အပိုင်း (၈၇)
စင်တင်ဖျော်ဖြေပွဲ
လုယုံရိသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ကံကောင်းပြီး သခင်ကတ်ကို ဆွဲမိခဲ့သည်။ ကျန်းလော်သည် ထိုသခင်ကတ်ကို ကြည့်ပြီး အသည်းကွဲသွားရသော်လည်း ပိုကောင်းသော အစီအစဉ်တစ်ခုကို တွေးမိလိုက်သည်။
သူတို့ကို မတားတော့ပဲ လူဆင်းရဲတစ်ယောက် သခင်ကတ်ဆွဲလိုက်နိုင်သည်ကို အလွန်စိတ်ဆိုးဟန်ဆောင်ကာ
“အောက်ခြေလူတန်းစားတွေရဲ့ မဲပုံးထဲမှာ ဘာလို့ သခင်ကတ်ရှိနေရတာလဲ”
ဝန်ထမ်းသည် သူ့တုံ့ပြန်မှုကို ဘယ်လိုမှမနေဘဲ ကောင်းကောင်းမွန်မွန်ပြန်ပြောလိုက်သည်။
“ကျေးဇူးပြုပြီးနားလည်ပေးပါ လူကြီးမင်း မဲနှိုက်တာကို ကျွန်တော်တို့ဘက်က မထိန်းချုပ်နိုင်ပါဘူးခင်မျ အထက်လူကြီးတွေ စီစဉ်ထားတဲ့ အတိုင်းပါပဲ”
ကျန်းလော်သည် နှာမှုတ်လိုက်ပြီး လက်ပိုက်လိုက်ကာ
“ဒါဆိုလဲ ကျုပ်ဒီမှာနေပြီး ဒီလူတွေဘယ်လိုကတ်မျိုး ရလိမ့်မလဲ စောင့်ကြည့်မယ်”
လုယုံရိသည် အတူလာခဲ့သော သူများကို မသိချင်ယောင်ဆောင်နေရသည်။ သူတို့ခြောက်ယောက်လုံးသည် ကတ်များဆွဲပြီးနောက် ကျန်းလော်ခန့်မှန်းထားသည့်အတိုင်း လုယုံရိမှ လွဲ၍ အားလုံးအစေခံကတ်ကိုသာ ဆွဲမိသည်။ ကျန်းလော်သည် အလွန်စိတ်ပျက်နေသလို နှာမှုတ်လိုက်ပြီး
“ဒါပဲလား”
သူသည် စိတ်မဝင်စားတော့ပုံဖြင့် ကပွဲခန်းမထဲသို့ ပြန်မသွားခင် ဝန်ထမ်းကိုမေးလိုက်သည်။
“ကျုပ်နဲ့ တခြားသခင်တစ်ယောက်က အစေခံတစ်ယောက်ထဲကိုမျက်စိကျနေရင် ဘယ်လိုလုပ်မှာလဲ”
“အဲ့ဒါက သေချာပေါက် သခင်နှစ်ယောက် ညှိနှိုင်းရမှာပါ”
ထို့နောက် ဝန်ထမ်းလေးကပဲ ဆက်ပြောလိုက်သည်။
“ပြီးတော့ ကျွန်တော်တို့က ဒီမှာဘာတစ်ခုမှ ဝင်ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူးဗျ ကျွန်တော်တို့ လုပ်နိုင်တာက လူကြီးမင်းတို့ ပစ္စည်းတစ်ခုခုပျောက်သွားရင် ပြန်ရှာပေးဖို့က ကျွန်တော်တို့ လုပ်နိုင်တဲ့ကိစ္စအကုန်ပါပဲ”
ဝန်ထမ်းကပင် ထပ်ပြောသည်။
“လူကြီးမင်း မဲပုံးပြန်မနှိုက်တော့ဘူးလား”
ကျန်းလော်က မေးလိုက်သည်။
“ပြန်နှိုက်လို့ ကျုပ်မကျေနပ်ရင် ကျုပ်လိုချင်တာမရမချင်း ပြန်နှိုက်လို့် ရမှာလား”
ဝန်ထမ်းသည် ခေါင်းယမ်းပြလိုက်ပြီး
“လူကြီးမင်းဆိုရင်တောင်မှပဲ ပြန်နှိုက်မဲ့အခွင့်အရေးက တစ်ခါပဲ ရမှာပါ”
“ဒီလိုဆိုရင်တော့ မလိုတော့ဘူး”
ကျန်းလော်သည် ဂရုမစိုစွာ ပြောလိုက်သည်။
“ကျုပ်သရဖူကတ် ပြန်ရှာလိုက်တာကမှ ကောင်းဦးမယ်”
