Ch 69
Viewers 8k

အပိုင်း (၆၉) 


လျှို့ဝှက်ချက်

ကော်ရစ်တာတွင် ဘာမှမရှိပေ။ 

သွေးစွန်းနေသော လူသတ်သမား၏ မျက်နှာသည် အမူအရာမဲ့နေသော်လည်း ချောမောပြီး ကြောက်စရာကောင်းနေသည်။ ကျန်းလော်သည် ပြေးနေရသော်လည်း ယခုထက်ထိ သန့််ရှင်းနေသေးသည်။ ချီယုံနှင့် ပြန်တွေ့လျှင် ဒီလိုပြောဖြစ်ရန်စဉ်းစားနေသည်။

‘မင်းက ငါ့အသုံးချလေးပါကွာ’

ကျန်းလော်သည် သူ့ကိုနမ်းခဲ့သည်။ တခြားဘယ်လိုအကြောင်းကြောင့်မှမဟုတ်ဘဲ ချီယုံကို ဒုက္ခရောက် ထောင်ချောက်ကျသွားစေချင်သောကြောင့်သာဖြစ်သည်။ သို့သော် ချီယုံသည် သိသိသာသာစိတ်ဝင်စားစွာပင် သူ့အနမ်းကိုတုန့်ပြန်ခဲ့ပြီး ကျန်းလော်တွန်းထုတ်နေသည်ကိုပင် ဆက်လက်ဆွဲထားခဲ့သေးသည်။ ကျန်းလော်သည် သူ၏လွှအောက်မှ လူနာတစ်ယောက်ကို ထုတ်ပေးခဲ့ခြင်းပင်မကပဲ သူ့ကို ဓားစာခံအဖြစ်ပါ အသုံးချသွားသည်။ 

သူအသက်ရှင်စဉ်က ချီမိသားစုမည်မျှအနိုင်ကျင့်ခဲ့ပါစေ ချီမိသားစုသည် သူ့ကိုစိတ်လွတ်မသွားစေနိုင်ခဲ့ပေ။ လူသတ်သမား၏ နှုတ်ခမ်းများသည် အားရပါးရပြုံးနေပြီး အန္တာရာယ်ရှိသော အရှိန်အဝါများပိုတိုးလာသည်။ အကယ်၍ သူသာ တစ်ခုခုကို မလုပ်ရဘူးဆိုလျှင် သူ့နှလုံးသားထဲမှ ဖြစ်ပေါ်လာသော ဆန္ဒနှင့် ကြောက်မက်ဖွယ်ဒေါသတို့ကို ပေါင်းစည်းသွားမိတော့မည်ဖြစ်သည်။ 

‘ငါ့လို မကောင်းဆိုးဝါးဝိဉာဉ်ကိုများ ဘာတန်ဖိုးမှမပေးပဲ အခွင့်အရေးယူရဲတယ်’

လူသတ်သမားသည် ဖြည်းဖြည်းချင် ခြေထောက်ကြွလိုက်ရာ အဖြူရောင်ကုတ်အင်္ကျီသည် လေထဲသို့ လွင့်တက်သွားသည်။ သူသည် ကျန်းလော်ရှိရာဆီသို့ သွားလိုက်သည်။

ကျန်းလော်သည် လှေကားထစ်များကို ဂရုတစိုက်ဆင်းနေသည်။ လုယုံရိနှင့် စီးဝမ်ကွေးတို့သည် ခြောက်လွှာလှေကားနားတွင် သူနှင့်တွေ့ရန်ပြောထားပြီး ဖြစ်သည်။ ကျန်းလော်သည် သူတို့နှစ်ယောက်အကြောင်း ကောင်းကောင်းသိသည်။ သူတို့ပေါ်မလာလျှင် သေချာပေါက်တစ်ခုခုဖြစ်နေသောကြောင့်ပင်။ 

သို့သော် အကြမ်းတမ်းဆုံးသော မျက်နှာမဲ့မိစ္ဆာသည် ချီယုံနှင့် တိုက်ခိုက်နေသောကြောင့် သူတို့ဘယ်လိုအရာမျိုးနှင့် ရင်ဆိုင်နေရသည် မသိပေ။

‘ မဟုတ်ဘူး၊ နောက်ထပ်ငါမသိလိုက်တဲ့ အန္တာရာယ်များတာ တစ်ခုခုနဲ့များ တွေ့နေကြတာလား’

ချီမိသားစု

‘တကယ်လို့ ချီမိသားစု၏ပုံရိပ်ယောင် အတတ်သည်  ချီမိသားစုက ဘာကိုသုံးပြီး လုပ်ထားတာလဲ အရင်စဉ်းစားကြည့်ရမယ်’

‘လုယုံရိနှင့် စီးဝမ်ကွေးတို့ လုံခြုံပါ့မလား’

ကျန်းလော်သည် အခုအချိန်တွင် ကောင်းကင်ကိုကြည့်ပြီး အော်ပစ်လိုက်ချင်နေသည် ။ သူသည် စိုးရိမ်ပူပန်မှုများကြား နှစ်မြုပ်နေသည်။ လေးလွှာသို့ဆင်းသွားလိုက်ချိန်တွင် ဆေးရုံထဲမှ အဆောင်ခန်းအတွင်းသို့ ပြန်ရောက်သွားသည်။ 

‘ပုံရိပ်ယောင်က ပြိုကွဲသွားပြီလား’

ကျန်းလော်သည် မူးသွားအောင် စဉ်းစားနေသည်။

“ဘယ်သူက ဖြိုခွဲလိုက်တာလဲ”

ထိုအချိန်တွင် ကျန်းလော်သည် ဆံချည်မျှင် တစ်ထွေးလိုက်ကြီးကို တက်နင်းမိလိုက်သောကြောင့် ငုံ့ကြည့်လိုက်ရာ ဆံပင် ပင်လယ်ကြီးကဲ့သို့ပင် များပြားပြီး သူ့ခြေထောက်သည် ထိုထဲတွင် နစ်မြုပ်နေလေပြီ။

‘ဒါကရော ဘာကြီးတုန်းဟ’

ကျန်းလော်သည် မျက်ခုံးတွန့်လိုက်ပြီး နောက်ဆုတ်လိုက်သည်။ သူ့အမူအရာသည် တွန့်လိမ်ရှုံ့မဲ့နေသည်မှာ ကြမ်းပြင်ပေါ်မှ ဆံပင်ခြုံကြီးကဲ့သို့ပင်ဖြစ်သည်။ သူသည် မီးဖူလုတစ်ရွက်ထုတ်လိုက်ကာ မန္တာန်ရွတ်လိုက်ရာ ထိုဖူလုသည် မီးထတောက်လာပြီး ကျန်းလော်သည် ဆံပင်ချည်များထဲ ပစ်ထည့်ရန်လုပ်လိုက်သည်။ ထိုအချိန်တွင် သူ့နောက်မှ

“ကျန်းလော် မလုပ်နဲ့”

ကျန်းလော်သည် နောက်လှည့်ကြည့်လိုက်ရာ ရယ်ရွှင်နှင့် လုယုံရိသည် သူ့ဆီပြေးလာနေကာ အမောတကောနှင့် ပြောလိုက်သည်။ ရယ်ရွှင်၏မျက်နှာသည် ဖြူဖျော့နေပြီး လုယုံရိသည် မျက်နှာတစ်ပြင်လုံး သွေးများရဲနေသည်။ ကျန်းလော်သည် သူတို့ကိုကြည့်၍ ခနရပ်လိုက်ကာ

