Ch 86
Viewers 8k

အပိုင်း (၈၆)


 သခင်အစေခံ စည်းမျဉ်းများ

ကျန်းလော်မျက်နှာသည် အနည်းငယ်ထူးဆန်းသွားသည်။ မကောင်းဆိုးဝါး၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုနှင့် ဒေါသတို့ရှုပ်ထွေးနေသည်။ ဆံပင်အနက်နှင့်ကောင်လေးသည် ဒေါသများစုထားပုံရသော်လည်း ကျန်းလော်သည် ကိုယ့်ကိုယ်ထိန်းချုပ်ကာ ရယ်မောလိုက်သည်။ ချီယုံသည် သေနတ်အစစ်ကိုတောင် မသုံးတတ်သည်ကို လူကိုလာပြီး မြူဆွယ်နေသည်။ ကျန်းလော်သည် အော်ရယ်လိုက်ချင်သည်ကို မနည်းထိန်းနေရသည်။ ကျန်းလော်ကိုယ်တိုင် သူ့ပါးစပ်ထဲခုန်ဝင်လာလျှင်တောင် သူသည် ဘာလုပ်ရမှန်းသိမည် မဟုတ်ပေ။ ကျန်းလော်သည် မျက်လုံးမှေးလိုက်ပြီး ဒုကပ္ပတိန်ကိုမဲ့ပြုံးနှင့် ကြည့်လိုက်ပြီး ပျားရည်လောင်းထားသကဲ့သို့ ချိုအီနေသော အသံဖြင့်

“ဟုတ်လား”

မဲပုံးထဲတွင်သူသည် လက်ထဲမှကတ်ကိုထိလိုက်ပြီး ချီယုံ့ကိုကလူ၏သို့မြှူ၏သို့ ကြည့်လိုက်ပြီး

“ဒုကပ္ပတိန်ရေ ခင်များက ဒီကတ်ကို ယူစေချင်‌နေတာလား”

ထိုကတ်မျက်နှာပြင်သည် ချောမွတ်နေပြီး အဖုအထစ်လုံးဝမရှိပေ။ ကျန်းလော်သည် ချီယုံသူ့ကို ဒီလိုကြင်ကြင်နာနာကူညီပြီး သခင်ကတ်‌ပေးမည်ကို မယုံပေ။ ဆန့်ကျင်ဘက်ကဲ့သို့ပင် ချီယုံသည် သူ့ကိုတမင်တကာ ဒုက္ခပေးဖို့ လာနှောက်ယှက်နေတာဟုသာထင်သည်။ တစ်ချိန်က ချီယုံသည် အဆောင်မီးရှို့ထားသောပြာရည်များကို သောက်ပြပြီး သူ့ကိုအရူးလုပ်ဖူးသည်လေ။ မကောင်းဆိုးဝါးသည် အဖြူသန့်သန့်မျက်နှာဖုံးတပ်ထားသောကြောင့် ညအလင်းရောင်အောက်တွင် အနည်းငယ်ကြောက်စရာကောင်းနေသည်၊ သူသည် နူးညံ့စွာရယ်လိုက်ပြီး 

“ကိုယ့်ကိုယုံ ဒီကတ်က မင်းလိုချင်နေတဲ့ကတ်ပဲ”

သူ့အသံသည် ကျီစယ်ခြင်းတို့နှင့် ပြည့်နေကာ

“ဧည့်သည်တော်ရဲ့လက်ထဲက ကတ်က တော်တော်တွေ့ရလေ့မရှိတဲ့ဟာဆိုတာ သေချာတယ်”