ဝန်ထမ်းသည် ပြုံးလိုက်ပြီး
“ကံကောင်းပါစေဗျာ”
လူပေါင်းများစွာသည် ခန်းမထဲသို့ အုပ်စုကြီး နှစ်စုခွဲ၍ ဝင်လာကြသည်။ မကြာခင်တွင် လူရှစ်ယောက်သည် ခန်းမအလယ်မှ လူများ သတိမထားမိလောက်သော ထောင့်တစ်ထောင့်တွင် စုဝေးနေသည်။
ဝမ်ယမ်လန်သည် တိုးတိုးလေးပြောလိုက်သည်။
“မင်းကတ်ပျောက်သွားတာလား”
ကျန်းလော်သည် ခေါင်းယမ်းပြလိုက်ပြီး
“ငါအစေခံကတ်ကို ဆွဲမိသွားတာ၊ ကတ်ပျောက်တယ်ဆိုတာ နောက်တစ်ခေါက်မဲပြန်နှိုက်ဖို့ ဆင်ခြေသက်သက်ပဲ၊ အစီအစဉ်က ပျက်စီးသွားပေမဲ့ ငါအစထဲက ဒီဟာက တကယ်အလုပ်မဖြစ်နိုင်လောက်ဘူးလို့ ခန့်မှန်းပြီးသားပါကွာ၊ ငါ့မှာ ပလန်ဘီနဲ ပလန်စီ ရှိသေးတယ် ပြီးတော့လဲ ကောကျူက သခင်ကတ်ဆွဲမိထားတယ် ဆိုတော့ ငါသူနဲ့ပူးပေါင်းလို့ရတယ် ဒါပေမဲ့ သခင်တစ်ယောက်က အစေခံပြောင်းလို့ရနေတာဆိုတော့ ကောကျူကိုကြီးပဲ မှီခိုထားလို့ မရဘူးဟ”
ကျန်လူများသည် အလွန်စိတ်ညစ်သွားကြသည်။ သို့သော် ကျန်းလော်သည် ရုတ်တရက်ကြီး ထရယ်ပြီး
“အရင်အတိုင်းသာဆိုရင် ငါတို့မှာ သခင်ကတ်တစ်ခုထဲရှိရင် ငါတို့ဘာမှလုပ်လို့်မရနိုင်ပေမဲ့ အခုငါတို့မှာ သခင်ကတ်နှစ်ကတ် ရှိနေပြီလေ ငါတို့ ဗျူဟာဆွဲပြီး ဒီလူတွေကို ကောင်းကောင်း လှည့်စားရမယ်”
အလင်းတန်းများထွက်နေသော မျက်လုံးဖြင့် လုယုံရိကို ကြည့်လိုက်ပြီး
“အရင်ဆုံး လူတိုင်းကို သာမန်လူတန်းစားတစ်ယောက်မှာ သခင်ကတ်ရှိနေကြောင်း အသိပေးလိုက်ရအောင်”
ဝိုင်အရက်များသည် အလွန်မွှေးပျံ့နေကာ ခန်းမတစ်ခုလုံးကို ယစ်မူးစွာ ကခုန်စေပြီး အပြင်ဘက်တွင် လေအေးများပင်လယ်ပြင်ကို ဖြတ်တိုက်၍ အေးစက်နေသော်လည်း အထဲမှာတော့ နွေဦးကဲ့သို့ နွေးထွေးနေသည်။
လူချမ်းသာများဘက်တွင် အမျိုးသမီးများ၏ မွှေးရနံ့နှင့် အမျိုးသားများ၏ ဆေးတံအနံ့တို့ ရောနှောနေပြီး ခွက်ချင်းဖလှယ်ကာ စကားပြောနေရင်း မျက်လုံးများက သားကောင်ရွေးနေကြသည်။ လူချမ်းသာများသည် တစ်ဖက်ခြမ်းသို့ ကြည့်လိုက်ရာ
“အဲ့ဒီမှာ ဘာဖြစ်နေကြတာလဲ”
လင်ဗန်းကိုင်ထားသော ဝန်ထမ်းသည်
“လူချမ်းသာတစ်ယောက်က အောက်ခြေတစ်ယောက်ကို မျက်စိကျသွားလို့ပါ ဒါပေမဲ့ အဲ့အောက်ခြေလူတန်းစားက သူက အစေခံ မဟုတ်ပါဘူးပဲ ပြောနေတာလေ”
‘သာမန်အောက်ခြေလူတန်းစားက အစေခံမဟုတ်ဘူးတဲ့လား’
‘စိတ်ဝင်စားစရာပဲ’
လူချမ်းသာများသည် သိချင်စိတ်ဖြင့် ထိုနေရာသို့ စုဝေးလာကြကာ လူအုပ်ကြီးတစ်ခု ဖြစ်သွားစေသည်။ လူအုပ်အလယ်တွင် ငွေရောင်မျက်နှာဖုံးနှင့် ရွှေသံကြိုးဆွဲကြိုးကြီး ဆွဲထားသော လူချမ်းသာသည် အလွန်စိတ်တိုနေသည်။
