Ch 62
Viewers 8k

အပိုင်း (၆၂)


 မရပ်နဲ့၊ ငါအရမ်းကြိုက်တယ်လို့

ကျန်းချန်သည် အဆက်အစပ်မရှိသော စကားများကို ပြောနေသော်လည်း ကျန်းလော် နားလည်သည်။ ကျန်းချန်သည် ကျန်းဖုန်းကို ပြောင်းပြန်အနေအထားနောက်လှည့်ကြည့်ချိန်တွင် ကလေးသရဲသည်လည်း ထိုပုံစံအတိုင်းသူ့ကို ကျန်းဖုန်းခေါင်းနောက်မှ ပြောင်ပြပြီး ကြည့်လိုက်ခြင်းဖြစ်မည်။ ကျန်းလော်သည် ကျန်းချန်ရုတ်တရက်ကြီး သတိလစ်သွားသည်နှင့် ကျန်းလော်သည်

“ကျန်းချန် သတိထားစမ်း၊ တစ်ယောက်ယောက် သူ့ကိုဆေးခန်းပို့ဖို့လုပ်ပါဦး”

လုယုံရိသည် ကျန်းချန်ဆီပြေးသွားပြီး 

“ငါလိုက်ပို့လိုက်မယ်”

စီးဝမ်ကွေးသည်လည်း ချက်ချင်းပင် ကျန်းချန်ကို ကျောပိုးလိုက်ပြီး ဆေးခန်းဆီသို့ပြေးသွားသည်။ လက်ထောက်များသည် လမ်းရှင်းလိုက်ပြီး သူတို့လေးယောက်လုံး ဆေးခန်းဆီသို့ ပြေးသွားကြသည်။ ကျန်းချန်ကို အိပ်ရာပေါ်တင်လိုက်ပြီး သူတို့သည် ဒါရိုက်တာနှင့် တွေ့ရန်သွားကြသည်။ ဒါရိုက်တာသည် သူတို့ကိုလက်နှစ်ဖက်ယှက်ပြီး နှုတ်ဆက်လိုက်သည်။ သူသည် စီးဝမ်ကွေးကို မြင်သောအခါ 

“ဒီတစ်ယောက်ကလည်း...”

ကျန်းလော်သည် ခေါင်းညိတ်လိုက်ပြီး ဘာမှမပြောပေ။ ဒါရိုက်တာသည် နားလည်မှုရှိစွာ ဘာမှထပ်မမေးတော့ပေ။ ထို့နောက် စောနက ဗီဒီယိုကို ပြလိုက်သည်။ သုံးဖက်မြင်ဗီဒီယိုကို သေချာအာရုံစိုက်ပြီး ကြည့်သော်လည်း ဗီဒီယိုထဲတွင် လုံးဝရှင်းလင်းနေကာ ကျန်းဖုန်းခြေထောက်နားတွင် မည်သည့် အငွေ့အသက်မှ မတွေ့ရပေ။ ဒါရိုက်တာသည် အနှေးပြကွက်ဖြင့် အစမှပြန်ကြည့်လိုက်သည်။ ထိုသို့ အကြိမ်ပေါင်းများစွာ ကြည့်သော်လည်း ကျန်းဖုန်းခြေထောက်နားတွင် ကလေးကိုမမြင်ပေ။ 

ဒါရိုက်တာသည် စိတ်ရှုပ်သွားကာ

“ကျန်းချန်များ မှားမြင်လိုက်သလားမသိဘူး”

“ဒါရိုက်တာ ခင်များသူမြင်လိုက်တာ မှန်ဖို့ပဲ မျှော်လင့်သင့်တယ်”

လုယုံရိသည် တည်ကြည်သောမျက်နှာနှင့် 

“တစ်ခုခုရှာတွေ့တာက ဘာမှမတွေ့တာထက်ကောင်းတယ်”

ဒါရိုက်တာသည် အလွန်ဝပြီး နဖူးမှချွေးများစီးကျလာသည်ကို သုတ်လိုက်ပြီး 

“ဆရာပြောတာ မှန်ပါတယ်”

ကျန်းလော်သည် ဗီဒီယိုကို မျက်မှောင်ကြုပ်ပြီး ထပ်ကြည့်လိုက်သည် ။ သူသည် ဗီဒီယိုတစ်နေရာတွင် အဲ့ဒီတစ်ခုခု ရှိနေမည်ကိုသေချာနေသည်။ သို့သော် ဘယ်နေရာမှန်း မသိပေ။ ရယ်ရွှင်သည် ကျန်းဖုန်း၏ကိုယ်ရေးအကျဉ်းကို ကြည့်၍ အံ့ဩစွာ

“သေသွားတဲ့ သင်တန်းသားထဲက တစ်ယောက်က ကျန်းဖုန်းနဲ့ ကုမ္ပဏီတူတူပဲလား”

“ဟုတ်ပါတယ်၊ သူကလိကျန်းလို့ခေါ်ပြီး ဆရာအိပ်တာ သူ့အိပ်ရာပါ”

“လိကျန်းနဲ့ ကျန်းဖုန်း သူတို့နှစ်ယောက်က ရောက်စတုန်းကတော့ တစ်တွဲတွဲပဲ။ နောက်တော့ အဆင့်ခွဲလိုက်တော့ လိကျန်းက ‘B’ ရပြီး ကျန်းဖုန်းကျတော့ ‘C’ ဖြစ်သွားတယ်၊ လေ့ကျင့်ရေးအခန်းထဲမှာ လိကျန်းက တခြားကုမ္ပဏီနှစ်ခုက သင်တန်းသားတွေနဲ့ ရင်းနှီးလာတယ်၊ အဲဒီထဲကမှ အခုဆုံးသွားတဲ့ လင်ရှောင်းနဲ့ ချန်လဲ့ကျီ တို့နှစ်ယောက်နဲ့ ပိုရင်းနှီးသွားတယ်၊ ပြောရရင် သူတို့ သုံးယောက်လုံး သေသွားတယ်ဗျာ 