ကျန်းလော်သည် မကောင်းဆိုးဝါး၏ မျက်နှာထားကို မလွတ်တမ်းလိုက်ကြည့်နေသည်။ မကောင်းဆိုးဝါးသည် တည်ငြိမ်စွာပြုံးနေပြီး သူ့မျက်လုံးထဲတွင် စိတ်ဝင်တစားဖြစ်နေသည်။ သူ့လက်ထဲမှကတ်နှင့် ကျန်းလော်လက်ကိုစက်ဝိုင်းကဲ့သို့ ပွတ်ဆွဲနေသည်။ သူသည် ကျန်းလော်ဘာရွေးရွေးဂရုမစိုက်သည့်ပုံဖြစ်နေသည်။ ကျန်းလော်သည် ပြုံးလိုက်ပြီး မဲပုံးထဲမှလက်ကို ရှေ့တိုးလိုက်သည် ။ မကောင်းဆိုးဝါးသည် တမင်တကာ လိုက်နှောက်ယှက်နေသောကြောင့် ကျန်းလော်သည် စိတ်မရှည်စွာ

“ဒုကပ္ပတိန် ကျုပ်ကလေ ခင်များကို ဘယ်လိုမှကို ခံစားလို့မရတာ မင်းက ဘယ်လိုမှ မကောင်းဘူးလို့ပဲ ခံစားရတယ်”

မကောင်းဆိုးဝါးသည် သူ့ကို ကိုယ်ထိလက်ရောက်စော်ကားလျှင် ကျန်းလော်သည်လည်း ထိုသူနှင့် တစ်ထပ်ထဲ ပြန်လုပ်မည်ဖြစ်သည်။ မကောင်းဆိုးဝါးကို နှင်ထုတ်ရသည်လောက် ကျေနပ်စရာကောင်းတာ မရှိပေ၊ ဟုတ်တာပေါ့ ကျန်းလော်ကို စားမည့်အကြံကို ပုတ်ထုတ်လိုက်ရတာ ပိုပျော်ဖို့ကောင်းသေးသည်။ တစ်ဖက်တွင် ကောကျူသည် သူတို့ကို စိတ်ရှည်စွာစောင့်နေသည်။ စားပွဲထိုးသည်လည်း သူတို့ကို ဘယ်လိုအမူအယာမှ မဖော်ပြရဲဘဲ စောင့်ကြည့်နေသည်။ ထိုသို့ကြည့်နေကြသော်လည်း နှစ်ယောက်လုံးသည် မဲပုံးထဲတွင် လက်ကိုင်ထားကြသည်ကို မမြင်ရပေ။ မကောင်းဆိုးဝါးသည် ကျန်းလော်လက်ကို လက်ဆွဲနှုတ်ဆက်သလို မြဲမြဲကိုင်ထားသည်မှာ သူတို့လက်ကို သေချာတွဲချည်ထားသော ကြိုးတစ်ချောင်းရှိနေသကဲ့သို့ပင်။  ထိုလူ၏ မျက်လုံးပြာများထဲတွင် မီးများတောက်လောင်နေသလို ကျန်းလော်ကို ပြင်းပြင်းပျပျကြည့်လိုက်ပြီး

“ကိုယ်နည်းနည်းလေးနောင်တရသွားပြီ”

ကတ်သည်ကျန်းလော်လက်များထဲမှ လျောထွက်သွားသည်။ ထောင့်စွန်းသည် ကောင်လေး၏လက်ကို ဖိခြစ်မိသွားပြီး ကျန်းလော်လက်ပေါ်တွင် အနီရောင်အမှတ်ပါးပါးလေးကျန်ခဲ့သည်။ မကောင်းဆိုးဝါးသည် နောင်တရသွားပုံဖြင့်

“မင်းကိုဒီကတ်လေးယူရင်ပိုကောင်းမယ်လို့ တွေးမိရုံလေးတင်ပါ”