“ဘာဖြစ်ထားကြတာလဲ”

“မီးမရှို့လိုက်ပါနဲ့ အဲ့ဒါရှောင်ဖန်ရဲ့ ဆံပင်တွေ ရှောင်ဖန်ရော စီးဝမ်ကွေးရော အဲ့ဒီဆံပင်တွေထဲမှာ မြုပ်နေတယ်”

“ရှောင်ဖန်က ဖုယွင်အာကို စားပြီးထဲက သူ့ခန္ဓာကိုယ်ပေါ်မှာ အမွှေးတွေအများကြီး ပေါက်လာတော့တာပဲ”

“ဖုယွင်အာ လား” 

ကျန်းလော်သည် ထိုနာမည်ကို မကြားသည်မှာ တော်တော်ကြာပြီဖြစ်သည်။ ထို့နောက် မျက်မှောင်ကြုတ်လိုက်ကာ

“ဘာလို့ ဖုယွင်အာက ဒီမှာရောက်နေတာလဲ”

သူသည် ယွင်နန်တွင် ပြုလုပ်ခဲ့သော ဒုတိယပြိုင်ပွဲကို ကောင်းကောင်းကြီးမှတ်မိသည်။ သူတို့သည် ထိုပြိုင်ပွဲတွင် ဖုယွင်အာ၏အလောင်းကိုရှာရသည်။ သူတို့သည် ဖုယွင်အာ၏အလောင်းကို ရုံးခန်းနံရံထဲတွင်တူးဖော်နိုင်ခဲ့ပြီးနောက် ဝမ်ရှင်းဟွေ့၏အသက်ခံရမှုကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။ သို့သော် သူတို့ပြန်ရောက်သွားချိန်တွင် ဖုယွင်အာ၏အလောင်းပျောက်သွားသည့်အကြောင်း ကျောင်းမှ သတင်းပို့လာသည်။ လုယုံရိသည် အားနည်းစွာဖြင့်

“ငါလည်းမသိဘူး စီးဝမ်ကွေးပြောတာတော့ သူမက ရုပ်သေးဖြစ်နေပြီတဲ့”

ရုပ်သေးဆိုသောအခါ ကျန်းလော်သည် ချီယုံ့ကို ပြေးမြင်လိုက်သည်။ သို့သော ဖုယွင်အာသည် ချီယုံ၏ရုပ်သေးမဟုတ်ပဲ ချီမိသားစုမှ လွတ်လိုက်သော ရုပ်သေးဖြစ်နေသည်။ ထိုအရာသည် သူတို့ကို ဒီမှာစောင့်နေပုံရသည်။ ကျန်းလော်သည် စိတ်ထဲမှ သရော်လိုက်သည်။ 

‘ချီမိသားစု’

“မင်းခေါင်းက ဘယ်လိုလုပ် ဒဏ်ရာရသွားတာလဲ သွေးတိတ်စေတဲ့ ဖူလုသုံးလိုက်တာလား”

လုယုံရိသည် အနည်းငယ်သွေးထွက်နေဆဲဖြစ်ပြီး မူးဝေနေကာ

“ရယ်ရွှင်က သွေးတိတ်အောင်လုပ်ပေးတာ၊ ငါအဆင်ပြေတယ်ရယ် စီးဝမ်ကွေးနဲ့ ရှောင်ဖန့်ကို အရင်ရှာရအောင်”

လှေကားခန်းသည် ဆံပင်များနှင့် ပြည့်နေပြီဖြစ်ပြီး လူတစ်ယောက်သာ ဒီထဲနစ်သွားပါလျှင် သေချာပေါက် သေဆုံးသွားမည် ဖြစ်သည်။ သို့သော် စီးဝမ်ကွေးသည် ရှင်နေသော အလောင်းကောင်ဖြစ်ပြီး ရှောင်ဖန်သည် ပူဆွေးနေသော အရုပ်ဖြစ်သည်။ လုယုံရိနှင့် ရယ်ရွှင်သည် စိတ်လှုပ်ရှားနေသော်လည်း စိတ်အရမ်းမပူကြချေ။ 

ကျန်းလော်သည် 

“ရှောင်ဖန်က ဘယ်အချိန်မှ ရပ်သွားမှာလဲ”

ရယ်ရွှင်သည် ခါးသီးစွာရယ်လိုက်ပြီး

“ငါလည်းမသိဘူး ကြာဦးမယ်ဆိုရင်တော့ ဒီအဆောက်အအုံကြီး တစ်ခုလုံးမြုပ်သွားလောက်တယ်၊ ခနနေရပ်သွားချင်လဲ ရပ်သွားလောက်တယ်၊ ငါ့မှာ အဲ့တာကိုရပ်အောင် လုပ်ရမဲ့ နည်းလမ်းရှိတယ် ဒါပေမဲ့ အဲ့လိုလုပ်ဖို့ အဆောင်ခန်းထဲမှာ သိမ်းထားတဲ့ ပစ္စည်းကို အရင်သွားယူရမှာ”

သူတို့သည် ပုံရိပ်ယောင်ထဲမှ ထွက်လာပြီဖြစ်သောကြောင့် အကယ်၍ ရယ်ရွှင်သာ ရှောင်ဖန်၏ဆံပင်များကို မတားဆီးနိုင်ခဲ့ပါလျှင် ထိုဆံပင်များသည် လှေကားခန်းတစ်ခုလုံးကို တွားသွားပြီး အဆောက်အအုံကို မြုပ်လိုက်ပေလိမ့်မည်။ ဘေးလူများသာ မြင်လျှင် ရုပ်လွန်အဖွဲ့အစည်းအကြောင်း လူတိုင်းသိသွားပေတော့မည်။ 

ဘာများထပ်ရှိသေးသလဲဆိုလျှင် ခြောက်လွှာတွင် သတ်နေကြသော မကောင်းဆိုးဝါးအကြီးစား နှစ်ကောင်ရှိနေသေးသည်။ တစ်ကောင်မှာ ချီယုံဖြစ်ပြီး နောက်တစ်ကောင်မှာ ဒေါသပုံထနေသော မျက်နှာမဲ့မိစ္ဆာဖြစ်သည်။ တစ်ကောင်ချင်းစီသည် သာမန်လူများအတွက် အလွန်ကြောက်စရာကောင်းမည်ဖြစ်သည်။ ကျန်းလော်သည် ချက်ချင်းပဲ ဒါရိုက်တာကို ဖုန်းခေါ်လိုက်သည်။ 

မကြာခင်တွင် အဆောင်တစ်ခုလုံးသည် ကြေငြာချက်တစ်ခုကို ကြားလိုက်ရသည်။ 

“အရေးပေါ် ထုတ်ပြန်ခြင်း အရေးပေါ် သင်တန်းသားအဆောင်တွင် ဓာတ်အားပြတ်တောက်မှု ဖြစ်သွားသောကြောင့် သင်တန်းသားများအနေနှင့် လုံခြုံရေးအတွက် ချက်ချင်း အရှေ့ဘက်လှေကားမှ မြန်မြန်ထွက်လာပေးကြပါ၊ မင်းတို့အတွက် ဟိုတယ်မှာအခန်းပြင်ပေးမှာဖြစ်လို့ အရှေ့ဘက်လှေကားကနေဆိငလာပြီး ငါးမိနစ်အတွင်း အောက်မှာလာစုကြပါ ငါးမိနစ်အတွင်း လာစုပေးကြပါ...............”