“မင်းပြောတာ မင်းက အစေခံ မဟုတ်ဘူးပေါ့ အဲ့ဒါဆိုငါ့ကို မင်းကတ်ပြလေ”
လုယုံရိသည် ကျန်းလော်ပြောသည့်အတိုင်း အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးရှာသည်။ လူအုပ်ကြီး၏အာရုံကို အပြည့်အဝယူရန် သူသည် စိတ်တိုလာပုံဖြင့် လက်ထဲမှ ဖန်ခွက်ကို လွတ်ချပစ်လိုက်တော့သည်။ ကောကျူကို ချဲ့ကားခြိမ်းခြောက်နေသည့် မျက်နှာထားဖြင့်
“ငါလိမ်နေတာလို့ ပြောချင်တာလား”
ကောကျူသည် ဖန်ခွက်ကွဲသံကြောင့် ကြောင်အပြီး ထိတ်လန့်သွားရသည်။ ကံကောင်းစွာပင် သူ့မျက်နှာတစ်ဝက်ကို ငွေရောင်မျက်နှာဖုံးက ဖုံးပေးထားသောကြောင့် မသိသာလိုက်ပေ။
“လုပ်စမ်းပါကွာ ကျုပ်မင်းရဲ့ကတ်ကို ကြည့်ရမှဖြစ်မယ် ဘာလဲ ကြောက်နေတာလား”
လုယုံရိသည် ခံပြင်းစွာပြောလိုက်သည်။
“ငါ့ကတ်ကို သေချာပေါက်ပြကိုပြရအောင် မင်းက ဘာကောင်မို့လို့လဲကွ”
ဘီယာဗိုက်ပူကြီးနှင့် လူချမ်းသာတစ်ယောက်သည် ကြည့်ရင်းကြည့်ရင်း အစေခံက လာလိမ်နေသည်ဟု ထင်သွားကာ နှာမှုတ်လိုက်ရင်း ဝင်ပြောလိုက်သည်။
“ဟေ့ ဟိုတစ်ယောက် စာတတ်တယ်မို့လား နံရံကိုမော့ကြည့်လိုက် ပထမဆုံးစည်းမျဉ်းမှာ တစ်စုံတစ်ယောက်က မင်းကတ်ကို ကြည့်ချင်ရင် ချွင်းချက်မရှိ ထုတ်ပြရမယ်လို့ ရေးထားတယ်”
လုယုံရိသည် မျက်နှာပျက်သွားသည်။ လူတိုင်းသည် သူလိမ်နေတာ ဝန်ခံတော့မည်ဟု တွေးနေကြချိန်တွင် သာမန်လူသည် သူ့ကတ်ကို တုံ့ဆိုင်းဆိုင်းနှင့် ထုတ်ပြီး ကောကျူရှေ့ကို ပြလိုက်သည်ၑ။
“ကြည့် ကြည့် ငါပြောတယ်မလား ငါသခင်ကတ်ရထားတာပါလို့”
သူသည် လူတိုင်း သူ့ကတ်ကို မြင်နိုင်စေရန် လက်ကို အမြင့်ကြီး မြှောက်ပြလိုက်သည်။ လုယုံရိသည် ညောင်းလာမှသာ လက်ကို ပြန်ချလိုက်သည်။ လူချမ်းသာများသည် လုယုံရိလက်ထဲမှ ကတ်ကိုမြင်ပြီး စိတ်မဝင်စားတော့ကာ နှစ်ယောက်တွဲ သုံးယောက်တွဲ ထွက်သွားကြသည်။ သူတို့သည် တိုးတိုးတိုးတိုးနှင့် မှတ်ချက်များပေးနေကြသေးသည်။
“တကယ်ကို မယုံနိုင်ဘူး အောက်ခြေလူတန်းစားမှာ သခင်ကတ်ရှိနေတယ်တဲ့ သူတို့တွေ ကပွဲကို ဘယ်လိုများစီစဉ်ထားကြတာတုန်း”
“အဲ့အောက်ခြေကောင်ရဲ့ မျက်နှာကိုမြင်လိုက်လား အဲ့မျက်နှာထားက ငါနေမကောင်းတောင် ဖြစ်ချင်သွားတယ် ဒီလိုချီးတွင်းထဲကလောက်ကောင်က ငါတို့ သခင်အုပ်စုထဲဘယ်လိုလုပ် ရောနေနိုင်ရတာလဲ”