ထိုစကားများကြားပြီးနောက် ကျန်းလော်သည် တွေဝေသွားပြီး မကောင်းဆိုးဝါး၏ ပဟေဌိဆန်ဆန်ပြုံးနေသည်ကိုမော့ကြည့်လိုက်သည်။ ထို့နောက် ဒါသည်လည်း ချီယုံ့ထောင်ချောက်ဖြစ်နေမလားဟု တွေးမိသွားပြန်သည်။ သူသာ သခင်ကတ်ကိုဆွဲမိပြီး ချီယုံ့အပြောကြောင့် လက်လွတ်လိုက်ပြီး သူပေးသည့်အစေခံကတ်ကို ယူမိသွားရင် ဘယ်လိုလုပ်မလဲဟု တွေးမိသည်။ သို့သော် ပြောင်းပြန်လည်းဖြစ်သွားနိုင်သည်။ သူသာ အစေခံကတ်ကို ဆွဲထားမိပြီး ချီယုံက တကယ်ကူညီပြီး သခင်ကတ်ရွေးပေးထားသည်ဆိုလျှင်.................။ သို့သော် ချီယုံသည် သေချာပေါက်ကျန်းလော်သူ့အကူအညီကို လက်ခံလိမ့်မည်မဟုတ်ကြောင်း သေချာသိနေလိမ့်မည်။ ထို့နောက်ကျန်းလော်သည် သူ့လက်ထဲမှ သခင်ကတ်ကို နောင်တရစွာကြည့်နေရလိမ့်မည်။ 

‘ဒီတော့ ကတ်ကို ယူလိုက်ရမလား မယူရဘူးလား’

မကောင်းဆိုးဝါးသည် သူတွေဝေနေသည်ကို မြင်ပြီး မြှူဆွယ်သလို ခပ်ဟဟရယ်လိုက်ကာ 

“ဧည့်သည်တော် ဘယ်ဟာရွေးမလဲဗျာ”

စားပွဲထိုးလေးသည် ထက်မြက်စွာ

“ဧည့်သည်တော် ရွေးထားတဲ့ကတ်ကို ထုတ်လိုက်ပါ”

ကျန်းလော်သည် တည်ငြိမ်စွာပြုံးလိုက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစွာ

“အလျင်မလိုပါနဲ့”

သူသည် မကောင်းဆိုးဝါးကိုမျက်လုံးလှန်ကြည့်လိုက်ပြီး သူ့လက်ချောင်းကိုကွေးပြီး လက်ယက်ခေါ်လိုက်သည်။ မကောင်းဆိုးဝါးးသည် မျက်ခုံးပင့်လိုက်ပြီး ကိုယ်ကိုကိုင်းလိုက်သည်။ 

“မစ်စတာ မကောင်းဆိုးဝါး”

ကျန်းလော်သည် ချီယုံ့နားထဲသို့ တံတွေးများစင်အောင်တမင်တကာလုပ်ပြောလိုက်သည်။

“မင်းရဲ့ ဒီအခွံက ငါ့ကို မင်းရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်လောက် မဆွဲဆောင်နိုင်ဘူးကွာ”

မကောင်းဆိုးဝါး၏လည်စိသည် အထက်အောက်လှုပ်ရှားသွားကာ ချောမွေ့စွာ ရယ်လိုက်ပြီး

“ဂုဏ်ယူရမှာပေါ့ဗျာ”

သူတို့ အသက်ရှူသံများသည် ရောထွေးနေကြပြီး မကောင်းဆိုးဝါးသည် ကျန်းလော်ရှေ့တိုးလာမည်ဟု မထင်ထားခဲ့ပေ။ သူသည် စိတ်ကောင်းဝင်သွားကာ

“ဧည့်သည်တော်ရဲ့ ဒီညအလှကတော့ ကျုပ်ကို မထိန်းချုပ်နိုင်အောင်ဖြစ်နေပြီဗျာ”

မကောင်းဆိုးဝါးသည် သူ့လက်ထဲမှကတ်ကို ကျန်းလော်လက်ထဲ ပြောင်းပေးလိုက်သည်။ 

“ဒီတစ်ခုက မင်းနဲ့အလိုက်ဖက်ဆုံးပဲ”