သင်တန်းသားများသည် ညလယ်ကြီး အချက်ပေးသံကြားလိုက်ကာ မူးနောက်စွာဖြင့် အမှောင်ထဲတွင် လှေကားမှ အပြေးအလွှားထွက်နေကြသည်။ စိတ်ညစ်စွာ ပြေးထွက်နေသည့် ကြားတွင် သင်တန်းသားတစ်ယောက်သည် 

“ဘာကြီးလဲဟ ဘယ်သူက ဆံပင်အတုကို ဒီမှာလာပစ်ထားတာလဲ”

“ဟား ဟား ဘယ်သူက ညလယ်ကြီး ဆံပင်တုတပ်ပြီး လျှောက်သွားနေမှာလဲ”

“မြန်မြန်ထွက်ကြပါ မြန်မြန်ထွက်ကြဟ”

ငါးမိနစ်ကြာပြီးနောက် အဆောင်ကြီးသည် တိတ်ဆိတ်သွားတော့သည်။ရယ်ရွှင်သည် အဆောင်ခန်းကို ပြန်၍ သိမ်းထားသော အဝါရောင် အဝတ်စကိုယူပြီး ထွက်လာခဲ့သည်။ အချိန်အကြာကြီးရှာပြီးနောက် ဆံပင်ချည်အောက်တွင် လှုပ်တုတ်လှုပ်တုတ် တွားထွက်နေသော ယုန်ရုပ်ရှောင်ဖန်ကို တွေ့လိုက်ရသည်။ သူသည် နဂိုချစ်စရာကောင်းသည့်ပုံပျောက်ကာ ဆံပင်များဖုန်းနေပြီး ကြောက်မက်ဖွယ်ဖြစ်နေသည်။ 

ရယ်ရွှင်သည် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ငါမင်းကို အရမ်းတွေ စွတ်စွတ်မစားပါနဲ့လို့ပြောတာကို”

သူသည် ဓားတစ်ချောင်းထုတ်၍ ဆံပင်များကို ဖြတ်ပေးလိုက်ပြီး အဝါရောင်အဝတ်နှင့် ချက်ချင်းပတ်ပေးလိုက်သည်။ ထို့နောက် ရှောင်ဖန်သည် ဆံပင်ရှည်ရပ်သွားသည်။ ရယ်ရွှင်သည် ရှင်းပြလိုက်သည်။

“ဆံပင်ဆိုတာ သွေးရဲ့အကြွင်းအကျန်နဲ့ ကျောက်ကပ်ကသွေးရည်ကြည်ကနေဖြစ်လာတာ၊ ကျောက်ကပ်က မျိုးပွားစေနိုင်တဲ့ အရည်တစ်မျိုးထုတ်ပေးတယ်၊ သွေးတို့ကျောက်ကပ်ရည်တွေက ရေတစ်မျိုးပဲလေ၊ဆံပင်ဆိုတာ သူ့အဆီအနှစ်ကနေဖြစ်လာတာ ဆိုတော့ ဒါက ပြောရရင် ‘ရေ’ပါပဲ၊ ပြီးတော့ အဝါရောင်ဆိုတာ မြေကြီးရဲ့အရောင်ဖြစ်ပြီးတော့ တာအိုပညာမှာ အဝါရောင်မရှိရင် အစိမ်းရောင်လိုမျိုး သဘာတရားကြီးကို ကိုယ်စားပြုတဲ့ သစ်သားတို့ မြက်ပင်တို့လိုဟာတွေလည်း သုံးကြသည်။ ရှောင်ဖန်ကို အဝါရောင်အဝတ်နဲ့ပတ်ပေးလိုက်ရင် ဆံပင်တွေ ထပ်မပေါက်လာတော့ဘူး”

“ဒါဆိုလည်း ဒီက အရင်ထွက်ကြရအောင်ကွာ”

သူသည် မျက်နှာမဲ့မိစ္ဆာနှင့် ချီယုံဘယ်သူနိုင်သွားမလဲ မသေချာသောကြောင့် ကျန်းလော်သည် ဒီနေရာတွင် ကြာကြာမနေချင်တော့ပေ။ အမှန်မှာ သူသည် ဘယ်သူနိုင်နိုင် စိတ်မဝင်စားပေ သို့သော် ကျန်းလော်သည် ဆံပင်အစုဝေးကို ဆောင့်ကြောင့်ထိုင်ပြီး ဖွကြည့်နေသော လုယုံရိကို မြင်လိုက်သည်။

“လုယုံရိ မင်းဘာလုပ်နေတာလဲ”

လုယုံရိသည် တီးတိုးပြောသည်။

“ကျန်းလော် စီးဝမ်ကွေးက ဒီထဲမှာရှိနေတုန်းပဲ”

ကျန်းလော်သည် တိတ်ဆိတ်သွားသည်။ လုယုံရိသည် ယိုင်ကျသွားသည်။ ရယ်ရွှင်သည် ကြောင်သွားပြီး

“လုယုံရိ”

လုယုံရိသည် အားနည်းစွာ

“အိုး ငါခေါင်းက နည်းနည်းလေး လည်နေသလိုပဲ”

ထိုစကားများထွက်ပြောနေရင်းပင် သူသည် ရှေ့သို့ငိုက်စိုက်ကျပြီး သတိလစ်သွားတော့သည်။ ကျန်းလော်သည် သူ့ကိုပြေးဖမ်းလိုက်ပြီး လုယုံရိသည် ကျန်းလော်လက်ဖြင့် ဆောင့်ဆွဲလိုက်သလိုဖြစ်သွားကာ သူ့ခေါင်းဒဏ်ရာမှ သွေးများပြန်ထွက်လာတော့သည်။ ကျန်းလော်သည် လုယုံရိကို ချီလိုက်ပြီး အလွန်စိတ်ပူနေကာ 

“ရယ်ရွှင် မင်းသူ့ကို ဆေးရုံအရင်ခေါ်သွားလိုက်၊ ငါစီးဝမ်ကွေးကို ရှာလိုက်မယ်၊ ငါရှာတွေ့တာနဲ့ မင်းတို့ဆီတန်းလာခဲ့မယ်”

ရယ်ရွှင် - “ကျန်းလော် မျက်နှာမဲ့မိစ္ဆာ သူ............”

“အဲ့ဒါကို သူရှင်း..............”