“သူတို့လေးယောက်က လိကျန်းကြောင့်ရင်းနှီးသွားပြီး သူတို့ကမကြာခဏ ညစာအတူစားကြတယ်”

ရယ်ရွှင်သည် ခနမျှတွေးလိုက်ပြီး 

“မထူးဆန်းတော့ဘူး ကျန်းဖုန်းက ငါ့ကို သူများနေရာလုတယ်ဆိုပြီး ရန်လိုနေတာကိုး ဒါနဲ့ ကျွန်တော်ကြားတာတော့ ကျန်းဖုန်းနဲ့ လိကျန်းက မတည့်ကြဘူးဆို”

သင်တန်းသားများသည် စတူဒီယိုထဲတွင် အမြဲနီးနီးကပ်ကပ်ရှိနေတတ်သောကြောင့် ရိုက်ကူးရေးအဖွဲ့သားများသည် သူတို့အကြောင်းတော်တော်များများသိကြသည်။  ဒါရိုက်တာသည် 

“ကြည့်ရတာ နည်းနည်းလေးမတည့်ကြသလိုဆိုပေမဲ့ လိကျန်းက ပိုပိုနာမည်ကြီးလာပြီး ကျန်းဖုန်းကတော့ တဖြည်းဖြည်း ရလဒ်မကောင်းတော့လို့လားမသိဘူး ဒါမှမဟုတ် လိကျန်းက ကျန်းလော်ကိုမခေါ်ချင်တော့လို့လည်း ဖြစ်နိုင်တယ် တခြားအကြောင်းအရင်း ကြီးကြီးမားမားတော့ မရှိဘူး”

ကျန်းလော်သည် သေချာနားထောင်လိုက်ပြီး ဗီဒီယိုကို ကြည့်နေရင်း 

“မင်းတို့ရော ကျန်းဖုန်းကို သင်တန်းသားသုံးယောက် သေသွားတာနဲ့ ပတ်သတ်ပြီး သံသယမဝင်ခဲ့ဘူးလား”

“သေချာပေါက် ဝင်ခဲ့တာပေါ့ ”

ဒါရိုက်တာသည် ခါးသီးစွာပြောလိုက်သည်။

“ကျန်းဖုန်းက လေ့ကျင့်ရေးအခန်းတွေနဲ့ အဆောင်မှာအိပ်နေတာကလွဲရင် ဘယ်မှမသွား ဘာမှမလုပ်ဘူး သူ့မှာ အလီဘိုင်လည်းရှိနေတယ်”

ထို့နောက် သူသည် တွေဝေသွားပုံဖြင့်

“ကျန်းဖုန်းအကြောင်းပြောနေမှပဲ၊ ကျုပ်တစ်ခုမှတ်မိပြီ ကျုပ်တို့ သေသွားတဲ့ သင်တန်းသားသုံးယောက်ရဲ့ အလောင်းတွေ အောက်ချလာပြီးတော့ ကျုပ်တို့ ဒီပြိုင်ပွဲကို ရပ်လိုက်တော့မယ်လို့ ပြောခဲ့သေးတယ်၊ တခြားသူတွေကတော့ ဘာမှ မပြောလာပေမဲ့ ကျန်းဖုန်းကတော့ တအားရုပ်ပျက်သွားပြီး တစ်နေ့လုံး အခန်းထဲမှာပဲ စောင်ခြုံပြီးအိပ်နေတော့တာပဲ၊ ညလည်းရောက်ရော ဖျားပါလေရော ကျုပ်တို့ထင်တာ သူတစ်ယောက်ထဲ ကျန်ခဲ့လို့ အားငယ်ပြီး ဝမ်းနည်းနေတယ်ထင်ခဲ့တာ”

ကုမ္ပဏီတစ်ခုထဲက အသင်းဖော်က ရုတ်တရက်ကြီး ဘာမှမပြောဘဲ ထွက်သွားရင် ဒီလိုဖြစ်သွားနိုင်တာပဲလေ

ကျန်းလော်ကတော့ ဒီလောက်ကြီး မရိုးရှင်းနိုင်ဟု ထင်သည်။ ကျန်းဖုန်းသည် အစီအစဉ်ဖျက်မည်ကိုကြားသည့်အချိန်တွင် လိကျန်းသေသွားသည်ဟု သိထားသည်လား။ သို့မဟုတ်လျှင် လိကျန်းတို့လို သေမှာကြောက်၍ဘဲလား လိကျန်းတို့သေသွားရခြင်း၏ အမှန်တရားကြောင့်များလား၊ လိကျန်းတို့ကို သတ်သွားသောအရာ သူ့ဆီရောက်လာမည်ကို ကြောက်နေသည်လား မသိတော့ပါချေ။