စကားလုံးများသည် ကျန်းလော်နားထဲတွင်

‘အစေခံကတ်က မင်းနဲ့အလိုက်ဖက်ဆုံးပဲ’ ဟု ကြားလိုက်ရသလိုပင်။

ထို့ကြောင့်ကျန်းလော်သည် ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး ဆုံးဖြတ်လိုက်သည်။ သူသည် သေချာစွာပြုံးလိုက်ပြီး သူ့လက်ကိုဆွဲထုတ်လိုက်ကာ

“မဟုတ်ဘူး ဒါကသာ ကျွန်တော်နဲ့အလိုက်ဖက်ဆုံးကတ်လို့ထင်တယ်” 

မကောင်းဆိုးဝါး၏မျက်နှာပေါ်တွင် အပြုံးပျောက်သွားပြီး နောင်တရဟန်ပေါ်လာကာ သူကိုင်ထားးသောကတ်ကို အပြင်ထုတ်လိုက်သည်။ ထို့နောက် ကတ်အဖြူလေးကို လှန်ပြလိုက်ရာ သရဖူပုံနှင့်ကတ်ဖြစ်နေကာ ကျန်းလော်ဘက်လှည့်၍

“သခင်ကတ်”

ကျန်းလော်သည် ထိုကတ်ကို ထူးမခြားနားစွာကြည့်လိုက်ပြီးနောက် သူ့ကတ်ကို ဆွဲထုတ်လိုက်ပြီး ကတ်အလယ်မှသ‌င်္ကေတကိုကြည့်လိုက်သည်။ ထို့နောက် စိတ်အေးသွားပုံပြုံးလိုက်ပြီး 

“ဘယ်လောက်‌တောင်မှ ကံကောင်းလိုက်လဲ ငါလည်း သခင်ကတ်ပဲ”

ဘယ်သူ့အပြောကိုမှမစောင့်ဘဲ သူ့ကတ်ကို အိတ်ထဲထိုးထည့်လိုက်ပြီး 

“ကျွန်တော့ကို ကံကောင်းခြင်းယူလာပေးတဲ့ ဒုကပ္ပတိန်ကိုကျေးဇူးတင်ရမှာပေါ့ဗျာ သားကြီးငါတို့ သွားကရအောင်”

ကျန်းလော်သည် ချက်ချင်းလှည့်ထွက်သွားပြီး ခနပြန်လှည့်ကြည့်လိုက်ကာ 

“စကားမစပ် ကျုပ်ကပ္ပတိန်ကို ခင်များကို ကျုပ်မျက်စိရှေ့ရောက်မလာဖို့ပြောခဲ့တယ်ထင်တယ် ”

“ဒါပေမဲ့ ကိစ္စမရှိပါဘူး”

သူသည် ပုခုံးတွန့်လိုက်ပြီး ရှေ့ပြန်လှည့်လိုက်ကာ သူ့ဆံပင်များသည် ဝဲခါသွားပြီး 

“သိတယ်မလား တချို့သူတွေက ခွာချလို့မရတဲ့ ပိုးကောင်တွေလိုပဲလေ”

ထိုသို့ပြောပြီးနောက် သူတို့သည် လူအုပ်ကြီးထဲဝင်သွားလိုက်သည်။ အဝင်ဝတွင် တိတ်ဆိတ်သွားပြီး စားပွဲထိုးသည်

“ဒုကပ္ပတိန်..........”

“သူ့ကတ်ကို ဖတ်မကြည့်ရဘူး”

ဒုကပ္ပတိန်သည် စကားဖြတ်ပြောလိုက်သည်။ စားပွဲထိုးသည် သိချင်သွားပြီး

“သရဖူကတ်မဟုတ်ဘူးလား”

ဒုကပ္ပတိန်သည် ရယ်လိုက်ပြီး သူ့ကိုယ်သူပြောလိုက်သည်၊

“အာ ဟုတ်သားပဲ၊ တကယ့်အရူးလိုလူကွာ..............ဒီကောင်တွေ....”

