြင်းစီးကြာပွတ်သည် လှုပ်ရမ်းသွားပြီး မကောင်းဆိုးဝါး၏မျက်နှာဖုံးကို သွားရိုက်ကာ အဖြူရောင်သန့်သန့် မျက်နှာဖုံးသည် မြေပြင်ပေါ်သို့ တစစီကျသွားတော့သည်။ မျက်နှာဖုံးသည် စင်အစွန်းနားထိ လှိမ့်သွားသည်။ မကောင်းဆိုးဝါး၏မျက်လုံးများသည် အလင်းစူးစူးကြောင့် ပြာဝေသွားပြီး စင်အောက်သို့ အကြည့်ရောက်သွားကာ မျက်လုံးမှိတ်လိုက်သည်။ အပြာရောင်တောက်တောက်မျက်လုံးနက်နက်များ သည် အနည်းငယ်ရူးသွပ်သွားပုံပေါ်ကာ နက်မှောင်ရိုင်းစိုင်းသော မီးတောက်မတက်အကြည့်သည် လူတစ်ယောက်ချင်းစီကို နှလုံးခုန်ရပ်မတက် ကြောက်လှန့်သွားရန်လုံလောက်သော်လည်း သူ့ဘေးမှ တစ်ယောက်မှာတော့ ဘယ်လိုမှ မခံစားရပုံပေါ်သည်။ မှောင်မည်းနေသော စင်အောက်မှ ကျွတ်ကျွတ်ညံနေသော အော်သံများထွက်လာသည်။
လူအုပ်ကြီးထဲမှ
ကျိုးကျုံးချိုးသည် အသံကို တိုးလိုက်ပြီး အံ့ဩစွာပြောလိုက်သည်။
“ကျန်းလော်က တကယ်ကြီး ဖျော်ဖြေနေတာလားဟ”
ရယ်ရွှင်သည် စင်ပေါ်ကိုကြည့်လိုက်ပြီး နှုတ်ခမ်းတင်းတင်းစေ့လိုက်ကာ
“သူကပုံမှန်ဆို လူတွေကို ခက်ခဲအောင်မလုပ်တတ်ပါဘူး ကြည့်ရတာ ဒီလူနဲ့ပတ်သက်ပြီး တစ်ခုခုတော့ မှားနေပုံရတယ်”
“ငါအဲ့လူကို သိတယ်”
ကောကျူသည် သူ့ပါးစပ်ကို လက်နှင့်အုပ်ပြီး လူဆင်းရဲများကြောက်ရွံ့နေသည်ကို လိုက်ကြည့်လိုက်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။
“အဲ့ဒီလူက လူကောင်းမဟုတ်ဘူး အဲ့ကောင်ကကွာ ကျန်းလော်ကို သင်္ဘောပေါ်မှာ ကျန်းမာရေးစစ်ဆေးတုန်းက အသားယူလို့ ကျန်းလော်တောင် ကပ္ပတိန်းကို သွားတိုင်လိုက်သေးတယ် ဒါပေမဲ့ အဲ့လူက ကျန်းလော်ကို လိုက်နှောက်ယှက်နေတုန်းပဲ”
“မထူးဆန်းတော့ပါဘူး”
ကျိုးကျုံးချိုးသည် ခေါင်းညိတ်လိုက်ပြီး ထိုင်ခုံပေါ်တွင် ရက်စက်စွာအချည်ခံထားရသော သူကို မသနားစွာကြည့်လိုက်သည်။
“ငါသာဆိုရင် ဒီကောင့်ကို လမ်းမလျှောက်နိုင်တဲ့ထိ သေအောင်ရိုက်ပစ်မယ်”
ဝမ်ယမ်လန်သည်လည်း မျက်နှာမဲ့နေကာ
“ဒီလိုကောင်မျိုးကတော့ ကျန်းလော် အဲ့ကောင်ကို သတ်ပစ်.....”