ကျန်းလော်သည် ပြန်ကြည့်လိုက်သောအခါ သေသွားသည်မှာ သင်တန်းသားသုံးယောက်အပြင် အခြားဝန်ထမ်းတစ်ဦးလည်း သေဆုံးသွားသေးကြောင်း သတိရသွားသည်။ ထိုသေဆုံးသွားသော ဝန်ထမ်းမှာ မထင်မရှား ရိုက်ကူးရေးဝန်ထမ်း အမျိုးသမီးဖြစ်ပြီး သူမတွင် ပွဲဦ်းထွက်လိုစိတ်ရော ရုပ်ရည်ရော မရှိချေ။ ဒါရိုက်တာပင် သူမနာမည်ကို တစ်ခါမှ ခေါ်မခိုင်းဖူးပါချေ၊ သူမသည် ထိုသင်တန်းသားသုံးယောက်နှင့် ဘယ်လိုမှ ပတ်သက်စရာမရှိပေ။ အပြင်တွင် မိုးခြိမ်းသံတစ်ချက်ကြားလိုက်ရပြီး အင်တာနက်လိုင်းများရပ်သွားကာ သူတို့ကြည့်နေသော စခရင်သည် လည်း ကျန်းဖုန်းခေါင်းငုံ့လိုက်ချိန်တွင် ရပ်သွားသည်။ 

“ဒီနေ့” 

ဒါရိုက်တာသည် သက်ပြင်းချလိုက်ပြီး တီးတိုးပြောလိုက်သည်။ 

“တော်တော်ထူးဆန်းတယ်”

ကျန်းလော်သည် စခရင်ကို စိုက်ကြည့်နေပြီး 

“ဟုတ်သားပဲ မိုးရွာလာတယ် သူကမိုးရွာလိမ့်မယ်ပြောတော့ မိုးရွာလာ...........”

သူသည်စကားပြောရပ်လိုက်သည်။ ရယ်ရွှင်သည်

“ဘာဖြစ်လို့လဲ”

ကျန်းလော်သည် ကွန်ပျူတာကို ပြန်ငုံ့ကြည့်လိုက်ကာ

“ကျန်းဖုန်းမှာ.......................အရိပ်မရှိဘူး”

ရယ်ရွှင်သည် ကြောင်အသွားပြီးး ကြည့်လိုက်သည်။ အိမ်ထဲမှာမို့လို့ အရိပ်မပေါ်နိုင်တာဟုထင်သွားသော်လည်း နေရောင်ကျနေသော အချိန်တွင်လည်း အရိပ်မမြင်ရပေ။ ရယ်ရွှင်သည် ကျန်းဖုန်းပတ်ပတ်လည်ကို သေချာကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“သူ့မှာအရိပ်မရှိဘူး”

ကျန်းလော်သည် ချက်ချင်းပြောလိုက်သည်။

“ဒါရိုက်တာကြီး ကျွန်တော်တို့ဆီ လိကျန်းမသေခင်တုန်းက ရိုက်ထားတဲ့ ဗီဒီယိုတွေ ယူလာပေးပါ”

ဒါရိုက်တာသည် ဗီဒီယိုယူခိုင်းရန် အလျင်အမြန်ဖုန်းဆက်လိုက်သည်။

သူတို့မသေခင် နောက်ဆုံးရိုက်ခဲ့သော ဗီဒီယိုကို ကြည့်လိုက်သောအခါ သူတို့သုံးယောက်တွင်လည်း အရိပ်မရှိပေ။ ဒါရိုက်တာသည် ပုံမှန်အသိုင်းအဝိုင်းမှလူတစ်ယောက်ဖြစ်သောကြောင့် မယုံနိုင်ဖြစ်နေကာ ထပ်ကာထပ်ကာ ပြန်ကြည့်ပြီးနောက် ထိုင်ခုံပေါ်သို့ လေလံစွာထိုင်ချလိုက်သည်။

“ဒါက တကယ်ကြီး ကြောက်စရာကောင်းလိုက်တာ”

“ကျန်းဖုန်းကို လုပ်စရာရှိတာ လုပ်ရလိမ့်မယ်”

ကျန်းလော်သည် စိတ်ကြည်လင်နေပြီး

“ဒီပြဿနာရှင်းဖို့ကို သူကနေစလိုက်ကြတာပေါ့”

ဗီဒီယိုကိုကြည့်ပြီးနောက် လူတိုင်းသည် ဒါရိုက်တာကို နှုတ်ဆက်ပြီး ပြန်သွားကြသည်။ အပြင်ဘက်တွင် မိုးသည်းထန်စွာရွာနေကာ အနည်းဆုံး ညနေခြောက်နာရီ ခုနှစ်နာရီလောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် အလင်းရောင်နည်းနည်းရှိနေတုန်း ကျန်းလော်သည် အဆောင်ခန်းသို့ အမြန်ပြန်နေသည်။ မကောင်းဆိုးဝါးများသည် အမှောင်ထဲမှပေါ်လာတတ်သောကြောင့်ပင်ဖြစ်သည်။ ကျန်းလော်သည် လမ်းအမြန်လျှောက်နေသောကြောင့် ဖိနပ်များစိုရွှဲနေကာ ထီးသည် လက်ထဲမှ လွှင့်ထွက်သွားတော့မလိုဖြစ်နေသည်။ သူသည် အဆောင်ရှေ့ရောက်သောအခါ ထီးကိုလွင့်ပစ်လိုက်သည်။ သူ့တစ်ကိုယ်လုံးသည် ရေများရွှဲနစ်နေသည်။ 

လုယုံရိသည် ကျန်းလော်ကိုမေးလိုက်သည်။

“ကျန်းလော် ငါတို့ ဘယ်လိုလုပ်ကြမလဲ”