ဘယ်လိုများသူ့စိတ်ထဲထိမြင်ရမလဲ

ကပွဲခန်းမထဲတွင် သီချင်းသံသည် ညင်သာနူးညံ့နေသည်။ အအေးဗန်းကိုင်ထားသော စားပွဲထိုးများကို ရှောင်ရင်း ကျန်းလော်သည် ပျံနေသလို လျှောက်သွားသည်။ ကောကျူသည် ကျန်းလော်ကို ဆွဲလိုက်ပြီး 

“ကျန်းလော် ဘာလို့အဲ့လောက်အမြန်လျှောက်နေရတာလဲ ငါကွာ ဒီနေ့မှပဲ မင်းခြေထောက်ဒီလောက်ရှည်မှန်းသိတော့တယ်” 

ကျန်းလော်သည် မြန်မြန်လျှောက်နေသေးသော်လည်း ချီယုံလိုက်လာမလားပြန်လှည့်ကြည့်လိုက်သည်။ ချီယုံ့ကို မမြင်သောအခါ သူသည် ကောကျူကို ဆွဲ၍ ထောင့်တစ်ထောင့်သို့ မျက်နှာပျက်ပြီး သွားလိုက်သည်။ 

ကောကျူသည် စိတ်ပူသွားပြီး

“ဘာဖြစ်လို့လဲ တစ်ခုခုမှားနေလို့လား”

ကျန်းလော်သည် သူ့ကတ်ကို ထုတ်လိုက်ပြီး သေချာပြန်ကြည့်လိုက်ရာ မမှားနိုင်သော အနက်ရောင် ချိန်းကြိုးပုံဖြစ်နေသည်။ 

ကောကျူ “..........”

ကောကျူသည် စကားမပြောနိုင်ဖြစ်သွားပြီး 

“ဒီတော့ လုယုံရိပြောတဲ့ မင်းက နို့အဆိပ်သင့်ပြီး ကံမကောင်းဘူးဆိုတာ တကယ်ဖြစ်လာတာပေါ့”

ကျန်းလော်သည် စိတ်ရှုပ်ပြီး မခံချင်ကာ ပြောလိုက်သည်။

“ဒီတစ်ကြိမ်က ဒီတိုင်းထည့်မတွက်နဲ့”

ကောကျူ၏မျက်လုံးများသည် မယုံကြည့်ပုံပေါက်နေသော်လည်း သူသည် လူကောင်းတစ်ယောက်ဖြစ်ကာ ကျန်းလော်ကို နှစ်သိမ့်ပေးလိုက်သည်။

“အဆင်ပြေတယ် ကျန်းလော် အဆင်ပြေသွားမှာပါကွာ မင်းကံကောင်းလာဦးမှာ သေချာတယ် ဆိုရိုးတောင် ရှိသေးတယ်ကွာ တစ်ခုပြီးရင်နောက်တစ်ခုလာတယ်ဆိုးလား မင်းအခုကံဆိုးသွားပြီ‌ဆိုတော့ နောက်ထပ်ကံကောင်းမှုတွေပဲလာတော့မှာ သေချာတယ်”

ကျန်းလော်သည် သက်ပြင်းမောကြီးချလိုက်ပြီး ကတ်ကို သူ့အိတ်ထဲပြန်ထည့်လိုက်ကာ

“မင်းမှန်တယ် အရေးကြီးနေတဲ့ကိစ္စဆိုတော့ ငါနောက်တစ်ကတ်ထပ်သွားနှိုက်မယ်”

ကောကျူ ကပြောလိုက်ည်

“ဘယ်လိုလုပ်မလို့လဲ”