ကျန်းလော်သည် ရပ်သွားပြီး

“လာကွာ သူ့ကိုအရင်ခေါ်သွားလိုက်”

ရယ်ရွှင်သည် စိတ်ဆုံးဖြတ်လိုက်ပုံဖြင့်

“ကောင်းပြီ”

လရောင်သည် ပြတင်းပေါက်ကို ဖြတ်၍ အခန်းထဲတွင် သိမ်မွေ့စွာ ရောင်ဖြာကျနေသည်။ ကျန်းလော်သည် သူတို့နှစ်ယောက် ထွက်သွားသည်ကို ကြည့်လိုက်ပြီး သူ့မျက်နှာသည် တည်သွားပြီး မီးဖူလုနှင့် ဆံပင်များကို မီးရှို့ပစ်လိုက်သည်။ ဆံပင်များသည် မျက်စိတစ်မှိတ်အတွင်း အကုန်ပြာဖြစ်သွားသည်။ ကျန်းလော်သည် စီးဝမ်ကွေးမှာ ဆံပင်ထဲတွင် မပိတ်မိနိုင်ဟုထင်သည်။ လုယုံရိပင်လျှင် ရှောင်ဖန်ဆံပင်မှ လွတ်မြောက်လာနိုင်ရာ စီးဝမ်ကွေး မလွတ်မြောက်နိုင်သည်မှာ လုံးဝ မဖြစ်နိုင်ပေ။ 

သို့သော် စီးဝမ်ကွေးသည် လွတ်မြောက်ပါလျက် သူတို့ဆီရောက်မလာတာသာ ဖြစ်ခဲ့လျှင် သူမလာချင်သောကြောင့် မလာတာဖြစ်ပေလိမ့်မည်။ 

‘သူအတိတ်ကို  ပြန်မှတ်မိသွားလောက်ပြီ’

မီးဖူလုသည် ဆံပင်များကို မီးရှို့ပြီး ပြာဖြစ်သွားစေပြီ ဖြစ်သောကြောင့် လမ်းရှင်းသွားလေပြီ။ ကျန်းလော်သည် လှေကားရင်းတွင်ရပ်နေပြီး အောက်ဆင်းသင့်မဆင်းသင့် စဉ်းစားနေသည်။ လုယုံရိသည် စီးဝမ်ကွေးသည် တတိယထပ်အလယ်တွင် အမြုပ်ခံလိုက်ရကြောင်း သိထားသည်။ သို့သော် သူသာမှတ်ဉာဏ်များ ပြန်ရသွားလျှင် ကျန်းလော်သည် အဘယ့်ကြောင့် သွားရဦးမည်နည်း။

သို့သော် ကျန်းလော်သည် ဖုန်ထူနေသော လှေကားမှ ဆင်းသွားလိုက်သည်။ 

“ရှပ် ရှပ် ရှပ်”

ဖိနပ်သံတရှပ်ရှပ်ကြားလိုက်ရသည်။ ကျန်းလော်သည် ထိုနေရာတွင် အေးခဲသွားလေသည်။ ကျန်းလော်သည် အသက်ကို တိုးတိုးရှူလိုက်ကာ လှေကားလက်ရန်းအပြင်ကို ကြည့်လိုက်သည်။ သူသည် ပထမထပ်တွင် စိတ်တိုနေသော လူသတ်မကောင်းဆိုးဝါးကောင်ကိုတွေ့လိုက်သည်။ လူသတ်သမားသည် ကျန်းလော်ပေါ်လာမည့်အချိန်ကို တမင်သက်သက်စောင့်နေပုံရသည်။ သူသည် ကျန်းလော်ကို မြင်သည်နှင့် အေးခဲမတတ် အသည်းခိုက်ဖွယ် အပြုံးကြီးပြုံးပြလိုက်သည်။ ကျန်းလော်သည် ကြက်သီးများထလာပြီး မယုံနိုင်စွာ

“ချီယုံက မျက်နှာမဲ့မိစ္ဆာကို နိုင်သွားတာလား”

‘သူက ဒီလောက်တောင် သန်မာတာလား’

ကျန်းလော်သည် သွေးများပွက်ပွက်ဆူလာပြီး အသက်ရှူသံမြန်လာကာ 

‘ဒီလိုကြောက်ဖို့ကောင်းတဲ့ လူသတ်ကောင်နဲ့ မျက်နှာချင်းဆိုင်လာတွေ့တာ အဆင်ပြေမနေဘူး’

ထို့နောက် ကျန်းလော်သည် ချီယုံကို နက်ရှိုင်းစွာကြည့်လိုက်ပြီး နောက်လှည့်၍ မှုန်နေအောင်ပြေးတော့သည်။ ချီယုံသည် လုံးဝနောက်ကျမကျန်ခဲ့ပေ။ မကောင်းဆိုးဝါးသည် သူ့ရှေ့မှပြေးနေသော ဆံပင်အနက်နှင့် လူငယ်လေးကို မျက်နှာမလွှဲပဲသေချာကြည့်နေသည်။ မကောင်းဆိုးတားသည် ကျန်းလော်ဝင်သွားသော လှေကားခန်းအပြင်ဘက်တံခါးကို အရှိန်ပြင်းပြင်းဝင်တိုက်လိုက်ပြီး နောက်မှ ဆက်လိုက်နေသည်။ 

ခနနားပြီးနောက် ကျန်းလော်သည် ပြေးရပြန်သည်။ဒေါသထွက်နေသော အရှိန်အဝါသည် ကျန်းလော်နောက်မှ ထပ်ချပ်မခွာလိုက်နေသည်။ ထို့ခံစားမှုသည် ကျန်းလော်ကို ချီယုံဆယ့်ရှစ်ကြိမ်သတ်ခဲ့တုန်းက ခံစားချက်နှင့် ဆင်သော်လည်း ထိုသို့ရည်ရွယ်ချက်ရှိပုံမရပေ။ 

‘ကျန်းလော်ကို သတ်လိုက်ရမလား’

သို့သော် ချီယုံသည် ကျန်းလော်ကို မသတ်ချင်ပေ။ သူသည် ကျန်းလော်ကို သူ့အမှားသူသိအောင် ပြချင်ပြီး ပြီးမှသာ ဖြေးဖြေးချင်းသတ်ပစ်မည် ဖြစ်သည်။ ထိုသို့ တွေးလိုက်သောအခါ ချီယုံသည် စိတ်ထဲတွင် ကသောင်းကနင်းဖြစ်လာပြီး သူ့ကိုယ်သူစိတ်တိုလာသလို ခံစားနေရသည်။ 

ကျန်းလော်သည် မြေညီထပ်ထိပြေးသွဦးကာ တံခါးမှ ထွက်တော့မည့် အချိန်တွင် တံခါးသည် လေတိုက်ပြီး ပိတ်သွားသည်။ 

ဘန်းဆိုသောအသံကြီးနှင့်အတူ မြေညီထပ်သည် ဘာမှမရှိသော နေရာလွတ်ကြီး ဖြစ်သွားသည်။ ချီယုံသည် ကျက်သရေရှိစွာ တစ်လှမ်းချင်းလျှောက်လာပြီး မြေညီထပ်ရှိ ဧည့်ခန်းနားရောက်လာသည်။ ကျန်းလော်သည် သူ့ကိုကြည့်လိုက်ပြီး အဆုံးထိတိုက်ခိုက်ပစ်မည်ဟု တွေးလိုက်သည်။ ကျန်းလော်သည် အားနည်းနေပုံလုံဝမပြပဲ 

“ချီယုံ မင်းက မသေသေးဘူးလား”

သူသည် လက်ပိုက်လိုက်ပြီး မျက်ခုံးပင့်လိုက်ကာ

“ဆိုတော့ မင်းက ငါ့နောက်ကို ဒီလောက်မြန်မြန်ပြေးလိုက်လာတာ မင်းလျှို့ဝှက်ချက်ကို ပြောပြတော့မလို့လား”