သူသည် ဘေးမှစိုင်လောင်အာကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ ပြုံးပြုံးလေးနေလိုက်သည်။
စင်ပေါ်တွင် ကျန်းလော်သည် နှုတ်ခမ်းပေါ်လက်ညိုးတင်၍
“ရှူး”
အံ့ဩစရာကောင်းစွာပင် လူအုပ်ကြီးသည် တိတ်ဆိတ်သွားသည်။ လက်အိတ်စွပ်ထားသောလက်နှင့် ကျန်းလော်သည် ကျာပွတ်ကိုင်ထားကာ မကောင်းဆိုးဝါး၏ မျက်နှာဘေးကို ကျာပွတ်ဖြင့် ထိထားသည်။
“ကျူပ်တို့ရဲ့ လူကြီးလူကောင်းအစေခံလေးက ဒီလောက်တောင် ချောတာ၊ ပြီးတော့လဲ ဒီသင်္ဘောကြီးရဲ့ ဒုကပ္ပတိန်ကလဲ ဖြစ်နေသေးဆိုတော့ ဒီလိုလူက တကယ့်မျိုးရိုးမြင့်လူကြီးလူကောင်းပေါ့ဗျာ”
ချီယုံသည် ဖြေးဖြေးလေးပြောလိုက်သည်။
“ချီူးကျူးလို့ ကျေးဇူး”
“မခံယူဝံ့ပါဘူးဗျာ”
ကျန်းလော်သည် ပြုံးလိုက်ပြီး မကောင်းဆိုးဝါးကို လှည့်ပတ်ပြီး လျှောက်လိုက်သည်။ ထို့နောက် သူ့လက်ထဲမှကျာပွတ်ဖြင့် လွှဲရိုက်လိုက်သည်။ ထို့နောက်သူသည် အသံကိုနှိမ့်လိုက်ပြီး သူတို့ပဲကြားရမည့် အသံဖြင့်
“မင်းငါ့ကိုသတ်ခဲ့တဲ့အတိုင်း ပြန်လက်စားမချေရသေးတဲ့ နည်းလမ်းဘယ်နှခုကျန်သေးလဲ မှတ်မိလား”
သူသည် မကောင်းဆိုးဝါး၏ အဖြေကိုမစောင့်တော့ပဲ သူ့ကိုယ်သူပြောလိုက်သည်။
“ရေနှစ်သတ်တာရယ်၊............ မီးပုံရှို့တာရယ် အိုးး အမြင့်ကြီးက ပစ်ချတာရယ်”
“ပြောရရင် ငါမင်းကို အဆောက်အဦးအမြင့်ကြီးကနေ ပစ်ချဘူးတယ်နော် ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ငါသိပ်မကျေနပ်ဘူးဖြစ်နေတယ်”
ကျန်းလော်က ဆက်ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ အဲ့ဒါက မင်းငါ့ကိုပစ်ချလိုက်တုန်းက နာကျင်မှုကို ငါအခုထိမမေ့နိုင်သေးလို့ကွ မင်းအခုခံနေရတာလဲ မင်းကြောင့်ပဲ ကြားလား မင်းလုပ်ခဲ့တာ ပြန်ခံရတာလို့”
“ငါမင်းကို ဒီထက်ပိုခံစားခိုင်းမှာ..............”
မကောင်းဆိုးဝါးသည် ကျန်းလော်ကို ကြည့်လိုက်သည်။ အလွန်ပြင်းပြသော ပူလောင်နာကျင်ပြီး ဒေါသထွက်ခြင်းသည် သူ့မျက်လုံးထဲတွင် ရောင်ပြန်ဟပ်နေကာ သူသည်ကျန်းလော် အဝတ်များကို ချွတ်ပစ်လိုက်ချင်လာသည်။ထိုအကြည့်ကိုမြင်ပြီး ကျန်းလော်သည် ဒေါသကို ထိန်းချုပ်၍ အကျယ်ကြီးအော်ရယ်လိုက်သည်။ မကောင်းဆိုးဝါး၏ ဆန္ဒသည် အလွန်အားကောင်းနေပြီး ကျန်းလော်ကို အလွန်ဒေါသထွက်စေသော်လည်း အနည်းငယ်ရွှင်မြူးသွားစေသည်။
သူတော်ကောင်းမျက်နှာဖုံးစွပ်ထားသော မကောင်းဆိုးဝါးကောင်သည် သူဆိုတဲ့ ကျန်းလော်ရှေ့တွင် သူ့အမှောင်ခြမ်းကို ထုတ်ပြနေပါသတဲ့။
‘ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ’
အနည်းဆုံးတော့ ဒီအချိန်တွင် ကျန်းလော်သည် မကောင်းဆိုဝါး၏ ဒီလိုအကြည့်ကို သဘောကျသည်။ ထိုသို့ထကြွနေချိန်တွင် ထိုင်ခုံပေါ်တွင် ကြိုးတုပ်ခံထားရသည်။ သူသည် ဝံပုလွေကို ယဉ်ပါးအောင်လုပ်မည့် သားရဲသခင်များကဲ့သို့ ကြာပွတ်ကိုင်ပြီး မကောင်းဆိုးဝါးအနောက်တွင် ရပ်နေသည်။ မကောင်းဆိုးဝါးသည် အလွန်တောက်လောင်စွာ လှည့်ကြည့်နေပြီး ဘာမှလုပ်မရပေ။