ကျန်းလော်သည် တံခါးဖက်သို့ ကြည့်လိုက်သည်။ 

သူတို့သည် သူတို့သွားမည့်လမ်းကိုကြည့်လိုက်ရာ လူတွေအများကြီး ရှိနေသည်။ လူချမ်းသာများနှင့် သာမန်အရပ်သားများကို လွယ်လွယ်ကူကူခွဲခြားနိုင်သည်။ သူတို့ဝတ်ပုံစားပုံနှင့် တွင်ခွဲနိုင်သည်မဟုတ် မျက်နှာဖုံးဝတ်မဝတ်ကြည့်လိုက်လျှင်ပင် လွယ်လွယ်ကူကူခွဲနိုင်ပေသည်။ ချမ်းသာသူအားလုံးသည် သူတို့မျက်နှာတစ်ဝက်ကို မျက်နှာဖုံးဖြင့် ကွယ်ထားကြသည်။ မျက်နှာဖုံးတပ်ထားသူများသည် ရာထူးအရှိန်အဝါကြီးသူများ ဖြစ်ကြပြီး အထက်တန်းလွှာများသာဖြစ်ကာ ဆင်းရဲသူများသည် မျက်နှာကိုဘာနှင့်မျှကွယ်မထားသောကြောင့် လူများသည် ဘယ်သူကဘာဆိုတာ လွယ်လွယ်ကူကူသိနိုင်သည်။ 

ကျန်းလော်သည် နံရံပေါ်သို့ အကြည့်လွှဲလိုက်သည်။ ကပွဲစည်းကမ်းများကို ထိုနံရံပေါ်တွင်ရေးထားသည်။ 

......................................

စည်းမျဉ်း ၁။ သင်တို့ကတ်များကို တစ်စုံတစ်ယောက်က ကြည့်ချင်လျှင် မငြင်းဆိုရပေ။

စည်းမျဉ်း ၂။ အစေခံများသည် သခင်များကို လုံးဝငြင်းဆန်ခွင့်မရှိဘဲ တောင်းဆိုသမျှ အကုန်လိုက်နာကြရမည်။

စည်းမျဉ်း ၃။ သခင်နှင့် အစေခံတို့ စင်ပေါ်တွင် ဖျော်ဖြေရာတွင် သခင်သည် အစေခံ၏ လုံခြုံရေးကို သေချာဂရုစိုက်ရမည်။

..........................................

တစ်ချက်ချင်းစီတွင် ဟာကွက်အကြီးကြီးများ ရှိနေသည်။ နံပါတ် ၂ နှင့် နံပါတ် ၃နှင့်ယှဉ်လျှင် နံပါတ်၁သည် ဘာမှမဟုတ်ပေ။ 

သခင်နှင့် အစေခံဖျော်ဖြေသည်ဆိုတာ ဘာကြီးလဲမပြောထားသလို အစေခံ၏ အသက်ကိုထိန်းသိမ်းရမည်ဆိုသည်ကလည်း တခြားနည်းနှင့် တွေးကြည့်လျှင် တစ်ယောက်ယောက်ကို  မသတ်မိမချင်း ဘာလုပ်လုပ်အဆင်ပြေသည်လို့ တွေးနိုင်သည်၊ ဆိုလိုသည်မှာ ဖျော်ဖြေချိန်တွင် အစေခံ၏အသက်သည် လုံးဝမလုံခြုံပေ။ ဒါဆိုလျှင် ထိုစည်းမျဉ်းများကို မည်သူထုတ်ထားပါသလဲ။ 

သခင်များကို မလိုက်နာလျှင် ဘာအပြစ်ဒဏ်ခံရမှာလဲ ထည့်မရေးထားပေ။ ကျန်းလော်မျက်လုံးများသည် ပထမစည်းမျဉ်းကိုကြည့်ပြီး ငေးငိုင်သွားသည်။ ဒီလိုစိတ်ပျက်စရာစည်းမျဉ်းကြောင့် လူချမ်းသာများသည် အခွင့်ထူးများရနေပြီး သာမန်လူများသည် အန္တာရာယ်တွင်းထဲကျရတော့မည်။ သို့သော်ခန်းမထဲကို ကြည့်လိုက်လျှင် သာမန်လူများသည် မရေမတွက်နိုင်အောင် ရှိနေပြီး လှပသော အမျိုးသမီးများသည် ငွေထုပ်ကြီးနှင့် လက်ထပ်ချင်ကြကာ အမျိုးသားများသည် ခပ်တုံးတုံးလူချမ်းသာအမျိုးသမီးများနှင့် ချိတ်မိချင်ကြသည်။ ထိုသူများသည် အလွန်လောဘကြီးကြသူများသာဖြစ်ကြသည်။ 