ကျန်းလော်သည် မျက်လုံးလှန်ကြည့်လိုက်ပြီး

“ကျန်းချန်က သူ့နားမှာ သရဲရှိတယ်လို့ပဲ ပြောလိုက်တာကို ကျန်းဖူန်းက ဒီလောက်ကြီး တုံ့ပြန်တယ်ဆိုကထဲက သူတစ်ခုခုသိထားတာသေချာတယ် ဒါပေမဲ့ သူက ထုတ်မပြောချင်ဘူးဆိုမှတော့ ငါတို့သူ့ကို နည်းနည်းလောက် ရန်စကြတာပေါ့ ”

သူတို့လေးဦးသည် ကျန်းဖုန်းရှိရာအဆောင်သို့ လျင်မြန်စွာ ထွက်လာသည်။ သို့သော် ကျန်းဖုန်းသည် အဆောင်တွင် ရှိမနေပေ။ ကျန်းလော်သည် ဝရံတာတွင်ရပ်လိုက်ပြီး  ဒါရိုက်တာဆီသို့ ဖုန်းခေါ်ပြီး ပြောပြလိုက်သည်။

“မဖြစ်နိုင်ဘူး သေချာပေါက် ဒါရိုက်တာအဖွဲ့က တစ်ယောက်က သူအဆောင်မှာရှိနေတာလို့ ပြောခဲ့တာ။ ခနလေးကျုပ် စီစီတီဗီ ဖွင့်ကြည့်လိုက်မယ်”

ငါးမိနစ်ကြာပြီးနောက် ဒါရိုက်တာသည် ဖုန်းပြန်ခေါ်လာပြီး

“သူတကယ်ကြီး အဆောင်ခန်းထဲဝင်သွားခဲ့တာ ပြီးတော့ တစ်ခုခုယူပြီး ပြန်ထွက်သွားတယ်တဲ့ အခုသူဘယ်မှာလဲတော့ မသိရဘူး”

ကျန်းလော်သည် ဒေါသထွက်သွားသည်။ တစ်ဖက်သူထံမှ အသံတစ်ခုကြားလိုက်ရပြီး

“ဒါရိုက်တာကြီး ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ”

ထိုသူသည် ချင်ဖန်ဖြစ်သည်။ ဒါရိုက်တာသည် 

“အိုး မဖြစ်သေးပါဘူး ငါဒီတစ်ယောက်ကို မေ့သွားတော့မလို့”

သူသည်ပြုံးလိုက်ပြီး

“ဆရာချင် ကျုပ်ခုနကဖြစ်လိုက်တဲ့ ကိစ္စနဲ့ တော်တော်အလုပ်ရှုပ်သွားလို့ဗျာ ဆရာချင်ရော လန့်သွားသေးလား”

ချင်ဖန်သည် စောနက သူများကိုယ်ရေးကိုယ်တာကို သိချင်နေသူမှာ သူမဟုတ်တော့သလိုပင်

“ကျွန်တော်က နဂိုထဲက နည်းနည်းရှက်တတ်တော့ ထုတ်မပြောတတ်ဘူးဗျ၊ ဒါပေမဲ့ အခုတစ်ခေါက်ကတော့ ကျွန်တော် တကယ်ကြီးလန့်သွားတယ်ထင်တယ် တစ်ချိန်လုံးခန်းမထဲပေါ်လာတဲ့ သရဲအကြောင်းပဲတွေးမိနေတော့တာပဲ”

ထိုသို့ပြောလိုက်ပြီးနောက် သူသည် ခနမျှတွေးလိုက်ပြီး 

“အခုထိ လန့်နေတုန်းပဲဗျ”

ဒါရိုက်တာသည်လည်း အလွန်တုန်လှုပ်နေကာ တကယ်ကြီး သရဲပေါ်လာတုန်းကဆိုလျှင် သူ့နောက်ကျောမှ အမွှေးများအကုန်ထောင်သွားပြီး သူ့ကိုပါ အမှောင်ထဲခေါ်သွားမည်ကို ကြောက်ရွံ့သွားခဲ့သည်။ သူသည် ကိုယ့်ကိုယ်အားပေးလိုက်ပြီး ချင်ဖန်ကို စိုးရိမ်စွာကြည့်လိုက်ပြီး

“ဆရာချင် ဘယ်နေရာများ နေလို့မကောင်းလို့လဲ”

သူတို့စကားပြောနေသံများကို ကျန်းလော်အကုန်ကြားနေရသည်။ ကျန်းလော်သည် အိပ်ရာပေါ်လှဲနေလိုက်ပြီးး တိတ်တဆိတ် နားထောင်နေသည်။

ချင်ဖန်နှင့် ခနစကားပြောပြီးနောက် ဒါရိုက်တာသည် တစ်ယောက်ထဲ သက်ပြင်းချလိုက်ပြီး ကျန်းလော်ကို တိုးတိုးပြောလိုက်သည်။

“ဆရာ မစ်စတာချင်က အခုတော်တော်လေးကြောက်နေပြီး နည်းနည်းဖျားနေတာဆိုတော့ ကျွန်တော်စိုးရိမ်တာက မစ်စတာချင်မှာ မကောင်းတာတစ်ခုခု ကပ်နေမှာစိုးတယ်ဗျာ အဲ့တာ ဆရာသူ့ကို တစ်ခေါက်လောက်လာကြည့်ပေးနိုင်မလား”

“ဒီနေ့မိုးတအားသည်းနေတော့ ကျုပ်တို့ ဒီမှာပဲ မစ်စတာချင်ကို အခန်းစီစဉ်ပေးလိုက်ပါတယ်၊ သူကလည်း မပြန်ဘူးဆိုတော့ ဆရာလာကြည့်ပေးလို့ရမလားဗျာ ဆရာချင်ရဲ့ အခန်းဘေးမှာ အခန်းတစ်ခန်းအားနေသေးတယ်ဆိုတော့ ဆရာလာကြည့်ပေးပြီးရင် အဲ့ဒီမှာပဲ နားလိုက်လို့ရပါတယ်၊ ဆရာများအခန်းက ကျောင်းသားတွေအခန်းထက်ပိုကောင်းတာ ကျုပ်အာမခံတယ်”