ဆံပင် အနက်နှင့်လူငယ်လေးသည် ဆာလောင်နေသော ကျားကိုကြည့်ပြီး ပျော်ရွှင်နေကာ မကောင်းဆိုးဝါး၏ခါးကို ကျာပွတ်ဖြင့် ကလိထိုးသလို ပွတ်နေသည်။ သတိမထားမိပုံဖြင့် ကျာပွတ်နှင့် မကောင်းဆိုးဝါးမျက်နှာနှင့်လည်ပင်းကို လိုက်တို့နေသည်။ ကျန်းလော်သည် မကောင်းဆိုးဝါး၏အကြည့်ကို လျစ်လျူရှုထားပုံပေါ်သော်လည်း မကောင်းဆိုးဝါး၏ လှုပ်ရှားမှုတိုင်းကို မလွတ်တမ်းအကဲခတ်နေကာ သူ့တပ်မက်ခြင်းကို လောင်စာထည့်ပေးနေသည်။ သူ့နှုတ်ခမ်းနီနီသည် ပင့်တက်သွားပြီး သူ့ခြေထောက်ဖြင့် ထိုကြောင်ကို စူးစူးဝါးဝါးအော်လာအောင် တက်နင်းလိုက်သည်။ ရေခဲကျောက်စိမ်းကဲ့သို့ လက်များသည် အမှောင်ထုထဲတွင် လက်လက်ထနေကာ အနီရောင်ကျာပွတ်ကို ခနချထားလိုက်သည်။
မကောင်းဆိုးဝါးသည် နောက်ဆုံးတွင် ပါးစပ်ဟပြီး ပြောလိုက်သည်။
“မင်းလေးကလေ ကိုယ်ရောက်လာတိုင်း တခြားသူတွေနဲ့နေနေတုန်းကထက် ပိုပိုထူးခြားလာတယ်နော်”
ကျန်းလော်သည် ရုတ်တရက် ကျာပွတ်ကို ကောက်ကိုင်လိုက်ပြီး မကောင်းဆိုးဝါးကို ဒေါသတကြီးလွှဲရိုက်လိုက်သည်မှာ မကောင်းဆိုးဝါး၏ စျေးကြီးကြီးအဝတ်များပင် ပြဲထွက်ကုန်သည်။ သူ့သခင်သည် သူ့လက်မောင်းနှင့် ပုခုံးကို ဆွဲယမ်းလိုက်ပြီး
“ငါမင်းကို စကားပြောခိုင်းလား”
“အိုး ဆောရီး”
မကောင်းဆိုးဝါးသည် ထရိုက်ချင်လာအောင်ရယ်လိုက်ပြီး
“ကိုယ်က မင်းများသိချင်လောက်မလားလို့ ပြောပြတာလေကွာ”
“ပြီးတော့”
သူသည်ထိုင်ခုံကို သက်တောင့်သက်သာပုံစံနှင့် မှီလိုက်ပြီး ဆံပင်နက်နှင့်လူငယ်လေးကို ရယ်ချင်စွာကြည့်လိုက်ပြီး
“မင်းလေးသိသင့်တာ ရှိသေးတယ် ကလေးလေး ဒီလောက်လေးက ကိုယ့်ကို နည်းနည်းမှမနာကျင်စေဘူးကွ”
ထို့နောက်သူ့ပုံစံအတိုင်းလျှို့ဝှက်စွာပြုံးလိုက်ပြီး
“မင်းပြောတဲ့ မီးရှို့ရှို့ ရေနစ်နစ် ပြုတ်ကျကျ ကိုယ်ကဘာမှမဖြစ်နိုင်ဘူးကွဲ့”
သူသည် ထိုသို့ပြောလိုက်လျှင် ကျန်းလောပိုဒေါသကြီးလေဖြစ်ပြီး သူ့ကိုပိုအပြစ်ပေးတော့မည်ကို သိသည်။ သို့သော်ချီယုံသည် မသိသလို ဆက်ပြောသည်။ သူသည် ကျန်းလော်ကို အားရပါးရထိုင်လှောင်နေသည်။ သို့သော် ကျန်းလော်သည် ဒေါသမထွက်တော့ပဲ တည်ငြိမ်စွာပင် ကျာပွတ်ဖြင့် ချီယုံ့လည်ပင်းနားကို သေချာချိန်ပြီး ရိုက်လိုက်သည်။
“မင်းမှန်တယ် ဒါပေမဲ့ တစ်ခုတော့မှားသွားတယ်ကွ သိချင်လား”
“ငါမင်းကို သတ်တာကလေ မင်းနာကျင်အောင်လို့မဟုတ်ဘူး မင်းကိုသတ်ပြီးထိုင်ကြည့်နေရတာက ငါ့ကို အရမ်း အရမ်းပျော်စေလို့လေ နားလည်သွားပြီလား”
မကောင်းဆိုးဝါးသည် အံ့ဩသွားကာ ထက်သန်ပြင်းပြစွာ ခေါင်းညိတ်ပြလိုက်သည်။
“အဲ့လိုလား”
“ဒါပေမဲ့လည်း ငါ့ဆီမှာ မင်းတစ်ခါမှ မကြုံဖူးမဲ့ မင်းကိုနာကျင်အောင်လုပ်နိုင်တဲ့ နည်းတစ်ခုရှိသေးတယ်ကွာ”
မကောင်းဆိုးဝါးသည် သိချင်စွာ မေးလိုက်သည်။
“ဘယ်လိုမျိုးလဲ”
“ဥပမာပြောရရင်.......................”
ဆံပင်အနက်ရောင်လူငယ်လေးသည် ဓားတစ်ချောင်းဆွဲထုတ်လိုက်ပြီး ရက်စက်စွာပင် ချီယုံပေါင်ကြားနေရာလွတ်ရှိ ထိုင်ခုံအသားကို ဓားနှင့်နက်နက်စိုက်လိုက်သည်။ ဓားသည် အေးစက်စွာ ထက်ရှသော အလင်းများလက်နေပြီး
“မင်းကို သင်းကွက်လိုက်တာမျိုးပေါ့”
#############################################