“အဲ့ဒီကိစ္စကြောင့်ဆိုရင်တော့ ငါတကယ်ကို စိတ်မကောင်းပါဘူး” 

ကျန်းလော်သည် ပိတ်ရိုက်ချင်စရာကောင်းအောင် ပြုံးလိုက်ပြီး သူကချည်းထပ်ပြောလိုက်သည်

“မင်းငါ့ကို လျှို့ဝှက်ချက် နှစ်ခုပြောရမှာနော်”

ကျန်းလော်သည် ဒီတစ်ခနတွင် ချီမိသားစုကို ကွယ်ပျောက်သွားစေချင်လောက်အောင် မုန်းလာသည်။ သေချာပေါက် သူသည် အငြိုးကြီးသောသူတစ်ယောက်ဖြစ်သည်။ သူသည် လုယုံရိကို ချီမိသားစုမှ ရုပ်သေးဖုယွင်အာ မသတ်နိုင်ခင် ရှာတွေ့ခဲ့သောကြောင့်သာ တော်တော့သည်။ သူသည် မကောင်းဆိုးဝါးနှင့် အချိန်လုပြီး ကစားပေးရဦးမည်။ 

ချီယုံသည် ထူးခြားစွာရယ်လိုက်ပြီး

“ဟုတ်တာပေါ့ ကိုယ်မင်းကို လျှို့ဝှက်ချက်နှစ်ခု ပြောပြရဦးမယ်”

သူသည် ရှေ့သို့ တစ်လှမ်းတိုးလာပြီး သူ့ပုံစံသည် ကျော့ရှင်းနေကာ ပန်းခြံထဲလမ်းလျှောက်နေသလို ပေါ့ပါးနေသည်။ တောင်ပြိုလာလျှင်တောင် ဂရုမစိုက်ဘဲ ဆက်လျှောက်နေဦ်းမည့်ပုံပေါ်သည်။ ချီယုံသည် အမြဲတမ်းချောမောသည်။ သေခြင်းတရားကြောင့် ဖျော့တော့ပြီး နေမကောင်းပုံပေါက်သွားသော်လည်း မပြည့်မစုံစွာပင် လှနေသေးသည်။ သူ့နှာခေါင်းသည် ဖြောင့်စင်းနေပြီး မျက်လုံးများသည်ပြုံးနေကာ ချောမောခန့်ညားပြီး သိမ်မွေ့သောပုံပေါက်နေသည်။ သို့သော် ချီယုံသည် ယခုအချိန်တွင် သူ့ပင်ကိုယ်စရိုက်ကို ထုတ်ပြလိုက်ပုံပေါ်သည်။ ရူးသွပ်ပြီး သတ်ဖြတ်ချင်သည်။

ကျန်းလော်သည် မကောင်းတော့သလို ခံစားရသည်။ 

‘ချီယုံက ငါအတင်းအကျပ်နမ်းလိုက်မိလို့ ဒီလောက်တောင်စိတ်ဆိုးသွားတာလား’

‘သူ့ကို ဓားစာခံလုပ်လိုက်လို့လား’

ကျန်းလော်သည် အန္တာရာယ်ရှိသည် ဆိုသောအသိကြောင့် သူ့လက်ကောက်ဝတ်ကိုခါလိုက်ပြီး ရာသီခွင်ကျောက်စာ ဆယ့်နှစ်ခုသည် ပျံထွက်သွားကာ ချီယုံကို သွားရောက်ရစ်ပတ်လိုက်သည်။ 

ချီယုံသည် လက်ကိုမြှောက်လိုက်ပြီး ထိုဆယ့်နှစ်ခုကို တားလိုက်သည်။ သို့သော် သူတို့သည် မထင်မှတ်ထားစွာပင် ချိန်းကြိုးနှစ်ခုအဖြစ်ပြောင်းသွားပြီး သူ့ကို ခါးမှရစ်ပတ်လိုက်ကာ သူ့ကို အနောက်သို့ ဆွဲထုတ်သွားသည်။  ချီယုံသည် ထိုနေရာတွင် ပိတ်မိနေကာ သူ့လက်မောင်းများဖြင့် အတင်းအကျပ်ရုံးနေသည်။ ချီယုံသည် မရုန်းနိုင်ခဲ့ပေ။ 

မကောင်းဆိုးဝါးသည် ရွှေရောင်ကြိုးများကို ကြည့်ပြီး သူ့ခေါင်းကို ဆံပင်အနက်နှင့် လူငယ်လေးဘက်လှည့်၍ လှောင်ပြုံးပြုံးပြလိုက်သည်။ ဆံပင်အနက်နှင့် လူငယ်လေးသည် သူနှင့်မနီးမဝေးတွင်ရပ်နေပြီး 

“ပြောတော့လေ မင်းရဲ့လျှို့ဝှက်ချက်နှစ်ခု”

မကောင်းဆိုးဝါသည် ပြုံးလိုက်ပြီး 

“ဒီနားထိလာ”

ကျန်းလော်သည် ဒီတိုင်းရပ်ကြည့်နေပြီး ချီယုံသည် အစွမ်းကုန်သွားဖြဲပြပြီး

“ကြောက်နေတာလား”

“စိတ်ဓာတ်စစ်ဆင်ရေးလိုဟာမျိုးတွေက ငါ့ဆီမှာ အလုပ်မဖြစ်ဘူး”

ကျန်းလော်သည် နှာမှုတ်လိုက်ပြီး ချိန်းကြိုးများ ချီယုံကို သေချာချုပ်ထားသည်ကို စစ်ဆေးလိုက်ပြီး 

“မင်းကသနားစရာကောင်းနေတော့လည်း လာပေးရမှာပေါ့ လာပြီ မင်းပြောလို့ရပြီ”

သူသည် ချီယုံ၏လျှို့ဝှက်ချက်ကို အလွန်သိချင်နေသည်။ တစ်ခုမှစပြီး အားလုံးကိုသိချင်ကာ ချီယုံကို နားလည်ချင်သည်။ သူ့ဘေးရှိသူများကို သံသယလွန်ကဲတတ်စေသောရောဂါနှင့် ကျန်းလော်သည် သူ့ဘေးရှိသူအားလုံးကို မျက်ခြေမပျက်စောင့်ကြည့်နေကာ အမြဲတမ်းအန္တာရာယ်အတွက် အဆင်သင့် ပြင်ထားတတ်သည်။ 

“ပထမဆုံးလျှို့ဝှက်ချက်က”

မကောင်းဆိုးဝါးဝိဉာဉ်သည် အသံလေးလေးဖြင့် 

“ဘယ်ဘက်ကနားထောင်ချင်လဲ”

ကျန်းလော်သည် 

“မင်းဘက်က”

မကောင်းဆိုးဝါးသည်

“’အိုး ကိုယ့်ဘက်ကလား”

“ကိုယ့်လျှို့ဝှက်ချက် ဆိုရင် အများကြီးပဲကွ”

မကောင်းဆိုးဝါးသည် ပြုံးလိုက်ပြီး 

“ကိုယ်က ကျိန်စာတစ်ခုသင့်ထားတယ်”

ကျန်းလော်သည် ခနစောင့်လိုက်ပြီး

“ဒါလေးပဲလား”