ကောကျူနှင့် လုယုံရိသည် စကားတစ်ခွန်းမှ ထပ်မပြောတော့ပဲ ကျန်းလော်ဘေး တစ်ဖက်တစ်ချက်စီသို့ ဝင်ရပ်လိုက်သည်။ လုယုံရိနှင့် ကျန်းလော်သည် မသိမသာကတ်လဲလိုက်ကြသည်။
“မင်းကိုယ့်ကိုယ်ကို ကာကွယ်လိုက်နိုင်တာပဲ သားကြီး ကောကျူလက်ထဲက သခင်ကတ်ကို လိုအပ်တဲ့သူကို လွှဲပေးလိုက်ကြမယ် လူတိုင်းအမြင်မှာ မင်းတို့က သခင်ဖြစ်ပြီးသားဆိုတော့ မင်းတို့ကို ဘယ်သူကမှ လာရှုပ်ရဲမှာမဟုတ်ဘူး၊ မင်းတို့နှစ်ယောက် ကျန်တဲ့ထဲက နှစ်ယောက်ကိုလည်း ကာကွယ်ပေးနိုင်သွားပြီ၊ ငါတို့အဖွဲ့ လုံခြုံရေးက ခဏတော့ ခိုင်မာသွားပြီ သတင်းစုံစမ်းတာသာ ပိပိရိရိလုပ်ရမှာပဲ အခုကတော့ သွားစုံစမ်းလိုက်ရအောင် ကျန်တာကတော့ ပြီးမှ ဆက်စီစဉ်ကြတာပေါ့”
ကျန်းလော်သည် တိတ်ဆိတ်စွာပင် ကပွဲခန်းမအလယ်ထဲသို့ သွားလိုက်သည်။ သူ့သူငယ်ချင်းများမမြင်ရနိုင်သည့် နေရာသို့ ရောက်တော့မှ အင်္ကျီကို ဆွဲဆန့်လိုက်ပြီး လှောင်ပြုံးတစ်ခုပြုံးလိုက်ရင်း တော်ဝင်အမျိုးသမီးတစ်ချို့ စုဝေးနေသော ဝိုင်းသို့ သွားလိုက်သည်။
“မင်္ဂလာညနေခင်းလေးပါ အမျိုးသမီးချောလေးတို့”
ကျန်းလော် မေးစေ့သည် အနည်းငယ်ပင့်တက်နေကာ သူ့ဆံပင်နက်များသည် လှိုင်းတွန့်ပုံစံ ပုခုံးပေါ်သို့ ပျော့ပြောင်းစွာကျနေကြသည်။
“ကိုယ်မင်းတို့နဲ့ စကားပြောလို့ရမလားဗျာ”
ထိုတော်ဝင်အမျိုးသမီးများသည် သူ့ကို အထက်အောက်စုန်ချည်ဆန်ချည် ကြည့်လိုက်ပြီး နွေးထွေးစွာပြုံးပြလိုက်ကာ
“ရတာပေါ့”
ကျန်းလော်သည် စားပွဲထိုးတစ်ယောက်ကိုခေါ်လိုက်ပြီး အမျိုးသမီးများကို ကိုယ်တိုင်ကိုယ်ကျ ဝိုင်ခွက်ယူပေးလိုက်သည်။ မျက်နှာတွင် အပြုံးချိုချိုတစ်ခု ချိတ်ဆွဲထားကာ
“လေဒီတို့ ဘာအကြောင်း ပြောနေကြတာလဲ”
ဆံပင်အနက်နှင့် လူငယ်လေးသည် လူကြီးလူကောင်းတစ်ယောက်၏ ခမ်းနားမောက်မာဟန် အရှိန်အဝါအပြည့်ထွက်နေသည်။ သူ့မျက်နှာတစ်ဝက်ကို မျက်နှာဖုံးဖြင့် အုပ်ထားသောလည်း လှပသော မျက်လုံးတောက်တောက်များနှင့် ဆွဲဆောင်မှုရှိသော နှုတ်ခမ်းပါးတို့သည် လူတစ်ယောကို မူးမေ့ပျော်ဝင်သွားစေနိုင်သေးသည်။
“ကျွန်မတို့က အလှအပအကြောင်း ပြောနေတာလေ”
ဆံပင်အနီရောင်နှင့် အမျိုးသမီးသည် သက်တောင့်သက်သာမဖြစ်စွာပြောလိုက်သည်။
“ငယ်တုန်းကလို ချောမွတ်တင်းရင်းတဲ့အသားအရည်ရအောင် ဘယ်လိုလုပ်ရမလဲ ပြောနေတာ”
ကျန်းလော်သည် အံ့အားသင့်ဟန် ပြောလိုက်သည်။
“အခုလည်းမင်းတို့က ငယ်ရွယ်လှပနေတုန်းပါပဲ”