ကျန်းလော်သည် ဘာမှပြန်မပြောဘဲ စိတ်ရှည်စွာထပ်စောင့်နေလိုက်သည်။

ဒါရိုက်တာသည် သတိထားမိသွားပြီး အကင်းပါးစွာဖြင့်

“ဆရာ ကျွန်တော် အခကြေးငွေတိုးပေးမှာပါ”

ကျန်းလော်သည် မျက်လုံးဖွင့်လိုက်ပြီး ပြုံးလိုက်ကာ

“အဲ့တာဆိုလည်း လာပေးရတော့မှာပေါ့”

ကျန်းလော်သည် တစ်ဝက်စိုရွှဲနေသော အဝတ်များနှင့် ချင်ဖန်၏ အခန်းဆီရောက်သွားသည်။ ချင်ဖန်သည် တံခါးဖွင့်ပေးလိုက်ပြီး အားနည်းစွာဖြင့်

“ဝင်ခဲ့ပါ”

ကျန်းလော်သည် မသိလိုက်မသိဖာသာဝင်သွားပြီး သူ့ကြောင့်ကြမ်းပြင်ညစ်ပတ်သွားသည်ကို ဂရုမစိုက်ပေ။ ချင်ဖန်းသည် မသိချင်ယောင်ဆော်၍ သူ့ကို ဖိနပ်ပါးတစ်ရံကမ်းပေးလိုက်သည်။

“စိုရွှဲနေတာပဲ ရေအရင်ချိုးလိုက်ပါ့လား”

ကျန်းလော်သည် ရောက်ကထဲက ထိုကြယ်ပွင့်ကို သေချာကြည့်ပြီး အလုပ်လုပ်ရန်လာခဲ့ခြင်းဖြစ်သည်။ သို့သော်သူသည် ဖိနပ်ပါးကိုယူလိုက်ပြီး စိုရွှဲနေသောကြောင့် နေရခက်လာပြီး ငြင်းမည့်စကားလုံးများကို ပြန်မြိုချလိုက်သည်။ 

“ဒုက္ခပေးမိပါပြီ”

ချင်ဖန်ပေးသော အဝတ်များကိုယူလိုက်ပြီး ကျန်းလော်သည် ရေချိုးခန်းထဲဝင်သွားလိုက်သည်၊ ကျန်းလော်သည် သူ့နေရာမဟုတ်သောကြောင့် ရေချိုးအဝတ်လဲသည်ကို ငါးမိနစ်အတွင်းပြီးအောင်လုပ်လိုက်သည်။ အဝတ်များသည် ချင်ဖန် sizeဖြစ်ပြီး တံဆိပ်မဖြုတ်ရသေးသော အသစ်များဖြစ်သည်။ ကျန်းလော်သည် လက်များကိုခေါက်လိုက်ပြီး ရေပူတို့နှင့်ချိုးထားသောကြောင့်ရီဝေနေကာ စိုရွှဲသောဆံပင်နှင့် ထွက်လာသည်။ ချင်ဖန်သည် သူ့ကို ကော်ဖီတစ်ခွက်ငှဲ့ပေးလိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်စောင့်နေ၍

“ငါ ဒါရိုက်တာကြီးဆီက မင်းအကြောင်းကြားထားတယ် မင်းက အဲ့ဒီနယ်ပယ်မှာ ဆရာပေါ့”

သူသည် ရယ်မောလိုက်ပြီး စိတ်ဝင်စားစရာတစ်ခု တွေ့သကဲ့သို့

“မင်းကိုယ့်ကို ဘယ်လိုကုပေးမှာလဲ”

“ရိုးရှင်းပါတယ်”

ကျန်းလော်သည် ကော်ဖီကို မထိဘဲ မျက်ခုံးပင့်၍

“ဘီယာ ရမလား”

ချင်ဖန်သည် သူ့ကို အေးနေသော ဘီယာတစ်ဘူးယူလာပေးလိုက်သည်။ ကျန်းလော်သည် တစ်ငုံဖွင့်သောက်လိုက်ပြီး ဆိုဖာကို သက်တောင့်သက်သာဖြင့် မှီလိုက်ကာ

“ဆရာချင် ကျွန်တော့်ကို ကြွေပန်းကန်လုံးအဖြူတစ်လုံးရယ် စီးကရတ်တစ်လိပ်ရယ် ယူပေးပါ”

ချင်ဖန်သည် ခနကြာရှာလိုက်ပြီးနောက် ကျန်းလော်ရှေ့မှ စားပွဲပေါ်သို့ တင်ပေးလိုက်သည်။ ကျန်းလော်သည် အဆောင်စာရွက်တစ်ရွက်ကို ထုတ်လိုက်ပြီး မီးရှို့လိုက်ကာ ကြွေပန်းကန်လုံးထဲ ထည့်လိုက်သည်။ ထို့နောက် ရေလောင်းထည့်လိုက်ပြီး ပြာများနှင့် အရည်ပျော်သွားအောင် မွှေလိုက်သည်။ ရေသန့်များသည် မိုးတိမ်မည်းများကဲသို့ ညစ်ထွေးသွားသည်၊ ကျန်းလော်သည် စီးကရက်ကိုမီးညှိလိုက်ပြီး အနည်းငယ် ရှိုက်လိုက်သည်။ သူသည် ချင်ဖန်ကို ဘေးတိုက်ကြည့်လိုက်ပြီး တောင်းပန်စွာဖြင့်