ချီယုံသည် မျက်ခုံးပင့်လိုက်ကာ 

“နောက်ကျန်တဲ့ဟာတွေက ဒုတိယလျှို့ဝှက်ချက်လေ”

ကျန်းလော်သည် အလွန်စိတ်ဆိုးသွားကာ 

“ချီယုံ မင်းက လျှို့ဝှက်ချက်တစ်ခုကို နှစ်ပိုင်းခွဲနေတာလာ မင်းစကားတစ်လုံးကို တစ်ခုလို့သာ ပြောလိုက်ပါတော့လား”

ချီယုံသည် 

“ဒါဆိုလည်း ကိုယ့်နားတိုးလာခဲ့ ကိုယ်ကျေနပ်လောက်တဲ့ထိ တိုးလာခဲ့လေ အဲ့ဒါဆို ကျန်တာပြောပြမယ်”

ကျန်းလော်သည် သူ့နှလုံးသားကို ကြောင်တစ်ကောင် လက်သည်းနှင့်လာကုတ်နေသလို စပ်ဖြင်းဖြင်းခံစားလိုက်ရပြီး လျှာသပ်လိုက်ကာ ချီယုံကိုကြည့်လိုက်ပြီး အနားကပ်လိုက်သည်။ ထို့နောက်ကျန်းလော်သည် သူ့နှုတ်ခမ်းပေါ်တွင် ချီယုံံသွားရည်များပေနေသည်ကို သတိရသွားပြီး နှုတ်ခမ်းကို လျှာနှင့်သပ်နေသည်ကို ရပ်လိုက်သည်။ ထို့နောက်

“မင်းငါ့ကို အဲ့လိုဆက်ကြည့်နေမယ်ဆိုရင် အဲ့ဒီမျက်လုံးတွေက်ို နှိုက်ထုတ်လိုက်သည်”

ချီယုံသည် ရယ်လိုက်ပြီး 

“ဘာလို့ဒီလောက်တောင်ဆိုးနေရတာလဲ”

ကျန်းလော်သည် သူ့ကိုပိုပိုပြီးစိတ်ဆိုးလာကာ သူသည် မျက်နှာမဲ့မိစ္ဆာကိုရင်ဆိုင်ရန် ချီယုံ့ကို အတင်းအကျပ်နမ်းခဲ့သည်ကို မေ့ထားလိုက်သည်။ သို့သေည် ချီယုံသည် မျက်နှာမဲ့မိစ္ဆာကို ခနအတွင်းသတ်လိုက်ကာ သူ့ကိုဖမ်းရန်လိုက်လာခဲ့သည်။ ကျန်းလော်သည် မျက်နှာမဲ့မိစ္ဆာကို ဘယ်လိုရှင်းလိုက်မှန်း မမြင်ခဲ့ရသော်လည်း ဒီလောက်မြန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကျန်းလော်သည် ချီယုံမှာ ဘာအားနည်းချက်မှ မရှိဘူးပင် ထင်လာမိသည်။ သူသည် အသက်ပြင်းပြင်းရှူလိုက်ကာ ရှေ့သို့ ထပ်တိုးသွားလိုက်ပြီး

“ပြောတော့”

သူနှင့်မကောင်းဆိုးဝါးကြားမှအကွာဝေးသည် အလွန်နီးကပ်နေသည်။ နီးကပ်လွန်းလို့ မကောင်းဆိုးဝါးသည် ကျောက်စိမ်းလိုလရောင်အောက်မှ ကောင်လေး၏မျက်နှာကို အနီးကပ်မြင်နေရသည်။ ကောင်လေး၏နဖူး၊ ပါးပြင်၊ မျက်လုံး ထို့နောက်သူ့ကိုနမ်းခဲ့သော နှုတ်ခမ်းဖူးဖူးလေး။

အကျဉ်းချုပ်ပြောရလျှင် ကောင်လေးသည် အလွန်လေးလံသည်။ ထိုကောင်လေးသည် အသက်ရှင်နေပြီး မြစ်ကြမ်းပြင်ထိ နှစ်မြုပ်သွားသော ဖုန်မှုန့်လေးကဲ့သို့ပင် အမှောင်ထုကြီးထဲတွင် နစ်မြုပ်နေသည်အထိ လေးလံလွန်းသည်။ ချီယုံသည် ဂရုမစိုက်စွာငေးကြည့်နေပြီး ပြုံးပင်ပြုံးပြနေသေးသည်။ 

“ကျိန်စာက ချီမိသားစု ပင်မအိမ်တော်က ကိုယ်တို့ကို ထိန်းချုပ်ထားတဲ့ဟာပဲ ”

“သူတို့ကို အိမ်တော်ငယ်တွေက ပုန်ကန်မှာစိုးလို့လေ”

ကျန်းလော်သည် ဘာပြောရမှန်းမသိစွာ ကြောင်ကြည့်နေသည်။

မထူးဆန်းတော့ပါဘူး။

“ဒါကတစ်ခုပေါ့ နောက်တစ်ခုကရော”

ချီယုံသည် သူ့ကိုပြန်မေးလိုက်သည်။

“မင်းက ဘာကိုသိချင်နေတာလဲ”

ကျန်းလော်သည် ရပ်လိုက်ပြီး

“မင်းမှာ အားနည်းချက်ရှိလား”

ကျန်းလော်သည် မေးခွန်းမေးပြီးနောက် နှလုံးခုန်မြန်လာသည်။ ဘယ်လိုလူကမှ ကိုယ့်အားနည်းချက်ကို တခြားသူကို ပြောပြမည်မဟုတ်ပေ။ သို့သော် ကျန်းလော်သည် ချီယုံဘာမှပြန်မပြောပဲနေမည်ထက် မရှိဘူး ဟုပြောသံသာ ကြားလိုသည်။ မကောင်းဆိုးဝါးသည် မျက်ခုံးပင့်လိုက်ပြီး အံ့ဩစွာ

“ကောင်းတယ် ဒါကမှမေးခွန်းပဲ”

ကျန်းလော်သည် မထိန်းနိုင်စွာ ရှေ့တိုးလာပြီး

“ရှိလားမရှိဘူးလား”

“သေချာပေါက်ရှိတာပေါ့”

မကောင်းဆိုးဝါးသည် ပြီတီတီနှင့် 

“အရင်ဆုံးကိုယ့်ကိုပျော်အောင်လုပ်ပေး”

သူ့ညာဘက်လက်မောင်းမှ ရွှေသံကြိုးသည် ပြင်းပြင်းထန်ထန်ဆွဲညစ်ထားသောကြောင့် လက်မောင်းပေါ်တွင် ကြောက်မက်ဖွယ် စက်ဝိုင်းကြီး ထင်သွားသည်။ ထို့နောက် ခနအတွင်းမှာပင် ချီယုံသည် သူ့လက်မောင်းကို ကျန်းလော်ရှေ့မှာပင် လိမ်ပစ်လိုက်သည်။ ရာသီခွင်ဆယ့်နှစ်ခုကျောက်စာကို မဖြတ်နိုင်သောကြောင့် ချီယုံသည် သူ့လက်မောင်းကိုဆွဲဖြုတ်ပစ်လိုက်ရာ အနက်ရောင်သွေးများ ကျန်းလော်မျက်နှာသို့လာစင်သည်။ ကျန်းလော်သည် အေးခဲသွားသည်။