တော်ဝင်အမျိုးသမီးသုံးယောက်သည် ပါးစပ်ကို လက်နှင့်အုပ်ပြီး တခစ်ခစ်ရယ်ကြတော့သည်၊ ဆံပင်အနီရောင် အမျိုးသမီးသည် ကျန်းလော်၏ မြောက်ပင့်စကားတွင် အရယ်မရပ်နိုင်တော့ပဲ သူမမျက်နှာကို ဘဝင်မြင့်စွာကိုင်ကြည့်၍
“မင်းကတော့ ချဲ့ကားပြောနေတော့တာပဲကွယ်၊ တို့တွေ ဒီသင်္ဘောပေါ်ရောက်နေတယ်ဆိုထဲက ပိုပြီးငယ်ရွယ်ဖို့ပဲ မဟုတ်ဘူးလား တို့တွေသာ တကယ်ကြီး ဆယ့်ရှစ်နှစ် ဆယ့်ကိုးနှစ်အရွယ်သာဆိုရင် ဒီပေါ်ဘာလို့လာနေမှာလဲ”
ကျန်းလော်သည် မျက်လုံးများမှေးသွားပြီး စကားကိုအရပ်မခံနိုင်စွာ ဆက်ပြောလိုက်သည်။
“ငါတော့ သွေးငါးရှဉ့်က သူတို့အမွှန်းတင်နေသလောက် အစွမ်းထက်ပါ့မလား စိုးရိမ်မိတယ်ဟယ်”
နောက်ထပ် တော်ဝင်အမျိုးသမီးတစ်ယောက်ကလဲ စိုးရိမ်စွာ ဝင်ပြောလိုက်သည်။
“ဒါပေမဲ့ ရွှီမိသားစုကဖူးရန်ကိုပဲ ကြည့်လိုက် သူမကို ကြည့်ရတာ တကယ်ပဲ နှစ်နှစ်ဆယ်လောက်ပြန်ငယ်သွားသလိုပဲလေ၊ တို့သူနဲ့ spaသွားတုန်းက သူမကိုယ်ကလေ အရမ်းကို ချပ်ကပ်နေပြီး အဆီပိုလုံးဝမရှိတော့တာပါဆို ဒါပေမဲ့ သူမရဲ့ စိတ်နေစိတ်ထားကတော့ အရင်ကနဲ့မတူတော့ဘူးဟဲ့”
“အဲ့ဒါတော့ဟုတ်တယ် သူမစိတ်သဘောထားက တော်တော်ပြောင်းလဲသွားတယ်၊ အားကျစရာကောင်းလိုက်တာ..............တို့လည်း အသက်နှစ်ဆယ်အရွယ် ပြန်ဖြစ်ချင်တယ်လို့ တို့အမျိုးသားကို ပြောပြတုန်းကဆို သူကတို့ကို ဟာသလာလုပ်ပြီး ကြည့်နေတာပါဆို အခုလဲ သူသင်္ဘောပေါ်လိုက်မလာဘူးလေ”
“သူတို့က အလှအပအတွက်လောက်နဲ့တော့ သင်္ဘောပေါ်လိုက်လာမှာမဟုတ်ဘူးလေ သူတို့မှာ ပိုက်ဆံရှိရင် မရေမတွက်နိုင်လောက်တဲ့ အလှလေးတွေ အများကြီး ရနိုင်တယ်လေကွာ”
“ဟောလ် ဒါနဲ့ သွေးငါးရှဉ့်က အသက်ရှည်အောင် ဆွဲဆန့်ပေးနိုင်တယ်ဆိုတဲ့ ကောလာဟလက တစ်ကယ်ကောဟုတ်ရဲ့လား အဲ့ဟာက လှပစေတာထက်ကို ပိုပြီး နာမည်ကြီးနေတာနော်”
‘သွေးငါးရှဉ့်က ထာဝရရှင်သန်မှုနဲ့ လှပမှုကို ပေးနိုင်တာကိုး’
ကျန်းလော်သည် အတွေးများသွားသည်။ သို့သော် ဒီသတင်းအချက်အလက်ကို ရပြီးသည်နှင့် ထွက်သွားရန် အလျင်မလိုတော့ဘဲ မျက်နှာဖုံးဝတ်ထားသည့် လူချမ်းသာများနှင့် စကားရောပြောနေသည်။ မကြာခင်တွင် ကပွဲခန်းမထဲမှ မီးများအားလုံးပိတ်သွားသည်။
သုံးစက္ကန့်လောက်ကြာပြီးနောက် မှောင်နေသော ခန်းမထဲရှိစင်အလယ်တည့်တည့်တွင် အလင်းဝိုင်းကြီးတစ်ခု ပေါ်လာသည်။ ဝန်ထမ်းသည် မီးရောင်ထဲမှ မိုက်ရှေ့တွင် မတ်တပ်ရပ်နေပြီး ဖော်ရွေစွာပြုံး၍