“မစ်စတာချင် စိတ်မကောင်းပါဘူးဗျာ ကျွန်တော်တို့ဆီမှာ စန္ဒကူးနံ့သာမရှိတော့ စီးကရတ်ကိုပဲ အစားထိုးသုံးရတော့မယ်”

ထိုစကားများပြောပြီးနောက် သူသည် စီးကရတ်ပြာများကို ပန်းကန်လုံးထဲခါချလိုက်ကာ ချင်ဖန်ဘာမှမတုံ့ပြန်လိုက် နိုင်ခင်မှာပင် ထိုစီးကရတ်နှင့် ပန်းကန်လုံးထဲသို့ မွှေလိုက်သည်။ ပြီးနောက်ကျန်းလော်သည် ရယ်မောလိုက်ကာ

“ဒီရေတွေကုန်အောင် သောက်လိုက်ပါ၊ မစ်စတာချင် နေကောင်းသွားပါလိမ့်မယ်”

“ပြီးရင် အိပ်မက်ဆိုးတွေမမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါလိမ့်မယ်”

ချင်ဖန်သည် ပန်းကန်လုံးထဲမှ ရေများကိုကြည့်လိုက်ပြီး

“မင်းကိုယ့်ကို ဒီဟာကြီး တကယ်သောက်ခိုင်းနေတာလား”

ကျန်းလော်က ပြောလိုက်သည်၊

“မင်းဘဲ ကြောက်နေတယ်ဆို”

ချင်ဖန်သည် သက်ပြင်းချလိုက်ပြီး ပန်ကန်လုံးကိုကောက်ကိုင်လိုက်ကာ ရေများကို ကုန်အောင် တစ်ကျိုက်ထဲသောက်လိုက်သည်။ ကျန်းလော်သည် သူ့ကိုရည်ရွယ်ချက်ရှိရှိစိုက်ကြည့်နေသည်။ ချင်ဖန်သည် စိတ်လှုပ်ရှားနေပြီး တစ်ကျိုက်ထဲအကုန်သောက်လိုက်သည်ကို ကြည့်ကာ အံ့ဩနေသည်။ ရေထဲမှ အဆောင်သည် ရိုးရိုးအဆောင်မဟုတ်ပေ မကောင်းဆိုးဝါးသုတ်သင်မန္တာန်ရေးထားသော အဆောင်ဖြစ်သည်။ ထိုအဆောင်သည် တစ်ရက်ထက်တစ်ရက်ပိုတော်လာသော ဖူလုရေးဆွဲသူဖြစ်သည့် သူကိုယ်တိုင်ဆွဲထားခြင်းဖြစ်သည်။ 

ထိုရေကို သောက်လိုက်ခြင်းသည် အပြင်ဘက်မှ ကပ်လိုက်ခြင်းထက်ပိုမို ထိရောက်သည်။ ချင်ဖန်သာ မကောင်းဆိုးဝါးအပူးခံထားရလျှင် ထိုမကောင်းဆိုးဝါးထံမှ လွတ်မြောက်မှာဖြစ်ပြီး ဝင်ပူးထားသော မကောင်းဆိုးဝါးသည်လည်း သေချာပေါက်ဆိုးဆိုးဝါးဝါး ခံစားရပေမည်။ မကောင်းဆိုးဝါးဝိဉာဉ်သာ ဤရေကိုသောက်မိလျှင် ဒဏ်ရာအများကြီး ရသွားမှာ သေချာသည်။ 

ချင်ဖုန်းသည် ရှုံ့မဲ့နေသော မျက်နှာနှင့် ပန်းကန်လုံးကိုချလိုက်ကာ

“ဆိုးလိုက်တဲ့ အရသာ”

အနည်းငယ်မျှ ပုံစံပြောင်းမသွားဘဲ ပုံမှန်ဖြစ်စွာ

“ဒါနဲ့ ငါ့ကို စိတ်ကိုလှည့်စားစေတဲ့ နည်းသုံးလိုက်တယ်လို့တော့ မပြောလာနဲ့နော် ငါအခု တကယ်ကြီး အိပ်ချင်လာသလိုပဲ”

ကျန်းလော်သည် ဘာမှမြင်သောအခါ

‘ချင်ဖန်က ချီယုံမဟုတ်ဘူးလား’

သူသည် နှမြောစွာဖြင့် သက်ပြင်းချလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

“နားလိုက်ပါတော့ မစ်စတာချင် ကောင်းကောင်းအိပ်ပျော်သွားပြီး မနက်ကျရင် အဆင်ပြေသွားပါလိမ့်မယ်”

ချင်ဖန်သည် ထူးဆန်သော အနံ့ကြားတွင်ထိုင်မနေနိုင်တော့ဘဲ ခြေလက်ဆေးရန် ရေချိုးခန်းဆီသို့သွားလိုက်သည်။ 

“ကောင်းပါပြီ မင်းလည်းပြန်ပြီးနားတော့လေ ဒီနေ့ဒုက္ခပေးလိုက်ရလို့ အားနာလိုက်တာ”

ပြောပြီး ရေချိုးခန်းထဲဝင်သွားလိုက်သည်။ ရေချိုးခန်းထဲတွင် ချင်ဖန်သည် မျက်နှာပျက်နေကာ မသက်မသာခံစားနေရပုံပေါ်သည်၊ တစ်ခနကြာပြီးနောက် သွေးစီးကြောင်းတစ်ခု သူ့နှုတ်ခမ်းထောင့်မှ စီးကျလာသည်။ သူသည် ထိုသွေးများကို လက်ခုံဖြင့် ပွတ်ဆွဲသုတ်လိုက်ကာ စိတ္တဇလူသတ်သမားကဲ့သို့ ပြုံးလိုက်သည်။