ထိုအချိန်တွင် ကျန်းလော်စိတ်သည် ဗလာဖြစ်သွားပြီး မကောင်းဆိုးဝါး၏ကွယ်ထားသော ညာဘက်ဘက်မောင်းကို ငေးနေသည်။ မကောင်းဆိုးဝါးသည် ပေါ့ပါးစွာပြုံးလိုက်ပြီး သူ့ဆီလျှောက်လာသည်။

‘မကောင်းဆိုးဝါးတွေလည်းသွေးထွက်တယ်လား’

ချီယုံသည် ခေါင်းကိုငုံ့လိုက်ပြီး သူ့ညာဘက်လက်မှ ဒဏ်ရာကို အုပ်ထားသော ဘယ်ဘက်လက်ဖြင့် ကျန်းလော်မျက်နှာကို ပွတ်သပ်လိုက်သည်။ အေးစက်ပြီး ခြင်ဆီထဲထိခဲသွားစေနိုင်သော အသံဖြင့်

“ကိုယ်စိတ်ဆိုးတယ်”

ချီယုံသည် ဖြေးညှင်းစွာြဖင်

“ကိုယ့်ကို ဒီလိုမျိုးဓားစာခံလုပ်ပြီး ဒီလိုနည်းနဲ့ ကိုယ့်ကို လှည့်စားလို့ ကိုယ်မင်းကို အရမ်းစိတ်ဆိုးနေတယ်”

ကျန်းလော်သည် သွေးနံ့ပြင်းပြင်းရလိုက်ပြီး ကျန်းလော်မျက်နှာပေါ်တွင် သွေးများပေကုန်သည်။ ချီယုံ၏မျက်လုံးများသည် အေးစက်နေပြီး ကြောက်မက်ဖွယ်ကောင်းနေကာ

“မင်းကိုယ့်ကိုလုပ်သွားတာကိုတွေးမိရင် ကိုယ်မင်းကို တစ်ကိုက်ထဲကိုက်ပြီး မျိုချပစ်လိုက်ချင်တာ၊ ဆိုတော့ ကိုယ့်ကို မင်းနည်းလမ်းနဲ့ ပြန်ချော့”

ထိုသို့ပြောပြီးနောက် သူ့ဘယ်ဘက်လက်သည် ကျန်းလော်မေးစေ့ကိုပင့်လိုက်ပြီး ကြမ်းတမ်းစွာနမ်းလိုက်သည်။ သူသည် အနမ်းလိုမနမ်းဘဲ သားရဲကောင်ကဲ့သို့ ကိုက်ဖြဲနေခြင်းဖြစ်သည်။ သွေးစွန်းနေသော၊ လက်ခံနိုင်ဖွယ်မရှိသော ချစ်စိတ်ပြင်းပြမှုနှင့် နူးညံ့သိမ်မွေ့မှုလုံးဝမရှိသော မျိုချမတက်ကိုက်ဖြတ်နေသည့် အနမ်းဖြစ်သည်။ ကျန်းလော်နှုတ်ခမ်းသည် သွေးများထွက်နေပြီး အလွန်နာကျင်နေသည်။ ဆံပင်အနက်နှင့်လူငယ်လေးသည် စိတ်တိုလာပြီး လက်ကိုယမ်းလိုက်ရာ ယင်ယန်လက်ကောက်မှ ဓားမြှောင်တစ်ချောင်းထွက်လာပြီး ချီယုံ့ကို မဆိုင်းမတွထိုးလိုက်သည်။ မကောင်းဆိုးဝါးသည် မသိသလိုပင် လုံးဝနောက်မဆုတ်ဘဲ ကျန်းလော်၏နှုတ်ခမ်းကို ကိုက်ပြီး အပြစ်ပေးနေသည်။ သူသည် လက်စားခြေလိုစိတ်ပြင်းပြနေကာ ဒေါသအားလုံးကို သွားထဲထည့်ပြီး ကျန်းလော်ကို အသားကုန်ကိုက်နေသည်။ 

ကျန်းလော်သည် ချီယုံ့နှုတ်ခမ်းကို သွားဖြင့် ပြန်ဖမ်းကိုက်လိုက်ရာ သူ့သွားများကျွတ်ထွက်သွားမတတ် နာကျင်သွားသည်။ 

‘သေပါပြီ’

‘နာလိုက်တာ’

ကျန်းလော်သည် အသက်အမြန်လုရှူလိုက်ပြီး ဓားမြှောင်နှင့် ချီယုံ့ကို နက်နက်ထိုသွင်းလိုက်ပြီး ကျန်သော ရာသီခွင် ဆယ့်တစ်ခုဖြင်း မကောင်းဆိုးဝါးကို ဝိုင်းရံလိုက်ကာ မကောင်းဆိုးဝါး၏ လည်ပင်းကို ရစ်ပတ်လိုက်သည်. ချီယုံသည် နောက်ဆုံးတွင် ကျန်းလော်နှုတ်ခမ်းကို လွတ်လိုက်ပြီး ခေါင်းမော့လိုက်သည်။ သူ့နှုတ်ခမ်းသည် ကြက်သွေးရောင်တောက်နေကာ သူသည် ထိုသွေးများကို လျှာနှင့်သပ်လိုက်ပြီး ပြုံးလိုက်ကာ

“ကိုယ်အခု စိတ်အခြေအနေအရမ်းကောင်းသွားပြီ”

ကျန်းလော်သည် သူ့ကို မျက်နှာမဲ့ပြီးကြည့်လိုက်သည်။ လက်တစ်ဖက်ပြတ်နေသော ချီယုံသည် သူ့လက်ကိုမြှောက်လိုက်ပြန်ကာ သူ့နှုတ်ခမ်းသူကိုင်လိုက်ပြီး 

“ဟုတ်သားပဲ ကိုယ့်မှာအားနည်းချက်ရှိတယ်”

“မင်းရဲ့ယင်ယန်လက်ကောက်လိုမျိုး”

ထို့နောက်ဂရုမစိုက်စွာ

“အင်း..................”

အန္တာရာယ်များပြီး ချိုမြိန်စေးကပ်သော သကြားခဲလိုမျိုး

“မင်းကိုယ့်အာရုံပြောင်းအောင် နမ်းလိုက်တာလိုမျိုး”

ထို့နောက် မြူနက်များဖုံးအုပ်သွားပြီး ချီယုံ၏ညာဘက်လက်မောင်းသည် သူ့ခန္ဓာကိုယ်ပေါ်ပြန်ဆက်သွားသည်။ ချီယုံသည် ကျန်းလော်ကိုငုံ့ကြည့်လိုက်သည်။ ခုနက ဖြစ်ပေါ်လာနေသော လူသတ်ချင်နေသော အရှိန်အဝါများပျောက်ကွယ်သွားပြီး အမျိုးအမည်မသိသော ဆန္ဒများဖြစ်ပေါ်လာသည်။ ချီယုံသည် ထိုခံစားချက်ကို နားမလည်ပေ။ သို့သော် သူသည် ကျန်းလော်ကိုကြည့်လိုက်တိုင် အဖြေရသွားသလိုခံစားရသည်။ ချီယုံသည် ကျန်းလော်ကို အဓိပ္ပာယ်များစွာပါသော အကြည့်နှင့်ကြည့်လိုက်ပြီး မြူနက်များကြားပျောက်ကွယ်သွားသည်။ ကျန်းလော်သည် မည်းနက်နေသောမျက်နှာနှင့် သူ့နှုတ်ခမ်းကိုပွတ်လိုက်ပြီး