“ဂုဏ်သရေရှိလူကြီးမင်းတို့နဲ့ မြင့်မြတ်သော အမျိုးသမီးတို့ခင်မျာ သခင်အစေခံ စင်တင်ဖျော်ဖြေပွဲ စတင်ပါပြီဗျာ”
ဘန်းဆိုသော အသံကျယ်ကြီးနှင့် သေနတ်ဖောက်သံကြားလိုက်ရပြီး ဝန်ထမ်း၏ ခေါင်းပေါ်တွင် ရောင်စုံစက္ကူစများ တဖွားဖွားကျလာသည်။
စင်အောက်မှ လူအုပ်ကြီးသည် အားရပါးရလက်ခုပ်တီးလိုက်ကြသည်။ ကျန်းလော်သည် သူ့နားမှ လူချမ်းသာများ ရေရွတ်သံကို ကြားလိုက်ရသည်။
“နောက်ဆုံးတော့ စပြီ”
ဝန်ထမ်း၏အသံသည် အလွန်စိတ်လှုပ်ရှားနေပုံဖြင့် အသံမြင့်နေပြီး
“သခင်အစေခံ ဖျော်ဖြေပွဲမှာ စည်းမျဉ်းတစ်ခုပဲရှိပါတယ် အဲ့တာကတော့ သခင်က အစေခံကို အသက်ရှင်အောင် ထားကိုထားရမှာပါ တခြားအနေနဲ့ကတော့ သရဖူကတ်ကိုင်ထားတဲ့ သခင်တွေရဲ့စကားကို အစေခံတွေက ချွင်းချက်မရှိ နာခံရမှာပဲဖြစ်ပါတယ်၊ ဒါဆိုရင် အခုဘယ် သခင်အစေခံအတွဲကများ ပထမဆုံး ဖျော်ဖြေချင်ပါသလဲ”
လူအုပ်ကြီးထဲမှာ ပုန်လျှိုးကွယ်လျှိုးလုပ်နေရင်း ခွမ်ကျိန်းသည် ဝမ်ယမ်လန် နှင့် ကျိုးကျုံးချိုးကို သခင်ကတ်ကိုင်ထားသော တစ်ယောက်ယောက် အစေခံဖြင့် ရွေးချယ်လိုက်မည်စိုးကာ သူ့ကိုယ်နှင့် ကာပေးထားသည်။
ဝမ်ယမ်လန်သည် ကူကယ်ရာမဲ့စွာပြောလိုက်သည်။
“သားကြီး”
ခွမ်ကျိန်းသည် ခေါင်းငုံ့ပြီး ကြည့်လိုက်သည်။ ဝမ်ယမ်လန်သည် သူ့ကိုကြည့်လိုက်ပြီး ရိုးစင်းစွာပြောလိုက်သည်။
“ငါတို့ထက် မင်းက ပိုပြီး အန္တာရာယ် ရှိနေတာကွ”
ခွမ်ကျိန်း “...........”
ဝမ်ယမ်လန်သည် သူ့ကြွက်သွားများကို ပုတ်လိုက်ပြီး အဓိပ္ပာယ်ရှိရှိပြောလိုက်သည်။
“မင်းလို ကြွက်သားအပြည့်နဲ့လူကို စင်ပေါ်ဆွဲတင်ပြီး အစေခံအဖြစ်နှိပ်စက်ချင်မဲ့ သူတွေ ဘယ်လောက်များနိုင်လဲ သိလား”
ခွမ်ကျိန်းမျက်နှာသည် ကြောင်အသွားပြီး ကျိုးကျုံးချိုး စုတ်သပ်လိုက်မှ
“ဝမ်ယမ် ဒီအန္တာရယ်များတဲ့အကြံကို မင်းပဲတွေးမှာကွ”
သို့သော် ကျေးဇူးတင်စရာကောင်းစွာပင် ပထမဆုံးသော သခင်တစ်ယောက်သည် ဘယ်သူမှ သူ့ကိုမကြည့်ခင်မှာပင် သူ့ကိုယ်ပိုင်အစေခံကို ဆွဲပြီး စင်ပေါ်တက်သွားသည်။
သခင်အစေခံအတွဲ၏ ပုံစံမှာ လုံးဝမတူညီကြပေ။ သခင်သည် အဆီရစ်နေသော ဝက်နှင့်တူသော အဖိုးကြီးဖြစ်ပြီး အစေခံမှာ လှပပြီး ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသော အမျိုးသမီးငယ် တစ်ဦးဖြစ်သည်။