လူတိုင်းသည် အစေခံကတ်များရသည်ကိုတောင် သူတို့ကံကောင်းလို့ ဒီလိုကပွဲမျိုးတက်ရသည်ထင်ကြသည်။ ကျန်းလော်ကတော့ ထိုသို့မထင်တော့ပေ။ ချိန်းကြိုးကတ်သည် အာလူးပူတစ်လုံးပင်။ ကျန်းလော်သည်

“ဒါက်ု အခုချက်ချင်းပြောင်းပစ်ရမယ်”

သူသည် ချက်ချင်းပင် မြန်မြန်လုပ်တော့သည်။ ကျန်းလော်သည် မျက်နှာဖုံးတပ်ထားသောကြောင့် လူတိုင်းသည် သူ့ကိုလူချမ်းသာမှန်းတန်းသိကြသည်။ လူချမ်းသာတော်တော်များများသည် သခင်ကတ်ကို ကိုင်ထားကြသည်။ တချို့ လူချမ်းသာများသည် ကျန်းလော်ကတ်ကို ကြည့်ရန်စိတ်မဝင်စားကြပေ။ အစေခံကတ်ကိုင်ထားသော လူချမ်းသာတချို့ကတော့ ကျန်းလော်ကတ်ကို သိချင်ကြသည်။

ချီယုံသည် ပွဲထဲတွင် မရှိပေ။ ကျန်းလော်သည် မကောင်းဆိုးဝါး၏ လှောင်ပြုံးကိုမြင်ယောင်လာသည်။ ချီယုံသည် သူက အစေခံကတ်ရထားသည်ကို သိသွားလားသူမတွေးတတ်ချေ။ သူသည် အလွန်စိတ်ဆင်းရဲလာသည်။ ကျန်းလော်သည် ချီယုံမှာ သူ့တပ်မက်ခြင်းကို မဖော်ပြနိုင်ကြောင်းသေချာသည် သို့သော် သူ၏နို့ဆိပ်ခတ်ခံရသလို ကံကြောင့် ကျန်းလော်သည်  ချီယုံလိင်ကိစ္စနားမလည်ဘူးဆိုတာကို မသေချာတော့သလို ခံစားနေရသည်။

ကျန်းလော်သည် သူအစကထင်ထားသည်မှာ သေချာကြောင်းသိနေသော်လည်း သူ့စိတ်ထဲမှ အသံကမေးသည်။

‘မှားသွားရင်ရော’

‘နောက်ထပ်ကံဆိုးရင်ရော’

မျက်နှာဖုံးအောက်တွင် ကောင်လေးသည် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ကောကျူကို ဆွဲထားပြီး တိုးတိုးလေးပြောလိုက်သည်။

“နောက်ကျရင် ငါ့နားနေနော်...........”

ဆွေးနွေးပြီးနောက် လူနှစ်ယောက်သည် အဝင်ဝသို့ လျှောက်သွားလိုက်သည်။ ကျန်းလော်တို့ကို မြင်သောအခါ စားပွဲထိုးလေးသည် ပြေးလာပြီး 

“ဘာများကူညီရမလဲ ဧည့်သည်တို့”

“တကယ်ပဲ ကိစ္စတစ်ခုရှိတယ်”