‘ချီယုံက ဘယ်ရောက်သွားတာလဲ’

‘တမင်သက်သက် သူ့ကိုမုန်းအောင်လုပ်သွားတာလား’

ကျန်းလော်သည် အမြဲလိုလို တစ်ခုခုမှားနေသကဲ့သို့ ခံစားရသည်။ သူသည် မတွေး‌ေတော့ဘဲ သူ့နှုတ်ခမ်းကို ပွတ်သုတ်လိုက်သည်။ 

သို့သော် ပိုအရေးကြီးသည်မှာ ချီယုံပြောသွားသော

“ဟုတ်သားပဲ ကိုယ့်မှာအားနည်းချက်ရှိတယ်”

‘ချီယုံရဲ့အားနည်းချက်က ဘာလဲ’

ချီယုံသည် ခြောက်လွှာတွင်ပြန်ပေါ်လာသည်။ သူသည် သီချင်းညည်းနေပြီး သူသေသွားပြီးနောက် ပထမဆုံးကျန်းလော်နှင့်တွေ့ချိန်တွင် ကျန်းလော်ညည်းခဲ့ဖူးသော သီချင်းဖြစ်သည်။ သို့သော် သီချင်းသံသည် သူညည်းလိုက်မှ ဆိုးရွားပြီး ပြောမပြနိုင်လောက်အောင် နားထောင်ရဆိုးနေသည်။ မြူနက်များသည် သူ့ဒဏ်ရာကို ရစ်ပတ်နေပြီး အသည်းခိုက်အောင်နာကျင်ကာ ပြန်ကောင်းသွားသည်။ အရိုးအသားများကို ပြန်ဆက်သောနာကျင်မှုသည် ဝိဉာဉ်ကိုတောင် နာကျင်စေနိုင်သော အတိုင်းအတာထိ နာကျင်လွန်းသည်။ 

သို့သော် ချီယုံသည် ဘာမှမဖြစ်သလိုပင်၊ သူ့မျက်နှာတွင် ထူးဆန်းစွာဖြင့် အပြုံးရိပ်လေးတစ်ခုပင် ရှိနေသေးသည်။

ထန်ပိသည် အမှောင်ထဲမှထွက်လာပြီး နေသားတကျ

“သခင်”

“ထန်ပိ”

ချီယုံသည် ပြုံးလိုက်ပြီး

“ငါမင်းကိုမမြင်ရတာတော်တော်ကြာပြီပဲ”

ထန်ပိသည် နှုတ်ခမ်းစေ့လိုက်ကာ

“ဟုတ်ပါတယ်”

အမှောင်ထဲတွင် အသားနှင့် သွေးများဆက်နေသော အသံကို  တီးတိုးကြားနေရသည်။ ကျောက်ရုပ်နှင့် လုပ်ထားသော ခန္ဓာကိုယ်ပင် ဖြစ်သော်လည်း ရှင်သန်လာသောအခါ သွေးသားများရှိလာပြီး နာကျင်မှုကို ခံစားလာရသည်။ ထန်ပိသည် ထိုသို့သောနာကျင်မှုကိုခံစားဖူးပြီး သူမှတ်ဉာဏ်ပျောက်သွားချိန်တွင် မြူမဲများအသွေးအသားထဲဝင်သွားခြင်းကို မှတ်ပင် မမှတ်မိချင်တော့ပေ။ သူသည် သူ့သခင်ကို အံ့ဩမိသည်။ သခင်သည် နာကျင်ပုံမပေါ်ပေ။ 

ချီယုံကမေးလိုက်သည်။

“လူတွေနဲ့နေရတာ ဘယ်လိုလဲ”

ထန်ပိသည် စီးဝမ်ကွေး၏ မှတ်ဉာဏ်များကို ပြန်စဉ်းစားလိုက်ပြီး

“ဘယ်လိုမှမနေပါဘူး”

“မင်းသူတို့နဲ့ ခနလောက်သည်းခံပြီး နေလိုက်ဦး”

ချီယုံသည် ညာဘက်လက်ကိုမြှောက်လိုက်ပြီး လက်သီးဆုပ်လိုက်ကာ

“ပြီးရင် သူတို့ကြားထဲမှာ ပုန်းလျှိုးကွယ်လျှိုးနေပြီး သူတို့နဲ့ အဆင့်တူအောင်လုပ်”

ထန်ပိသည် စိုက်ကြည့်လိုက်ပြီး 

“သခင်”

ချီယုံကပြောလိုက်သည်။

“သူတို့ကမင်းကို စီးဝမ်ကွေးလို့ခေါ်တာပေါ့ ကောင်းသားပဲ၊ ဒါဆိုရင် မင်းစီးဝမ်ကွေးနေရာမှာ ကောင်းကောင်းဝင်ဆန့်လိုက်ဦး”

ထို့နောက် မကောင်းဆိုးဝါးသည်

“ကျန်းလော်ကို ငါ့ကိုယ်စားစောင့်ကြည့်ပေးဦး”

ကျန်းလော်သည် စိတ်တည်ငြိမ်သွားရန် အချိန်အတော်ယူလိုက်ရသည်။ သို့သော် သူ့အမူအရာသည် တည်နေဆဲပင်ဖြစ်သည်။ ကျန်းလော်သည် တံခါးဖွင့်လိုက်ပြီး ဒီနေရာမှ ထွက်သွားရန် အပြင်သို့ ထွက်လိုက်သည်။ ကျန်းလော်၏နောက်တွင် စီးဝမ်ကွေးအသံကြားလိုက်ရသည်။

“ကျန်းလော်”

ကျန်းလော်သည် နောက်လှည့်ကြည့်လိုက်သောအခါ စီးဝမ်ကွေးသည် ထောင့်တစ်ထောင့်မှထွက်လာပြီး သူ့ဓားကိုကိုင်ထားကာ 

“ငါ့ဓားသွားယူနေတာ ဟိုနှစ်ယောက်ကို”

ကျန်းလော်သည် စီးဝမ်ကွေးတစ်ယောက် မူလမှတ်ဉာဏ်များပြန်မရသည်ကို ဝမ်းသာရမလား၊ စိတ်ပျက်ရမလားမသိတော့ပေ။ 

စီးဝမ်ကွေးသည် တည်ငြိမ်နေသော အသံဖြင့်

“ဆေးရုံမှာလား”

“လုယုံရိ ဒဏ်ရာရသွားတယ်”

ကျန်းလော်သည် မသက်မသာဖြစ်နေသောအသံဖြင့် လျှာတစ်ချောင်းလုံးနာကျင်နေပြီး မျက်မှောင်ကြုတ်လိုက်ကာ 

“သွားစို့”

ထန်ပိသည် အရိပ်ထဲမှထွက်လိုက်ပြီး မျက်နှာကိုပြင်လိုက်သည်။ သို့သော် ကျန်းလော်ပုံစံကိုမြင်ပြီး တအံ့တဩဖြစ်ပြီး သိချင်စွာဖြင့်

“မင်းပါးစပ်က ဘာဖြစ်သွားတာတုန်း”

################################################################################