ဝန်ထမ်းသည် သခင်ဆီသို့သွားပြီး ခေါင်းညိတ်ပြလိုက်ကာ စကားအချို့ပြောလိုက်ပြီး တစ်ယောက်ယောက်သည် သခင်ကို ခွေးလည်ပတ်ကြိုးတစ်ခု ကမ်းပေးလိုက်သည်။ ဝန်ထမ်းသည် စင်ပေါ်မှဆင်းပေးလိုက်သည်။ လူချမ်းသာသခင်သည် မိုက်ရှေ့တွင်ဝင်ရပ်ကာ လည်ချောင်းရှင်းလိုက်ပြီး လက်နောက်ပစ်ထားသည်။ သူ့ဗိုက်သည် မိုက်စင်ကို ဝင်တိုက်နေသည်။
“အရင်နေ့ရက်တွေတုန်းက ကျုပ်မှာခွေးမတစ်ကောင်ရှိခဲ့တယ်ဗျ ဒါပေမဲ့ အဲ့ဒီခွေးမက မီးဖိုချောင်ထဲရောက်သွားပြီး ကျုပ်နေ့လည်စာဖြစ်သွားခဲ့တယ်လေ”
သူ၏ အဝါရောင်သွားများဖြီးပြပြီး စကားဆက်ပြောပြန်သည်။
“ဒီနေ့ ကျုပ်ဒီနေရာ ဒီဖျောဖြေမဲ့ စင်ပေါ်မှာ သူ့သခင်ကို မကိုက်အောင် ခွေးမကို ကောင်းကောင်းလေ့ကျင့်ပေးမယ်”
သူသည် အမျိုးသမီးငယ်ကို လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။ ထို့နောက်
“ဒီကိုလာ ဒူးထောက်ပြီး လည်ပတ်လာဝတ်”
အမျိုးသမီးငယ်သည် တုန်ယင်နေပြီး ဒူးထောက်လိုက်ကာ ခွေးလည်ပတ်ကို သူမလည်ပင်းတွင် ဝတ်လိုက်သည်။ လူချမ်းသာသည် ထိုလည်ပတ်ကြိုးကို ဆွဲပြီး စက်ဆုပ်စွာရယ်လိုက်ကာ ကြိုးကို တင်းတင်းဆွဲထားပြီး
“မင်းသခင်ရဲ့ လက်ကို လျက်စမ်း”
အမျိုးသမီးငယ်သည် မျက်ရည်များစီးကျနေကာ သူခိုင်းတဲ့အတိုင်းလုပ်လိုက်သည်။ လူချမ်းသာသည် သူမကို စင်ပတ်ပတ်လည်ကို နှစ်ကြိမ်တိတိဆွဲသွားလိုက်ပြီး အမျိုးသမီး၏တင်ပါးကို လက်ဖြင့်ရိုက်ကာ ဆဲဆိုနေသည်။
“သွားစမ်း”
ကျိုးကျုံးချိုးကို များစွာသော ယောက်ျားများသည် မီးတောက်နေသော မျက်လုံးများနှင့် စိုက်ကြည့်နေကြပြီး သူတို့တွေးမိသည့်အတိုင်း လုပ်တော့မည့် အချိန်တွင် စင်ပေါ်မှ အစေခံအမျိုးသမီးငယ်၏ ခင်ပွန်းသည်အလွန်ဒေါသထွက်ပြီး တုန်ယင်နေကာ စင်ပေါ်သို့ ပြေးတက်သွားဖို့ လုပ်သည်။
“ငါ့ မိန်းမကို မထိနဲ့”
ဝန်ထမ်းသည် ထိုလူကို ချက်ချင်းတားလိုက်ပြီး
“စိတ်မကောင်းပါဘူး သခင်အစေခံ ဖျော်ဖြေပွဲကို နောက်ယှက်ခွင့် မပေးနိုင်ပါဘူး ဗျာ”
သာမန်လူတန်းစားများသည် စင်ပေါ်နှင့်စင်အောက်မှ မြင်ကွင်းကို ကြည့်ပြီး အမူးပြေသွားကြကာ ငြိမ်ကျသွားြီး စင်ပေါ်မှ နှိပ်စက်ခံနေရသော မိန်းမပျိုလေးကို ကြည့်ကာ တုန်ရီလာကြသည်။
‘ဒီတစ်ခေါက်က ဒီကောင်မလေး နောက်တစ်ခေါက် ငါတို့ဖြစ်မှာပေါ့’
သာမန်လူများသည် ထိုမြင်ကွင်းကို တိတ်ဆိတ်စွာကြည့်နေကြပြီး ဘယ်သူကမှ အသံမထွက်ဝံ့ချေ။ ခန်းမထဲမှ တစ်ခုထဲသော အသံမှာ မိန်းကလေး၏ ခင်ပွန်းအော်ဟစ်နေသော အသံသာဖြစ်သည်။
“မင်းအရမ်းလွန်နေပြီ သူမကို လွတ်ပေး သူမကို လွတ်ပေးလို့”