ကျန်းလော်သည် သူ့အခန်းဆီပြန်လာခဲ့သည်။ နေ့လည်ကျော်လာပြီးထဲက မိုးသည် သည်းသည်ထက်သည်းလာပြီး ကျန်းဖုန်းသည်လည်း အဆောင်ပြန်ရောက်မလာပေ။ ကျန်းလော်သည် ကောင်းကောင်းအိပ်သွားပြီး နိုးလာကာ သန့်စင်ခန်းသွားလိုက်သည်။ သူ့အခန်းသည် ချင်ဖန်၏အခန်းနှင့် ပုံစံတူဖြစ်သည်။ ထို့နောက်ရေချိုးခန်းသည် ကြီးမားပြီး ဆွဲဆောင်မှုကောင်းသော ရေချိုးကန်ကြီးရှိသည်။ ကျန််းလော်သည် ရေနွေးစိမ်ရန် အင်္ကျီချွတ်လိုက်ရာ လှပသော လိပ်ပြာတောင်ပံရိုးများပေါ်လာသည်။ သူသည် ဘောင်းဘီပေါ်လက်တင်ထားပြီး ချွတ်မည်အလုပ် ရုတ်တရက် တစ်နေရာဆီသို့ အကြည့်ရောက်သွားသည်။ ရေချိုးခန်းထဲမှ ပြတင်းပေါက်သေးသေးလေးသည် မှောင်မဲနေကာ တစ်ယောက်ယောက်မှ ချောင်းကြည့်နေသည့်ခံစားချက်များရလာပြီး မိုးရေစက်များ တစ်စက်ချင် မှန်ကို ရိုက်နေလေသည်။ ကျန်းလော်သည် ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်ပြီး အမူအယာမဲ့စွာဖြင့် လိုက်ကာချလိုက်သည်။

ဤခံစားမှုသည် အခြားတစ်ဖက်ထောင့်တစ်နေရာရှိ အရိပ်ထဲမှလာသည်။ ထိုအရာသည် သိချင်စိတ်နှင့် ကြောက်ရွံထိတ်လန့်ခြင်းကို ကိုယ်စားပြုသောကြောင့် ချီယုံဘာကြောင့် ဤကစားပွဲကို အလောင်းအစားနှင့်လုပ်သည်ကို ကျန်းလော်နားလည်သွားသည်။ မကောင်းဆိုးဝါးသည် လုံးဝပေါ်မလာသောကြောင့် ကျန်းလော်သည် သူဘယ်သူ့ကို ဝင်ပူးထားသလဲနှင့် သူဘယ်မှာရှိနေလဲ စဉ်းစားရင်း ရန်သူသည် အမှောင်ထဲတွင် ပုန်းနေသောကြောင့် ထူးဆန်းစွာဖြင့် ရင်ဆိုင်ရန် ခက်ခဲနေသည်။ အကယ်၍ ချီယုံကိုသာ ရှာမတွေ့ခဲ့လျှင် ကျန်းလော်သည် ဤကစားပွဲထဲတွင် တဝဲဝဲလည်လည် ဖြစ်နေတော့သည်။ 

ယခုအချိန်တွင် ကျန်းလော်၏အတွေးကို ချီယုံက တစ်ဝက်အပိုင်သိမ်းထားလေသည်။ 

‘ဒီမကောင်းဆိုးဝါးက ဘာလိုချင်နေတာတုန်း’

ကျန်းလော်သည် အံတင်းတင်းကြိတ်လိုက်ပြီး သူ့ကိုယ်သူစိတ်အေးအေးထားရန် အားပေးလိုက်သည်။ ရေအပူချိန်မြင့်မြင့်တွင် စိမ်နေသောကြောင့် အရမ်းကို သက်တောင့်သက်သာဖြစ်နေပြီး မျက်စိမှိတ်လိုက်သည်။ နာရီဝက်ကြာပြီးနောက် ကျန်းလော်သည် ပျင်းရိစွာ မျက်လုံးဖွင့်လိုက်ကာ ဘေးမှ ဖုန်းကိုယူကြည့်လိုက်သည်။ ဖုန်းထဲတွင် လွန်ခဲ့သော ဆယ်မိနစ်ခန့်အထိ မဖတ်ရသေးသော မက်ဆေ့ချ်များ ဝင်ထားသည်။

/ဒီညကစပြီး ဂိမ်းစပြီနော်/

/ကိုယ့်အချစ်လေးရေ ကိုယ့်ကို ရှာတွေ့ပြီလား/

ကျန်းလော်သည် နာရီကိုကြည့်လိုက်ရာ ကိုးနာရီထိုးနေလေပြီ။ မနေ့ညက မကောင်းဆိုးဝါးသည် သူ့ကိုညလယ်တွင်တိုက်ခိုက်ဖို့လာခဲ့သည်။ သို့သော် ဒီနေ့တွင်တော့ သုံးနာရီစောပြီး လာရှာသည်။