ကျန်းလောသည် နှေးကွေးစွာဖြင့် စိတ်ညစ်ပြီးရူးတော့မည့်ပုံပေါက်နေကာ

“ကိုယ့်ကတ်ပျောက်သွားလို့လေ နောက်ထပ်အသစ်တစ်ကတ် ထပ်ဆွဲလို့ရမလား”

စားပွဲထိုးသည် တည်ငြိမ်စွာဖြင့်

“ရပါတယ်ဗျာ”

“ဒါပေမဲ့ ဗွီအိုင်ပီကတ်တွေက အကန့်အသတ်နဲ့ဆိုတော့ မရှိတော့ဘူးဗျ ပြန်နှိုက်ချင်ရင် သာမန်လူများပုံးထဲကပဲ နှိုက်လို့ရပါတော့မယ်။”

“ဧည့်သည်တော် နှိုက်မှာလားဗျ”

ကျန်းလော်သည် တိတ်ဆိတ်သွားပြီး 

“သာမန်လူတွေ ကတ်ပျောက်သွားရင် ဘာဖြစ်မှာလဲ”

“သနားစရာပဲ”

စားပွဲထိုးလေးသည် ကရုဏာသက်စွာဖြင့်

“အရင်ကတ်က ဘာပဲဖြစ်ဖြစ် ပျောက်သွားရင်တော့ အစေခံဖြစ်မှာပဲ”

ကျန်းလော်သည် ထိုအကြောင်းကြားသောအခါ နှုတ်ခမ်းတင်းတင်းစေ့သွားပြီး ဒုတိယအကြံသုံးရန်ကြံလိုက်သော်လည်း ခန်းမထဲဝင်လာသော လူခြောက်ယောက်ကို မြင်လိုက်သည်။ လုယုံရိသည် ထိပ်ဆုံးမှ ဝင်လာသည်။ လုယုံရိသည် သူ့ကို အစကမမှတ်မိပေ။ သို့သော် သူဝင်လာပြီးနောက် နီးလာချိန်တွင် သူတို့သည် ကျန်းလော်၏ ဆံပင်ကို မှတ်မိသွားကြသော်လည်း မသိချင်ယောင်ဆောင်နေလိုက်ကြသည်။ သူတို့သည် စားပွဲထိုးဆီ လမ်းလျှောက်သွားလိုက်သည်။ ကျန်းလော်သည် သူတို့ကိုကြည့်လိုက်ပြီး စိတ်အခြေအနေမကောင်းစွာ မသိမသာခေါင်းယမ်းပြလိုက်သည်။ 

‘လျှောက်ဆော့မနေနဲ့ ပြန်အိပ်ကြတော့’

‘ငါနဲ့ကောကျူရှိရင် ဖြစ်တယ် မင်းတို့ ပြန်တော့’

လုယုံရိသည် ရောက်ရောက်ချင်း ပုံးထဲအရင်လက်နှိုက်လိုက်သည်။ သူသည် ကျန်းလော်ကိုကြည့်လိုက်တော့ ခေါင်းယမ်းပြနေသည်ကို တွေ့လိုက်သောအခါ သူသည် ရှုပ်ထွေးသွားပြီး ပုံးထဲက ကတ်တစ်ကတ်ယူပြီး လက်ကို ထုတ်လိုက်သည်။ 

“ဘာကတ်ရတာလဲ”

သူသည် ကတ်လှန်ကြည့်လိုက်ရာ သရဖူပုံကို တွေ့လိုက်သည်။ လုယုံရိသည် သရဖူပုံကို မြင်သောအခါ ခေါင်းရှုပ်သွားပြီး 

“ကောင်းတာလား ဆိုးတာလား”

စားပွဲထိုးလေးသည် အံ့ဩသွားပြီး ဂုဏ်ပြုလိုက်သည်။ 

“ဂုဏ်ယူပါတယ် ဒီပုံးထဲကနေ ဒီလောက်ရှားပါးတဲ့ ကတ်ရလိုက်တာ ဧည့်သည်က ပထမဆုံးပါပဲ”

ကျန်းလော် “................”