စင်ပေါ်မှ လူချမ်းသာသည် တဟားဟားအော်ရယ်နေပြီး စင်အောက်မှ အမျိုးသားကို ကြည့်ကာ သူ့မိန်းမကို အားရပါးရဆောင့်ကန်ပစ်လိုက်သည်။ အောက်ခြေလူတန်းစားများထဲမှ သတ္တိရှိသော လူတစ်ယောက်သည်
“ဘာလို့ လူချမ်းသာတွေကပဲ သခင်ဖြစ်နေကြတာလဲ၊ ဘာလို့ ကျုပ်တို့က အစေခံဖြစ်ရမှာလဲ”
လူအုပ်ထဲမှာ ပုန်းနေသော လုယုံရိသည် ခေါင်းငုံ့ပြီး တိုးတိုးလေးပြောလိုက်သည်။
“အေးလေ အေးလေ ဘာလို့အဲ့လို ဖြစ်ရတာလဲ”
လူအချို့သည် တစ်ယောက်မှစတင်လိုက်သောအခါ တစ်ယောက်တစ်ပေါက်ဆူညံလာကြသည်။ စင်ပေါ်မှ လူချမ်းသာသည် လူအများကြီးရှေ့တွင် ပါးရိုက်ခံလိုက်ရသလို သူ့မျက်နှာသည် လုံးဝမည်းမှောင်နေသည်။ ကျန်းလော်သည် သူ့ဘေးမှ လူတစ်ယောက်တီးတိုးပြောသည်ကိုပင် ကြားလိုက်ရသည်။
“ငါတို့ ဒီလူဆင်းရဲတွေကို နောက်လဲ အစေခံလုပ်လိုက်ခိုင်းရမဲ့ အတူတူ အခုတစ်ခါထဲ နှိပ်စက်လိုက်ရင်ရော”
နောက်လူတစ်ယောက်သည် အနည်းငယ်မသေမချာဖြစ်နေပုံဖြင့် အထင်အမြင်သေးစွာပြောလိုက်သည်။
“ဒီလူတွေ ဘယ်လိုတောင် ရဲတင်းနေကြတာလဲ”၏
ကျန်းလော်သည် အေးစက်စွာ နှုတ်ခမ်းထောင့်များကော့တတ်သွားသည်။ ထို့နောက် လူအုပ်ကြီး ရှေ့သို့ လျှောက်သွားလိုက်သည်။ စင်ပေါ်မှ လူချမ်းသာသည် အသက်ရှူသံလေးလံလာပြီး ဤဆင်းရဲသားကောင်များ၏ စောဒကတက်မှုများကြောင့် အလွန်ဒေါသထွက်လာသည်။
စင်ပေါ်မှ သခင်အစေခံ ဖျော်ဖြေပွဲသည် နှိမ့်ကျသော အောက်လွှာများကို အလွန်နာကျင်သွားစေပုံရသည်။ လူချမ်းသာသည် အမျိုးသမီးငယ်ကို ဝါးစားမတတ်ကြည့်လိုက်သည်။ အန္တာရယ်အသိကို ခံစားမိသော အမျိုးသမီးငယ်သည် ကြောက်လန့်စွာနောက်ဆုတ်သွားသည်။ လူချမ်းသာအဖိုးကြီးသည် ဒေါသတကြီး လက်မြှောက်လိုက်ကာ ထိုအမျိုးသမီးကို ရိုက်ပစ်တော့မည့်အချိန်တွင် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သော စင်အောက်မှ အသံတစ်သံကို ကြားလိုက်ရသည်။
“မစ်စတာ ဝင်လတန် အခုရပ်လိုက်လို့ရပြီ”
အသံလာရာကို ဒေါသတကြီး ကြည့်လိုက်ရာ အနက်ရောင်မျက်နှာဖုံးတပ်ထားသော ဆံပင်အနက်နှင့် လူငယ်သည် သူ့ကို စိတ်ဝင်တစားလှမ်းကြည့်လိုက်သည်။ လူချမ်းသာအဖိုးကြီးသည် စင်ပေါ်မှာဖြစ်နေသော်လည်း သူ့ကို အထင်အမြင်သေးသည် စက်ဆုပ်သလို ကြည့်နေသည်ကို ရှက်ရွံစွာ သည်းခံနေရသည်။ ဆံပင်အနက်နှင့် လူငယ်သည် အထင်အမြင်သေးစွာ လှောင်ပြုံးပြုံးလိုက်ပြီး
“ခင်များဖျော်ဖြေတာ တအားပျင်းစရာကောင်းတယ်လေ”
##############################