ထိုမကောင်းဆိုးဝါးသည် သူ့ပတ်ဝန်းကျင်မှ ဘယ်သူမဆို ဖြစ်နိုင်လေသည်။ သူသည် မက်ဆေ့ချ်များကြောင့် စိတ်ရှုပ်မခံတော့ပဲ နှစ်မိနှစ်အကြာတွင် မကောင်းဆိုးဝါးသည် ဖုန်းခေါ်လာသည်။ ကျန်းလော်သည် ဖုန်းမကိုင်သော်လည်း ထိုမကောင်းဆိုးဝါးသည် သူ့အတွေးကို သိနေပုံရပြီး ဖုန်းသည် သူ့ဘာသာကိုင်ပြီးသားဖြစ်သွားသည်။ ဖုန်းထဲမှအသံသည် ကူကယ်ရာမဲ့နေပုံဖြင့် ကျန်းလော်သည် မကောင်းဆိုးဝါးကို ဘာမှပြန်မပြောပေ။

“မင်းက ကိုယ့်အပေါ်ဆို အမြဲဝတ်ကျေတမ်းကျေပဲနော်”

“မင်းမှာ မျက်လုံးရော ဦးနှောက်ရောမရှိဘူးလား”

ကျန်းလော်၏အသံသည် ပျင်းရိစွာဖြင့် ဟိုလိုလိုသည်လိုလိုလုပ်ကာ

“မင်းသိလား မင်းက ဦးနှောက်နည်းတာတောင်မဟုတ်ဘူး ရှိကိုမရှိတာ”

မကောင်းဆိုးဝါးသည် သူကပဲ အကြီးကြီးနစ်နာသွားပုံနှင့် 

“ကိုယ်က မင်းချစ်သူလေ ကိုယ့်ကို မချစ်တော့တာလားကွာ”

“မင်းဆိုရင်ရော ငါကမင်းချစ်သူဆို ငါ့ကိုအကြာကြီးချစ်လာတဲ့သူအနေနဲ့ ငါ့ကိုအခုထိခွင့်မလွတ်နိုင်သေးဘဲ မြေအောက်ကမ္ဘာကနေတောင် ဖုန်းနဲ့လိုက်နှောက်ယှက်နေသေးတာလေ”

ကျန်းလော်သည် ဆက်ပြောလိုက်သည်။

“မင်းရဲ့ အချစ်ဆိုတာကြီးက ငါ့အတွက်တော်တော် လုံလောက်နေပါပြီ”

မကောင်းဆိုးဝါးသည် ရယ်ချလိုက်ပြီး အရူးတစ်ယောက်လို ကျယ်ကျယ်လောင်လောင်အော်ရယ်နေကာ

“မင်းလေးက မကြိုက်ဘူးလား”

သူသည် ဆံပင်အနက်နှင့် ကောင်လေးကို သူ့ကိုမကြိုက်ပါဟုပြောလိုက်စေချင်သည်။ သို့သော် တစ်ဖက်မှရေသံကိုသာ ကြားလိုက်ရပြီး ကောင်လေးသည် ရေထဲမှထလိုက်ပုံရကာ ကောင်လေး၏ ရင်ဘက်မှ ရေတစ်တောက်တောက်ကျနေပြီး ကောင်လေးသည် ကြမ်းပြင်ပေါ်တွင် ဖိနပ်မပါဘဲ လမ်းလျှောက်နေသံကိုကြားလိုက်သည်။ 

အဝတ်ယူနေသံကိုဆူညံစွာကြားလိုက်သည်။ သို့သော် တစ်စုံတစ်ယောက်သည် အလွန်စိတ်အားထက်သန်စွာ ခြိမ်းခြောက်ရန်ဖုန်းခေါ်ခြင်းဖြစ်သော်လည်း ယခုတွင် နှာဘူးတစ်ယောက်ကဲ့သို့ ချောင်းနားထောင်နေသည်။ အရသာရှိမဲ့ပုံပေါ်သော် အဝတ်အစားဝတ်ခန်းလေးပါလား။ ချီယုံသည် ကျေနပ်နေပြီး ရုတ်တရက်ကြီး သူသည် တစ်နည်းတစ်ဖုံ သိမ်မွေ့နူးညံ့လာသည်။ သူသည် ပင်လယ်ထဲတွင် လွင့်မျောသွားသော သစ်ရွက်လေးကဲ့သို့ ပေါ့ပါးလာသည်။ ပင်လယ်သည် နက်ရှိုင်းပြီး ခန့်မှန်းမရစွာ နူးညံ့လာသလို ခံစားရသည်။ သို့သော် မကောင်းဆိုးဝါးသည် သူ့ကိုယ်သူ ပြန်ထိန်းလိုက်သည်။ 

သူသည် စားပွဲကို လက်ဖြင့်ခေါက်လိုက်သည်။ မကောင်းဆိုးဝါးသည် စိတ်ပါဝင်စားစွာ ဆံပင်အနက်နှင့် လူငယ်လေး အဝတ်ဝတ်နေသည်ကို ငြီးငွေ့စွာနှင့် ထိုင်နားထောင်နေသည်။ သူသည် စကားပြောရန် ပြင်လိုက်သော်လည်း စိတ်မရှည်စွာပင် မပြောတော့ဘဲ ဆက်ထိုင်နားထောင်နေသည်။ သို့သော် မကောင်းဆိုးဝါးသည် ယခုအခြေအနေကို သဘောမကျပုံမပေါ်ပေ။ နောက်ဆုံးတွင် အသံဗလံများရပ်သွားပြီးနောက်  ဆံပင်အနက်နှင့် ကောင်လေးသည် ဘာမှမပြောဘဲ ဖုန်းကို လစ်လျူရှုထားလိုက်သည်။ မကောင်းဆိုးဝါးသည် ဖျော့ဖျော့လေးရယ်လိုက်ကာ 

“မရပ်ပါနဲ့ဦး၊ ကိုယ်သဘောကျတယ်လေ”